အပိုင်း ၁၀၀
Viewers 22k

🍬Chapter 100



ချီချန်အန်း သူ့ဘေးမှာထိုင်ပြီးကတည်းက ရွှီလော့ယန်ရဲ့ အာရုံပြောင်းသွားလေသည်။ လျှောက်လမ်းကို ငေးကြည့်နေရင်း သူ့လက်ထဲက စာရွက်ပေါ်မှာ စာကြောင်းတစ်ကြောင်းရေးချပြီး ချီချန်အန်းဆီ အမြန်ပေးလိုက်သည်။


"မင်းတကယ်ပဲ......... နတ်ဆိုးမဟုတ်ဘူးလား" သူက အဆုံးတွင် မျက်နှာကိုပင် လက်နှစ်ဖက်ဖြင့်ဆွဲလိုက်သေးသည်။


ချီချန်အန်းက စာရွက်ပေါ်ရှိ စကားလုံးများကိုဖတ်ပြီးတဲ့အချိန်မှာ ရွှီလော့ယန်ရဲ့ အတွေးရထားကို လျင်မြန်စွာ နားလည်သဘောပေါက်သွားရကာ နောက်မှာစာကြောင်းတစ်ကြောင်းထပ်ရေးပြလိုက်သည်။


"မင်းလေးက ဟိုဒီကူးပြောင်းလာတာမျိုးကိုပြောနေတာလား"


ရွှီလော့ယန်က အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။


သူဆိုလိုတာက ကူးပြောင်းလာတာမှမဟုတ်ရင် ဘယ်လိုလုပ်ပြီးဒီကို ဒီလောက်မြန်မြန်ကြီးရောက်လာနိုင်မှာလဲ။


ချီချန်အန်းက သူ့ရဲ့မျက်ခုံးတွေကိုပြေလျော့လိုက်ပြီး ၊သူ့ရဲ့လက်ချောင်းတွေကမူ ခဲတံကိုဆုပ်ကိုင်ထားရင်း "ကိုယ်ဖုန်းချလိုက်ပြီးတာနဲ့ လေယာဥ်လက်မှတ်တန်းဝယ်လိုက်တာ " ဟုရေးပြလိုက်လျှင် ရွှီလော့ယန်ရဲ့ အံ့အားသင့်သွားမည့်မျက်နှာကိုမြင်ယောင်လိုက်ပြီး "ကိုယ်မင်းကိုအရမ်းလွမ်းနေတာ၊ မင်းကိုတွေ့ဖို့လာချင်နေတာကို ကိုယ်ထိန်းချုပ်မထားနိုင်ဘူး"ဆိုတဲ့ စာသားအနည်းငယ်ကို ထပ်ဖြည့်လိုက်၏။


သူက သူ့ရဲ့လက်သီးစုပ်အပြစ်ပြောင်းလိုက်တဲ့ လက်ကိုအသာမြှောက်လိုက်ပြီ ထွက်ပေါ်လာခါနီးအပြုံးကို ဖုံးကွယ်ဖို့ရာ နှုတ်ခမ်းထက်ဖိကပ်ထားလိုက်သည်။ထို့နောက် သူ့ရဲ့အကြည့်တွေကိုလျှောက်လမ်းဘက်ကို အာရုံစိုက်ဟန်ပြုရင်း အပြန်အလှန်ပို့ထားတဲ့ စက္ကူစကို အိတ်ကပ်ထဲအမြန်ထည့်ဖွက်လိုက်သည်။မီးရောင်မှိန်ဖျော့ဖျော့အောက်မှာ သူ့အင်္ကျီအောက်ကလက်ကို ချီချန်အန်းရဲ့ လက်ချောင်းလေးများနှင့် အသာအယာယှက်သွယ်လိုက်ရင်း သူ့နှလုံးသားထဲမှာဖုန်းကွယ်ထားတဲ့အပျော်တွေကမူ ပေါက်ကွဲရန်အသစ်ဖြစ်နေပြီဖြစ်သည်။


ကျန်ရှိုးပွဲတစ်လျှောက်လုံး နှစ်ယောက်သား ဘာမှ မပြောဖြစ်ကြပေမယ့်လည်း အများအမြင်ကွယ်ရာမှာတော့ သူတို့ရဲ့လက်ဖဝါးတွေက လောင်ကျွမ်းတော့မလိုပင်။


ဖျော်ဖြေပွဲအပြီးမှာ Stuရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရွှီလော့ယန်က အခမ်းအနားမှာရှိနေတဲ့ လူတိုင်းနီးပါးနှင့် ယဥ်ကျေးမှုအရ ဓာတ်ပုံတွဲရိုက်ခဲ့ရသည်။မဟုတ်လျှင် မနက်ဖြန်မကူးခင်မှာ ဘရန်းနဲ့ ရွှီလော့ယန်ကြား သဘောထားကွဲလွဲမှု ဆိုတဲ့ခေါင်းစဥ်က မြန်မြန်ပဲဆွေးနွေးမှု တစ်ခုလုံးကို လွှမ်းမိုးသွားပေလိမ့်မည်။


Stuရဲ့ ဖန်တီးမှုဒါရိုက်တာ Wilson နှင့် ဓာတ်ပုံရိုက်ပြီး သက်ဆိုင်ရာ ဆိုရှယ်မီဒီယာအကောင့်တွေမှာ ပိုစ့်တင်ပြီးနောက်မှာ သူတို့စကားပြောစရာအကြောင်းအရာတစ်ခုရှာတွေ့ခဲ့လေသည်။


Wilsomက ရွှီလော့ယန်ရဲ့ အာရုံတွေပျံ့လွင့်နေတယ်ဆိုတာကို သတိမထားမိခင်အထိ သူတို့နှစ်ယောက်သား မိနစ်အနည်းငယ်စကားပြောခဲ့ကြသည်။


သူက သူ့ရဲ့ဝိုက်ခွက်ကို ရွှီလော့ယန်ရဲ့ခွက်ဖြင့် တိုက်လိုက်ပြီး "မင်းသဘောကျတဲ့လူအကြောင်းတွေးနေတာလား " 


သို့ပေမဲ့ ရွှီလော့ယန် ဟုတ်သည်မဟုတ်သည်မပြောရသေးခင်မှာပင် သူကမျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး 


"ငါဘာမှမသိပါဘူး ငါဘာမှနားမလည်ပါဘူး ငါ့ကိုယ်ငါနှစ်သိမ့်ပြီးတော့ပဲ ဟိုနားမှာရပ်နေတဲ့ လူကိုသွားနှုတ်ဆက်တော့မယ်"


ထိုသို့ပြောပြီးနောက် ဝိုင်ခွက်ထဲက လက်ကျန်တွေကိုအကုန်တကျိုက်တည်း မော့ချလိုက်ပြီး ချက်ချက်းပင်နေရာကပျောက်သွားတော့သည်။


ခန်းမရဲ့အနောက်ဖက်ထောင့်တစ်နေရာမှာ ချီချန်အန်းကသွေးရောင် ကတ္တီပါ ဆိုဖာပေါ်မှာထိုင်နေလေသည်။ရွှီလော့ယန် ဖြေးဖြေးလေးချည်းကပ်လာရင်း သူနှလုံးသားထဲမှာ စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေလေသည်။သူကဝိုင်ခွက်ရဲ့ အောက်ခြေကိုကိုင်ထားရင်း သူ့ရဲ့ခြေလမ်းတွေကိုပေါ့ပါးစေလိုက်သည်။ 


သို့ပေမယ့် ချီချန်အန်းက သူ့ကို အာရုံခံမိနေလို ခေါင်းကိုလှည့်လိုက်ကာ "ပြီးသွားပြီလား"


"အင်း၊ ပြီးပြီ" 


သူကပြောနေရင်း သူ့အပြုံးကိုထိန်းမထားနိုင်တော့ချေ။သူက ယနေ့ Stuက ဒီဇိုင်နာရဲ့လက်ရာကိုဝတ်ဆင်ထားပြီး ရှပ်အင်္ကျီကမူ သူနှင့်အလွန်အံဝင်ခွင်ကျဖြစ်နေကာ တော်ဝန်ဆန်တဲ့ ရွှေခြည်ထိုးထားတဲ့ လည်ပင်းစည်းနှင့်အတူ ရင်ထိုးတစ်ခုပါပါဝင်လေသည်။ထို့အပြင် ဘောင်းဘီရှည်နှင့် ခြေသလုံးထိရောက်တဲ့ ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားတာကြောင့် မီးရောင်အောက်မှာ ကနုတ်ပုံထိုးထားတဲ့ရွှေချည်တွေက တောက်ပနေပြီး အလွန်တရာကို ခမ်းနားနေပေတော့သည်။


ရွှီလော့ယန်က သူ့ကိုပြုံးပြနေတာကိုမြင်တော့ ချီချန်အန်းရဲ့နှုတ်ခမ်းထောင့်တွေကွေးညွှတ်သွားပြီး အမှန်အကန် လန်ဒန်သားတစ်ယောက်ရဲ့ လေယူလေသိမ်းကိုအတုယူကာ "ကိုယ့်ရဲ့မင်းသားလေး ဘာသုံးဆောင်ချင်ပါသလဲ"


သူ့ရဲ့လေသံက တစ်ကယ်စစ်မှန်လွန်းနေတာကြောင့် ရွှီလော့ယန်အနေဖြင့် ယင်းက အခြားဘယ်ဝိုင်ထက်မဆို ပိုပြီးယစ်မူးစေသလိုခံစားရလေသည်။


ထို့နောက် ကြက်သွေးရောင်ဆိုဖာပေါ်မှာထိုင်နေတဲ့ ချီချန်အန်းကိုကြည့်လိုက်ပြီးနောက် ပိုဖြူဖျော့ပုံရနေတဲ့မျက်နှာလေး၏ မေးစေ့ကိုပင့်မြှောက်ကာ အပြုံးလေးဖြင့်"လက်ဖက်ရည်၊မင်းငှဲ့ပေးတဲ့ လက်ဖက်ရည်ကိုသောက်ချင်တာ"


သူ့လေသံထဲမှာ တစ်ကယ်ကိုပင် မောက်မာတဲ့မင်းသားတစ်ယောက်ရဲ့လေသံမျိုးအရိပ်အမြွက်တွေရောပြွန်းနေလေ၏။


"မင်းသဘောအတိုင်း ဖြစ်စေရပါ့မယ်"


ထို့နောက် ချီချန်အန်းက လက်ဖက်ရည်အိုးကိုမလိုက်ပြီး ခွက်ထဲကို လက်ဖက်ရည်သုံးပုံနှစ်ပုံလောက်လောင်းထည့်ပေးလိုက်သည်။ပြီးတော့ခွက်ကို ရွှီလော့ယန်အရှေ့ချမပေးခင် ဖန်ခွက်ရဲ့မျက်နှာပြင်ကို အသာအယာထိလိုက်ပြီး အပူချိန်ကို စမ်းသပ်လိုက်သည်။


ရွှီလော့ယန်က ကမ်းပေးတဲ့ခွက်ကိုကြည့်ရင်း 


"ဒါကမင်းရဲ့ခွက်မလား၊ မင်းသုံးပြီးသားခွက်"


ချီချန်အန်းက တိုးညင်းစွာရယ်မောလိုက်သည်။


"နျောင်နျောင်က ကိုယ့်ကို သွယ်ဝိုက်ပြီးမနမ်းချင်ဘူးလား"


သေစမ်း၊ ချီးချန်အန်း မင်းကောင်းကောင်းမပြုမူနိုင်ဘူးလား...


သူ့ကို စိုက်ကြည့်လိုက်ရင်း ရွှီလော့ယန်တိုးတိုးလေးပြောလိုက်သည်။


"ငါနားလည်ပြီ မင်းငါ့ကို ဒီမှာတိုက်ရိုက်မနမ်းနိုင်လို့မလား"


တကယ်ကို စိတ်တိုစရာပဲ !


ချီချန်အန်းက သူ့ရဲ့ပတ္တမြား လက်ကြယ်သီး တွေကို ချိန်ညှိနေရင်း ဆိုဖာအနောက်ကျောကို သက်သောင့်သက်သာမှီလိုက်ကာ ရွှီလော့ယန်ဘက်ကိုပြုံးပြလိုက်ပြီး 


"အဲ့ဒီတော့ မင်းသောက်မှာလား မသောက်ဘူးလား"


သူ့ရဲ့အသံက ချိတ်နှင့်တူတဲ့စွမ်းရည်မျိုးရှိပြီးတင်းခံထားတဲ့ ရွှီလော့ယန်ရဲ့ နှလုံးသားကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေလေသည်။


လှည့်ကွက်တွေကို ငြင်းဆန်နိုင်သလောက်ငြင်းပြီးတဲ့နောက် အဆုံးမှာတော့ ရွှီလော့ယန် ချီချန်အန်းကို အရှုံးပေးလိုက်ရချေသည်။သူက ခွက်ကိုအားလျော့စွာငုံကြည့်လိုက်ရင်း တစ်ငုံမျှသောက်လိုက်သည်။သို့ပေမယ့် သူမြိုချပြီးပြီးချင်းမှာပဲ ချီချန်အန်းပြောလာတာကိုကြားလိုက်ရသည်။


"အဲ့ဒါက ဘယ်ဘက်ကို နည်းနည်းလေးလောက်ရွှေ့ဖို့ လိုသေးတယ်"


"ဟင်"


ရွှီလော့ယန်ပထမကတော့ နားမလည်ဖြစ်သွားပေမယ့်လည်း သူပြောသလို ဘယ်ဘက်ကိုနည်းနည်းရွှေ့ပေးလိုက်သည်။သို့ပေမယ့် နေရာပြောင်းပြီး လက်ဖက်ရည်ကို တစ်ငုံစာလောက်သောက်ပြီးချိန်မှာတော့ သူတစ်ခုခုကို ရုတ်ချဥ်းသတိရသွား၏။


"ဒါက သွယ်ဝိုက်အနမ်း တစ်ရာရာခိုင်နှုန်းအောင်မြင်သွားတာလား"


"အင်း၊ အဲ့ဒါက လုံးဝပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်ပဲ၊ ကိုယ်အရမ်းပျော်တယ်" 


ချီချန်အန်းက သူ့ရဲ့ပရောပရေလုပ်တဲ့ နည်းဗျာဟာတွေဖြင့်အောင်မြင်မှုရနေချိန်မှာ သူကဘာမှတိုးတက်မလာတာကို သတိထားလိုက်မိပြီး ရွှီလော့ယန်သက်ပြင်းအသာချလိုက်ကာ လူတစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာဘာလို့ ဒီလောက်ကွာဟချက်ကြီးမားနေရတာလဲ ဆိုတဲ့အတွေးဝင်လာရသည်။ 


သူက ချီချန်အန်းဘေးမှာဝင်ထိုင်လိုက်ပြီး စကားအနည်းငယ်ပြောရင်း လက်ဖက်ရည်သောက်ပြီးနောက်မှာတော့ ဝမ်းနည်းတဲ့မျက်နှာဖြင့်ထရပ်လိုက်ပြီး "ငါခဏလောက်လမ်းလျှောက်မှဖြစ်တော့မယ်" 


ပြီးနောက် သူက စိတ်ပူစွာဖြင့် "ငါသတိထားမိသလောက်မင်း ကွတ်ကီးတော်တော်များများနဲ့မတည့်ဘူးမလား ၊ လျှောက်မစားနဲ့နော်၊ နောက်ပြီး တစ်ယောက်ယောက်ကသောက်ဖို့ပေးလာခဲ့ရင်လည်း ရေခဲမပါအောင်သတိထားဦး မဟုတ်ရင်မင်းအစာအိမ်နာလိမ့်မယ်... ပြီးတော့ မင်းကြိုက်တဲ့အသီးတွေထဲမှာ ချယ်ရီသီးပါတာကို ငါမှတ်မိတယ် အဲ့ဒါတွေက အရသာရှိတာမလို့ များများစား၊ပြီးတော့ သောက်လက်စလက်ဖက်ရည်အေးသွားရင်လည်း ပူတာလေးနဲ့ပြန်လဲဖို့မမေ့နဲ့နော်..."


စကားအနည်းငယ်ပြောပြီးနောက်မှာ ရွှီလော့ယန် သူစကားအများကြီးပြောမိပြီလို့တွေးလိုက်ပြီး ရှက်ရွံ့သွားရသည်။သို့ပေမယ့် သူချီချန်အန်းကို တစ်ကယ်ကြီးစိတ်ပူနေတာကြောင့် မမှာဘဲလည်းမနေနိုင်ချေ။


ထိုအချိန်မှာ ချီချန်အန်းက သူ့လက်ထဲမှာ ဖန်ခွက်ကို ကိုင်လျက်သားနှင့်မက်တပ်ရပ်နေတာကို သတိပြုမိလိုက်ပြီး အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။


"ချန်အန်း..."


"အမ်း ၊ နျောင်နျောင် ကိုယ်မင်းကိုသတိပေးစရာတစ်ခုရှိတယ်"


"ဘာကိုလဲ"


"မင်းရဲ့ အဖိုးတန်ပစ္စည်းတွေကို ဘယ်နေရာသွားသွား မင်းနဲ့အတူတူသယ်သွားဖို့ မမေ့နဲ့ " 


ထို့နောက် ချီချန်အန်းက ရွှီလော့ယန်ကို မျက်လုံးအနည်းငယ်မှေးစင်း၍ စိုက်ကြည့်လိုက်ပြီး "အဲ့ဒါကြောင့် ကိုယ့်ကိုလည်း မင်းနဲ့အတူခေါ်သွားပေးလို့ရမလား"


"…….." 


စက္ကန်အနည်းငယ်လောက် ပြောစရာစကားပျောက်ရှသွားပြီးနောက် သူ့အတွေးတွေကိုထုတ်မပြောမိဖို့ရာ မတက်နိုင်တော့ပေ။


"မစ္စတာချီရေ မင်းရဲ့ပရောပရည်လုပ်တဲ့ စွမ်းရည်တွေကို တကယ်ပဲဘယ်မှာသွားပြီးသင်ယူခဲ့တာလဲ"


ချီချန်အန်းက "ဒါက နတ်ဆိုးတွေမှာ ရှိတဲ့သဘာဝစွမ်းရည်လေ" ဟု လေးလေးနက်နက် ပြန်ဖြေ၏။


!!!


ငါကိုဒီဟာသနဲ့ စလို့ဘယ်တော့မှ မပြီးဆုံးနိုင်တော့ဘူးလား...


ဘယ်လိုပဲဖြစ်ဖြစ် ခဏအကြာမှာ၊ ချီချန်အန်းက သူ့ကို ပြိုးပြိုးပျောက်ပျောက်မီးရောင်တွေကြားထဲကနေ ခန်းမရဲ့အလယ်ဘက်ကို ဦးဆောင်ခေါ်သွားနေတာကို လျင်လျင်မြန်မြန်ပဲသတိပြုလိုက်မိသည်။ 


သူတစ်ခုခုကိုသဘောပေါက်သွားတဲ့အချိန်မှာ သူကခေါင်းကိုလှည့်လိုက်ပြီး "ချန်အန်း ငါ့ကိုဘယ်ခေါ်သွားနေတာလဲ " ဟုမေးလိုက်သည်။


"တစ်ယောက်ယောက်နဲ့တွေ့ပေးမလို့" 


ပြီးနောက် သူ့ဘက်အနည်းငယ်ကိုင်းကာ နီးကပ်စေရင်း "မင်းနောက်ပိုင်း သူ့ကိုတွေ့ရင်လဲသာမာန်ပဲပြော၊ စိတ်ပူနေစရာမလိုဘူး" ဟုပြောလာသည်။


သို့ပေမယ့် သူအခုလိုပြောလိုက်မှပဲ ရွှီလော့ယန်စိတ်ထဲက စိုးရိမ်စိတ်က ပိုပြီးကြီးထွားလာလေသည်။


မကြာခင်မှာ၊ ချီချန်အန်းက သွားနေတဲ့အရှိန်ကိုလျှော့ချလိုက်ချိန်တွင် သူပြောနေတာကိုလည်း ဂရုတစိုက်ထိန်းလိုက်ပြီး အမြန်နှုန်းကိုလည်းချိန်ညှိလိုက်သည်။


သို့သော်လည်း နောက်ဆုံး သူတွေ့ရမဲ့သူကို တွေ့လိုက်ရတဲ့အချိန်မှာတော့ တုန်လှုပ်ချောက်ချားသွားပြီး မတ်မတ်ပင်မရပ်နိုင်တော့ချေ။


အဲ့တာ မုန့်ဟွာကျန်း ပဲ!


သူသည် ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်အတော်ကြာနေလာခဲ့သော်ငြား မုန်ဟွာကျန်းဖြင့် တစ်ခါမှ လူချင်းမတွေ့ဖူးပေ။ တစ်ဖက်တွင်မူ မုန့်ဟွာကျန်းကလည်း ကျန်းမာရေးပြဿနာများကြောင့် နှစ်တော်တော်ကြာအောင် ဇာတ်လမ်းသစ်မထွက်ဘဲ တစ်ပိုင်းတစ်စ ပင်စင်ယူထားသည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ နောက်ထပ်တချက်ရှိတာကတော့ သူ့ရဲ့အဆင့်အတန်းက မုန့်ဟွာကျန်းနှင့် ဆုံနိုင်တဲ့အဆင့်မရောက်သေးလို့ပင်။


"ဒါရိုက်တာ မုန့် မတွေ့ရတာကြာပြီ"


ချီချန်အန်းရဲ့အသံကိုကြားတော့ ရွှီလော့ယန် စိတ်ခံစားချက်တွေအားလုံးကို မျိုသိပ်ထားလိုက်ပြီး စိတ်ရင်းမှန်နှင့်ရိုင်းစိုင်းမှုမရှိစေရန် ပြုံးပြလိုက်သည်။


"ဒါရိုက်တာ မုန့်၊ မင်္ဂလာညနေခင်းပါ ဒါရိုက်တာမုန့် နဲ့တွေ့ရတာ ဂုဏ်ယူပါတယ်...ကျွန်တော်က ရွှီလော့ယန်ပါ..."


ထိုသို့ပြောပြီးတဲ့နောက် သူ့စိတ်ထဲမှာပဲ မြေခွေးတစ်ကောင်လို ဟစ်အော်လိုက်မိသည်- အဖေ၊ကျွန်တော် အဖေ့ရဲ့ Idol နဲ့တွေ့ဖူးသွားပြီလို့ဗျ....


___



Translated By IQ-Team.