🍬Chapter 104
ကားကို ဟော်တယ်ရဲ့ ကားပါကင်မှာထိုးခဲ့ပြီး နှစ်ယောက်သား ဓာတ်လှေကားကနေ ခုနှစ်လွှာမြောက်အထိတက်ခဲ့ကြသည်။
ဓာတ်လှေကားတံခါးပွင့်တာနှင့် ကျန်းသုန့်က အရင်ထွက်လိုက်ပြီး "ငါမင်းကို ဒီမှာစောင့်နေမယ်" ဟုတီးတိုးပြောလိုက်သည်။
တကယ်တော့ သူကိုယ်တိုင်လည်းအရမ်း စိတ်လှုပ်ရှားနေပေမဲ့ ရွှီလော့ယန်ရဲ့ ဝန်ထုက်ဝန်ပိုးကို ပိုတိုးလာမိစေမှာစိုးတဲ့အတွက် ထုတ်မပြဝံ့ပေ။
"ကောင်းပြီလေ"
ရွှီလော့ယန်က သူ့ရဲ့ကော်လာတွေနဲ့လက်အနားတွေကို နောက်ဆုံးအကြိမ် သေသပ်အောင်ပြင်လိုက်ပြီး ကျန်းသုန့်ဘက်သို့ မှီလိုက်ကာ "ကျန့်ကော မြန်မြန်လေး ကျွန်တော့ကိုဖိအားနည်းနည်းပေး"
"မင်း ဒါရိုက်တာမုန့်နဲ့တွေ့ပြီး ဇာတ်ညွှန်းလက်ခံပြီးကတည်းက လူရွေးပွဲအောင်ဖို့ရာခိုင်နှုန်းကများပြီးသား ၊ အခုလည်း သူတို့ကဇာတ်ကောင်တွေကို သက်မှတ်ပြီးသားဖြစ်နေပြီးသားလည်း ဖြစ်နိုင်တယ် ဒီတိုင်း သတင်းထုတ်ပြန်ချက်လုပ်ဖို့ပဲ လူရွေးပွဲပြင်ထားတာဖြစ်နိုင်တယ်"
"ပြီးတော့ရော"
"ပြီးတော့....ဘာမှမရှိတော့ဘူးလေ"
နောက်ဆုံးမှာတော့ ကျန်းသုန့်က သူ့ကို ဖိအားအများကြီးပေးလိုစိတ်မရှိပေ။
"ကောင်းပြီး မင်းရဲ့အဝတ်အစားတွေရော၊ ဆံပင်ရောအရမ်းမိုက်တယ်၊ ဝင်သွားတော့"
သက်မှတ်ထားတဲ့အချိန်က ၄နာရီခွဲဖြစ်ပြီး သူရောက်သွားတဲ့အချိန်နှင့် ကွက်တိကျလေသည်။ ရွှီလော့ယန်က တံခါးကိုသုံးချက်ခေါက်လိုက်ပြီး ,"ဝင်ခဲ့ပါ" ဟုပြောတဲ့အသံကိုကြားလိုက်ရမှသာ တံခါးလက်ကိုင်ဘု ကိုလှည့်ပြီး အခန်းထဲဝင်လိုက်သည်။
အခန်းထဲကို လှမ်းဝင်ပြီးတာနှင့် ရွှီလော့ယန်က အတွင်းပိုင်းအပြင်အဆင်ကို အမြန်စကင်န်ဖတ်လိုက်သည်။
အခန်းက အမြင်အားဖြင့် ကျယ်ပြီး ဗလာဖြစ်နေသည်။မုန့်ဟွာကျန်းနှင့်အခြားလူလေးယောက်တို့က စားပွဲရှည်ကြီးရဲ့ အစွန်ဆုံးမှာ ထိုင်နေကြပြီး အားလုံးဝတ်စုံပြည့်ဝတ်ထားသည်။ရွှီလော့ယန်က ယင်းတို့ထဲတွင် ဇာတ်ညွှန်းရေးဆရာနှင့် ထုတ်လုပ်သူတို့ ပါဝင်ကြောင်း ခန့်မှန်းလိုက်သည်။
စားပွဲရှည်ကြီးရဲ့ တစ်ဖက်မှာ ထူးထူးခြားခြားဖြစ်နေသည်မှာ စားပွဲတစ်လုံး၊ စာအုပ်အပြည့်ထည့်ထားသော စာအုပ်စင်၊ ကျောက်သင်ပုန်းတစ်ခုနှင့် အခြားကျပန်းပစ္စည်းအနည်းငယ်ရှိနေသည်။ တစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရင် သေးငယ်တဲ့စာကြည့်ခန်းတစ်ခုလိုပင်။
ရွှီလော့ယန်က သူ့စိတ်ထဲမှာ တုန်လှုပ်နေပေမဲ့ အပြင်မှာတော့ အတုန်မလှုပ်ပုံံရိပ်ကို ထိန်းထားဆဲ ဖြစ်သည်။
"ဒါက မင်းအတွက် ငါတို့ အထူးစီစဉ်ထားတဲ့ audition တစ်ခုပဲ"
မုန့်ဟွာကျန်းရဲ့ အမူအရာသည် နူးညံ့သိမ်မွေ့နေဆဲဖြစ်ပြီး ကြင်နာသောလူကြီးလူကောင်းတစ်ဦးကဲ့သို့ သူ့လည်စည်းကို စေ့စေ့စပ်စပ်ချည်နှောင်ထားကာ "ဒါပေမယ့် ဒီ audition အတွက်၊ ငါတို့က မင်းကိုဇာတ်ညွှန်းထဲက ဇာတ်ကွက်ကိုသရုပ်ဆောင်ခိုင်းမှာမဟုတ်သလို ရယ်ခိုင်းငိုခိုင်းမှာလည်းမဟုတ်ဘူး"
ထိုအချိန်မှာ ရွှီလော့ယန်က စိတ်ကိုအတက်နိုင်ဆုံးလျှော့ချထားပြီး အာရုံကိုစုစည်းထားလိုက်သည်။ သူကခေါင်းညိတ်ပြလိုက်ပြီး လေးလေးနက်နက်နားထောင်နေလေသည်။
"ငါတို့အခု ဇာတ်ညွှန်းတစ်ခုဖန်တီးထားတယ်"
မုန့်ဟွာကျန်းက အညိုရောင်ဆံပင်နှင့် ကျောင်းစိမ်းရောင်မျက်လုံးရှိတဲ့ သူ့ဘေးကလူကို တစ်ချက်ကြည့်လိုက်ပြီး "ဒါက ပရောဖက်ဆာယို ရဲ့စာကြည့်ခန်းပဲ ၊ ပရော်ဖက်ဆာယို ကသူ့ရဲ့ ရှားပါးတဲ့အားလပ်ချိန်တွေကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတာ ငါတို့မြင်ချင်တယ်"
ပရော်ဖက်ဆာယိုက ရွှီလော့ယန် လာအရွေးပြိုင်တဲ့ ဇာတ်ကောင်ဖြစ်သည်။သူ့နာမည်အပြည့်အစုံကယိုစု ဖြစ်ပြီး သူ သုသေသနပြုတဲ့ နယ်ပယ်က ရူပဗေဒဖြစ်၏။
ရွှီလော့ယန်စိတ်ထဲ၌ အတော်လေးတုန်လှုပ်သွားမိသည်။
"အားလပ်ချိန်ကို ဘယ်လိုကုန်ဆုံးမလဲ"ဆိုတာက ဖြေရလွယ်တဲ့မေးခွန်းတစ်ခုလို့ပြောလို့ရပေမဲ့ တစ်ကယ်တန်းကျတော့ ဇာတ်ညွှန်းထဲကငိုတာ၊ရယ်တာ၊ ဒါမှမဟုတ် ဇာတ်ကွက်တစ်ခုခုကို သရုပ်ဆောင်ရတာထက် ပိုခက်ခဲလေသည်။သို့ပေမယ့် သူကစိတ်အေးအေးထားလိုက်ပြီး ယဥ်ကျေးစွာမေးလိုက်သည်။
"အခုအားလပ်ချိန်ကုန်ဆုံးတာမှာ ပါမောက္ခရဲ့အသက် ဘယ်အရွယ်တုန်းကလဲဆိုတာမေးလို့ရမလားဗျ"
ထိုမေးခွန်းကိုဖြေပေးတဲ့သူက မုန့်ဟွားကျန်းရဲ့ဘေးမှာထိုင်နေတဲ့ ဆံပင်အညိုရောင်နှင့်အမျိုးသားဖြစ်ပြီး သူက"လေးဆယ့်နှစ်နှစ် ၊သူ့မှာအတိတ်ကို ပြန်သွားဖို့ အခွင့်အရေးမရသေးဘူး"
"ကျေးဇူးတင်ပါတယ်"
ရွှီလော့ယန်က ကျေးဇူးတင်စကားအပြင် ခေါင်းကိုပါညိတ်ပြလိုက်ပြီး စာကြည့်ခန်းကိုတစ်ဖန်ပြန်ကြည့်လိုက်သည်။ စက္ကန့်သုံးဆယ်မပြည့်ခင်မှာပင် နောက်ထပ်မေးခွန်းတစ်ခုထပ်မေးလိုက်သည်။
"ကျွန်တော် ဒီနားလေးက ပစ္စည်းလေးတွေကို နည်းနည်းလောက်ရွှေ့လို့ရမလားဗျ"
မုန့်ဟွာကျန်းရဲ့ အပြုံးကပိုနက်ရှိုင်းလာပြီး "ရတာပေါ့၊ မင်းစိတ်ကြိုက်ရွှေ့ အားမနာနဲ့"
ရွှီလော့ယန်က အသက်ကိုပြင်းပြင်းရှုလိုက်ရင်း ဤတစ်ခေါက်audition က လုံးဝကိုမလွယ်ကူဘူးဆိုတာသိလိုက်ရသည်။ စာကြည့်ခန်း အတွင်းတစ်ယောက်ထဲသရုပ်ဆောင်ရမှာက အတော်လေးကိုးယိုးကားယားနိုင်နေပေသည်။ကွဲလွဲနေတဲ့အပိုင်းတွေကို အရင်ရှာပြီး မပြင်ဘူးဆိုရင် သူအမှတ်တွေအများကြီးဆုံးရှုံးသွားနိုင်သည်။
သူက ကုလားကာများကို ဦးစွာပိတ်လိုက်ပြီး အခြားမီးများအားလုံးကို ပိတ်ကာ စားပွဲတင်မီးအိမ်ကိုသာ ဖွင့်ထားလိုက်သည်။ ထို့နောက် ဘောပင်နှင့် ဘောပင်ထည့်တဲ့ခွက်ကို ဘယ်ဘက်သို့ရွှေ့ကာ အနက်ရောင်မှင်ကို အပြာရောင်သို့ ပြောင်းလိုက်ပြီး ထိုင်ခုံပေါ်မှ ကူရှင်ပျော့ကို ဖြုတ်ကာ ထောင့်စွန်းတွင် ထားလိုက်၏။
ယင်းတို့တွေအားလုံးက ယိုစု ရဲ့ အလေ့အထတွေဖြစ်သည်။ သူကစာဖတ်တဲ့အချိန်မှာ တောက်ပလွန်းတာကို မကြိုက်ပေ၊ အာရုံစူးစိုက်မှု ပိုရှိစေတဲ့ မီးလုံးမျိုးကိုပိုကြိုက်သည်၊ ဘယ်လက်နဲ့စာရေးသလို၊ အပြာရောင်မှင်တောက်တောက်ကို သုံးလေ့ရှိပြီး သတ္တုကုလားထိုင်ရဲ့ မာကျောတဲ့ မျက်နှာပြင်ပေါ်မှာ ထိုင်ရတာကိုလည်းသဘောကျ၏၊ အဲဒါတွေက သူတွေးခေါ်တဲ့နေရာမှာ အထောက်အကူပြုပေးတယ်လို့ သက်မှတ်ထားတာကြောင့်ပင်။
ရွှီလော့ယန် နေရာရွှေ့ပြီးတဲ့နောက် ဘောပင်ထည့်တဲ့ခွက်ထဲက ဘောပင်တစ်ချောင်းကိုယူလိုက်ပြီး ယင်းကို စက္ကန့်အနည်းငယ်လောက်ငုံ့ကြည့်နေလိုက်သည်။ပြီးနောက် ဘောပင်အဖုံးကို သပြီးချွတ်လိုက်တဲ့အချိန်မှာပဲ ရွှီလော့ယန်က သူ့ရဲ့ ဇာတ်ကောင်ထဲကိုနစ်မြှပ်လိုက်ပြီဆိုတာ မုန့်ဟွာကျန်းရုတ်တရက်သတိပြုမိလိုက်သည်။
သေးငယ်တဲ့လုပ်ဆောင်ချက်သေးသေးလေးကပင် ယခင်ကလူက ရွှီလော့ယန်ဖြစ်ပြီး ယခုတစ်ယောက်က ယိုစု ဆိုတာကို ခွဲခြားလို့ရလေသည်။
ယိုစုက ဘောပင်ကိုကိုင်ထားရင်း စာရွက်ကြမ်းပေါ်မှာ ဖော်မြူလာတွေဆက်တိုက်ချရေးဖို့ ဟန်ပြင်ထားလေသည်။ထို့နောက် တိတ်ဆိတ်ထဲလေထုထဲမှာ ရုတ်တရက် စာရွက်နှင့်ဘောပင်တို့ ပွတ်တိုက်မိသံများထွက်ပေါ်လာပြီး နောက်စက္ကန့်အနည်းငယ်အတွင်းမှာပင် ဘောပင်ကိုင်ထားတဲ့လက်ကရပ်တန့်သွားပြီး ဘယ်လပ်ကအင်္ကျီလက်ကို ခေါက်တင်လိုက်တာကြောင့် ထင်ရှားသော သွေးပြန်ကြောများကိုပင်မြင်နေရပေသည်။
ဆယ်စက္ကန့်လောက်ကြာတော့ ယိုစုက ဘောပင်ကိုခဏလွှတ်ချလိုက်ပြီး သူ့မျက်လုံးတွေထဲမှာ သိသာတဲ့ရှုပ်ထွေးမှုတွေထွက်ပေါ်လာလေသည်။ သူရဲ့မျက်ခုံးမွှေးနှစ်ခုက ထိစပ်လုနီးပါးကျုံ့ဝင်နေပြီး ဒေါသတကြီးနှင့် ထိန်းလို့မရတဲ့ ပြဿနာကို ရင်ဆိုင်နေရသလိုပင်။
သူက ဘောပင်ကို ပေါ့ပေါ့တန်တန် လွှင့်ပစ်လိုက်ပြီး မှင်အစက်အနည်းငယ် လွင့်စင်သွားတာကိုပင် ဂရုစိုက်ဟန်မပြဘဲ စာအုပ်စင်ပေါ်က စာအုပ်အနည်းငယ်ရှာဖို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
အတော်လေးထူတဲ့ စာအုပ်နှစ်အုပ်ရဲ့ စာမျက်နှာအနည်းငယ်ကို လှန်ကြည့်ပြီးနောက် သူတို့ကို နဂိုနေရာမှာပဲ ပြန်ထားလိုက်သည်။
သူက ထိုနေရာတွမှာပဲ ခဏလောက်ရပ်နေပြီးမှ ရုတ်တရက် တစ်ခုခုကို တွေးမိသလိုမျိုး အနီးရှိ ကျောက်သင်ပုန်းလေးတစ်ခုဆီသို့ အမြန်လျှောက်သွားကာ မြေဖြူခဲဖြင့် စာစရေးတော့သည်။ ဖော်မြူလာတွေရဲ့ ကြီးမားတဲ့ အပိုင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်၊ သူ့ရဲ့ လှုပ်ရှားမှုတွေ မြန်လာတာနဲ့အမျှ မြေဖြူဖြူမှုန့်တွေကလည်း သူ့ဆံပင်များပေါ်သို့ ကျလာလေသည်။
'ဖောက်'ဆိုတဲ့ အသံနဲ့အတူ၊ မြေဖြူခဲက ရုတ်တရက် ကျိုးသွားပြီး ယိုစု ၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေသော အပြုံးက ချက်ချင်း အေးခဲသွားသည်။ သူ့အကြည့်တွေက တဖြေးဖြေးနှင့် တွက်ချက်နေသလိုဖြစ်နေပြီး သူ့အတွေးတွေ ပြတ်တောက်သွားသည်နှင့် သူ့မျက်လုံးတွေက တဖြည်းဖြည်း ဗလာဖြစ်သွား၏။
ထို့နောက် သူက ဖြည်းညှင်းစွာပင် သူ့မျက်နှာကို ကျောက်သင်ပုန်းပေါ်မှာ ဖိထားပြီး မသိစိတ်က မြေဖြူခဲ ကိုင်ထားခြင်းမရှိတဲ့ သူရဲ့ညာလက်နှင့် ကျောက်သင်ပုန်းပေါ်ကို ဖိလိုက်ရာ သူ့လက်ညိုးက တစ်စုံတစ်ခုကို ရေးနေသလို သို့မဟုတ် ပုံဆွဲနေသကဲ့သို့ ခပ်မြန်မြန် ရွေ့လျားနေသည်။
ထို့နောက် ဤကိုယ်ဟန်အတိုင်းပဲ ယိုစုရဲ့လက်က နှစ်မိနစ်မျှလှုပ်ရှားလိုက်ပြီး မကြာခင်မှာပင် ကျောက်သင်ပုန်းတစ်ခုလုံး ဖော်မြူလာများဖြင့် ပြည့်နေလေသည်။
မြေဖြူခဲကို လွှင့်ပစ်လိုက်ပြီးနောက် သူ့တွက်ထားတံဖော်မြူလာကို မော့ကြည့်လိုက်ပြီး ဖြည်းညှင်းစွာပင် ပြုံးစပြုလာတော့သည်။ သို့သော် သူပြုံးနေတုန်းမှာပင် သူ့ရဲ့အမူအရာက နောက်တစ်ခါပြန်ပြီး အမူအယာမဲ့သွားပြန်သည်။ထို့နောက် အရှေ့သို့ခြေတစ်လှမ်းတိုးကာ အော်လိုက်ပြီး ပြင်းထန်စွာ ကန်ချလိုက်ရာ ကျောက်သင်ပုန်းက သစ်သားဘောင်နှင့်အတူ ကြမ်းပြင်ပေါ်သို့ကျသွားလေတော့သည်။
ယိုစု လုံးဝ ငြိမ်သက်သွားပြီးနောက် ဆယ်စက္ကန့်ခန့်အကြာမှာ ရွှီလော့ယန်က လှည့်လာပြီး မုန့်ဟွာကျန်းနှင့်အခြားသူတွေဘက်လှည့်လိုက်ကာ "ပရော်ဖက်ဆာယို ရဲ့အားလက်ချိန်အတိုလေး ကုန်ဆုံးသွားပါပြီ " ဟုပြောလိုက်တော့၏။
မုန့်ဟွာကျန်းက စိတ်ဝင်တစားပြုံးနေတဲ့ မျက်လုံးတွေဖြင့် ရွှီလော့ယန်ကို ကြည့်လိုက်ပြီး
"ငါတို့ကို အံသြစရာကောင်းတဲ့သရုပ်ပြမှုတစ်ခု ပြသပေးတဲ့ အတွက်မင်းကို ကျေးဇူးတင်ပါတယ်... ငါတို့ ဒီဇာတ်ကားကို ပြင်ဆင်နေတာ နှစ်နှစ်ကျော်ရှိနေပေမဲ့ သင့်တော်တဲ့ သရုပ်ဆောင်ရှာမတွေ့တာနဲ့ဘဲ ရွေ့ဆိုင်းထားခဲ့ရတာ...အဲ့ဒါကြောင့် သရုပ်ဆောင် ရွေးတဲ့နေရာမှာ တော်တော်လေးသတိထားရတယ်"
ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်ပြီး "အဲ့ဒါကို ကျွန်တော်နားလည်ပါတယ်"
"အမ်း... အဲ့ဒါကြောင့်ငါတို့မင်းကိုရွေးခဲ့တာ"
"ဟင်"
ရွှီလော့ယန်က သူ့အမူအရာကို မထိန်းနိုင်တော့သဖြင့် သူ့ပုံစံကအနည်းငယ် ရယ်စရာကောင်းသွားပေသည်။
"ငါတို့ မင်းကို ရွေးပြီးပြီး..."
မုန့်ဟွာကျန်းကပြုံးပြီး ဆက်ပြောလေသည်။
"ငါတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုအတွက် မျှော်လင့်နေတယ်"
စင်္ကြံလမ်းမှာ ကျန်းသုန့်က ကော်ဖီခွက်ကို ကိုင်ထားရင်း နံရံကိုမှီကာ ရပ်နေလေသည်။ တံခါးဖွင့်တဲ့အသံကြားတော့ သူက အမြန်မတ်မတ်ရပ်လိုက်ပြီး ရွှီလော့ယန်ရဲ့ မျက်နှာအမူအယာကို အနည်းငယ်အကဲခက်လိုက်သည်။ပုံမှန်အမူအယာအတိုင်းရှိနေတာကို မြင်မှ အနည်းငယ်စိတ်သက်သာရာ ရသွားလေသည်။
ကြည့်ရတာတော့ မျှော်လင့်ချက်ရှိတဲ့ ပုံပါပဲ..
သူကအနားကို လျှောက်သွားလိုက်ပြီး သူ့လေသံကမူပေါ့ပါးနေကာ "ဒီည ဘာစားချင်လဲ ၊ငါဝယ်ကျွေးမယ်"
ရွှီလော့ယန်ရဲ့ အသံကပုံမှန်ဖြစ်နေဟန်ဖြင့်ပြန်မေးလိုက်၏။
"တကယ်လား"
"အင်း တကယ်တော့ ဒီနေ့မင်းကြိုက်တာ စားလို့ရတယ်"
ထိုအဖြေကိုကြားတော့ ရွှီလော့ယန်ရဲ့ မျက်နှာမှာ အပြုံးလေးတစ်ခုပေါ်လာပြီး
"ကျေးဇူးတင်ပါတယ် ကျန်းကော ၊ ဒါပေမဲ့ ကျွန်တော်တို့ နည်းနည်းနောက်ကျမှသွားလို့ရမယ်ထင်တယ်၊ ဒါရိုက်တာမုန့်က ကျွန်တော်ရဲ့ အေးဂျင့်ကို စာချုပ်ကိုဝင်ကြည့်စေချင်တယ်တဲ့ ၊တကယ်လို့ ဘာပြဿနာမှမရှိရင် ဒီနေ့ပဲ ကျွန်တော်တို့ လက်မှတ်ထိုးလို့ရပြီလို့ပြေတယ်"
ကျန်းသုန့်က ရွှီလော့ယန်ကို ခဏလောက်စိုက်ကြည့်နေပြီးနောက် သူ့ပုခုံးပေါ်လက်တင်လိုက်ပြီး "မင်းက တစ်ကယ်ပဲ မင်းရဲ့ ကျန်းကောကိုတောင် ထောင်ချောက်ထဲကျအောင်လုပ်တက်နေပြီပေါ့"
နှုတ်ခမ်းကိုသပ်လိုက်ရင်း ရွှီလော့ယန်က ရယ်လိုက်ကာ "အဲ့ဒါ ချီချန်အန်း စီကနေသင်ယူခဲ့ရတာတွေလေ"
တကယ်ပဲအချစ်က ဘယ်လောက်ကြီးမြတ်နေလို့လဲ...
သို့ပေမဲ့ ကျန်းသုန့်က သူ့ကိုစူးစူးဝါးဝါး စိုက်ကြည့်ရုံကလွဲ ဘာမှထပ်မပြောလိုတော့သဖြင့် အင်္ကျီနှင့် လည်စည်းကို သေချာပြန်ညှိလိုက်ပြီး တံခါးဖွင့်ကာ အခန်းထဲကိုဝင်သွားလေသည်။
သူတို့နှစ်ယောက် ဟိုတယ်က ထွက်လာတော့ အချိန်ကတော်တော်လေးမှောင်နေပြီဖြစ်သည်။ ကျန်းသုန့်က ကားမောင်းသူနေရာမှာထိုင်နေပြီး ရွှီလော့ယန်က ခရီးသည်တင်တဲ့ ခုံမှာထိုင်နေတာဖြစ်သည်။တစ်ခုထဲသော ကွာခြားချက်မှာ ရွှီလော့ယန်ရဲ့ ပေါင်ပေါ်မှာ စာချုပ်တစ်ခုရှိနေတာပင်။
"ငါအချိန်ဇယားကို စစ်ကြည့်ပြီးပြီး ဇူလိုင်လကုန်မှာ အဖွဲ့သားတွေနဲ့ပူးပေါင်းပြီးတော့ ဇာတ်ကားတစ်ခုလုံးကို နိုင်ငံခြားမှာရိုက်ရမှာ...တိဇီရဲ့ အင်္ဂလိပ်စာ စွမ်းရည်က သိပ်မကောင်းဘူး အဲ့တော့ သူ့ကိုအားကိုးလို့မရဘူး၊ ငါမင်းအတွက် ယာယီလက်ထောက်တစ်ယောက် မှားလို့ နှစ်ယောက်ရှာရမယ်"ထို့နောက် ကျန့်သုန်းက ဆက်ပြောလိုက်သည်။
"ရုပ်ရှင်အဖွဲ့သားတွေနဲ့ မပူးပေါင်းခင် မင်း Cနိုင်ငံကိုတစ်ခေါက်ပြန်သွားရမယ်၊ အဲ့မှာ အရေးကြီးတဲ့ ကြော်ငြာတွေကို ပြီးအောင်ရိုက်ရမယ်၊ အင်တာဗျူးနှစ်ခုနဲ့ ကုန်ပစ္စည်းကြေငြာ နှစ်ခုလဲရိုက်ရဦးမယ်၊ အဲ့ဒါတွေပြီးရင်တော့ ငါမင်းအတွက် အနားယူလို့ရအောင် အားလပ်ချိန်ရအောင် ဖယ်ထားပေးပါ့မယ်"
ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်ပြီး "ကျန်းကော မင်းအစီအစဥ်သာဆွဲ ထားလိုက် ကျွန်တော်က လိုက်နာရုံပဲ"
ပြီးနောက် သူက ကားပြတင်းမှန်ကနေ အပြင်က နီယွန်မီးတွေကို ကြည့်လိုက်ပြီး "ဒါပေမဲ့ မနက်ဖြန်ကိုတော့ ကောအားအောင်လုပ်ပေးလို့ရမလား"
"ရတာပေါ့" ဟုဖြေပြီးနောက် ကျန်းသုန့်က သူ့ကိုလှည့်ကြည့်လိုက်ပြီး "မင်းဘာတွေများတွေးနေလို့ နားရွက်တွေနီတဲ့အထိ ဖြစ်နေရတာလဲ"
ရွှီလော့ယန်က သူ့နားကိုအမြန်အုပ်လိုက်ပြီး "ကျွန်တော်နားတွေတစ်ကယ်နီနေတာလား"
သူကနည်းနည်းလေး အရိုင်းဆန်တာတစ်ခုကို တွေးနေခဲ့တယ်ဆိုပေမဲ့ တစ်ကယ်ကြီးသူ့နားရွက်တွေနီလာတယ်ပေါ့
"မဟုတ်ဘူး"
"………"
"ဒီလို ကြီးမားတဲ့ တုံ့ပြန်မှုမျိုးကိုကြည့်ရတာအရတော့တစ်ခုခုရှိနေတယ်မလား...ဒါပေမယ့် မင်းရဲ့ မာနလေးကိုကယ်တင်ဖို့ မမေးတော့ဘူး ၊ ငါမနက်ဖြန်ကိုတော့ အားအောင်လုပ်ပေးလို့ရတယ် ဒါပေမဲ့ သဘက်ခါ မွန်းတည့်ချိန်ထွက်မဲ့ လေယာဥ်ချိန်ကိုတော့ ပြောင်းပေးလို့မရဘူး"
"ပြဿနာမရှိပါဘူး"
"ဒါဆို ငါမင်းကို ဟိုတယ်ကို ပြန်ပို့ပေးပြီးရင် ရွှယ်ယင်းကို သတင်းအသစ်တင်ခိုင်းလိုက်မယ်...မင်းကလည်း သူနဲ့ပူးပေါင်းပြီး ပြန်တင်ပေးဖို့လိုတယ်"
"ကိစ္စမရှိပါဘူး"
ယို့လီ Entertainment ရဲ့ တရားဝင်အကောင့်ကနေရွှီလော့ယန်က မုန့်ဟွာကျန်းရဲ့ ဇာတ်ကားအသစ်မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ရန်အတည်ပြုကြောင်း ပိုစ့်တစ်လိုက်ချိန်တွင် ညသန်းအချိန်ရောက်နေပြီဖြစ်သည်။
ရွှီလော့ယန်က "ဒါရိုက်တာ မုန့်နဲ့အခုလိုမျိုး တွဲလုပ်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်၊ ဒီဇာတ်ရုပ်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်"
အဲဒီနောက်မှာတော့ You Li Entertainment ရဲ့လက်အောက်မှာရှိတဲ့ အကောင့်တွေက သတင်းတွေကို တစ်ခုပြီးတစ်ခု ထပ်ဆင့်ပို့ကာ ပင်မစာမျက်နှာကို အပြည့်ဖုံးလွှမ်းလိုက်သည်။
"-ငါအခုတင်အိပ်ဖို့ပြင်နေတာကို ဒီသတင်းကိုမြင်တော့ ငါမအိပ်နိုင်တော့ဘူး၊ငါတို့ရဲ့ လော့ယန်က ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုကို တိတ်တိတ်လေးပြင်နေခဲ့တာပဲ အရင်ကအဲ့ဒါအတွက်အရိပ်အယောင်လေးတောင်မပြခဲ့ဘူး၊ အား.....အား....အား...ဒါရိုက်တာက မုန့်ဟွာကျန်းတဲ့လား ၊ အခုဘယ်သူအိပ်နိုင်သေးလို့လဲ ၊ ငါတော့ ရင်ခွင်ထဲဝင်နေဖို့လိုနေပြီ"
"-အခုက စာချုပ်ချုပ်ပြီးသွားပြီလား ၊ ငါကဒိတိုင်းလမ်းသွားလမ်းလာတစ်ယောက်ပါ ၊ဒါပေမဲ့ ဒီရွှီလော့ယန်ကတော်တော်လေးအောင်မြင်တော့မယ်ဆိုတာ ငါပြောနိုင်တယ်"
"-အားအားအားအားအား ငါဒါကို အကြိမ်ပေါင်းများစွာဖတ်ပြီးပြီ၊ ဒါကတစ်ကယ်ကြီး မုန့်ဟွာကျန်းပဲ၊ ဒါရိုက်တာမုန့် နောက်ဆုံးတော့ ရုပ်ရှင်အသစ်ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီပဲ"
"-ဒါကို အရမ်းသိမ်မွေ့တဲ့ ငါလေးတစ်ယောက်ထဲ ဘာလို့ ရှာတွေ့ရတာလဲ...မကြာသေးခင်က တုရွမ်လန်က ရွှီလော့ယန်ကိုလှည့်စားခဲ့တုန်းက ရွှီရဲ့အဖွဲ့က ဘာမှပြန်မလုပ်နိုက်လောက်အောင်ပျော့ညံ့နေတာလားလို့တွေးခဲ့တာ ဒီလိုအရာမျိုး ပြန်ပေးလိမ့်မယ်လို့ထင်မထားဘူး ၊ငါအရမ်းပျော်နေပါပြီ"
"-ငါ ဂရုမစိုက်ဘူး၊ လော့ယန်ကို နိုင်ငံတစ်ကာကနေ ခေါ်နေပြီ၊အဲ့ဒါကအောက်မြင်မှုကို အကြီးကြီးပေါက်ကွဲထွက်စေလိမ့်မယ်"
နှစ်နာရီအကြာမှာ၊ #မုန့်ဟွာကျန်းရဲ့ရုပ်ရှင်သစ်#၊ #ရွှီလော့ယန်ရဲ့ ပြောင်းပြန်လှန်လိုက်နိုင်မှု၊#တုရွမ်လန် မင်းဘယ်လိုထင်လဲ စတဲ့ hashtag တွေက ထိပ်ဆုံးငါးခုဖြစ်လာပြီး ပရိတ်သတ်တွေရဲ့ ထောက်ခံမှုကလည်းမတည်မငြိမ်ဖြစ်သွားစေမှာစိုးရတဲ့အတွက် ကျန်းသုန့်က ဦးတည်ချက်တစ်ခုကိုညွန်ပြနေရလေသည်။
သတင်းထုတ်ပြန်ရေးလက်ထောက် ရွှယ်ယင်းကလည်း လက်တော့ပ် စခရင်ကိုကြည့်ပြီး နွားနို့သောက်ရင်း သမ်းဝေလိုက်ကာ ကျန်းသုန့်အား "ရွှီကောက တော်တော်လေးကောင်းတဲ့ အရင်းအမြစ် တစ်ခုကိုရလိုက်တာ သိရပြီးတုန်းကဆို ကျွန်မတောင်မနေနိုင်တော့တာ၊ စိတ်လှုပ်ရှားနေတာမှန်ပေမဲ့ တုရွမ်လန်ကို hot search မှာမြင်ရတာ ဘာလို့ပျော်နေမှန်းကိုမသိဘူး"
ကျန်းသုန့်က သူ့ကော်ဖီခွက်ကို တစ်ချက်မှုတ်လိုက်ကာ နူနူးညံ့ညံ့ပြုံးလိုက်ပြီး "ငါတို့ကြားမှာ ရန်ညှိုးရှိနေလို့လေ"
"အမှန်ပဲ"
..........................................................................
ရွှီနျောင်နျောင်ရဲ့ စိတ်ခံစားချက်လေး : မကြာခင် ဂျုလိုင် 7ရက်နေ့ရောက်တော့မယ် [star-eyed.jpg][cake.jpg]
..........................................................................
Translated By IQ-Team.