Chapter 136
ကျေးဇူးပြုပြီး မင်းရဲ့ဘဝကို အပ်နှင်းပါ
"အိုး... ကောင်း.. ကောင်းပြီလေ...."
ပိုင်ရိ တောင့်ခဲသွားကာ ထိတ်လန့်နေမှုမှ ရုန်းထွက်လိုက်သည်။ သူ၏ခြေထောက်များ ပျော့ခွေသွားလေသည်။ သူ နတ်ဆိုးနဂါးကို နောက်တစ်ကြိမ်ထပ်ရိုက်နေစဉ် မူရွှမ်ကိုကြည့်လိုက်ပြီး သူ၏တည်ရှိနေမှုကို လျှော့ချရန် အသည်းအသန်လုပ်နေလိုက်သည်။
သခင်မလေးရဲ့ ဂိမ်းဇာတ်ကောင်ပစ္စည်းတွေက အဲ့လောက် ထူးခြားနေမယ်လို့ ဘယ်သူထင်မှာလဲ... သူပါ ဓားနဲ့ခုတ်ခံရရင် ဘယ်လိုလုပ်မလဲ....
"..." လီကျန်း
သဘောတူသဟ....
"မူရွှမ် ကျွန်မကို အချိန်ခဏလောက်ပေးဦး... ရှင့်ကို လာကယ်မယ်..."
ယောင်စစ် ဘော့စ်ကြီးကို မြှားများဖြင့် ပစ်လိုက်ပြီး မူရွှမ်ကို ပိတ်လှောင်ထားသည့် ဖောက်ထွင်းမြင်နေရသော ဘောလုံးကြီးကို ကြည့်၍ လှမ်းအော်လိုက်သည်။
ထိုဘောလုံးကြီးကို သူ၏စိတ်စွမ်းအင်သုံး၍ ဖောက်ထွက်ရန် လုပ်တော့မည့် မူရွှမ်တစ်ယောက် သူ၏စိတ်လှုပ်ရှား ပူပန်နေသော ကလေးလေးကိုကြည့်လိုက်သည်။
သူမက သူ့ကိုစိုးရိမ်နေတာလား..,
တဖြေးဖြေးချင်း လှုပ်ရှားမှုများကို ရပ်လိုက်ပြီး သူ့နှလုံးသားတစ်ခုလုံး ချိုမြိန်သွားပြီး သူ့ဝိဉာဉ်တစ်ခုလုံး ကိုလွှမ်းခြုံသွားသည်။ သူ့တစ်ကိုယ်လုံး ပန်းများပွင့်လာသလို ခံစားလိုက်ရသည်။
သူဒီထဲမှာ အချိန်နည်းနည်းလောက် ထပ်နေလိုက်ရမလား....
Poetic Sagaထင်ထားသည့်အတိုင်းပင် နတ်ဆိုးနဂါးတွင် သွေးနှင့်သန်မာမှု ထောက်ပံ့ချက်က အလွန်မြင့်မားပေသည်။ ထို့အပြင် ပိုင်ရိရော လီကျန်းပါ အကောင်းဆုံးအခြေအနေတွင် ရှိမနေသဖြင့် ထိုသားရဲကြီးက သူတို့ခေါင်းကို ရိုက်နှက်နေသည်ကိုသာ အကြိမ်ပေါင်းများစွာ ခံနေရသည်။ ဒဏ္ဍာရီလာ ပစ္စည်းများသာမရှိပါက စမှတ်သို့ရောက်သည်မှာ ကြာလှလေပြီ။
ယောင်စစ်ကက လယ်ဗယ်အနိမ့်ဆုံးဖြစ်ပြီး ကာလရှည်ကြာ တိုက်ခိုက်ရသည့်နေရာတွင် နောက်လိုက်လေးသာဖြစ်သည်ဟု ထင်ခဲ့သော်လည်း ယခုတွင် သူမကသာ အလုပ်အများဆုံးလုပ်ရသည့်လူ ဖြစ်နေသည်။ နဂါး၏တိုက်ခိုက်မှုများကို ကာကွယ်တိုက်ခိုက်နေရရုံမျှမက အခြားနှစ်ယောက်ကိုပါ တိုက်ခိုက်ကြရန် အဆက်မပြတ် ပြောနေရသည်။
ဒါကြီးက ကတိပေးထားတဲ့ ဇာတ်ညွှန်းမှ မဟုတ်တာ...
"ဟေ့ နင်တို့နှစ်ကောင် လေးလေးနက်နက်တိုက်ကြစမ်းပါဟ..."
သူမ ထိုနှစ်ယောက်ကို အော်ဟစ်လိုက်သည်။
ကံကောင်းစွာဖြင့် သူတို့အကုန်လုံး အသိပြန်ဝင်သွားကြပြီး ငါးမိနစ်အတွင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြလေသည်။ နတ်ဆိုးနဂါး၏ သွေးများက အဆက်မပြတ်လျော့နည်းလာသည်။ ဆစ်မိနစ်ကြာပြီးနောက်တွင် ကြောက်မက်ဖွယ်အော်သံကြီးနှင့်အတူ နဂါးကြီးကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ မီးတောင်များပင် ပြိုကျပျက်ဆီးကုန်သည်။
[စက်ဆုပ်ဖို့ကောင်းလိုက်တာ... ငါသေရင်တောင်... မင်းတို့ကို ငါနဲ့အတူဆွဲခေါ်သွားမယ်..]
နောက်ထပ် ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ နဂါးကြီးပေါ်တွင် အနီရောင်အလင်းတို့ လွှမ်းခြုံလာပြီး မြေပုံတစ်ခုလုံး တုန်ခါသွားစေသည်။
"မကောင်းတော့ဘူး... ဘော့စ်ကြီး ပေါက်ကွဲတော့မယ်..."
ယောင်စစ်၏ နှလုံးသားတုန်ခါသွားပြီး သားရဲကြီးနှင့်အနီးဆုံးလူကို ကြည့်လိုက်သည်။
"ပိုင်ရိ... မြန်မြန်ထွက်သွားတော့..."
ပိုင်ရိက လျှင်မြန်စွာ တုံ့ပြန်လိုက်သည်။ မြေပြင်ပေါ် ဆင်းသက်ပြီး နောက်တွင်ပင် မီတာပေါင်းများစွာ နောက်သို့ ဆုတ်လိုက်သည်။ ခဏအကြာတွင် နတ်ဆိုးနဂါးကြီးက အနီရောင်အလင်းနှင့်အတူ ပြင်းထန်စွာပေါက်ကွဲသွားပြီး ယောင်စစ်နား ရောက်လာသည်။
“…”
ဖက်ခ်
ဘာလို့ငါလဲ... ငါ့ရဲ့ လယ်ဗယ်က အနိမ့်ဆုံးမဟုတ်ဘူးလား... နတ်ဆိုးနဂါးကြီးက နည်းလမ်းလည်း မကျဘူး...
ဒီရိုက်ချက်က သူမကို စမှတ်သို့ ပြန်ရောက်သွားစေနိုင်တယ်...
"အဖေ..."
သွေးများဖြင့် ရွှဲရွှဲစိုနေသော လီကျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ နဂါး၏ဦးခေါင်းကို ရိုက်ရန် သူ့လက်ထဲရှိ ယပ်တောင်ကို မြှောက်လိုက်သည်။
ကျယ်လောင်သော မြည်သံနှင့်အတူ နဂါးခေါင်းပေါ်မှ နံပါတ်အသေးလေးတစ်ခု ထွက်ပေါ်လာသည်။
'သွေး -၁'
နောက်ဆုံး သွေးစက်ကုန်ဆုံးသွားပြီးနောက်တွင် နတ်ဆိုးနဂါးကြီး ငြိမ်ကျသွားပြီး မိုးကြိုးထစ်ချုန်းသံများပင် တိတ်ဆိတ်သွားတော့သည်။
လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ကျေးဇူးတင်ပါတယ် ဘုရားသခင်ရယ် နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ....
မူရွှမ်ကို ဖုံးအုပ်ထားရသော ဖောက်ထွင်းမြင်ရသည့် ဘောလုံးသည် အစိတ်စိတ်အမြွှာမြွှာကွဲအက်သွားပြီး မြေပြင်ပေါ် ပြုတ်ကျကုန်သည်။
"မူရွှမ်...."
ယောင်စစ် တစ်ကိုယ်လုံး အပျော်များဖြင့် ဖုံးလွှမ်းနေသည်။
"စစ်စစ်..."
မူရွှမ် သူမရှိရာဆီ ပြေးသွားလိုက်သည်။ တစ်ချိန်တည်းတွင် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။
– Poetic Saga မစ်ရှင် ပြီးဆုံးပါပြီ..
သတိပေးချက် သုံးခုက ကောင်းကင်ပေါ်တွင် ပေါ်ထွက်လာသည်။
[ဒင်... Poetic Sagaပြီးဆုံးပါပြီ... မြေပုံအသစ်တစ်ခုလုံး ဖွင့်လှစ်လိုက်ပါပြီ... ယုအာကာသမျိုးနွယ်ကမ္ဘာက အာကာသနတ်ဆိုးဧရိယာထဲသို့ ဝင်ရောက်လာပါပြီ...]
[ဒင်... ကစားသမား *#၃၈၊ တိတ်ဆိတ်သူ နှင့် သစ်တောရပ်တို့ Poetic Sagaကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်... ဆုလာဘ်များက လယ်ဗယ်ငါးခုနဲ့ ထိုက်တန်တဲ့အတွေ့အကြုံအမှတ်၊ သာလွန်အာကာသ ကျောက်တုံး ၁၀ခု၊ ကမ္ဘာ့ဂုဏ်သတင်း ၁၀၀၀၀မှတ်၊ ဂိုဏ်းတည်ထောင်ခွင့် ခွင့်ပြုချက် ၁ခု....]
[ဒင်... ကစားသမား သစ်တောရပ်က ရန်သူကို ဂုဏ်သိက္ခာရှိရှိတိုက်ခိုက်ပြီး နတ်ဆိုးနဂါးကို သေစေနိုင်တဲ့ရိုက်ချက်နဲ့ သတ်ခဲ့တယ်... အလှလေးက ဒီကိစ္စကို ဘယ်လိုလုပ် အသိအမှတ်မပြုပဲ နေမလဲ... နတ်ဒေဝါဟန်ယွဲ့က သူ့ရဲ့အားထုတ်မှုကို အသိအမှတ်ပြုပြီး သူ့အတွက် သူမကိုယ်ကို အပ်နှင်းဖို့ ဆန္ဒရှိနေတယ်... သစ်တောရပ် နတ်ဒေဝါ ဟန်ယွဲ့ရဲ့အချစ်ကို ရရှိသွားလို့ ဂုဏ်ယူပါတယ်... ကျေးဇူးပြုပြီး လက်ထပ်ခြင်းအမှုကိုပြုရန် စုရပ်ကို ထွက်ခွာပေးပါ... မင်္ဂလာပွဲကို ငါးမိနစ်အတွင်း ကျင်းပ ပါမယ်...
အပိုထပ်ဆောင်း : ယနေ့မှစပြီး ဂိမ်းထဲတွင် လပ်ထပ်ခွင့် လုပ်ဆောင်ချက်ကို ပေါင်းထည့်လိုက်ပါပြီ...]
"..." ယောင်စစ်တို့ သုံးယောက်သား
ဘာကြီး...
ထို့ကြောင့် world chat ကြီးတစ်ခုလုံး နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်သည်။
[Worl(ငါ့ကို ဒဏ္ဍာရီလာပစ္စည်းပေးစမ်း): ဒါဘာလဲ... ဆုလာဘ်တွေက အရမ်းများမနေဘူးလား... ဂိုဏ်းတည်ထောင်ခွင့် အမှတ်အသားတောင် ရလိုက်သေးတယ်... ဒါ ကျင့်ထုံးအသစ်ကို ရွေးချယ်နိုင်တာမျိုးမလား...]
[World(တစ်ကိုယ်တော်များအတွက်ဂရုစိုက်မှု): ဘယ်သူက ဂိုဏ်းတည်ထောင်ခွင့် အမှတ်အသားကို ဂရုစိုက်လို့လဲ... Poetic Sagaကတော့ တကယ့်ကို အခြားလယ်ဗယ်တစ်ခုမှာပဲ... ဆန်းသစ်လိုက်တဲ့ ဂိမ်းကွာ...]
[World(Poetic Sagaဆိုတာ ဒဏ္ဍာရီပဲ): ဘယ်သူကများ ဂိုဏ်းတည်ထောင်ခွင့်အမှတ်အသားကို ဂရုစိုက်လို့လဲ... အား.... ငါတို့စင်ကယ်တွေကြ ဘာလို့များ ဒီလိုတွေ ကောင်းချီးပေးမခံရတာလဲလို့..]
[World(၁၁၁၁လေးပါ): ဘယ်သူကများ ဂိုဏ်းတည်ထောင်ခွင့် အမှတ်အသားကို ဂရုစိုက်လို့လဲ... ငါ့ကို ဇနီးတစ်ယောက်သာ ပေးလိုက်စမ်းပါ... ဂိုဏ်းတည်ထောင်ခွင့်အမှတ်အသားနဲ့ လဲရမယ်ဆိုတောင် ပျော်ပျော်ကြီးလဲပစ်တယ်...]
[World(FFFအဖွဲ့ခေါင်းဆောင်): ဘယ်သူကများဂိုဏ်းတည်ထောင်ခွင့် အမှတ်အသားကို ဂရုစိုက်လို့လဲ... အတိတ်တုန်းကဆိုရင် ကစားသမားအချင်းချင်း ချစ်ကြည်နူးတစ်တီတူးတာကို ငါသည်းခံနိုင်ပါသေးတယ်... ဒါပေမဲ့ ကစားသမားနဲ့ NPC တစ်တီတူးနေတာကို ငါတကယ်ကြီးလက်ခံပေးရမှာလား...]
[World(စာရေးသူနောက်ထပ်နာမည်မစဉ်းစားတတ်တော့ဘူး): ဘယ်သူကများ ဂိုဏ်းတည်ထောင်ခွင့်အမှတ်အသားကို ဂရုစိုက်လို့လဲ...]
–
World chatကြီးတစ်ခုလုံး ပွက်ပွက်ညံနေကြသော်လည်း ယောင်စစ်တို့ဘက်တွင် တိတ်ဆိတ်မှုတို့ ကြီးစိုးနေကြသည်။
ထိုကြေငြာချက်ထွက်ပေါ်လာပြီးနောက်တွင် ချော်ရည်များဖြင့် ပြည့်နှက်နေသော မီးတောက်က မွှေးပျံ့လတ်ဆတ်သော ပန်းများဖြင့် ပြည့်နှက်သွားပြီး သူတို့၏ မွှေးရနံ့များက လူတိုင်း၏ အနံ့ခံအာရုံကို ကျီစယ်နေလျက်ရှိသည်။
လီကျန်းက သတို့သားဝတ်စုံဖြင့် ပေါ်လာပြီး မူရွှမ်က သတို့သမီးဝတ်စုံဖြင့် ပေါ်လာသည်။
"..." ယောင်စစ်
"..." ပိုင်ရိ
"..." လီကျန်း
ကိုယ့်ကိုကိုယ် အပ်နှင်းတယ်...
မူရွှမ်နဲ့ လီကျန်းကလေ...
○| ̄|_
စနစ်မှာ ကန့်သတ်ချက်မရှိဘူးလား... 'နတ်ဆိုးဂါးကိုတိုက်ခိုက်သောရဲရင့်သည့် စစ်သည်တော်'ဆိုတာကို လုံးဝကြီး ကူးချထားဖို့ လိုလို့လားဟ...
ဒါပေမဲ့...
ဒါပေမဲ့...အံ့ဩဖို့ကောင်းစွာနဲ့ ယောင်စစ်တစ်ယောက် နောက်ဖြစ်လာသည့် မြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားရသည်။
O(∩_∩)O~
မူရွှမ်၏ ခံစားချက်မဲ့နေသော မျက်နှာက မဲမှောင်သွားပြီး တင်းမာနေသော အမှောင်ရိပ်ငွေ့များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ပန်းပွင့်များပင် တောင့်ခဲပြီး တုန်ယင်သွားကြသည်။
လူသတ်ချင်လာပြီ...
သူ ဒီဂိမ်းကို တစ်စစီ ဖျက်ဆီးပစ်ခဲ့ရမှာ..
ပိုင်ရိနှင့် ယောင်စစ်တို့ ခြေလှမ်းကျဲကျဲနောက်သို့ဆုတ်၍ လီကျန်းကို ကံကောင်းပါစေဟုသာ ဆုတောင်းပေးလိုက်သည်။
[ဒင်... ကစားသမား... ကျေးဇူးပြုပြီး မင်္ဂလာပွဲကို ဆင်နွှဲပါတော့...]
ကံမကောင်းစွာဖြင့် အသိပေးချက်က အဆက်မပြတ် မြည်ဟီးလာသည်။
"ကျွန်တော်... ဒါ... ဒါ.. ကျွန်တော်မဟုတ်..."
လီကျန်း၏ ခြေထောက်များ ပျော့ခွေသွားသည်။
"ဘယ်လိုဖြစ်သွားလဲ ကျွန်တော်တကယ်မသိတာ... ကျွန်တော် အဘိုးကို လက်မထပ်ချင်ခဲ့ပါဘူး... ယုံကြည်ပေးပါ..."
ဝှစ်
သူ့ကို စကားဆက်ပြောခွင့်မပြုတော့ဘဲ ဓားကို ဝင့်၍ မူရွှမ် လီကျန်းကို စမှတ်သို့ ပို့ပေးလိုက်သည်။
“…”
[ဒင်... ကစားသမားအသတ်ခံလိုက်ရပါပြီ... မစ်ရှင်ကျရှုံးသွားပါပြီ... လက်တွဲဖော်ပြောင်းပါ...]
သူတို့ မတုံ့ပြန်နိုင်သေးမီ နောက်ထပ်သတိပေးချက် ထွက်ပေါ်လာသည်။
[ဒင်... ကစားသမား တိတ်ဆိတ်သူက ရန်သူကို ဂုဏ်သရေရှိရှိဖြင့် ဖျက်ဆီးနိုင်ဆုံးအမြင့်ဆုံးဖြင့် သတ်ခဲ့ပါတယ်... ဒါကြောင့်သူ့ကို ရှားပါးတဲ့ သူရဲကောင်းတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်... နတ်ဒေဝါဟန်ယွဲ့က သူ့အတွက် သူမရဲ့အသက်ကို အပ်နှင်းဖို့ ဆန္ဒရှိပါတယ်... ကျေးဇူးပြုပြီး မင်္ဂလာပွဲကျင်းပဖို့ နတ်ဒေဝါဟန်ယွဲ့နဲ့အတူ စုရပ်ကိုသွားပေးပါ...]
"..." ပွဲကြည့်ပရိတ်သတ်လေး ပိုင်ရိ
ဖက်ခ်... မင်းတို့ လက်တွဲဖော်ပါပြောင်းပေးနိုင်တယ်လား...
(╯‵□′)╯︵┻━┻