Chapter 105
ရွှီလော့ယန် ဟိုတယ်ခန်းကိုပြန်ရောက်တော့ ချီချန်အန်းက ဝိုင်ခွက်တွေနေရာချရင်း အလုပ်ရှုပ်နေလေသည်။ဖန်ခွက်ကို အလင်းရောက်အောက်မှာဖောက်ထွင်းပြီးမြင်နေရတာက အတော်လေးဆွဲဆောင်မှုရှိလှသည်။
ခြေသံဖွဖွနင်းကာ လျှောက်သွားလိုက်ပြီး အနောက်ကနေသိုင်းဖက်ကာ ခေါင်းလေးထွက်ပြီး မေးလိုက်၏။
"ချန်အန်း ဘာလုပ်နေတာလဲ "
သူလုပ်နေတာကိုရပ်လိုက်ကာချီချန်အန်းက လက်ကိုကိုင်ပြီး ရွှီလော့ယန်ကို နမ်းလိုက်သည်။ပြီးနောက် ပြန်ဖြေလာသည်။
"ကိုယ်တို့အတူ ရှန်ပိန်နဲ့အောင်ပွဲခံသင့်တယ်မဟုတ်လား "
ရွှီလော့ယန်၏ မျက်နှာထက် ချက်ချင်းဆိုသလို မျက်စိကျိန်းလောက်စေမယ့် အပြုံးတစ်ခုဖြစ်တည်လာရကာ
" ငါ auditionအောင်သွားတာ ဘယ်လိုသိလဲ"
"မုန်းလိုက်တာ ဒါမှမဟုတ်ရင် တခြားဘာရလဒ်ရှိသေးလို့လဲ"ထိုပုံစံအတိုင်း ချီချန်အန်းကသူ့ကို ဆွဲခေါ်သွားသည်။
ရှန်ပိန်ပုလင်းကိုဖောက်လိုက်ပြီးနောက် သူ့လက်ဖမိုးအား ပုတ်လိုက်ပြီး
"နျောင်နျောင် တံခါးခေါက်သံကြားရတယ်၊ကိုယ်တို့ မှာထားတဲ့ညစာရောက်လာပြီထင်တယ် "
" ဟုတ်သားပဲ "
ရွှီလော့ယန် အမြန်သွား၍ တံခါးဖွင့်ပေးလိုက်တော့ အစားအသောက်တွန်းလှည်းကိုတွန်းလာလေသည်။
လှည်းပေါ်ရှိ ပန်းအိုးထဲနှင်းဆီပန်းတစ်ပွင့်ကိုတွေ့ပြီးစားပွဲထိုးအားအသံတိုးတိုးဖြင့် "ကျွန်တော့်သူငယ်ချင်းကနှင်းဆီပန်းနဲ့မတည့်ဘူး "ဟုပြောလိုက်သည်။
အမြန်လေး စားပွဲထိုးကတွန်းလှည်းကိုအထဲကိုမတွန်းခင်လေး ချက်ချင်းဖယ်ပစ်လိုက်သည်။
အစားအသောက်တွေကို စားပွဲပေါ်၌ ခင်းကျင်းလို့ပြီးသွားသည်နှင့် auditionကြောင့်တနေ့ခင်းလုံး စိတ်လှုပ်ရှားနေရသဖြင့် နေလည်စာတောင် ရွှီလော့ယန် ကောင်းကောင်းမစားရသေးပေ။ ယခုချိန်မှာတော့ သူစိတ်အေးလက်အေးဖြင့် တူကိုကိုင်လိုက်ပြီး မရပ်တန့်နိုင်တော့ပေ။ချီချန်အန်းကနေပြီး သူအတွက် အသားကိုတစ်ကိုက်စာအရွယ်အတုံးလေးများ လှီးပေးနေကာ ဖန်ခွက်အလွတ်ထဲအအေးထည့်ပေးပြီးတော့မှသာ သူကစပြီးစားလေသည်။
ညစာစားပြီးနောက် ရွှီလော့ယန်က ချီချန်အန်းအားမေးလိုက်သည်။
"ချန်အန်း ဒီနေ့မင်းရေချိုးလို့ပြီးပြီလား"
ရွှီလော့ယန်၏အတော်လေးစိတ်လှုပ်ရှားနေတဲ့အကြည့်တွေဖြင့်ဆုံတော့ရေချိုးပြီးပြီဖြစ်တဲ့ချီချန်အန်းကခေါင်းခါပြကာ အလေးအနက်ပြန်ဖြေလာသည်။
"မချိုးရသေးဘူး "
ရွှီလော့ယန် ကမျှော်လင့်တကြီးဖြင့် "ဒါဆို မင်းအခုသွားပြီးချိုးလို့ရမလား "
"ရတယ်လေ"
ချီချန်အန်းက သူဆံပင်တွေကိုသပ်တင်ပေးလိုက်ရင်း အပြုံးတစ်ပွင့်ဖြင့်မေးလာသည်။
"နျောင်နျောင် အချိန်ဘယ်လောက်ကြာတဲ့အထိချိုးရမလဲ"
သူရည်ရွယ်ချက်ကို အမြင်ခံလိုက်ရတာကြောင့် အနည်းငယ်ရှက်သွားရပြီး မျက်လုံးကိုအဝေးသို့ပို့လိုက်ကာစိတ်ထဲ၌အချိန်ကိုတွက်လိုက်သည်။
"သိပ်မကြာနဲ့ မိနစ်၂၀လောက်ဆိုရပြီ "
ရေချိုးခန်းတံခါးပိတ်သွားတယ်ဆိုတာသေချာမှ ရွှီလော့ယန်က ရေခဲသေတ္တာဆီပြေးသွားပြီး ကိတ်မုန့်ကိုယူကာ စားပွဲအလယ်၌နေရာချလိုက်သည်။ပြီးနောက်အိပ်ခန်းထဲသို့အမြန်ပြန်ပြေးသွားလိုက်ကာ ကြိုတင်ပြင်ဆင်ထားတဲ့လက်ဆောင်ကိုသွားယူလိုက်သည်။အားလုံးအဆင့်သင့်ဖြစ်ပြီဆိုမှ မီးပိတ်လိုက်ပြီး စောင့်နေလိုက်၏။
သူအချိန်ကိုက်တွက်ထားသည့်အတိုင်း မိနစ်၂၀တိတိကြာပြီးနောက် ရေချိုးခန်းတံခါးဖွင့်သံကိုကြားလိုက်ရသည်။ချီချန်အန်း၏ခြေသံအား သူဂရုတစိုက်ဖြင့်နားစွင့်နေမိသည်။ခြေသံနီးလာတာသေချာပြီဆိုတာနဲ့ ရွှီလော့ယန်က အမြန်သူလက်ထဲမှမီးခြစ်ကို 'ခြစ်'ခနဲထွန်းလိုက်ကာ ထမင်းစားပွဲပေါ်ကဖယောင်းတိုင်ကိုမီးညှိလိုက်သည်။
ဖယောင်တိုင်မီးကအမှောင်ထုအား လျော့ပါးသွားစေကာ ရွှီလော့ယန် မတ်တပ်ရပ်လိုက်ပြီး ချီချန်အန်းကိုပြောလိုက်သည်။
"Happy Birthday ချန်အန်း "
သူ့အပြုံးက ဖယောင်းတိုင်မီးအတိုင်း တောက်ပလွန်းလှသည်။
သူပြောလို့ပြီးသွားတော့ ချီချန်အန်း တုန့်ပြန်တာနှေးနေကြောင်း သတိထားမိသွားပြီး ကိတ်မုန့်ဘူးကိုဖွင့်ဖို့လက်လှမ်းလိုက်သည်။ သို့သော် သူ့ဖွင့်ကြည့်လိုက်တဲ့ခဏမှာ ချက်ချင်းကိုပြန်ပြီးပိတ်ချင်သွားရသည်။
သူလုပ်တုန်းက အဆင်ပြေပါတယ်၊ဒါဆို အခုမှဘာလို့ ရုပ်ဆိုးလိုက်တာလို့ သူထင်နေရတာလဲ...
သူဘေးက ချီချန်အန်းကတော့ရွှင်မြူးနေသည့်အသံဖြင့် "နျောင်နျောင် လုပ်ထားတာလား "
"အင်း ငါကိုယ်တိုင်လုပ်ထားတာ "
ရွှီလော့ယန်က၀န်ခံဖို့အရမ်း၀န်လေးနေပေမယ့် မြင်ပြီးသွားမှတော့ ဖုံးထားစရာမရှိတော့ပေ။
"အပြင်က၀ယ်တဲ့ကိတ်တွေကို ငါမယုံလို့ကိုယ်တိုင်လုပ်ဖို့ဆုံးဖြတ်လိုက်တာ အထဲကဟာမှန်သမျှကိုမင်းစားလို့ရတယ် အပြင်ပန်းကနည်းနည်းဆိုးနေပေမယ့်ပေါ့ "
ရုတ်ချည်းဆိုသလို ချီချန်အန်းလုပ်လိုက်တဲ့အပြုအမှုကြောင့် သူပြောနေတဲ့စကားပျက်သွားရသည်။
ချီချန်အန်းက သူ့ကို စားပွဲပေါ်ကိုချက်ချင်းတင်လိုက်ကာ ဘယ်ဘက်လက်ကခေါင်းကိုထိန်းကိုင်ထားပြီး သူအရှေ့ကလူကို ချက်ချင်းပြင်းပြင်းထန်ထန်ကိုနမ်းလာလေသည်။ညင်သာခြင်းလည်းမရှိသလို နှုတ်ခမ်းကိုနမ်းလာတာလည်းမဟုတ်ဘဲ သူရဲ့လျှာက ပါးစပ်ထဲ မွှေနှောက်နေခြင်းပင်။
နောက်တစ်နေ့ မွန်းတည့်ချိန်အထိ သူတို့နှစ်ယောက်အိပ်ယာကမထကြချေ၊ရွှီလော့ယန်က သန်းဝေလိုက်ပြီး မီးဖိုချောင်သို့သွားကာ ဗိုက်ဖြည့်ရန် ကြက်ဥကြော်လိုက်သည်။သူလျော့တိလျော့ရဲသာ၀တ်ထားတာကြောင့် ပန်းကန်ကိုလှမ်းယူလိုက်တော့ အင်္ကျီလက်ကလက်မောင်းနားထိလျောကျသွားပြီး လက်မောင်းအတွင်းသားပေါ်၌ အမှတ်အသားမြောက်မြားစွာပေါ်လာလေသည်။
အစားအသောက်တွေကိုပန်းကန်ထဲထည့်ပြီးနောက် ပန်းကန်နှစ်ချပ်ကိုကိုင်ပြီး စားပွဲဆီကိုလျှောက်သွားလိုက်သည်။လမ်းလျှောက်ရင်း လည်ပင်းနှင့်ရင်ဘတ်၌ အမှတ်အသားတွေပေါ်လာသည်။ကြည့်ရတာ ထိုနေရာတွေက အတော်လေးထိထားသည့်ပုံပင်။
အေးအေးလူလူ နေ့လည်စာစားပြီးနောက် ချီချန်အန်းကိုဆွဲထားပြီး ဆိုဖာပေါ်ထိုင်ကာ တစ်နေ့ခင်းလုံးရုပ်ရှင်ထိုင်ကြည့်ကြသည်။နောက်နေ့နေလည် လေဆိပ်ဆင်းတော့ ရွှီလော့ယန် စိတ်ကြည်နေတာအသိအသာပင်၊
ကျန်းသုန့်က သူ့အား အသံတိုးတိုးဖြင့်ပြောလာသည်။
"ဒီနေ့ မင်းကို ပင်ပန်းနေမယ်လို့ထင်နေတာ "
ရွှီလော့ယန် " ဘာလို့လဲ "
"အလွန်အကြူးကိုလိုက်စားနေလို့လေ "
"......"
ခဏလောက် ရွှီလော့ယန် မျက်နှာအမူအရာက နည်းနည်းသဘာ၀မကျဖြစ်သွားရသည်။အကြည့်လွှဲလိုက်ပြီး သူ့အလေးအနက်ထားပြီးစဉ်းစားခန်းဖွင့်လိုက်သည်။အမှန်ပင် ပြီးခဲ့တဲ့ရက်တွေက လွန်လွန်ကြူကြူးတိုက်ပွဲ၀င်ခဲ့ကြသည်။
ပြီးတော့ သူ့စိတ်အခြေအနေဒီလောက်ကောင်းနေတာက သူရဲ့အရည်အချင်းတစ်ခုလားပဲ...
၁၀နာရီကြာအောင် ပျံသန်းပြီးနောက် လေယာဉ်ကBမြို့၏လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။ရွှီလော့ယန်ကော ချီချန်အန်းကော အထူးလမ်းကြောင်းကနေမထွက်ခဲ့ကြ၊အထူးသဖြင့် ရွှီလော့ယန် ရုပ်ရှင်အသစ်ကဒါရိုက်တာမုန့်ရိုက်ကူးမယ်ဆိုသည့်သတင်းက ပျံ့သွားပြီး ခေါင်းကြီးပိုင်းတွေမှာနေရာယူထားလေသည်။
သို့သော်လည်း နိုင်ငံခြားရောက်နေတာကြောင့် ယခုအချိန်မှပဲ မီဒီယာရှေ့ ကိုယ်တိုင်ချပြရမည်ဖြစ်သည်။
လေဆိပ်ထွက်ပေါက်၌ သူ့ကိုလာကြိုတဲ့ဖန်တွေကော၊ကင်မရာအတိုတွေအရှည်တွေကိုင်ထားတဲ့သတင်းထောက်တွေကော စောင့်နေကြသည်။ရွှီလော့ယန် ထွက်ပေါက်မှာ ပေါ်လာသည်နှင့် ဖန်တွေရဲ့အော်သံထွက်လာသည်။သူနောက်ကနေပါလာတဲ့ လူကိုမြင်လိုက်တာနှင့် တခဏလောက် ဖန်တွေအသံတိတ်သွားကာ ပြီးမှ လုံးဝပေါက်ကွဲမတတ်အော်ကြတော့သည်။
မီဒီယာသတင်းထောက်တွေအားလုံး အမြန်ပြေးပြီး ရွှီလော့ယန်ကို မိုက်ထိုးပေးကာ မေးခွန်းအမျိုးမျိုးမေးလာသည်။
"ဒါရိုက်တာမုန့်နဲ့ဧည်ခံပွဲမှာတွေ့ပြီး သူ အသိမှတ်ပြုတာကိုခံလိုက်ရတယ်ဆို အမှန်ပဲလား "
"ဒါရိုက်တာမုန့် ရုပ်ရှင်အသစ်မှာပါ၀င်သရုပ်ဆောင်ခွင်ရတဲ့အတွက် ဘယ်လိုခံစားရလဲ "
"ဒါရိုက်တာတုရွမ်လန်နဲ့hot searchကရှာဖွေမှုစာရင်းထဲမှာရှိနေတုန်းပဲ လော့ယန် ဒီကိစ္စအပေါ်ဘယ်လိုထင်လဲ "
ရွှီလော့ယန်နားထဲ မုန့်ဟွာကျန်း၏ရုပ်ရှင်အကြောင်းနှင့်တုရွမ်လန်နဲ့ပတ်သတ်သည့်ပြဿနာအကြောင်း မေးနေသံကိုပဲကြားနေရသည်။
လုံခြုံရေး၀န်ထမ်း၈ယောက်ကနေ လမ်းရှင်းပေးနေပြီး သူနှင့်ချီချန်အန်း ရှေ့ကိုလျှောက်နေရင်း ရုတ်တရတ်
"စောစောက ဖက်ရှင်ရှိုးပွဲက မင်းနဲ့ချီလူကြီးမင်း ဘေးချင်းကပ်ထိုင်ပြီး ရှိုးပွဲကြည့်နေတဲ့ ပုံတွေတတ်လာတယ်၊အခုလည်း တူတူပြန်လာကြတယ်၊ပြီးခဲ့တဲ့ရက်တွေက ချီလူကြီးမင်းနဲ့အတူရှိနေကြတာလား "
ရွှီလော့ယန်ကလမ်းလျှောက်နေရာကနေ ရပ်လိုက်ပြီး နေကာမျက်မှန်ကိုဆွဲချွတ်လိုက်ကာ မေးခွန်းမေးလာတဲ့သတင်းထောက်ကိုဖြေလိုက်သည်။
"ဟုတ်တယ် ငါတို့ တလျှောက်လုံး တူတူရှိနေကြတာ "
ပြီးတာနှင့် နေကာမျက်မှန်ကိုပြန်တပ်လိုက်ကာ ချီချန်အန်း အနောက်ကိုဆက်လိုက်သွားသည်။
သုံးနာရီတောင်မပြည့်သေးခင်မှာပင် ကျန်းသုန့်ပိုက်ဆံပေး၀ယ်ထားသည့် 'ရွှီလော့ယန် ပြန်လည်ရောက်ရှိ'ဆိုသည့် hotsearchအား ဖန်တွေရဲ့ 'သူတို့အတူရှိနေကြတာ'ဆိုသည့် hotsearchကတောင်မှ ကျော်တတ်သွားတော့၏။
နားထင်တွေအားနှိပ်နှယ်လိုက်ပြီး ကျန်းသုန့်က သူ့ကိုယ်သူ့ စကားလုံးတွေဖြင့်သာ နှစ်သိမ့်နိုင်တော့သည်။
ဘာပဲဖြစ်ဖြစ် အားလုံးကhotsearchပဲဟာ ဘာမှသိပ်မကွာသွားပါဘူး။အရေးကြီးတာက စိတ်ကောင်းမွေးရမယ်။
မှန်တင်ခုံရှေ့ဆံပင်ပြင်နေသည့် ရွှီလော့ယန်က သူဖုန်းနဲ့ hotsearchခေါင်းစဉ်ကို ၀မ်းသာအားရနှိပ်ပြီးကြည့်လိုက်သည်။ချက်ချင်းဆိုသလို လေဆိပ်အပေါက်ကနေထွက်လာတဲ့ ကာတွန်းပုံကိုတွေ့လိုက်ရသည်။
'သွားတုန်းကတစ်ယောက်တည်း ပြန်လာတော့ ရှေ့ဆင့်နောက်ဆင့်ပေါ်လာတယ်၊တကယ်ကို ခွေးစာအကြီးကြီးပဲဟ tsk tsk tsk "
'ငါရူးတော့မယ် ရူးသွားတော့မယ်၊ဖက်ရှင်ရှိုးမှာအတူထိုင်တာအဆင်ပြေတယ်၊လေယာဉ်တူတူစီးပြီး ပြန်လာတာအထိလည်း အဆင်ပြေသေးတယ်၊ဒါပေမယ့် ရွှီလော့ယန် ကြွားနေတဲ့ပုံစံကိုကြည့်လိုက်စမ်း ဒီရက်တွေမှာ နင်တို့နှစ်ယောက်အတူတူရှိနေကြတာ ငါတို့မသိချင်ဘူးလို့ "
"သကြားလုံးစားတယ် သကြားလုံးစားတယ် နေ့တိုင်းသကြားလုံးစားကြမယ်၊ငါ ကုချန်cpကိုစွဲလမ်းနေပြီ ရုန်းမထွက်နိုင်တော့ဘူး၊ချိုလွန်းလို့ ခေါင်းတောင်မူးတယ်ဟ"
ဓာတ်ပုံရိုက်တာ ချောမွေ့စွာ ပြီးမြောက်ပြီးတဲ့နောက် ရွှီလော့ယန် ၀မ်းသာအားရ စတူဒီယိုထဲကနေထွက်လာလိုက်သည်။ချီချန်အန်းကို messageပို့မလို့ပြင်နေတုန်း ရုတ်တရတ် ဘေးနားက လုတိကအင်္ကျီလက်စကိုဆွဲလာသည်။
"တိဇီ မင်းရဲ့အားကအရမ်းကြီးတာပဲ အင်္ကျီတောင်မှ......"ပြောနေတာတ၀က်လောက်မှာ ရွှီလော့ယန် ငြိမ်ကျသွားရသည်။
သူအင်္ကျီလက်စအား ဆွဲဆန့်လိုက်ကာပုံမှန်ကင်မရာရှေ့မှာပြုံးသည့်အတိုင်းပြုံးလိုက်ရင်း အရှေ့ကိုခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
"ဒါရိုက်တာတု မတွေ့တာကြာပြီနော် "
ရွှီလော့ယန်ကိုမြင်တာနှင့် တုရွမ်လန်ရဲ့မျက်နှာကမည်းမှောင်သွားရသည်။
"မင်း ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ "
ရွှီလော့ယန် "မဂ္ဂဇင်းအဖုံးအတွက် ဓာတ်ပုံလာရိုက်တာ၊ပြည်တွင်းကအလုပ်တွေပြီးသွားတာနဲ့ ရိုက်ကူးရေးထဲ၀င်ရတော့မှာ "
ရွှီလော့ယန် ပြုံးနေတာကို စိမ်းကားစွာတစ်ချက်ကြည့်လိုက်ပြီး တိုတိုတုပ်တုပ် ပြန်ပြောလာသည်။
"ဂုဏ်ယူပါတယ် "
ရွှီလော့ယန်က အပြုံးတစ်ခုရှိနေဆဲဖြစ်ကာ "ကျွန်တော်ကို ဒီအခွင့်အရေးကိုပေးခဲ့တဲ့ ဒါရိုက်တာတုကိုလည်းကျေးဇူးတင်ပါတယ် "
ဘေးမှာရပ်နေတဲ့ ကျန်းသုန့်က ထိုစကားကိုကြားတော့ အသံထွက်ပြီး ရယ်လုနီပါးဖြစ်သွားရသည်။ရွှီလော့ယန်တစ်ယောက် ချီချန်အန်းလွှမ်းမိုးတာ ခံလိုက်ရပြီဟု သူသဘောပေါက်လိုက်သည်။
သူကသွယ်ဝိုက်ပြီး မျက်နှာကိုဖြတ်ရိုက်သည့်နည်းကိုပိုသုံးလာသည်။
ဒီကျေးဇူးတင်တယ်လို့ပြောတာက 'ကျေးဇူးတင်ပါတယ် ဒါရိုက်တာတု ကျွန်တော်ကိုအမျိုးသားဇာတ်ဆောင်အဖြစ်မသုံးတဲ့အတွက် မဟုတ်ရင် သူ မုန့်ဟွာကျန်းနဲ့အလုပ်တွဲလုပ်ဖို့ ဘယ်လိုလုပ်ပြီးအခွင့်အရေးရှိတော့မလဲ ' ဟုဆိုနေသလိုပင်။
သေချာပေါက် ဒါရိုက်တာတုရဲ့မျက်နှာကပိုမည်းလာရသည်။
စကားပြောနေတဲ့တလျှောက်လုံး ရွှီလော့ယန်က ရည်မွန်သည့်အပြုံးဖြင့် "ဒါရိုက်တာတုရဲ့အချိန်တွေကိုမယူတော့ပါဘူး "
ရိုးရိုးသားသားဟန်ဖြင့် သူက "ဒါရိုက်တာတုနဲ့အလုပ်တူတူတွဲလုပ်ဖို့ အခွင့်အရေးကိုမျှော်နေပါတယ်"ဟုပင် ပြောလိုက်သေး၏။
အားလုံးကဝိုင်းကြည့်နေတာမို့ တုရွမ်လန်လည်း မည်းမှောင်နေသည့်မျက်နှာဖြင့်သာ "ငါလည်း စောင့်မျှော်နေပါတယ်"ဟုပြောလိုက်ရလေသည်။
____
Translated By IQ-Team.