🍬Chapter 90
မေပယ်လမ်းရှိဗီလာထံမှ သူတို့ထွက်ခွာလာသောအခါတွင်၊ ရွှီလော့ယန်က သူနှင့်အတူ အယ်လ်ဘန်တစ်ချပ်ကို ယူဆောင်လာခဲ့သည်။ ချီချန်အန်း၏ရှေ့မှောက် မရပ်မီအထိ၊ အိမ်ပြန်သည့်လမ်းတစ်လျှောက်၊ သူက မောပန်းကာ တုံ့ဆိုင်းနေခဲ့မိသည်။
"နျောင်နျောင်.."
ရွှီလော့ယန်က လက်ကိုနောက်ပစ်ကာ သူ့ကိုယ်ဖြင့်ကွယ်ဝှက်ထားပြီး၊ သူ့အား မျက်လုံးချင်းမဆုံရဲဖြစ်နေသည့်အတွက် ချီချန်အန်းက ပြုံးကာ "ဘာဖြစ်လို့လဲ ကိုယ့်ကို တစ်ခုခုပေးချင်လို့လား..."
အသက်ကိုခပ်ပြင်းပြင်းလေး နှစ်ကြိမ်မျှရှုသွင်းလိုက်ပြီးမှ၊ ရွှီလော့ယန်က ဘက်ထဲမှအယ်လ်ဘန်ကို ချီချန်အန်းထံလှမ်းပေးရင်း တိုးတိုးလေး ပြောပြလေသည်။
"ဒါ မင်းအတွက်"
သူ၏အကြည့်များက ချီချန်အန်းကို ကြည့်မိနေခြင်းမှ အကြည့်လွှဲကာ၊ သူက ဖြည်းဖြည်းချင်း ပြောလာ၏။
"နောက်ထပ်နည်းနည်းလောက်ကြာရင်၊ ငါ နှစ်ဆယ့်ခြောက်နှစ်ပြည့်တော့မှာ၊ ငါအသက် နှစ်ဆယ့်ငါးနှစ်မြောက်မှာ မင်းနဲ့တွေ့ဆုံခဲ့ရတယ်။ ဒီ အယ်လ်ဘန်ထဲမှာ ငါ့ရဲ့ အသက်အလိုက် ပုံတွေရှိတယ်။ မွေးကင်းစကနေ အသက် နှစ်ဆယ့်လေးနှစ်ရောက်တဲ့အထိ "
ချီချန်အန်းက ဖြည်းဖြည်းချင်း ခပ်မတ်မတ်ထိုင်လိုက်သည်။ သူ၏မျက်နှာက လေးနက်နေကာ၊ သူ့မျက်ဝန်းထဲမှအကြည့်တို့က နူးညံ့မှုများပြည့်နှက်နေပြီး လျှံကျတော့မတတ်ပင်။ သူက ကြားဖြတ်ဝင်ပြောခြင်းမျိုးမပြုဘဲ အသေအချာ နားထောင်နေ၏။
"ငါ့ရဲ့ အရာအားလုံးကို မင်းကိုပေးမယ် အရင်တုန်းကငါ၊ အခုလက်ရှိငါနဲ့ နောက်ထပ်ဖြစ်လာမယ့် ငါ့ရဲ့ပုံတွေ..."
ထိုသို့ပြောပြီးနောက်၊ ရွှီလော့ယန်က အနည်းငယ် စိတ်ပြေလျော့သွားကာ သူ့အပြုံးများက ပို၍တောက်ပလာသည်။
"မစ္စတာချီက လက်ခံပေးမယ် မဟုတ်လားဟင်"
"ကိုယ်လက်ခံပါတယ်"
လက်နှစ်ဖက်ဖြင့် အယ်လ်ဘန်ကို ယူပြီး ချီချန်အန်းက ရွှီလော့ယန်ကို ရင်ခွင်ထဲဆွဲသွင်းကာ နှုတ်ခမ်းများထက် စိတ်အားထက်သန်စွာ နမ်းရှိုက်လိုက်သည်။
"အကြိမ်တိုင်း၊ ကိုယ်မင်းကို အလုံအလောက်မချစ်ပေးနိုင်သလို ခံစားရတယ် "
မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပျော်ရွင်သွားသည့် ရွှီလော့ယန်က
"ဒါဆို မစ္စတာချီက အချိန်ယူပြီး ကြိုးစားပေါ့ ဘာပဲဖြစ်ဖြစ်၊ ငါတို မအိုမင်းသွားခင်အထိ အချိန်တွေ အများကြီးရှိနေသေးတာပဲ"
ထို့နောက် သူက နူးညံ့စွာဖြင့် "ငါလည်း ကြိုးစားမယ်လေ..." ဟု ထပ်ပေါင်းပြောလိုက်၏။
ရွှီလော့ယန်အတွက် ချီချန်အန်းပြင်ဆင်ထားသည့်လက်ဆောင်မှာ၊ သူကိုယ်တိုင်ပြုလုပ်ထားသည့် သက်ရှည်ခေါက်ဆွဲတစ်ပွဲဖြစ်သည်။ ရွှီလော့ယန်အား ညစာစားပွဲဆီသို့ ခေါ်သွားချိန်တွင် သူ့အကြည့်များက လုံး၀အာရုံစူးစိုက်လျက်ပင်။
"ကိုယ့်ရဲ့နျောင်နျောင်လေး၊ ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ချမ်းသာပြီးနေ့တိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်..."
"ကျေးဇူးပါ၊ချန်အန်း..."
သူ့အတွက် ဆွဲထုတ်ပေးလိုက်သည့် ခုံပေါ်ထိုင်ကာ တူကိုကိုင်လိုက်ချိန်တွင် ခေါက်ဆွဲများက အံ့အားသင့်လောက်အောင် အရသာရှိနေသည်ကို ရွှီလော့ယန် သိလိုက်ရသည်။ သူ့အား ပို၍ အံ့အားသင့်စေသည့်အရာမှာ၊ ခေါက်ဆွဲပန်းကန်ထဲ၌ ခေါက်ဆွဲတစ်မျိုးထဲသာရှိနေခြင်းဖြစ်ပြီး ခေါက်ဆွဲသားက ပြီးပြည့်စုံသည့် အနေအထားတွင်ရှိနေခြင်းပင်။
ပန်းကန်များဆေးသည့်အချိန်ရောက်သည့်အခါ၊ ရွှီလော့ယန်က ချီချန်အန်းကို အနောက်မှသိုင်းဖက်ထားပြီး နူးနူးညံ့ညံ့လေး ပြောလိုက်သည်။
"မင်း ဒီလောက်အရသာရှိတဲ့ ခေါက်ဆွဲကိုလုပ်ဖို့ ဘယ်လောက်တောင် လေ့ကျင့်ထားလဲဆိုတာ ပြောပြပေးလို့ ရမလားဟင်..."
ချီချန်အန်းက တိတ်ဆိတ်နေသည့်အခါ၊ ရွှီလော့ယန်က သက်ပြင်းမောကြီးချလိုက်ကာ ချီချန်အန်း၏ပခုံးထက် သူ့နဖူးလေးကို မှေးတင်လိုက်ပြီး သူရဲ့ ပြောင်မြောက်သည့် သရုပ်ဆောင်စွမ်းရည်များကို ထုတ်သုံးတော့သည်။
"အိုင်း၊ ဝမ်းနည်းစရာကောင်းလိုက်တာ...ညသန်းခေါင်တောင် မရောက်သေးတဲ့ဟာကို ငါက မွေးနေ့ရှင်လေး မဟုတ်တော့ဘူးတဲ့လား... ဒီလောက်သေးတဲ့ ဆန္ဒလေးကို တောင်မဖြည့်ပေးနိုင်တော့ဘူးလား။"
နောက်ဆုံးတော့ ချီချန်အန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောပြလိုက်ရသည်။
"ပထမဆုံး ကိုယ်တို့ reality show ရိုက်ပြီးတဲ့အချိန်တည်းက ကိုယ်စပြီး လေ့ကျင့်နေတာ တစ်ရက်ကို နှစ်ခေါက်..."
ရွီလော့ယန်က အံ့အားသင့်သွားခဲ့ရသည်။ ပထမဆုံး reality showက မေလ၊ တစ်ဆယ့်တစ်ရက်နေ့တွင်ဖြစ်ပြီး၊ ထိုအချိန်မှစ၍ ယခုအချိန်ထိဆိုလျှင် လဝက်မျှ ရှိနေပြီဖြစ်သည်။ သူ မရှိသည့်အချိန်၊ မီးဖိုချောင်ထဲတွင်ရပ်ကာ၊ ဂျုံကို စိတ်နှစ်ပြီးနယ်၍၊ ခေါက်ဆွဲများကို လုပ်နေသည့် ချီချန်အန်း၏ပုံရိပ်ကို မြင်ယောင်မိကာ ရွှီလော့ယန်၏နှလုံးသားလေးက မာ့ရှ်မယ်လိုများဖြင့် ပြည့်နှက်နေသလို ခံစားလိုက်ရသည်။ ဝင်သက်ထွက်သက်တိုင်းက ပကတိချိုမြိန်နေလွန်းပေ၏။
တစ်စုံတစ်ဦးထံမှ ဤကဲ့သို့ မြတ်နိုးခံရခြင်းက စကားလုံးများဖြင့် ရှင်းပြ၍မရနိုင်သည့် ပျော်ရွှင်မှုပင်။ သူက 'ချီချန်အန်း' ဟုခေါ်တွင်သည့် တွင်းထဲသို့ကျသွားကာ၊ ရွေးချယ်နိုင်စွမ်းမရှိ၊ ပို၍ပို၍ နက်နက်ရှိုင်းရှိုင်း နစ်မြှုပ်သွားသကဲ့သို့ပင်။
ထို့နောက်၊ နှစ်ဦးသား ဆိုဖာထက်ထိုင်ကာ တီဗီကြည့်ကြသည်။ ရှစ်နာရီထိုးသည့်အခါ၊ ရွှီလော့ယန်က ရမယ်ရှာ၍ဝရန်တာသို့ထွက်သွားကာ ဖုန်းခေါ်လေသည်။
ဖုန်းခေါ်နေရင်း ရွှီလော့ယန်က ကြမ်းပြင်မှမျက်နှာကျက်ထိမြင့်သည့် ဖန်ပြတင်းပေါ်၌ ဆိုဖာထက်တွင်ထိုင်နေသည့် ချီချန်အန်း၏ပုံရိပ်ကို ချိန်ညှိကာ အသည်းပုံလေးဆွဲလိုက်လေသည်။
ထိုအခိုက်၊ ဖုန်းတစ်ဖက်မှ "လော့ယန်.." ဟု ပြောလာသည့်အသံကို ကြားလိုက်ရသည်။
"ရှန်ရှန်"
ချီချန်အန်းက သူ့ပါးစပ်လှုပ်ရှားပုံကို မဖတ်နိုင်စေရန် ရွှီလော့ယန်က ဘေးတစ်ဖက်သို့ လှည့်လိုက်သည်။ ချောင်းဟန့်ကာ စကားပြောရန်ပြင်စဉ် ယဲ့ရှန်ရှန်က မေးလာလေသည်။
"ဘာဖြစ်လို့လဲ...မင်း အအေးမိနေတာလား..."
"ငါ မဖျားပါဘူး ငါမင်းကို အလေးအနက် မေးစရာတစ်ခုရှိတယ်" ရွှီလော့ယန်က ပြုံးလျက်ပြောလိုက်သည်။
ယဲ့ရှန်ရှန်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် အလေးအနက် ပြန်ဖြေလာခဲ့သည်။
"ပြောလေ..."
သူတို့အားလုံးက အရွယ်ရောက်ပြီးသူများဖြစ်ကြသည့်အတွက် လိင်တူဆက်ဆံရေးကိစ္စများကို ပွင့်လင်းစွာ ရင်ဆိုင်သင့်သည်ဟု ခံစားရကာ ရွှီလော့ယန်က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်လေ၏။
"မင်းရဲ့ ကုန်းယွဲ့နဲ့ မင်း ပထမဆုံးအကြိမ်တုန်းက၊ နာလားဟင်"
'မင်းရဲ့ ပထမဆုံးအကြိမ်' က ဘာကိုဆိုလိုသလဲဟု နားလည်သဘောပေါက်သွားကာ၊ ယဲ့ရှန်ရှန်က တက်တက်ကြွကြွပင် ပြန်ဖြေလာသည်။
"လုံးဝမနာဘူး အဲ့ဒါက အရမ်းသက်တောင့်သက်သာရှိတယ် အရမ်းခံစားလို့ကောင်းတာ ဒါပေမယ့် ငါ့ကောက ငါနာနေမယ်လို့ ထင်တာမို့ သူက ကြိုတင်ပြင်ဆင်တာတွေ အများကြီး လုပ်ခဲ့တာ ငါနောက် ရှာကြည့်လိုက်တော့၊ ကြည့်ရတာ ပထမဆုံးတစ်ခေါက်က များသောအားဖြင့် နာတာများတယ် အဲ့ဒါကြောင့်မို့ မင်းလည်း သေချာပြင်ဆင်ထားသင့်တယ်..."
"ငါလည်း ရှာကြည့်သေးတယ်... ဒါပေမယ့် အဲ့ဒီမှာ အကြံတွေက အများကြီးပဲ"
အိပ်ကပ်ထဲ လက်ထည့်ထားရင်း ရွှီလော့ယန်က စိတ်ရှုပ်နေလေ၏။
ယဲ့ရှန်ရှန်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က နမူနာကောင်းမဟုတ်ဘူး... သူရူးနေလို့ မေးမိတာပဲ...
သို့သော်လည်း သူက အလွန်စိတ်လှုပ်ရှားနေမိသည်။ သို့နှင့် နောက်ထပ် ဆယ်မိနစ်ခန့် ရောက်တတ်ရာရာများ ပြောပြီးမှ ဖုန်းချလိုက်လေသည်။
ဖုန်းမချခင်၊ ယဲ့ရှန်ရှန်က သူတို့က မြေအောက်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်သည်။
"ငါတို့နောက်တစ်ခါတွေ့တဲ့အခါမှ ငါကိုယ်တိုင် မင်းကို မွေးနေ့လက်ဆောင်ပေးတော့မယ် ပြီးတော့ ညသန်းခေါင်ကျရင် မင်းကို မွေးနေ့ဆုတောင်း တောင်းပေးမယ့် ပထမဆုံး ဝေးပေါ်ပို့စ်တင်တဲ့လူဖြစ်ဖို့ ငါရည်ရွယ်ထားတာ အဲ့ဒါကြောင့်မို့၊ မင်းရဲ့ ချန်အန်းကို ငါအချိန်နည်းနည်းရအောင်လို့ ဆွဲထားပေး ဟုတ်ပြီလား"
"ကောင်းပါပြီ"
ဖုန်းချပြီးသွားသည့်အခါ ရွှီလော့ယန်က ဖုန်းဖြင့် သူ့ခေါင်းသူထုလိုက်မိသည်။
သူတော့ သွားပြီ... သူ အခု ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာပြီ...
ထို စိတ်လှုပ်ရှားနေခြင်းက ညအိပ်ရာဝင်သည့်အချိန်ထိပင်။ မျက်လုံးများပိတ်ထားလျက်နှင့်ပင်၊ တစ်ဖက်မှ ချီချန်အန်းက စောင်ကိုမကာ အိပ်ရာထဲဝင်လာသည်ကို ရွှီလော့ယန်ခံစားမိနေသည်။ သူက မရဲတရဲလေးနှင့် ပြောလိုက်၏။
"အလင်းရောင်က .... တအားစူးနေတယ်... ချန်အန်း၊ မီးတွေ အရင်ပိတ်ပေးလို့ရမလားဟင်..."
ချီချန်အန်းက လိုက်လျောစွာဖြင့် မီးများကိုအရင်ပိတ်ပေးလိုက်သည်။
အမှောင်ထဲတွင်ရှိနေခြင်းက သူတို့၏အမြင်အာရုံကို ကန့်သတ်ထားသော်လည်း အခြားသော အာရုံခံနိုင်စွမ်းများက ပို၍မြင့်မားလာလေသည်။ အထူးသဖြင့်၊အလွန် စိတ်လှုပ်ရှားပြီး အထိမခံနိုင်ဖြစ်နေသည့် ရွှီလော့ယန်ပင်။ ချီချန်အန်းထံမှ အနွေးဓာတ်က နီးကပ်လာသည့်အခါ၊ သူ့လက်ချောင်းလေးများက တုန်လှုပ်သွားပြီး သူ့ကိုယ်သူ စိတ်လှုပ်ရှားမနေရန် သတိပေးလိုက်သည်။
သူ့သတ္တိများကို စုစည်း၍ ရှေ့တိုး၍နမ်းရန်ပြင်လိုက်သော်လည်း ချီချန်အန်းက သူ့ထက်ပို၍ မြန်နေခဲ့သည်။ အနမ်းဖွဖွလေးတစ်ခုက သူ့နဖူးပြင်ဖက်ကျရောက်လာပြီး ချီချန်အန်း၏ ဆွဲဆောင်နိုင်စွမ်းရှိသည့် ခပ်အုတ်အုတ်အသံက ထွက်ပေါ်လာခဲ့သည်။
"ပျော်ရွှင်စရာမွေးနေ့ပါ၊ ကိုယ့်ရဲ့ နျောင်နျောင်..."
နာရီလက်တံ သုံးခုလုံးက နံပါတ် ၁၂ ဆီသို့ ညွှန်ပြပြီးသွားပြီး နောက်တစ်စက္ကန့်သည် ဂျွန်လ၏ပထမဆုံးရက်ဖြစ်လေ၏။
သူ့လှုပ်ရှားမှုများက နှောင့်ယှက်ခံလိုက်ရသဖြင့် ရွှီလော့ယန်စုစည်းထားသည့် သတ္တိတစ်ဝက်မျှက ရုတ်ချည်းပျောက်ကွယ်သွားရကာ၊ ကျန်တစ်ဝက်သည်လည်း သူ့အား ချီချန်အန်းက စာတစ်စောင်လှမ်းပေးလာသည့်အခါတွင် ပျောက်ကွယ်သွားရပြန်သည်။
ကုတင်ဘေးရှိ မီးအိမ်ကိုမီးထွန်းလိုက်ကာ၊ ရွှီလော့ယန်၏လက်ချောင်းများက စာအိတ်ပေါ်ရေးသားထားသည့် "ကိုယ့်ရဲ့နျောင်နျောင်ဆီသို့" ဟူသည့်စာလုံးများပေါ် ပွတ်သပ်နေမိကာ၊ စာအိတ်ကို အပြန်ပြန်အလှန်လှန်စမ်းစစ်ကြည့်နေမိသည်။
သူက ချီချန်အန်းကို ကြည့်ကာ မေးလိုက်၏။
"ဘယ်.... ဘယ်အချိန်တုန်းက ရေးလိုက်တာလဲ ငါတို့ တစ်ချိန်လုံး အတူတူရှိနေတဲ့ဟာကို။"
"မင်းရေချိုးနေတုန်းကလေ"
"ရေချိုး" ဟူသော စကားလုံးများဖြင့် လှုံ့ဆော်ခံလိုက်ရသဖြင့် ရွှီလော့ယန်၏နားရွက်များက ပူလောင်လာပြန်သည်။ သူက စာအိတ်ကို အိပ်ယာဘေးရှိစားပွဲလေးပေါ်တင်လိုက်ကာ မသိလိုက်ပါဘဲ သူ့လေသံက တိုးလျသွားရသည်။
"ငါ... ငါမနက်ဖြန်မှ ဖတ်လိုက်မယ်"
သူက ချီချန်အန်းကို ပြန်ကြည့်ကာ "မင်း..." ဟုသာ ပြောပြီး စကားစရပ်သွားရသည်။
ထို့နောက်၊ သူက မီးကိုလှမ်းပိတ်ကာ ဆက်ပြောလိုက်သည်။
" ငါ့ကိုယ်မှာ တစ်ခုခုပြောင်းလဲနေတာရှိလားလို့ မင်းစမ်းကြည့်ကြည့်ပါလား"
ထိုသို့ဆိုကာ၊ ချီချန်အန်း၏လက်ကို ဆွဲယူ၍ သူ၏အဝတ်အောက်သို့ထည့်လိုက်ကာ၊ သူ့အဝလေး၏ဘေးနားဆီသို့ လက်ကိုတင်ပေးလိုက်ပြီး နူးညံ့စွာပြောလာသည်။
"မင်း ..... စမ်းကြည့်"
ဒိန်းခနဲ ရင်ခုန်သွားရကာ၊ ချီချန်အန်း၏လက်များက ခေတ္တမျှတန့်သွားပြီးမှ အနည်းငယ်ရွေ့လျားလိုက်ပြီး စိုစွတ်၊နွေးထွေး၍နူးညံ့သော နေရာလေးကို ထိတွေ့လိုက်မိသည်။ သူက ထိုထက်ပိုပြီး ဆက်မရွေ့ရဲတော့ပေ။
သူ့လက်များကို အဝလေး၏ဘေးနားတွင်သာ ထားရှိကာ "နျောင်နျောင်.."
သူတို့နှစ်ဦးက အင်မတန်နီးကပ်နေသဖြင့် မီးကဲ့သို့ အပူနှုန်းမြင့်တက်လာသည့် ချီချန်အန်း၏ကိုယ်အပူချိန်ကို ရွှီလော့ယန် အတိုင်းသားခံစားမိနေသည်။ သူ့ကိုပါ တစ်ခါတည်း လောင်ကျွမ်းစေတော့မတတ်ပင်။
သူ့ကို နူးညံ့စွာခေါ်လိုက်သည့်အတွက် သူ့အသံများကပင် တုန်ယင်နေသည်။
"မင်း ခံစားမိလား..."
"ခံစားမိတယ်..."
ပြောပြောဆိုဆိုဖြင့်၊ ချီချန်အန်း၏လက်ညှိုးတစ်ချောင်းက အဝလေး၏ဘေးကို အသာဖိလိုက်လေသည်။ ရွှီလော့ယန် တစ်ကိုယ်လုံး ကွေးတက်သွားရကာ၊ တိရစ္ဆာန်ငယ်လေးတစ်ကောင်ကဲ့သို့ ချီချန်အန်း၏ရင်ခွင်ထဲ တိုးကပ်သွားရကာ၊ အော်ညည်းသံမထွက်လာစေရန် သူ့ရဲ့ ကော်လာကို ကိုက်လိုက်ရသည်။
ဤကဲ့သို့အပြုအမူကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဖြစ်ရပ်များကို သူလုံးဝလျှော့တွက်ထားမိမှန်း နားလည်သွားရသည်။ နောက်ဆုံးတော့လည်း၊ သူက တစ်ကယ်ကြီး ပေါက်ကွဲတော့မတတ်ပင် ခံစားလိုက်ရ၏။
အမှောင်ထဲတွင်၊ လောင်ကျွမ်းနေသည့် အသက်ရှုသံများမှအပ၊ မည်သူ့ဆီကမှ စကားသံထွက်မလာပေ။ မိနစ်နှစ်ဆယ်ခန့်ကြာပြီးသည့်အခါ၊ သူ့မေးစေ့ပေါ်သို့ ချွေးတစ်စက်စီးကျလာသည်ကို ရွှီလော့ယန် ခံစားရသည်။ ခြောက်သွေ့နေသည့် သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ကာ၊ သူက ခပ်ဖွဖွညည်းညူးသံလေးတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"ချန်အန်း...."
ချီချန်အန်း၏ အသက်ရှုသံပြင်းလာကာ၊ ရွှီလော့ယန်၏ နှုတ်ခမ်းထက် သူ့နှုတ်ခမ်းများဖြင့် ဖိကပ်လိုက်ပြီး "ကိုယ်ဝင်လို့မရဘူး မင်းနာလိမ့်မယ်... နျောင်နျောင်၊ နောက်တစ်ခေါက်မှ လုပ်ကြတာပေါ့၊ ဟုတ်ပြီလား..."
ရွှီလော့ယန်သည်လည်း ချွေးများဖြင့် ရွဲနစ်နေလေပြီ။
လက်ကိုမြှောက်ကာ၊ ချီချန်အန်း၏လည်တိုင်တွင် ပတ်ရစ်လိုက်ပြီး သူ့အသက်ရှုသံကိုနားဆင်ရင်း "ဒါဆိုလည်း၊ ရေချိုးခန်းကို သွားရအောင်" ဟု တိုးတိုးလေး ပြောလိုက်သည်။
တစ်နာရီနီးပါးမျှကြာပြီးသည့်အခါ၊ ရေချိုးခန်းထဲမှ သူတို့နှစ်ယောက် ထွက်လာကြသည်။ ရွှီလော့ယန်က ကုတင်ပေါ်ပစ်လဲကျသွားပြီး မလှုပ်ချင်တော့ပေ။ အနည်းငယ်စိတ်မကြည်လည်း ဖြစ်နေလေ၏။ သူက နျူကလီးယားရေငုတ်သင်္ဘောကို မောင်းနိုင်မည်ဟု ထင်မှတ်ထားသော်လည်း လက်တွေ့တွင် လက်ဖြင့်တွန်းရသောလှည်းကိုသာ ရွေ့နိုင်သောကြောင့်လည်း ဖြစ်နိုင်လေသည်။
ချီချန်အန်းက သူ့ဘေးနားဝင်လှဲလိုက်သည့်အခါ၊ ရွှီလော့ယန်က ကြားလေမသွေးအောင်အနားသို့ပူးကပ်တိုးဝှေ့သွားကာ၊ မိုက်ခရိုဖုန်းကိုကိုင်ထားသကဲ့သို့ လက်သီးဆုပ်လိုက်ပြီး မေးလေသည်။
"မစ္စတာချီကို မေးလို့ရမလား ဒီလောက်ထိကြီးအောင် ဘာတွေများစားလဲလို့..."
သူ့ကိုယ်သူ ကြိုတင်ပြင်ဆင်ပြီး ဖြေလျော့ထားခဲ့ပေမယ့်၊ သူက နျူကလီးယားရေငုတ်သင်္ဘောပေါ် အောင်အောင်မြင်မြင် မတက်နိုင်ခဲ့ပေ။ သူက စိတ်တိုရလွန်းလို့ မျက်နှာပင်ပျက်လုမတတ်ပင်။
ချီချန်အန်းက သူ့ကို ရင်ခွင်ထဲဆွဲသွင်းကာ၊ သူ့ဝတ်ရုံအောက် လက်ကိုလျှောဝင်လာပြီး၊ သူ့နောက်ကျောကို ဖြည်းဖြည်းချင်း၊ ညင်သာစွာပွတ်ပေးလေသည်။ သူ့အသံမှတဆင့် သူပြုံးနေမှန်း သိနိုင်လေ၏။
"ကောင်းကင်နဲ့မြေကြီးရဲ့ အနှစ်သာရတွေနဲ့ ကိုယ်ကျင့်ကြံထားတာကြောင့် ဖြစ်မှာပေါ့"
ရှုံနိမ့်သွားသည်ဟု ခံစားရကာ၊ ရွှီလော့ယန်က အလေးအနက်ထား၍ ပြန်လည်ဆင်ခြင်လိုက်သည်။
"ငါတို့ နည်းလမ်းက မှားနေတာရော ဖြစ်မိုင်မလား..."
ထို့နောက် သူ့သံသယကိုသူ ချက်ချင်း ပြန်၍ငြင်းဆိုချက်ထုတ်တော့သည်။
"နည်းလမ်းကတော့ မှန်လိမ့်မယ်... အဓိကက မော်ဒယ်နဲ့ မကိုက်တာပဲ..."
ခေါင်းကိုစောင်းကာ၊ သူက ချီချန်အန်း၏မေးစပ်ကို နမ်းလိုက်သည်။
နမ်းပြီးနောက်၊ "အရင်တုန်းက၊ ဒီလိုလုပ်ဖို့ရော၊ တွေးဖူးလား..." ဟု မေးလိုက်သည်။
လွန်ခဲ့သည့် တစ်နာရီ၊နှစ်နာရီလောက်က၊ သူနှင့်ချီချန်အန်းတို့မှာ မီးတောင်နှစ်ခုထိပ်တိုက်ဆုံမိ၍၊ ချော်ရည်အချင်းချင်းပေါင်းစပ်သွားသကဲ့သို့ ခံစားရသည်။ သို့သော်၊ ဤအချိန်မတိုင်မှီက၊ ချီချန်အန်း၏အခြေအနေက ထိုသို့လုပ်ရန်အခွင့်မပေးဟု သူကယူဆခဲ့ပြီး၊ အချိန်အကြာကြီး စိုးရိမ်နေခဲ့ရသည်။
"တွေးဖူးတယ် ကိုယ်အမြဲလိုချင်နေခဲ့တယ်ဆိုပေမယ့်၊ မင်းကိုနာကျင်စေမှာကို ကိုယ်ပိုပြီးစိုးရိမ်တယ်..."
သူ့နှလုံးသားထဲတွင် နူးညံ့သည့်နွေးထွေးမှုတစ်ခုကိုခံစားလိုက်ရကာ၊ ရွှီလော့ယန်က ပြုံးမိသွားသည်။
"အတန်းဖော်ချီ မစိုးရိမ်ပါနဲ့...နောက်တစ်ခေါက်ကျ ငါတို့ လေ့လာသင်ယူပြီးအတူတူ တိုးတက်အောင် လုပ်ကြတာပေါ့..."
__
[ ပြိုင်ကားတော့မဟုတ်ဘူးနော် 🌚 ]
Translated By IQ-Team.