အပိုင်း ၁၀၈
Viewers 22k

Chapter 108


ချီချန်အန်းက ဇာတ်ညွှန်းကိုဖတ်ပြီးပြီဖြစ်တာကြောင့် ဘယ်ဇာတ်၀င်ခန်းလဲဆိုတာကို သိလေသည်။အသက်လေးဆယ်အရွယ် ယိုစုက တက္ကသိုလ်တတ်နေချိန်ကိုပြန်ရောက်လာသည့်အခန်းဖြစ်သည်။


သူဒုတိယမြောက်‌ပြောင်းလဲချင်သည့်ကိစ္စမှာ သူရဲ့ပါ‌ေမာက္ခဆရာနှင့်ပတ်သတ်နေသည်ပင်။


cut လို့အော်လိုက်ပြီး မုန့်ဟွားကျန်းက ရွှီလော့ယန်ကို သူတို့နားလာခဲ့ဖို့ လက်ပြလိုက်သည်။ရွှီလော့ယန် မျက်လုံးတွေက မှိုင်တွေနေပြီး လက်ကတုန်နေသေးသည်။


သူကဘေးနားကိုရွှေ့လိုက်ကာ "အချိန်ယူ ချီချန်အန်းကို ပိုပြီးကြည့်ပေး "


ထိုနာမည်ကိုကြားလိုက်သည်နှင့် ရွှီလော့ယန်က တဆတ်ဆတ်တုန်ယင်‌နေသည့်မျက်တောင်များဖြင့်မော့ကြည့်လာသည်။


မုန့်ဟွာကျန်းက သူ့အမူအယာကို တောက်လျှောက်စောင့်ကြည့်နေလျက်ရှိပြီး ပုံမှန်ပြန်ဖြစ်သွားပြီဆိုမှ သူကလေသံအေးအေးဖြင့်မေးလိုက်သည်။ 


"မင်းက ဘယ်သူလဲ "


"ရွှီ....ရွှီလော့ယန် "


"ကောင်းတယ် ကောင်းတယ် အချိန်ယူလိုက် ဒီအခန်းကိုပြန်ရိုက်မယ် "


ရွှီလော့ယန် ကင်မရာရှေ့ကိုပြန်သွားတော့ ချီချန်အန်းကမေးလိုက်သည်။ 


"ခုနက ရိုက်တဲ့အခန်းကို ခင်ဗျား ဖျက်လိုက်ပြီမှတ်လား "


"ဟက် ဒါက လျှို့ဝှက်ထားစမ်းပါ " 


မုန့်ဟွာကျန်းက ရွှီလော့ယန် သရုပ်ဆောင်ချက်အား မော်နီတာကနေကြည့်နေရင်း တိုးတိုးပြောလေသည်။


"ရိုက်ထားတဲ့ဟာတော်တော်များက တကယ်တော့ အလကားပဲသုံးလို့မရဘူး၊ဒါပေမယ့် ရွှီလော့ယန်နဲ့ ငါအချိန်ဖြုန်းပေးနိုင်တယ်၊ငါထင်တာမမှားရင် ငါ့ကို သူအံ့အားသင့်သွားအောင်လုပ်လိမ့်မယ် "


ချီချန်အန်း၏မျက်လုံးများ ပြုံးရိပ်သန်းသွားရသည်။


 "သေချာပေါက်ပဲ "


"အင်း သူကစိန်တုံးတစ်တုံးလိုပဲ အရောင်ထွက်အောင်သွေးပေးဖို့ပဲလိုတာ ဒါဆိုရင် သူ အားလုံးကိုအံ့အားသင့်သွားအောင်လုပ်နိုင်လိမ့်မယ်၊ 'Divergent Road 'တုန်းကထက်စာရင် ငါလက်ထဲ ပိုပြီးတိုးတတ်လာတယ်လို့ မင်းမထင်ဘူးလား"


"အင်း တိုးတတ်လာတာ သိသာတယ်၊သူ ဇာတ်ကောင်ထဲနစ်၀င်တာပိုမြန်လာပြီး တဖြည်းဖြည်းသူပုံစံကိုပြောင်းလဲနေတယ် "


"ဒါကြောင့် ငါတို့တွေ စိတ်ရှည်ဖို့လိုတယ်"


မုန့်ဟွာကျန်းက ကင်မရာထဲက ရွှီလော့ယန်ကို ကြည့်နေကာ သူ့စိတ်ခံစားချက်တွေကိုထိန်းထားလိုက်ပြီး အသေးစိတ်ရှင်းပြနေသည်။


မုန့်ဟွားကျန်းက မော်နီတာကနေ အကြည့်လွှဲလိုက်ကာ ချီချန်အန်း ကိုကြည့်လိုက်ပြီး"သူ ဇာတ်ကောင်ထဲမှာပိတ်မိနေရင် မင်း သူ့ကိုပြန်ဆွဲထုတ်ပေးရမယ် "


ချီချန်အန်းက ခေါင်းညိမ့်ပြလိုက်သည်။ 


"ကျွန်တော်လုပ်မှာပါ အရင်တုန်းက သူက ကျွန်တော်ကိုအလင်းရောင် အောက်ကို ဆွဲခေါ်ပေးခဲ့တာ "


ဒါရိုက်တာမုန့်က ဆက်မမေးတော့ ၊သူနည်းနည်းပြုံးလိုက်တော့ မျက်လုံးထောင့်ကအရေးကြောင်းတွေကြောင့် ပိုပြီး ကြင်နာသည့်ပုံစံပေါက်သွားစေ၏။ 


"အရမ်းကောင်းတယ် "


"အင်း သူက အရမ်းကို ကောင်းပါတယ် "


ချီချန်အန်းက ကင်မရာအရှေ့မှာမတ်တပ်ရပ်နေသည့် ရွီလော့ယန်အား ကြည့်လိုက်စဥ်တွင် မျက်လုံးတွေက သူတောင်မသိလိုက်ဘဲ နူးညံသွားရသည်။


တချိန်က သူအတိတ်မှာပိတ်မိနေခဲ့သည်။အိမ်မက်ဆိုးမက်တိုင်း သူရှန်ကျဲမေရဲ့ စူးစူးရှရှငိုကြွေးသံကိုကြားနေရပြီး ဖျားနေတယ်ဆိုပြီး ကုတင်ပေါ်မှာ ချုပ်နှောင်ခံထားရမှာကို ကြောက်သည်။ 


သူဆေးမသောက်ချင်ဘူး ဘာကြောင့်လဲဆို ဘယ်လောက်ပဲဆေးသောက်သောက် သူဆက်ပြီး အားနည်းစွာနေနေရဦးမှာပင်။


လောကကြီးက စည်ကားနေပေမယ့်လည်း ဒါတွေက သူနဲ့ဘာမှမဆိုင် ၊သူ ဘာကိုစိတ်မ၀င်စား အသက်ရှင်ရတာကော အပါအ၀င်ပေါ့...


ရွှီလော့ယန်နဲ့မဆုံခင်အထိသာ သူကမ္ဘာကြီးက စတင်ပြီး တဖြည်းဖြည်းထွန်းလင်းလာတော့၏။


လာမည့်အပတ် ရွှီလော့ယန် ရိုက်ကူးရေးလုပ်နေချိန်တိုင်း ချီချန်အန်းက သူနှင့်အတူရိုက်ကွင်းကိုလိုက်လာတတ်သည်။


မုန့်ဟွာကျန်းက မော်နီတာနောက်မှာထိုင်နေပြီး ယခုလေးတင်ရိုက်ကူးပြီးသွားသည့်ဇာတ်၀င်ခန်းကိုထပ်တလဲလဲကြည့်ရူနေသည်။ 


သူက ချီချန်အန်းဘက် လှည့်လိုက်ကာ "မင်း ဘယ်လိုထင်လဲ "ဟုမေးလိုက်သည်။


"အရင်ကထက်စာရင် ပိုကောင်းလာပြီ " 


ချီချန်အန်းက အဖြူရောင် သယ်ရလွယ်သည့်ခုံပေါ်၌ထိုင်နေလျက်ရိုက်ကူးထားသည်များကိုကြည့်နေ၏။ 


"သေချာတာတစ်ခုကတော့ အခုလော့ယန် ဇာတ်၀င်ခန်းတွေမှာ ပိုပြီးထိန်းချုပ်လာနိုင်ပြီ "


"ခင်ဗျား ပြောတာမှန်တယ် အရင်တုန်းက ဇာတ်ကောင်ထဲမှာနစ်၀င်သွားလွန်းတယ်၊တစ်ခါတစ်လေ ဖန်သားပြင်မှာပေါ်လာတဲ့အခါ အတင်းကြီးလုပ်ယူထားတဲ့ပုံစံမျိုးဖြစ်နေတယ်၊ဒါပေမယ့် အခုတော့ သူပိုပြီးထိန်းချုပ်လာနိုင်ပြီ"


မုန့်ဟွာကျန်းက တစ်ချက်ပြုံးလိုက်ပြီး


"ထင်တဲ့အတိုင်း မင်းကိုဒီခေါ်လိုက်တာ ငါမှန်သွားတယ်"


ချီချန်အန်း ပြန်မဖြေလာ၊ သို့သော် "ဒီအပတ်ထဲ လော့ယန် အတော်လေးကို စိတ်ဖိစီးနေတာ "ဟုပြောလိုက်သည်။


"ရုပ်ရှင်ရိုက်ရင် သူ့ကိုယ်သူဖြစ်ချင်စိတ်အရမ်းများတယ်၊ဒါကြောင့်လည်း သူတိုးတတ်တာမြန်တယ် "


ထိုနောက် မုန့်ဟွားကျန်းကနေပြီး သူဖန်သားပြင်ပေါ်အာရုံစိုက်နေတာမြင်တော့ စနောက်လာသည်။


"မင်း သူ့အစား စိတ်ညစ်နေတာလား "


" ဟင်း " ချီချန်အန်းက အမှန်အတိုင်း ခေါင်းညိတ်ပြလိုက်ကာ သူအသံက အကူအညီမဲ့နေလျက်။


 "အိပ်‌နေရင်း သူစာသားတွေဗလုံးဗထွေးထပြောတယ်၊တစ်ခါတစ်လေ ညစာစားနေတာတောင်မှ သတိလက်လွတ်နဲ့ ရိုက်ကူးရေးကိုပဲစိတ်ရောက်နေတာ"


သူ့စိုးရိမ်ပူပန်နေတာကိုမြင်ပြီး မုန်ဟွားကျန်းလေသံကပျော့ပျောင်းသွားရသည်။ 


"ချန်ယင်းသာ အခုမင်းဖြစ်နေတဲ့ပုံစံကိုမြင်ရင် အရမ်း၀မ်းသာမှာ "


ချီရှစ်ယန်နှင့်ရင်းနှီးတဲ့သူငယ်ချင်းဖြစ်တာကြောင့် မုန့်ဟွားကျန်း ချီချန်အန်းကို မိသားစုလိုဆက်ဆံသည်။


သူဘာပြောချင်လဲဆိုတာကိုနားလည်သဖြင့် ချီချန်အန်းကပြုံးပျော်နေသည့်မျက်လုံးများဖြင့် သူကိုကြည့်လာပြီး


 "ကောက လာပြီးစုံစမ်းခိုင်းလိုက်တာလား "


မုန့်ဟွာကျန်းက ရည်ရွယ်ချက်ပေါ်သွားလည်း မရှက်သွား၊ဒီအတိုင်း အပြုံးတစ်ခုဖြင့်ခေါင်းညိတ်ပြကာ "အင်း မင်းဒီရောက်နေမှန်း ချန်ယင်းသိတယ်၊အဲ့ဒါနဲ့ ရွှီလော့ယန်နဲ့ သူဘယ်တော့လောက်တွေ့ရမလဲ မင်းကိုမေးခိုင်းလိုက်သေးတယ်"


ချက်ချင်းပြန်မဖြေလာဘဲ ချီချန်အန်းက မျက်လွှာချလိုက်ကာ ခဏလောက်အကြာ၌ "အချိန်ခဏလောက်ယူပြီးရင်ပေါ့ "


ထိုအချိန်မှာပဲ ရွှီလော့ယန်က အ၀တ်စားလဲခန်းထဲကနေထွက်လာသဖြင့် မုန့်ဟွာကျန်းက မတ်တပ်ရပ်လိုက်ကာ ချက်ချင်းဆိုသလို အလုပ်လုပ်ရန်ပြင်လိုက်သည်။


 "အားလုံးပဲ အဆင့်သင့်ပြင်မယ်၊ငါတို့ နောက်၃မိနစ်နေရင် စမယ်၊မီးထိုးအဖွဲ အရင်ဆုံး plan Aအတိုင်း သွားကြမယ်၊ရလဒ်ကိုကြည့်ပြီးမှ ပြန်ညှိသင့်ရင်ညှိမယ် "


ပြီးခဲ့သည့်ဇာတ်၀င်ခန်း၌ ရွှီလော့ယန်ဇာတ်ကောင် ယိုစုက တက္ကသိုလ်တတ်နေတဲ့အချိန်ကိုပြန်ရောက်သွားတာဖြစ်သည်။လာမည့်ဇာတ်၀င်ခန်းကတော့ ယိုစု အသက်၃၀အရွယ်ကို ဒုတိယအကြိမ်ပြန်ရောက်သွားတာဖြစ်သည်။


ဤအရာကပဲ ရိုက်ကူးရေးရဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ရွှီလော့ယန်အနေဖြင့် အသက်အရွယ်အပိုင်းခြားအလိုက် ဇာတ်ကောင်ရဲ့စိတ်ခံစားချက်တွေကို ဖမ်းဆုပ်နိုင်ရမည်။အခန်း၏အပြင်အဆင်ကိုလည်း အရင်ဇာတ်၀င်ခန်းထက် သိသိသာသာကို ပြောင်းလဲပစ်လိုက်သည်။


"မင်း အဆင်သင့်ဖြစ်ပြီလား "


မုန့်ဟွာကျန်း၏စကားသံကိုကြားတော့ ရွှီလော့ယန်က "ဖြစ်ပြီ"ဟု ပြန်ဖြေလိုက်သည်။သူ့စကားပြောတာ အသိအသာကို နှေးသွားရသည်။လူတွေအသက်ကြီးလာတာနှင့်အမျှ အသံကြိုးတွေပြေလျော့လာရပြီး စကားပြောနှုန်းနှေးလာရသည်။သူတို့အသံတွေက ဗလုံးဗ‌ထွေးဖြစ်လာကာ အသက်ရှုသံပိုပြင်းလာရသည်။


ရွှီလော့ယန်က အသေးစိတ်ဖြစ်သွားတာသေချာမှ မုန့်ဟွာကျန်း ခေါင်းညိတ်လိုက်ကာ "၁၀စက္ကန့်အတွင်းစမယ် "


မျက်လုံးထောင့်မှာအရေးအကြောင်းတွေတောင်ပေါ်နေပြီဖြစ်တဲ့ ယိုစုကအခန်းထဲကို၀င်သွားလေသည်။


သူဆံပင်တွေရှုပ်ပွနေတာကြောင့် နေ့တိုင်း ဖြီးသင်ခြင်းမရှိကြောင်း တစ်ချက်လောက်ကြည်လိုက်ရုံနှင့်သိနိုင်သည်။အနက်ရောင်ကိုင်း မျက်မှန်တပ်ထားပြီး အနည်းငယ်ဟောင်းနွမ်းနေသည့်အ၀တ်ကို၀တ်ထားသည်။ကုတ်အင်္ကျီရဲ့လက်တွေက သိသိသာသာကို ဟောင်းနွမ်းစုတ်ပြဲနေပြီး အင်္ကျီကလည်း ကြေမွနေသေး၏။


အခန်းထဲရှိ မီးရောင်မှိန်မှိန်လေးက လူကိုစိတ်ဓာတ်ကျစေသည်။ယိုစု သူ့ကလေးရဲ့အခန်းကို ပြေးသွားလိုက်ပြီး အခန်း၏အနေအထားကို မသိတာကြောင့် စားပွဲခုံပုလေးဖြင့် ဒူးခေါင်းကိုဆောင့်မိသွားသည်။


'ဘန်း'ဆိုပြီး အသံကျယ်ကြီးထွက်လာကာ အရှိန်ကြောင့်သူနည်းနည်းယိုင်သွားရသည်။သို့သော်လည်း သူဆက်ပြီး တွန်းရင်းတိုက်ရင်းဖြင့် ကလေးအခန်းထဲကို၀င်သွားခဲ့ပြီး ပုခက်နားရောက်ခါနီး၌ ရပ်သွားသည်။


တွဲလောင်းကျနေသည့်ပုခက်ကို လေတိုက်နေသည့်အသံက ပြတ်ပြတ်သားသားကြာနေရတာက မြင်ကွင်းတစ်ခုလုံးတွင် တစ်ခုတည်းသောအသံဖြစ်သည်။


"ကင်မရာနံပါတ်၂ မျက်နှာနဲ့ဘယ်ဘက်လက်ကို အနီးကပ်ရိုက်မယ် "မုန့်ဟွာကျန်းက ကင်မရာအောက်ကရွှီလော့ယန်အားစိုက်ကြည့်နေပြီး သူ့ကိုယ်သူတိုးတိုးလေးရေရွတ်လိုက်သည်။ 


"ထိန်းထားမယ် အချိန်ယူ"


အတော်ကြာတဲ့အထိ တိတ်ဆိတ်သွားပြီးနောက် ယိုစုကခြေလှမ်းစလှမ်းလိုက်လေသည်။သို့သော် မကြာခင် ရပ်သွားပြန်သည်။ ရှေ့မှာ တွင်းနက်ကြီးတစ်ခုရှိနေတာကြောင့် သွားဖို့ ကြောက်လန့်နေသလိုပင်၊ တစ်ချိန်တည်းမှာ သူဘယ်လက်က ပိုပိုပြီးတုန်ယင်လာပြီး ကြောက်ရွံ့နေတာကြောင့် သူမျက်လုံးကဂနာမငြိမ်ဖြစ်နေကာ မျက်တောင်တွေကလည်း တုန်ယင်‌နေသည်။


သူ ဘယ်လိုကိစ္စမျိုးကြုံတွေရမလဲဆိုတာကိုလည်းသိသည်။ဒုတိယအကြိမ်အချိန်နောက်ပြန်သွားသည့်အခါ သူ့အကြီးဆုံးသားမသေခင် အသက်၃၃နှစ်အရွယ်သို့ပြန်သွားရန် ရွေးချယ်ခဲ့သည်။သို့သော်လည်း သူပြန်သွားရင်တောင်မှ ကံကြမ္မာကိုမပြောင်းလဲနိုင်သေးပေ။


မျက်ရည်ကျခြင်းလည်းမရှိ ဂယောင်ချောက်ချားဖြစ်နေခြင်းမရှိဘဲ ပုခက်နားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး ဒူးထောက်လိုက်ကာ ကလေးရဲ့ပါးကိုအသာလေးထိလိုက်သည်။သို့သော် ကြောက်လန့်တကြားလက်ကိုပြန်ရုတ်လိုက်သည်။


ပုခက်လက်ရန်းအား တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားရင်း လက်နှင့်လည်ပင်းနားကသွေးကြောတွေထောင်နေတာကြောင့်သာမဟုတ်ရင် အဝေးကကြည့်လိုက်ပါက သူပုံစံကရုပ်ထုတစ်ခုအတိုင်းပင်။


ကွန်လွန်သွားပြီဖြစ်တဲ့သားဖြစ်သူအား စိုက်ကြည့်ရင်း ယိုစု တစ်ခုခုပြောဖို့ ပါးစပ်လှုပ်လိုက်သော်လည်း လည်စလုတ်သာလှုပ်သွားပြီး အသံထွက်မလာ၊သူမျက်ရည်မကျပေမယ့်လည်း ၀မ်းနည်းနေတဲ့တိမ်တိုက်ကြီးက သူ့ကို၀န်းရံထားသလိုပင်၊ကင်မရာအပြင်ဘက်မှာရှိနေသည့်ရိုက်ကူးရေးအဖွဲ့သားတွေတောင်မှ ကြည့်ပြီး၀မ်းနည်းလာရသည်။ဘေးမှာရပ်နေတဲ့ မိတ်ကပ်ဆရာတောင် ဆက်မကြည့်နိုင်တော့သဖြင့် တိတ်တိတ်လေးမျက်ရည်တွေကျနေသည်။


ကင်မရာအပြင်ဘက်က မုန့်ဟွာကျန်းရဲ့ မျက်လုံးတွေ ပို ပိုပြီးတောက်ပလာရသည်။ရွှီလော့ယန်နှင့် ထိုဇာတ်၀င်ခန်း ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာကို သူ မဆွေးနွေးထားခဲ့ချေ။အရာအားလုံး ရွှီလော့ယန်လက်ထဲသာပုံအပ်ထားခဲ့သည်။


သူကိုစိတ်မပျက်စေခဲ့ပေ။


"ထိန်းထား.....ဟုတ်တယ် ဒီအတိုင်းလေး "မုန်ဟွာကျန်း ဘေးကလူတွေထက်ပိုပြီး စိတ်လှုပ်ရှားနေပုံရ၏။


ကင်မရာကနေတစ်ဆင့် ယိုစု မျက်လုံးတွေ၊ မျက်ရည်ကျတာထက်ပိုပြီး ၀မ်နည်းဖို့ကောင်းတဲ့အပြုံးပြုံးလိုက်တာကို ကြည့်နေသည်။ငိုချင်ပေမယ့် ငိုလို့မရ နောက်ဆုံး၀မ်းနည်းမှုကိုတွန်းလှန်လိုက်သည်နှင့် သူ့မျက်နှာအမူအရာ ခဏလောက် ဗလာသပ်သပ်ဖြစ်သွားရသည်။ရှုပ်ထွေးနေသည့်မျက်လုံးတွေဖြင့် သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်နေပုံလည်းရ၏။


ဒါဆို ငါဘာအတွက်နဲ့ ပြန်လာခဲ့ရတာလဲ၊ငါပြောင်းစေချင်တဲ့ဟာကို ပြောင်းလဲလို့လည်းမရ၊ တားချင်တဲ့ကိစ္စကလည်း ဖြစ်ပျက်နေဆဲပဲ...


'cut ' မုန့်ဟွာကျန်းကအော်လိုက်သည်။ထနေသည့် ချီချန်အန်းကိုတားလိုက်ပြီး နည်းနည်းကြာတော့ မှ 'ရွှီလော့ယန်'ဟုအော်ခေါ်လိုက်သည်။


ရွှီလော့ယန် ပြန်ပြီးတုန့်ပြန်တာကနည်းနည်း နှေးပေမယ့် ခဏကြာတော့ လှည့်လာပြီး မေးလာသည်။


 "ဘာဖြစ်လို့လဲ "


သူအသံက အခုလေးတင်ရှိုက်ကြီးတငင်ငိုထားသလိုမျိုး အသံ၀င်နေသည်။


ပြန်ဖြေလာသံကို‌ကြားတော့ မုန့်ဟွာကျန်း ပြုံးလိုက်ပြီး"ကောင်းတယ်၊အရမ်းကောင်းတယ် အဲ့ဒီအခန်း နောက်တစ်ကြိမ် ပြန်ရိုက်ကြမယ် "


ရွှီလော့ယန်က ခဏစောင့်ရန် လက်ပြလိုက်ပြီးနောက် မုန့်ဟွာကျန်းက စူးစမ်းသည်ပုံစံဖြင့်ကြည့်လာတော့ သူရှင်းပြလိုက်သည်။ 


"၂မိနစ်လောက် အချိန်ပေးလို့ရမလား "


မုန့်ဟွာကျန်းက ခေါင်းညိတ်ပြလာသည်။ 


" ရတာပေါ့ "


ထိုစကားကိုကြားသည်နှင့် ရွှီလော့ယန်က ပုခက်လက်ရန်းရဲ့တိုင်တွေကိုလက်နှစ်ဖက်ဖြင့်ကိုင်လိုက်ကာ လက်ပေါ်ခေါင်းမှီလိုက်ပြီး သိပ်မကြာလိုက် သူတို့ ငိုကြွေးသံကိုကြားလိုက်ရသည်။


အနှီဇာတ်၀င်ခန်းအား သုံးကြိမ်တိတိပြန်ရိုက်ပြီးတဲ့နောက် ယနေ့အဖို့ ရွှီလော့ယန် အခန်းကဏ္ဍာပြီးဆုံးသွားသည်။


သူက ချီချန်အန်း ကမ်းပေးလာတဲ့ရေဗူးကိုယူပြီး ကိုင်ထားကာ အကြာကြီးမသောက်ဘဲထိုင်နေသည်။


လတ်တလော ရွှီလော့ယန် အာရုံလွင့်နေဝာာကို နေသားကျနေပြီဖြစ်တဲ့ ချီချန်အန်းက အလျင်စလိုမလုပ်ဘဲ စိတ်ရှည်လက်ရှည်ဖြင့်စောင့်နေသည်။ 


တစ်မိနစ်လောက်ကြာမှ ရွှီလော့ယန်က ရုတ်တရတ် မော့ကြည့်လာပြီး "ဒီအခန်းက အရင်ကနဲ့မတူတော့သလိုဘဲ"


ပြီးခဲ့သည့်အပတ်ကတည်းက ရွှီလော့ယန်က သရုပ်ဆောင်တာနှင့်ပတ်သတ်ပြီး သူရဲ့စိတ်ခံစားချက်တွေကို ချီချန်အန်းနဲ့ဆွေးနွေးလေ့ရှိသည်။ဇာတ်၀င်ခန်းတစ်ခန်း ရိုက်ပြီးတိုင်း ကင်မရာထဲသူ့ပုံစံ ဘယ်လိုဖြစ်နေလဲသိနေအောင်ဖြစ်၏။


"ဘာကမတူတော့တာလဲ"


သူသောက်ချင်စိတ်မရှိတာကိုတွေ့ပြီး ရွှီလော့ယန် လက်ထဲမှ ဓာတ်ဘူးအားယူကာ အဖုံးပြန်ပိတ်လိုက်သည်။


"ဒီအတိုင်းမတူတော့သလို ခံစားရတယ် "


ရွှီလော့ယန်ကခဏလောက်စဉ်စားပြီး "ခန္ဓာကိုယ်ကနှစ်ခြမ်းကွဲနေသလိုပဲ တစ်ခြမ်းက ယိုစုရဲ့၀မ်းနည်းမှု၊စိတ်ရှုပ်ထွေးမှုတွေကိုကြည့်နေတဲ့ ငါ ဒါပေမယ့် ရင်ထဲကလာတဲ့ခံစားချက်ကတော့ ဘေးကနေကြည့်နေရတဲ့လူလို ကိုယ်ချင်းစာတယ်"


ဘေးမှာနားထောင်နေတဲ့ မုန့်ဟွာကျန်းကနေ သူစကားကိုကြားတော့ ကွတ်ကီးတစ်ထုတ်ပစ်ပေးလာသည်။


 "ယူလိုက် တိုးတတ်လာလို့ ဆုချတာ "


လက်နှစ်ဖက်ဖြင့်ဖမ်းယူလိုက်ပြီး ရွှီလော့ယန်က ပျော်ရွှင်မှုကြောင့် မျက်လုံးထောင့်တွေကွေးညွှတ်သွားသည့်အထိပြုံးလိုက်ကာ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာမုန့် "


သူတို့နေသည့်နေရာသို့ လမ်းလျှောက်ပြီး ပြန်လာခဲ့ကြသည်။တံခါးပိတ်ပြီးသွားတာနဲ့ ရွှီလော့ယန်က ၀မ်းသာအားရ ချီချန်အန်းအပေါ်ခုန်တတ်လိုက်ပြီး တတ်ကြွနေသည့်အသံဖြင့် "ချန်အန်း တကယ်ကြီး ငါတိုးတတ်လာတာလား "


"အင်း မင်းတိုးတတ်လာတယ် "


ရွှီလော့ယန်ကိုပွေ့ထားရင်း ချီချန်အန်းက သူ့ကိုအထဲထဲသို့ ခေါ်လာကာ "နျောင်နျောင်က အရမ်းတော်တာပဲ "


တမင်တကာ အရှည်ထားထားသည့် ဆံပင်တွေကို ပွတ်သပ်လာသည့်အခါ ရွှီလော့ယန် နည်းနည်းတောင်ရှက်လာရသည်။ 


"ငါ ဘယ်နေရာမှာတော်လို့လဲ ၊တိုးတတ်ဖို့ ဒီလောက်ကြာတာကို" 


ပြောနေရင်း သူနားရွက်ဖျားတွေနည်းနည်းနီလာရကာ အသံတိုးသွားရသည်။


"ပြီးတော့လည်း မင်းရဲ့နည်းလမ်းက အတော်လေးထိရောက်တယ် "


တစ်ပတ်လုံး သူတို့အတူနေတိုင်း ချီချန်အန်းက ရွှီလော့ယန်ကို ယိုစု လားဟုမေးလေ့ရှိသည်။အကြိမ်အနည်းငယ်လောက်ကြာပြီးနောက်မှာတော့ ရိုက်ကူးရေးလုပ်တိုင်း အရင်ကနဲ့မတူတော့တာကိုသတိထားမိလာသည်။ကြည့်ရတာ ချီချန်အန်းနဲ့အတူနေတဲ့သူက ရွှီလော့ယန်သာဖြစ်ရပြီး ယိုစုကော တခြားသူတွေကောမဟုတ်တာကို မသိစိတ်က ခံစားမိလို့ဖြစ်နိုင်သည်။


"မင်းက ရှာလကာရည်အိုးလေးဆိုတော့ အဲ့ဒီနည်းလမ်းအလုပ်ဖြစ်သွားတယ် " 


ခေါင်းငုံ့ပြီး ချီချန်အန်းက နီရဲတွက်နေတဲ့နားရွက်ဖျားလေးကို တတိတိကိုက်လိုက်ပြီး ရယ်မောလိုက်၏။


"ဒီည ညစာဘာစားချင်လဲ "


"ဒီည ညစာကိုငါလုပ်မယ် "


ရွှီလော့ယန်က စိတ်ကြည့်နေတာကြောင့် ပြောပြီးသည်နှင့် မီးဖိုချောင်ထဲ၀င်လိုက်သည်။ခဏအကြာ မီးဖိုချောင်ထဲကနေ သီချင်းညည်းနေသံထွက်လာတော့သည်။


သို့သော်လည်း ၅မိနစ်တောင်မကြာလိုက် မီးဖိုချောင်ထဲကနေခေါင်းထွက်လာပြီး ရွှီလော့ယန်က မေးလာသည်။


 "ချန်အန်း ဆားကဘယ်နေရာမှာလဲ "


"စင်ပေါ်မှာပဲလေ မသွားခင်ကတောင်မြင်ပါသေးတယ်"


ချီချန်အန်း ၀င်လာတော့ စင်ကပြောင်သလင်းခါနေတာကိုတွေ့လိုက်ရသည်။ရွှီလော့ယန်ကိုတစ်ချက်ကြည့်လိုက်ကာ နံရံကပ်ဗီဒိုကိုဖွင့်လိုက်တော့ ဆားပုလင်းကအထဲမှာရှိနေသည်။


"မင်း တမင်တကာဖွက်ထားတာမှတ်လား "


ရွှီလော့ယန်က အပြစ်ကင်းသည့်ပုံစံဖြင့် မျက်တောင်ခတ်လိုက်ပြီး "အင်း "ဟုဖြေလိုက်သည်။


အပြစ်ရှိသလိုခံစားရတာကြောင့် လျှောက်လာပြီး တံခါးကိုပိတ်လိုက်သည်။


"ဘာလို့ဖွတ်ထားတာလဲ "


"ဒါမှ မင်းကိုအထဲခေါ်ဖို့အကြောင်းပြချက်ရှိမှာလေ"ချီချန်အန်းထံလျှောက်လာပြီး နှုတ်ခမ်းထောင့်ကို ဖြတ်ခနဲနမ်းလိုက်သည်။


"ချီလူကြီးမင်း ဒီနေရာမှာကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးရပ်နေ၊ဒါမှ ဟင်းချက်ရင်း နောက်လှည့်ကြည့်လိုက်တိုင်းမင်းကိုတွေ့မှာ၊မင်းကိုတွေ့ရင်ပျော်တယ်၊ပျော်တော့ဟင်းက၂၀ရာခိုင်နှုန်းလောက်ပိုပြီး အရသာရှိလာလိမ့်မယ် "


"ဒါက ကလိမ်ကကျစ်ကြတာပဲ"


ချီးချန်အန်းကပြောလိုက်ပေမယ့် ရွှီလော့ယန် ကြက်ဥနဲ့ခရမ်းချဉ်သီမွှေကြော်ပန်းကန်ကိုကိုင်ပြီး မီးဖိုချောင်ထဲကထွက်လာသည့်အချိန်ထိ မိနစ်၂၀ကြာအောင် ငြိမ်ငြိမ်လေးရပ်နေပေးခဲ့၏။



__


Translated By IQ-Team.