အပိုင်း ၁၃၅
Viewers 16k

Chapter 135

လောကကြီးရဲ့အလှတရားပြယုဂ်


" ဒါက ကမ္ဘာ့မြေပုံလား ..."


ပိုင်ရိက ပြောကာ ပတ်ပတ်လည်ရှိချော်ရည်များအား ကြည့်ရှုလိုက်သည်။ ထို့နောက် သူ၏လက်ထဲရှိမြေပုံအား  ပြူးကျယ်သောမျက်လုံးအစုံဖြင့် ဖွင့်လှစ်ကြည့်ရှုလိုက်၏။


" သေစမ်း ဒါက လယ်ဗယ်100ရှိတဲ့မြေပုံကြီးပဲ ဒဏ္ဍာရီသားရဲကရော လယ်ဗယ်100ကြီးဖြစ်နေမလား..."


ထို့နောက် စက္ကန့်ပိုင်းအတွင်း ကောင်းကင်ယံမှ ဟိန်းဟောက်သံတစ်သံပဲ့တင်ထပ်လို့လာသည်။ ဧရာမနဂါးကြီးတစ်ကောင်က  ကောင်းကင်ပေါ်တွင် နှစ်ပါတ်မျှဝေ့ဝဲပျံသန်းကာ မြေပြင်ပေါ်သို့ဆင်းသက်လာလေသည်။ ၎င်း၏ ဦးခေါင်းထက်တွင်  လယ်ဗယ် 102 ဟူသော အနီရောင်ခေါင်းစီးတစ်ခုတည်ရှိနေသည်။


" လယ်ဗယ် 102က နည်းနည်းများမလွန်ဘူးလား ငါတို့ကဒါကြီးကိုဘယ်လိုနိုင်အောင်ချရမတဲ့လဲ..."


" ပိုင်ရိ ဒီမြေပုံက ငါတို့ကို တောက်လျှောက်သွေးလျော့အောင်လုပ်နေသလိုပဲ..."


လီကျန်းက မြေပြင်ပေါ်ရှိ ချော်ရည်အစိုင်အခဲများအား ညွှန်ပြရင်းဆိုသည်။


ထင်သည့်အတိုင်းပင် သူတို့၏အသက်သွေးအား တစ်စက္ကန့်လျှင် 100ထစ် နှုန်းဖြင့်လျော့ကျနေပြီး မကြာမီအတွင်း မူလပမာဏ၏တစ်ဝက်မျှသာ ကျန်ရှိလေသည်။


လီကျန်းက သူ၏လက်ကိုဝှေ့ယမ်းကာ သွေးများကိုပြန်လည်ဖြည့်တင်းရန်ကြိုးပမ်းလိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူ၏ယပ်တောင်ပင် ထက်ခြမ်းကွဲသွားချေသည်။


" သွားပြန်ပြီ ဒါကနောက်ဆုံးတစ်ခုပဲကို ..."


လီကျန်းက သက်ပြင်းချလိုက်သည်။


" ဒီမစ်ရှင်ကတကယ့်ကို စိန်ခေါ်မှုကြီးပဲ..."


ပိုင်ရိက မျက်မှောင်ကျုံ့ကာ သူ၏သိုလှောင်အိတ်အတွင်းသို့မွှေနှောက်ကြည့်လိုက်သည်။


" ဒါကတစ်ခုတည်းသောတာဝန်ဖြစ်နေမှတော့ ငါတို့ထွက်ပြေးလို့လည်းမရဘူး သာမာန်အကူပစ္စည်းမျိုးကတောင်ငါတို့ကိုမကယ်နိုင်တာ ခုတော့ ဘာအကူပစ္စည်းမှလည်းမရှိတော့ဘူး..."


" ငါ့မှာရှိမယ်ထင်တယ်..."


ယောင်စစ်က သူမ၏ပြည့်လျှံနေသောအိတ်ကို တွေးမိကာ ပြောလိုက်သည်။


" ငါ့မှာ လူသစ်ကြိုဆိုပစ္စည်းတစ်ချို့ရှိတယ် လီကျန်းသာဆို အဲဒါတွေနဲ့တစ်ခုခုလုပ်ပြီးငါတို့သွေးတွေကိုပြန်ဖြည့်ပေးနိုင်မယ်ထင်တယ် ..."


ယောင်စစ်က ပြောကာ  သက်တံရောင်တောက်ပဖြာထွက်လျက်ရှိသော ယပ်တောင်တစ်လက်အားထုတ်ယူလိုက်၏။


၎င်း၏အထက်တွင် တောက်ပသောစာလုံးများကိုလည်း ရေးထိုးထားသည်။


ပဝေသဏီယန္တရားယပ်တောင် ...


" ... "


ပိုင်ရိနှင့် လီကျန်းတို့ တိတ်ဆိတ်သွားကြသည်။


" ဒ... ဒဏ္ဍာရီလာ လက်နက်ကြီး...  ကဗျာဆရာရဲ့စာလိပ်အကြောင်းကိုမေ့လိုက်တော့ သခင်မလေးလက်ထဲမှာတစ်လောကလုံးရှိတယ်ကွ ဒီလိုပစ္စည်းကဘယ်လိုလုပ်သခင်မလေးဆီရှိနေတာလဲ ဒါကစစ်ပွဲကြီးအပြီးမှာပေါ်လာရမယ့် လက်နက်မဟုတ်လား..."


" ငါဒါကို NPC ရွာကရခဲ့တာလေ လူသစ်ကြိုဆိုလက်ဆောင်ပါဆို..."


ယောင်စစ်ကပြောသည်။


" ... "


လူသစ်ရွာက NPCတွေက  သခင်မလေးရဲ့အမျိုးတွေလားဟင်...


○| ̄|_


" ဘာဖြစ်လို့လဲ..."


ထိုနှစ်ဦး၏ တိတ်ဆိတ်မှုက ယောင်စစ်အား စိတ်ဓာတ်ကျသွားစေသည်။ လူသစ်ကြိုဆိုလက်ဆောင်များက ပြဿနာကိုဖြေရှင်းရန် မလုံလောက်ပေသည်လော။


" သုံးလို့မရဘူးလားဟင်..."


" သခင်မလေး..."


"အင်း..."


" သခင်မလေးမှာ လူသစ်ကြိုဆိုလက်ဆောင်တွေများကျန်သေးလားဟင် တစ်ခါတည်းထုတ်လိုက်ပါလား..."


တစ်ခုတည်းနဲ့တင်သေနိုင်တယ်ဆိုပေမဲ့ပေါ့...


" သိပ်အများကြီးတော့မရှိပါဘူး..."


အာရုံစူးစိုက်လျက်ရှိသော မျက်ဝန်းနှစ်စုံအောက်တွင် ယောင်စစ်က သိုလှောင်အိတ်အတွင်းမှ ပစ္စည်းများအား တစ်ခုချင်းထုတ်ယူနေ၏။


ဒဏ္ဍာရီလာ : ဇာမဏီငှက်မွှေးကမ္ဗလာခြုံထည်


ဒဏ္ဍာရီလာ : ဇာမဏီငှက်မွှေးဖိနပ်


ဒဏ္ဍာရီလာ : ဇာမဏီဆံထိုး


ဒဏ္ဍာရီလာ : ကောင်းကင်ထုချေတူ


မြေပြင်ပေါ်တွင် ရွှေရောင်တစ်ဖိတ်ဖိတ်တောက်လျက်ရှိသော ဒဏ္ဍာရီလာပစ္စည်းများဖြင့် ပြည့်နှက်သွားပေသည်။


ပိုင်ရိနှင့် လီကျန်း : "..."


သခင်မလေး အာကာသမျိုးနွယ်တစ်ခုလုံးကိုများ ဓားပြတိုက်လာသလား...


ထို့နောက် ယောင်စစ်က သူမ၏ခြေထောက်များကို ဖုတ်ဖတ်ခါကာ ထရပ်လိုက်သည်။


" သွားစို့ နဂါးသွားဖမ်းကြမယ်..."


သခင်မလေးက အလွန်အမင်း အားကိုးအားထားပြုအပ်သော တစ်သန်းတွင်တစ်ဦးသာရှိမည့် ရဲဘော်ရဲဘက်တစ်ဦးဖြစ်ပေသည်။ သူမအိတ်အတွင်းရှိ ရတနာများနှင့်သာဆိုပါက လယ်ဗယ်102ရှိသော နဂါးကိုမဆိုထားနှင့် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးအားချေမှုန်းရန်ပင် ဝန်လေးစရာမရှိတော့ချေ။


လုံလောက်စွာ ပြင်ဆင်ပြီးသည့်နောက်တွင် သူတို့က ရဲရင့်စွာဖြင့် ချော်ရည်ချော်ခဲများပြည့်နှက်နေသည့် မီးတောင်ဂူအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။ 


မြေပြင်ပေါ်တွင်လဲလျောင်းနေသောနဂါးက သူတို့သုံးဦးထံသို့ မျက်လုံးအစုံဖွင့်ကာ စူးစိုက်ကြည့်လာ၏။


တိုက်ပွဲကား စတင်ခဲ့ချေပြီ။


[ ရှေးဟောင်းနတ်ဆိုးနဂါး : ဟားဟားဟား နတ်ဘုရားက မင်းတို့ကိုသေဖို့လွှတ်လိုက်တာလားကွ မလောက်လေးမလောက်စား အဆင့်လေးတွေပဲ ငါဒီနေ့မင်းတို့ကိုသတ်ပြီး သုံးလောကရဲ့တကယ့်အရှင်ဘုရင်ကဘယ်သူလဲ သိအောင်ပြမယ်]


၎င်းကသူ၏ အမြီးကို ဝှေ့ယမ်းလိုက်သောအခါ နတ်ဒေဝါ ဟန်ယွဲ့ ဟုအမည်ပါရှိသော အဖြူရောင်ပူဖောင်းတစ်လုံးထွက်ပေါ်လာလေသည်။


ထိုအရာက NPCဇာတ်ကောင်မျှသာဖြစ်သော်လည်း ပူဖောင်းရုပ်လုံးပေါ်လာသည်နှင့်အမျှ သူမ၏မျှော်လင့်ချက်များကလည်းမြင့်တက်လာနေသည်ကို ယောင်စစ်မထိန်းချုပ်နိုင်ပေ။ 


လောကကြီးရဲ့ အလှတရားပြယုဂ်ဆိုတာက ဘယ်လိုမျိုးများပါလိမ့်နော်...


ပူဖောင်းအတွင်းရှိပုံရိပ်သည် ခဲရောင်အမျိုးသားဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာတစ်ဝိုက်အား အဝတ်များဖြင့်ဖုံးအုပ်ထားသည်။


အဝတ်စများ ဖြေညင်းစွာ လျော့ပါးပျောက်ကွယ်လာသည့်အခါ ယောင်စစ်တွေ့ရှိလိုက်ရသည်ကား ထိုလူ၏ရုပ်ရည်သည်...


အယ်...


(⊙ o ⊙)


မူရွှမ်...


ဒီNPCရဲ့ရုပ်ရည်ကဘာဖြစ်နေတာလဲ လောကကြီးရဲ့အလှတရားပြယုဂ်ဆို 

နတ်သမီးလှလှလေးဘယ်မှာလဲ ဘာလို့ယောကျာ်းကြီးလဲ...


ဒါကလည်း နတ်ဘုရားမူရဲ့ ပုစွန်ဦးနှောက်ပရိတ်သတ်တွေရဲ့လက်ချက်ပဲလား...


" စစ်စစ်လေးလား..."


ထိုစဥ်ရင်းနှီးကျွမ်းဝင်သော အသံတစ်ခုထွက်ပေါ်လာသည်။


ယောင်စစ် : "..."


လီကျန်း : "..."


ပိုင်ရိ : "..."


(╯‵□′)╯︵┻━┻


ယီးးး


ဒါကNPCမှမဟုတ်ဘဲ...


ထိုလူက မူရွှမ်အစစ်ဖြစ်လို့နေသည်။ ထိုသူက အဘယ်ကြောင့်ဤနေရာတွင် ပေါ်ထွက်လာရသနည်း။


ထို့ကြောင့် ဤတစ်လျှောက်လုံး သူမသူ့ကိုရှာမတွေ့နိုင်ခဲ့ခြင်းပေလော။ မူရွှမ်က အချိန်အကြာကြီး ပျောက်ကွယ်သွားပြီးနောက် ဂိမ်းထဲ၌ NPCဘဝသို့ရောက်ကာ ... လောကကြီး၏အလှတရားပြယုဂ်ဖြစ်လို့နေသည်။


ဤအခြေအနေကယောင်စစ် ကိုင်တွယ်ရန်ခက်ခဲလှ၏။


...


ထိုစဥျ ဂိမျးကုမ်ပဏီ၌...


" ဒီနေရာမှာ NPCဇာတ်ကောင် ဟန်ယွဲ့ဖြစ်ရမှာမဟုတ်ဘူးလား ဘယ်လိုဖြစ်လို့သူ့နေရာမှာ ကစားသမားတစ်ယောက်ရှိနေရတာလဲ..."


" ခဏ ကျွန်တော်လည်းစစ်ဆေးကြည့်ရဦးမယ်..."


 မိနစ်အနည်းငယ်ကြာသော်...


" ဒါက ... ဒီကစားသမားရဲ့ပြဿနာပဲ  

ဂိမ်းစနစ်ထဲမှာ ဟန်ယွဲ့ရဲ့ချောမောနှစ်လိုဖွယ်ကောင်းမှုက စည်းမျဥ်းတစ်ခုပဲ ဘယ်လိုကြောင့်ရယ်မသိ စနစ်ကတစ်ခုခုမှားယွင်းပြီး ဒီကစားသမားကို ဟန်ယွဲ့ရဲ့နေရာမှာမှားထည့်လိုက်မိသွားတဲ့ပုံပဲ..."


" ... ကစားသမားရုပ်ရည်ရဲ့နှစ်လိုဖွယ်​ကောင်းမှုအဆင့်က အဲ့လောက်မြင့်နေတာလား ငါတို့ဟန်ယွဲ့ကိုဒီဇိုင်းဆွဲတုန်းက မူရွှမ့်ကိုမှီငြမ်းထားတာလေ..."


" ကျွန်တာ်လည်းမသိဘူး  ကစားသမားကသူ့ရုပ်ရည်ကိုပြောင်းလဲထားတာမျိုးများရှိမလားမသိဘူး..."


" ငါတို့ဘယ်လိုလုပ်ကြမှာလဲအခု ဒီလယ်ဗယ်ကိုဒီတိုင်း မပြီးမပြတ်ထားလိုက်လို့မဖြစ်ဘူး  ဟန်ယွဲ့ကိုနေရာပြန်ပို့ဖို့စီစဥ်တော့လေ..."


အခန်းတွင်း၌ တိတ်ဆိတ်မှုကကြီးစိုးသွားသည်။


" ကျွန်တော်တို့ ဒီတိုင်းပဲထားလိုက်ကြမလား..."


"..."


ဟန်ယွဲ့က ကစားသမား၏အခက်အခဲအား အဆင့်မြှင့်ပေးရသော အရန်ဇာတ်ကောင်သာဖြစ်သည်။ သူမက အဓိကဗီလိန်မဟုတ်သဖြင့် ထိုမျှအရေမကြီးပေ။


အရေးကြီးသည်က ယခုရက်သည် ပိတ်ရက်ဖြစ်သည့်အတွက် သူတို့၏ လက်ထပ်မှတ်ပုံတင်များ မရနိုင်တော့မည်ကိုသာစိုးရိမ်ရပေမည်။


ထို့ကြောင့် ဤပြဿနာအား ပြည်ဖုံးကားချရန်လိုအပ်နေသည်။


╮(╯_╰)╭


၎င်းတို့နှစ်ဦးက သတိပေးချက်များအား တိတ်တဆိတ်သာ ပိတ်ချလိုက်ပေတော့သည်။


...


[ ! တင်  စတင်ပါပြီ ကြီးမြတ်သော ကျင့်ကြံသူတို့  နတ်ဆိုးကိုနှိမ်နင်းပြီး အလှလေးကိုကယ်တယ်ခြင်းဖြင့် လောကကြီးဆီက ကျေးဇူးတရားနဲ့ ဆုလာဘ်တွေကိုလက်ခံရယူလိုက်ပါ  နတ်သမီးကလည်း သင့်ကိုချစ်ခင်နှစ်သက်ပါလိမ့်မယ်]


ယောင်စစ်၏ နှုတ်ခမ်းကြောများ တွန့်ကွေးသွားရသည်။


နတ်သမီးလေးရဲ့အချစ်ဆိုပဲ...


ပြင်ဆင်ချိန်များစွာမရလိုက်ပါဘဲ တိုက်ပွဲကစတင်ပြီးဖြစ်ကာ နဂါးကြီးက သူ၏ပါးစပ်အတွင်းမှ မီးလျှံရဲရဲဓားသွားများအား ထွေးထုတ်လိုက်သည်။


" ငါတို့သူ့ကိုကယ်ရမယ်..."


ယောင်စစ်၏ နှလုံသာလေးက လေးလံသွား၏။


" ပိုင်ရိမင်းက ရှေ့တန်းကနေပြီးအနီးကပ်တိုက်ခိုက် လီကျန်းကကြားမှာနေပြီး ငါတို့ကိုသွေးဖြည့်ပေး ငါကနောက်က ကာပေးမယ်..."