Chapter 303
လင်းလော့ချင်း အနည်းငယ် အပြစ်ရှိသလို ခံစားသွားရသည်။
သူမူလက ကလေးနှစ်ဦးနှင့် ခဏလောက် အချိန်အတူတူကုန်ဆုံးရန် စီစဉ်ထားသည်။အထူးသဖြင့်လင်းဖေးနှင့်ဖြစ်၏။
သို့သော်၊ 'အနောက်အရပ်သို့ခရီး' ကိုနှစ်သစ်၏ပထမနေ့တွင် ထုတ်လွှင့်ရန်စီစဉ်ထားသည်။ယင်းက ရုပ်ရှင်အတွက် ပရိုမိုးရှင်းတွေ စတော့မည်ဟုလည်း ဆိုလို၏။လင်းလော့ချင်းက ခေါင်းဆောင်မင်းသားတစ်ဦးဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူ မည်သို့ မကြာခဏ ပျက်ကွက်၍ရမည်နည်း။
ဒါရိုက်တာလီက 'ကွေးယွီ့' ဇာတ်ကား ရိုက်ကူးရေးကို ထည့်စဉ်းစား၍ဖြစ်မည်၊လင်းလော့ချင်းကို နွေဦးပွဲတော်မတိုင်ခင် တစ်ပတ်အလိုမှ ပရိုမိုးရှင်းပွဲကို လာရန်လိုသည်ဟု ပြောခဲ့သည်။ ဤသည်က သူ့ကို အချိန်လုံလောက်အောင် ပေးထားသည်ဟု ယူဆနိုင်၏။
"လကုန်အထိ သားတို့နဲ့အရင်နေမယ်... ပြီးရင် တစ်ပတ်နှစ်ပတ်လောက် အလုပ်သွားမယ်...အဲဒါပြီးရင် သားတို့နဲ့ သုံးလကနေ ငါးလလောက်အထိနေလို့ရပြီ"
ကျိလဲ့ယွီ 'သုံးလကနေ ငါးလ' ကြားလိုက်ရပြီး အံ့အားသင့်သွားသည်။
"ပါးပါး ဒီနှစ် အလုပ်သွားစရာမလိုဘူးလား"
"မနှစ်ကလောက် အလုပ်ရှုပ်မှာ မဟုတ်ဘူး... ပြီးတော့ သားတို့ကို နေ့တိုင်း ကျောင်းကြိုလုပ်နိုင်မှာဆိုတော့ သားတို့နဲ့အတူတူ နေ့တိုင်းရှိနေမှာ"
လင်းဖေး ၎င်းကိုကြားပြီး ခေါင်းညိမ့်လိုက်သည်။လင်းလော့ချင်းက ထိုညက သူပြောသည့်အတိုင်း တကယ်လုပ်ခဲ့သည်ပဲဟု သူ့ဘာသာ တွေးနေမိသည်။
သူအနည်းငယ်ပျော်နေပေမဲ့ ထုတ်မပြပေ။
လင်းလော့ချင်း သူ၏တိတ်ဆိတ်နေသောအမူအရာကို ကြည့်ကာ ခေါင်းငုံ့ပြီး ပါးလေးကို နမ်းလိုက်သည်။
"ပါးပါးကို နမ်း"
သူ လင်းဖေးကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
လင်းဖေးက ရှက်ပြီး ခေါင်းလှည့်သွားကာ သူ့ကို မကြည့်တော့ပေ။
လင်းလော့ချင်း ရယ်ကာ သူ့ခေါင်းလေးကို ပွတ်ပြီး ကျိလဲ့ယွီကို လှည့်ကြည့်လိုက်သည်။
"ရှောင်ယွီ ပါးပါးကို နမ်း"
ကျိလဲ့ယွီက ချက်ချင်းပင် သူ့ကို ချိုမြိန်စွာ နမ်းလိုက်သည်။
နမ်းပြီးသောအခါတွင် သူက လင်းလော့ချင်းကို လိမ်လိမ်မာမာဖြင့်ဆို၏။
"ကိုကို့အစား ပါးပါးကို ထပ်နမ်းမယ်လေ"
လင်းလော့ချင်းက မျက်ခုံးပင့်ကာ စလိုက်သည်။
"ဒါဆို သား ပါးပါးကိုနမ်းပြီးရင် သားကိုကိုကိုလည်း ပါးပါးအစားနမ်းလိုက်နော်"
"အိုကေ"
ကျိလဲ့ယွိက ပြန်ပြောပြီး သူ့ပါးကို ထပ်နမ်းလိုက်သည်။
ပြီလျှင် သူက ချက်ချင်းပဲ လင်းဖေးဘက်ကို စိုက်ကြည့်ကာဆိုသည်။ "ကိုကို အနားကိုတိုး...သား ကိုကို့ကို နမ်းလို့မမီဘူး"
လင်းဖေး: "……"
လင်းဖေးက အလွန်အေးစက်ပြီး မတုန်မလှုပ် ဖြစ်နေသည်။
ကျိလဲ့ယွီက စိတ်ဆိုးမသွားပါချေ။လင်းဖေးက သူ့အနားမကပ်လာသဖြင့် သူကပဲ လင်းဖေးအနား ကပ်သွားလိုက်သည်။ရုတ်တရတ် သူကခေါင်းလေးစောင်းကာ လင်းဖေး၏ ပါးကို နမ်းလိုက်သည်။
လင်းဖေး မူလက ၎င်းကို ရှောင်ချင်ခဲ့သည်။ ထို့နောက်တွင် သူ့အတွက် လင်းလော့ချင်းကို ဖြတ်ကျော်ရန်မလွယ်ကူသည်ကို သတိရပြီး သူ မလှုပ်ဘဲ ကျိလဲ့ယွီကို နမ်းခွင့်ပေးလိုက်သည်။
သို့ရာတွင် ကျိလဲ့ယွီ သူ့ကို နမ်းပြီးသည်နှင့် လင်းလော့ချင်းပြောသည်ကိုသူကြားလိုက်ရသည်။
"ရှောင်ယွီ သားက သားကိုကိုကို ပါးပါးအစား နမ်းပေးတယ်ဆိုတော့ ပါးပါးကလည်း သားကိုကိုကို သားအစားနမ်းလိုက်မယ်"
၎င်းကိုပြောပြီးနောက် လင်းလော့ချင်းက အငိုက်ဖမ်းကာ လင်းဖေးကို နမ်းလိုက်သည်။
လင်းဖေး: "???"
"ဒါဆို သားသူ့ကို ပါးပါးအစားထပ်နမ်းလိုက်မယ်"
ကျိလဲ့ယွီက အခိုင်အမာ ပြောလိုက်၏။
လင်းဖေး: "???"
လင်းဖေး သူ့ဘာသာသူ တိတ်တဆိတ် အဝေးကို ရွှေ့လိုက်ပြီး ကားပြတင်းပေါက်ကို မှီကာ သူတို့နှစ်ယောက်ကို သတိထားပြီး ကြည့်နေလိုက်သည်။
ဘာလို့မပြီးနိုင်မစီးနိုင်ဖြစ်နေတာလဲ...
နမ်းခြင်းသည်းခံပါ...
ပွတ်သီးပွတ်သပ်နိုင်လွန်းတယ်...
လင်းဖေးက ခေါင်းကိုလှည့်ကာ ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သော်လည်း နားရွက်များကအနည်းငယ်နီနေသည်။
လင်းလော့ချင်းက ရယ်ပြီး မျက်လုံးများ ကွေးနေအောင်ပြုံးနေသော ကျိလဲ့ယွီကို ငုံ့ကြည့်လိုက်သည်။
လင်းလော့ချင်း လက်မြှောက်ကာ ကျိလဲ့ယွီ၏ နှာခေါင်းလေးကို ကုတ်ခြစ်လိုက်သည်။ ထို့နောက် လင်းဖေး၏ ခေါင်းကို လှမ်းပွတ်လိုက်သည်။
လင်းဖေး၏ နားရွက်များ ပိုနီရဲလာသည်ကို တွေ့ရသောအခါ သူ ကျေနပ်သွားသည်။
ချစ်စရာကောင်းလိုက်တာ...သူပေါင်ပေ့လေးနှစ်ယောက်က...
အိမ်ရဲ့ ခံစားချက်က တကယ်ကောင်းတယ်လို့ ပြောရမယ်...
****
ကျိယွီရှောင် အသံကြား၍ မော့ကြည့်လိုက်သောအခါ လင်းလော့ချင်း ကလေးနှစ်ယောက်နှင့်အတူ ဝင်လာသည်ကို တွေ့လိုက်ရသည်။
သူ့နောက်တွင် လော့ကျားက ခရီးဆောင်အိတ်ကို ကူဆွဲလာသည်။
ဤစာသင်နှစ်ပြီးနောက် ကျိလဲ့ယွီ နှင့် လင်းဖေးတို့ အန္တရာယ်နှင့် ကြုံတွေ့ရတော့မည် မဟုတ်ကြောင်း အတည်ပြုပြီးပြီဖြစ်၍ လော့ကျားတစ်ယောက် ထွက်သွားပြီး သူ့ကိုယ်ပိုင်ကိစ္စများကို လုပ်ဆောင်ရန် အချိန်တန်ပြီဖြစ်သည်။ သူက အပတ်စဉ် ကိုယ်ခံပညာသင်တန်းများအတွက်သာ ကျိလဲ့ယွီ နှင့် လင်းဖေးတို့နှင့် ထပ်မံတွေ့ဆုံရမည်ဖြစ်သည်။
လင်းဖေးနှင့် ကျိလဲ့ယွီတို့သည် ထိုအကြောင်းကို မသိကြသေးသော်လည်း ကျိယွီရှောင်က ၎င်းတို့အတွက် ယာဉ်မောင်းအသစ်ကို စတင်ရှာဖွေနေပြီဖြစ်သည်။
လင်းလော့ချင်းသည် မူလက လော့ကျားနှင့် အတူတူ စားချင်ခဲ့သော်လည်း လော့ကျားက ငြင်းဆိုခဲ့သည်။
"နောက်တစ်ခါမှပေါ့... ဒီတစ်ခေါက် မင်းတို့မိသားစုပြန်လည်ဆုံဆည်းတာကို ငါမနှောင့်ယှက်တော့ပါဘူး"
သူစကားပြောပြီးသည်နှင့် လင်းလော့ချင်း နှင့် ကျိယွီရှောင် တို့အပေါ် မရေရာသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လှည့်၍ ထွက်သွားခဲ့သည်။
လင်းလော့ချင်း ထိုအကြည့်ကြောင့် အနည်းငယ်ရှက်သွားသည်။ သူ ကျိယွီရှောင်ကို တိတ်တဆိတ်ကြည့်လိုက်ပြီးနောက် တစ်ဖက်လူ၏အကြည့်များ သူဆီရောက်သောအခါ လှည့်ထွက်လာခဲ့သည်။
ကျိယွီရှောင်က ခပ်ဟဟရယ်ပြီး ဤတစ်ခါလည်း လင်းလော့ချင်း ရှက်နေပြန်ပြီဟု တိတ်တိတ်လေး တွေးလိုက်၏။
သူ လင်းလော့ချင်း၏ ခရီးဆောင်အိတ်ကို ဆွဲမလိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
"သွားကြရအောင်...မင်းရဲ့ ခရီးဆောင်အိတ်ကို အရင်သိမ်းလိုက်"
လင်းလော့ချင်းက'အိုး'ဟုအသံပြုပြီး သူ့ကို မကြည့်ဘဲ ကလေးနှစ်ယောက်ကိုပဲ ငုံ့ကြည့်နေသည်။
ကျိယွီရှောင် သူ့မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ သူ့အပြုံးက အနည်းငယ် ဆိုးယုတ်သည့်ဟန်စွက်လာသည်။
လမ်းတစ်လျှောက်လုံးတွင် လင်းလော့ချင်းက ကျိယွီရှောင်၏အကြည့်ကို ရှောင်နေခဲ့သည်။
ကျိယွီရှောင်က သူ့ကို ကြည့်လျှင် တခြားနေရာကို ကြည့်လိုက်သည်။ကျိယွီရှောင်က သူ့ကို မကြည့်လျှင် သူကကျိယွီရှောင်ကို တိတ်တိတ်လေး ခိုးကြည့်သည်။
ကျိယွီရှောင်က ဘာမှ မပြောဘဲ သူ့ကိုဆက်ပုန်းရှောင်နေခွင့်ပြုထားလိုက်သည်။
လင်းလော့ချင်း အချိန်အတော်ကြာ ဝေးကွာပြီးနောက် ပြန်လည်ဆုံစည်းရခြင်း၏ ပျော်ရွှင်မှုကို ခံစားခဲ့ရပြီး ယခုအချိန်တွင် မဖြစ်သင့်သော အချစ်ဦးနှင့်ပတ်သတ်သည့် ရှက်ရွံ့မှုကိုလည်း ခံစားခဲ့ရသည်။
တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်ကကြာလွန်း၍ ဖြစ်နိုင်၏။ယခုအချိန်မှာ သူတမ်းတနေရသည့်လူကို ရုတ်တရက်တွေ့လိုက်ရပြီး လူပျိုပေါက်အရွယ်အချစ်ကာလကို ပြန်ရောက်သွားသလိုခံစားရသည်။
ကျိယွီရှောင် သူ့ကို အာရုံမစိုက်သည့်အချိန်ကိုအခွင့်ကောင်းယူပြီး မျက်လွှာပင့်ကာ ဂရုတစိုက်ကြည့်ရင်း ကျိယွီရှောင် နောက်ကနေ လိုက်လာခဲ့သည်။
ကျိယွီရှောင်က တံခါးကိုဖွင့်ပြီး ဝင်သွားခဲ့သည်။လင်းလော့ချင်းလည်း အခန်းထဲသို့ လိုက်ဝင်သွားသည်။ နောက်တစက္ကန့်မှာ ကျိယွီရှောင်က သူ့ကိုတံခါးဘောင်ပေါ်မှာ ပိတ်ဆို့ထားသည်။
ဝုန်းခနဲအသံမြည်ပြီး တံခါးပိတ်သွားသည်။
ကျိယွီရှောင် သူ့ရင်ခွင်ထဲကလူကို ကြည့်ပြီး "ကိုယ့်ကို အရမ်းကြောက်နေလား" ဟု မေးလိုက်သည်။
လင်းလော့ချင်းက ခေါင်းခါလိုက်သည်။
"ဒါဆို မင်းကိုယ့်ကို ရှောင်နေတာလား"
"မဟုတ်ဘူး"
လင်းလော့ချင်းက အပြစ်မရှိယောင်ဆောင်နေသည်။
"မင်း ကိုယ့်ကို မကြည့်ရဲဘူး...ဒါတောင် မရှောင်ဘူးတဲ့လား"
"ငါမင်းကိုအခုကြည့်နေတယ်မဟုတ်ဘူးလား"
လင်းလော့ချင်း၏ လေသံက ပျော့ပျောင်းနေသည်။
"ဘယ်တုန်းက မင်းကို မကြည့်ရဲလို့လဲ"
ကျိယွီရှောင်က သဘောတကျရယ်ပြီး သူ့မျက်နှာကို ဆွဲကပ်လိုက်သည်။
"ဒါဆို ကိုယ်လှည့်ကြည့်လိုက်တာနဲ့ ချက်ချင်းအကြည့်လွှဲသွားတာ ဘယ်သူလဲ"
လင်းလော့ချင်း တိတ်တဆိတ် ခေါင်းကိုလှည့်လိုက်သည်။
ကျိယွီရှောင်က လက်ဆန့်လိုက်ပြီး သူ့ခေါင်းကို ပြန်လှည့်လိုက်သည်။လင်းလော့ချင်း စကားပြောမည်ပြုသော်လည်း ကျိယွီရှောင်က သူ့ကို တိုက်ရိုက်နမ်းလိုက်သည်။
လင်းလော့ချင်း အံ့သြသွားသည်။ ခဏအကြာတွင် သူက ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ဟပေးကာ ကျိယွီရှောင်၏ ပခုံးများကို သိုင်းဖက်လိုက်သည်။
သူ့နှလုံးသားက ကျယ်လောင်စွာ ခုန်ပေါက်နေပြီး ပါးစပ်ထဲမှာ သကြားရှိနေသကဲ့သို့ပင်၊ ချိုမြိန်မှုတို့ ပြည့်လျှမ်းနေခဲ့သည်။
သူ့ဘက်ကနေ ကျိယွီရှောင်ကို နမ်းရန် အစပျိုးလှုပ်ရှားလိုက်ပြီး သူ့လျှာဖျားဖြင့် ကျိယွီရှောင်၏အာခေါင်ကိုလျက်လိုက်သည်။ကျိယွီရှောင်က သူ့ကို တံခါးမှာ ဖိကပ်လိုက်ပြီး သူ့အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လေသည်။
'သူက လူတွေကိုဆွဲဆောင်တဲ့နေရာမှာ သိပ်တော်တယ်' ဟု ကျိယွီရှောင် တွေးလိုက်မိသည်။ သူက ဖြူစင်ပြီး ငယ်ရွယ်ပုံပေါ်ကြောင်း သိသာထင်ရှားသော်လည်း တစ်ခါတစ်ရံတွင် အလွန်ဆွဲဆောင်မှုရှိသည်။
သူက လင်းလော့ချင်း၏ နှုတ်ခမ်းများကို နမ်းလိုက်ပြီး ခါးလေးကို ကိုင်လိုက်သည်။လင်းလော့ချင်း သူ့ခန္ဓာကိုယ်ကို အောက်မှာဖိထားခံရပြီး ခန္ဓာကိုယ်မှာ ခွန်အားမရှိတော့သလို ခံစားရသည်။
ယခုလိုကိစ္စမျိုးမှာ သူက ကျိယွီရှောင်၏ ပြိုင်ဘက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။မကြာခင်မှာပဲ ကျိယွီရှောင်က သူ့ကို ပွေ့ချီလိုက်သည်။
ခဏအကြာတွင် လင်းလော့ချင်း ပြောလိုက်သည်။
"ငါထမင်းမစားရသေးဘူး"
ကျိယွီရှောင်က သူ့ကို ကုတင်ပေါ်တင်လိုက်ပြီး ကြက်သွေးရောင် ပါးပြင်တွေကို ကြည့်ကာ ပြုံး၍ဆိုသည်။
"မင်း အိပ်ယာပေါ်မှာ ထိုင်ခိုင်းတာက စားတာနဲ့ဘာဆိုင်လို့လဲ"
"အိုး"
သူက တမင်တကာ ကျီစယ်လိုက်သည်။
"တစ်ယောက်ယောက်ကတော့ မဟုတ်ဟုတ်ကတွေ တွေးနေ…"
လင်းလော့ချင်း ခေါင်းအုံးကို ကောက်ကိုင်လိုက်ပြီး သူ့ကို ရိုက်လိုက်သည်။ကျိယွီရှောင်က ပြုံးကာ ခေါင်းအုံးကို ဖမ်းကိုင်လိုက်သည်။
"ဘာလို့လဲ... ငါက အဲဒါကို ဖော်လိုက်လို့ မင်းရှက်ပြီး ဒေါသထွက်နေတာလား"
လင်းလော့ချင်း နောက်ခေါင်းအုံးတစ်လုံးလှည့်ယူပြီး သူ့ကို ထပ်ရိုက်သည်။
ကျိယွီရှောင်က ပြုံးပြီး မတ်တပ်ရပ်လိုက်သည်။
"ထိုင်နေ...ငါ မင်းရဲ့ ခရီးဆောင်အိတ်ကို ရှင်းမလို့"
"ကောင်းကောင်းရှင်း"
လင်းလော့ချင်းက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးဆို၏။
"ကောင်းကောင်း မရှင်းနိုင်ရင် ဒီည ခရီးဆောင်အိတ်ထဲမှာ အိပ်ရမယ်"
"ကောင်းကောင်းရှင်းနိုင်ရင် ဒီည မင်းရဲ့ အိပ်ရာပေါ်မှာ ငါ အိပ်လို့ရမှာလား"
"အိပ်မက်မက်နေလိုက်"
လင်းလော့ချင်း ဟန်ဆောင်ကာ အော်ပြောလိုက်သည်။
ကျိယွီရှောင် ပြုံးလိုက်သည်။
"မှန်တယ်...အိပ်မက်ထဲမှာ မင်းနဲ့ အတူတူ အိပ်ချင်နေတာ သဘာဝပဲ"
လင်းလော့ချင်း သူ့လက်ကို မြှောက်လိုက်ပြီး ခေါင်းအုံးဖြင့်ပစ်လိုက်သည်။
"အပြောလေးတွေလျှော့ပြီး အလုပ်လုပ်စမ်းပါ"
"ကောင်းပြီ"
ကျိယွီရှောင်က ခေါင်းအုံးကို ဖမ်းကိုင်လိုက်သည်။
"ဒီည အိပ်ရာထဲမှာလည်း ဒီလိုပဲဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်"
လင်းလော့ချင်း: "!!!"
လင်းလော့ချင်း ရှက်ရမ်းရမ်းပြီး တခြားခေါင်းအုံးကိုပါ ပစ်လိုက်သည်။
သူဘာပြောတာလဲ...
ဒါက တကယ့်ကို ညစ်ပတ်လွန်းတယ်...
သူတို့ နှစ်ယောက် ခဏလောက် ငြင်းခုန်နေခဲ့ကြပြီးအန်တီကျန်းက သူတို့နှစ်ယောက်ကို ထမင်းစားရန် အောက်ထပ်ကို ဆင်းလာရန် တိုက်တွန်းကာမှရပ်လိုက်ကြသည်။
လင်းလော့ချင်း စားပွဲပေါ်ရှိ ပြောင်လက်တောက်ပနေသော ဟင်းပွဲများကို ကြည့်လိုက်သည်။အကုန်လုံးက သူ့အကြိုက်တွေချည်းဖြစ်သည်။အိမ်ပြန်ရောက်သွားသည့်ခံစားချက်ထပ်ပြီးခံစားလိုက်ရပြန်၏။
သေချာသည်က သူ ဤနေရာကို အနှစ်သက်ဆုံးဖြစ်နေဆဲပါပင်။
****
'ကွေးယွီ့' ဇာတ်ကားရိုက်ကူးပြီးနောက်တွင် 'အနောက်အရပ်သို့ခရီး' ၏ ပရိုမိုးရှင်းအစီအစဉ်ကို သူထပ်မံပြုလုပ်ခဲ့သည်။
ဒါရိုက်တာလီသည် မူလက လင်းလော့ချင်းကို နောက်ထပ်ရက်အနည်းငယ် အနားယူခိုင်းရန် ရည်ရွယ်ထားသော်လည်း လင်းလော့ချင်းက သူ၏ အလုပ်အချိန်ဇယားကို ကြည့်ပြီး လမ်းပေါ်ပရိုမိုးရှင်းရှိုးများတွင် ပါဝင်ရန် ရက်အနည်းငယ်ဖဲ့ယူသည်က မဖြစ်နိုင်သည်မဟုတ် ခံစားခဲ့ရသည်။ ပိုအရေးကြီးသည်က၊ သူက နှစ်သစ်အကြိုကာလမှာ ပရိုမိုးရှင်းအလုပ်တွေ အားလုံးကို စုမလုပ်ချင်ပေ။နှစ်သစ်ကူးအတွင်း သူ ကျိယွီရှောင် ၊လင်းဖေးနှင့်ကျိလဲ့ယွီတို့ဖြင့် အချိန်အနည်းငယ်အတူကုန်ဆုံးချင်သည်။
ဒါရိုက်တာလီမှာ ဤကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်စရာ မရှိပါချေ။ သူက အချိန်ဇယားအစီအစဉ်ကို ပြုပြင်ပြောင်းလဲပြီး သူ၏ပရိုမိုးရှင်းကို ရှေ့တိုးခဲ့သည်။
လင်းလော့ချင်း၏ လမ်းပေါ်ပရိုမိုးရှင်းပွဲများ အားလုံးသည် သူနှင့် အတော်ပင် နီးသော မြို့များတွင် ရှိသည်။ မနက်ခင်းမှာ ကလေးတွေကို လိုက်ပို့ပြီး ပွဲနေရာကိုအပြေးအလွှားသွားကာ ဖျော်ဖြေပွဲအပြီးမှာအပြေးအလွှားပြန်လာသည်။ အချိန်စောလျှင် ကလေးနှစ်ယောက်ကို သွားကြိုနိုင်သည်။ အချိန်က အလွန်နောက်ကျလျှင်လည်း အိပ်ရာမဝင်ခင် ကလေးနှစ်ယောက်ကို ကောင်းသောညပါဟု ပြောနိုင်၏။
ကျိယွီရှောင်က သူ့ကိုယခုလိုပုံစံဖြင့်မြင်ပြီး စိတ်မကောင်းဖြစ်သွားသည်။ "မပင်ပန်းဘူးလား"
"အဆေင်ပြေပါတယ်"
လင်းလော့ချင်းက ပြန်ဖြေသည်။
"ကုမ္ပဏီအနေနဲ့ အခုတလော ကြီးကြီးမားမား ဘာမှ မရှိဘူး... လမ်းပေါ်ဖျော်ဖြေပွဲ ပထမအဆင့်ကလည်း ပြီးခါနီးပါပြီ... နှစ်ခုပဲ ကျန်တော့တယ်"
ကျိယွီရှောင် စိတ်သက်သာရာရသွားသည်။ သူ လင်းလော့ချင်းကို အမှန်တကယ်တွင် အတော်လေးဖူးဖူးမှုတ်ထားခဲ့သည်။သူ လင်းလော့ချင်းကို ဘာမှမလုပ်ဘဲ အိမ်တွင်စားလိုက်အိပ်လိုက်ဖြင့် ဖုန်းနှင့်ဆော့နေစေချင်သည်။ သို့သော် လင်းလော့ချင်းက အလုပ်လုပ်ချင်ပြီး ၎င်းကို အလေးအနက်ထားကာ ကြိုးစားမှုများစွာဖြင့် လုပ်ဆောင်ခဲ့သည်။
သူ ဤအရာကို တွေးနေချိန်မှာပဲလင်းလော့ချင်းက အပြုံးကြည်ကြည်လေးနှင့် ခေါင်းမော့လာသည်ကို မြင်လိုက်ရ၏။
"ဒါ့အပြင် ဒီလိုနည်းနဲ့ဆို ငါမင်းနဲ့ နှစ်သစ်ကိုအတူတူဆင်နွှဲလို့ရတယ်"
"ကောင်းပြီ"
ကျိယွီရှောင်က တိုးတိုးလေးပြောသည်။
မသိလိုက်ပါဘဲ နောက်ထပ်နှစ်သစ်တစ်ခုကို ရောက်လာခဲ့သည်။ သူနှင့်သူ့အဖေတို့မှာ သူတို့ကိုယ်ပိုင်အတွေးတွေရှိနေခဲ့သည့် ပြီးခဲ့သည့်နှစ်သစ်ကို သူသတိရမိ၏။
"ဒီနှစ်နှစ်သစ်ကူးကို အိမ်မှာပဲဆင်နွှဲအောင်"
ကျိယွီရှောင်က အကြံပြုသည်။
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့"
ကျိယွီရှောင် ပြုံးပြီး အချိန်တန်လျှင် မီးရှူးမီးပန်းတွေ ထပ်ဝယ်ထားရမည်ဟု တွေးလိုက်သည်။လင်းလော့ချင်းက တစ်ခါတစ်ရံတွင် ကလေးကြီးတစ်ယောက်လိုဖြစ်သဖြင့် သူလည်း ဤအရာမျိုးကို နှစ်သက်လောက်သည်။ စာအိတ်နီတွေလည်း သူတို့သုံးယောက်လုံးအတွက် သူ ပြင်ဆင်ရမည်ပင်။
ကျိယွီရှောင် သူတို့၏ အံ့အားသင့်နေမည့် မျက်နှာသုံးခုကို တွေးလိုက်သောအခါတွင် မျှော်လင့်စောင့်စားမှုအပြည့်ရှိလာသလို ခံစားလိုက်ရသည်။
ဤနေ့တွင်၊ လင်းလော့ချင်း လမ်းပေါ်ရှိုးပွဲများလုပ်ရင်း သူ အပူအပြင်းရှာဖွေမှုစာရင်းဝင်နေသည်ဟု ဝူရှင်းယွမ်ဆီက ကြားလိုက်ရသည်။
အပူတပြင်းရှာဖွေမှုစာရင်း၏ခေါင်းစဥ်မှာ'ချင်ဝူက လင်းလော့ချင်းကိုကျေးဇူးတင်စကားပြော' ဖြစ်ပြီး 'ချင်ဝူ ဆုရသွား'၏အောက်တည့်တည့်မှာဖြစ််၏။
လင်းလော့ချင်း အရန်အကောင့်သို့ ပြောင်းပြီး ကြည့်ရှုရန် ဝင်ရောက်ခဲ့သည်။ ယခုနှစ်ကုန်တွင် ဂီတပွဲတော်တစ်ခု၌ ချင်ဝူတစ်ယောက် 'ခန့်ကျန့်နီ' အယ်လ်ဘမ်အတွက် တက်သစ်စကြယ်ပွင့်ဆုကို ရရှိခဲ့ကြောင်း သူတွေ့ရှိခဲ့သည်။
ပြီးခဲ့သော ဆုပေးပွဲအခမ်းအနားတွင် သူမက ဆုလက်ခံရယူစဉ် လင်းလော့ချင်း နှင့် ပတ်သက်သည့် လက်ခံမိန့်ခွန်း ပြောကြားခဲ့သည်။
ဗီဒီယိုထဲတွင် ချင်ဝူက ငွေဖြူရောင်ဝတ်စုံ၊ခွေလိပ်နေသောဆံနွယ်ရှည်များနှင့် စိန်များဖြင့် ပြောင်လက်တောက်ပနေကာ ခမ်းနားစွာ ၀တ်ဆင်ထားသည်။ သူမက ပွင့်အာနေသော ပျိုးနီပန်းတစ်ပွင့်ကဲ့သို့ပင်။
သူမက သူမ၏ပရိသတ်များ၊ ပွဲစီစဉ်သူများ၊ အကဲဖြတ်ဒိုင်များ၊ သူမ၏ထုတ်လုပ်သူများနှင့် နောက်ဆုံးတွင် လင်းလော့ချင်းအား ကျေးဇူးတင်ကြောင်းပြောခဲ့သည်။
"မနှစ်က ဒီလိုအချိန်မျိုးမှာ ကျွန်မက အဆိုတော်တစ်ယောက်မဟုတ်ဘဲ လူမသိသူမသိ သရုပ်ဆောင်တစ်ယောက်ပါ...ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းညံ့ဖျင်းပြီး ကျွန်မကို လမ်းညွှန်ပေးတဲ့ ဒါရိုက်တာကို ခေါင်းကိုက်စေခဲ့တယ်... ကျွန်မ ဒါရိုက်တာကို ထပ်ခါထပ်ခါ တောင်းပန်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပါတယ်...ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့်ရသင့်ကြိုးစားမှုက အသုံးမဝင်တတ်ပါဘူး...တခြားသူတွေကိုဆွဲချမြဲဆဲချဆဲ၊ ဝန်ထုပ်ဝန်ပိုးဖြစ်မြဲဖြစ်ဆဲ၊ ကိုယ့်ကိုယ်ကို သံသယဝင်မြဲဝင်ဆဲဖြစ်ပြီး ကိုယ့်ကိုယ်ကို မုန်းတီးပြီး ငြင်းပယ်လာခဲ့တယ်"
"ကျွန်မကိုယ်ကျွန်မ သရုပ်ဆောင်ကောင်းတစ်ယောက်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရတဲ့အတွက် ကျွန််မ သရုပ်ဆောင်အလုပ်နဲ့မသင့်တော်ဘူးလို့ အဲဒီအချိန်တုန်းက အေးဂျင့်ကို ပြောခဲ့ဖူးပါတယ်...ကျွန်မ သူများတွေကို ဒုက္ခမပေးချင်ဘူး... ကျွန်မ သီချင်းဆိုချင်တယ်...ကျွန်မကဒီနယ်ပယ်မှာ အရည်အချင်းတစ်ခုခုရှိမယ်လို့ထင်ခဲ့တယ်...အဲဒီအခါမှာ ကျွန်မရဲ့ အေးဂျင့်က ကျွန်မ မလုပ်နိုင်ဘူးလို့ ပြောပြီး သရုပ်ဆောင်ပဲလုပ်ရမယ်လို့ ပြောပါတယ်...ကျွန်မသူ့ကို ဘယ်လောက်ပဲ တောင်းပန်နေပါစေ အသုံးမဝင်ခဲ့ဘူး..ဆက်ပြီးငြင်းပယ်ခံခဲ့တယ်.. ကျွန်မ ဆွဲချမိခဲ့တဲ့ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေကို ဆက်ပြီးတောင်းပန်ခဲ့ရရုံပဲတတ်နိုင်ခဲ့ပါတယ်"
"အဲဒါက လင်းလော့ချင်း နဲ့မတွေ့ခင်အထိပါပဲ...ကျဲကသီချင်းဆို အရမ်းကောင်းတယ်လို့ သူကအခိုင်အမာပြောခဲ့တယ်...လူတွေကို အမြဲတမ်း တောင်းပန်မနေဘဲ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိသင့်တယ်၊ ငါလုပ်ခဲ့တာတွေက မှားတယ်လို့ တွေးမနေဖို့သူကပြောတယ်...သူက ကျွန်မကို ကိုယ်သွားချင်တဲ့လမ်းကို လျှောက်ခိုင်းခဲ့တယ်... ဒီစကားက ကျွန်မအတွက် အများကြီး အကူအညီဖြစ်ခဲ့ပါတယ်... ဒီအကြောင်းကြောင့်သာ ကျွန်မ ဒီနေ့ ဒီမှာ မတ်တပ်ရပ်ပြီး ကျွန်မ ခန့်ကျန့်နီဆိုတာကို နားထောင်နိုင်ခဲ့တယ်..."
"သူမရှိရင် ဒီနေ့ကျွန်မနဲ့ချင်ဝူဆိုတာ ရှိလာမှ
ာမဟုတ်ပါဘူး...ကျေးဇူးတင်ပါတယ် ရှောင်လင်းလောင်ရှီး... နောင်မှာလည်း နောက်ထပ် သီချင်းတွေ ဖန်တီးဖို့ ကြိုးစားသွားမှာပါ...လူတိုင်းလည်း ကျွန်မလို ပိုကောင်းတဲ့ လူတွေနဲ့ တွေ့နိုင်ကြပါစေ... ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကိုယ့်လမ်းကိုယ် ရဲရဲဝံ့ဝံ့ ရွေးချယ်နိုင်ကြပါစေရှင်..."