🍬Chapter 120
ရက်အနည်းငယ်ကြာပြီးနောက် ရွှီလော့ယန်၏Weiboအကောင့်၌ "albumထွက်ဖို့ပြင်ဆင်နေတယ်"ဆိုသည့်ပိုစ့်တစ်ခုတက်လာသည်။သိပ်မကြာခင် 'ရွှီလော့ယန် albumအသစ်အတွက်ပြင်ဆင်နေ'ဆိုတဲ့ခေါင်းစဉ်က ခေါင်းကြီးပိုင်း hotsearch ၃ခုထဲမှတစ်ခုဖြစ်လာခဲ့သည်။
Gym၌ ရွှီလော့ယန် ပြေးစက်ပေါ်ကနေဆင်းလိုက်သည်။
သဘတ်ဖြင့် နဖူးပေါ်ကချွေးတွေကိုသုတ်လိုက်ပြီး ကျန်းသုန့်ကို
"ကျန်းကော ကျွန်တော်တို့ hot searchမ၀ယ်ထားဝာာသေချာရဲ့လား၊ဒါက ၁ရက် ၂ရက် ၃ရက် ၄ရက် ၅ရက်မကတော့ဘူး၊ကျွန်တော်ဘာလို့ hotsearchထဲမှာရှိနေသေးတာလဲ "
သူကပြောရင်းနှင့် နည်းနည်းမောနေလေသည်။ လက်ဖြင့်ချွေးတွေကိုသုတ်လိုက်တဲ့အခါ၌ သူကြွက်သားတွေတောင့်တင်းလာတာကို တွေ့တော့ သူပျော်သွားရသည်။
"မ၀ယ်ပါဘူး ၊ငါမ၀ယ်တာ ကြာလှပေါ့၊မင်းနာမည်ကြီးလာတာကိုလည်း သိရဲ့လား "
ကျန်းသုန့်က လည်ချောင်းငုံဆေးကို သူ့အားပေးလာသည်။
"မင်း အလေးချိန်ဘယ်လောက်တတ်လာပြီလဲ "
ရွှီဘော့ယန်က ငုံဆေးအခွံကိုခွာလိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။
ပြီးနောက် ပြုံးလိုက်ရင်း လက်၃ချောင်းထောင်ပြကာ "သုံးပေါင်"ဟုပြောလိုက်သည်။
ဖျော်ဖြေပွဲကျင်းပဖို့ ဆုံးဖြတ်ပြီးချိန်မှစ၍ ရွှီလော့ယန်က သူ၏နေ့စဉ်အချိန်ဇယား၌ လေ့ကျင့်ခန်းလုပ်ရမည့်အချိန်ကိုထည့်သွင်းခဲ့သည်။ဖျော်ဖြေပွဲ၌ သီချင်းဆိုပြီးကရတာ အတော်လေးကိုပင်ပန်းလှသည်။ သူဤအတိုင်းသာ စင်ပေါ်မှာဖျော်ဖြေပါက မူးလဲသွားမှာဆိုးရသည်။နောက်ထပ်ကိစ္စတစ်ခုကတော့ သူ အင်္ကျီချွတ်လိုက်ပါက ခန္ဓာကိုယ်တွင်နူးညံ့သည့်အသားများပဲရှိပါက သူသေလောက်အောင် ရယ်ခံရလိမ့်မည်။ သူ့မျက်နှာကို အဖတ်ဆယ်ချင်သေး၏။
"မဆိုးပါဘူး ချီးကျူးထိုက်ပါတယ် "ကျန်းသုန့်ကခေါင်းငုံ့၍ဖုန်းစခရင်ကိုကြည့်လိုက်ပြီး အခြေအနေကိုတင်ပြလာသည်။
"မင်းရဲ့......လို့ခေါ်တဲ့albumအသစ်ရဲ့ပြင်ဆင်မှုတွေက စနေပြီ "
Albumခေါင်းစဉ်အား ကျော်လိုက်ကာ ခဏလောက်ရပ်ပြီးတော့မှ ဆက်ပြီး
"ဒါပေမယ့် မင်း သီချင်းစာသားကော၊သံစဉ်ကောကို ကိုယ်တိုင်arrangementလုပ်မယ်ဆိုရင်တော့ မင်း မူပိုင်ခွင့်အတွက် companyကိုသွားစရာမလိုတော့ဘူး၊ပဏာမပြင်ဆင်မှုကိုကျော်လို့ရတော့ အချိန်ကုန်တာတော့သက်သာသွားတယ်၊နောက်ထပ်ကိစ္စတစ်ခုကတော့ မင်း ဘယ်သူ့ကိုပရိုဂျူဆာလုပ်ခိုင်းမှာလဲ "
"ကျွန်တော်လေ"
ကျန်းသုန့်ကိုနောက်တစ်ကြိမ် တိုက်ခိုက်သလိုဖြစ်သွားမှာဆိုး၍ ရွှီလော့ယန်က အကြောင်းပြချက်ကို အမြန်ပြောလိုက်ရသည်။
"ပိုက်ဆံချွေတာပြီးသားဖြစ်တာပေါ့ "ပြောရင်း သူကလက်ချိုးရေပြလိုက်သည်။
"ကျန်းကော ကြည့်လိုက် ချန်အန်းဆိုတဲ့နာမည်နဲ့Albumက ရင်းနှီးမြှပ်နှံဖို့အများကြီးမလိုဘူး၊ကျွန်တော်ပဲ သီချင်းရေးတဲ့သူ၊arrangeလုပ်တဲ့သူ၊ပရိုဂျူဆာလေ လူ30၊40လောက်ရှိတဲ့အဖွဲ့လောက်ဆိုရပြီ မကြာခင် အသံစသွင်းလို့ရပြီ "
ရွှီလော့ယန်က 'ချန်အန်း'ဆိုသည့်စာလုံးကိုအလေးပေးပြီးပြောတာကိုကြားတော့ ကျန်းသုန့်ရဲ့ပါးနာကျင်သွားရသည်။
ပုံမှန်အတိုင်း သူစကားလမ်းကြောင်းလွှဲလိုက်ကာ "ဖျော်ဖြေပွဲအတွက် ခွင့်ပြုမိန့်ကျပြီ၊companyမှာက ဖျော်ဖြေရေးအဖွဲ့ရှိပြီးသားဆိုတော့ ညှိနှိုင်းရတာမြန်မယ်၊အရင်ဆုံး နှစ်မကုန်ခင် ပရိုမိုရှင်းတွေစမယ်၊မှတ်ထား ဒါပြီးလို့ အင်တာဗျူးဖြေရင် ဖျော်ဖြေပွဲအတွက်ပြင်ဆင်နေတယ်လို့ပဲဖြေ "
ရွှီလော့ယန်က ခေါင်းညိတ်လိုက်ကာ အပူခံခွက်ထဲမှရေတ၀က်ခန့်သောက်လိုက်ပြီး နားထောင်နေလိုက်သည်။
"Weiboမှာလည်း ဒီအတိုင်းပဲ၊updateတင်တာကို အဆက်မပြတ်စေနဲ့ "
ကျန်းသုန့်က သူ့မျက်နှာကို ကြည့်လာပြီး
"ဖျော်ဖြေပွဲအတွက် ဒီမြို့တွေကိုသွားမယ်ဆိုတာ မင်းသေချာပြီလား "
"သေချာတယ် ကျွန်တော် သေချာလေး ဆွဲထားတဲ့လမ်းကြောင်းပဲလေ "
ရွှီလော့ယန်က တွန့်ဆုတ်မနေဘဲပြန်ဖြေပြီး နောက်တစ်ကြိမ် ပြုံးပြလိုက်ကာ
"ကျန်းကော ကောဒီမေးခွန်းကိုပဲတစ်ပတ်အတွင်း အခါ၅၀လောက်မေးပြီးပြီ "
"ဘယ်သူအတွက် ငါလုပ်ပေးနေတာလဲ "
ကျန်းသုန့်က သူ့ကိုစူးစူးရဲရဲစိုက်ကြည့်လာပြီး
"ချီချန်အန်းကောသိရဲ့လား မင်းalbumအသစ်ထုတ်ပြီး ဖျော်ဖြေပွဲလုပ်မှာကို "
"အခုထိ မသိသေးဘူး ကျွန်တော် သူ့ကိုမပြောပြရသေးဘူး"
ရွှီလော့ယန်ရဲ့ မျက်နှာထက်ကချွေးတွေက သူ့မေးရိုးနားထိ စကျလာပြီး နဖူးပေါ်က သူ့ဖရိုဖရဲဖြစ်နေတဲ့ဆံပင်တွေ၌လည်း ချွေးများစိုနေသည်။
ထိုအတိုင်း သူဆံပင်ကိုသပ်တင်လိုက်ကာ "ဒီတစ်လော သူအလုပ်ရှုပ်နေတယ် ကျွန်တော် သူ့ကိုအံဩသွားအောင်လုပ်ချင်လို့ "ဟုပြောလိုက်သည်။
"အို့" ကျန်းသုန့်က ခွေးစာလာကျွေးနေတာကို မသိချင်ယောင်ဆောင်လိုက်ပြီး ပုံမှန်အတိုင်းပြန်ဖြေလိုက်ကာ အိတ်ကပ်ထဲဖုန်းကိုထည့်လိုက်သည်။
"အိုကေ အင်္ကျီလဲ၊အသံသွင်းဖို့ စတူဒီယိုကိုသွားမယ် ချိန်းထားတာ၁၀နာရီ အခု၉:၄၀တောင်ရှိနေပြီ "
ရွှီလော့ယန် အ၀တ်လဲခန်းဆီသို့အမြန်လမ်းလျှောက်သွားပြီး ခြေလှမ်း၂လှမ်းပဲလှမ်းရသေး နောက်ကိုလှည့်ပြီး
"ကျန်းကော ဒီတခေါက် ဘယ်လောက်ကြာကြာငှားထားလဲ "
အသံသွင်းစတူဒီယိုတွေက နာရီအလိုက်ပိုက်ဆံယူတာကြောင့် ဈေးကြီးလှသည်။
"23ရက်"
"!!"
အသံသွင်းစတူဒီယိုကို သွားနေသည့်လမ်း၌ ရွှီလော့ယန်က ဘယ်နှစ်နာရီလဲဆိုတာကိုတွက်နေသည်။
နောက်လကစပြီး ရွှီလော့ယန် အသံသွင်းစတူဒီယိုတွင်တိတ်တိတ်လေး အသံသွင်းနေပြီး နွေဦးပွဲတော်ရက်တွေမှာတောင်မှ သုံးရက်လောက်သာအနားယူခဲ့သည်။
သို့သော်လည်း ဤနှစ်နွေဦးပွဲတော်က ယခင်နှစ်များနှင့်မတူ ချီချန်ယင်းက တကူးတက Montrealကနေလာပြီး သုံးယောက်သား နှစ်သစ်ကူးအကြိုညစာတူတူစားကြသည်။ရွှီလော့ယန်က ယင်းကိုအခွင့်ကောင်းယူပြီး သူရဲ့ပြောင်မြောက်လှတဲ့ ဟင်းချက်စွမ်းရည်ကိုပြသခဲ့ကာ စာအိတ်နီကြီးကြီးနှစ်ခုရလိုက်သည်။ သူပျော်လွန်းတာကြောင့် အိမ်မက်မက်ပြီးရယ်ရင်းတောင်နိုးလာရသည်။
ရွှီလော့ယန် Weiboက နေ့စဉ် စတူဒီယို၌အသံသွင်းခြင်း၊Gymသွားခြင်းများတင်တာအဖြစ်သို့ပြောင်းလဲသွားရသည်။သူကအတော်လေးကို ကြိုးကြိုးစားစားရှိလှသည်။ တစ်ခါတစ်လေ ကျန်းသုန့်သူဖုန်းကိုသုံးပြီး အသံသွင်းတာကိုရိုက်ကာ တစ်မိနစ်ခန့်ရှိသည့် ဗီဒီယိုလေးတွေကိုတင်ပေးလေ့ရှိသည်။ယင်းကမထွက်ရသေးသည့်Album၏တည်ရှိမှုတိုးအောင်လုပ်သည့်နည်းလမ်းတစ်မျိုးပင်။
နောက်ဆုံးသီချင်းအား အသံသွင်းပြီးသည့်နောက် ရွှီလော့ယန်က စတူဒီယို၀န်ထမ်းတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြသည့်အနေဖြင့် bowလုပ်လိုက်သည်။
သူမှာအောင်ပွဲခံဖို့အချိန်ဆိုတာမရှိတာကြောင့် အပြင်ကိုပြေးထွက်လာပြီး "ကျန်းကော ကျန်းကော ကောရဲ့ဖုန်း အမြန်ပေး အချိန်ရောက်ပြီ မြန်မြန်လေးပေး"ဟုပြောလိုက်သည်။
ကျန်းသုန့်က လက်လျော့လိုက်ပြီဖြစ်ကာ သူကိုဖုန်းလှမ်းပေးလိုက်ပြီး နှုတ်ဆိတ်နေလေသည်။
ရွှီလော့ယန်၏ နယ်လှည့်ဖျော်ဖြေပွဲကို စုစုပေါင်း ၇မြို့တွင်ကျင်းပမှာဖြစ်သည်။ ကနဦစီမံထားသည့်အတိုင်းသွားပါက တရက်ကိုတစ်မြို့ကြေညာသွားမှာဖြစ်သည်။
ယနေ့ကတော့ ၇ရက်မြောက်တိတိပင်...
Weiboကိုဖွင့်လိုက်ပြီး ရွှီလော့ယန် အမြန်editလုပ်လိုက်ကာ မတင်ခင် ကျန်းသုန့်ကိုပြလိုက်သည်။
"ကျန်းကော အဆင်ပြေတယ်လို့ထင်လား "
ကျန်းသုန့်က သိပ်မကြည်ပေမယ့်လည်း တချက်ကြည့်ပြီးပြောလာသည်။
"လုပ်စမ်းပါ တခြားလူတွေသွားတဲ့ခြေလှမ်းတိုင်းလမ်းမှာပုလဲတွေနဲ့ မင်းကတော့ အချိန်တိုင်းခွေးစာတွေကြဲနေတာ "
ရွှီလော့ယန်က အားရပါးရရယ်မောလိုက်ပြီး ၀မ်းသာအားရ ပိုစ့်ကိုတင်လိုက်တော့သည်။
ကျန်းသုန့် ခန့်မှန်းထားသည့်အတိုင်း နောက်ဆုံးမြို့ကိုကြေညာလိုက်သည်နှင့် ဖန်တွေအားလုံးရှုးသွပ်သွားရသည်။
" ငါ အရင်သွားပြီနော် "
"__ခုနှစ်ခုမြောက်မြို့က ချန်အန်းတဲ့လား၊အရမ်းကိုသိသာနေပြီမဟုတ်ဘူးလား၊အရင်ဆုံး ငါ့ကိုညင်ညင်သာသာလေးလုပ်ပါ "
"___ပွဲစတဲ့မြို့က လော့ယန်၊နောက်ဆုံးမြို့က ချန်အန်းတဲ့ သွားပြီ ငါအရင်သွားနှင့်တော့မယ် "
"ကျေးဇူးပြုပြီး ဖြေးဖြေးလုပ်ပါ ငါတို့တွေမခံနိုင်လို့ ဟုတ်ပြီလား ၊နင်တို့တွေအားလုံး ဘောပင်သုံးပြီး မြေပုံကမြို့၇မြို့ကိုအမှတ်သားလုပ်ပြီးတော့ ဆက်ကြည့်လိုက် ၊ ဘာပဲဖြစ်ဖြစ် ငါမျက်လုံးက ဒါကိုစွဲလန်းနေပြီ ခွေးစာတွေကြောင့်မျက်လုံးတောင်ကွယ်တော့မယ် "
ထိုမှတ်ချက်ကို ရွှီလော့ယန် မြင်လည်းမြင်ကော ကျန်းသုန့်နဲ့သွားပြဆွေးနွေးလိုက်သေးသည်။
"ကျန်းကောကျွန်တော်ရဲ့ဖန်တွေက အရမ်းသတိထားတတ်ကြတာပဲ၊ဒီEaster Eggကိုအမြန်ပဲရှာတွေ့သွားကြပြီ "
ကျန်းသုန့်က သူ့ကိုဂရုမစိုက်ချင်တော့ပေ။
"___ငါရဲ့နှလုံးသားလေးလိုက်ပြီးဆက်ဆွဲလိုက်ရင် အသဲပုံပေါ်တယ်၊ ချန်အန်းက အသဲပုံရဲ့အလယ်တည့်တည့်မှာ၊ငါနည်းနည်းလောက်ထပ်စောင့်သင့်တာ၊ငါအခုတော့ ငါစောင့်နေရတာ နှေးလွန်းတယ် "
"___အားးးးးဘာလို့ ငါရဲ့ချစ်ဖို့ကောင်းတဲ့cpကအရမ်းချိုရတာလဲ၊ချိုလွန်းလို့ စကြာ၀ဠာအပြင်တောင်ရောက်နေပြီ၊ ငါနေတဲ့မြို့မှာ ပတ်ပြီးပြေးချင်နေပြီ၊လက်မှတ်တွေရောင်းဖို့ ဘယ်လောက်စောင့်ရဦးမှာလဲ၊၀ယ်မယ် ၀ယ်မယ် "
"__ဖျော်ေဖြပွဲအားလုံးကိုသွားဖို့ဆုံးဖြတ်လိုက်ပြီ၊လော့ယန်ကနေချန်အန်းအထိကို ငါစိတ်လှုပ်ရှားလွန်းလို့ မူးလဲတော့မလိုပဲ၊ကုချန်ပါတီအပေါ်က ကောင်းကင်ကြီးကပြာနေတုန်း ခိုင်ခိုင်ခံခံနဲ့ "
ရလဒ်ကို အတော်လေးကျေနပ်သွားကာ ရွှီလော့ယန်က သူဖုန်းကိုကိုင်ပြီး Weiboတွင်ပို့စ်တင်လိုက်သည်။
"Recording studio 2323, call it a day."
သီချင်းတညည်းညည်းဖြင့် အိမ်ကိုပြန်လာသည့် ရွှီလော့ယန်က ကားသော့ကိုတံခါးနား၌ထားလိုက်ပြီး ဖန်ပုလင်းထဲကငုံဆေးပြားကိုယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်ကာ အနည်းငယ်ဝါး၍မျိုချလိုက်သည်။ဖန်ပုလင်းနှင့်သကြားလုံးများကို ချီချန်အန်းထားထားပေးတာဖြစ်သည်။ပထမနေ့ အသံသွင်းစတူဒီယိုကနေပြန်လာသည့်နေ့ကတည်းကပင် တံခါးနားတွင်ထားထားတာကိုတွေ့လိုက်ရသည်။သို့နှင့် သူလည်း အပြင်ထွက်တိုင်း သူ့အိတ်ကပ်ထဲ၌ ငုံဆေးဆောင်သွားသည့်အလေ့အထရှိလာ၏။
"ပြန်ရောက်ပြီ "
ဖိနပ်ပါးကိုလဲနေရင်း အော်ပြောလိုက်ပြီး ရွှီလော့ယန်က ၀မ်းသာအားရ ဖိနပ်စီးလျက် အိမ်ထဲ၀င်လာသည်။
တစ်စုံတစ်ယောက်က သူ့ကိုအိမ်မှာစောင့်နေတာကြောင့်သာ သူ "ပြန်ရောက်ပြီ "ဟုအေးဆေးပြောနိုင်ခြင်းဖြစ်သည်။
မီးဖိုချောင်ရှေ့ကနေဖြတ်သွားတော့ အထဲ၌ နံရိုးစွတ်ပြုတ် ပြုတ်နေတာကိုတွေ့လိုက်သည်။သူမနေနိုင်တော့တာကြောင့် အရသာသွားမြည်းကြည့်လိုက်လေသည်။သို့သော် သူလျှာအပူလောင်သွားရပြီး နာသွားရ၏။
ဧည့်ခန်းထဲ အမြန်သွားလိုက်ပြီးရွှီလောယန်က မျက်မှောင်တွန့်နေပြီး ၀မ်းနည်းနေသည်ပုံဖြင့် သူ့ခေါင်းကို ချီချန်အန်းပခုံးပေါ်မှီချလိုက်သည်။
ချီချန်အန်းက အပြုံးတစ်ပွင့်ဖြင့် "မင်း အပူလောင်သွားလို့လား "ဟုမေးလာသည်။
ရုတ်ချည်းဆိုသလို သူကခေါင်းထောင်လာပြီး မျက်လုံးများဖြင့် "မင်းဘယ်လိုသိလဲ "ဟုမေးလိုက်သည်။
ချီချန်အန်းက သူ့မေးစေ့ကိုင်ပြီး တိုးတိုးလေးပြောလာသည်။
"ပါးစပ်ဟလိုက် တော်တော်လေးလောင်သွားလို့ ကိုယ်ကြည့်ပေးမယ် "
နာနာခံခံဖြင့် ရွှီလော့ယန်က ပါးစပ်ကိုဟပေးလိုက်ပြီး ပလုံးပထွေးပြောလိုက်သည်။
"မြင်ရလား "
"မြင်ရတယ် နည်းနည်းလေးတော့ နီနေတယ် "
ချီချန်အန်းကဆက်ပြီး "မင်းရဲ့လျှာထိပ်ဖျားပိုင်းလေးကို နည်းနည်း ထုတ်လိုက် "
ရွှီလော့ယန်က ခေါင်းညိတ်လိုက်သည်။မထင်မှတ်ထားခဲ့ သူလျှာကိုထုတ်လိုက်တာနှင့်တပြိုင်နက် ချီချန်အန်းကသူကိုနမ်းလာပြီး ဆိုဖာပေါ်၌အဖိခံလိုက်ရသည်။ခဏလောက် ခုခံသလိုမျိုးဟန်ဆောင်လိုက်ကာ ခဏအကြာလက်လျော့လိုက်ပြီးနောက် သူ့လက်တွေကို ချီချန်အန်းနောက်ကျောပေါ်တင်လိုက်လေသည်။
နှစ်ယောက်သားခွာလိုက်ပြီးနောက် အသက်ရှုမ၀ဖြစ်သွားရလေသည်။ ရွှီလော့ယန်က ပျင်းရိပျင်းတွဲပုံစံဖြင့် ဆိုဖာပေါ်လှဲနေပြီး နှုတ်ခမ်းထောင့်များတွေ သရေများပေကျံနေသည်။
သူလျှာမနာတော့မှပဲ "ချန်အန်းကောကော ဗိုက်ဆာနေလို့လား ငါ့ကို ဒီလောက်ကြမ်းကြမ်းတမ်းတမ်းနမ်းနေလို့ "
"အင်း ကိုယ်ဗိုက်ဆာနေလို့ မင်းကိုစားချင်တယ်လေ "
ချီးချန်အန်းက သူလက်ကိုကိုင်ကာ လက်ကောက်၀တ်အားအသာလေးနမ်းလာသည်။လက်ကောက်၀တ်၌ အရင်ကချီချန်အန်းကိုယ်တိုင်လုပ်ပြီး သူ့ကိုပေးထားသည့်သစ်သားငါးသေးသေးလေးအား သံကြိုးပါးပါးလေးဖြင့်၀တ်ထားသည်။အမြမြဲလိုလို ၀တ်ထားတာကြောင့် သစ်သားငါးသေးသေးလေး၏မျက်နှာပြင်ကချောမွေ့နေသည်။
"နတ်ဆိုးကြီး နောက်ဆုံးတော့ မင်းရဲ့မျက်နှာအစစ်အမှန်ကိုပြလာပြီပေါ့ "
သူက သိက္ခာရှိသလိုမျိုး ပြောလာတော့ ချီချန်အန်းပြုံးရင်း "ဒါဆို မင်းဘာဆက်လုပ်မလဲ "ဟုမေးလိုက်သည်။
"သေချာပေါက် တခြားသူတွေကိုကယ်တင်ဖို့အတွက် ငါ့အနစ်နာခံလိုက်မှာပေါ့၊နတ်ဆိုးကြီး တခြားသူတွေကိုသွားပြီး အန္တရာယ်မပေးအောင်ကာကွယ်ဖို့ ငါ့ကိုယ်ငါ စတေးနိုင်ပါတယ်"
ရွှီလော့ယန်က အရင် ရယ်လိုက်ပြီးတော့မှသာ ဆက်ပြောလာသည်။
"နတ်ဆိုးကောကော ဒါဆိုရင် ကျွန်တော်ကိုပဲ လုပ်လို့ရတော့မယ် "
"အိုကေ ဒါပေမယ့် မင်း ကိုယ့်ကို ဖျော်ဖြေပွဲအကြောင်းမပြောပြရသေးဘူးနော် "
ထိုတော့မှပဲ ချီချန်အန်းက သူဖျော်ဖြေပွဲအတွက် ၇ခုမြောက်မြို့ကိုကြေညာလိုက်သည့်သတင်းကိုဖတ်ပြီးပြီဖြစ်ကြောင်း သိသွားရသည်။သို့သော်လည်း ဖျော်ဖြေပွဲရဲ့နာမည်ကိုတော့ လျှိုဝှက်ထားဆဲဖြစ်လေသည်။
ရွှီလော့ယန်က တဖက်လူ၏အကြည့်စူးစူးကို ရှောင်ဖယ်လိုက်ပြီး "ဘာမှမဟုတ်ဘူး"လို့သာပြောလိုက်သည်။
"နျောင်နျောင် ကိုယ့်ကိုပြောပြလို့ရမလား"ဟုပြောပြီးနောက် ချီချန်အန်းက ရွှီလော့ယန်ကိုပြုံးပြလိုက်လေသည်။
ရွှီလော့ယန်က စက္ကန်အနည်းငယ်လောက် ကြက်ကြက်သေသွားရပြီး လက်ကိုမြှောက်လိုက်ကာချီချန်အန်း၏မျက်လုံးထောင့်တွေအား ထိတွေ့လိုက်သည်။ရုတ်ချည်းဆိုသလို ချင်းလီမြို့မှာ ချီချန်အန်းပြုံးပြတာကို ပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အချိန်ကိုသတိရသွားသည်။ထိုအချိန်တုန်းက သူ ရေခဲတုန်းကအရည်ပျော်သွားသလို၊နှင်းတွေအရည်ပျော်ပြီး လောကကြီးက နွေဦးရာသီပြန်ရောက်သွားသလိုမျိုးခံစားလိုက်ရသည်။
ထို့ကြောင့် သူရဲ့လျှိုဝှက်ချက်နိယာမကို ချိုးဖောက်လိုက်ကာ ရှက်ရှက်ဖြင့်ပြောလိုက်သည်။
"မင်းအတွက်ကျင်းပတဲ့ ဖျော်ဖြေပွဲ၊လော့ယန်မြို့မှာစပြီး ချန်အန်းမြို့မှာဆုံးတယ် ဒါပါပဲ "
သူ့ကိုယ်သူ အတော်လေး ယုံကြည်ချက်ရှိသေးသည်။
ဖျော်ဖြေပွဲရဲ့နာမည်၊albumအသစ်ရဲ့နာမည်နဲ့သီချင်းခေါင်းစဉ်ကိုတော့ မပြောလိုက်ပေ။
"နျောင်နျောင် "
ချီချန်အန်း ဘာပြောချင်နေလဲဆိုတာကိုသူသိတာကြောင့် ရွှီလော့ယန်က ပြုံးလိုက်ပြီး
"ငါကလောဘကြီးတယ်၊ရုပ်ရှင်လည်းကောင်းကောင်းရိုက်ချင်တယ် သီချင်းလည်းဆိုချင်တယ် ပြီးတော့ ငါချစ်ရတဲ့သူကမင်းဆိုတာကိုလည်း လူတိုင်းကိုသိစေချင်တယ် "
ချီချန်အန်းက သူ့အပေါ်ပိုင်ဆိုင်လိုကြောင်းမပြပေမယ့်လည်း သူကောင်းကောင်းသိလေသည်။negativeဖြစ်စေမည့် သိမ်ငယ်စိတ်၊စိတ်မသက်မသာဖြစ်မှု စသည့်စိတ်ခံစားချက်တွေကို ထုတ်မပြပေမယ့်လည်း မရှိဘူးလို့မပြောနိုင်ပေ။ချီချန်အန်းက သူ့ကိုဆိုရင် အမြဲ သည်းခံတတ်ပြီးစိတ်ရှည်တာကိုသူသိ၏
သူသိတဲ့အတွက်ကြောင့် သူနားလည်နိုင်ကာ လက်မလွှတ်ပေးနိုင်ချေ။
"မင်းအတွက်ကျင်းပတဲ့ဖျော်ဖြေပွဲတိုင်းမှာရှိနေရမယ် ဟုတ်ပြီလား "
ချီချန်အန်းက ဘာပြောရမှန်းမသိတာကြောင့် "ကောင်းပြီ"ဟုသာအလေးအနက်ပြန်ဖြေလိုက်သည်။
_
Translated By IQ-Team.