အပိုင်း ၁၁၉
Viewers 22k

🍬Chapter 119



ရိုက်ကွင်းကိုပြန်ရောက်တော့ သူတို့နှင့်တွေ့တဲ့သူတိုင်းက ရွှီလော့ယန်အား Silverဆုပေးပွဲ၌ အကောင်ဆုံးအမျိုးသားဆုရရှိသည့်အတွက် ဂုဏ်ပြုစကားဆိုလေသည်။ ရွှီလော့ယန်က အပြုံးတစ်ခုပန်ဆင်လျက်အားလုံးကိုကျေးဇူးတင်စကားပြန်ပြောလိုက်ကာ လုတိကို သူကြိုတင်ပြင်ဆင်ခိုင်းထားသည့်လက်ဆောင်လေးတွေကိုထုတ်ခိုင်းကာ တစ်ခုစီပေးလိုက်သည်။


နောက်လ၀က်၌ ရွှီလော့ယန်က ဆုမရခင်ကအတိုင်းပင် ပြောင်းလဲသွားခြင်းမရှိ၊သူကနေ့တိုင်း ရိုက်ကွင်းမှာပဲအချိန်ကုန်ဆုံးလေ့ရှိပြီး တစ်ခါတစ်လေတွင်တော့ ထူးထူးဆန်းဆန်း ဇာတ်ညွှန်းထထပြောင်းတတ်သည့် ဒါရိုက်တာမုန့်နှင့်အငြင်းပွားလေ့ရှိသည်။အငြင်းပွားလို့ပြီးသည်နှင့် သူဇာတ်ညွှန်းစာအုပ်ကိုဆွဲကာ စာသားတွေကိုပြန်ပြီး လေ့ကျင့်နေလိုက်ပြီး ဆက်ပြီးသရုပ်ဆောင်စွမ်းရည်းတိုးတတ်အောင်လုပ်နေလိုက်၏။


အိပ်ရာမ၀င်မီ ချီချန်အန်းနှင့်ထုံးစံအတိုင်းဗီဒီယိုကောပြောနေပေမယ့်လည်း သူပင်ပန်းလွန်းတာကြောင့် စကားပြောရင်းခေါင်းအုံးပေါ်မှီပြီး အိပ်ပျော်သွားလေ့ရှိသည်။


ရွှီလော့ယန် ရိုက်ကူးရေးပြီးဆုံးသွားသည့်နေ့တွင်တော့ ချီချန်အန်းက သူ့ကိုလာခေါ်လေသည်။မုန့်ဟွာကျန်းကအပြာရောင် ဂျာကင်အင်္ကျီထူထူကြီးကို၀တ်ဆင်ထားလျက် မော်နီတာနောက်တွင်ထိုင်နေပြီး ချီချန်အန်းနှင့်စကားပြောရင်း ကင်မရာထဲကရွှီလော့ယန်ကိုကြည့်နေသည်။


"မင်းအစ်ကိုဆီမှာ နေနေတာလား "


"ဟုတ်တယ်၊ကျွန်တော်တို့ ခရစ္စမတ်ကိုအတူတူဖြတ်သန်းခဲ့တယ် "ချီချန်အန်းအသံကပျော်နေပုံရသည်။ 


"ခရစ္စမတ်အကြိုနေ့မှာ ကောက ခရစ္စမတ်ခြေအိတ်တောင်ကူချိတ်ပေးသေးတယ်၊နောက်နေ့မနက် ကျွန်တော်လည်းနိုးလာကော အားလုံးအပြည့်ပဲ၊လက်ဆောင်တွေကလည်း မျိုးစုံပဲ "


"သူ ညသန်းခေါင်ကြီးထပြီးထည့်ထားတာလား"


ချီချန်အန်း ခေါင်းညိတ်ပြတာမြင်ပြီး မုန့်ဟွာကျန်းရယ်မောလိုက်သည်။ 


"လော့ယန်အတွက်ကောပါရဲ့လား"


"ပါတယ်၊လက်ဆောင်တွေကို ခရစ္စမတ်ခြေအိတ်အကြီးကြီးတွေနဲ့တောင်မှ ထုတ်ပိုးထားသေး၊ကျွန်တော်ထက်တောင် များသေးတယ်"


ထိုအချိန်၌ ရွှီလော့ယန်က ရိုက်ကူးရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။သူကတက္ကသိုလ်ယူနီဖောင်းကိုအနက်ရောင်ကုတ်အင်္ကျီ၊လည်ပိတ်ဆွယ်တာနှင့်အဖြူရောင်ရှပ်အင်္ကျီကို၀တ်ဆင်ထားလေသည်။နက်ကတိုင်ကိုစီးထားတာက နည်းနည်းရွဲ့စောင့်နေသည်။လွယ်အိတ်အနက်ကိုဘယ်ဘက်ပခုံး၌လွယ်ထားပြီး စက်ဘီးဟောင်းတစ်စီးပေါ်ထိုင်လျက်ရှိနေသည်။


သူ စက်ဘီးပေါ်ထိုင်ကာ သံချေးတတ်နေတဲ့စက်ဘီးလက်ရန်းကိုလက်နှစ်ဖက်လုံးဖြင့်ကိုင်ထားပြီး မုန့်ဟွာကျန်းကိုလှမ်းကြည့်လိုက်သည်။


မုန့်ဟွာကျန်းက မတ်တပ်ရပ်ပြီး လက်ပြတော့မှသာ recordingသမားက " 'Reversal of time' ဇာတ်၀င်ခန်း၁၆၅၁ ပထမဆုံးရိုက်ချက်"


ယိုစုက စက်ဘီးဖြင့်ဂုန်းတံတားပေါ်ကနေလျှောဆင်းလာပြီး ရုတ်တရတ်စာကြည့်တိုက်ရှေ့၌ရပ်လိုက်လေသည်။တာယာကဘရိတ်နင်းလိုက်တော့ အသံများထွက်လာသည်။သူအသက်က၂၀ကျော်လောက်ပဲရှိတယ်ဟုထင်ရပေမယ့် သူ့မျက်လုံးတွေက သူအသက်နှင့်မလိုက် လေးလံနေသည်။စာကြည့်တိုက်ကသူနှင့်နီးလာလေလေ သူပိုပြီးတော့ သူစိုးရိမ်လာလေလေပင်။


ချီချန်အန်းက ဇာတ်ညွှန်းကိုမှတ်မိနေဆဲဖြစ်သည်။ဤအခန်းက ရွှီလော့ယန်ဇာတ်ကောင်ယိုစု တက္ကသိုလ်တတ်နေချိန်သို့ ပထမဆုံးအကြိမ်ပြန်ရောက်လာခြင်းဖြစ်သည်။


သူ့အမေ၏သေဆုံးမှုကိုမတားနိုင်ခဲ့ပြီးနောက်ပိုင်း သူအချက်အလက်များစွာကိုဖတ်ရှုခဲ့ပြီး စမ်းသပ်မှုများကိုပြုလုပ်ခဲ့သည်။သူ့ဆရာကို မှားနေတဲ့သီအိုရီတင်ပြတာကိုတားဆီးနိုင်မလားမျှော်လင့်ချက်ဖြင့်၊သူတစ်ခေါက်ကျရှုံးပြီးပေမယ့်လည်း သူမှာမျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။


"ဒါက ယိုစုဇာတ်ကောင်ရဲ့ ခက်ခဲတဲ့အပိုင်းပဲ" 


မုန့်ဟွာကျန်းက မိတ်ကပ်ပြင်နေသည့် ရွှီလော့ယန်ကိုလှမ်းကြည့်လိုက်ပြီး ချီချန်အန်းကိုပြောပြလိုက်သည်။


"မတူညီတဲ့အချိန်တိုင်းမှာ ယိုစုဇာတ်ကောင်ရဲ့စိတ်ပိုင်းဆိုင်ရာကလည်းမတူသလို အသက်ကလည်းတူမ‌နေပြန်ဘူး၊ဒီဂရီလောက်တော့ကွဲနေလိမ့်မယ်၊ဒါကြောင့် လော့ယန်က ဇာတ်ကောင်ရဲ့ဘယ်လိုအခြေအနေမှာ ဘယ်လိုစိတ်ပိုင်းဆိုင်ရာအခြေအနေရှိနေသင့်လဲဆိုတာကိုဆုပ်ကိုင်နိုင်ဖို့လိုတယ်"


ရွှီလော့ယန်က စက်ဘီးပေါ်ကနေဆင်းပြီးစာကြည့်တိုက်အ၀င်ကိုတစ်ဖန်လျှောက်သွားတာမြင်ပြီး ချီချန်အန်းကအခိုင်အမာပြောလာသည်။ 


"သူကောင်းကောင်းလုပ်နိုင်‌နေပါတယ် "


"ဟူတ်ယ် သူတော်တော်လေးကို ကောင်းကောင်းလုပ်နိုင်တယ် "


ပြုံးလိုက်တာကြောင့် မုန်ဟွာကျန်းရဲ့မျက်လုံးထောင့်ကအရေးအကြောင်းတွေသိသာလာရသည်။


"ငါထင်ထားတာထက်တောင် သူကပိုတော်နေသေးတယ်၊သူ့သရုပ်ဆောင်စွမ်းရည် မြန်မြန်တိုးတတ်လာတဲ့အတွက် ငါ၀မ်းသာတယ်၊သူလိုမျိုး အရမ်းတော်ပြီးအရမ်းကြိုးစားတဲ့သူတွေကကြောက်ဖို့ကောင်းတယ် ဘာလို့လဲဆို သူတို့ရဲ့အဆုံးမှတ်နဲ့ကန့်သတ်ချက်ဘယ်မှာလဲဆိုတာ ဘယ်သူမှမသိဘူး "


ချီချန်အန်းက ခေါင်းညိတ်ပြပြိး ရွှီလော့ယန်ကိုသာ စိုက်ကြည့်နေတာကိုမြင်တော့ မုန့်ဟွာကျန်းကစကားခေါင်းစဉ်ပြောင်းပြီး မေးလာသည်။


"မင်း ရုပ်ရှင်ဆက်ရိုက်ဖို့အစီအစဉ်ရှိလား "


ချီချန်အန်းက အဝေးတစ်နေရာကိုကြည့်ပြီးအလေးအနက်ပြောလာသည်။


"ရိုက်မှာပါ ဒါပေမယ့် တစ်နှစ်ကိုတစ်ကားလောက်ပဲရိုက်ဖြစ်မယ်၊ကောက ကျွန်တော်ရွေးချယ်မှုကိုအမြဲလက်ခံပေးပေမယ့်လည်း ကျွန်တော်သူကိုကူညီပေးချင်သေးတယ်၊ဒီနှစ်တွေမှာ သူကြိုးကြိုးစာစားလုပ်ခဲ့ပြီးပြီလေ "


မုန့်ဟွာကျန်းက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီးလေ အဆင်ပြေလောက်မယ့်ဇာတ်ညွှန်းတွေ့ရင် မင်းကိုဆက်သွယ်လိုက်မယ်၊ မင်း ငါ့ကိုတော့ ဦးစားပေးရမယ်"ဟုပြောလာသည်။


"သေချာပေါက်ပဲပေါ့ "


ထိုဇာတ်၀င်ခန်းကိုပဲ ၄၊၅ခါလောက်ပြန်ရိုက်ပြီး လိုချင်တဲ့ပုံစံရပြီဆိုတာသေချာမှာ မုန့်ဟွာကျန်းက "ရပ်"ဟုအော်လိုက်ကာ အသံကျယ်ကျယ်ဖြင့် "ရိုက်ကူးရေးပြီးဆုံးတဲ့အတွက် ဂုဏ်ယူပါတယ် "ကျန်တဲ့ရိုက်ကူးရေးအဖွဲ့သားအချို့ကလည်း ဂုဏ်ပြုစကားပြောလာကြသည်။


ရွှီလော့ယန်က လုတိကမ်းပေးလာတဲ့ဂျာကင်အင်္ကျီကိုယူလိုက်ပြီး အမြန်ဆွဲခြုံလိုက်သည်။ ပြီးနောက် သူကအားလုံးကို ခါးကိုင်းပြီး ပြောလိုက်သည်။


"အားလုံးရဲ့ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ် "


ချီချန်အန်းနှင့်သူနေတဲ့နေရာကိုပြန်ရောက်တော့ ရွှီလော့ယန်က ချက်ချင်းဆိုသလို ဆိုဖာပေါ်ပစ်လှဲလိုက်သည်။ 


သူကခဏလောက် တွေဝေနေပြီး "ငါရိုက်ကူးရေးပြီးမယ့်ရက်ကိုလက်ချိုးရေပြီးစောင့်နေပေမယ့်လည်း တကယ်တမ်းပြီးလည်းပြီးသွားကော ငါနည်းနည်းခံစားရတယ်" 


သူစဉ်းစားကြည့်ပေမယ့်လည်း ဘယ်နာမဝိသေသနကိုသုံးရမလဲဆိုတာကိုမသိ ထို့ကြောင့် ချီချန်အန်းကို ကြည့်လိုက်တော့...


"ပျောက်ဆုံးနေတာ "


"ဟုတ်တယ် ပျောက်ဆုံးနေသလိုမျိုးကြီး"


ရွှီလော့ယန်က ဆိုဖာအပေါ် တွင်ပျဉ်ခွေထိုင်လိုက်ကာ ဘယ်ဘက်လက်ဖြင့်မေးစေ့ကိုထောက်ထားပြီး ဖြည်းဖြည်းလေးပြောလာသည်။


"ယိုစုက ငါသရုပ်ဆောင်ဖူးသမျှဇာတ်ကောင်တွေထဲ အရှုပ်ထွေးဆုံး၊စိတ်ခံစားမှုအများဆုံးဇာတ်ကောင်ပဲ "


ပြောရင်း သူမျက်လုံးကိုအပေါ်လှန်ပြီး ချီချန်အန်းကိုကြည့်လိုက်သည်။ 


"မင်း‌ကောရိုက်ကူးရရေးပြီးသွားရင် ဒီလိုမျိုးခံစားရလား၊မင်းကိုယ်ထဲက ဇာတ်ကောင်ရဲ့စိတ်ဝိညာဉ်ကတဖြည်းဖြည်းပျောက်ကွယ်သွားသလိုမျိုး "


"အင်း အဲ့ဒီအတိုင်းခံစားရတယ်"ဟုချီချန်အန်းက ခေါင်းညိတ်ပြပြီး အလေးအနက်ဆိုလာသည်။


"ကိုယ်သရုပ်ဆောင်ဖူးတဲ့ဇာတ်ကောင်တွေရဲ့ စာသားတွေကိုမှတ်မိနေသေးတယ်"


သူကပြောရင်းဆိုရင်းလေသံကိုပြောင်းလိုက်ပြီး "သွားရမယ့်ခရီးကမှောင်မိုက်လွန်းတယ် ငါနဲ့အတူသွားချင်လား မင်းရဲ့အလင်းရောင် ဖြစ်ပေးပါမယ် "


'Blizzard'ထဲက အားဟွေ့၏စာသားဖြစ်သည်။


သို့သော်လည်း ချီချန်အန်းကထိုစာသားကိုရွတ်ပြတော့ သူ့မှတ်ဉာဏ်တစ်ခုကို ချက်ချင်းသတိပြန်ရသွားကာ ရွှီလော့ယန် နားရွက်တွေနီရဲလာရသည်။ ချီချန်အန်းက သူ့ကို ပထမဆုံးအကြိမ် ချင်းလီမြို့ကအငှားအိမ်လေး၌ဆိုဖာပေါ်မတ်တပ်ရပ်ပြီး ရုပ်ရှင်ကဇာတ်၀င်ခန်းအတိုင်းစာသားကိုလိုက်ရွက်ကာ လက်ထဲကတပ်ပလတ်ကိုကိုင်ပြီးခုန်ပေါက်နေတာကို သူသတိရနေသေးသည်။


ရွှီလော့ယန် ရှက်သွားတာလည်းမြင်ကော ချီချန်အန်းကပြုံးရင်း ပြောလိုက်သည်။ 


"ငါနောက်လိုက်ခဲ့လို့ မင်းပြောခဲ့တာနော် သွားရမယ့်လမ်းကမှောင်လွန်းရင် flashlightကိုသုံးဆိုပြီးတော့လေ "


ပထမဆုံးအကြိမ် သူနှင့်ရွှီလော့ယန်တွေ့တဲ့အချိန်ကို သတိရသွားရပြီး မျက်လုံးကပြုံးရိပ်သန်းလာရသည်။


ရွှီလော့ယန်က ဆိုဖာပေါ် ဒူးထောက်ထိုင်လိုက်ကာ ချီချန်အန်းခါးကိုဖတ်လိုက်ပြီး "မင်းစကားအတိုင်းနော် ငါ မင်းကိုဘယ်တော့မှမထားခဲ့ဘူး "


ရုပ်ရှင်ရိုက်လို့ပြီးသည်နှင့် နောက်တနေ့ ရွှီလော့ယန် တရုတ်ကိုပြန်လာရပြီး ဇန်နဝါရီ၁၅ရက်နေ့၌ချီချန်အန်းနှင့်အတူ Bမြို့မှာ 'Divergent Road'ရဲ့ရုံတင်ပွဲကိုတတ်ရောက်ခဲ့ကြသည်။


ပထမဆုံးအတန်းမှာထိုင်၍ ဖန်သားပြင်ကြီးကိုကြည့်ပြီး ချီချန်အန်းသရုပ်ဆောင်ထားသည့်ရွှီကျန့်က ချင်းချောင်းနှင့်သတိထားပြီး ဆက်ဆံနေတာကိုမြင်နေရပြီး သူက ချင်းချောင်အားလည်း အားတင်း၍ ပြုံးပြနေသည်။လူသတ်မှုနှင့်ပတ်သတ်တဲ့အမှန်တရားပေါ်လာတော့ ရွှီလော့ယန် မျက်လုံးတွေချက်ချင်းဆိုသလို နီရဲလာရသည်။


ဒါရိုက်တာကျန်းကသူ့ဘေးမှာထိုင်ပြီး ရွှီလော့ယန်အသံကတစ်ခုခုဖြစ်နေတာကိုသတိထားမိတော့ အနားကပ်ပြီး တိုးတိုးလေးမေးလာသည်။ 


"လော့ယန် မင်းငိုနေတာလား "


ရွှီလော့ယန်က တရှုံ့ရှုံ့လုပ်နေရင်း သူရှက်ပေမယ့်လည်း ၀န်ခံလိုက်၏။ 


"အင်း ကျွန်တော်မျက်ရည်နှစ်စက်ပဲကျတာပါ နှစ်စက်ပဲ "


သေချာပေါက် မနက်၂နာရီခွဲ ပထမဆုံးရုံတင်တာ တစ်ပွဲပြီးတစ်ပွဲပြီးသွားသည်နှင့် Weibo၌ ရွှီလော့ယန်၊ချီချန်အန်းနှင့်ကုချန် cpရဲ့မှတ်ချက်နေရာများတွင် ချက်ချင်းဆိုသလို မှတ်ချက်များပြည့်နှက်သွားရသည်။


"ငါ့မျက်လုံးတွေ ငိုရလွန်းလို့ ရောင်တောင်နေပြီ၊မနက်ဖြန်အလုပ်သွားရမှာကို ကုချန် ငါမျက်ရည်တွေကိုပြန်လျော်ပေး အခွင့်အရေးများရှိမလားလို့ ငါမျှော်လင့်နေသေးတာ ဒါပေမယ့် နောက်ဆုံးခန်းမှာ ရွှီကျန့် ချင်းချောင်ရဲ့လက်ချောင်းကိုဖိ ခလုတ်ကိုဆွဲပြီး သူ့နှလုံးနေရာကိုပစ်လိုက်တာ တချက်တည်းပေမယ့် ငါမျက်ရည်တွေကျလာတယ်၊ငါ သေရရင်တောင် မင်းရဲ့လက်ထဲမှာပဲသေမယ်တဲ့ ရွှီကျန့်ကအရမ်းသနားဖို့ကောင်းတာပဲ ခွေးသွေးတွေ ခွေး‌သွေးတွေ "


" နောက်ဆုံးတော့ ချီချန်အန်းနဲ့ရွှီလော့ယန် Silverဆုပေးပွဲမှာ ဘာလို့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရလဲဆိုတာကို ငါသိသွားပြီ၊ရိုက်ချက်တိုင်း သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုသေးသေးလေးတိုင်းကို သေချာ ရိုက်ပြထားတယ် ငါမအိပ်တော့ဘူး ထပ်ပြီးကြည့်ဦးမယ် "


"အပိတ်သီချင်းကနားထောင်လို့ကောင်းတယ်ထင်နေတာ ငါတစ်ယောက်ထဲလား ရုပ်ရှင်ရုံထဲကလူတွေအားလုံးအပိတ်သီချင်းကိုနားထောင်ပြီးမှ ရုံထဲကထွက်သွားကြတယ်၊သီချင်းစာသားကော သံစဉ်ကော လော့ယန်ကိုယ်တိုင်ရေးထားတာ ယင်း...ယင်း... ယင်း... အပိတ်သီချင်းကိုနားထောင်ရအောင် ငါ့သွားပြန်ကြည့်လိုက်ဦးမယ် "


ရုပ်ရှင်ထွက်ရှိပြီး၃ရက်အကြာ 'Divergent Road'ရဲ့ရုံတင်၀င်ငွေက ၁.၂ဘီလီကျော်နီးပါးရရှိခဲ့ပြတစ်ရက်တာရုံတင်၀င်‌ငွေနှင့် ပထမရက်ရုံတင်၀င်ငွေ အမြင့်ဆုံးရရှိခဲ့သည်။ ရွှီလော့ယန်သီဆိုထားသည့် အပိတ်သီချင်း 'ချီလု'ဟာဆိုရင်ဖြင့် ရုတ်ချည်း သီချင်းသစ်ဇယား၏ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပြီး ပလပ်ဖောင်းအားလုံး၌ဒေါင်းလုပ်ခ်ဆွဲယူမှုအများဆုံးဆုံးဖြစ်ခဲ့သည်။


ရုတ်ချည်းဆိုသလို ချီချန်အန်းနှင့် ရွှီလော့ယန်၏နာမည်တွေဟာ ခေါင်းကြီးပိုင်းနေရာများ၌လွှမ်းမိုးထားတော့သည်။ 


"ရွှီလော့ယန်က တောင်ကျစမ်းရေသာသောက်သည်"ကဲ့သို့သောခေါင်းစဉ်ကပင် hotsearchပေါ်သို့ရောက်လာတာကြောင့် သူတို့နှစ်ယောက်ဘယ်လောက်နာမည်ကြီးလဲဆိုတာကိုပြနေသည်။


ယို့လီ အင်တာတိန်းမန့်...


ရွှီလော့ယန် ရုံးခန်းထဲရှိဆိုဖာပေါ်၌မှီကာ 'ချင်းချောင်က ရွှီကျန့်သူ့ကိုကြိုက်နေတာသိတယ်'ဟူသည့် Weiboခေါင်းစဉ်ကိုကြည့်နေ့သည်။ အောက်တွင်တော့ အကြီးအကျယ်ရန်ဖြစ်နေကြသည်။ရွှီလော့ယန် ကိုယ်တိုင်တောင်မှသတိမထားမိသည့်အရာတွေက သက်သေအဖြစ်ရှာတွေ့ခဲ့တာ အတော်လေးကိုလေးစားဖို့ကောင်းလှသည်။


သူ စိတ်၀င်တစားကြည့်နေတုန်း ယဲ့ရှန်ရှန်နှင့်တစ်ခုခုကိုဆွေးနွေးနေသည့်ကျန်းသုန့်ကလှမ်းမေးလာသည်။


 "မင်း ဘာဆက်လုပ်ချင်လဲ "


ကျန်းသုန့်ကိုတစ်ချက်ကြည့်လိုက်ပြီး ရွှီလော့ယန် ခဏလောက်စဉ်းစားလိုက်သည်။ 


"ဒါရိုက်တာမုန့်က 'Turn Back Time'ရဲ့တချို့အခန်းလေးတွေ ပြန်ရိုက်ရမယ်လို့ပြောလာတယ် ပြီးတော့ ရုပ်ရှင်ကိုပရိုမိုရှင်းဆင်းဖို့အတွက် ပရိုဂရမ် ၂ခု၃ခုလောက်မှာပါခိုင်းထားသေးတယ် ပြီးတော့ ဒါရိုက်တာမုန့်ကပြောသေးတယ် 'Turn Back Time'ကို နှစ်ကုန် ရုပ်ရှင်ပွဲတော်မှာပါခိုင်းမယ်လို့လည်းပြောထားသေးတယ် သူကဆုတစ်ဆုထက်ပိုရဖို့ပြင်ထားတဲ့ "


ကျန်းသုန့်က မျက်လုံးကိုလှန်လိုက်ပြီး "မင်းဆုရရင်တောင် နှစ်ကုန်မှ ဒီလအနည်းငယ်အတွင်းဘာလုပ်ချင်လဲ၊ရုပ်ရှင်ရိုက်မလား albumထုတ်ချင်လား၊အရင်ဆုံး ဘာလုပ်မလဲဆိုတာကို မင်းရွေးရမယ် "


ဤအကြောင်းကိုပြောလာတော့ ရွှီလော့ယန်ရဲ့မျက်နှာအမှုအရာက လေးနက်သွားရပြီး "ကျန်းကော ကျွန်တော် albumထုတ်ချင်တယ် "


"ကောင်းပြီလေ မင်းalbumအသစ်မထွက်တာ ၂နှစ်လောက်ရှိပြီဆိုတော့ အသစ်ထုတ်ဖို့အချိန်တန်ပါပြီ"


ရွှီလော့ယန်ရဲ့မျက်နှာအမှုအရာကိုကြည့်ကာ ကျန်းသုန့်ကတစ်ခုခုတော့မှားနေပြီတွေးလိုက်ကာ သူမျက်နှာပေါ်ကအပြုံးကိုထိန်းထားလိုက်ပြီး "ပြောစမ်း ဒီတခေါက်ကော မင်းရူးရူးနှမ်းနှမ်း ဘာလုပ်ဦးမလဲ "


ရွှီလော့ယန်က မချိပြုံးပြုံးပြလိုက်ကာ ချက်ချင်းငြင်းလိုက်သည်။ 


"မဟုတ်ပါဘူး တကယ့်ကိုမဟုတ်ရပါဘူး"


သူငြင်းလေလေ ကျန်းသုန့်ရဲ့နှလုံးသားက ပိုပြီးအေးစက်လာလေလေပင်။ ကော်ဖီခွက်ထဲက ကောက်ဖိပူပူတစ်ငုံလောက်သောက်လိုက်ပြီး ကျန်းသုန့်တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး စိတ်ကိုပြင်ဆင်ထားလိုက်၏။ 


"ပြောစမ်း "


ရွှီလော့ယန်က သတိထား၍ "ကျွန်တော် albumထုတ်မယ်၊ဆယ်ပုဒ်မှာ ခြောက်ပုဒ်လောက်တော့ရေးပြီးနေပြီ၊ ' Divergent Road 'ရဲ့ဇာတ်၀င်တေးအပါ၀င်ဆို ခုနှစ်ပုဒ်ပေါ့ "ဟုပြောလိုက်သည်။


" အဓိကအချက်ကိုပြော "


"အို့ " ရွှီလော့ယန် ကစကားကိုအမြန်ပြောလာလေသည်။ 


"ကျွန်တော် albumနာမည်ကို ချန်အန်းလို့ပေးချင်တယ် "


ပြောပြီးနောက် သူမျက်လုံးအမြန်မှိတ်လိုက်ပြီး နောက်မှာပဲ တစ်ခုခု ကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားသည့် 'ခလွမ်း'ဆိုသည့်အသံကိုကြားလိုက်ရသည်။ ရွှီလော့ယန်ဘယ်ဖက်မျက်လုံးကိုအသာလေးဖွင့်ပြီး ကြည့်လိုက်တော့ ကျန်းသုန့်လက်ထဲကကော်ဖီခွက် လွတ်ကျသွားတာဖြစ်လေသည်။ 


ခဏလောက်တော့ စိတ်ထဲမကောင်းဖြစ်သွားရသည်။ "ကျန်းကော နေပါဦး "


"နေပါဦး ဟုတ်လား...မနေနိုင်ဘူးကွ "


ကျန်းသုန့်ကသူရဲ့နားထင်တွေကို ပွတ်သပ်လိုက်ကာ "မင်း သီချင်းခေါင်းစဉ်ကိုရေးပြီးပြီလား "


"အင်း အင်း ကောဘယ်လိုသိလဲ"


အသံကခဏလောက် ပျော်ရွှင်မြူးထူးသွားရပြီး အခြေအနေမကောင်းတာကိုသတိရသွားတော့မှ ရွှီလော့ယန် ချောင်းအဟမ်းလုပ်လိုက်ကာ ကျန်းသုန့်စိတ်ထိမခိုက်သွားအောင် ငြိမ်နေလိုက်သည်။


"အုပ်ထိန်းသူနဲ့သွားတွေ့တုန်းက ကျွန်တော်အကြံ‌ပေါ်လာတာ၊ရေးဖို့နှစ်ရက်လောက်ပဲအချိန်ယူလိုက်ရတယ်၊သီချင်းခေါင်းစဉ်ကလည်း albumနာမည်နဲ့တူတူပဲ ချန်အန်း "


ကျန်းသုန့် ရွှီလော့ယန်ကိုတစ်ချက်ကြည့်လိုက်ပြီး နဖူးကိုကိုင်ကာ သူ့ကိုယ်သူတိုးတိုးလေးပြောလိုက်သည်။


"အံဩစရာမရှိပါဘူး"ဟုဆိုကာ ရွှီလော့ယန်ကိုတချက်ပြန်ကြည့်လိုက်ပြီး "မင်းနဲ့မင်းအဖေကတော်တော်တူတယ်၊သစ်ပင်ပေါ်တွဲလောင်းကြီး အပင်ပေါ်ရောက်ပြီးရင် ပြန်မဆင်းလာကြတော့ဘူး"


ရွှီလော့ယန်ကတော့ ပြုံးနေဆဲဖြစ်သည်။


"ချန်အန်းကအရမ်းကောင်းတာကို ကျွန်တော်ပြန်မဆင်းလာပါဘူး"


 သူကဆက်ပြောလိုက်သည်။ "ကျန်းကော albumကို...."


လက်ခါပြလိုက်ပြီး ကျန်းသုန့်ကပြောလာသည်။


"မင်းလုပ်ချင်တာသာလုပ်တော့ ငါ senior managementကိုပြောလိုက်မယ် "


"ကျေးဇူးတင်ပါတယ် ကျန်းကော "


ရွှီလော့ယန်က ကော်ဖီခွက်သစ်တစ်ခုကိုရှာလိုက်ပြီး ကော်ဖီထည့်ပေးလိုက်ကာ ကမ်းပေးလိုက်သည်။


အရမ်းကို အလိုက်တသိဖြစ်နေတာကြောင့် ကျန်းသုန့်ကစိတ်ပူလာရသည်။


"မင်းရဲ့အကြံဆိုးက မကုန်သေးဘူးမှတ်လား "


"ဒါပေါ့"


"..."


ကျန်းသုန့်က နောက်တစ်ခွက်ထပ်ခွဲမိမှာဆိုးတာကြောင့် ကောက်ဖီခွက်ကိုစားပွဲပေါ်တင်လိုက်ကာ ...


 "မင်းပြော"


"Albumထုတ်ပြီးရင် ဖျော်ဖြေပွဲလုပ်ချင်တယ်"


ရွှီလော့ယန်ကအသံကိုတိုးလိုက်ပြီး "ရှိုးပွဲနာမည်ကိုလည်း အဲ့နာမည်ပဲပေးချင်တယ် "


"ချန်အန်းလား"


"အင်း ချန်အန်း "


ကျန်းသုန့်က ရင်ဘတ်ကိုဖိလိုက်ပြီး "ငါ မင်းကိုပြောမယ် ပြီးခဲ့တဲ့ရက်တွေက ငါ အိမ်မက်ဆိုးတွေမက်ပါတယ်လို့၊လက်စသပ်တော့ ဒါကြောင့်ကို "


__


Translated By IQ-Team.