အပိုင်း ၁၀၃
Viewers 22k

🍬Chapter 103



နှစ်ယောက်သား ရေချိုးမပြီးခင်အထိ တစ်ယောက်နှင့်တစ်ယောက် တွန်းတိုးပွတ်သပ်ကာ စနောက်နေကြသေးသည်။ရွှီလော့ယန်က ပြတင်းပေါက်အနားမှာရှိတဲ့ သစ်ငုပ်တိုလေးဖြင့်လုပ်ထားတဲ့ ခွေးခြေခုံပုလေးပေါ်မှာထိုင်နေပြီး ပြတင်းပေါက်အပြင်ကရှုခင်းတွေကိုကြည့်နေကာ ချီချန်အန်းပေးတဲ့ ဆံပင်အခြောက်ခံတဲ့ ဝန်ဆောင်မှုကို ပျော်ပျော်ကြီး ခံစားနေလေသည်။


"ချန်အန်း ၊ငါတို့ဘယ်ချိန်ပြန်ကြမှာလဲ"


"ကိုယ်တို့ ဒီနေ့နေ့လည် ဒါမှမဟုတ် မနက်ဖြန်မနက်မှပြန်လို့ရတယ်"


ရွှီလော့ယန်က သူ့လက်ချောင်းတွေကိုသုံးကာ တွက်ချက်လိုက်ပြီး "အခြေခံအားဖြင့်တော့ ဒီကိုရောက်ဖို့ လေးနာရီလောက်ကြာတယ် မနက်ဖြန် မနက်မှ ထွက်မယ်ဆိုရင် နေ့လည်အထိ ဟိုတယ်ကို ရောက်မှာ မဟုတ်ဘူး..." 


ရက်စက်ကြမ်းကြုတ်သောအဖြစ်မှန်ကိုရင်ဆိုင်ရင်း သူသက်ပြင်းချလိုက်ပြီး "ဒီနေ့နေ့လည်ထွက်ရတော့မယ် ထင်တယ်"


ချန်အန်းကဆံပင်ခြောက်လုနီးပါးဆိုတာ သေချာစေရန် သူ့လက်ချောင်းတွေဖြင့်ထိုးဖွလိုက်ပြီး ပုဝါကို သူ့ဘေးရှိ ကုလားထိုင်ကျောမှီတွင် ချထားကာ "ဒီမှာနေရတာ ကြိုက်လား"လို့ မေးလာသည်။


"အင်း ငါအရမ်းကြိုက်တယ်"


ရွှီလော့ယန်က သူ့ကိုမော့ကြည့်လိုက်ပြီး "ကမ္ဘာကြီးနဲ့ဝေးကွာပြီး နှစ်ယောက်ထဲရှိတယ်လို့ ခံစားရတာအရမ်းမိုက်တယ်၊ ပြီးတော့ ဇာတ်လမ်းတော်တော်များများမှာ အစွမ်းထက်တဲ့ဇာတ်ကောင်တွေက တောထဲမှာပဲနေကြတာများတယ်လေ"


"ဒါဆို မင်းလာချင်တဲ့ အချိန်တိုင်း ကိုယ်တို့လာကြမယ်"


"ကောင်းပြီ" ရွှီလော့ယန်က အလွန်ဝမ်းသာသွားပြီး " ချန်အန်း မင်းဒီနေရာကို ဝယ်ထားတာလား"


"အင်း၊ကိုယ် မင်းနာမည်နဲ့ဝယ်ခဲ့တာ၊ ဒီကိုပုံမှန်လာပြီး ထိန်းသိန်းပေးမဲ့သူလည်းရှိတယ်" 


သူကခွက်တစ်ခုကိုယူကာ ရွှီလော့ယန်နှုတ်ခမ်းနားကပ်ပေးပြီး ရေသောက်စေပြီးနောက်"ကိုယ်တို့ နေလည်စာအတွက် အောက်ကိုခဏဆင်းကြမယ်"


သစ်လုံးအိမ်ပေါ်ကဆင်းလာပြီးနောက် ရွှီလော့ယန်က ချီချန်အန်းတစ်ယောက် ကားနောက်ဖုံးထဲကနေ ဒူးလေးတစ်လက်ထုတ်လာတာကိုတွေ့လိုက်ရပြီး ဒူးလေးရဲ့ ထောင့်စွန်းတွေက နေရောင်အောက်မှာ တလဲ့လဲ့တောပ်ပနေလေသည်။ 


သူ့ရဲ့စိတ်အစုံကချက်ချင်းလှုပ်ရှားလာပြီး "ချန်အန်း ငါတို့အမဲလိုက်ကျမှာလား"


"ဟမ်" ဟုချီချန်အန်းက ဝေဝါးစွာဖြေလိုက်ရင်း ရွှီလော့ယန်ရဲ့ မျက်လုံးတွေက မြှားတံပေါ် ကပ်နေတာကိုမြင်လိုက်ရတော့ "မင်း စမ်းကြည့်ချင်လား" ဟုမေးလိုက်သည်။


"သေချာပေါက်ပဲပေါ့"


ယခုရွှီလော့ယန်က သူ့လက်ထဲမှာ သံမဏိ ဒူးလေးကိုကိုင်ထားလေသည်။ ယင်းက အနည်းငယ်လေးလံပေမဲ့ သူကလေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့် အချိန်တိုအတွင်းမှာပင် ထိန်းလို့ရသွားလေသည်။ချီချန်အန်းက သူ့အနောက်တွင် ရပ်လိုက်ပြီး သူ့ကို ပွေ့ဖက်ထားသည့် အနေအထားဖြင့် လက်မောင်းရဲ့ အမြင့်ကို ချိန်ညှိရန် လက်ကို မြှောက်လိုက်သည်။


"ဟုတ်တယ်၊ ဒီလိုမျိုး မင်းရဲ့ပစ်မှန်ကိုချိန်ထား..."


ချီချန်အန်းရဲ့ အသက်ရှုသံတွေက သူနားထိပ်ဖျားထက် ရိုက်ခက်နေသလိုခံစားရချိန်မှာ ရွှီလော့ယန် မပြီမပြင်ရယ်မောလိုက်ပြီး "ချန်အန်း မင်းနောက်ကိုနည်းနည်းလေးဆုတ်ပြီး ရပ်သင့်တယ်၊ အခုလိုမျိုးနီးကပ်နေတာက ငါ့ရဲ့လုပ်ဆောင်မှုတွေကိုထိခိုက်စေနိုင်တယ်"


သူပြောတဲ့အတိုင်း ချီချန်အန်းက ပူးပေါင်းမှုရှိစွာ အနောက်ကိုခြေတစ်လှမ်းလောက်ဆုတ်လိုက်၏။


သို့ပေမယ့်လည်း ချီချန်အန်းရဲ့ လွှမ်းမိုးမှူမပါတာတောင်မှပင် ရွှီလော့ယန်ကသူ့ရဲ့ပစ်မှတ်နှင့် လွဲချော်သွားလေသည်။ သူက သစ်ပင်ရဲ့ ပင်စည်အလယ်ကို ချိန်ရွယ်ထားပေမဲ့ မြှားကသစ်ပင်ရဲ့အခေါက်မျက်နှာပြင်ကိုပဲထိသွားပြီး နေရောင်အောက်မှာ သစ်မှုန်သစ်စလေးတွေကိုပင်မြင်နေရလေသည်။


သူအမြန်ပြေးကြည့်လိုက်တဲ့အချိန်မှာ သစ်ပင်ပင်စည်ပေါ်တွင် အရာလေးသာရှိနေပြီး ယင်းက အတော်လေး အားလျော့စရာကောင်းလေသည်။


ထို့နောက် ချီချန်အန်းက ဒူးလေးနှင့်ပစ်မှတ်ကိုချိန်ရွယ် ထားတဲ့အချိန်မှာ ရွှီလော့ယန်က ဂရုတစ်စိုက်သေချာလိုက်ကြည့်နေပြီး လေ့လာမှတ်သားနေလေသည်။သို့ပေမဲ့ မကြာခင်မှာပဲ သူကလေ့လာရတာကို စိတ်မဝင်စားတဲ့အတွက် လိုက်ပဲ ကြည့်နေတော့သည်။


D*mn ငါ့ရည်းစားက ဒူးလေးကိုင်ပြီး သားကောင်ကို ချိန်တဲ့ပုံစံက အရမ်းချောတာပဲ...


သူတို့ရဲ့နေ့လည်စာက ရစ်သားကင်ပင်။သင့်တော်တဲ့ အသားကင်တံတွေရှာမတွေ့တာကြောင့် ချီချန်အန်းက ငှက်တွေကို လိုအပ်တဲ့အရသာမှုန့်တွေအားလုံးဖြင့်နှယ်လိုက်ပြီး ဒူးလေးကမြှားတံကိုပဲ အကင်တံအဖြစ်သုံးလိုက်လေ၏။


ရွှီလော့ယန်က သူ့ဘေးတွင်ထိုင်ကာ စောင့်နေလေသည်။ သူ ကူညီစရာ မလိုတဲ့အတွက် ငြီးငွေ့လာပြီး ငှက်တွေစီက နှုတ်ထားတဲ့ အမွှေးအတောင်တွေကို ကောက်ကာ တောရိုင်းမြတ်အချို့နှင့် ရောကာ စုစည်းပြီး ချီချန်အန်းထံ ကမ်းပေးလိုက်သည်။


"မစ္စတာချီ ဒီမှာမင်းအတွက်ပန်းစည်း"


ချီချန်အန်းက သူ့ကိုပြုံးကြည့်ရင်း "ရစ်ငှက်မွှေးပန်းလား၊ပန်းမျိုးစိတ်အသစ်လား"


"ဟမ်း၊ ဟုတ်တယ် ၊ဒီနေ့ပဲ ရှာတွေ့ခဲ့တဲ့ အမျိုးအစားသစ်"


"အင်း ကျေးဇူးပဲနော် နျောင်နျောင်"


လက်တစ်ဖက်က ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိတဲ့ ငှက်မွှေးပန်းများကို ယူရန်လှမ်းလိုက်ရင်း ချီချန်အန်းက သူ့လက်ထဲမှ အသားကင်ကို ယမ်းကာ "လက်သွားဆေးတော့ ဒါကစားလို့ရတော့မယ်"


သို့သော် သူငှက်ကင်ကိုရတဲ့အချိန်မှာ ရွှီလော့ယန် တစ်ခုခုလိုနေတာကိုသတိပြုမိပြီး "ဘာလို့ငရုတ်သီးမှုန့်မဖြူးတာလဲ၊ ငရုတ်သီးပါမှအရသာရှိမဲ့ဟာကို"


သို့ပေမဲ့ ချီချန်အန်းရဲ့အကြည့်ကိုမြင်ကာမှ ရွှီလော့ယန်တစ်ခုခုကိုရုတ်ချည်းသတိရလိုက်သည်။ 


-တစ်နေရာရာမှာ အဲ့ဒါကို လွန်လွန်ကဲကဲသုံးလိုက်မိသလိုဖြစ်သွားလို့ လောလောဆယ်အဲ့ဒါကိုအသုံးပြုလို့မရသေးဘူး...


တကယ်ဝမ်းနည်းစရာပဲ...


နောက်တစ်နေ့ နေ့လည်မှာ ရွှီလော့ယန် ဟိုတယ်က ကော်ဖီဆိုင်မှာမုန့်ဟွားကျန်းရဲ့ လက်ထောက်နှင့်တွေ့ဆုံခဲ့သည်။ 


ဇာတ်ညွှန်းရပြီးတဲ့နောက်မှာ ဟိုတယ်ခန်းထဲကိုအမြန်ပြန်သွားပြီး"ချန်အန်း မုန့်ဟွာကျန်းက ဘာလို့ငါ့ကိုရွေးလဲဆိုတာ အခုနားလည်သွားပြီ"


ချီချန်အန်းက သူ့နှာရိုးပေါ်မှာ ဓာတ်ရောင်ခြည် ကာကွယ်ပေးတဲ့ မျက်မှန်တစ်လတ် တပ်ထားပြီး ဘဏ္ဏာရေး တင်ပြချက်စာတမ်းတစ်ခုကို ဖတ်ရှုနေလေသည်။ 


တံခါးဝမှာရပ်နေတဲ့ ရွှီလော့ယန်က နောက်မှီထိုင်ခုံပေါ်မှာထိုင်နေတဲ့ သူကိုကြည့်ရင်း ပြောစရာစကားပျောက်ရှသွားကာ "ဘာလို့ မျက်မှန်တပ်ထားတာလဲ "ဟု ဝေဝါးစွာရေရွတ်လိုက်သည်။


"မင်း ကိုယ့်ကိုအဲ့ဒါနဲ့ မြင်ရတာအသားမကျဘူးမလား ...ကိုယ်လည်းပဲအသားမကျဘူး "


ဟုပြောရင်း ချီချန်အန်းက မျပ်မှန်တွေကိုချွတ်ဖို့ပြင်လိုက်သည်။


"မချွတ်ပါနဲ့ "


ထို့နောက် သူ့တုံ့ပြန်မှုက အနည်းငယ်ပြင်းထန်ပုံပေါက်နေတာကို သိလိုက်ရသဖြင့် ရှက်ရွံ့စွာ အဝေးကို လှမ်းကြည့်လိုက်ပြီး သူ့ကိုအမြန်ပင်ပြန်ကြည့်ကာ ပြောလိုက်သည်။ 


 "မင်းက အရမ်းချောတယ်၊ အဲဒါတွေကို မချွတ်လိုက်နဲ့" 


ရွှီလော့ယန်ရဲ့ အမူအရာကို သေချာကြည့်ရင်း၊ မျက်မှန်တပ်ထားတာက အထူးအကျိုးသက်ရောက်မှုရှိတာကို ချီချန်အန်း သဘောပေါက်သွားသည်။ သူ့ထိုင်ခုံကို နောက်သို့အနည်းငယ်ရွှေ့လိုက်ပြီး ရွှီလော့ယန်ဘက်သို့ သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။


ရွှီလော့ယန်က နာခံမှုရှိရှိ လျှောက်လာပြီး သူ့ပေါင်ပေါ်၌ ထိုင်လိုက်သည်။  


"ရွှေရောင်အနားကွပ်မျက်မှန်မျိုး၊ မင်းတပ်လိုက်တာနဲ့ ပညာရှင်ဆန်ပြီး ရိုင်းစိုင်းတဲ့ ခံစားချက်ကို ပေးတယ်" ဟသူက ရှင်းပြလိုက်သည်။ 


"အလွန်ချောမော၊ အလွန်ဆွဲဆောင်မှုရှိပြီး အထူးဆွဲဆောင်မှုရှတယ်" စသည့် နာမဝိသေသနများကို ဖော်ပြရန် ခက်ခက်ခဲခဲ တွေးတောလိုက်ရလေ၏။


သူထိုသို့ပြောပြီးတဲ့နောက်မှာ "မင်း တခြားသူတွေရှေ့မှာ ဒီမျက်မှန်တပ်ဖို့ ခွင့်မပြုဘူး" ဟု လေးနက်စွာ ထပ်ပြောလိုက်သည်။


"ကောင်းပြီ ကိုယ်သူများတွေအရှေ့မှာမတပ်ပါဘူး"

ချီချန်အန်းက သဘောတူလိုက်သည်။ 


ထို့နောက်သူက ရွှီလော့ယန်ရဲ့ ခါးကိုသဘာဝကျကျနှစ်ချက်လောက်နှိပ်ပေးလိုက်ပြီးနောက် သူနားရွက်အနားကို ကပ်လိုက်ပြီး "ဒါဆို ဒီည ကိုယ်မျက်မှန်တပ်ထားရင်းနဲ့ မင်းကိုလုပ်စေချင်လား"


သူ့စိတ်ထဲမှာ ထိုမြင်ကွင်းကို မြင်ယောင်ရင်းရွှီလော့ယောင်ရဲ့ နာကျင်နေတဲ့ခါးက ပျော့ပျောင်းလုနီးနီးဖြစ်သွားရသည်။ 


သူက ချီချန်အန်းရဲ့ အင်္ကျီကော်လာကိုကိုက်ရင်း အံကြိုက်လိုက်ကာ နောက်ဆုံးမှာ "ငါလိုချင်တယ်" ဟုပြန်ဖြေလိုက်သည်။


ဘယ်အချိန်ရပ်ရမလဲဆိုတာ သိသည့် ချီချန်အန်းက သူ့ရဲ့ခါးကိုခုဏကအတိုင်း ဆုပ်ကိုင်ထားပြီး "မင်းအစောက မုန့်ဟွားကျန်းက မင်းကိုဘာလို့ဇာတ်ညွှန်းပေးတယ်ဆိုတာသိပြီလို့ပြောတယ်မလား"


"ဟုတ်တယ်...ဇာတ်ကောင်ရဲ့ ပရိုဖိုင်ကို ကြည့်ကြည့်လိုက်တော့ ရုပ်ရှင်ရဲ့ ဇာတ်လိုက်က သူ့မိဘတွေနဲ့ လန်ဒန်မှာ ကြီးပြင်းလာတဲ့ C Country က ရူပဗေဒပညာရှင်တစ်ယောက် ၊ အဲ့ဒါကြောင့် သရုပ်ဆောင်က C နိုင်ငံသားတစ်ယောက်ဖြစ်ဖို့လိုပြီး ဘာကွဲလွဲမှုမှမရှိအောင် လန်ဒန်နိုင်ငံသားတစ်ယောက်ရဲ့လေယူလေသိမ်းမျိုးလည်းရှိရမှာ"


"ဒီဇာတ်ကောင်ကို ကြိုက်လား"


"ဇာတ်ကောင်ရဲ့ကိုယ်ရေးအကျဉ်းကိုဖတ်ရသလောက်တော့သဘောကျပါတယ်... အခြေခံအားဖြင့်တော့ အသက်လေးဆယ်ကျော်အရွယ်လူတစ်ယောက်က အတိတ်ကိုပြန်သွားပြီး အဲ့ဒါကိုသုံးကြိမ်ပြောင်းလို့ရမဲ့ အခွင့်အရေးကိုရတဲ့အကြောင်းပဲ ပထမတစ်ကြိမ်က သူပထမဆုံး တက္ကသိုလ်စတက်တဲ့အချိန်ကိုပြန်သွားဖို့ရွေးချယ်ခဲ့တယ်... ဒုတိယတစ်ခေါက်က သူ့အသက်သုံးဆယ်အရွယ်ကို ပြန်သွားခဲ့ပြီး နောက်ဆုံးအကြိမ်ကို ဒီအခွင့်အရေးမရခင်တစ်ရက်ကိုပြန်သွားခဲ့ပြီး အတိတ်ကိုပြန်မသွားဖို့ သူ့ကိုယ််သူပြန်ပြောခဲ့တယ်"


ချီချန်အန်းကိုကြည့်ပြီး ရွှီလော့ယန်က လေးလေးနက်နက်ပြောလိုက်သည်။


"ငါဒီဇာတ်ရုပ်ကိုကောင်းကောင်း သရုပ်ဆောင်နိုင်မယ်လို့ ထင်တယ်"


နောက်နှစ်ရက်လောက်ကြာတဲ့အချိန်မှာ ရွှီလော့ယန်က သူ့ရဲ့ဇာတ်ညွှန်းကို အတော်ပင်စွဲလမ်းနေချေသည်။ထမင်းစားနေရင်းမှာတောင် ခဏရပ်ပြီး ဇာတ်ညွှန်းထဲကစာကြောင်းတွေကို ရေရွတ်နေတက်ပြီး တသိမ့်သိမ့်နှင့်စိတ်လှုပ်ရှားစေတဲ့အပိုင်းမျိုး ကိုဖတ်မိရင် သူကချီချန်အန်းဆီကိုပြေသွားပြီး သူ့လက်မောင်းတွေကို ဆွဲကိုင်ကာ ရယ်မောနေတက်သည်။ အလားတူပင် ကြေကွဲစရာကောင်းတဲ့အပိုင်းတွေဖတ်မိတဲ့အချိန်မျိုးမှာ သူ့စိတ်ကလည်း ထိုဇာတ်ညွှန်းနှင့်အတူထိုးကျသွားလေသည်။


ချီချန်အန်းလည်း 'The Last Hunter' ကိုရိုက်ကူးနေစဉ်တုန်းက အလားတူအခြေအနေမျိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ဤအခြေအနေကို ကောင်းစွာနားလည်သည်။ သူက စစ်မြေပြင်မှာ သူ့ရဲ့တပ်တစ်ခုလုံးကို ဆုံးရှုံးခဲ့ရပြီး သူ့ကိုယ်သူ ကယ်တင်ခဲ့တဲ့ စနိုက်ပါသမားတစ်ဦး အနေဖြင့်သရုပ်ဆောင်ခဲ့သည်။ထိုအချိန်အတွင်း သူရဲ့ စိတ်အတက်အကျဖြစ်မှုကလည်း အလွန်ပြင်းထန်ခဲ့သည်။


ထို့ကြောင့် သူက ရွှိီလော့ယန်ကို မနှောင့်ယှက်ဖို့ ရွေးချယ်ခဲ့ပြီး ညစာစားရန် အချိန်မီခေါ်ကာ ညအချိန်နောက်ကျမှ အိပ်ရာဝင်သည်။


သို့သော်လည်း ရွှီလော့ယန်က သူ့စိတ်ထဲမှာ အချက်ပေးချက်ရှိနေသလိုပင် ။ဘာလို့ဆို သူကဇာတ်ညွှန်းထဲလုံးဝ အာရုံနှစ်မြှပ်နေရင်တောင်မှ နေ့တိုင်းချီချန်အန်းကို အချိန်မှန်ဆေးသောက်ဖို့သတိပေးလေသည်။


ဇူလိုင်လ 6 ရက်နေ့မွန်းလွဲပိုင်းမှာ ရွှီလော့ယန်က အဖြူရောင်အင်္ကျီနှင့်အနက်ရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားပြီး လည်စီးကိုသေချာလေးချည်နှောင်ထားလိုက်သည်။သူက မှန်မှာပေါ်နေတဲ့သူ့ရဲ့ ပုံရိပ်ကိုကြည့်နေပြီး အနည်းငယ်ထိတ်လန့်သလိုခံစားနေရလေသည်။


သူက လေးကြိမ်မြောက် လည်စည်းကိုပြင်လိုက်ပြီးနောက် သူ့ဘေးမှာရပ်နေတဲ့ချီချန်အန်းကိုကြည့်လိုက်ပြီး သက်ပြင်းချကာ "ချန်အန်း ငါအရမ်းစိတ်လှုပ်ရှားနေတယ်"


ချီချန်အန်းက သူ့အင်္ကျီကော်လာကို ချိန်ညှိပေးဖို့ သူ့လက်ကို မြှောက်လိုက်ပြီး "စိတ်မပူပါနဲ့၊ အရာအားလုံး ချောမွေ့သွားမှာပါ"


ရွှီလော့ယန်က ချီချန်အန်းကိုစေ့စေ့ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ကာ သူ့မျက်ဝန်းထဲတွင်မူ အပြုံးတစ်ခုပေါ်လာလေသည်။ 


"ဒါဆို မစ္စတာနတ်ဆိုးကြီးရေ ၊ငါကံကောင်းဖို့အတွက် အနမ်းလေးတစ်ပွင့်လောက် မစဖို့စဥ်းစားပေးလို့ရမလား"


"ကိုယ်စဥ်းစားပေးလို့ရတာပေါ့" ဟာပြောလိုက်ပြီးနောက် ချီချန်အန်းက ခေါင်းငုံ့ပြီး ရွှီလော့ယန်ရဲ့ နှုတ်ခမ်းထက်နမ်းလိုက်ပြီး "မင်းစီက သတင်းကောင်းကို ကိုယ်စောင့်နေမယ်"


ကားပေါ်ရောက်တာနှင့် ကားဒရိုင်ဘာထိုင်ခုံမှာ ထိုင်နေတဲ့ ကျန်းသုန့်က ရွှီလော့ယန်ကို ကြည့်ကာ ရယ်လိုက်ရင်း 


"မင်းရဲ့ စိတ်အခြေအနေ ကောင်းနေပုံပဲ"


ရွှီလော့ယန်ရဲ့ မျက်နှာအမူအယာကခါးသီးနေပုံရပြီး "ကျွန်တော်အရမ်းစိတ်လှုပ်ရှားလွန်းလို့ နေ့လည်စာတောင်လုံလုံလောက်လောက်မစားခဲ့ရဘူး"


"ဘာလို့ ဒီလောက်နှစ်တွေကြာတာတောင်မှပဲ ပထမဆုံးအကြိမ်လိုမျိုး စိတ်လှုပ်ရှားနေရတာလဲ" 


ကျန်းသုန့်က သူ့အားရေနွေးဘူးကိုကမ်းပေးလိုက်ပြီး 


"မင်းပထမဆုံး လူရွေးပွဲသွားဖြေတုန်းကဟာကို ငါအခုထိမှတ်မိနေသေးတယ် ၊ အဲ့တုန်းက မင်းနှစ်နပ်စာလောက်ကောင်းကောင်းမစားခဲ့ဘဲ ဟိုရောက်ခါကျမှ ဗိုက်ဆာ ပြီးရေဆာတယ်ဆိုပြီးအော်ငိုလို့ ငါ့မှာမင်းစားဖို့ ပေါင်မုန့်နဲ့ အချိုရည်သွား၀ယ်ပေးခဲ့ရသေးတယ်လေ"


အတိတ်ကို ပြန်သတိရသွားတော့ ရွှီလော့ယန်ရုတ်တရက် ကြောက်လန့်နေတာတွေအကုန်ပျောက်ဆုံးသွားသည်။ သူကရေနွေးဘူးကိုဖွင့်လိုက်ပြီး ရေနွေးတစ်ငုံသောက်ကာ သူ့နှုတ်ခမ်းသူ သပ်ရင်း ပြောလိုက်သည်။


"ကျန်းကော ကျွန်တော်လူရွေးပွဲ မအောင်ရင်ဘယ်လိုလုပ်မလဲ"


ကျန်းသုန့်လေသံက အလွန်အမင်းပေါ့ပါးနေပြီး "မင်း ကျရှုံးရင် ကျရှုံးတယ်လို့မှတ်လိုက်၊ ဒီအခွင့်အရေးက ကောင်းကင်က ကျလာတဲ့ပိုင်မုန့်လိုပဲ၊ ဖမ်းမိရင် ဘောနပ်စ် မဖမ်းမိတော့လည်းအိမ်ပြန်ရုံပေါ့၊ ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံတွင်းမှာ မင်းရဲ့ come backကို မျှော်နေကြတဲ့လူတွေမှအများကြီးပဲ"


ထို့နောက်သူက ရွှီလော့ယန်အနားယူနေတာကိုမြင်တော့ ခေါင်းစဥ်ကိုပြောင်းလိုက်၏။


"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မင်းဘယ်ကိုပျောက်သွားတာလဲ"


ထိုသို့မေးလိုက်သည်နှင့် ရွှီလောလယန်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး "ပွဲပြီးသွားတော့ ချန်းအန်းက ကျွန်တော်ကို Eနိုင်ငံက တောအုပ်တစ်ခုစီ ခေါ်သွားတယ်လေ အဲ့ကသစ်လုံးအိမ်လေးပေါ်မှာနေပြီး ဒူးလေးနဲ့ငှက်တွေကိုတောင် အမဲလိုက်ခဲ့သေးတယ်။ချန်အန်းပြောတာ အဲ့မှာရစ်ငှက်တွေများလွန်းလို့ ပလိပ်ရောဂါဖြစ်မှာစိုးလို့ သူတို့အစိုးရကတောင် အမဲလိုက်ဖို့ကိုအားပေးတယ်တဲ့၊ဒါပေမဲ့လည်း ကျွန်တော်တို့နှစ်ကောင်ပဲကင်စားခဲ့တာ၊ ငှက်ခြေထောက်တွေက အရမ်းအရသာရှိတယ်"


"………"


လူချမ်းသာတွေရဲ့ ပျော်ရွှင်မှုမျိုးကို ငါနားမလည်နိုင်ပါဘူးနော်...



...................................................................


ရွှီနျောင်နျောင်ရဲ့ စိတ်ခံစားချက်လေး အရမ်း..အရမ်း သက်သောင့်သက်သာရှိတယ် [မျက်လုံးများကိုဖုံးအုပ်ထား jpg]


...................................................................................



Translated By IQ-Team.