အပိုင်း ၁၁၇
Viewers 22k

🍬Chapter 117


ရွှီလော့ယန်တစ်ယောက် လုံး၀အိပ်လို့မပျော်တော့ချေ။


သူတို့ညစာစားပြီးဟိုတယ်ကိုပြန်ရောက်တော့ ညသန်းခေါင်ကျော်နေပြီဖြစ်သည်။ရွှီလော့ယန် ရေမိုးချိုးပြီး ကုတင်ပေါ်လှဲလိုက်သည်။သူလှဲပြီးနေလေလေ ပိုပြီး လန်းဆန်းလာလေဖြစ်သည်။


သူ အိပ်ပျော်အောင်နည်းလမ်းအမျိုးမျိုးဖြင့် "နတ်ဆိုးတစ်ကောင်၊နတ်ဆိုးနှစ်ကောင် "ဟုရေတွက်ကာ ကြိုးစားကြည့်ပေမယ့်လည်း တစ်ရာကျော်သွားသည့်အထိ သူအိပ်လို့မပျော်သေးတာကြောင့် စိတ်တိုလာရသည်။


ချီချန်အန်းက သူ့ဘက်ကိုလှည့်လာပြီး ခါးကိုသိုင်းဖက်ကာဩရှရှအသံဖြင့်ပြောလာလေသည်။


 "အိပ်မပျော်ဘူးလား "


"မင်း‌ကောမအိပ်သေးဘူးလား


" စိတ်လှုပ်ရှားနေလို့လား "


"စိတ်လှုပ်ရှားနေလို့လား "ဆိုသည့်မေးခွန်းကိုကြားလိုက်ရတာနဲ့ သူလက်တွေကစောင်၏အစွန်းကိုဆုတ်ကိုင်မိလျက်သားဖြစ်သွားရပြီး သူ့နုလုံးခုန်နှုန်းတွေကပုံမှန်မဟုတ်တော့၊မနက်ဖြန်သူ နတ်ဆိုးတွေရဲ့ဂူကိုသွားရတော့မည်ဖြစ်သည်။ 


သူဘယ်လိုလုပ်ပြီးစိတ်မလှုပ်ရှားပဲနေမှာလဲ၊သူစိတ်လှုပ်ရှားလွန်းလို့ပေါက်ကွဲထွက်တော့မည့်အတိုင်းပင်။


ချီချန်အန်းကခေါင်းကို သူ့လည်ပင်း၌အပ်ထားပြီး အသာလေးနမ်းလာလေသည်။


သူကနည်းနည်းလောက်အသုံး၀င်မည့် "စိတ်မလှုပ်ရှားပါနဲ့"ဟုပြောရမည့်အစား နမ်းရင်းနှင့် သူလက်က ရွှီလော့ယန်၏ညအိပ်၀တ်စုံထဲ၀င်လာသည်။


သူရဲ့အထိမခံနိုင်သည့်ခါးအား နှစ်ချက်လောက်ဆွဲညစ်ခံလိုက်ရသည်။


ရွှီလော့ယန်က အသက်ရှုသံတောင်မှတုန်ယင်သွားရပြီး " ချန်အန်း "


"ကောင်းပြီလေ" 


ချီချန်အန်း တဖြည်းဖြည်း နမ်းနေတာအပေါ်ပိုင်းကိုရောက်လာပြီး သူ့နှုတ်ခမ်းထောင့်နားရောက်တော့ရပ်သွားကာ 


"နျောင်နျောင် ကိုယ်ရဲ့ဆုကိုမကိုင်ကြည့်ချင်ဘူးလား "


ရွှီလော့ယန်က ပြန်ပြီးလည်းမတုံပြန်သလို ပြော‌နေတဲ့စကားက ဘယ်လိုဖြစ်ပြီ ဆုအကြောင်းဖြစ်သွားသလဲဆိုတာကိုလည်း နားမလည်လိုက်၊


ချီချန်အန်းက ဒီးနည်းနဲ့ သူစိတ်လှုပ်ရှားနေတာကို ဖြေလျော့ပေးချင်လို့များလား...


သို့နှင့် သူလည်း "ကောင်းပြီ "ဟုခေါင်းညိတ်ပြလိုက်သည်။


သို့သော် ၁၀စက္ကန့်လောက်ကြာပြီးနောက် ရွှီလော့ယန် ဒေါသထွက်သွားရသည်။ 


သူမျက်လုံးပြူး သွားရကာ နှုတ်ခမ်းတွေ တွန့်ကွေးတဲ့အထိပြုံးပြနေတဲ့ ချီချန်အန်းကို ကြည့်လိုက်ရင်း " ချီချန်အန်း မင်းကိုဒီလိုမျိုးလို့မထင်ထားခဲ့ဘူး၊ငါ စိတ်ပျက်သွားပြီ၊ကျေးဇူးပြုပြီး ဒီထက်ရိုးသားဖြူစင်ပေးလို့ရမလား "ဟုပြောလိုက်သည်။ 


သူထိုသို့ပြောပြီးနောက် သူလက်ပေါ်ကအားကိုခံစားမိလိုက်သည်။


ထားပါတော့ သူကိုက တုံးလွန်းတာပါ၊သူကတကယ်ကြီး ချီချန်အန်းက သူရဲ့ဆုတွေကိုကိုင်ခိုင်းမလို့ထင်သွားတာ


"စကားမပြောနဲ့တော့ "ချီချန်အန်းရဲ့အသံကဩရှရှဖြစ်သွားကာ အပြုံးလေးဖြင့် သူက"မင်းမကြိုက်လို့လား "


သူ ပြန်ဖြေမလို့ရှိသေး၊ ချီချန်အန်းရဲ့လက်က သူရဲ့ညအိတ်၀တ်စုံထဲရောက်လာတာကို ခံစားမိလိုက်သည်။သိပ်မကြလိုက် သူအသံစကားပြောရင်း တုန်ယင်လာရသည်။ 


"ကိုယ်တို့တွေတစ်ယောက်နဲ့တစ်ယောက် ကူပြီးလုပ်ကြမလား "


"အင်းးးး"


အပြန်အလှန်ကူညီခြင်း၏အကျိုးဆက်က အတော်လေးကိုသိသာလှသည်။နှစ်ယောက်အတူတူ အကြာကြီးကြိုးစားလုပ်ဆောင်ပြီးတဲ့နောက် ရွှီလော့ယန် လက်တွေတောင်နာလာရပြီး ခါးကလည်းပျော့ပျောင်းလာရသည်။သူတစ်ကိုယ်လုံး ရေနွေးထဲစိမ်ထားသလိုမျိုး ခံစားလိုက်ရပြီး နောက်ဆုံးတွင်တော့ သူ အိပ်ငိုက်လာရသည်။


သူ သန်းဝေလိုက်ကာ တစ်ဖက်ကိုလှည့်ပြီး ချန်အန်းရဲ့မေးစေ့ကို နမ်း၍ "အိပ်တော့မယ်၊ကောင်းသောညပါ ချန်အန်းကောကော "


ချီချန်အန်းက သူကိုရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး "ကောင်းသောညပါ "ဟုပြောလာသည်။


နောက်တစ်နေ့ နေ့လည်ခင်း လေယာဉ်က Montrealသို့ဆင်းသက်ခဲ့သည်။


ရွှီလော့ယန်က တတ်ကြွစွာဖြင့် ခရီးဆောင်အိတ်ကိုဆွဲလာပြီး လက်ထဲ၌ ဖျော်ဖြေရေးမဂ္ဂဇင်းတစ်ခုကိုလည်းကိုင်ထားလေသည်။မဂ္ဂဇင်း၏မျက်နှာဖုံး၌ Silver Awardပွဲက သူနှင့်ချီချန်အန်း၏ပုံအား နောက်ခံအဖြစ်ထား၍ ပုံနှိပ်ထားသည်။


သူ့နှာတံပေါ်ရှိ နေကာမျက်မှန်အား ပြန်ပြင်လိုက်ရင်း ရွှီလော့ယန်က စကားပြောရန် ချီချန်အန်းရှိရာဖက်ကို လှည့်၍ 


"အခုထိ မယုံကြည်နိုင်သေးဘူး၊ဒီမနက် ကျန်းကော ကစာပို့ပြီး‌ပြောလာတယ် ဆုရပြီးတော့ငါရဲ့တန်ဖိုးကနှစ်ဆမြင့်သွားတယ်တဲ့ ဇာတ်ညွှန်းနဲ့ကြေညာတွေလည်းအများကြီး ကမ်းလှမ်းလာကြသေးတယ်တဲ့"


ချီချန်အန်းသည်လည်း ရွှီလော့ယန်စတိုင်အတိုင်း နေကာမျက်မှန်နှင့် မီးခိုးရောင်မာဖလာအား၀တ်ဆင်ထားသည်။


သူက ခေါင်းတညိတ်ညိတ်ဖြင့် "အလျင်မလိုပါနဲ့၊ဇာတ်ညွှန်းကောင်းကောင်းနဲ့ ကောင်းတဲ့ဒါရိုက်တာမဟုတ်ရင် ရုပ်ရှင်တွေကိုလက်မခံသေးနဲ့ဦး "ဟုပြောလာသည်။


ရွှီလော့ယန်က ခေါင်းညိတ်ပြကာ "ကျန်းကောနဲ့ငါရဲ့အတွေးကလည်း ဒီအတိုင်းပဲ"


ဘာပဲဖြစ်ဖြစ် သူ 'Turn Back Time'ကိုတောင်မှရိုက်လို့မပြီး သေးပေ။


Silver Awardပွဲမှာအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရခဲ့တာ‌ကြောင့် level တစ်ခုကိုရောက်သွားပြီဆိုပေမယ့်လည်း တကယ်တမ်း သူအနေအထားက ရေရေရာရာမရှိသေးပေ။


သူကအသက်အရွယ်အားဖြင့်ငယ်လွန်းပြီး ကိုယ်စားပြုလက်ရာအမြောက်အမြားမရှိသည့်အပြင် 'Divergent Road'မှလွဲ၍ သူ၌ အကောင်းဆုံးသရုပ်ဆောင် အမည်နှင့် လိုက်ဖက်သည့် အခြားလက်ရာများလည်းမရှိသေးတာကြောင့် ယခုအခြေအနေ၌ လူအများက သူရဲ့နောက်ရုပ်ရှင်က ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်နေကြသည်။


သူရဲ့နောက်ရုပ်ရှင် ဒါမှမဟုတ် နောက်ထပ် နောက်ထပ်ရုပ်ရှင်တွေသာ ဆုတွေတစ်ခုပြီးတစ်ခုရခဲ့လျှင် ဒါမှမဟုတ် စံချိန်တင်ရုံတင်၀င်ငွေရခဲ့ပါလျှင် သူ့အနေအထားကိုဆွဲမလှုပ်နိုင်တော့ပေ။သို့သော် သာမာန်မျှသာဖြစ်ပါက သေချာပေါက် overratedပါဟုတံဆိပ်ကပ်ခံရပြီး နာမည်ကျသွားနိုင်သည်။


ထိုကြောင့် ကျန်းသုန့်တယောက် ပွဲပြီးသည်နှင့် company၌အစည်းအဝေးလုပ်ရန်အတွက် အလျင်စလို Cနိုင်ငံသို့ပြန်သွားခြင်းဖြစ်၏။


သူတို့ကို လာကြိုတဲ့ကားထဲသို့၀င်လိုက်ပြီးနောက် ရွှီလော့ယန်က အပြင်ဘက်ရှိအဆောက်အအုံများအားကြည့်နေရင်းမှ အသံတိုးတိုးဖြင့် "ချန်အန်း မင်းအိမ်ရောက်ဖို့ဘယ်လောက်လိုသေးလဲ"ဟုမေးလိုက်သည်။


ချီချန်အန်းကအချိန်ကိုကြည့်လိုက်ပြီး ခန့်မှန်းပြောလိုက်သည်။ 


"နောက်ထပ်တစ်နာရီလောက်ကြာမယ်ဆိုတော့ ကိုယ်တို့ ၄နာရီ၂၀လောက်မှရောက်မယ်၊ကောနေတဲ့နေရာကမြို့ထဲမှာမဟုတ်တော့..."


ခေါင်းညိတ်လိုက်ပြီး ရွှီလော့ယန်က နည်းနည်း စိတ်အေးသွားရသည်။


ဘာကြောင့်ဆို သူအစ်ကိုနဲ့တွေ့ဖို့တစ်နာရီလောက်လိုသေးတာကြောင့်ပင်။


ချီချန်အန်း၏ပခုံးအားမှီကာ ဖုန်းထုတ်ပြီး weiboကိုလှန်လှောကြည့်နေလိုက်သည်။weiboတခုလုံး သူနဲ့ချီချန်အန်းနှင့် ပန်သတ်သည့်ပိုစ့်များသာပြည့်နှက်နေသည်။သူ့ မက်ဆေ့ခ်ျအသိပေးချက်အားလုံး သီးသန့် ဂုဏ်ပြုစကားများနှင့်ပြည့်နှက်နေသည်။


လှန်လှောကြည့်နေရင်း အောက်ပိုင်းနားကိုရောက်တော့ ယဲ့ရှန်ရှန်က "ပြန်လာရင် ညစာလိုက်ကျွေး"ဆိုသည့် ရိုးရှင်းသည့်စာတစ်ခုပို့ထားသည်။


ရွှီလော့ယန်က ရယ်မောလိုက်ကာ ချက်ချင်းဆိုသလို "ကောင်းပြီ သဘောတူတယ် "ဟုဆို၍ စာပြန်လိုက်သည်။


စာအချို့အား စာပြန်လိုက်ပြီးနောက် hotsearchဆီခြေဦးလှည့်သွားသည်။ နာရီ၂၀နီးပါးရှိနေပေမယ့်လည်း သူနှင့်ချီချန်အန်း၏နာမည်များက ထိပ်ဆုံး၅ခု၌နေရာယူထားဆဲဖြစ်သည်။သို့ပေမယ့် ၁၀ခုမြောက်တွင်တော့ ရင်းနှီးသည့်နာမည် တုရွှမ်လန်ကိုတွေ့လိုက်ရသည်။


သူ #တုရွှမ်လန် နောင်တရနေပြီလား ဆိုသည့် အကြောင်းအရာကိုနှိပ်ကြည့်လိုက်တော့ ဒါကသူနှင့်လည်းသက်ဆိုင်နေလေ၏။


"ဒါရိုက်တာတုရေ ငွေဆုရသရုပ်ဆောင်အကြောင်းသိအောင်လုပ်လိုက်ပါဦး "


"လော့ယန်က တန်ပြန်တိုက်ခိုက်တဲ့လမ်းကြောင်းပေါ်ရောက်နေတယ်လို့ ဘာကြောင့် ခံစားနေရတာလဲ ၊ဒါရိုက်တာတုရဲ့လှည့်စားခြင်းကိုခံရပြီးနောက် ချက်ချင်း Golden Mapleဆုကိုရတယ် Silverဆုကိုလည်းရသွားသေးတယ်လေ၊သူက ဒီစကားအတိုင်းပဲ "မင်း ဒီနေ့ ငါ့ကို မချေမငံဆက်ဆံတယ်မှတ်လား မနက်ဖြန် ငါ မင်းနောင်တရသွားအောင်လုပ်ပြမယ် " ဒါကြောင့် Silverဆုကိုရထားတဲ့ မင်းသားကိုသိအောင်လုပ်ပါ‌ဗျို့"


"အရင်တုန်းက ကောဝေ့က လော့ယန်ကို ချနင်းတုန်းကလည်း ဒေါသအတော်လေးထွက်ရသေးတယ်၊ဒါပေမယ့် အခုတော့ ငါ ကောဝေ့အစား စိတ်မကောင်းဖြစ်မိတယ်၊အရင်က လော့ယန်ကို နှစ်ပြားမတန်အောင်ပြောခဲ့တဲ့အတိုင်း သူမျက်နှာကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခံလိုက်ရပြီလေ"


ထိုအချိန်၌ ချီချန်အန်း၏ဖုန်းမြည်လာပြီး "ကော ကျွန်တော်တို့လမ်းမှာ "ဟုပြောသံကို ရွှီလော့ယန်ကြားလိုက်ရသည်။


"ကော"ဆိုတဲ့အသံကိုကြားသည်နှင့် ရွှီလော့ယန် လက်တုန်သွားရပြီး weiboမှာ မိုးသက်လေပြင်းကျနေတာကို ဂရုမစိုက်အားတော့ သူမျက်လုံးများကချီချန်အန်းကိုသာစိုက်ကြည့်နေသည်။ဖုန်းထဲကနေ သူ့နာမည်ကိုပြောလိုက်တာ ရေးတေးတေးကြားလိုက်သည်။


ရွှီလော့ယန် မျက်လုံးပြူးမျက်ဆံပြူးဖြင့် သူကိုစိုက်ကြည့်နေတာမြင်ပြီး ချီချန်အန်းက စပီကာဖွင့်လိုက်တော့ ချီချန်ယင်းရဲ့အသံထွက်လာသည်။


"မင်းပို့ထားတဲ့menuပေါ်အခြေခံပြီး စားဖိုမှူးကညစာပြင်ထားပေးတော့ သူစားနိုင်မှာပါ "ချီချန်ယင်း စကား‌ပြောသည့်လေသံကအမြန်မဟုတ်ပေ။


ကြည့်ရတာ သူ့အလေ့အကျင့်ဖြစ်ရမည်၊ ဘာကြောင့်ဆို သူကစကားလုံးတလုံးစီတိုင်းကို ပြတ်သားစွာအသံထွက်လေသည်။ သူ့လေသံကသိမ်မွေ့သည့်ဖက်ကိုသွား၏။


"ကောင်းပြီ မီးဖိုချောင်ကို ထမင်းပိုချက်ထားခိုင်းလိုက် ပြီးခဲ့တဲ့ရက်တွေထဲက လော့ယန် တရုတ်စာစားချင်နေတာ "


ချီချန်အန်း ပြန်ပြောလိုက်သည့်စကားကိုကြား‌တော့ ရွှီလော့ယန် ဖင်ထိုင်မရဖြစ်သွားရသည်။သူ ပြောချင်ပေမယ့်လည်း မပြောရဲ စိတ်လှုပ်ရှားလွန်းတာကြောင့် ကိုယ်ဟန်အမှုအရာမျိုးစုံသာ လုပ်ပြနိုင်သည်။ 


ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ...


"ကောင်းပြီလေ "ဖုန်း၏အခြားတဖက်မှ ချီချန်ယင်းက "ဒီည သူ မင်းနဲ့တစ်ခန်းထဲနေမှာလား "ဟုမေးလာလေသည်။


"အင်း သူကျွန်တော်နဲ့အတူနေလိမ့်မယ်၊ဧည့်သည်ခန်းကို ရှင်းထားစရာမလိုဘူး၊ကျွန်တော်အတိုင်း တစ်ကိုယ်ရေသုံးပစ္စည်းတစ်စုံပြင်ထားလိုက် "


ရွှီလော့ယန်က ပြန်ပြီး စိုးရိမ်လာရသည်။ သူအင်တာနက်ပေါ်က သင်ခန်းစာများကို သေချာမှတ်မိလေသည်။


ချစ်သူကောင်လေးရဲ့အိမ်ကိုသွားပါက အကွာအဝေးတစ်ခုထားသင့်တယ်၊မိဘတွေ မျက်စိစပါးမွှေးမစူးစေနဲ့ ဖြစ်နိုင်ရင် အခန်းခွဲအိပ်သင့်တယ်ဆိုတာကို...


ဘယ်လိုလုပ်ပြီး သူ ဒီလိုမျိုးတုံးအလွန်းတဲ့အသင်းဖော်နဲ့တွေ့ရတာလဲ...


ရွှီလော့ယန်က ခုံပေါ်မှီချလိုက်မိသည်။သူ မိဘတွေကိုတွေ့ဖို့သွားတဲ့လမ်းက အတော်လေးကိုဆိုးရွားလှသည်ဟု ခံစားလိုက်ရ၏။


အချို့ကိစ္စလေးတွေကို ပြောပြီးတဲ့နောက် ချီချန်အန်းကဖုန်းကိုချလိုက်သည်။ သူက ရွှီလော့ယန်ဆံပင်တွေကိုလှမ်းပြီးပွတ်ပေးလိုက်တော့ တဖက်လူက ချက်ချင်းဆိုသလို စူးစူးဝါးဝါးစိုက်ကြည့်လာသည်။


"ဒီမနက် ငါဆံပင်ကို ပုံသွင်းတာ မိနစ်၅၀တောင်ကြာတယ်၊လာမပွတ်နဲ့ "


ချီချန်အန်းက သဘောတကျရယ်မောလိုက်ရင်း ရွှီလော့ယန်၏မျက်လုံးထောင့်ကို နမ်းလိုက်လေသည်။


"မင်းကိုယ့်ကိုပဲ စိုက်ကြည့်နေတာ မျက်လုံးတွေ မနာလာဘူးလား "


"မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ၊"


ရွှီလော့ယန်က မျက်လုံးကိုပွတ်သပ်ဖို့ လက်ဆန့်လိုက်ပြီးတော့မှ ချက်ချင်းဆိုသလို့ ဒေါသထွက်လာရပြန်သည်။


"မင်း စကားလမ်းကြောင်းမပြောင်းလိုက်နဲ့၊အရင်က မင်း ကလိမ်ကကျစ်ကျထားတာ၊ဘာဖြစ်လို့ မင်းရဲ့အစ်ကိုကို အစားအသောက်တွေအများကြီးပြင်ခိုင်းထားရတာလဲ၊ငါ့ကိုအစားကြီးတယ်လို့ ထင်သွားမှာပေါ့ "


ချီချန်အန်းက သူ့ဆံပင်တွေကိုပွတ်သပ်ပေးပြီး တိုးတိုးလေးပြောလာသည်။ 


"မင်းရဲ့ရှိရင်းစွဲပုံစံအတိုင်းပဲနေပါ၊ကိုယ်နဲ့ကိုယ့်မိသားစုအတွက် မင်းကိုယ်မင်းအနစ်နာခံစရာမလိုဘူး၊ကိုယ်အဲ့ဒီလိုမျိုးဆို သည်းမခံနိုင်ဘူးနော်"


ရွှီလော့ယန်၏နားရွက်ဖျားတွေ နီလာရသည်။


"မင်း စိတ်လှုပ်ရှားနေသေးလား "


"စိတ်လှုပ်ရှားတယ် "


ချီချန်အန်းက ပြုံးလိုက်ပြီး "လိမ္မာတဲ့ကောင်လေး ကိစ္စမရှိဘူး၊ကိုယ်ရဲ့အစ်ကိုက မင်းထက်တောင်မှပိုပြီးစိတ်လှုပ်ရှားနေသေးတယ်၊ဒါနဲ့ဆို သူဖုန်းခေါ်တာခြောက်ကြိမ်မြောက်ပဲ၊ညစာအတွက်ဘာပြင်ထားရမလဲနဲ့ အခန်းကိုဘယ်လိုပြင်ရမလဲမေးနေတာ"


ရွှီလော့ယန်က မျက်တောင်တဖြတ်ဖြတ်ခတ်ကာ ရုတ်တရတ် ငြိမ်ကျသွားရသည်။


ကားက လမ်းထဲမောင်း၀င်လာသည်။နောက်ထပ်နှစ်မိနစ်လောက်အကြာ၌ ရေကန်တစ်ကန်နှင့်မြက်ခင်းပြင်အကျယ်ကြီးတစ်ခုကိုဖြတ်လာပြီးနောက် လှပပြီးခေတ်ဆန်တဲ့အဖြူရောင်ဗီလာတစ်လုံးကို ရွှီလော့ယန်တွေ့လိုက်ရသည်။


ကားက အပေါက်၀၌ရပ်သွားပြီး ရွှီလော့ယန်က ချီချန်အန်းအနောက်ကနေ ကားပေါ်မှာဆင်းလာသည်။


သူ့အရှေ့ကလူရဲ့အင်္ကျီလက်ကိုဆွဲလိုက်ပြီး မေးလိုက်သည်။ 


"ငါရဲ့အင်္ကျီနဲ့ဆံပင် အဆင်ပြေတယ်မလား ၊သပ်သပ်ရပ်ရပ်ရှိတယ်မလား "


ချီချန်အန်းမျက်လုံးကပြုံးရိပ်သန်းသွားရပြီး "ဘာပြသနာမှမရှိဘူး"


လှေကားထစ်တွေနားမှာရပ်လိုက်ပြီး အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ ရွှီလော့ယန်က ချီချန်အန်းအနောက်ကနေ ဧည့်ခန်းဆီသို့လျှောက်သွားလိုက်သည်။


သုံးယောက်သား စားပွဲဝိုင်းလေးတစ်ခု၌ထိုင်လိုက်ကြသည်။စားပွဲပေါ်၌ အချိုပွဲသုံးပွဲရှိနေကာ ရွှီလော့ယန်ကြည့်လိုက်တော့ အားလုံးကသူ့အကြိုက်တွေချည်းပဲဖြစ်သည်။


စားပွဲ၌ထိုင်ပြီးနောက် ရွှီလော့ယန်က ချီချန်ယင်းကိုတချက်ခိုးကြည့်လိုက်ပြီး အမြန်အကြည့်လွှဲလိုက်ကာ သူရှေ့ကblackကော်ဖီကိုသာ စိုက်ကြည့်နေလိုက်သည်။


ညီအစ်ကိုတွေဖြစ်တာကြောင့် ချီချန်အန်းနှင့်ချီချန်ယင်းကနည်းနည်းဆင်လှသည်။သို့ပေမယ့် နှစ်ယောက်လုံးကတည်တည်ကြည်ကြည်နေတတ်တာကြောင့် နှစ်ယောက်စလုံးရဲ့ပုံစံကနည်းနည်းတော့ကြောက်ဖို့ကောင်းလေသည်။သို့သော် သူချီချန်အန်းမျက်နှာကိုနေ့တိုင်း မြင်နေရတာကြောင့်လားတော့မသိ ရွှီလော့ယန်ပူပန်နေတာ သိသိသာသာကိုလျော့သွားရသည်။


"နတ်ဆိုး...."


ရွှီလော့ယန်က သူ့လျှာသူပြန်ကိုက်လုနီးပါးပင်၊၊


သေစမ်း သူ"နတ်ဆိုးအစ်ကို"လို့ခေါ်မိတော့မလို၊


ကံ‌သီလို့ ဘရိတ်အုပ်မိပေလို့ပဲ...


ချီချန်အန်းက ရွှီလော့ယန် ဦးနှောက်ထဲဘာတွေးနေလဲဆိုတာကို နားလည်သွားပြီး မျက်နှာထက်အပြုံးတစ်ခုပေါ်လာလေသည်။ 


"ကော ဒါကလော့ယန်"


ထိုစကားကိုပြောပြီးနောက် ရွှီလော့ယန်ကိုလည်းမိတ်ဆက်ပေးလာသည်။ 


"လော့ယန် ဒါကကိုယ်ရဲ့ ကော "


ရွှီလော့ယန်က သူကျောကိုမတ်မတ်ထားလိုက်ပြီး ယဉ်ယဉ်ကျေးကျေးဖြင့် ပြောလာသည်။ 


"မင်္ဂလာပါ ကျွန်တော်က ရွှီလော့ယန်ပါ၊ချန်အန်းက သူ့အစ်ကိုကြောင်း ခဏခဏပြောပြဖူးပါတယ် "


"ချန်အန်းလိုပဲ မင်း ငါကို ကော ဒါမှမဟုတ်ရင် အစ်ကိုကြီးလို့ခေါ်လို့ရတယ် "


ထိုစကားကိုကြားတော့ ရွှီလော့ယန်လန့်သွားပြီး ချီချန်အန်းကိုကြည့်လိုက်မိသည်။


ချီချန်အန်းမျက်လုံးများက ခေါ်လိုက်ရန်တိုက်တွန်းနေတာကိုမြင်တော့ ရွှီလော့ယန်က သတ္တိမွေးကာ "ကော"ဟုခေါ်လိုက်ပြီး ချီချန်ယင်းကလည်းပြန်ပြီးထူးလာလေသည်။


အစကောင်းပေမယ့် ရွှီလော့ယန် သတိလက်လွတ်မနေရဲသေးပေ။သူသယ်လာတဲ့အိတ်သည့်ကနေ စာရွက်အထပ်လိုက်ပါတဲ့ဖိုင်ကိုထုတ်လိုက်သည်။ဖိုင်ကိုဖွင့်လိုက်ပြီး စာရွက်တွေကို စားပွဲပေါ်၌ချလိုက်လေသည်။


နှစ်ယောက်လုံးရဲ့မျက်လုံးတွေက သူ့အပေါ်အာရုံစိုက်နေတာကိုမြင်တော့ ရွှီလော့ယန်က သတိထားပြီး "ဒါတွေကလွန်ခဲ့တဲ့၅နှစ်အတွင်း ကျွန်တော်ရဲ့ပိုင်ဆိုင်မှု၊၀င်ငွေနဲ့အသုံးစရိတ် အသေးစိတ်အချက်အလက်တွေအားလုံးပါ၊ပိုင်ဆိုင်မှုတွေအားလုံးကကျွန်တော်ရဲ့နာမည်နဲ့ပဲ"


သူနည်းနည်း‌ရှက်နေတာကြောင့် စကားပြောတာကိုရပ်လိုက်ပြီးတော့မှ"ကျွန်တော် ရှယ်ယာတွေဘာတွေကစားတဲ့နေရာမှာလဲမတော်ဘူးဆိုတော့ ဘယ်သူပဲဖြစ်ဖြစ်အားလုံးကိုငွေရှိရင်အိမ်၀ယ်ကြတယ်လေ"


ချီချန်အန်းနှင့်ချီချန်ယင်း နှစ်ယောက်စလုံး နှုတ်ဆိတ်နေတာကိုတွေ့တော့ သူက "ဒါကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေပါ အားလုံးချန်အန်းကိုပေးမှာပါ "ဟုပြောလိုက်သည်။


ချီချန်ယင်းကအရင်ဆုံး ချီချန်အန်းကိုကြည့်လိုက်တော့ မျက်လုံးတွေကပြုံးရိပ်သန်းနေတာကိုမြင်လိုက်ရသည်။ 


သူနှစ်စက္ကန်လောက်အံဩသွားရပြီးမှ ရွှီလော့ယန်ကိုပြန်ကြည့်လိုက်ပြီး "အားလုံးက ချန်အန်းအတွက်"


"ဟုတ်တယ်"ရွှီလော့ယန် ဂရုတစိုက်ပြောလိုက်သည်။


"အများကြီးမဟုတ်ပေမယ့်လည်း နောက်ပိုင်းကျွန်တော်ကြိုးစားပြီး ပိုက်ဆံရှာဦးမှာပါ၊အနာဂတ်မှာ ကျွန်တော်ရှာတဲ့ပိုက်ဆံအားလုံးချန်အန်းအပိုင်ပါ"


ချီချန်အန်းက ဆက်ပြီးထိန်းမထားနိုင်တော့တာကြောင့် ရွှီလော့ယန်ဆံပင်ကို လှမ်းပြီးပွတ်ပေးလိုက်သည်။


ခဏအကြာ ချီချန်ယန်း မျက်လုံးတွေကအလွန်တရာမှကို နူးညံသွားရပြီး "ကျေးဇူးတင်ပါတယ်"


"အာ" 


တစ်ဖက်လူက သူ့ကိုဘာကြောင့်ကျေးဇူးတင်နေလဲဆိုတာကို ရွှီလော့ယန် နားမလည်တာကြောင့် ချီချန်အန်းကိုကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် "ငါ ယဉ်ယဉ်ကျေးကျေးနဲ့ပြန်ဖြေပေးဖို့လိုလား"


ချီချန်အန်းကလည်း အသံတိုးတိုးဖြင့် "ဒီကျေးဇူးတင်တဲ့စကားကို မင်းလက်ခံလို့ရတယ်၊ကိုယ်ရဲ့ကောက မင်းကိုယ့်အပေါ်ကိုကောင်းပေးတဲ့အတွက် ကျေးဇူးတင်နေတာ"


ရွှီလော့ယန်က ခေါင်းညိတ်လိုက်ပြီး ခဏလောက်စဉ်းစားပြီးတော့မှ ပြန်ပြောလိုက်သည်။


"ချန်အန်းကလည်း ကျွန်တော်ပေါ်အရမ်းကောင်းပါတယ်၊ကျွန်တော်ကို ကျေးဇူးတင်စရာမလိုပါဘူး "


သူပြောပြီးမှ စကားကိုပြန်ရုတ်သိမ်းချင်သွားသည်။


သွားပြီ သွားပြီ သူဒီလိုပြောလိုက်တော့ ချီချန်ယင်း သဘောမကျဖြစ်သွားမလား...အွန်လိုင်းပေါ်ကလမ်းညွှန်ချက်တွေအရဆိုရင် အုပ်ထိန်းသူရဲ့ရှေ့မှာ ချစ်ကြောင်းမပြသင့်ဘူးလို့ပြောကြတယ်၊နို့မိုဆိုရင် သူကိုအမှားရှာဖို့ လွယ်သွားလိမ့်မယ်တဲ့။


ချီချန်ယင်း လက်ထဲ၌ ငွေရောင်ဇွန်းသေးလေးတစ်ချောင်းကိုင်ထားရင်း ရွှီလော့ယန်နှင့်အတူထိုင်နေသည့် ချီချန်အန်းကိုမြင်ပြီး စိတ်အေးသွားရသည်။


အရင်က ရွှီလော့ယန်ကဘယ်လိုလူမျိုးဖြစ်လောက်မလဲဆိုတာ အကြိမ်ကြိမ်တွေးဖူးပေမယ့် အခုတော့ ရွှီလော့ယန်က ဘယ်လိုလူမျိုးဖြစ်လဲဆိုတာက အရေးမကြီးကြောင်းသိလိုက်ရသည်။


အရေးကြီးဆုံးက သူ့ညီလေးသာ ရွှီလော့ယန်နှင့်အတူရှိနေပါက အမြဲစိတ်အေးလက်အေး၊ပျော်ရွှင်ရယ်မောပြီး တီးတိုးပြောတတ်ကာ ပျော်နေတယ်ဆိုတာပါပဲ...


ချီချန်ယင်းက သူ့ရင်တွင်းဖြစ်ခံစားချက်တွေကို ဘယ်လိုပြောပြရမှန်းတောင်မသိတော့၊သူမျက်လုံးထဲ ဖြူဖျော့ပြီးအားနည်းနေသည့်ကလေးပုံစံနှင့် ချီချန်အန်းတစ်ယောက် Westminsterယူနီဖောင်းကို၀တ်ပြီး အိမ်ကနေထွက်သွားသည်ပုံကို မြင်ယောင်လာသည်။


ချီချန်အန်း ဆေးရုံကနေဆင်းပြီး ရှန်ကျဲမေ့ကွန်လွန်သွားသည့်တိုင်အောင် ဤလောကကြီး၌နေလို့မပျော်တာကို သူအသိဆုံးဖြစ်သည်။ကလေးဘ၀တုန်းကအဖြစ်အပျက်တွေက သူနှင့်အမြဲအတူရှိနေပြီး နာကျင်စရာတွေထဲ ပြန်ပြန်ဆွဲခေါ်နေသည်။ထို့ကြောင့် သူအပြင်လောကနှင့်ရင်ဆိုင်ပါက သူ့ကိုယ်သူကာကွယ်ရန် တံတိုင်အမြင့်ကြီးထားထားလေ့ရှိပြီး နှလုံးသားတံခါးကိုပိတ်ထားတတ်သည်။


သိုသော် ယခု နောက်ဆုံး၌ သူ့ကိုအကာအကွယ်အောက်ထဲကနေထွက်လာဖို့ ခေါ်ထုတ်နိုင်တဲ့သူရှိသွားချေပြီ။


ချီချန်ယင်းရဲ့မျက်နှာအမှုအရာကိုကြည့်ပြီး ချီချန်အန်းက အပြုံးလေးဖြင့် ပြောလာ၏။


"ကော ကျွန်တော် အခုအရမ်းပျော်နေပါတယ်"


သူကစကားပြောနေရင်း ကြွေပန်းကန်ပြားထဲကအချိုပွဲတစ်၀က်ကို ချီချန်ယင်းကိုပေးလိုက်ပြီး ကျန်နေသေးသည့်တစ်၀က်အား ရွှီလော့ယန်အရှေ့တွန်းပို့လိုက်ကာ ပြောလိုက်သည်။


"ကျွန်တော် နောက်နှစ်တွေအများကြီးကြာတဲ့အထိ အသက်ရှင်ချင်သေးတယ်၊ကျွန်တော် ဆေးသောက်ဆိုလည်းသောက်မယ်၊ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအသောက်တွေကိုစားမယ်၊ကုသမှု အမျိုးမျိုးကိုလည်းခံယူဖို့ဆန္ဒရှိတယ်၊ကျွန်တော်ရဲ့ခန္ဒာကိုယ် ဒီထက်ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်တယ်၊အသက်၇၀ ၊၈၀လောက်ထိ အသက်ရှင်ရရင်ကောင်းမယ်၊နောက်ဘ၀ဆိုတာရှိခဲ့ရင်လည်း ကျွန်တော်ဒီလောကကြီးထဲမှာ ပြန်ပြီးရှင်သန်ချင်သေးတယ် "


ချီချန်ယင်းက ချီချန်အန်းရဲ့မျက်လုံးတွေကိုကြည်ပြီး အသာလေး ခေါင်းညိတ်ပြလာသည်။ 


"ကောင်းပြီ "


ချီချန်အန်းက အပြုံးလေးဖြင့် "ကျေးဇူးတင်ပါတယ် ကော"ဟုပြောလိုက်တော့၏။


__


Translated By IQ-Team.