အပိုင်း ၈၉
Viewers 6k

🍬Chapter 89



ကောင်းကင်ကတစ်ဖြည်းဖြည်း မှောင်ရိပ်သန်းလာပြီး တောအုပ်တစ်ခုလုံးကလည်း တိတ်ဆိတ်နေချေသည်။


အနီးတဝိုက်လေပြင်းတွေတိုက်ခက်နေပြီး မီးပုံထဲကတောက်လောင်သံ တရှဲရှဲကိုပင်ကြားနေရသောကြောင့် ကျန်းလျို့က သူ့လက်တွေကိုပွတ်သက်လိုက်ရင်း


 "ဘာလို့ပိုအေးလာသလိုခံစားနေရတာလဲ၊ တစ္ဆေပုံံပြင်တွေပြောတဲ့အချိန် အဆိုးမြင်စိတ်တွေများလာတယ်လို့ပြောတာကို ကြားဖူးတယ်၊ ပြီးတော့ပတ်ဝန်းကျင်က သရဲတစ္ဆေတွေလည်း နားထောင်ဖို့ လာတက်ကြတယ်တဲ့"


ရွှီလော့ယန်ကပိုပြီး ကြောက်ရွံ့လာသည်နှင့်အမျှ သူ့ရဲ့သူငယ်အိမ်ကလည်းပိုကျယ်လာပြီး သူ့ရဲ့ခန္ဓာကိုယ်ကမူ ချီချန်အန်းဘက်ကိုပိုပြီး ယိမ်းယိုင်လာသည်။


"အဲ့ဒါဆို ငါ့တို့နားမှာလည်း တစ္ဆေတစ်ကောင်ထိုင်နေပြီး ငါ့တို့ပြောနေတာကိုနားထောင်ဖို့ အသင့်ဖြစ်နေလောက်ပြီ"


ဟု ချင်းရှောင်ရန်ကအပြုံးတစ်ပွင့်နှင့်ပြောလိုက်ပြီး စကားဆက်လိုက်သည်။


"အခုဘယ်သူအရင်စပြောမလဲ"


ကျန်းလျို့က သူ့လက်ကို မြှောက်လိုက်ပြီး 


"ကျွန်တော်အရင်စပြောမယ်၊ဒါပေမယ့် အခုကျွန်တော်ပြောပြမှာက တစ္ဆေပုံပြင် မဟုတ်ပေမယ့် ရုပ်ရှင်အဖွဲ့သားတစ်ယောက် ဆီမှာဖြစ်ပျက်ခဲ့တဲ့ တစ်ကယ့်ဖြစ်ရပ်မှန်တစ်ခုပဲ"


ကျန်တဲ့လူငါးယောက်စလုံးက သူ့ကိုကြည့်နေတာကို သိလိုက်ရတော့ သူကလည်ချောင်းကိုရှင်းလိုက်ပြီး


"အားလုံးသိတဲ့အတိုင်း ရုပ်ရှင်အဖွဲ့သားတွေက သဘာဝလွန်ဖြစ်ရပ်တွေကြုံတွေဖို့အတွက် မကြာခဏပစ်မှတ်ထားခံရတယ်၊ အထူးသဖြင့် ဝေးလံခေါင်သီတဲ့နေရာဒေသတွေ ကိုသွားရတဲ့အချိန်မှာ ပိုပြီးတောင်ကြုံတွေ့ရတက်သေးတယ်"


ရွှီလော့ယန်က ချီချန်အန်းရဲ့ အင်္ကျီကို တင်းတင်းကျပ်ကျပ်ဆုပ််ကိုင်ထားပြီး ကြောက်ရွံ့မှုနဲ့ သိချင်စိတ် ရဲ့ကြားထဲမှာ သူ့ရဲ့စိတ်ပိုင်း ဆိုင်ရာက ပြိုကွဲသွားတော့မလိုခံစားလိုက်ရသည်။


ကျန်းလျို့က ရပ်လိုက်တာကိုမြင်တော့သူက မထိန်နိုင်ဘဲ မေးလိုက်မိ၏။


 "ပြီးတော့ရော"


"အဲ့ဒီတုန်းကအဖွဲ့ထဲမှာ တစ္ဆေတစ်ကောင်မွေးထားတဲ့ ဇာတ်ပို့မင်းသမီးတစ်ယောက်ရှိတယ်၊အဲ့ဒီတော့ သူမက အဲ့ဒီလိုအရာတွေကိုဆွဲဆောင်ဖို့ပိုလွယ်နေတယ်လေ တစ်ညမှာတော့ ကျွန်တော်အိပ်ပျော်နေတဲ့အချိန်မှာ စင်္ကြန်လမ်းဘက်ကနေ ဒေါက်မြင့်ဖိနပ်သံ -ဒေါက် ဒေါက် ဒေါက် ဒေါက်-ဆိုတာကို ကြားနေရတယ်လေ တစ်ခါတစ်လေအသံက ကျယ်လာပြီး တစ်ခါတစ်လေကျတော့လည်း အရမ်းတိုးနေပြန်ရော၊ အဲ့ဒါကလုံးဝမတည်ငြိမ်နေဘူး၊ အဲ့ဒီအချိန်မှာကျွန်တော်လည်းအရမ်းသိချင်စိတ်ဖြစ်မိတာနဲ့ တံခါးကိုလှပ်ပြီး စင်္ကြံန်လမ်းဘက်ကိုကြည့်လိုက်တယ်၊ အဲ့ဒီအချိန်မှာကျွန်တော်ဘာမြင်ခဲ့တယ်ထင်လဲ"


ရွှီလော့ယန်ရဲ့ နှလုံးသားက သည်းထိတ်ရင်ဖိုဖြစ်နေပြီး "သူမမွေးထားတဲ့ တစ္ဆေလေးက သူမကို စွဲကပ်နေတာလား"


ချင်းရှောင်ရန်ရဲ့ အတွေးကလည်း ရွှီလော့ယန်နှင့်တူညီနေ၏။


"သူမက တစ္ဆေလေး ဒါမှမဟုတ် တခြားတစ္ဆေတွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာလား၊ပြီးတော့ သူ့မျက်နှာက သွေးတွေနဲ့ ဖုံးလွှမ်းနေတာမျိုးလား"


ကျန်းလျို့က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး "တံခါးဖွင့်လိုက်တာနဲ့ ........" သူက ငါးစက္ကန့်လောက်ရပ်လိုက်ပြီး "သူမအရက်မူးနေတာတွေ့လိုက်ရတယ်!"


ရွှီလော့ယန်က သက်ပြင်းတစ်ချက်ချလိုက်မိပြီး တစ်ချိန်တည်းမှာပင် အလွန်ဒေါသထွက်သွားရကာ 


"ငါတို့ကိုလှည့်စားရတာ အရမ်းပျော်စရာကောင်းနေလား"


ကျန်းလျို့က ပြင်းပြင်းထန်ထန်ရယ်မောရင်း ပေါင်ကိုတဖျက်ဖျက်ရိုက်ကာ


 "ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ကျွန်တော်အရမ်းကြောက်နေခဲ့တာ၊ ကောင်းပြီ လာလာ ကျွန်တော်တို့အသားစားကြရအောင်"


ချင်းရှောင်ရန်နှင့် စုန့်ယောင်တို့ရဲ့အလှည့်မှာတော့ ကြီးကျယ်ခန်းနားတဲ့ အဆုံးသတ်လေးရရှိစေဖို့အတွက် တစ်ကယ်ကိုကြောက်စရာကောင်းတဲ့ သရဲဇာတ်လမ်း နှစ်ပုဒ်ကိုဝေမျှခဲ့လေသည်။စကားပြောရတာမကြိုက်တဲ့ ကွမ်းရှန်းတောင်မှပင် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို တင်းမာတဲ့မျက်နှာထားကြီးနှင့် ပြောပြလိုက်သေးသည်။ထို့ကြောင့် သူတို့ခြောက်ယောက်လူစုခွဲပြီးသည့်နောက်မှာ ရွှီလော့ယန်ကမီးဖိုထားတဲ့အနားကနေထွက်မသွားရဲတော့သလို သွေးသံရဲရဲနှင့် အမှောင်ထဲမှာလွင့်မျောနေတဲ့ မျက်လုံးတစ်စုံက သူ့ကိုငေးစိုက်ကြည့်နေသလိုခံစားနေရသည်။


သူ့အနောက်ကိုလိုက်ရတဲ့ကင်မရာသမား ကျန်းရှင်းက ရွှီလော့ယန်အမှတ်တကယ်ကြီးကြောက်လန့်နေတာကိုမြင်တော့


"လော့ယန်မင်းဘာလို့မစ္စတာချီနဲ့ ကပ်မနေတာလဲ"


ထိုမေးခွန်းကို ရင်ဆိုင်လိုက်ရသည့် ရွှီလော့ယန်က


"မလိုပါဘူး ကောင်းတာက ဆိုးတာကို အောင်နိုင်လိမ့်မယ်လို့ယုံကြည်တယ်၊ ကျွန်တော်အပေါ်မှာလည်း ကောင်းတဲ့လေထုကလွှမ်းခြုံထားတာ အဲ့ဒီတော့ ဘာပြဿနာမှရှိလာမှာမဟုတ်ဘူး"


အနောက်က ကင်မရာသမားမလိုက်နိုင်တော့သည့် တဲအတွင်းကိုရောက်တဲ့အချိန်မှာ ရွှီးလော့ယန်က မီးဖွင့်လိုက်ပြီးသူ့ရဲ့ sleeping bagကိုနေရာချလိုက်ပြီးနောက် တဲထိပ်မှာတပ်ထားတဲ့ကင်မရာငယ်လေးစီလက်‌ေဝှ့ယမ်းပြလိုက်ပြီး


 "အိမ်မပျော်တဲ့ညတစ်ညကတော့စပါတော့မယ်၊ငါအခုအိပ်ဖို့ပြင်နေပြီဆိုတော့ ကင်မရာပိတ်လိုက်ပြီနော်၊ မနက်ဖြန်မှတွေ့ကြမယ်"


သူ့ရဲ့ sleeping bag ထဲမှာလဲလျောင်းနေရင်း ရွှီးလော့ယန် မျက်လုံးကျယ်ကြီးဖြင့် တဲရဲ့မျက်နှာကျက်ကိုငေးကြည့်နေကာ ကိုယ့်ကိုယ်ကိုယ်တင်းတင်းကျပ်ကျပ် ဖက်ထားနေမိသည်။


ဝန်ထမ်းတွေ ရိုက်ကူးရေးနေရာကနေ ထွက်သွားကျတဲ့နောက်မှာနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တဲတစ်ခုစီက အကွာအဝေးတစ်ခုခြားထားပြီး ကြားထဲမှာအလင်းရောက်ဖျော့ဖျော့သာ လင်းနေပေသည်။


ရွှီလော့ယန်က အမှောင်ထဲကနေဘေးဘက်ကတဲဆီတိတ်တဆိတ်ခိုးဝင်လိုက်ပြီး 


"ကမ္ဘာပေါ်မှာ ဘယ်သူကဥာဏ်အကောင်းဆုံးလို့ မင်းထင်လဲ"ဆိုတဲ့ ကုဒ်ကိုပြောလိုက်သည်။


"နျောင်နျောင်"


တုံ့ပြန်သံကိုကြားပြီးတဲ့နောက် ရွှီလော့ယန်က တဲထဲကို လျင်မြန်စွာ ဝင်သွားလိုက်ရာ ဘယ်ဘက်ခြေထောက်ကို ကွေးကာ စာအုပ်တစ်အုပ်ကိုင်ရင်း အေးအေးဆေးဆေး ထိုင်နေတဲ့ချီချန်အန်းကို တွေ့လိုက်ရသည်။


တဲ၏မျက်နှာကျက်ပေါ်မှာရှိတဲ့ ကင်မရာကို ပိတ်ထားကြောင်း သေချာစေလိုက်ပြီးနောက် ရွှီလော့ယန်ကသူ့အနားကိုကပ်သွားလိုက်ပြီး စာမျက်နှာနှစ်မျက်နှာခန့်ဖတ်ကြည့်လိုက်သည်။သို့ပေမယ့် စာအုပ်က အင်္ဂလိပ်လိုရေးထားပြီး ငွေးကြေးစီမံခွဲဝေမှုအကြောင်းရေးထားတာကြောင့် ယင်းက သူ့ခေါင်းကို ချာချာလည်သွားစေသဖြင့် သူစာအတူတူဖတ်မဲ့အတွေးကိုစွန့်လွှတ်လိုက်သည်။


ထို့နောက် သူ့ခေါင်းကို ချီချန်အန်းရဲ့ပုခုံးပေါ်မှီလိုက်ပြီး 


"ငါကြောက်နေလို့ မလာဘဲမနေနိုင်တော့ဘူး"


ချီချန်အန်းက သူ့ကိုပြုံးကြည့်လိုက်ပြီး "အင်း ကိုယ်သိပါတယ်"


"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ငါအခုတွေးနေတာ ငါ့မှာချစ်သူကောင်လေးရှိနေတဲ့အတွက် ငါသူနဲ့ပဲအိပ်သင့်တယ်လို့ထင်တယ်၊ မင်းလဲအဲ့ဒါကို သဘောတူတယ်မလား"


" ဟုတ်တာပေါ့"


သူကကျေနပ်သွားပြီး ချီချန်အန်းစာအုပ်ဖတ်နေတာကိုမနှောက်ယှက်လိုတာကြောင့် ဖုန်းအသံကိုအတိုးဆုံးထိလျော့ချလိုက်ပြီး ဂိမ်းအသေးလေးတစ်ခုကိုစပြီး ကစားနေလိုက်သည်။သို့ပေမယ့် သိပ်မကြာခင်မှာဘဲ သူ့ခန္ဓာကိုယ်က ပျော့ခွေလာပြီး သူမသိလိုက်ခင်မှာပဲ ချီချန်အန်းရဲ့ပေါင်ပေါ်မှာ လှဲပြီးသားဖြစ်နေခဲ့သည်။


ရွှီးလော့ယန် ဂိမ်းမကစားတော့တာကိုမြင်သည့်အခါ ချီချန်အန်းက"ဘာဖြစ်လို့လဲ"ဟု ဂရုတစ်စိုက်မေးလိုက်သည်။


ရွှီလော့ယန်ကသူ့ကိုပြုံးကြည့်နေမိပြီး "ငါမင်းနဲ့ရှိနေတဲ့အချိန်ဆိုရင် ဘာကိုမှမကြောက်တော့သလိုခံစားရတယ်"


သူကထထိုင်လိုက်ပြီး ချီချန်အန်းရဲ့ဖျော့တော့နေတဲ့နှုတ်ခမ်းပါးလေးထက်အနမ်းချွေလိုက်ပြီး 


"မင်းနဲ့တွေ့ခွင့်ရလို့အရမ်းဝမ်းသာတာပဲ ငါ့ရဲ့နတ်ဆိုးလေး"


နောက်နေ့မနက်မှာ အပြင်ဘက်ကဖရိုဖရဲဖြစ်နေတဲ့အသံတွေကြောင့် ရွှီလော့ယန်နိုးလာသည်။သူက sleeping bagထဲမှ ထထိုင်လိုက်မှသာ ချီချန်အန်းကတဲထဲမှာ မရှိတော့တာကိုသိလိုက်ရသည်။


သို့ပေမယ့် "ကိုယ်ခဏလောက်ရေသွားယူလိုက်ဦးမယ်၊ ၁၅မိနစ်အတွင်းပြန်လာခဲ့မယ်နော်" ဆိုတဲ့စာတိုလေးကိုတော့သူ့ဘေးမှာတွေ့လိုက်ရသည်။


သူ့မျက်လုံးများကိုပွတ်သပ်လိုက်ရင်း ရွှီလော့ယန်ကအစောတုန်းက ချီချန်အန်းကသူ့ကိုနမ်းပြီး တစ်ခုခုပြောခဲ့တာကိုဝိုးတိုးဝါးတာမှတ်မိလိုက်သည်။


သူ့လက်ထဲမှာ noteစာရွက်လေးကိုဆုက်ကိုင်ထားရင်း ချောင်းနားထောင်လိုက်ရာ လော့ယန်ကအပြင်ဘက်ကနေ စိုးရိမ်တကြီးဖြင့် မေးနေသည့် "သူတစ်ကယ်ပျောက်သွားပြီ"ဆိုတဲ့အသံကိုကြားလိုက်ရသည်။


ချီချန်အန်းကိုတွေးမိရင်း ရွှီလော့ယန်နှလုံးသားထဲမှာ တင်းကျပ်သွားရကာ sleeping bag ထဲမှအလျင်စလိုထွက်လိုက်ပြီး တဲအပြင်ကိုခေါင်းထွက်လိုက်ကာ "ဘယ်သူပျောက်သွားတာလဲ" ဟု အလောတကြီးမေးလိုက်၏။


ထိုအချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည် ။ အဆုံးတွင် ဒါရိုက်တာဝမ်က "မင်းလေ" လို့ ဦးစွာပြောလာလေသည်။


"ဟင်" 


ရွှီလော့ယန်က စိတ်ရှုပ်ထွေးစွာဖြင့် သူ့ခြေထောက်တွေကိုငုံ့ကြည့်မိပြီး ပြန်မော့လာကာ "ငါ့ကိုမမြင်ကြဘူးလား"


ကျန်းလျို့ "ကင်မရာမန်းတွေက တစ်ယောက်ပြီးတစ်ယောက်နှိုးနေပေမဲ့ ကောကနိူးမလာတော့ ကျန်းရှင်းကောက ကောရဲ့တဲအမိုးကိုလှပ်လိုက်တော့ အထဲမှာဘယ်သူမှရှိမနေဘူးလေ ပြီးတော့ ကောရဲ့ ဖုန်းကိုဆက်ကြည့်တော့လည်းစက်ပိတ်ထားသေးတယ် အဲ့တော့သူလန့်သွားတာပေါ့" ဟုစကားအနည်းငယ်ဖြင့်ရှင်းပြလိုက်သည်။


ပြောနေရင်းဖြင့် သူ့ရဲ့နောက်ဆုံးစာကြောင်းကိုတော့ ကျယ်လောင်စွာမပြောဘဲတိုးညင်းစွာနှင့် "ကော ချီချန်အန်းရဲ့ တဲထဲမှာရှိနေမယ်လို့ ဘယ်သူကထင်မှာလဲ"


ရုတ်တရက် ထိတ်လန့်သွားပြီး တဲထဲကို အမြန်ပြန်ဆုတ်သွားတဲ့ ရွှီလော့ယန်ကို ကြည့်လိုက်ပြီးနောက် ဒါရိုက်တာဝမ်က ထုတ်လွှင့်ပြီးသွားရင် ယင်းနှင့်ပတ်သတ်တဲ့ ဆွေးမှုးနွေးမှုတွေ ထပ်ပြီး တိုးလာမယ်ဆိုတာကို ကြိုသိနေလေသည်။ သေချာပေါက် ရွှီးလော့ယန်နှင့် ချီချန်အန်းရဲ့ အခန်းတွေအားလုံးက တည်းဖြတ်စရာမလိုအောင်ပင်ရှယ်မိုက်လွန်းနေပေ၏။



ဒါရိုက်တာဝမ်ရဲ့ခန့်မှန်းချက်အတိုင်းပင် အမှန်တစ််ကယ်ဖြစ်လာလေသည်။အစီအစဥ် ဒုတိယပိုင်းရဲ့ ပထမတစ်ဖြတ်ကို ၃၀ရက်နေ့ညနေမှာ ပြသခဲ့ပြီး ယင်းက ပရိတ်သတ်တွေရဲ့အာရုံကိုမဆွဲဆောင်နိုင်ခဲ့ချေ။ဒုတိယတစ်ဖြတ်ထုတ်လွင့်ချိန်မှာတော့ "ကွမ်းရှန်းရဲ့ ရှုံးနိမ့်မှု" နှင့် "ချီချန်အန်းရဲ့ မြှားပစ်စွမ်းရည်"ဆိုတဲ့နှစ်ခုကချက်ချင်းပဲ hot topicဖြစ်လာခဲ့သည်။ထို့နောက် ရွှီလော့ယန်ရဲ့ခေါင်းလေးတဲထဲကထွက်လာချိန်မှာတော့ ဖိုရမ်တစ်ခုလုံး ပေါက်ကွဲထွက်မသွားခင် ခေတ္တငြိမ်ကျသွားလေသည်။


"-ငါစခရင်ရှော့ရိုက်ထားပြီးပြီ၊ ငါတို့မှာနောက်ထပ် emoticon တစ်ခုရှိလာပြီ // :-) ဒီလိုပုံစံလေးကိုမှ တဲထဲကခေါင်းထွက်ကြည့်နေတာကိုပြောတာပါနော်// ရွှီလော့ယန်က အရမ်းချစ်ဖို့ကောင်းတာပဲ၊ငါအော်နေမိပြီ"


"O!O!O!O! OMG! သူတို့မနေ့ညကပူးကပ်နေပြီးတော့ နောက်ထက်ထပ်ပြီးတော့ပူးကပ်နေသေးတယ်ပေါ့ ရွှီလော့ယန်က ချီချန်အန်းကို ကပ်တွယ်နေပြီးတော့ ချီချန်အန်းကလည်း အတူတူပဲဆိုတာကို ငါမယုံနိုင်သေးဘူး"


"အဲ့ဒီတော့ မစ္စတာချီက မနက်စောစောထပြီး တဲထဲမှာအိပ်နေတုန်းဖြစ်တဲ့ ရွှီလော့ယန်မျက်နှာသစ်ဖို့အတွက် ရေသွားခပ်ပေးတယ်ပေါ့...အား...အား...အား မစ္စတာချီရဲ့ ရေသွားယူနေတဲ့ပုံကတောင်အရမ်းချောတာပဲ ရေစက်ချ! ရေစက်ချ! ငါတော့သွားပြီ၊ သူတို့ရဲ့ ချိုမြန်မှူတွေမှာပဲ မျှော်လင့်ချက်မရှိတော့လောက်အောင်ကိုစွဲလမ်းသွားပြီ"


"ငါတော့နှခေါင်းသွေးလျှံနေပြီ၊ အတူတူအိပ်တယ်ပေါ့...တကယ်ကြီးအတူတူအိပ်ကြတယ်ပေါ့...ကုချန်...အားအားအား!!!"


ထိုအချိန်မှာ ရွှီလော့ယန်က မွေးနေ့ပါတီကျင်းပနေတာဖြစ်ပြီးအခမ်းအနားပြီးလို့ သူစင်ပေါ်ကဆင်းလာတဲ့အချိန်မှာ ကျန်းသုန့်က black coffee တစ်ခွက်ကိုကိုင်ထားရင်း လုတိနှင့်စကားပြောနေတာကိုတွေ့လိုက်ရသည်။


"တိဇီမင်းရဲ့ရွှီကောကို စခရင်ရှော့တွေ ပြလိုက်ပါဦး"


လုတိ ဆီကနေ တက်ဘလက်ကိုယူလိုက်ပြီး ရွှီလော့ယန်တစ်ယောက် စခရင်ရှော့တွေကို ကြည့်ပြီးနောက် ကျန်းသုန့်က "မင်းဘယ်လိုထင်လဲ" ဟုမေးလာလေသည်။


ရွှီလော့ယန်က အနည်းငယ်ရှက်သွားပြီး


 "အဲ့ဒီတုန်းက ချီချန်အန်းပျောက်သွားတယ်လို့ထင်လိုက်ပြီး စိတ်ပူသွားတာ ဒီလိုမျိုးဖော်ထုတ်မိလိုက်ဖို့ မရည်ရွယ်ပါဘူး"


ကျန်းသုန့်ကသက်ပြင်းချလိုက်ပြီး


"မင်းရဲ့ ကိုယ့် pravicy ကိုယ်ချိုးဖောက်တဲ့ စွမ်းရည်ကတော့အထင်ကြီးစရာပဲ၊တစ်ကယ်အမှတ်ပြည့်ပေးရင်တောင်အဲ့ဒါက များတယ်လို့ပြောလို့မရဘူး"


ရွှီလော့ယန်က သူ့ခေါင်းကိုကုတ်လိုက်ပြီး


" ဟား ကျန်းကောက ကျွန်တော်ကိုအရမ်းမြှောက်တာပဲဗျာ"


"ငါမင်းရဲ့အချိန်ဇယားကိုညှိထားပေးပြီးပြီ မနက်ဖြန်နေ့လည်ပိုင်းနဲ့ ဇွန်လတစ်ရက်နေ့အတွက်အချိန်အားအောင်ရှင်းပေးထားပြီးပြီ အဲ့ဒီရက်တွေအတွက် မင်းကြိုက်သလိုအစီအစဥ်ချလို့ရတယ်"


ကျန်းသုန့်က ကော်ဖီခွက်ကို စားပွဲခုံပေါ်တင်လိုက်ပြီး


 "မင်းနဲ့ချီချန်အန်းတို့ ဘယ်သွားသွား၊ဘာလုပ်လုပ် ကိစ္စမရှိဘူး၊အဓိကက ပါပါရာဇီတွေဖမ်းတာမခံရစေနဲ့"


ရွှီလော့ယန်က လေးလေးနက်နက် ခေါင်းညိတ်ပြတာကို မြင်တော့ ကျန်းသုန့်က နောက်ဆုံးမှာ ပြုံးလိုက်ပြီး "လော့ယန် မွေးနေ့မှာ ပျော်ရွှင်ပါစေ" 


နောက်တစ်နေ့မွန်းလွဲပိုင်းမှာ ရွှီးလော့ယန်က သူ့ရဲ့ weibo မှာဆယ်လ်ဖီတစ်ပုံကို "ငါ့ရဲ့အသက်က ၂၅နှစ်ကို ပြောင်းလဲတော့မယ်" ဆိုတဲ့စာနှင့်အတူတူ အပ်ဒိတ်လုပ်လိုက်သည်။တစ်မိနစ်မပြည့်ခင်မှာပဲ ကောမန့်အရေအတွက်က ဂဏန်းငါးလုံးအထိရှိနေပြီဖြစ်သည်။


မရေမတွက်နိုင်တဲ့ပရိတ်သတ်တွေက "ငါနောက်ကျသွားပြီ၊ ပထမအယောက်5000ထဲမပြောနဲ့ မထမဆုံးအယောက်10000ထဲတောင်မပါဘူး ဘာလို့အားလုံးကအဲ့ဒီလောက်လက်မြန်နေကြတာလဲ" ဆိုပြီးအော်ဟစ်နေကြလေသည်။


ရွှီလော့ယန်က မှတ်ချက်တွေကိုကြည့်ပြီးနောက် ဖုန်းကိုပိတ်လိုက်ကာ ကားပြတင်းပေါက်အပြင်ဘက်က သုံးထပ်ဗီလာကိုကြည့်လိုက်ပြီး ခရီသည်ထိုင်ခံမှာထိုင်နေတဲ့ချီချန်အန်းကိုကြည့်ကာ '' ဒီနေရာပဲ"


သူသော့ဖွင့်ကာ တံခါးဖွင့်လိုက်ပြီးနောက်ဗီဒိုထဲကနေ ချီချန်အန်းအတွက် မီးခိုးရောင်ဖိနပ်တစ်ရံကိုထုပ်ပေးလိုက်ပြီး အခြားအဝါရောင်တစ်စုံကို ကိုယ်တိုင်ဝတ်လိုက်သည်။


"ငါဒီလိုခဏခဏမရောက်ဖြစ်တော့ပေမယ့် အပတ်တိုင်းသန့်ရှင်းရေးလုပ်ဖို့အတွက် တစ်ယောက်ယောက်လာတယ်"


ကားထဲထွက်လာကတည်းက ရွှီးလော့ယန်ရဲ့ စိတ်ဓာတ်တွေထိုးကျနေတာကို သတိထားမိတဲ့အတွက် ချီချန်အန်းက သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး "နျောင်နျောင်" ဟုခပ်တိုးတိုးလေးခေါ်လိုက်သည်။


ချီချန်အန်းရဲ့အသံကိုကြားလိုက်ချိန်မှာ ရွှီလော့ယန်ကပြုံးလိုက်ပီး "ငါအဆင်ပြေပါတယ်၊နည်းနည်းလေးတော့ ရင်တုန်နေတယ်"


သူကချီချန်အန်းကို အပေါ်ထပ်ခေါ်သွားလိုက်ပြီး "ငါသိတက်စအရွယ်ကတည်းကဒီအိမ်မှာ နေလာတာ...အဖေဆုံးသွားတဲ့နောက်ပိုင်းမှ ဒီမှာနေရတာက နည်းနည်းလေး ဗလာသက်သက်ဖြစ်နေတယ်လို့ခံစားရလို့ ပြောင်းနေလိုက်တာ"


သူတို့ တတိယထပ်ကိုရောက်တော့ ရွှီလော့ယန်က အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး "ဒါငါ့ရဲ့အခန်းလေ"


အခန်းက အတော်လေး ကျယ်ဝန်းပြီး ကြမ်းပြင်ကနေ မျက်နှာကျက်အထိရှည်တဲ့ ပြတင်းပေါက်တွေကတစ်ဆင့် နေရောင်ခြည် ဖြာထွက်နေတာကြောင့် အခန်းအတွင်းဘက်မှာလင်းထိန်နေလေသည်။


နံရံနှင့် ဆန့်ကျင်ဘက် အကွက်တစ်ခုမှာတော့ ဓာတ်ပုံဘောင်များစွာရှိနေလေသည်။ ချီချန်အန်းက ယင်းတို့တတွေထဲကတစ်ပုံကို လက်ညှိုးထိုးပြပြီး ပြုံးရင်းမေးလိုက်သည်။


"အဲ့ဒါမင်းပုံလား"


သူညွှန်ပြနေတဲ့ လမ်းကြောင်းကို လိုက်ကြည့်လိုက်ပြီးနောက် ရွှီလော့ယန်ရဲ့ နားရွက်ဖျားတွေ နီရဲလာပြီး "အဲ့ဒါကို ငါ့ရဲ့ရက်၁၀၀ ပြည့်မှာရိုက်ခဲ့တာ" 


သူ့ရဲ့မျက်လုံးတွေက ဂနာမငြိမ်ဖြစ်နေပြီး "အဲ့ဒါ.....အဲ့ဒါကြောင့် ပုံထဲမှာ ဘောင်းဘီမပါဘဲ ကိုယ်လုံးတီးနဲ့ဖြစ်နေတာ"


ခဏအကြာတွင်...


"ချန်အန်း၊ အဲ့ဒါကို အာရုံစိုက်မနေတော့နဲ့၊ အဲဒါတွေအစား အဲဒါတွေကို ကြည့်ကြည့်"


ထို့နောက် ရွှီလော့ယန်က ဓာတ်ပုံတစ်ပုံကို လက်ညှိုးထိုးပြလိုက်ပြီး


 "ကြည့်လိုက်၊ဒါက အတန်းထဲမှာ ထိပ်ဆုံးအဆင့်နဲ့အောင်ပြီး ဆုလက်ခံဖို့ စင်ပေါ်တက်နေတဲ့အချိန်တုန်းက၊ အမေက ဒီပုံကို ရိုက်ပေးခဲ့တာလေ...အဲဒါက 'Triple Excellence' ကျောင်းသားဆုကို ပထမဆုံးအကြိမ်ရဖူးတာပဲ၊ ဒါက အထက်တန်းကျောင်း ပထမနှစ်မှာ ဘတ်စကတ်ဘောကစားတဲ့ အသင်းဖော်တွေနဲ့ အဖွဲ့လိုက်ရိုက်ထားတဲ့ပုံ... ပြီးတော့ ဒီမှာ ဒါကအလယ်တန်းနှစ်တုန်းက ရေကူးပြိုင်ပွဲမှာ ဝင်ပါခဲ့ပြီးတော့ ရခဲ့တဲ့တတိယဆု ဘယ်လိုလဲ အရမ်း အထင်ကြီးစရာကောင်းတယ်မလား"


ချီချန်အန်းက ဓာတ်ပုံတွေထဲက ရွှီလော့ယန်ရဲ့ အပြစ်ကင်းစင်ပြီးတောက်ပနေတဲ့ အပြုံကိုကြည့်ရင်း သူ့ရဲ့မျက်ဝန်းများက နူးညံ့လာကာ


"အမ်း... တော်တော်လေးစွဲမက်စရာကောင်းတယ်"


ရွှီလော့ယန်ရဲ့ မျက်လုံးတွေက အပျော်များဖြင့်ပြည့်နှက်သွားတော့၏။


“ဓါတ်ပုံတွေက နောက်မှကြည့်လို့ရတယ်၊ ဒါကိုအရင်ကြည့်ကြည့်"


ပြောပြီးနောက်သူက အောက်ကိုငုံ့ပြီး ကုတင်အောက်က သစ်သားသေတ္တာကို ဆွဲထုတ်လိုက်ကာ စာအိတ်ပြည့်နေတဲ့ သေတ္တာကို ဖွင့်လိုက်သည်။


"ဒါတွေက အမေ မသေခင်မှာ ရေးပေးခဲ့တဲ့ စာတွေ ငါ့အသက်၂၅ နှစ်ပြည့်တဲ့ အထိ မွေးနေ့တိုင်းအတွက် စာတွေ ရှိတယ်။ ဒါကြောင့် တစ်နှစ်ကိုတစ်ကြိမ် ဒီကိုပြန်လာဖြစ်ပေမယ့် အခု.....နောက်ထပ်မရှိတော့ဘူး"


ချီးချန်အန်းက"အသက်၂၅နှစ်အရွယ် နျောင်နျောင်ဖတ်ဖို့" ဆိုပြီးရေးထားတဲ့ စာအိတ်ကိုယူလိုက်သည်။


ထို့နောက်ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး ရွှီလော့ယန်ရဲ့လက်ကလေးကိုအသာဆွဲယူလိုက်ပြီး လက်ဖမိုးထက်အသာအယာနမ်းရှိုက်လာကာ သူ့အသံကမူ လေးနက်နေပြီး 


"အခုကစပြီး နှစ်တိုင်းဒီနေ့မှာ မင်းအတွက်စာတစ်စောင်ရေးပေးမယ်၊ အဲ့ဒီလိုဆိုအဆင်ပြေလား"


ရွှီလော့ယန်ရဲ့နှာခေါင်းက ချဥ်စူးစူးဖြစ်လာပြီး သူမြန်မြန်ဆန်ဆန်ပင်ခေါင်းညိတ်ပြလိုက်၏။


"အင်းအဆင်ပြေတယ်"



.......................................................................


ရွှီနျောင်နျောင်ရဲ့ စိတ်ခံစားချက်လေး : နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ငါ့မှာ''အိမ်'' လို့ခေါ်လို့ရတဲ့အရာထပ်ရှိလာခဲ့ပြီ


...............................................................................



Translated By IQ-Team.