Chapter 137
ကျယ်ဝန်းသောစကြာဝဠာ
မူရွှမ် မဲမှောင်လှသောမျက်နှာထားဖြင့်တုန်လှုပ်နေသောပိုင်ရိကိုစူးစူးရဲရဲလှည့်ကြည့်လိုက်သည်။
"ခဏလေးစောင့်ပါဦး အရှင်မင်းကြီး..ကျွန်တော်နားလည်ပါပီ..."
ပိုင်ရိကတုံ့ဆိုင်းမှုမရှိပဲ သူ့ကိုယ်သူဓားဖြင့်ထိုးလိုက်သည် အလင်းရောင်တချက်နှင့်အတူသူပြန်လည်စတင်ရာသို့နေရာသို့ပို့ဆောင်ခံလိုက်ရလေသည်။
"...." ယောင်စစ်
[ဒင်...နတ်ဆိုးနဂါးကို တိုက်ခိုက်ရာတွင်တစ်ဦးထည်းသော အောင်မြင်သူမှာကစားသမားဘိုးဘေးနံပါတ်၃၈ ဖြစ်သည်...ကံကောင်းထောက်မစွာဖြင့် ကစားသမားအာကာသမျိုးနွယ်ဟန်ယွဲ့သည် သင့်အတွက် သူ့ကိုယ်သူစတေးရန်ဆုံးဖြတ်ခဲ့သည်...အခုမဂ်လာစင်မြင့်သို့ဝင်ရောက်နိုင်ပါပြီ...5 4 3 2 ...]
အဖြစ်အပျက်တွေကနည်းနည်းမြန်နေတယ်မဟုတ်ဘူးလား...ခဏနေပါဦးစစ်သည်တော်နှစ်ယောက်ရှိနေတဲ့အချိန်မှာ ဘယ်လိုဖြစ်ပြီးသူမကကံကောင်းထောက်မစွာနဲ့အောင်နိုင်သူဖြစ်သွားတာလဲ...တစ်စုံတစ်ယောက်ကကံကောင်းပြီးအောင်နိုင်တယ်ဆိုတာကဘယ်လိုကြီးလဲ...
စနစ်ကဘာကြောင့်အဆင့်နိမ့်ကစားသမားလေးတွေကို အဲ့လောက်တောင်မှအထင်အမြင်သေးနေရတာလဲ...ဖုံးကွယ်ထားတဲ့နာမည်ဆိုတာကရောဘာအဓိပ္ပာယ်လဲ...ရှင်းရှင်းလင်းလင်းရှင်းပြစမ်း...
ဒါ့အပြင် စနစ်ထဲမှာမူရွှမ့်ရဲ့လိင်အမျိုးအစားက ဘာလဲ...လိင်တူခြင်းလက်ထပ်လို့ရတာလား...
ယောင်စစ် သူမ၏ မကျေနပ်ချက်များကိုထုတ်မပြောရသေးခင်မှာပင် နံရံပေါ်၌ ပျော်ရွှင်ခြင်းဟူသော စကားလုံးများပေါ်လာပြီး ကျယ်ပြန့်သော ဧရိယာတခွင်က အနီရောင်ဖုံးလွှမ်းထားသော ပန်းခင်းကြီးအဖြစ်ပြောင်းလဲသွားလေသည်။
အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မူရွှမ်မှလွှဲ၍ တခြားမည်သူ့ကိုမှမတွေ့ရတော့ပေ။
[ဒင်... နေရာတခုလုံးကိုပိတ်ဆို့ထားလိုက်ပါပြီ မဂ်လာပွဲကိုဆက်လက်လုပ်ဆောင်ပါ...]
ယောင်စစ်၏ မစ်ရှင်ဖိုင်တွဲထဲတွင် နောက်ထပ်မစ်ရှင်တစ်ခု ဖောက်ကနဲထွက်ပေါ်လာလေသည်။
[ပျော်ရွှင်သော လက်ဆက်မှု...]
အခုလေးတင်ဘာတွေဖြစ်သွားတာလဲ...ဇာတ်ကွက်ကဇာတ်ရှိန်တက်လာတဲ့အချိန်မှာ...ဘယ်လိုလုပ်ပြီးပြောင်းလဲပြီးတော့ သူမနဲ့မူရွှမ်ရဲ့ မင်္ဂလာပွဲဖြစ်သွားရတာလဲ...
"ဒါဘယ်နေရာလဲ..."
"ဒါကဂိမ်းထဲက သီးခြားနေရာတစ်ခုဖြစ်လိမ့်မယ်..."
မူရွှမ်ကလက်ရှိအခြေအနေကိုအေးဆေးတည်ငြိမ်စွာရင်ဆိုင်နေလေသည် သူကအိမ်အပြင်ဘက်ရှိအဖြူရောင်လွင်ပြင်ကြီးသာဖြစ်နေသောနေရာကိုလှမ်းကြည့်လိုက်သည်။
"ဒါဆိုရင် အခုကျွန်မတို့ ဘာလုပ်ရမှာလဲ..."
ယောင်စစ်က စနစ်မှဖော်ပြချက်များရှိရာမျက်နှာပြင်ကိုဆွဲလိုက်သည် သို့သော်လဲဘာမှလုပ်၍မရပဲ စခရင်လော့ခ်ကျနေတုန်းပဲဖြစ်သည်။
"ဒီတော့ ကျွန်မတို့က ဒီအခမ်းအနားကိုဖြတ်သန်းပြီးမှ ဒီနေရာကထွက်သွားလို့ရမှာလား..."
"ဒါ... အင်း အဲ့လိုမျိုးဖြစ်နိုင်တယ်..."
မူရွှမ်ခေါင်းညိမ့်လိုက်သည်။
ယောင်စစ်တောင့်တင်းသွားပြီးသူမတကိုယ်လုံးစိုးရိမ်ပူပန်မှုများလွှမ်းခြုံသွားလေသည်။
မဂ်လာပွဲ... သူမနဲ့မူရွှမ်နဲ့...
Σ(°△°|||)︴
သူမ မူရွှမ့်ကိုကြည့်လိုက်ရာ မတော်တဆအကြည့်ချင်းထိပ်တိုက်တွေ့ဆုံသွားပြီး မီးပွားများ လင်းလက်သွားသလိုမျိုး ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်၏ မျက်ဝန်းများမှ တဆင့်တစ်စုံတရာ ပေါက်ဖွားလာသလိုမျိုး ငြိတွယ်နေကြသည်။ ယောင်စစ်၏နှလုံးခုန်နှုန်းများတဒုန်းဒုန်းမြန်ဆန်လာလေသည်။
ယောင်စစ် တိတ်ဆိတ်ငြိမ်သက်နေသော နေရာကြောင့် သူမ၏နှလုံးခုန်သံကိုပင် ပြန်ကြားရလုမတတ်ဖြစ်နေသည်။ သူမ၏မျက်နှာအမူအယာက တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း နှလုံးခုန်နှုန်းများကရူးသွပ်တော့မည့်အခြေအနေသို့ တွန်းပို့နေသကဲ့သို့ပင်။
ငြိမ်ငြိမ်နေစမ်း ငြိမ်ငြိမ်နေစမ်း...ဒါကဂိမ်းတခုပဲဟုတ်ပြီလား...
ယောင်စစ်အနေခက်စွာချောင်းတချက်ဆိုးလိုက်ပြီးနောက်မူရွှမ့်၏အင်္ကျီလက်စကိုခပ်ဖွဖွဆွဲလိုက်သည်
"မူရွှမ် ကျွန်မတို့ ဒီမစ်ရှင်ကိုဆက်လုပ်သင့်သလား..."
ယောင်စစ် ကယောင်ကတမ်းဖြစ်နေသကဲ့သို့ မူရွှမ်သည်လည်း တူညီသောတုံ့ပြန်မှုမျိုးရှိနေလေသည်။
မူရွှမ် တစ်စက္ကန့်ကြာမျှတိတ်ဆိတ်ငြိမ်သက်နေပြီးမှနူးညံ့စွာဖြင့် ပြတ်ပြတ်သားသားခေါင်းညိမ့်လိုက်သည်။
"အင်း..."
"ဒါဆိုလဲ ဆက်ပြီးတော့မင်္ဂလာပွဲကျင်းပလိုက်ကြရအောင်..."
ယောင်စစ်ပြောပြီးသည်နှင့်ပျော်ရွှင်ခြင်းဟူသောအနီရောင်ဆိုင်းဘုတ်ရှိသည့်နေရာသို့ မူရွှမ့်ကိုဆွဲသွားလိုက်သည်။
ထို့နောက် နောက်တဆင့်အနေဖြင့်ညွှန်ကြားချက်များဆက်လက်ထွက်ပေါ်လာလေသည်။
[ပထမဦးဆုံးမိုးကောင်းကင်နဲ့ကမ္ဘာမြေကြီးကိုအရိုအသေပေးပါ]
[ဒုတိယမိဘများကိုအရိုအသေပေးပါ]
[တတိယ တစ်ဦးကိုတစ်ဦးအရိုအသေပေးပါ..]
သူတို့ညွှန်ကြားချက်များအတိုင်းသုံးကြိမ် သုံးခါအရိုအသေပေးပြီးသည့်တိုင်အောင်မှမစ်ရှင်ကမပြီးမြောက်သွားသေးပေ။
[မင်္ဂလာဦးခန်းသို့ဝင်ပါ...]
ဟင်...အဲ့လောက်လက်တွေ့ဆန်ဖို့လိုလို့လား...
သူတိ့၏ပတ်ဝန်းကျင်ကနောက်တဖန်ပြောင်းလဲသွားကာ ...ယခု၌ပျော်ရွှင်ခြင်းဟူသောအနီရောင်စာလုံးများရေးခြယ်ထားသည့်ကုတင်ထက်တွင်ထိုင်နေကြပေပြီ။
[သတို့သားက သတို့သမီးကိုအနမ်းပေးပါ...]
ဟင်...ဒါဘယ်လိုမဂ်လာပွဲမျိုးလဲ အရှေ့တိုင်းပုံစံနဲ့အနောက်တိုင်းပုံစံပေါင်းစပ်တဲ့ မင်္ဂလာပွဲမျိုးတစ်ခါမှမကြုံဖူးဘူး...
သို့သော် မစ်ရှင်မပြီးလျှင်ဂိမ်းထဲကထွက်မရပေ...
ယောင်စစ် မူရွှမ့်ကို အသာခိုးကြည့်လိုက်သည်။
မူရွှမ်လည်း ကြော်ငြာချက်ကြောင့် အံ့အားသင့်သွားပုံရပြီး သူ့လည်ပင်းရှိအနီစက်များကမျက်နှာထိတိုင်အောင်ပျံ့နှံ့သွားလေသည်။
ယောင်စစ်၏နှလုံးသားထဲ၌နွေးထွေးမှုကိုခံစားလိုက်ရသည်။
သူက ဒီလိုမျိုးဓာတ်မတည့်တဲ့တုံ့ပြန်မှုမျိုးဖြစ်နေတယ်ဆိုတော့ ဖြစ်နိုင်တာက အဲ့တာသူရှက်နေတာလား...
ယောင်စစ်ခေါင်းထဲ၌တဝီဝီမြည်ဟီးနေသလိုပင်ခံစားလိုက်ရသည် သူဘာမှမစဉ်းစားနေပဲထုတ်ပြောလိုက်မိ၏
"အာ...ငါနင့်ကိုနည်းနည်းလောက်ပေးလို့ရမလား..."
ကြည့်ရတာ သူတို့တစ်ခါမှမနမ်းဖူးသလိုပဲ...
မူရွှမ်၏ မျက်နှာက ဘာမှပြောင်းလဲမှုမရှိသော်လည်း သူနေရာမှာပင်တောင့်ခဲနေလေသည်။မိနစ်ဝက်ခန့်အကြာမှသူခပ်နိမ့်နိမ့်အသံဖြင့်တုံ့ပြန်လာသည်။
"အင်း...ဒါကသာမာန်ဖက်ခြင်းနမ်းခြင်းတောင်းဆိုမှုလေးပဲလေ..."
သို့သော်လည်း သေချာစွာအနီးကပ်ကြည့်မည်ဆိုပါက ခန္ဓာကိုယ်အပေါ်ပိုင်းတခုလုံးကအနီရောင်ရဲရဲနီနေပေပြီ...
သူ့ကိုကြည့်ရတာချစ်ဖို့ကောင်းလိုက်တာ...
ယောင်စစ်၏မျက်နှာကတမဟုန်ခြင်းနီရဲလာလေပြီး သူ့၏နှလုံးသားကရင်ဘတ်ထဲမှပေါက်ထွက်တော့မလိုမျိုးအရှိန်အဟုန်ဖြင့်ခုန်လှုပ်နေသည်။
(⊙_⊙)
ယောင်စစ်ကိုယ်တိုင် စိုးရိမ်ပူပန်နေခဲ့သော်လည်း ရုတ်တရက် မမြင်နိုင်သောတွန်းအားတစ်ခုက သူမကိုလှုံ့ဆော်လိုက်သကဲ့သို့ သူမက သိုးငယ်လေးကိုစားသောက်တော့မည့်ဝံပုလွေကြီးတစ်ကောင်လို သူမ၏သားကောင်လေးကိုချောင်းမြောင်းနေသည်။ သူ၏ရင်းနှီးကျွမ်းဝင်နေသောမျက်နှာပေါ်တွင် မရင်းနှီးသောအငွေ့အသက်များထင်ဟပ်နေသည်။ ရုတ်တရက်သူမသူ့ကိုလက်စားချေချင်လာသည်။
နေပါဦး ငါကဘာဖြစ်တယ်... သူ့ကိုအညံ့ခံခိုင်းစေချင်နေတာဟုတ်လား...ငါ့ရဲ့အစတုန်းကဖြူစင်မှုလေးတွေကဘယ်ရောက်သွားတာလဲ...ဒါကသူတို့ရဲ့ပထမဆုံးအနမ်းမဟုတ်ဘူးလေ မူရွှမ်ကအရင်တုန်းကသူကိုနမ်းဖူးတယ်ပြီးတော့လဲကြည့်ရတာအခုသူက သူမရဲ့လက်စားချေမှုကိုခံချင်နေပုံပဲ...
သူမဆာလောင်လာပေပြီ သူမသတ္တိရှိရှိဖြင့်ကိုယ့်ကိုကိုယ်ကျွေးမွေးပြုစုရပေမည်။ခေါင်းကိုငုံ့လိုက်ပြီးနှုတ်ခမ်းများကိုဖိကပ်လိုက်သည် နူးညံ့သိမ်မွေ့မှုကသူ့၏အေးစက်စက်နှင့်အမူအယာမဲ့လှသော မျက်နှာနှင့်လုံးဝကွဲပြားခြားနားနေလေသည်။
သူတို့ ငြိမ်သက်မနေပဲတဖြည်းဖြည်းချင်းလှုပ်ခတ်လာပြီး နူးညံ့သိမ်မွေ့သော ခံစားချက်တစ်ခုစီးဆင်းသွားသည်။
၎င်းက သူတို့နှစ်ယောက်ကြားထဲမှ ခံစားချက်များတိုးတက်လာစေဖို့ အခွင့်ကောင်းတခုကဲ့သို့ပင်။
"စစ်စစ်..."
ယောင်စစ် သူမ၏ အနမ်းကို ရပ်တန့်လိုက်တော့မည့်အချိန်၌မူရွှမ်ကသူမ၏လက်ကိုဆွဲယူလိုက်ပြီးဦးဆောင်မှုပြောင်းလဲသွားလေသည်။
သူ့ နှုတ်ခမ်းများက သူမကိုသိမ်းပိုက်သွားလေသည်။ သူ့အနမ်းက သူမလို မထိတထိမဟုတ်ပဲတကိုယ်လုံးကိုမြိုချချင်သလိုမျိုးပြင်းပြထက်သန်နေခဲ့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခံစားချက်တခုဖြစ်သော်လဲကြောက်စရာတော့မကောင်းပေ။
ယောင်စစ်၏ အသိစိတ်များလွတ်ထွက်သွားပြီးစည်းချက်ထဲမျောပါသွားမိသည်။ တစ်စုံတစ်ယောက်၏ အသက်ရှူသံများ ပြင်းပြမောဟိုက်လာပြီးနောက် သူတို့၏ခန္ဓာကိုယ်နှစ်ခုကွဲကွာသွားပြီးမှအနမ်းကအဆုံးသတ်သွားလေသည်။
သူတို့နှစ်ယောက်၏အသက်ရှူသံများကရောယှက်နေလေသည်။ မူရွှမ့်၏နီမြန်းလှသောမျက်နှာလေးကမယုံနိုင်လောက်အောင်ပင် ဆွဲဆောင်မှုရှိနေပြီးလှုံ့ဆော်သည့်ခံစားချက်တခုကချက်ချင်းအစားထိုးဝင်ရောက်လာခဲ့သည်။
"ငါတို့နောက်ထပ်မစ်ရှင်တခုပြီးအောင်ထပ်လုပ်လိုက်ကြမလား..."
ယောင်စစ်အသက်မရှူတမ်းပြောလိုက်လေသည်။ မူရွှမ်၏မျက်နှာကပိုမိုနီမြန်းလာပြန်ပြီးအသက်ရှူသံများကပြင်းထန်လာသည်။
"အင်း..."
ထို့နောက်သူတို့၏နှုတ်ခမ်းပါးများနောက်တကြိမ်ဆက်နွယ်သွားခဲ့ကြပြန်သည်။ ဤတစ်ကြိမ်၌ ခံစားချက်များ ပါပေါင်းထည့်ပါဝင်လာလေ၏။ ယောင်စစ်၏နှလုံးသားထဲ၌ မီးတောက်တစ်ခုတောက်လောင်နေသကဲ့သို့ သူမ၏လက်များကဖြေသိမ့်မှုတခုကိုလိုက်ရှာနေသလိုမျိုး နောက်ကျောဘက်ဆီသို့ တဖြေးဖြေးရွေ့လျားနေသည်။
[ဒင်...ကစားသမားများသည်စည်းမျည်းများကိုချိုးဖောက်ခဲ့ကြသည်... ကစားသမားဘိုးဘေး၃၈နှင့်မူရွှမ် 985425531 တို့၏အကောင့်နှစ်ခုလုံးကိုပိတ်ထားမည်ဖြစ်သည်...လွတ်လပ်မျှတသော ယဉ်ကျေးမှုရှိသော သဟဇာတရှိသော စည်ပင်ဝဖြိုးသော...ပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်စေရန်အတွက်ကစားသမားများသည် စကြာဝဠာ၏ဥပဒေများကိုလိုက်နာကျင့်သုံးပြီး ဂိမ်းမှချမှတ်ထားသောစည်းကမ်းများကိုလိုက်နာရမည်ဖြစ်သည်...ကျေးဇူးတင်ပါသည်...]
ကြေညာချက်နှင့်အတူ သူတို့နှစ်ယောက်စလုံးကိုဂိမ်းထဲမှထုတ်ပစ်လိုက်လေသည်။
"....." မူရွှမ်
"....." ယောင်စစ်
"....."ဆေးလုံးများဖြည့်တင်းသည့်နေရာတွင်နိုးထလာသည့်နှစ်ယောက်
"အရှင်မင်းကြီး သခင်မလေး နှစ်ယောက်စလုံး အဲ့ဒီ့မှာဘာလုပ်နေကြတာလဲ..."