အပိုင်း ၁၁၈
Viewers 22k

🍬Chapter 118


သုံးယောက်သားစကားပြောလို့ပြီးတော့ ချီချန်အန်းကရွှီလော့ယန်ကို အိပ်ရမည့်အခန်းထဲခေါ်သွားသည်။ကုတင်ပေါ်၌ အရောင်ဖျော့ဖျော့ခေါင်းအုံးနှစ်လုံးကဘေးချင်းကပ်ရှိနေသည်။ ရေချိုးခန်းထဲ၌လည်း မျက်နှာသုတ်ပုဝါနှစ်ထည်နှင့် ပလုပ်ကျင်းသည့်ခွက်နှစ်ခွက်ရှိနေပြီး အားလုံးကဆင်တူဖြစ်လေသည်။


ခဏလောက်အနားယူပြီးနောက် ရွှီလော့ယန် မျက်နှာကြက်ကနေကြမ်းပြင်ထိရှိတဲ့ မှန်ပြတင်းပေါက်ရှေ့၌ ရပ်လိုက်ပြီး နူးညံပျော့ပျောင်းလှသည့်ကော်ဇောပေါ်လှဲချလိုက်သည်။


သူ၏ခြေတံရှည်များကိုကွေးထားလိုက်ကာ ၀မ်းသာအားရဖြင့် လက်ကိုဆန့်လိုက်ပြီး "လာပါဦး မိဘတွေနဲ့တွေ့ရတဲ့ ပထမဆုံးခြေလှမ်းကို ကျော်ဖြတ်နိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ high-five လုပ်ရအောင် "


ချီချန်အန်းကလည်း high-fiveပြန်လုပ်လိုက်ပြီး သူ့အတိုင်းကော်ဇောပေါ်လှဲလိုက်သည်။အပြင်ကိုလှမ်းကြည့်လိုက်တော့ မျက်နှာကျက်ကနေကြမ်းပြင်ထိရှိတဲ့မှန်ပြတင်းပေါက်တွေရယ် ကျယ်ပြောလှသည့်‌မိုးကောင်းကင်ကြီးကိုမြင်လိုက်ရသည်။


သူကအသံတိုးတိုးဖြင့် "အခန်းထဲကနေ ကိုယ်တခါမှ ဒီလိုမျိုး ကောင်းကင်ကြီးကို မကြည့်ဖူးဘူး "


သာမာန်ရိုးရှင်းလှသည့်စကားလေးတစ်ခွန်းဖြစ်ပေမယ့် ရွှီလော့ယန်ကတော့ ထိုစကားကိုကြားတော့ တော်တော့်ကို တုန်လှုပ်သွားရသည်။သူက ချီချန်အန်းလက်ချောင်းတွေကို ဆုပ်ကိုင်လိုက်ပြီး စကားပြောရန်ခေါင်းစဉ်ရှာနေမိ၏။


"ပြောတော့မှပဲ ကောကအချိုစားရတာမကြိုက်ဖူးလား၊သူမင်းကိုပေးနေတာတွေ့လို့ တ၀က်ပဲစားပြီးတော့ "


"သူမကြိုက်တာမဟုတ်ပါဘူး၊ငယ်ငယ်တုန်းက အဖေကအချိုတွေစားရင်ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကိုကျစေတယ်လို့ သူ့ကိုပြောဖူးလို့ သူသိပ်မစားတာလေ"


ချီချန်အန်းက ပြုံးလိုက်ပြီး "ဒါပေမယ့် ကိုယ် သူ့ကိုပေးရင်တော့ သူကစားတယ် "


"ငါ့မိသားစုမှာကောပဲ...ပါးပါးက အသီးအရွက်စားရတာမကြိုက်ဘူး၊ဒါပေမယ့် ငါပေးသမျှ အသီးအရွက်တွေကိုတော့စားတယ်၊သူကြည့်ရတာစားချင်တဲ့ပုံတော့မရဘူး ဘာလို့လဲဆိုတော့ သူကအသီးအရွက်စားရင်ဉာဏ်မကောင်းဘူးလို့ ထင်လို့လေ "


ရွှီလော့ယန်က ဘေးကိုစောင်းလိုက်ပြီး သူရဲ့ခြေတံရှည်တွေကို ချီချန်အန်းကိုယ်ပေါ်တင်လိုက်သည်။သူလက်လှမ်းမှီသလောက် ဖက်လိုက်ပြီးမှ ခဏလောက်ငြိမ်ကျသွားသည်။


 "ကံကောင်းလို့ပေါ့ "


ကံကောင်းလို့ ချီချန်ယင်းရှိနေပေလို့...


ရွှီလော့ယန် ဘာတွေးနေလဲဆိုတာကို နားလည်သွားရကာ ချီချန်အန်းက သူနဖူးကိုနမ်းလိုက်သည်။


6နာရီအတိ၌ ညစာစားကြသည်။ထမင်းစားခန်းထဲ၌ စားပွဲရှည်ကြီးတစ်ခုရှိနေကာ တဖက်၌ချီချန်ယင်းကထိုင်လိုက်ပြီး အခြားတဖက်၌ ရွှီလော့ယန်က ချီချန်အေးဘေးမှာထိုင်လိုက်သည်။


အိမ်တော်ထိန်း အန်တီကျန်းက စားဖိုမှုးတွေအား ဟင်းပွဲတွေချပေးဖို့ ညွှန်ကြားလိုက်ပြီး "သုံးယောက်လုံး အရသာရှိလှတဲ့ ညစာစားချိန်ဖြစ်ပါစေ"ဟုပြောကာ သူမသည်လည်း စားဖိုမှုးများနှင့်အတူထွက်သွားလိုက်၏။


စားပွဲပေါ်က ဟင်းပွဲတွေကိုကြည့်ပြီး ရွှီလော့ယန် ခေါင်းကိုမော့ကာ ချီချန်ယင်းကိုပြုံးပြလိုက်သည်။


"ကျေးဇူးတင်ပါတယ် ကော၊ကျွန်တော် အားလုံးကိုကြိုက်ပါတယ် "


သူရဲ့တောက်ပလှတဲ့အပြုံးကိုမြင်တော့ ချီချန်ယင်းက ခေါင်းတညိမ်ညိမ့် ဖြင့် "မင်းကြိုက်တယ်ဆိုရင် ကောင်းပါတယ် "


ရွှီလော့ယန်က မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း သဘောပေါက်သွားရသည်။


တကယ်ကြီး ချန်အန်းပြောသလို ကြည့်ရတာ ချီချန်ယင်းက သူထက်တောင်မှပိုပြီးစိတ်လှုပ်ရှားနေသေးတယ်။


ညစာစားတာ အတော်လေးကိုတိတ်တိတ်ဆိတ်ဆိတ်ရှိလှသည်။ ချီချန်ယင်းကဇွန်းကိုချပြီး မျက်နှာချင်းဆိုင်က ရွှီလော့ယန်ကိုကြည့်လိုက်တော့ ချီချန်အန်းကို ဟင်းကူပြီးယူပေးနေတာကိုတွေ့လိုက်ရသည်။


သူက ဂရုတစိုက်ငါးရိုးနွှင်ကာအရေခွံကိုဖယ်ပြီးတော့မှ ချီချန်အန်းပန်းကန်ထဲထည့်ပေးနေသည်။လုပ်တာကိုင်တာ အတော်လေးကိုကျွမ်းကျင်လှပြီး ယခုလိုမျိုးလုပ်ပေးတာက အလေ့အကျင့်ဖြစ်နေပုံရသည်။


ပြီးတော့ ချီချန်အန်းကလည်း အရင်ကထက်ပိုပြီးစားနိုင်သောက်နိုင်လာသည်။


၀က်နံရိုးစွတ်ပြုတ်ကိုတစ်ဇွန်းလောက်သောက်လိုက်ပြီး ချီချန်ယင်းက အဝေးကိုအကြည့်လွှဲလိုက်သည်။စွတ်ပြုတ်ကလည်း အရင်ထက်ပိုပြီး အရသာရှိလာသလိုပင်။


နောက်နေ့မနက်၊ ရွှီလော့ယန်က မနက်၆နာရီ၌ အိပ်ယာကနေနိုးလာသည်။မျက်လုံးဖွင့်လိုက်ပြီးနောက် ကုတင်ပေါ်ကနေအသာလေးထလိုက်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်လိုက်ကာ အ၀တ်လဲလိုက်သည်။ချီချန်အန်းမနိုးသေးတာသေချာပြီဆိုမှ တံခါးဖွင့်ပြီး အခန်းထဲကနေထွက်လာလိုက်သည်။


သူမြက်ခင်းပြင်ပေါ်မှာလမ်းလျှောက်လျှောက်နေရင်း အေးစက်နေသည့်လေကြောင့် ကြက်သီးတောင်ထသွားရသည်။မျက်နှာကိုတစ်ချက်ရိုက်လိုက်ပြီးနောက် ရွှီလော့ယန်က နေရာရှာပြီး လမ်းလျှောက်ရန်ပြင်လိုက်သည်။


အကျင့်ကောင်းတွေဆိုတာ ဆက်ပြီးထိန်းထားသင့်တယ် စွန့်လွှတ်လို့မရဘူး ...


ချီချန်အန်းနိုးလာရင် ဘယ်သူမှမတွေ့မှာစိုးတာကြောင့် ရွှီလော့ယန်က အဝေးကြီးမသွားဘဲ အိပ်ခန်းပြတင်းပေါက်အနားမှာ သူ့လာသူစက်၀န်းတစ်ခုသတ်မှတ်လိုက်ပြီး ပတ်လျှောက်နေသည်။


နာရီ၀က်ခန့် လေ့ကျင့်ခန်းလုပ်ပြီး‌တဲ့နောက်မှာတော့ ရွှီလော့ယန် အနားယူရန် ရပ်လိုက်သည်။ထိုစဥ်ဘေးကနေပြီး အဖြူရောင်သဘတ်တစ်ခု ကမ်းပေးလာလေသည်။


"ကော"


ရွှီလော့ယန်က ခဏလောက် ကြောင်အသွားရပြီး ချက်ချင်းဆိုသလို မတ်မတ်ရပ်လိုက်ကာ လက်နှစ်ဖက်ဖြင့် သဘတ်ကိုယူလိုက်ပြီး နဖူးပေါ်ကချွေးတွေကိုသုတ်လိုက်သည်။


ပြီးနောက် အပြုံးလေးဖြင့် "ဂွတ်မောနင်း ကော "


"ဂွတ်မောနင်းပါ " ယနေ့ချီချန်ယင်းက ပေါ့ပေါ့ပါးပါး၀တ်ဆင်ထားပြီး သူပုံစံက မနေ့ကလောက် ခက်ထန်နေခြင်းမရှိပေ။


တဖက်လူကချီချန်အန်းရဲ့အစ်ကိုဖြစ်တာကြောင့် ရွှီလော့ယန်ရဲ့လေသံက ပိုပြီးတော့တောင်မှတည်ငြိမ်လာရသည်။ 


"ချန်အန်းကအိပ်နေတုန်း မနေ့ညက Silverဆုပေးပွဲကိုတတ်ထားရတာဆိုတော့ ပြီးတော့လည်းပွဲက၁၂နာရီကျော်မှပြီးတာလေ၊ကျွန်တော်တို့ ဟိုတယ်ကိုပြန်ရောက်တော့ မနက်တောင်ရောက်ခါနီးနေပြီ၊ကျွန်တော်ကတော့ ပြန်ပြီအိပ်ထားတယ်၊သူကသိပ်ပြီး မအိပ်ရသေးဘူး "


ချီချန်ယင်းက ခေါင်းညိတ်လိုက်ပြီး ရုတ်တရတ် "မနေ့ညက သူအိမ်မက်ဆိုးတွေမက်သေးလား "ဟုမေးလာသည်။


သေချာပြန်စဉ်းစားလိုက်ပြီး ရွှီလော့ယန် ခေါင်းခါပြလိုက်သည်။ 


"မမက်ဘူး မနေ့ညက သူခဏလေးနဲ့အိပ်မောကျသွားတော့၊တစ်ခါတော့နိုးလာပေမယ့် ပြန်ပြီးအိပ်ပျော်သွားတာပဲ" 


ထိုစကားလည်းပြောပြီးကောချီချန်ယင်းကနေပြီး "အဲ့ဒီအိပ်ခန်းက ချန်အန်းငယ်ငယ်တုန်းကနေခဲ့တဲ့အိပ်ခန်းလေ "ဟုပြောလာလေသည်။


သူ့နှလုံးသားက ချက်ချင်းဆိုသလို တင်းကျပ်လာရပြီး ရွှီလော့ယန်က ဘာမှပြန်မပြောဘဲ၊သူ့လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီး ဒုတိယထပ်ကအိပ်ခန်းရဲ့ပြတင်းပေါက်ကို ခေါင်းမော့ပြီးကြည့်လိုက်သည်။


"မိဘနှစ်ပါး ဆုံးပါးသွားပြီးနောက်မှာ အစ်ကိုနဲ့ချန်အန်း အခန်းလဲလိုက်တယ်၊၂နှစ်လောက်လည်းကြာ‌ကော ချန်အန်းက အစ်ကို့ကိုလာပြောတယ် အခန်းပြန်လဲမယ်ဆိုပြီး ဘာလို့လဲမေးတော့၊ထွက်ပြေးတာကအဖြေမဟုတ်ဘူးလို့သူကပြန်ပြောတယ်လေ အစကတော့ အစ်ကိုလက်မခံခဲ့ဘူး ဒါပေမယ် နောက်ပိုင်း သူ အစ်ကို့ကိုသိမ်းသွင်းနိုင်သွားတာနဲ့ ပြန်ပြောင်းပေးလိုက်တယ် "


ချီချန်ယင်းကလည်း ပြတင်းပေါက်ကိုလှမ်းကြည့်ကာ အသက်ပြင်းပြင်းရှုပြီး ပြုံးလိုက်လေသည်။


ယခုလိုမျိုးသူပြုံးပြခဲ့တာကြောင့်လားမသိ သူအပြုံးက နည်းနည်းတော့ သဘာ၀မကျချင်။


"ဒါကြောင့်မနေ့က သူ အစ်ကို့ကိုဒီစကားတွေပြောလာတော့ အစ်ကိုတကယ့်ကို မင်းကို ကျေးဇူတင်တယ်လို ပြောချင်ခဲ့တာ၊သူ့ကို ဒီကမ္ဘာမှာဆက်ပြီး ရှိနေစေတဲ့အတွက်ကျေးဇူးတင်ပါတယ် "


ရွှီလော့ယန်က အိပ်ခန်းထဲကိုပြန်ရောက်လာတော့ အရင်ဆုံးကုတ်အင်္ကျီကိုချွတ်လိုက်ပြီး ချိတ်ထားလိုက်သည်။အိပ်ယာပေါ်၀င်မလှဲဲခင် သူခန္ဓာကိုယ်ကအအေးဓာတ်ပြယ်သွားသည့်အထိရပ်နေခဲ့သည်။


သူနံရံကိုမှီပြီး ချီချန်ယင်းပြောခဲ့သည့်စကားများကိုပြန်တွေးနေရင်း ပြတင်းပေါက်ကိုသာစိုက်ကြည့်နေခဲ့သည်။သူအသက်၁၂နှစ်မပြည့်ခင်က သူရဲ့ချီချီက ဤအခန်းထဲမှာပိတ်မိနေခဲ့ပြီး တနေ့ တနေ့ပြတင်းပေါက်အပြင်ဘက်ကိုသာလှမ်းကြည့်နိုင်ပြီး ထွက်လို့မရပေ။


သူ့မျက်လုံးတွေက မှောင်မှိုင်းနေပြီး စိတ်ထဲအတွေးတစ်ခု၀င်လာသည်။အကယ်၍ သူသာအချိန်နောက်ပြန်သွားနိုင်ပါက သေချာပေါက် သူကလေးဘ၀ကိုပြန်သွားကာ ချီချန်အန်းကို အပြေးသွားရှာမည်ပင်။


"နျောင်နျောင် "


"ဟင်"သူ့အတွေးယဉ်ကြောမှာ ပြတ်သွားရပြီ ရွှီလော့ယန်အသိစိတ်ပြန်၀င်လာရသည်။ 


"မင်းနိုးပြီးလား "


ချီချန်အန်း ကုတင်ပေါ်ကနေထထိုင်လိုက်ပြီး ရွှီလော့ယန်ကိုလှမ်းဆွဲလာသည်။ 


"မင်း ဘယ်သွားနေတာလဲ "


"ငါအပြင်ထွက်သွားတာပါ၊ အပြင်မှာအရမ်းအေးတာပဲ"


ရွှီလော့ယန်က ကုတင်ဘေးကိုလျှောက်သွားလိုက်ပြီး ခေါင်းကိုငုံ့ကာ သူရဲ့ချစ်ရသူကောင်လေး ချန်အန်းရဲ့ဖျော့တော့နေတဲ့နှုတ်ခမ်းတွေကိုနမ်းလိုက်၏။ 


"ဂွတ်မောနင်း ချန်အန်းကောကော "


"ဂွတ်မောနင်း နျောင်နျောင်"


သို့သော် စကားပြောလို့ပြီးသည်နှင့် ချီချန်အန်းက ရွှီလော့ယန် အာရုံစိုက်မနေတာကို အခွင့်ကောင်းယူပြီး ကုတင်ပေါ်ဆွဲတင်လိုက်သည်။


"ကိုယ်နဲ့အတူခဏလောက် အိပ်ပေးပါလား "ချီချန်အန်းက သူ့ကိုကုတင်ပေါ်အမြန်ဆွဲသွင်းလိုက်ပြီး


"မင်းမရှိလို့ ကိုယ်နည်းနည်းအေးနေတယ် "


ထိုစကားက အမှန်လားဆိုတာကို သူစစ်ဆေးဖို့လိုကြောင်း သူသိပေမယ့်လည်း ရွှီလော့ယန်က စိတ်ထဲမကောင်းဖြစ်နေဆဲဖြစ်လေသည်။


သူ၀တ်အစားတွေအားလုံးကိုချွတ်လိုက်ပြီး လှဲလိုက်ကာ ချီချန်အန်း ခြေဖဝါးတွေကို သူ့ခြေဖဝါးတွေနဲ့အတူပူးထပ်လိုက်ပြီး


"ကောင်းပြီလေ အိပ်တာပေါ့ "


ရွှီလော့ယန် မျက်လုံးမှိတ်လိုက်ပြီး သိပ်မကြာခင် ချီချန်အန်းရဲ့ အသက်ရှုသံက ပုံမှန်ပြန်ဖြစ်သွားသည်။


သူအပေါ်တတ်ခါနီး ချီချန်ယင်းပြောခဲ့တာကို သူသတိရသွား၏။


"ကျေးဇူးပြုပြီး သူနဲ့အတူရှိနေပေးပါ "


ရွှီလော့ယန်က မျက်လုံးဖွင့်ကာ ချီချန်အန်းရဲ့မျက်နှာကိုကြည့်လိုက်သည်။ 


ဘယ်လိုလုပ်ပြီး မင်းကိုထားခဲ့ရက်မှာလဲ...


Montrealမှာသုံးရက်လောက်နေပြီး ရွှီလော့ယန်ကရုပ်ရှင်ရိုက်လို့မပြီးသေးတာကြောင့် ရိုက်ကွင်းကိုအမြန်ပြန်သွားရသည်။ချီချန်အန်းကတော့ ရွှီလော့ယန် ရုပ်ရှင်ရိုက်လို့ပြီးသည်အထိစောင့်ရင်း ရက်နည်းနည်းလောက်ဆက်‌နေရန် စီစဉ်ထားသည်။ပြီးတော့မှသာ သူနှင့်အတူ တရုတ်ကိုပြန်မည်ဖြစ်သည်။


၇နာရီခန့်ကြာအောင်လေယာဉ်စီးပြီးတဲ့နောက်မှာတော့ ရွှီလော့ယန် လေယာဉ်ပေါ်ကနေ ခရီးဆောင်အိတ်များဖြင့်ဆင်းလာသည်။ထို့နောက် 'ရွှီကော'ဆိုသည့်စာလုံးကြီးလေးလုံးပါသည့်ဆိုင်းဘုတ်ကိုကိုင်လျက် လုတိက ဧည့်ကြိုနေရာ၌ရပ်စောင့်နေတာကိုမြင်လိုက်ရ၏။


"......"


နှစ်ယောက်သား ရိုက်ကူးရေးအဖွဲ့ကစီစဉ်ပေးထားတဲ့ကားထဲ၀င်လိုက်ပြီးနောက် ရွှီလော့ယန်က အနောက်ခန်းမှာထိုင်နေကာ မျက်လုံးမှိတ်ပြီး အိပ်ငိုက်နေသည်။သူသွားရတော့မည်ဖြစ်တာကြောင့် နှစ်ယောက်သားခဏလောက်တစ်ယောက်နှင့်တစ်ယောက်မတွေ့နိုင်တော့ဘူးဟုတွေးမိကာ ဒီမနက် ချီချန်အန်းကို သူနှစ်ကြိမ်တိတိလိုက်လျောပေးခဲ့ရသည်။


အပျော်အပါးလိုက်စားတာ မကောင်းတဲ့အရာဖြစ်ကြောင်းသက်သေပြနေပြီဖြစ်သည်။


အခုသူအိပ်ချင်နေတာ မျက်လုံးတောင်မှမဖွင့်နိုင်တော့ပေ။


"ဒါနဲ့ ရွှီကော ကျန်းကောက ကျွန်တော်ကို ခုနကဖုန်းဆက်လာတယ်၊မှတ်ချက်တွေကိုထိန်းချင်သေးလားလို့မေးခိုင်းလိုက်တယ် "


ရွှီလော့ယန်ရဲ့အိုင်ကျူကနည်းနည်းတိုးတတ်လာတာကြောင့် ဘာပြောနေလဲဆိုတာကို ချက်ချင်းသဘောပေါက်သွားသည်။ 


"ဒီနှစ်ရက်အတွင်း ငါအင်တာနက်ကသတင်းတွေမဖတ်ရသေးဘူး၊တယောက်ယောက်က ငါ့အကြောင်းမကောင်းတာရေးခိုင်းပြန်ပြီလား "


"ဟုတ်တယ် ဟုတ်တယ် အရင်ရက်တွေတုန်းကသိပ်မသိသာဘူး၊ဒါပေမယ့် ဆုရသွားလို့ စိတ်၀င်စားမှုတွေရပ်သွားတာနဲ့ တော်တော်လေးသိသာလာတယ်၊အခြေအနေကသိပ်တော့မကောင်းဘူး၊မင်းရဲ့သရုပ်ဆောင်စွမ်းရည်က Silverဆုပေးပွဲရဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရဖို့မသင့်ဖူးလို့ပြောလာကြတယ်၊ချီလူကြီးမင်းရဲ့လမ်းညွှန်ပေးမှုတွေကြောင့် ဆုရတာဆိုပြီး "


လုတိက ဒေါသတကြီးဖြင့်ပြောလိုက်ပြီး ရွှီလော့ယန် တွန့်ခနဲ့ဖြစ်သွားတာကိုတွေ့တော့ "ရွှီကော မင်း ဒေါသမထွက်ဖူးလား "


"ဘာဒေါသထွက်စရာရှိလို့လဲ ငါ့ကသဘောထားကြီးတယ်"


ရွှီလော့ယန်က ကုတ်အင်္ကျီကိုခေါက်လိုက်ပြီး


"သူတို့ပြောတာ မှားမှမမှားတာ၊ဒီဇာတ်ကားမှာ ငါကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့တာ ချန်အန်းကြောင့်လေ၊ချန်အန်းက အရမ်းမိုက်တာပဲ၊အဲ့ဒီအချိန်တုန်းက ငါရိုက်ကွင်းမှာ သူကငါ့ကိုဂရုစိုက်ပေးတယ်လေ၊မိနစ်တိုင်း သရုပ်ဆောင်တာနဲ့မုဒ်၀င်နိုင်တယ်၊သရုပ်ဆောင်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ "


အမြဲ လုတိက ရွှီလော့ယန် ဘက်ကဖြစ်သည်။


 "ဒါပေမယ့် ရွှီကော အခု မင်း ဇာတ်ကောင်ထဲအမြန်ဈာန်၀င်နိုင်နေပြီ၊ဒါရိုက်တာမုန့်ကလည်း ကောရဲ့သရုပ်ဆောင်နိုင်စွမ်း အရမ်းကောင်းတာပဲလို့ပြောတယ်လေ"


သူ့စကားကိုကြားတော့ ရွှီလော့ယန် သဘောတကျရယ်မောလိုက်ပြီး


 "ဒါကြောင့် အဲ့ဒီမှတ်ချက်တွေကိုအာရုံစိုက်မနေနဲ့၊ငါ့အခြေအနေမကောင်းရင် အဲ့ဒါတွေကိုဖတ်ပြီး ကိုယ့်ကိုကိုယ်တွန်းအားပေးလို့တောင်ရသေး၊ငါ့အခုရိုက်နေတဲ့ရုပ်ရှင်မှာသာဆုရရင် သူတို့ကြောက်လွန်းလို့သေသွားနိုင်တယ် "



____


Translated By IQ-Team.