အပိုင်း ၁၂၄ (Extra )
Viewers 22k

🍬Chapter 124[ Extra-1 ]




ဖျော်ဖြေပွဲအပြီး၌ ရွှီလော့ယန်သည် ချွေးများဖြင့်ရွှဲနစ်နေသည့်အဝတ်အစားများကို လဲဝတ်ကာ မိတ်ကပ်ကို အမြန်ဖျက်၍ အဝတ်လဲခန်းမှာပင် ညစာအတွက် အဆာပြေကို ထိုင်စားနေလေသည်။


နှစ်နာရီကျော်ကြာ၊ သီဆိုကခုန်မှုအပြီးတွင် ရွှီလော့ယန်မှာ ဆာလောင်မှုကြောင့် မူးလဲလုနီးပါးပင်။သူက ပါးစပ်အပြည့်အလုတ်အကြီးကြီး နှစ်လုပ်လောက် စားလိုက်ပြီး ပန်းကန်လုံးထဲတွင်ထည့်ထားသည့် အစားအသောက်များကို ချီချန်အန်းအားတစ်ဇွန်းခွံ့ကျွေးလိုက်သေးသည်။ 


ထိုအချိန်တွင် အပြင်မှ ပြေးဝင်လာသည့် ရွှယ်ယင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလာလေသည်။ 


“ရွှီကော၊ ဆာဗာကျသွားပြန်ပြီ..”


“……”


ထိတ်လန့်သွားရသည့် ရွှီလော့ယန်မှာ အသက်ရှုပင်မှားသွားသဖြင့် သီးသွားရဘေသည်။ မျက်ရည်များပင် စီးကျလာသည်အထိ ချောင်းဆိုးနေသော်လည်း သူ့လက်ထဲမှ တူကိုမချချင်သေးပေ။ ချီချန်အန်းက ရေနွေးဘူးအား အဖုံးလှည့်ဖွင့်၍၊ အဖုံးထဲရေအနည်းငယ်ငှဲ့ကာ သူ့ထံလှမ်းပေးလာသည်။ ချီချန်အန်း၏မျက်ခုံးများက အနည်းငယ်တွန့်ချိုးနေပြီး စိုးရိမ်နေသည့်ဟန်ပေါ်လေသည်။ 


နီရဲနေသည့် မျက်လုံးများဖြင့် ရေကိုခွက်တစ်ဝက်မျှသောက်ပြီးသည့်အခါ၊ သူကောင်းသွားပြီဖြစ်ကြောင်း ပြောသည့်ဟန်ဖြင့် ရွှီလော့ယန်က ချီချန်အန်းကို အသာအယာခေါင်းညိတ်ပြလေ၏။ ထို့နောက် ၊ ရွှယ်ယင်းကိုကြည့်ကာ၊ အနည်းငယ်အက်ရှရှဖြစ်နေသည့်အသံဖြင့် မေးလေသည်။ 


“ဘာတွေဖြစ်နေလို့လဲ... ဆာဗာက ထပ်ပြီးကျသွားတယ်ဟုတ်လား...” 


"ဟုတ်တယ်၊ ဟုတ်တယ်၊ ထပ်ပြီးကျသွားပြန်ပြီ”


ရွှယ်ယင်းက အလွန်ပင် အရမ်းစိတ်လှုပ်ရှားနေ၏။ 


"ကျွန်မရဲ့ အဲ့ဒီကောလိပ်က အတန်းဖော်က ဖျော်ဖြေပွဲပြီးတာနဲ့ WeChat မက်ဆေ့ခ်ျပို့လာတယ်... သူ့အနေနဲ့ အချိန်ပိုအလုပ်ပြန်လုပ်ဖို့ ဆွဲခေါ်ခံရပြန်ပြီဆိုပြီး ကျွန်မကို အော်ဟစ်နေရောပဲ” 


ပြောရင်းဖြင့်ပင် သူမက လက်သီးဆုတ်သဏ္ဍာန်လေးပြကာ၊ "အောင်မြင်စွာနဲ့ double killနိုင်သွားတဲ့ ရွှီကောကို ဂုဏ်ပြုပါတယ် နှစ်တစ်ဝက်အတွင်းမှာပဲ ဆာဗာကိုနှစ်ကြိမ်ဆက်တိုက် နင်းချေနိုင်ခဲ့တဲ့ ထိပ်တန်းကစားသမားပါပဲ..."


ရေသောက်ပြီးသွားသည့်အတွက်၊ သူ့လည်ချောင်းကအတော်လေးသက်သာသွားခဲ့ပြီဖြစ်သည်။ 


ရွှီလော့ယန်က သူမ၏အမူအယာအတိုင်း လိုက်လုပ်ပြကာ၊ "အတူတူ ငါတို့ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုးစားပြီး အလုပ်ဆက်လုပ်ကြရအောင်..."


သူတို့စကားများကိုနားထောင်ရင်း ကျန်းသုန့်က ခေါင်းငုံ့လျက်၊ သူ၏ ဘလက်ကော်ဖီကိုသာ တိတ်တဆိတ်ဆက်သောက်နေလေ၏။ 


ဒီပြဿနာရှာသူတွေကို ကြည့်ပြီး သူ့နှလုံးသားက နာကျင်နေရပါပြီနော်...


ရွှီလော့ယန်၏ဘေးတွင်ထိုင်ကာ ရွှယ်ယင်းက သူမ၏ Laptop ကို စားပွဲပေါ်တင်၍၊ ကွန်ပြူတာစခရင်ကို လက်ညှိုးထိုးပြပြီး


 "ဒါက ဆာဗာကျမသွားခင်က အချက်အလက်‌ေတွ။ ဖျော်ဖြေပွဲမပြီးခင်ကတည်းက၊ ကုချန် CP က hot search ဝင်နေပြီ ဝဘ်ဆိုက်တွေပေါ်လည်း၊ စာသားတွေနဲ့ ပုံတွေအများကြီး၊ ဗီဒီယိုတွေရောပဲ ပြီးတော့ စာသားထိုးတာတွေကိုလည်း တော်တော်မြန်မြန်လုပ်ထားပေးတာပဲ... " 


ရွှီလော့ယန်က ချီချန်အန်းအား စခရင်ပေါ်ရှိ ဒေတာကို အတူတကွကြည့်ရှုရန် ခေါ်လိုက်ပြီးနောက်၊ ဆာဗာမပျက်ကျမီ၊ ပထမနှင့် ဒုတိယလူကြိုက်အများဆုံးရှာဖွေမှုများမှာ #ဖျော်ဖြေပွဲမှရွှီလော့ယန်၏ဝန်ခံမှု#၊ #ချီချန်အန်းလက်ထပ်ခွင့်တောင်း# နှင့် #ချီးချန်အန်းမွေးနေ့# တို့ဖြစ်ပြီး ထို့နောက်မှကပ်လျက်များမှာ #ချီးချန်အန်း၏မွေးနေ့ဆုတောင်း# နှင့် #ချန်အန်းလော့ယန်#ဟူသည့် tag များဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


"ဒါတွေက ကောရဲ့ တရားဝင်ဖန်ကလပ်က ထုတ်ဝေထားတဲ့ ဝဘ်ဆိုက်က၊ အရည်အသွေးမြင့်၊ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေပဲ... ဒီ Weibo တစ်ခုတည်းမှာတင်၊ ကောမန့်ပေါင်း တစ်သန်းနီးပါးနဲ့ ပြန်လည်မျှဝေတဲ့အကြိမ်ရေပေါင်း ခြောက်သိန်းကျော်ရှ်တယ်။ဒါနဲ့ ကျွန်မလည်း ရိုးရိုးရှင်းရှင်း analysis လုပ်လိုက်တာ၊ ကောမန့်တွေကြားမှာ အများဆုံးတွေ့ရသော စကားလုံးမှာ 'အား' ဆိုတဲ့ စကားလုံးပဲ"


ခေါင်းညိတ်ပြရင်း၊ ကောမန့်တစ်ခုလုံးတွင် ပြည့်နှက်နေသည့် "အား"ဟူသည့် စကားလုံးကိုသာကြည့်ရင်း၊ ရွှီလော့ယန်က ထိုစကားလုံးကိုပင် မမှတ်မိတော့သလို ခံစားလိုက်ရသည်။


နောက်ဆုံးပိတ်အနေဖြင့် ရွှယ်ယင်းကပြောလာခဲ့သည်မှာ "အခုအချိန်မှာတော့ နှစ်ဖက်လုံးက ပရိသတ်တွေက၊ တော်တော်လေးလက်ခံကြတယ်..." 


ထိုသို့ပြောကာ သူမ၏လက်ချောင်းများဖြင့် ရေတွက်လိုက်ပြီး


 "ဧပြီလ၊ မေလ၊ ဇွန်လ၊ ကောရဲ့ ပရိုမိုးရှင်းပိုစတာကို တင်ပြီးတာ သုံးလရှိသွားပြီ အကယ်၍ ကျွန်မသာ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ရင်လည်း ကိုယ့်ကံကြမ္မာကို လက်ခံရမှာပဲ..." 


ထိုအချိန်တွင်၊ ဖန်သားပြင်ပေါ်ရှိ ဒေတာစောင့်ကြည့်မှုဇယားမှာ ရုတ်တရက် မြင့်တက်လာပြီး အနီရောင်ပြောင်းသွားသည်။


ရွှီလော့ယန်က သူ့မျက်လုံးများကန်းသွားတော့မလို ခံစားလိုက်ရကာ "ဘာဖြစ်သွားတာလဲ..."


ရွယ်ယင်းက တည်ငြိမ်စွာဖြင့် ပြန်ဖြေ၏။ 


"အဆင်ပြေပါတယ်၊ ဆာဗာက ပြန်ကောင်းသွားတာ..."


ရွှီလော့ယန်က သူ၏ဖုန်းကိုယူရန်ကြည့်လိုက်သော်လည်း ဖုန်းမှာ အားသွင်းထားဆဲဖြစ်ကြောင်းတွေ့လိုက်ရသည်။ သို့နှင့် သူက Weibo သို့ ဝင်ရောက်ရန် ချီချန်အန်း၏ဖုန်းကိုသာ အလွယ်တကူ အသုံးပြုလိုက်သည်။ သေချာသလောက်ပင်။ သူနှင့်ချီချန်အန်းတို့၏ Weibo ရှိ ကောမန့် အရေအတွက်များက ထပ်မံထိုးတက်လာလေသည်။  


"—အား.... အခုငါ မြေအောက်ရထားပေါ်မှာ... ဖျော်ဖြေပွဲကပြီးသွားပြီ အခု ကားပေါ်ပါတဲ့လူတွေက လုံးဝစိတ်ကိုငြိမ်ငြိမ်ထားမနေနိုင်တော့ဘူး!! ခွေးစာစားနေတယ်လို့ပဲ ငါတို့အမြဲထင်နေခဲ့တာလေ မမျှော်လင့်ဘဲ အဲ့ဒါတွေက မင်္ဂလာဆောင်သကြားလုံး ဖြစ်‌ေနတယ်တဲ့လား... အား....." 


"—အား အား အား.... ၊ ငါငိုနေပါပြီ...လော့ယန်က နံပါတ်ခုနစ်ကို ကြိုက်တယ်လို့ပြောပြီးကတည်းက ငိုတာမရပ်နိုင်ဘဲ ဖျော်ဖြေပွဲပြီးတဲ့အထိ ဆက်ငိုနေခဲ့တာ... တကယ်တော့ ငါဝမ်းနည်းတာမဟုတ်ဘူး၊ ငါအရမ်းကို ခံစားချက်တွေကောင်းမွန်နေတာ... #မနက်ဖြန်ပဲလက်ထပ်လိုက်ကြပါတော့# "


"—သေဆုံးသွားတဲ့ ဆာဗာက အောင်မြင်စွာ ပြန်ရှင်သန်လာပြီလား...vဘီလီယံနဲ့ချီတဲ့ ခွေးစာတွေနဲ့ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတာပဲ... ကုချန်တံဆိပ် ခွေးစာနဲ့လေ ရိုက်ခံရတာ နည်းတောင်နည်းသေး ငါ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပေမယ့်လည်း၊ ရူးမလို ကြောက်သွားခဲ့တာ... ဖျော်ဖြေပွဲတစ်ခုမှာ ဝန်ခံလိုက်တာတဲ့...လူပေါင်းခုနစ်သောင်းလောက်အရှေ့မှာလေ... ဟုတ်တယ်...ငါ့ရဲ့သည်းခံနိုင်ရည်က နိမ့်လွန်းတာမဟုတ်ရင် ရွှီလော့ယန်က အရမ်းအဆင့်မြင့်လွန်းနေတာပဲ... ပရိသတ်တွေအကုန်လုံး မျက်ရည်တွေကျတာဆိုတာ... ကျေးဇူးပြုပြီး ရှေးဟောင်းမြို့လေးမှာ ပျော်ရွှင်နေပါစေ၊ မင်းရဲ့ fandom ကို ဘယ်တော့မှ မဆုံးရှုံးစေပါနဲ့..."


"—ငါ live ဗီဒီယိုကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြည့်ပြီး ငိုခဲ့ရတယ်... ငါ့ရဲ့ CP က လက်ထပ်ခွင့်တောင်းတယ်တဲ့... လက်ထပ်ခွင့်...သူတို့အတွက် မင်္ဂလာသကြားလုံးတွေ ဝယ်ဖို့ ကူငွေ့ဝိုင်းထည့်ကြရအောင်ပါ... ငါ ကိုးယွမ်ထည့်ပေးမယ်..." 


"—အား.....................…........….. live ဗီဒီယိုကိုနောက်တစ်ခေါက်ပြန်ကြည့်ဦးမယ်။ ချစ်လိုက်တာ...ငါတကယ်ကြီး သူတို့ကို ချစ်တယ်... တစ်သက်လုံး သူတို့ကို ထောက်ခံသွားမှာ... ငါနောက်ထပ် ဗီဒီယိုကိုထပ်ကြည့်လိုက်ဦးမှပါ...အူးး........."


"—ငါ့ကို မတားနဲ့...ငါ ပုံစဆွဲတော့မယ်... အဲ့ဒီမြင်ကွင်းလေးက အရမ်းလှတာပဲ... ငါ ညလုံးပေါက်ကို ထိုင်ဆွဲဦးမှာ...စောင့်နေလိုက်..."  


ဆာဗာပြန်ကောင်းသွားသည့် နာရီဝက်အတောအတွင်း၊ # မင်္ဂလာသကြားလုံးဝယ်ယူရန် စုငွေထည့်ကြမယ် # ဟူသည့် hot search မှာ ထိပ်ဆုံးငါးနေရာတွင် ချိတ်နေပြီး၊ အဆင့်သတ်မှတ်ချက်စာရင်းတစ်ခုလုံးတွင် ထိုhot search နှင့်ဆက်စပ်အကြောင်းအရာများကလည်း ထိပ်ဆုံးဆယ်နေရာတွင် ရှစ်နေရာကို သိမ်းပိုက်ထားလေသည်။ 


ကျန်းသုန့်မှာတော့ ခေါင်းစီးများ၏ဘေးတွင်ကပ်ပါနေသည့် မီးတောက်သဏ္ဍာန်သင်္ကေတလေးအား ကြည့်ကာ၊ သူ၏မျက်ခုံးများကို ပွတ်သပ်ရင်း၊ သူ့ဆံပင်များစွာကျွတ်ထွက်သွားမည့် မြင်ကွင်းကို မြင်ယောင်နေပေသည်။  


သူတို့အိမ်ပြန်ရောက်သည့်အခါ၊ မနက်အစောပိုင်းရှိနေပြီဖြစ်သည်။ တံခါးပိတ်လိုက်သည်နှင့် ရွှီလော့ယန်မှာ ချီချန်အန်းထံမှ သူ့ခါးကိုပွေ့ဖက်ပြီး၊ တံခါးဘေးမှနံရံဆီသို့ ဖိချခံလိုက်ရသည်။ ထို့နောက်၊ ချက်ချင်းဆိုသလိုပင်၊ ပြင်းပြင်းပြပြ နမ်းရှိုက်ခံလိုက်ရပြန်သည်။ 


သူ၏အဝတ်စလေးကို ဆွဲတင်ကာ၊ တစ်ဖက်သူရဲ့ အနည်းငယ် အေးစက်နေသည့်လက်က သူ့ကျောပြင်အောက်နားကို ထိတွေ့နေသည်ကို ခံစားလိုက်ရသည့်အခါ၊ ရွှီလော့ယန်က ဆက်၍ မတ်တပ်ရပ်မနေနိုင်တော့ပေ။ ယားယံသည့် ခံစားချက်က အာရုံကြောတိုင်းကို ပြန့်နှံ့သွားပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို တုံ့ပြန်လာခဲ့သည်။


ချီချန်အန်း၏လည်တိုင်တစ်ဝိုက်၊ သူ့လက်များဖြင့် ရစ်ပတ်ကာ၊ နှုတ်ခမ်းအနည်းငယ်ဟသွားသဖြင့် သွားကြားမှတဆင့်၊ သူ၏လျှာဖျားလေးကို ထိတွေ့ခံလိုက်ရသည်။ ထို့နောက် သူတို့၏ အသက်ရှူသံများက လျင်မြန်စွာ ရောယှက်သွားလေသည်။


သူ့စိတ်များ ပြန်လည်ကြည်လင်လာသည့်နောက်တွင်တော့၊ ရွှီလော့ယန်က ခက်ခက်ခဲခဲဖြင့် "ဒီမှာ မဟုတ်..." ဟု ပြောလိုက်သည်။ 


သူက အလွန်ကို ကြိုးစားအားထုတ်ကာ၊ ခိုင်မာသည့်လေသံဖြင့် "ငါ ရေချိုးချင်သေးတယ်"ဟု ပြောလိုက်သည်။


ချီချန်အန်းက သူ့နှုတ်ခမ်းကို လွှတ်ပေးလိုက်သည်။


 "ကောင်းပြီ‌၊ အတူတူသွားချိုးရအောင်..."


??


ရေချိုးခန်းနံရံတွင် အဖိခံလိုက်ရသည့်အခါ၊ ရွှီလော့ယန်က ဤသို့ပြောချင်လေသည်။ 


ဒါက ငါထင်ထားတာနဲ့ လုံးဝကို မတူဘူးဘဲ...


ညအိပ်ဝတ်စုံကို ဝတ်ဆင်ပြီးသည့်အခါ၊ ရွှီလော့ယန်၏ခြေထောက်များမှာ လွန်စွာပျော့ခွေနေသဖြင့် သူက လုံးဝကို မတ်တပ်မရပ်နိုင်တော့ပေ။ ထို့ကြောင့် ချီချန်အန်းက သူ့ဆံပင်ကို ခြောက်အောင်မှုတ်ပေးနေစဉ်၊ သူက ကုလားထိုင်ထက်တွက် မှီတွယ်လှဲလျောင်းနေလေသည်။ 


ထိုင်ခုံတွက်မှီတွယ်နေရင်း၊ သူ့တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေသည့်အတွက် လက်ကိုပင် မမြှောက်ချင်ပေ။ သူ့ ညဝတ်အင်္ကျီ လည်ပင်းမှာ ဆွဲဟခံလိုက်ရပြီး၊ နူးညံ့သောအနမ်းတစ်ခုက သူ့ပခုံးပေါ်ကျလာသည့်အခါ၊ ရွှီလော့ယန်က ပျင်းရိစွာဖြင့် မလှုပ်ချင်တော့ပေ။ 


"ချန်အန်းကော......" ဟုသာ ပျင်းရိပျင်းတွဲ ခေါ်လိုက်လေသည်။


"အင်း..."


ထိုတုံ့ပြန်မှုကိုရသည့်အခါ၊ ရွှီလော့ယန်၏ နှုတ်ခမ်းထောင့်လေးများက အပေါ်သို့ကွေးတက်သွားကာ၊ သူကတိုးတိုးလေးပြောလေသည်။ 


"ဒါက နည်းနည်း လက်တွေ့မဟုတ်သလို ခံစားနေရတုန်းပဲ..." 


ပြန်ဖြေသည့်အသံကိုမကြားရဘဲ၊ သူ့ညအိပ်ဝတ်စုံမှ ခါးချည်ကြိုးအား ဖြည်ချခံလိုက်ရသည့်အခါ ရွှီလော့ယန်က အတန်ငယ် ကြောင်အသွားလေသည်။ သူမတုံ့ပြန်နိုင်ခင်ပင်၊ ကြီးကြီးမားမားတစ်ခုက ဖြစ်ပျက်သွားလေသည်။ 


အနည်းငယ် ထိတ်လန့်ဟန်ဖြင့်၊ ရွှီလော့ယန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။ 


"ငါ ခုလေးတင် နှစ်ကြိမ်တောင် စားခဲ့တာလေ...ဗိုက်အရမ်းပြည့်နေပြီ... တကယ်ကို နောက်တစ်ခေါက် ထပ်မစား‌နိုင်တော့ဘူးလို့...." 


သို့သော်လည်း သူ့ရဲ့ဆန္ဒပြမှုလေးက ထိရောက်မှုမရှိသည်မှာ ထင်ရှားလေသည်။ ချီချန်အန်းက သူ့အား အသေအချာ ညစာထပ်ကျွေးလိုက်လေသည်။ အဆက်မပြတ်ဆောင့်ခံနေရသည့်အတွက်၊ ရွှီလော့ယန်၏ အမြင်အာရုံက အနည်းငယ်ဝေဝါးလာခဲ့သည်။ 


သူက မတတ်နိုင်စွာနှင့်၊ သူ့လက်ကိုဆန့်တန်းကာ၊ ချီချန်အန်း၏ နဖူးအားထိလိုက်ပြီး "ချန်အန်းကော..." ဟု အလွန်နူးညံ့သောလေသံဖြင့် ခေါ်လိုက်သည်။ 


"ကိုယ်ရှိတယ်..." ချီချန်အန်းက အရှိန်လျှော့လိုက်ပြီး ခေါင်းကိုလှည့်ကာ သူ့လက်ဖဝါးလေးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ 


"မင်း အရှုပ်တွေလုပ်‌ဦးမှာလား..." 


ရုတ်ချည်းဆိုသလို၊ ချဉ်ချိုချိုခံစားချက်လေးတစ်ခုက သူ့နှလုံးသားထဲ ပြည့်လျှံလာရသည်။ ရွှီလော့ယန်က အနည်းငယ်ရွေ့လျားလိုက်ကာ၊ သူ့လက်မောင်းများကို ဆန့်တန်း၍၊ ချီချန်အန်း၏ကျောပြင်အား ဖက်လိုက်သည်။


 သူမေးစေ့ကို ချီချန်အန်း၏ ပခုံးထက်တင်ကာ၊ တစ်ဖက်လူ၏ နားထံ သူ့နှုတ်ခမ်းများကို ရွေ့လိုက်ပြီး


 "ချစ်တယ်.... ငါမင်းကို ချစ်တယ်... အရမ်းချစ်တယ်... စက္ကန့်တိုင်းဆိုသလို ငါမင်းကို ကုန်လွန်သွားတဲ့ စက္ကန့်တိုင်းထက် ပိုပိုပြီးချစ်တယ်..." 


နောက်ဆုံးစကားလုံးသို့ရောက်သောအခါ သူ့ကိုယ်က တသိမ့်သိမ့်တုန်ခါသွားပြီး၊ ညည်းညူသံလေးအဖြစ်သို့ ပြောင်းလဲသွားရသည်။ ရုတ်တရက် ဝင်ရောက်လာမှုနှင့် ရိုက်ခတ်မှုတို့က သူ့အား ချီချန်အန်း၏ ပခုံးသားကို ကိုက်ခဲစေကာ၊ သူ့မျက်လုံးထောင့်မှ မျက်ရည်များကို ကျဆင်းစေလေသည်။ 


ချီချန်အန်း၏အသံမှာ လွန်စွာ နူးညံ့နေလေ၏။ 


"နျောင်နျောင်၊ ကိုယ့်ကို ထပ်ခေါ်ပေးပါဦး..."


ရွှီလော့ယန်၏ အသံလေးထဲတွင် ပြင်းပြင်းထန်ထန် အနိုင်ကျင့်ခံထားရသလို နှာသံလေးပါနေလေ၏။ 


"ချန်...အန်းကော.." 


"အင်း..." 


ချီးချန်အန်းက သူ့မျက်လုံးထောင့်မှ မျက်ရည်များအား ညင်သာစွာ နမ်းရှိုက်လိုက်ကာ "နျောင်နျောင်၊ ကိုယ်လည်း မင်းကို ချစ်တယ်..."


နောက်တစ်နေ့တွင်၊ ရွှီလော့ယန်မှာ အိပ်ရာထဲတွင် တမနက်လုံး အကြောသေနေသကဲ့သို့ လှဲလျောင်းနေလေသည်။ သူနှင့် ချီချန်အန်းတို့၏ သတင်းမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ သူက Weibo ပေါ်တက်ရန်အကြံကို စွန့်လွှတ်လိုက်ပြီး အိပ်ရာထက်၌သာ မှိန်းနေလေ၏။ 


ကျန်းသုန့်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါတွင် သူက အားနည်းချနဲ့နေသော လေသံလေးဖြင့် "ဟယ်လို၊ ကျွန်တော်က ပန်ကိတ်လေးတစ်ချပ်ဖြစ်နေပြီ ဘာများလုပ်ရမှာလဲ..."  


ကျန်းသုန့်က ပြန်မပြောခင် ခဏလောက် တိတ်ဆိတ်သွားပြီးမှ "မနက်ဖြန် Elms ကို သွားစရာရှိတယ်... Stu က Elms မှာရှိတဲ့ ဘုရားကျောင်းမှာ ဖက်ရှင်ရှိုးတစ်ခု ကျင်းပမှာလေ မေ့သွားပြီလား..."


"အာ..." ရွှီလော့ယန်က ခေါင်းအုံးထဲသို့ သူ့မျက်နှာကို မြှုပ်လိုက်ကာ၊ "ကျွန်တော် မမေ့သေးပါဘူး" ဟု ပြန်ဖြေလိုက်သည်။ 


ထူးဆန်းလိုက်တာ...


သူက ပက်လက်ပြန်လှန်လိုက်ပြီး "ကျန်းကော၊ မိသားစုဝင်တွေကိုပါ ခေါ်ခဲ့ဖို့ လျှောက်ထားပါတယ်။" 


"အကြောင်းပြချက်က.." 


"ကျွန်တော်က ချောတယ်လေ..."


"လျှောက်လွှာကို အတည်ပြုပြီး အကြောင်းပြချက်များ မမှန်ကန်ပါ..."


“……”


နေ့လယ်စာစားပြီးနောက်၊ ရွှီလော့ယန်က စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။ သူ မနေ့ညက သုံးကြိမ်‌လုပ်ခဲ့သည်။ အိပ်ယာမဝင်ခင်မှာ၊ သူ့ရဲ့စိတ်ကို ပြောင်းလဲပြီး ဘဝသစ်စရန် ဆုံးဖြတ်ခဲ့သည်။မထင်မှတ်စွာဘဲ၊ မိုးလင်းသည်အထိ၊ သူက မထိန်းချုပ်နိုင်ခဲ့။ သို့နှင့် ယခုထိ သူက စိတ်မတက်ကြွနိုင်တော့ပေ။ 


အစက သူနှင့်အတူတူ တစ်ရေးတစ်မောအိပ်စက်စေရန် ချီချန်အန်းအား ဆွဲထားဖို့ကြံထားသော်လည်း၊ ယဲ့ရှန်ရှန်က ဖုန်းဆက်လာပြီး သူ့အကြံအစည်ကို နှောင့်ယှက်လိမ့်မည်ဟု မထင်မှတ်ထားပေ။ 


"မာကျောက် ကစားဖို့လား..." 


ရွှီလော့ယန်က သန်းနေရင်းဖြင့် ငိုက်ကျသွားလေသည်။


သူက ပါးစပ်ထဲသို့ ခရမ်းချဉ်သီးသေးသေးတစ်လုံးထည့်လိုက်ပြီး ချီချန်အန်း၏ လက်ဖမိုးကို ထိုးဆွရန် သူ့လက်ညှိုးလေးကို ဆန့်ထုတ်လိုက်သည်။ ဖုန်းထဲသို့ လေသံ‌လေးဖြင့် ဖြေပြီး‌နောက်၊ သူက ဖုန်းကို ခပ်လှမ်းလှမ်းသို့ ခွာလိုက်ကာ၊ ချီချန်အန်းကို မေးလာသည်။ 


"ချန်အန်း၊ ရှန်ရှန်က ငါတို့တွေ မာကျောက်တူတူကစားကြမလားလို့ မေးလာတယ်...ငါ၊ မင်း၊ ရှန်ရှန်နဲ့ ကုန်းယွဲ့တို့ တစ်စားပွဲတည်း တူတူလေ..." 


ရွှီလော့ယန်က သွားချင်နေသည်မှာ သိသာနေသည့်အတွက် ချီချန်အန်းက ခေါင်းညိတ်လိုက်လေသည်။ 


"ကောင်းပြီလေ..." 


ဖုန်းကို အနားသို့ပြန်ယူလိုက်ကာ၊ ရွှီလော့ယန်က ချက်ချင်းပင် ပြန်ဖြေလေ၏။ 


"ချန်အန်းက သဘောတူတယ်တဲ့..." 


သူက ပြုံးလျက်၊ မျက်ဆန်ကို လှိမ့်လိုက်ကာ "မင်းကို အပိုင်းပိုင်းသတ်ပစ်မှာ ကြည့်နေလိုက်..."



————


ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး;.


ရုတ်တရက် စိတ်လှုပ်ရှားလာပြီ... ငါ လွင့်နေတာတော့ မဟုတ်လောက်ပါဘူးနော်။ 


___


Translated By IQ-Team.