အပိုင်း ၁၃၃
Viewers 16k

Chapter 133

ဂိမ်းစွဲနေသောလူငယ်လေး


"နင်တို့ငါ့ကို ဘာလို့ဒီဂိမ်းထဲဆွဲသွင်းလိုက်ရတာလဲ..."


" ဘာလို့လဲ ဆိုတော့ ကျွန်တော်တို နည်းနည်းပြသနာကြုံနေလို့..."


ပိုင်ရိ ကသိကအောက်ဖြစ်စွာဖြင့် ခေါင်းကုတ်ရင်းဖြေလိုက်သည်။


"ကျွန်တော်ကြားခဲ့တာကလေ သခင်မလေးက အရင်တုန်းက ဒီဂိမ်းဆော့ဖူးတယ်တဲ့...အဲ့ဒါကြောင့်အတွေ့အကြုံရှိမယ်လို့ထင်ခဲ့တာ...ဒါပေမဲ့ လည်းကံမကောင်းစွာနဲ့ပဲ သခင်မလေးကLevel10မှာပဲရှိနေသေးတယ်..."


ထိုခဏ၌ သူမက သူ့၏ မျှော်လင့်ချက်များကိုသတ်ပစ်လိုက်သလိုပင်။


 "ကျွန်တော်က....ကူညီမယ့်အကူညီလေးကိုမျှော်နေခဲ့မိတာပါ... ဘေးကဆွဲထားမယ့်လူတွေကိုမဟုတ်ပါဘူးလေဗျာ..."


အဲ့ဒီ အချိန်တုန်းက ငါက စကြာဝဠာစကားကိုတောင်မတတ်သေးဘူးလေ....ဘယ်လိုလုပ်levelမြင့်မှာလဲ....ပြီးတော့အဲ့ဒါကငါ့ရဲ့ကလေးဘဝစိတ်ဒဏ်ရာပဲ....


"အဲ့ဒီတော့ ဒါက နင်ပြောတဲ့ ပြသနာဆိုတာလား....."

 သူမကိုအရေးပေါ်အခြေနေဆိုပြီး ဂိမ်းထဲဆွဲသွင်းလိုက်တယ်ပေါ့လေ....

ယောင်စစ် မျက်လုံးလှန်လိုက်မိသည်။ ထို့နောက်သူ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်၏။


"အိုး...ဒါနဲ့ လီကျန်းကဘယ်မှာလဲ....နင်ကစားချင်တယ်ဆိုတာနဲ့ သူကိုတစ်ယောက်ထဲလွှတ်ထားလိုက်တယ်ပေါ့လေဟုတ်လား... ဒါလား...နင်ပြောထားတဲ့ဂရုစိုက်မှုဆိုတာ..."


" သူဒီမှာပါ...."

 ပိုင်ရိက ခန္ဓာကိုယ်လှလှနှင့် ဆံပင်များကိုဆွဲကိုင်ဆော့ကစားနေသော လူတစ်ယောက်ကိုဆွဲ၍ ပြောလိုက်သည်။


"တကယ်ကြီးလား..."


"ဖေဖေယောင်စစ် မတွေ့ရတာတောင်ကြာပြီနော်..."


ထိုအမျိုးသမီးက တစ်ခစ်ခစ်ရယ်လိုက်ပြီးနောက် ယောကျာ်းသံကြီးဖြင့်နှုတ်ဆက်လာလေသည်။


ယောင်စစ် အေးခဲသွားလေသည်။


လီကျန်းက ဘယ်လိုလုပ်ပြီးတော့ မိန်းမတစ်ယောက်အဖြစ်ပြောင်းသွားတာလဲ....ဒီ စကြဝဠာဂိမ်းက သူတစ်ယောက်ရဲ့အသွင်ပြင်အတိုင်းပြောင်းလဲပေးတာလေ... ဘယ်လိုဖြစ်လို့လိင်အမျိုးအစားပါပြောင်းသွားရတာလဲ....


"ကျွန်တော် ဒီအကောင့်ကိုဖန်တီးတဲ့အချိန်တုန်း သူ့ကိုအဆင့်တန်းမြင့်တဲ့နေရာတစ်ခုပေးထားရမယ်လို့စဉ်းစားမိတယ်... ဒါပင်မဲ့လည်း ကုသရေးစွမ်းအင်တွေလိုမျိုးအဆင့်တန်းမြင့်တဲ့နေရာတွေက.... အမျိုးသမီးတွေပဲရတာလေ အဲ့တာနဲ့ဂိမ်းကုမ္ပဏီရဲ့ အကောင့်ကိုဟက်ပြီးတော့ သူ့ရဲ့အချက်လက်တွေပြောင်းလိုက်တာ..."


ပိုင်ရိက ရှက်ကိုးရှက်ကန်းအမူအရာနှင့်ရှင်းပြလိုက်သည်။


ဒါပေမဲ့လည်းဟယ် ဒီပြောင်းလဲမှုကြီးက နည်းနည်းတော့လွန်တယ်မဟုတ်ဘူးလား...


"ဒါကတော့နင့်တို့ နည်းနည်းလွန်သွားပြီ...ဘယ်လိုလုပ်ပြီးတော့များ နင်တို့ရဲ့သခင်မလေးကိုအသတ်ခံရအောင်လုပ်နိုင်ရတာလဲ..."


ပိုင်ရိ ရင်ကော့၍ပြောလိုက်သည်။


"ဒါကိုတော့စိတ်ချထားလိုက်ပါသခင်မလေး ကျွန်တော်တို့နှစ်ယောက်က ဒီဂိမ်းထဲမှာအမြင့်ဆုံးနေရာကိုရောက်နေပြီ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က အရေအတွက်ကျော်လွန်နေမယ်ဆို ရင်အသတ်ခံရမှာမဟုတ်တော့ဘူး...ဒီတော့ ကျွန်တော်တို့သူငယ်ချင်းနည်းနည်း စုလိုက်ကြမယ်လေ..."


"ဟုတ်တယ်..."


လီကျန်းကလည်း စိတ်အားထက်သန်စွာဖြင့်ဝင်ရောက်ထောက်ခံလိုက်သည်။


"ငါ ဒီကောင်တွေကိုအမြဲတမ်းသတ်ချင်နေတာ ငါတို့ဘက်က အရေအတွက်များသွားတယ်ဆိုရင် သူတို့ဘာလုပ်နိုင်မှာလဲ...သူတို့ တစ်ယောက်တစ်ယောက်ချင်းတိုက်မှာလား..."


"ခြုံခိုတိုက်ခိုက်လိုက်မယ်လေ...ပြီးတော့လွန်ခဲ့တဲ့နှစ်လလောက်ကလီကျန်းရဲ့လှုပ်ရှားမှုတွေကပိုပြီးအဆင်ပြေချောမောလာပြီ..."


ပိုင်ရိ ဆက်ပြောလိုက်သည်။ 


လီကျန်း ခါးမတ်မတ်ဆန့်လိုက်သည်နှင့် သူ့၏ E cups ရင်သားအတုကပင့်တက်လာလေသည်။ ထို့နောက် သူ ခေါင်းဘယ်ညာခါရမ်းလိုက်သည်။


"အမှန်ပဲ ကျွန်တော့်ရဲ့ လက်တစ်ဖက် ဝှေ့ယမ်းလိုက်တာနဲ့ လူတွေအားလုံးလဲကျသွားလိမ့်မယ်..."


ယောင်စစ် "...."


နင်တို့ဒီအဂိမ်းထဲမှာ ပေါက်ကရလိုက်လုပ်နေတာ ငါနဲ့မဆိုင်ဘူးနော်...


ယောင်စစ် ယခုပင် ထိုဂိမ်းက အဘယ်ကြောင့်လိင်ပြောင်းခြင်းအား ပိတ်ပင်ထားသည်ကိုသဘောပေါက်သွားပေသည်။


နပေါဦး...


ယောင်စစ်တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ထိတ်လန့် သွားမိသည်။


"နှစ်လဟုတ်လား...လွန်ခဲ့တဲ့နှစ်လလုံး ဂိမ်းပဲဆော့နေတာလား...စကြာဝဠာ ဘာသာစကားနဲ့ပတ်သတ်လို့ ငါပေးထားတဲ့ မှတ်စုတွေကို ပြန်မမေးတာကရော.... "


"အင်း...အဲ့တာကလေ စာတွေဖတ်ရတာကအရမ်းပဲပင်ပန်းလွန်းတယ်....ပြီးတော့လည်းဂိမ်းကစားခြင်းအားဖြင့်လည်း စကြာဝဠာဘာသာစကားကို ပိုပြီးတော့ လေ့လာပြီးသားဖြစ်တာပဲလေ...ငါပြောတာဟုတ်တယ်မဟုတ်လားbro..."


 "ဟုတ်တယ် မင်းပြောတာအမှန်ပဲbro..."


 လီကျန်းက လှည့်၍ပိုင်ရိကိုဖက်လိုက်သည်။


 "ကြည့်လိုက်လေ သူအခုဘယ်လိုပြန်ပြောရမယ်ဆိုတာကိုတောင်သင်ယူထားပြီးပြီ..."


ပိုင်ရိက လီကျန်း ကို သဘောကျစွာ ကြည့်၍ပြောလိုက်သည်။


ယောင်စစ် တွက်ကိန်းမှားသွားလေပြီ။ လီကျန်းကို ပိုင်ရိလက်ထဲ လွဲပေးလိုက်ခြင်းအားဖြင့်သူ့၌ တစ်ခြားနည်းပညာဆိုင်ရာလွမ်းမိုးမှုများရှိလာမည်ကိုတော့ သူမခန့်မှန်းခဲ့ပြီးဖြစ်သည်။သို့သော်လည်းယခုမူ ဂိမ်းစွဲလန်းနေသော လူငယ်လေး...မဟုတ်သေးဘူး...ဂိမ်းစွဲလန်းနေသော ဦးလေးကြီးဖြစ်လာလေပြီ။


"သူတို့ ဒီမှာဟေ့..."


 သူတို့ နားလေးဆီမှ အော်သံတစ်ခုထွက်ပေါ်လာပြီးနောက် ရှေ့တွင် ကြေငြာချက်တစ်ခု ပေါ်လာလေသည်။


[ကမ္ဘာ(ခမ်းနားထည်ဝါမှု)-သူတို့၏တည်နေရာက ဘလော့ 3 ခရိုင် 5]


"လခွမ်း... သူတို့. ငါတို့ဒီနေရာကိုရှာတွေ့သွားပြီ..."


 ပိုင်ရိ  ယောင်စစ်ဘက်သို့ မျက်နှာလှည့်ပြီးပြောလိုက်သည်။


"သခင်မလေးရဲ့အဆင့်ကအရမ်းနိမ့်နေတဲ့အတွက် ဒီနေရာကနေပြီးမြန်မြန်ထွက်သွားလိုက်တော့...log out လုပ်လိုက်တာပိုကောင်းမယ်...ဒါမှ ကျွန်တော်တို့ သူတို့နဲ့တိုက်တဲ့အခါ...ဖာ့ခ် သောက်ကျိုးနည်း..." 


သူ့စကားမဆုံးခင်မှာပင် သူ ကျိန်ဆဲလိုက်မိသည်။


"သူက ငါတို့ နေရာကိုစည်းချထားလိုက်ပြီ...ငါတို့ထွက်လို့မရတော့ဘူး...ဒါကိုဘယ်ကောင်လုပ်လိုက်တာလဲ..."


ယောင်စစ် သူမ၏ ကွန်ပျူတာ လက်ပတ်ကို ဖွင့်ကြည့်လိုက်သည်။ အမှန်ပင် သူမ၏ log out လုပ်သည့်ခလုတ်ကလေးဘေး၌ မိနစ်သုံးဆယ်အချိန်စာ မီးခိုးရောင် ဖြစ်နေလေသည်။


သူမတို့ပတ်ဝန်းကျင်ရှိ ကစားသမားအရေအတွက်ပမာဏများက တိုးပွားလာကာ ရာနှင့်ချီ၍ရောက်ရှိလာလေသည်။ သူမတို့၏ဂိမ်း world chat၌အဆက်မပြတ်မှတ်ချက်များနှင့်ပြည့်နှက်နေလေသည်။


[world chat (နတ်ဘုရားမူရဲ့အစောင့်) - သွေးစုပ်ဖုတ်ကောင်တွေကဖော်ပြထားတဲ့တည်နေရာကို ဦးတည်သွားနေကြတယ် အဲ့ဒီမှာ...ဟို နှစ်ကောင်ကိုငါတွေ့တယ်]


[world chat (ကောင်းကင်ပေါ်မှလျှပ်စီး) - ငါလည်းမြင်တယ် ပြီးတော့IDမသိတဲ့နောက်ထပ် လူတစ်ယောက်လည်းရှိသေးတယ်။ဘာပဲဖြစ်ဖြစ် သူတို့လူပဲဖြစ်ရမယ်... အားလုံး ကိုသတ်ကြရအောင်]


[world chat( ညကောင်းကင်ယံ) -

 သူတို့ကိုဒီနေရာကနေလုံးဝဖယ်ရှားပစ်ရမယ်...ဒီလိုလူမျိုးတွေဂိမ်းထဲမှာမရှိသင့်ဘူး..]


[world chat (အမျိုးသမီး နတ်ဘုရား) -

 မှန်တယ်...ဂိမ်းလောကမှာဒီလိုညစ်ညမ်းတဲ့လူတွေကိုမရှိစေရဘူး+1]


[ world chart (နတ်ဘုရားမလေး၏ ဖန်)-

 မှန်တယ် ဂိမ်းလောကိုမစွန်းထင်းစေရဘူး+2]


ဘာဖြစ်နေတာလဲ အသတ်ခံနေရတဲ့ ကစားသမားတွေ အားလုံးက သွေးစုပ်ဖုတ်ကောင် ဖြစ်နေတာလား.....ဒါကြီးကဘာလဲ... ဒါကြီးက ပြည်တွင်း စစ်ရဲ့ ဂိမ်းဗားရှင်း လား...


"နင်တို့နှစ်ယောက်ကဘာလုပ်ခဲ့တာလဲ..."


 ယောင်စစ် ဟို နှစ်ယောက် ကိုလှည့်ကြည့်၍မေးလိုက်သည်။


"သူ့ကိုအပြစ်မတင်ပါနဲ့...အဲ့တာက ကျွန်တော့်အပြစ်ပါ...အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိလိုက်လို့... ငါလုပ်တာတစ်ခုခုမှားသွားတယ်..."


လီကျန်း ခေါင်းကုတ်ရင်းဖြေလိုက်တယ်။


"အိုး...အဲ့တာက မင်းအပြစ်ဘယ်လိုလုပ်ဖြစ်ရမှာလဲ..."


ပိုင်ရိကသူကိုတားလိုက်ပြီးနောက် ယောင်စစ်ကို လေးလေးနက်နက် ကြည့်လိုက်သည်။


"အဲ့ဒီလူက တစ်ကယ်ကိုရက်စက်လွန်းတာ..."


လွန်ခဲ့သောအချိန်တုန်းက ယောင်စစ် အာကာသမျိုးနွယ်အုပ်ချုပ်သူဂိမ်းကိုသုံးလကြာ မျှကစားခဲ့သည်။ထိုဂိမ်းကုမ္ပဏီက အကြောင်းအရာ အချက်အလက်များကို ဖုံးကွယ်ထားပြီးနောက် ယောင်စစ် သုံးလကြာဆက်တိုက်ကစားသည်ဆိုသည့်အကြောင်းကိုသာ ထုတ်လွှင့်ကာကြော်ငြာအဖြစ်အသုံးပြုခဲ့သည်။၎င်းက လူဦးရေသုံးဆယ်ရာခိုင်နှုန်းလောက်ကိုဆွဲဆောင်နိုင်ခဲ့သည်။


ပိုင်ရိက လီကျန်ကို ကူညီ၍အဆင့်မြှင့်တင်ပေးပြီးနောက် သူတို့ တစ်ခြားအဖွဲ့၏မွန်းစတားကောင်ကို လုယူနိုင်ခဲ့သည်။ထို့နောက် ပိုင်ရိ ကရှေ့တက်၍သူတို့အားလုံးကိုရက်စက်ကြမ်းကြုတ်စွာသတ်ပစ်ခဲ့လေသည်။ထို့ကြောင့် တစ်ခြားပါတီများအားလုံးက စုစည်းလိုက်ပြီး ထိုလူမဆန်သောသွေးစုပ်ဖုတ်ကောင်နှစ်ကောင်ကိုသတ်ပစ်ရန်ကြော်ငြာလိုက်ကြသည်။


ဒါက မျှော်လင့်ထားတာထက်ကျော်သွားပြီ ပိုင်ရိရဲ့ ၇၂၀ မျိုးဆက်အထောက်အထား ပေါ်သွားပြီး ထိုတစ်ဖက် အဖွဲ့မှ လူအများအကြားတွင် မျိုးဆက်၆၀၀မှ သွေးစုတ်ဖုတ်ကောင် များရှိနေသောကြောင့်ပိုင်ရိ၏နိမ့်ကျသောမျိုးဆက်ကိုလှောင်ရယ်နေကြသည်။


ထိုအကြောင်းကိုသိလိုက်သည်နှင့်လီကျန်းတစ်ယောက် ပေါက်ကွဲသွားလေသည်။


မျိုးဆက်၆၀၀အောက်ကကောင်တွေက ဘာများထောင်လွှားစရာ ရှိလို့လဲ။သူ့လိုမျိုး အဲ့ဒီကောင်တွေကို မျက်စိ ထဲတောင်မထည့်ဘူး။သူ့လိုမျိုးဆဌမမြောက်မျိုးဆက်ဆိုမှလာပြောလိုက်။ထိုစာကြောင်းတစ်ကြောင်းထဲဖြင့် သွေးစုတ်ဖုတ်ကောင် မျိုးနွယ်တစ်ခုလုံးကို စော်ကားနိုင်သွားလေသည်။


ထို့ကြောင့် လူတိုင်း၏ပေါက်ကွဲရာ ပစ်မှတ်ဖြစ်လာသည်။


"အာ...ငါ့accကလည်းလော့ကျသွားပြီ...ငါအခု log out လုပ်လို့မရတော့ဘူး...ဘယ်လိုလုပ်ကြမလဲ..."


ပိုင်ရိတုန်လှုပ်ခြောက်ခြားစွာလာသည်။


Iဒီဂိမ်းထဲမှာ သူငယ်ချင်း များမရှိဘူးလား...သူတို့ကိုခေါ်လိုက်လေ..."


"မရှိဘူး..."


 ဒီဂိမ်းထဲတွင်သူမတွေ့ဘူးသော သူများမှာ အကြီးအကဲများသာဖြစ်သည်။သို့သော် ထိုသူများက oline gameဆော့ခြင်းမဟုတ်ပေ။ထို့အပြင် မကြာသေးမီကပင် ထိုသူများအလုပ်အများအပြားခိုင်းသောကြောင့် သူမအဆက်သွယ်ဖြတ်ထားခဲ့လေသည်။


"မရှိဘူး...ဒီဂိမ်းနဲ့ပတ်သတ်တာဆိုလို့ မူရွှမ်...ဟမ် ခဏနေဦး..."


ယောင်စစ် မူမမှန်မှု တစ်ခုကိုသတိရသွားသည်။


မူရွှမ်ဘယ်ရောက်သွားတာလဲ...


"...." ပိုင်ရိ 


"...."လီကျန်း 


 "....." အသစ်ဆက်ဆက် ရွာသစ်လေးတွင်ရောက်နေသော မူရွှမ်