အပိုင်း ၁၃၄
Viewers 16k

Chapter 134

poetic saga


"အာကာသမျိုးနွယ်ထိန်းချုပ်ခြင်းကမ္ဘာမှ ကြိုဆိုပါတယ်...ကျွန်ုပ်ကသင့်ရဲ့ဝန်ဆောင်မှုအကူ ၂၃၃ ဖြစ်ပါတယ်...ကျေးဇူးပြုပြီးတော့ အာကာသမျိုးနွယ်ကမ္ဘာကိုကျွန်ုပ်နဲ့အတူပျော်ပျော်ကြီးဖြတ်သန်းပါ..."


မူရွှမ် သူ့ဘေးနားမှနေရာလွတ်ကိုကြည့်လိုက်ပြီး နှလုံးသားထဲ၌အေးစိမ့်မှုတချက်ဖြတ်သန်းသွားလေသည်။ သူ၏ကလေးလေးက ဂိမ်းကမ္ဘာထဲကိုဝင်ရောက်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိပေ။ သူက သူမထံသို့ပေးပို့ခဲ့သောဖြေကြားချက်တောင်းခံလွှာ၏ မူရင်းနေရာကိုကြည့်ရှုရန် အတွက်သူ၏ ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်ခြင်းဖြစ်သည်။


ထိုသို့ဆိုလျှင် သူမနှင့်တစ်နေရာထဲသို့ တူတူသွားနိုင်ပေလိမ့်မည်။ သို့သော် မထင်မှတ်ထားစွာဖြင့် ဂိမ်းကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သွားလေခြင်းဖြစ်သည်။ သူက ကစားသမားအသစ်ဖြစ်နေသောကြောင့် စတင်ရာနေရာသို့သာပို့ဆောင်ခံရပြီး ယောင်စစ်နှင့် ကွဲသွားခဲ့သည်။ ပိုဆိုးသည်မှာ သူမ၏ ID ကိုလည်း သူ မသိပေ။


မူရွှမ်တွေးရင်းနှင့် စိတ်တိုလာသည်။ ကမ္ဘာကြီးကိုက သူနှင့်သူ့၏ကလေးလေးကိုခွဲထုတ်ဖို့ကြိုးစားနေသည်ဟု ခံစားမိလေသည်။


"ကစားသမား 985425531 မူရွှမ်...အာကာသမျိုးနွယ်ကမ္ဘာက အန္တာရာယ်တွေနဲ့ပြည့်နေပြီးကြမ်းတမ်းရက်စက်တဲ့နေရာတခုဖြစ်တယ်...သင် ရွာသူရွာသားများကိုကူညီပြီးသေးငယ်တဲ့တာဝန်လေးများကိုထမ်းဆောင်ပြီး အတွေ့အကြုံရယူလိုက်ပါ...

သင်အဆင့်တက်နိုင်ပြီး အဆင့်၁၀ ကိုရောက်ရှိသွားတာနဲ့ပြင်ပကမ္ဘာကိုထွက်လို့ရနိုင်မှာပါ..."


ဝန်ဆောင်မှုပေးသူကသေချာစွာရှင်းပြလိုက်သည်။


မူရွှမ်က တုံ့ပြန်မှုကင်းမဲ့စွာရပ်နေလေသည်။


 "လျှို့ဝှက်ချက်တခုပြောပါရစေ...ရွာအဝင်ဝက မဒမ်လီက အကူအညီလိုအပ်နေပါတယ်...အဲ့တော့ငါတို့...အဲ...ဘယ်သွားမလို့လဲ..."


လမ်းပြ၏ အကြံဉာဏ်စကားများ မဆုံးခင်ပင် မူရွှမ်က ထွက်ပေါက်ဆီသို့ဦးတည်သွားလိုက်သည်။ ရွာသစ်၏အချက်အလက်များကို ကြည့်ပြီးနောက် သူမဒီနားပတ်ဝန်းကျင်တွင်မရှိကြောင်းသေချာသွားလေသည်။ သူမကိုမြန်မြန်ရှာတွေ့ဖို့လိုအပ်နေလေပြီ။


"ခဏစောင့်ဦး အဲ့တာကထွက်ပေါက်ပဲ...အဆင့်၁၀ မရောက်မချင်းမင်းထွက်သွားလို့မရဘူး..."


မူရွှမ်က သူတို့ကိုမတုံ့ပြန်ပဲထွက်ပေါက်ဆီသို့ပြေးသွားသောကြောင့် NPC လန့်သွားလေသည် သူအနောက်မှပြေးလိုက်လာခဲ့ပြီးနောက်ထွက်ပေါက်ရှိ အစောင့်တဦးကတားထားသည်ကိုမြင်လိုက်မှသာသက်ပြင်းချလိုက်မိသည်။


"တော်သေးတာပေါ့ ..."


လမ်းပြသူ NPC၏အဓိကတာဝန်မှာ...စတင်သူများလက်ဆွဲစာအုပ်ထဲတွင်ဖော်ပြထားသည့်အတိုင်း ကစားသူမှသေသေချာချာလုပ်ဆောင်မှုရှိစေရန်လိုက်လံကြည့်ရှုဖို့ပင်ဖြစ်သည်။ ဒါကရွာမှထွက်ရန်အတင်းအကြပ်ကြိုးစားသော ကစားသမားနှင့်ပထမဦးဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။


(ဟူး...)အခုနောက်ပိုင်းကစားသမားတွေကတော်တော်လေးကိုခက်ခဲတာပဲ...


"ချစ်လှစွာသောကစားသမားလေးရေ ဒါကရွာရဲ့ထွက်ပေါက်ပါ သတ်မှတ်ချက်နဲ့မပြည့်မီတဲ့သူတွေက နောက်ကိုပြန်ဆုတ်သွားသင့်ပါတယ်..."


အစောင့် A ကသေချာစွာပြောလိုက်သည်။


"ရွာလူကြီးက လိုအပ်တဲ့အဆင့်သတ်မှတ်ချက်နဲ့မပြည့်သေးတဲ့ကစားသမားတွေကိုရွာကနေထွက်ခွာပြီး...အန္တာရာယ်များတဲ့ကမ္ဘာကြီးနဲ့ရင်မဆိုင်ခိုင်းဖို့မှာထားပါတယ်..."


အစောင့် B ကထပ်ဖြည့်၍ပြောလိုက်သည်။


"ကစားသမား 985425531 မူရွှမ်ရေ...အဆင့်၂၀အထက်ရှိသောမွန်းစတားတွေကနေရာအနှံ့မှာရှိနေပါတယ်...မင်းရဲ့ဘေးကင်းရေးအတွက်အရင်ဆုံးရွာထဲမှာလေ့ကျင့်ရမှာပဲ...စိတ်မပူပါနဲ့ဒါကဘယ်လောက်မှကြာမှာမဟုတ်ပါဘူး..."


အစောင့်ကသူ့ကိုသတိပေးစကားထပ်မံပြောကြားလိုက်ပြန်သည်။


"ဘေးဖယ်စမ်း..."


မူရွှမ်၏မျက်နှာကမဲမှောင်နေလေသည်။


ဟင်...သူကဘာလို့နားမထောင်တာလဲ...


အစောင့် A ကလဲသူ့၏တင်းမာမှုကြောင့်အံ့အားသင့်သွားသည်။


"အပြင်မှာ အန္တာရာယ်တွေအရမ်းများတယ် မင်းနားမထောင်ပဲထွက်သွားလိမ့်မယ်ဆိုရင်သေသွားလိမ့်မယ်..."


"မင်းကအရမ်းကိုနုသေးတယ်..."


အစောင့် Bကလဲအထင်အမြင်သေးစွာဝင်ပြောလိုက်ပြန်သည်။


"အပြင်မှာရှိတဲ့ မွန်းစတားတိုင်းက မင်းကိုတစ်ချက်ထဲနဲ့သတ်ပစ်လိုက်လို့ရတယ်...ပြီးတော့လဲ စည်းကမ်းကစည်းကမ်းပဲ မင်းရွာကထွက်ချင်ရင်အနည်းဆုံး အဆင့်၁၀ ရှိရမယ်..."


"မင်းလိုမျိုးမာနထောင်လွှားနေတဲ့လူငယ်တွေကို ငါအရမ်းမုန်းတာပဲ..."


အစောင့် A ကဒေါသထွက်စွာဖြင့် သူ့၏ရင်ဘတ်ကိုသူပုတ်၍ပြောလိုက်သည်။


"ငါအသက်ရှင်နေသရွေ့ အဆင့်၁၀ အောက်ကဘယ်သူမှ ဒီရွာကနေထွက်သွားခွင့်မရစေရဘူး..."


သူစကားဆုံးသည့်အချိန်မှာပင် မူရွှမ်လက်ကိုမြှောက်လိုက်သည် အလင်းတန်းတခုထွက်ပေါ်လာပြီး သူ့၏ရင်ဘတ်ကိုထိမှန်ကာအနောက်သို့လဲကျသွားသည်။ထို့နောက်...ဘီ...ဟု.အသံရှည်ဆွဲသံတချက်ထွက်ပေါ်လာပြီး သူကဒေတာအစုအဝေးတခုအဖြစ်ပြောင်းလဲသွားလေသည်။


"...."NPC လမ်းညွှန်


"....."အစောင့် B 


အစောင့် Aသေသွားပြီ...(⊙_⊙)


အခုဘာဖြစ်သွားတာလဲ...ငါတို့ဘယ်ကမ္ဘာကိုများရောက်နေတာလဲ...


တကယ်တမ်းတွင်စတင်သောရွာ၌ရှိသော NPCများကိုအနိုင်ယူ၍မရပေ။


ငါတို့ထဲကတယောက်‌ယောက်က ဘယ်လိုလုပ်သေနိုင်တာလဲ...


NPCလမ်းညွှန်တုန်လှုပ်ခြောက်ခြားစွာဖြင့်သိချင်လာမိသည်။


"အခုငါထွက်သွားလို့ရပြီလား..."


မူရွှမ်သူတို့ကို တချက်ကြည့်လိုက်သည်နှင့် ကျောရိုးတလျှောက်အေးစိမ့်မှုတခုဖြတ်သန်းသွားပြီး ကိုယ့်ကိုကိုယ်ပြန်လည်ပွေ့ဖက်ထားလိုက်မိကြသည်။


ကြောက်စရာကောင်းလိုက်တဲ့ကစားသမား...

(╥﹏╥)


"အင်း အင်း အင်း..."


သူတို့ကျပန်းဒေတာများဖြစ်မလာချင်သောကြောင့်ကမန်းကတမ်းခေါင်းညိမ့်လိုက်ကြသည်။


မူရွှမ်ချာကနဲလှည့်၍အဝေးသို့ထွက်သွားလိုက်လေသည်...သူ၏အရိပ်လေးကမိုးကုတ်စက်ဝိုင်းအစွန်းတွင်အနက်ရောင်အစက်ကလေးတစက်အဖြစ်ပျောက်ကွယ်သွားတော့မှ 

NPCလမ်းညွှန်တုန်လှုပ်ခြောက်ခြားခြင်းမှလွတ်မြောက်လာပြီး ဒေတာများကိုစစ်ဆေးရန်ဖွင့်လိုက်သည်။


"ကစားသမားတဦးက NPCကိုလွယ်လွယ်လေးသတ်ပစ်လိုက်တယ်... သူကဆော့ဝဲလ်တခုများဖြစ်နေလား..."


သို့သော်လဲ မူရွှမ်၏ဒေတာများကိုစစ်ဆေးပြီးနောက်ဆော့ဝဲလ်တခုမဟုတ်ကြောင်းအတည်ပြုနိုင်သွားလေသည်။ NPCလမ်းညွှန် က မူရွှမ်၏ကမ္ဘာအစစ်မှအချက်အလက်များကိုဝင်ရောက်စစ်‌ဆေးကြည့်လိုက်ရာ သူ့၏ရှေ့တွင်အနီရောင်စာလုံးများပေါ်လာလေသည်။


[ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်လွန်ကဲခြင်း.. မှော်ပညာစွမ်းဆောင်ရည်လွန်ကဲခြင်း လုပ်ဆောင်မှုစွမ်းရည်လွန်ကဲခြင်း...အရာရာအားလုံးကလွန်လွန်ကဲကဲဖြင့်ဖွဲ့စည်းထားလေသည်။]


Σ(°△°|||)︴


လက်တွေ့ဘဝကအရည်အချင်း ကိန်းဂဏန်းများသည်အနိုင်ယူ၍မရသောအဆင့်မြင့် NPC များထက်ပင်လွန်ကဲနေလေသည်။


"985425531 မူရွှမ်နင်ဘာလို့ဂိမ်းကစားနေသေးတာလဲ...ဟင်"


NPCလမ်းညွှန် ကကျပန်းဒေတာဖြစ်သော ဘိုးဘေး38 ကိုရုတ်တရက်သတိရလိုက်မိသည်။


"သူတို့ရဲ့ ID မှာနံပါတ်တွေပါတဲ့ကစားသမားတွေက စောက်ရမ်းမိုက်နေတာလား..."


........


"လူတွေတဖြေးဖြေးများလာပြီ....."


ပိုင်ရိ တိုးပွားလာသောလူအုပ်ကိုကြည့်၍ နှုတ်ခမ်းဖိကိုက်လိုက်မိသည်။


ယောင်စစ်လဲထိတ်လန့်သွားလေသည်။


"မူရွှမ်ကို အခုထိရှာမတွေ့သေးဘူး...ဒါပေမဲ့ သူ့ကိုအခုချက်ချင်းလိုအပ်နေပြီလေ..."


"ပြန်လည်နိုးထလာပြီးနောက်မှာရရှိတဲ့ အဆုံးမရှိအခြေအနေ နာရီဝက်ကလဲခု ၅မိနစ်ပဲကျန်တော့တယ်..."


ယောင်စစ်သူ၏လက်ပတ်ကို ငုံ့ကြည့်လိုက်မိသည်။


သူတို့ထပ်သေသွားရတော့မှာလား...


"လောင်လီ မင်းမှာကျပန်းနေရာပို့ဆောင်ပေးတဲ့အဆောင်ကျန်သေးလား...ငါ့ကိုအဲ့တာ၂ခုပေး ငါတို့အခုချက်ချင်းထွက်သွားဖို့လိုနေပြီ..."


"ငါ့မှာ ဘယ်လိုလုပ်ရှိတော့မှာလဲ..."


 လီကျန်းအထိတ်တလန့်အမူအယာဖြင့် သက်ပြင်းတချက်ချလိုက်မိသည်။


"ငါသေသွားပြီးတဲ့နောက်မှာ အဲ့ဒီငါ့ရဲ့ပစ္စည်းအများစုနဲ့ အဲ့ဒီအဆောင်စာရွက်တွေအကုန်လုံးကပြုတ်ကျသွားပြီလေ..."


"သခင်မလေးမှာရောရှိလား..."


ပိုင်ရိစိတ်ပျက်လက်ပျက်ဖြင့် ယောင်စစ်ဘက်သို့လှည့်မေးလိုက်သည်။


"နင့်ရဲ့ဦးနှောက်က ကောင်းကောင်းမတွေးနိုင်တော့ဘူးလား..."


သူမကအဆင့်၁၀သာ ရှိသေးသောအသစ်ဝင်ရောက်လာသူတွေဖြစ်ပြီး ပင်မမြို့တော်သို့တောင်မသွားရသေးလေရာ ဘယ်မှာလာပြီးပို့ဆောင်ရေးစာရွက်ရှိပါမည်နည်း...


လီကျန်းသူမ မပြောခင်မှာပင် ဖြတ်ပြောလိုက်သည်။


"ဒါဆိုရင်ငါတို့ဘယ်လိုလုပ်ကြမလဲ..."


ပိုင်ရိတဖြည်းဖြည်းတိုးပွားလာသော လူအုပ်ကိုကြည့်လိုက်သည်၊ ထိုလူတို့၏ရန်လိုသည့်အမူအယာကအထင်းသားပေါ်လွင်နေလေသည်။


"လူတိုင်းကမင်းရဲ့အိတ်ကိုမျက်စိကျနေတာ...ကုသရေးဆေးရည်ဆိုရင်တောင်မှပဲ သူတို့အတွက်အသုံးဝင်လိမ့်မယ်...ဒါမှမဟုတ်ရင်လဲ ငါတို့ level-0 ထိကျသွားရင်တကယ်သေသွားလိမ့်မယ်..."


သူမ၏အသုံးဆောင်အိတ်လေးကိုကြည့်လိုက်သည်...၎င်း၌ရွာသစ်ရှိ NPC ပေးအပ်ထားသောတောက်ပသည့်ပစ္စည်းများနှင့်ပြည့်နှက်နေလေသည်။


"ယအသုံးမဝင်လောက်ဘူးထင်တယ်...

သူမ၏အိတ်ကိုမွှေနှောက်ရှာဖွေရင်း နောက်ဆုံး၌ဒေါင့်တနေရာ၌‌ရွှေရောင်တောက်ပနေသော အရာလေးတခုကိုတွေ့လိုက်ရလေသည်။


"ငါ့မှာပို့ဆောင်ရေး စာလိပ်တော့မရှိဘူး ဒါပေမဲ့...ဒီဟာလေးရှိတယ်...ဒါအသုံးဝင်လား..."


သူမရွှေရောင်စာလိပ်ကိုဖြန့်ကြည့်ရင်းပြောလိုက်သည်။စာလိပ်ထဲတွင်‌ရွှေရောင်စကားလုံးနှစ်လုံးသာပါရှိလေသည်။


"...ဉာဏ်ရည်ဆုလာဒ်..."


 "....." ပိုင်ရိ ဖာခ့်...


"....."လီကျန်း ဖာခ့်+1...


ဉာဏ်ရည်ဆုလာဒ်...


ပိုင်ရိတုန်လှုပ်သွားပြီး မျက်လုံးများပြူးကျယ်သွားသည်။


"အိုး..ဘုရားရေ...ငါ့မျက်လုံးတွေကန်းသွားပြီလား...ဂိမ်းထဲမှာတကယ်ကြီးဒီလိုစာလိပ်တစ်လိပ်ရှိနေတယ်...ငါဒါကိုအရင်တုန်းကကောလဟလလို့ပဲထင်ထားခဲ့တာ...သခင်မလေး...ဒါကိုရအောင်ဘယ်လိုများလုပ်လိုက်တာလဲ..."


"NPC ကငါ့ကိုပေးခဲ့တာ..."


ယောင်စစ်ယုန်များဖမ်းတုန်းက အချိန်တွေကိုသတိရလိုက်မိသည်...


"ထူးခြားတာတခုခုများဖြစ်သွားလို့လား...ဒါဆိုရင်ဒါကအသုံးဝင်လား..."


ပိုင်ရိနှင့်လီကျန်းတို့ စကားလုံးများစွာပြောနေသည့်အမူအယာများဖြင့်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။


"အသုံးဝင်လား...ဟုတ်လား...အသုံးဝင်တာပေါ့... အသုံးဝင်တာပေါ့...သခင်မ‌လေး...ဒါဘာလဲဆိုတာကိုမသိဘူးလား..."


"မသိဘူး..."


ယောင်စစ်ကထိုစာလိပ်၏အသုံးပြုပုံကိုမသိပေ...အကယ်၍ဖယ်ထုတ်၍ရနိုင်မည်ဆိုလျှင်သူမသိမ်းထားလိမ့်မည်တောင်မဟုတ်ပေ။


"ဒါက...ဉာဏ်ရည်ဆုလာဒ်စာလိပ်ပဲ...ဒါကိုအသုံးပြုလိုက်သူကဂိမ်းပြောင်းလဲခွင့်ကိုရနိုင်တယ်...ဂိမ်းအတွက်ကြီးမားတဲ့ပြောင်းလဲမှု တခုကိုပြုလုပ်နိုင်တယ်လို့ဆိုလိုတာပဲ..."


ထို့အပြင်ထပ်လောင်းပြောရမည်ဆိုလျှင် ၎င်းကဂိမ်းတခုလုံးတွင်တခုတည်းသာရှိသည့်အခွင့်အရေးဖြစ်လေသည်။အာကာသမျိုးနွယ်အုပ်ချုပ်သူကမ္ဘာတွင် ဂိမ်းကုမ္မဏီကအာကာသမျိုးနွယ်၏အကောင်းဆုံးအခြေအနေကိုပျှမ်းမျှအားဖြင့်အမြင့်ဆုံး level-80 တွင်သာထိန်းသိမ်းထားခဲ့သည်။

လွန်ခဲ့သည့်နှစ်အနဲငယ်က ဂိမ်းကုမ္မဏီမှဝန်ထမ်းတချို့သည် ဂိမ်း၏နောက်ဆုံးအဆင့်ဖြစ်သောကြီးမားသည့်စစ်ပွဲအကြောင်းကိုထုတ်ပြန်ကြေငြာခဲ့၏။ထို့နောက်တွင်မြေပုံအသစ်တခုထပ်မံထွက်ပေါ်လာပြီး ဂိမ်း၏အမြင့်ဆုံးအဆင့်ကို level-100 ထိမြှင့်တင်နိုင်မည်ဖြစ်သည်။


သို့သော်လဲ သူတို့ညွှန်းဆိုခဲ့သောစာလိပ်ကိုမူမည်သူမှလက်ဝယ်မရရှိခဲ့သလို မည်သူမှလဲမမြင်ဖူးခဲ့ကြပေ။ထို့ကြောင့်ကစားသမားများက ထိုအချက်ကိုကောလဟလဟုသာမှတ်ယူခဲ့ကြသည်။


သို့သော်လဲ ယခု၌ပိုင်ရိသူ့၏ရှေ့တွင်ဒဏ္ဏာရီလာစာလိပ်ကိုတွေ့နေပေပြီ။


"ဒီသတင်းကိုထုတ်ပြန်လိုက်တာနဲ့ အားလုံးရူးသွပ်သွားကြမယ်ဆိုတာသေချာတယ်..."


"အဲ့ဒီတော့ ဒီစာလိပ်လေးကငါတို့လွတ်မြောက်အောင်ကူညီပေးနိုင်မယ်ဆိုတာသေချာလား..."


ပိုင်ရိ၏အံ့ဩတကြီးအော်သံကိုကြားလိုက်သော်လဲ ယောင်စစ်အနေဖြင့်ထိုစာလိပ်၏အသုံးဝင်ပုံကိုမသိနိုင်သေးပေ။


" ဒါပေါ့ ဒီစာလိပ်ကိုအသက်သွင်းလိုက်တာနဲ့... သခင်မလေးက ဉာဏ်ရည်ဆုလာဘ်စာလိပ်ရဲ့မစ်ရှင်ကိုဖွင့်လိုက်တာဖြစ်ပြီးတော့... မစ်ရှင်ရှိတဲ့တည်နေရာကိုပို့ဆောင်ခြင်းခံရလိမ့်မယ်...

ပြီးရင်တော့မြေပုံအသစ်တခုလော့ပွင့်သွားလိမ့်မယ်...တခုထဲသောအခက်အခဲကတော့ အဲ့ဒီကမစ်ရှင်တွေကလုပ်ရမှာခက်ခဲမှာပဲ..."


"ဒါဆိုရင် ငါတို့ကဘာကိုစောင့်နေသေးတာလဲ...ဒီစာလိပ်ကိုဘယ်လိုအသက်သွင်းရမှာလဲ...မစ်ရှင်ခက်တယ် မခက်ဘူးဆိုတာဘယ်သူကဂရုစိုက်နေလို့လဲ...လောလောဆယ်အ‌ရေးကြီးတာဒီကနေထွက်သွားဖို့ပဲ..."

"ဒါကိုဖြဲဆုတ်လိုက်ပါ..."


"နေဦး ခဏနေဦး...ကျွန်တော်တို့တူတူရောက်သွားအောင်လို့ အဖွဲ့တခုအရင်ဆုံးဖွဲ့လိုက်မယ်..."


ပိုင်ရိကသူ့၏ကွန်ပြူတာလက်ပတ်ကိုဖွင့်ပြီး ဖိတ်ကြားချက်တခုဆီပို့လိုက်လေသည် ယောင်စစ်ခေါင်းညိမ့်သဘောတူလိုက်သည် သူတို့၏နာမည်များကသူတို့၏ခေါင်းအထက်တွင်အစိမ်းရောင်စာတမ်းဖြင့်ပေါ်လာလေသည်။


ပိုင်ရိကသူ့ကိုယ်သူ (တိတ်ဆိတ်သူ)ဟုနာမည်ပေးထားပြီး လီကျန်းက (သစ်သားရုပ်) ဟုနာမည်ပေးထားလေသည်။


ယောင်စစ်အနည်းငယ်မျှပင်တွန့်ဆိတ်မနေတော့ပဲစာလိပ်ကိုအလယ်မှနေ၍ဖြဲချလိုက်သည်။တချိန်ထဲမှာပင်သူတို့ပြန်လည်နိုးထရာ‌နေရာရှိအကာအကွယ်ကပျောက်ကွယ်သွားပြီးချက်ချင်းပင်တိုက်ခိုက်မှုများကျရောက်လာလေသည်။


သူတို့ကိုရွှေ‌ရောင်အလင်းတန်းတခုက ဖုံးကာသွားပြီးနောက်နေရာမှချက်ချင်းပျောက်ကွယ်သွားလေသည်။


[ဒင်...တရားဝင်သတင်းထုတ်ပြန်ကြေညာချက်... ဉာဏ်ရည်ဆုလာဘ်စာလိပ်ကို ဘိုးဘေး38၊ တိတ်ဆိတ်သူနှင့် သစ်သားရုပ်တို့ကအသက်သွင်းခဲ့ပါတယ်...အသက်သွင်းခဲ့တဲ့အတွက်ဂုဏ်ပြုပါတယ်...မကြာခင်မှာသက်ဆိုင်သောသတင်းအချက်အလက်တွေကိုထုတ်ပြန်ကြေညာပါ့မယ်...]


[မကြာခင်မှာပင် အာကာသမျိုးနွယ်များနင့်နတ်ဆိုးများကြား ကြီးမားသောစစ်ပွဲကြီးစတင်လာပါတော့မယ်...ဖြောင့်မတ်မှန်ကန်သောကျင့်ကြံသူများအားလုံးက ရရာလက်နက်ကိုကိုင်ဆွဲ၍သင်တို့၏မိသားစုကိုကာကွယ်ပါ...ဇာတ်ကြောင်းပြောဆိုခြင်းကိုလုပ်ဆောင်နေပါပြီ...ကျေးဇူးပြု၍ခဏစောင့်ပေးပါ...]


ထိုကြော်ညာချက်ထွက်ပေါ်လာသည်နှင့်ဆာဗာတခုလုံးရူးသွပ်သွားလေသည်။


[world (အနီရောင်ဂြိုလ်မှသွေးစုပ်ဖုတ်ကောင်) သောက်ကျိုးနည်း ငါ အခုဘာမြင်လိုက်တာလဲ ]


[world (တောက်ပတဲ့သွေးစုပ်ဖုတ်ကောင်) သောက်ကျိုးနည်း+1 ]


[world (ငါစင်ဂယ်မဟုတ်တော့ပါ) သောက်ကျိုးနည်း+2 ]


[world (နတ်ဘုရားမူ၏အိမ်မှ cotton candyလေး)  သောက်ကျိုးနည်း+3+စကြာဝဠာသက်သေခံနံပါတ် ]


[world (ကမ္ဘာကြီးကတရားမျှတမှုမရှိဘူး)  သောက်ကျိုးနည်း ငါဘာတွေမြင်နေရတာလဲ .... ငါမြင်နေရတာတွေကအမှန်မဟုတ်ဘူးလို့ တ‌ယောက်ယောက်ပြောကြပါဦး...ဒါစီမံသူတွေရဲ့လိမ်လည်ကြော်ညာမှုကြီးမဟုတ်လား...]


[world (နတ်ဘုရားမူကသာအချောဆုံးပဲ) အဲဒာကငါသိတဲ့ဉာဏ်ရည်ဆုလာဘ်စာလိပ်လား...ဝါး...သုံးနှစ်တောင်ကြာပြီးနောက်မှာတော့ အဲ့စာလိပ်ကိုတယောက်ယောက်တွေ့ခဲ့ပြီပေါ့]


[world (နိမ့်ပါးတဲ့ဘဝတွေကိုသတ်မယ်)

အဲ့ဒီမကောင်းတဲ့ကောင်သုံးကောင်ကတွေ့ခဲ့တာတဲ့လား...ဒါကသူတို့ကိုသတ်ပစ်သင့်တဲ့အကြောင်းပဲ..]


[world (ဘောလုံးလေးငါးလုံး) သတ်ရမယ်+1 ]


[world (တောက်ပတဲ့သွေးစုပ်ဖုတ်ကောင်) သတ်မယ်+2 ]


[world (ငါစင်ဂယ်မဟုတ်တော့ပါ) သတ်မယ်+3 ]


[world (နတ်ဘုရားမူ၏နံပါတ်1 ဖန်.)

အဲ့ဒီဘိုးဘေးနံပါတ်38ဆိုတဲ့တယောက်ကို ရင်းနှီးနေတယ်လို့ထင်တာငါတယောက်ထဲလား...]


world chat ၌စကားပြောများဆက်တိုက်တက်နေသည့်အပြင် ကြော်ညာချက်အသစ်များလဲထပ်မံတိုးနေလေသည်။


ဒင်...

[world (သတင်း) ကောင်းကင်မင်းကြီး၏သမီးတော် သမုဒ္ဒရာခုနှစ်စင်းတွင်အလှပဆုံးသော အာကာသနတ်သမီး...ဟန်ယွဲ့သည်...immortal နယ်မြေများကိုဖြတ်သန်းသွားလာနေသည့်အချိန်၌ ရှေးဟောင်းမိဆ္ဆနဂါးနတ်ဆိုးမှဖမ်းဆီးခြင်းကိုခံခဲ့ရသည်...

ကံကောင်းထောက်မစွာဖြင့် ၎င်းအဖြစ်အပျက်ကိုဘိုးဘေး38 တိတ်ဆိတ်သူနှင့် သစ်သားရုပ်တို့ကတွေ့မိခဲ့သည်... ရဲရင့်သောထိုကျင့်ကြံသူများကတရားမျှတမှုကိုရှာဖွေ၍ထိုနတ်ဆိုးနဂါးကိုအပြစ်ပေးပြီး အာကာသမျိုးနွယ်အလှနတ်သမီးလေးကိုကယ်တင်ရန်...

ကစားသမားများသည် ၎င်းတို့၏အရည်အချင်းကိုအသုံးပြုပြီး... အတွေ့အကြုံများရရှိစေပြီးလမ်းခရီးတလျှောက်ဖြတ်သန်းအောင်မြင်လာပြီဆိုပါက အဆင့်၁၀၀သို့ရောက်ရှိမည့်အာကာသအုပ်ချုပ်သူကမ္ဘာတံခါးကိုဖွင့်ပေးမည်ဖြစ်သည်...]


ယောင်စစ်တို့သုံးဦးကိုနေရာတခုသို့ပို့လိုက်ပြီးသည်နှင့် သူတို့လုပ်ဆောင်ရမည့်တာဝန်တခုပေါ်လာလေသည်။၎င်းက သမုဒ္ဒရာခုနှစ်စင်းတွင်အလှဆုံးသောနတ်သမီးဟန်ယွဲ့ကိုကယ်တင်ရန်ဖြစ်သည်။ယောင်စစ်မျက်ခွံများပင်လှုပ်လာလေသည်။


ဒါကြီးကအရမ်းပဲ...ဇာတ်ညွှန်းဆန်နေတယ်မဟုတ်ဘူးလား...


ထိုအချိန်၌မိုင်ထောင်ချီဝေးကွာနေသောနေရာရှိ ရွာသစ်လေးမှပြင်ပကမ္ဘာသို့ဝင်ရောက်တော့မည့် မူရွှမ်သည်အချက်ပြသတိပေးကြော်ညာသံကိုကြားလိုက်ရသည်။


" ဒင်...ေ တာစစ်ဆေးခြင်းပြီးပါပြီ...အချက်အလက်များကိုအတင်းအကြပ်ချိန်ညှိထားပါတယ်..."


ကြေညာသံနှင့်အတူ အဖြူရောင်အလင်းတန်းတခုသူ့အပေါ်သို့ လွှမ်းခြုံလာပြီးနေရာမှပျောက်ကွယ်သွားလေသည်။