အပိုင်း ၁၄၇
Viewers 30k

🍵Chapter 147

သူမက အပြင်ဘက်မှခြေသံနှင့် စကားသံများကို ကြားလိုက်သည်။



ကုမိသားစုရှိ ဘယ်သူကမှ သူမကိုမကြိုဆိုလာပေ။ သူတို့က သူမနှင့် အကြည့်ချင်းတောင်မဆုံလာကြပေ။


လိုင်မူချင်းက ပိုပြီးလန့်လာသည်။

“ဘာလို့ တစ်ယောက်မှစကားမပြောကြတာလဲ၊ သမီးခရီးသွားခဲ့တာ ဘယ်လောက်စိတ်ပျက်စရာကောင်းလဲသိကြလား၊ ကျွန်မက အနောက်မြောက်ဘက်အထိသွားခဲ့ပေမယ့် ဝမ်းကွဲနဲ့သူ့မိသားစုက ထွက်သွားကြပြီတဲ့”


ဘယ်သူကမှ စကားမပြောလာသေးပေ။


လိုင်မူချင်းက မျက်မှောင်ကြုတ်လိုက်ကာ တစ်ခုခုပြောလိုက်မည့်အချိန်တွင် စုယွဲ့ရှန်းက အနောက်ဘက်အခန်းမှထွက်လာပြီး ထိုးဖောက်မတက်မျက်လုံးများဖြင့် ကြည့်လာသည်။


လိုင်မူချင်းက ကျားသစ်တစ်ကောင်၏စိုက်ကြည့်ခံနေရသလို ခံစားမိသွားကာ ခိုက်ခိုက်တုန်သွားသည်။

“ဝမ်းကွဲ......ရှင်....ရှင်ပြန်ရောက်ပြီလား”


စုယွဲ့ရှန်းက နှာခေါင်းရှူံ့လိုက်သည်။

“ငါ့သားက မင်းအဖော်တွေပြန်ပေးဆွဲတာကို ခံလိုက်ရတာလေ ဘယ်လိုလုပ်ပြီး ပြန်မလာရမှာလဲ”


လိုင်မူချင်းက ဖြူဖျော့သွားက သူမကိုယ်က ထိန်းချုပ်မရနိုင်စွာ တုန်ယင်လာသည်။

“ဝ...ဝမ်းကွဲ ဘာတွေပြောနေတာလဲ ဝမ်းကွဲပြောတာတွေကို ကျွန်မနားမလည်တော့ဘူး”


စုယွဲ့ရှန်း :“ချန်ကွေ့ဖုန်း အခုဘယ်ရောက်နေလဲ မင်းသိလား”


လိုင်မူချင်းက အငိုမျက်နှာထက် ကြည့်ရဆိုးသည့် အပြုံးတစ်ခုကို အားတင်းပြုံးလိုက်သည်။

“ဘယ်မှာလဲ”


“ထောင်ထဲမှာလေ ပြီးတော့ သူမကိုအပြင်ထုတ်ဖို့ ကူညီပေးတဲ့ သူမရဲ့တူရောဘဲ အကုန်လုံးအဖမ်းခံလိုက်ရပြီ”


လိုင်မူချင်းက စာရွက်တစ်ရွက်လိုဖြူလျော်သွားပြီး သူမ၏စိုးရိမ်မှုက ထိပ်ဆုံးရောက်လာကာ သွားချင်းရိုက်လာသည်။


စုယွဲ့ရှန် သူမကိုလျှောက်လာပြီး အင်္ကျီကော်လာစကိုဆွဲလိုက်သည်။

“လိုင်မူချင်း မင်းငါ့သားကိုထိလို့ရတယ်လို့ ဘယ်သူပြောလဲ”


လိုင်မူချင်းက ကော်လာစကိုအဆွဲခံထားရသဖြင့် အသက်ရှူရခက်လာသည်။


“ဝမ်းကွဲ ဘာလို့အဲ့ဒီလိုပြောတာလဲ ကျွန်မကရှောင်ကျိုးကို ကျွန်မသားအရင်းလိုသဘောထားတာပါ ကျွန်မကသူ့ကိုဘယ်တော့မှ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး”


“ချန်ကွေ့ဖုန်းက အကုန်လုံးဝန်ခံပြီးသွားပြီ အခုချက်ချင်း ကုမိသားစုအိမ်ကထွက်သွား၊ ငါ့လူက မင်းကို ဟေးပေက ထုတ်လုပ်ရေးအသင်းကိုခေါ်သွားပေးလိမ့်မယ် ငါ့ခွင့်ပြုချက်မပါဘဲ ထုတ်လုပ်ရေးအသင်းကနေ လုံးဝထွက်မလာနဲ့”


ထိုသို့ပြောပြီးနောက် စုယွဲ့ရှန်းကို ဆောင့်တွန်းလိုက်သည်။ လိုင်မူချင်းက နောက်သို့ခြေလှမ်းအနည်းငယ်ယိုင်သွားပြီး ကြမ်းပြင်ပေါ်သို့လဲကျသွားသည်။


လိုင်မူချင်း ရင်တုန်လာသည်။ အခုချိန်တွင် သူမက နာကျင်မှုကို ဂရုမစိုက်နိုင်ပေ။ သူမက ပြန်ထရပ်ပြီး အမေကုဆီပြေးဝင်သွားသည်။

“ဒေါ်လေး သမီးကိုကယ်ပါဦး သမီးဘာမှမလုပ်ခဲ့ပါဘူး သမီးကုအိမ်က မထွက်သွားဘူးနော်”


အမေကုက သူမကိုရှူပ်ထွေးနေသောခံစားချက်များဖြင့် ကြည့်လာသည်။

“မူချင်းရယ် ဘာလို့အဲ့လိုလုပ်လိုက်ရတာလဲ ငါတို့ကအမြဲတမ်း နင့်ကိုသမီးအရင်းလေးလိုဆက်ဆံခဲ့တာပါ ဘာမပျော်မရွှင်ဖြစ်စရာရှိခဲ့လို့လဲ”


လိုင်မူချင်းက သူမဆက်ပြီးငြင်းဆန်နိုင်မည်မဟုတ်ကြောင်းသိသွားသည်။


သူမက ရှူံ့မဲ့သွားကာ မျက်ရည်များက ပါးပေါ်သို့ စီးကျလာသည်။

“အစ်မဖန်က သူမကရှောင်ကျိုးကို ခနလောက်ဘဲခေါ်သွားမှာပါလို့ ပြောတယ် ဝမ်းကွဲပြန်လာတဲ့အခါကျမှ ကျွန်မက ရှောင်ကျိုးကိုပြန်ခေါ်လာမှာ၊ အဲ့လိုဆို ကုမိသားစုအတွက် ကျွန်မကကျေးဇူးရှင်ဖြစ်သွားပြီး အခြားလူတွေရဲ့ အိမ်အရိပ်အောက်မှာနေတယ်လို့ ဆက်မခံစားရတော့ဘူး”


“သမီးမှားသွားပါတယ် ဒေါ်လေး၊ သမီးအစ်မဖန်ပြောတာကို နားမထောင်လိုက်သင့်ဘူး ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ဘဲခွင့်လွှတ်ပေးပါ”


အမေကုက ၎င်းကအကြောင်းပြချက်ဖြစ်နေမည်ဟု မထင်မှတ်ထားပေ။ သူမက စတင်ယိမ်းယိုင်လာသည်။


သို့သော် စုယွဲ့ရှန်းက သူမယိမ်းယိုင်လာမည့် အခွင့်အရေးတောင်မပေးပေ။ သူကကျယ်လောင်စွာပြောလိုက်သည်။

“အခုချက်ချင်းထွက်သွား ငါမင်းကိုအဲ့နေရာလိုက်ပို့ဖို့ လူခေါ်လိုက်မယ်”


ထိုစကားကိုကြားသောအခါ လူတိုင်းကထိတ်လန့်သွားသည်။


အမေကု :“အခုချက်ချင်းလား အဲ့ဒါကအရမ်းမြန်တာဘဲ”


စုယွဲ့ရှန်း “ဘာလို့လဲ သူ့ကိုမောင်းမထုတ်ခင် ရှောင်ကျိုးကို နောက်တစ်ခါရောင်းစားတဲ့အထိ စောင့်ချင်လို့လား”


အမေကုက နေရခက်သွားပြီး ဘာမှမပြောလာတော့ပေ။


လိုင်မူချင်းက စိုးရိမ်လာသည်။

“ဒေါ်လေး သမီးမသွားဘူးနော်၊ သမီးလုပ်ခဲ့တာတွေအတွက် တကယ်ကိုနောင်တရပါပြီ”


အမေကုက ဘာမှထပ်မပြောရဲတော့ပေ။သူမက တစ်ဖက်သို့ လှည့်သွားလိုက်သည်။


ဒီတစ်ကြိမ်တွင် လိုင်မူချင်းက ကုရိလန်ဆီရောက်လာသည်။

“ကျေးဇူးပြုပြီး ရိလန် ဝမ်းကွဲကိုပြောပေးပါဦး ငါတကယ်အနူးအညွတ်တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ငါ့ကိုကူညီပါဟာ”


ကုရိလန်က သူမအတွက်စိတ်မကောင်းဖြစ်သော်လည်း သူမခင်ပွန်း၏အေးစက်နေသောမျက်လုံးများကိုမြင်သောအခါ လျင်မြန်စွာပြောလိုက်သည်။

“ဝမ်းကွဲ နင်ယွဲ့ရှန်းပြောတာကို နားထောင်ပြီး ထုတ်လုပ်ရေးအသင်းဆီသွားလိုက်ပါ”


လိုင်မူချင်းက ထပ်အသနားခံလိုသော်လည်း စုယွဲ့ရှန်းက စိတ်မရှည်တော့ပေ။

“မင်းမှာ ရွေးစရာနှစ်ခုရှိတယ် ဟေးပေစီရင်စုက ထုတ်လုပ်ရေးအသင်းကိုသွားမလား ဒါမှမဟုတ် ချန်ကွေ့ဖုန်းနောက်ကိုလိုက်ပြီး ထောင်ထဲဝင်မလား”


လိုင်မူချင်း၏မျက်လုံးများက ပြူးသထက်ပြူးလာသည်။


သူမက အမေကုနှင့် ကုရိလန်ကိုကြည့်လိုက်သည်။ ထို့နောက် ကုမိသားစုဝင်တိုင်းကို ကြည့်လိုက်သည်။ 


သို့သော် ဘယ်သူမှ သူမဘက်မှ မရပ်တည်ပေးလာပေ။


သူတို့ကို မုန်းလိုက်တာ။


အခုလေးတင် သူမကို သမီးအရင်းလိုဆက်ဆံတယ်လို့ ပြောနေတာမဟုတ်ဘူးလား၊ သူမအမှားလဲလုပ်မိရော ချက်ချင်းစွန့်ပစ်ချင်နေကြပြီ။


လိုင်မူချင်းက မျက်ရည်သုတ်လိုက်သော်လည်း မျက်ရည်များက ပါးတစ်လျှောက် စီးကျနေဆဲဖြစ်သည်။

“သမီးတကယ်တောင်းပန်ပါတယ် ဒေါ်လေး၊ ရိလန် ငါတောင်းပန်ပါတယ် ရှောင်ကျိုး၊ပြီးတော့ လူတိုင်းကိုလဲ တောင်းပန်ပါတယ်”


“အကုန် သမီးအမှားပါ သမီးရှိနေတာက ဒေါ်လေးတို့ကို ခက်ခဲစေမယ်ဆိုရင် ကောင်းပါပြီ သမီးအခုထွက်သွားပါ့မယ်”


အမေကုက ဤစကားများကြောင့် ရင်ကွဲသွားလေသည်။ သူမက လိုင်မူချင်းကို ကျေးဇူးကန်းသည့်အတွက် မုန်းသော်လည်း သူမကိုအဝေးပို့ရန် ခက်ခဲနေ၏။


သို့သော်ငြား စုယွဲ့ရှန်းရှိနေသဖြင့် သူမက ဘာမှမပြောရဲပေ။


နှစ်နာရီကြာပြီးနောက်တွင် လိုင်မူချင်းက ဟေးပေစီရင်စုသို့ သွားသည့် ရထားပေါ်သို့ အတင်ခံလိုက်ရသည်။


ကုမိသားစုဝင်များသည် ‌စိတ်လေးစွာဖြင့် ရထားထွက်သွားသည်ကို ကြည့်လိုက်ကြသည်။


လိုင်မူချင်းက ဘူတာကိုမမြင်နိုင်တော့သောအခါ နေရာတွင်ပြန်ထိုင်နေသည်။ သူမပုံစံက အလွန်မှုန်ကုပ်နေ၏။


သူမက အထုပ်ပိုးပြင်နေသောအချိန်တွင် သူမ၏ဒေါ်လေးကို သွေးဆွယ်ပြီးသားဖြစ်သည်။


သူမက နောက်ပိုင်းကျမှ စာအနည်းငယ်ရေးပြီး ခွင့်လွှတ်ရန်တောင်းပန်မှာဖြစ်သည်။ ကုမိသားစုဝင်များ၏စိတ်ပျော့ပုံနှင့်ဆိုလျှင် သူတို့ကရင်ကွဲပြီး သူမပြန်လာရန် ခွင့်ပြုကြလိမ့်မည်။


ရုတ်တရက်ပင် သူမနေသောအခန်း၏တံခါးပွင့်သွားလေသည်။


ရဲနှစ်ယောက်က သူမရှေ့သို့ရောက်လာပြီး ဘာမှမပြောဘဲ သူမလက်ကိုအနောက်သို့လိမ်လိုက်သည်။


လိုင်မူချင်းက လန့်သွားကာ ဒေါသလည်းထွက်လာသည်။

“ရှင်တို့ ဒါဘာလုပ်တာလဲ ကျွန်မကိုလွှတ်နော် ကျွန်မအော်လိုက်မှာ”


ရဲနှစ်ယောက်ထဲမှ တစ်ယောက်က သူမကိုပြောလာ၏။

“လိုင်မူချင်း မင်းကို ပြန်ပေးဆွဲမှုနဲ့ ဖမ်းပါတယ်”


လိုင်မူချင်းက မျက်လုံးပြူးသွားသည်။ သူမက ပြင်းထန်စွာရုန်းကန်လိုက်သည်။

“မဟုတ်ဘူး ဝမ်းကွဲက ကျွန်မကိုမဖမ်းဘူးလို့ပြောတယ်လေ သူကျွန်မကိုကတိပေးထားတယ်”


သို့သော် ရဲများက သူမနှင့်အကျိုး‌သင့်အကြောင်းသင့် မပြောပေးနိုင်ပေ။ သူတို့က သူမကိုလက်ထိပ်ခတ်ကာ နောက်ဘူတာရုံတွင် ဆင်းလိုက်ကြသည်။


လိုင်မူချင်းက ပြန်လည်ပြုပြင်ရေးအတွက် အကြမ်းတမ်း၊အခက်ခဲဆုံးလယ်ယာရှိသည့် အနောက်မြောက်ဘက်တွင် ထောင်ဆယ်နှစ်ချခံလိုက်ရသည်။


ကုမိသားစုဝင်များကမူ သူမက ‌ထုတ်လုပ်ရေးအသင်းတွင် ဆရာမဖြစ်လာသည်ဟု ထင်နေကြ၏။ သူတို့ကအနည်းငယ်အပြစ်ရှိသလို ခံစားနေရသော်လည်း ထုတ်လုပ်ရေးအသင်းကိုရောက်သွားခြင်းက ကြောက်စရာအကောင်းဆုံးမဟုတ်ဟု ခံစားမိကြသည်။ ၎င်းက ပြန်လည်ပြုပြင်ရေးလယ်ယာသို့ အပို့ခံရသည်ထက် ပိုကောင်းပေသည်။


***

ထုံရွှယ်လူ၏ ညစာ‌စားပွဲက လျင်မြန်စွာရောက်လာသည်။


ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့က ပထမဆုံးရောက်လာကြသည်။


ရှန်ဝမ်ရုန်က ကူညီပေးချင်သော်လည်း မီးဖိုချောင်မှပစ္စည်းတစ်ခုကိုမှ မသိပေ။ သူမက ကလေးများကိုသာ စောင့်ကြည့်ပေးနိုင်လေသည်။


ဒီတစ်ကြိမ်တွင် ဝမ်ရူကွေ့က မီးဖိုချောင်ထဲသို့ တန်းမဝင်သွားပေ။


သူက ဧည့်ခန်းထဲတွင် ဖူကျန့်ယိကို စကားပြောလာ၏။


ဖူကျန့်ယိက ကျစ်ခနဲအသံလုပ်လိုက်သည်။

“အဲ့ဒါက မဟုတ်‌သေးဘူးနော် ရူကွေ့  မင်းကရဲဘော်ထုံနဲ့ ချစ်သူဖြစ်သွားတဲ့အကြောင်းတောင် ငါ့ကိုမပြောပြဘူး ဒါပေမယ့် မင်းလိုတဲ့အချိန်ကျမှ ငါ့ဆီလာတာ ဘာစနိုးစနှောင့်မှ မဖြစ်ဘူးလား”


ဝမ်ရူကွေ့က ဘာမှမထူးဆန်းသလိုပင် ပြောလာ၏။

“မင်းငါ့ကို အကြွေးတင်နေတဲ့ ပိုက်ဆံက......”


ဖူကျန့်ယိက သွေးအန်မိတော့မည်ဖြစ်သည်။

“မင်းငါ့ကိုအသုံးချဖို့ အဲ့ဒါကလွဲပြီး အခြားပြောစရာမရှိတော့ဘူးလား”


ဝမ်ရူကွေ့က သာမာန်ကိစ္စလိုပြောလာ၏။

“ဒီတစ်ခုက အထိရောက်ဆုံးဘဲလေ”


ဖူကျန့်ယိက ဒေါသထွက်လွန်းသဖြင့် သွားများတောင်နာလာသည်။

“ကောင်းပြီလေ ပြော၊ မင်းငါ့ကိုဘာလုပ်စေချင်တာလဲ”


ဝမ်ရူကွေ့၏မျက်တောင်များက အနည်းငယ်လှုပ်ခတ်လာသည်။

“သိပ်မကြာခင်မှာ ငါ့မွေးနေ့ရောက်တော့မှာ ဒါပေမယ့် ရဲဘော်ထုံက အခုထိမသိသေးဘူး”


ဖူကျန့်ယိက နည်းနည်းလန့်သွားသည်။

“ဘာလို့သူမကို မပြောလိုက်တာလဲ၊ မင်းက ငါ့ကို သူမဆီသွားပြီးပြောပြစေချင်နေတာလား”


ဝမ်ရူကွေ့က ခနလောက်အသံတိတ်သွားပြီးမှ ပြောလာသည်။

“ ငါတိုက်ရိုက်ကြီးသွားပြောလိုက်တာက ကောင်းတယ်လို့မထင်ဘူး၊ အဲ့လိုဆို ငါကသူမကို ငါ့အတွက်မွေးနေ့ပွဲလုပ်ခိုင်းသလိုကြီး ခံစားရတယ်”


ဖူကျန့်ယိက မျက်ခုံးပင့်လိုက်သည်။

“ဒါဆိုရင် မင်းကငါ့ကို ဘယ်လိုလုပ်စေချင်တာလဲ”


ဝမ်ရူကွေ့က ခနလောက်တွေးကြည့်လိုက်သည်။

“သူမ‌ရောက်လာရင် မင်းက နောက်တစ်ပတ်ကြာသပတေးနေ့က ငါ့မွေးနေ့ဆိုပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်”


သူမသိသွားသောအခါ သူနှင့်အတူ မွေးနေ့ပွဲလုပ်ချင်သွားလိမ့်မည်။


အကယ်၍သူ့ဘာသာသူပြောလိုက်ကာ သူမကိုဖိအားပေးသည့်ပုံစံပေါက်သွားကာ တမင်ပြောလိုက်သလိုဖြစ်သွားလိမ့်မည်။


“ခွီ.....--”


“ဟားဟားဟား ရူကွေ့ မင်းဘယ်တုန်းကများ ခိုးကြောင်ခိုးဝှက်လုပ်တတ်လာတာလဲ ငါ့ကိုတောင် မင်းနဲ့အတူ ခိုးကြောင်ခိုးဝှက်လိုက်လုပ်စေချင်သေးတယ်”


ဖူကျန့်ယိက ရယ်ရလွန်းသဖြင့် မျက်ရည်တောင်ကျသွားသည်။


ဝမ်ရူကွေ့၏နားရွက်များက နီရဲလာသည်။

“ထားပါ မင်းငါ့ကိုကူညီမှာလား မကူညီဘူးလား”


ဖူကျန့်ယိက မျက်ရည်သုတ်ပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်ပါပြီ ကူညီမှာပေါ့ မင်းက ငါ့ညီအစ်ကို‌ဘဲလေ မဟုတ်ဘူးလား”


သူကထိုသို့ပြောလိုက်သော်လည်း အမှန်မှာ ဝမ်ရူကွေ့ကသူ့ကို တွန်းအားပေးနေသဖြင့် မတတ်နိုင်ဘဲ လုပ်ပေးရမှာဖြစ်သည်။


အသီးပန်းကန်သယ်ပြီး ဧည့်ခန်းသို့ရောက်လာသော ထုံရွှယ်လူ :“……?”


ထုံရွှယ်လူက ခေါင်းပြုတ်မတတ် ရယ်လိုက်မိသည်။


အများအားဖြင့် ဤသို့သောအရာမျိုးကို ဝေ့လည်ကြောင်ပတ်လုပ်တတ်သူသည် မိန်းကလေးများသာဖြစ်သည်။ ဝမ်ရူကွေ့က ဤသို့သောကိစ္စကြောင့် ဒုက္ခရောက်နေလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။


ထို့ပြင် သူက သူမ မတော်တဆရှာတွေ့သွားအောင် ပြဇာတ်လုပ်ပြဦးမှာဖြစ်သည်။


ဘယ်လိုလုပ်ရမလဲ၊ သူက အမြဲကိုချစ်စရာကောင်းနေတော့တာဘဲ။


ထုံရွှယ်လူက အသီးပန်းကန်ကို မီးဖိုချောင်ထဲသို့ ပြန်ယူသွားလိုက်ပြီး သူတို့ပြောသည်ကို မကြားသလိုဟန်ဆောင်လိုက်သည်။


သူမ မီးဖိုချောင်ထဲသို့ ပြန်ရောက်ပြီး မကြာခင်မှာပင် အပြင်ဘက်မှ ခြေသံနှင့် စကားပြောသံများကို ကြားလိုက်ရလေသည်။