Chapter 307
လင်းလော့ချင်း:"...."
"ထားလိုက်ပါ"
သူကပြောသည်။
"ဒါရိုက်တာလီ သူတို့တွေက ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေမဟုတ်ဘူးလို့ သူတို့ကိုပြောလိုက်ပါ ...ဒါကြောင့် သူတို့က တခြားဇာတ်ရုပ်တွေမှာ သရုပ်ဆောင်မှာမဟုတ်ဘူး... အတင်းအကြပ်ပြောရင် ကျွန်တော့်ရဲ့ ဆက်သွယ်ရမဲ့အချက်အလက်ကိုပဲ ပေးလိုက်ပါ"
"ကောင်းပြီ"
ဒါရိုက်တာလီက သဘောတူသည်။
လင်းလော့ချင်း ခေါင်းငုံ့ကာ ကလေးနှစ်ယောက်ကို ကြည့်ပြီး အံ့အားသင့်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။မိနစ်အနည်းငယ်ကြာသည့် ဗီဒီယိုဖိုင်လေးက ဒါရိုက်တာများကို ဤမျှဆွဲဆောင်နိုင်ပြီး မမေ့နိုင်သည်အထိဖြစ်စေသည်မှာ အံ့သြစရာပင်။
"အဲဒါကိုကြားလား..."
သူ လင်းဖေးနှင့် ကျိလဲ့ယွီကိုမေးလိုက်သည်။
"တစ်စုံတစ်ယောက်က သားတို့ကို ဆက်သွယ်ရမဲ့အချက်အလက်အတွက် ဦးလေးလီကို မေးပြီး သားတို့နဲ့ရုပ်ရှင်ရိုက်ချင်နေတာ"
ကျိလဲ့ယွီက ခေါင်းမော့ပြီး မေးသည်။
"သူတို့သားကို ပိုက်ဆံပေးမှာလား"
လင်းလော့ချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ပိုက်ဆံပေးရင်တောင် သားရိုက်လို့မရဘူး... မဟုတ်ရင် သား ကျောင်းတက်နိုင်မှာ မဟုတ်ဘူး"
ကျိလဲ့ယွီက ကောင်းကောင်းနားမလည်ပေ။
"အခုက ဆောင်းရာသီ အားလပ်ရက် ဆိုတော့ ကျောင်းလည်း မသွားဘူးလေ"
လင်းလော့ချင်း သူ့ခေါင်းကို ပွတ်လိုက်ပြီး သူ့ကိုယ်သူ တွေးလိုက်မိသည်။
'ရိုးလွန်းတဲ့ပါးပါးရဲ့ပေါင်ပေ့လေး...သား ဒီလို ဆက်ရိုက်နေမယ်ဆိုရင် ကျောင်းဖွင့်လို့ပြန်တက်ရင်တောင် ကျောင်းကောင်းကောင်းတက်နိုင်မှာ မဟုတ်ဘူး'
ဆရာမကျန်း သူမတပည့်နှစ်ယောက်ကို ရုပ်ရှင်ထဲမှာ တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ကျောင်းသားမိဘကို အားပေးသည့်အနေဖြင့် သူမ နှစ်သစ်ကူး ပထမနေ့တွင် မိသားစုကို ရုပ်ရှင်ရုံသို့ ခေါ်ဆောင်ကာ 'အနောက်အရပ်သို့ခရီး' ရုပ်ရှင်ကို အတူတူကြည့်ခဲ့သည်။
သို့ပေမဲ့ ရုပ်ရှင်အစမှာ လင်းဖေးကို သူမမြင်ခဲ့ရပြီး ရုပ်ရှင်အဆုံးမှာ ကျိလဲ့ယွီကိုတွေ့ခဲ့ရသည်။
ဒါ……
ဆရာမကျန်း ခေါင်းကိုက်နေသည်။ သူမအတန်းထဲက ကျောင်းသားမိဘတွေ ဒီလိုရုပ်ရှင်မျိုးကို မကြည့်လောက်ပါဘူးနော်...
ဆရာမကျန်း တိတ်တိတ်လေး ဆုတောင်းနေမိသည်။သူတို့ ဒါကို မကြည့်ကြဖို့မျှော်လင့်တယ်... မဟုတ်ရင် နောက်တစ်ခါ ဒုက္ခရောက်လိမ့်မယ်...
သို့သော် ဒုတိယတန်း အတန်းတစ်မှ ကျောင်းသားများ၏ မိဘများ အားလုံးသည် သူမနှင့် တူညီသော အတွေးအမြင် ရှိကြသည်။သူတို့ သည် ရုပ်ရှင် လက်မှတ် များကို စောစီးစွာ ဝယ်ပြီး လင်းလော့ချင်းကို ပံ့ပိုးရန် သားသမီးများကို ရုပ်ရှင်ရုံ သို့ ခေါ်ဆောင်သွားခဲ့ကြသည်။
ရလဒ်အနေဖြင့် သူတို့ ရုပ်ရှင်ကြည့်ရင်း သူတို့ကလေးများ၏ မျက်လုံးတွေ ပြူးကျယ်သွားသည်ကို တွေ့လိုက်ရသည်။
"လင်းဖေး..."
ဒုတိယတန်း အတန်းတစ မှ ကျောင်းသားမိဘများ : ? ? ?
ဒါက ဒဏ္ဍာရီလာ လင်းဖေးလား...ဘုရားရေ တကယ်ချောတာပဲ...
နံပါတ်တစ်ဖြစ်ထိုက်ပါပေတယ်...
ခဏလေး... သူဘာလို့ ရုပ်ရှင်ထဲရောက်နေတာလဲ...
သူက ကျောင်းသား မဟုတ်ဘူးလား...
ကလေးသရုပ်ဆောင်လုပ်ဖို့ စီစဉ်နေသေးလား...
မိဘများတွေးနေကြပြီး နောက်ဆုံးတွင် ဇာတ်ကြောင်းကို မေ့သွားကြသည်။၎င်းနောက် သားသမီးများ လန့်ဖျပ်ကာအော်သံကိုကြားလိုက်ရသည်။
"ကျိလဲ့ယွီ..."
ကျောင်းသားမိဘများ:' ...ကောင်းပြီ၊ ကလေးနှစ်ယောက်လုံး ရုပ်ရှင်သွားရိုက်ကုန်ကြပြီ... မိဘပီသပါပေတယ်... ဒါက တကယ့်ကို အညီအမျှဆက်ဆံတာပဲ... သင်ယူရကျိုးနပ်ပါပေတယ်'
ထိုနေ့ညတွင် မိဘအဖွဲ့စကားပြောခန်ပေါက်ကွဲသွားပြီး သူတို့က လင်းလော့ချင်းကို မန်းရှင်းခေါ်ကာ လင်းဖေးနှင့် ကျိလဲ့ယွီတို့က ဘာကြောင့် ရုပ်ရှင်သွားရိုက်ကြသနည်းဟု မေးကြသည်။လင်းဖေး နှင့် ကျိလဲ့ယွီတို့က ရုပ်ရည်ချောမောသည့်အပြင် စာတော်ကြသောကြောင့်လည်း ချီးမွှမ်းနိုင်ဘဲ မနေနိုင်ကြပေ။
ဆရာမကျန်းက လင်းလော့ချင်းနှင့် တန်ပြန်အစီအမံများကို အမြန်ဆွေးနွေးခဲ့သည်။
လင်းဖေးနှင့် ကျိလဲ့ယွီတို့၏ အတန်းဖော်တွေကလည်း တိတ်တိတ်လေး ဆွေးနွေးနေကြ၏။သူတို့ ဘာကြောင့် ရုပ်ရှင်သွားရိုက်ကြတာလဲ ...
ယင်းနှင့်ပတ်သက်၍ ဆရာမကျန်းက အလွန်ကိုတရားဝင်စွာအဖြေပေးခဲ့သည်။
[လင်းဖေးနဲ့ ကျိလဲ့ယွီက ပြီးခဲ့တဲ့ နွေရာသီက နောက်ဆုံးစာမေးပွဲမှာ ကောင်းမွန်စွာဖြေဆိုခဲ့ကြပြီး ပထမနဲ့ဒုတိယအဆင့်ရခဲ့တဲ့အတွက် ဆုအဖြစ်နဲ့ သူတို့ရဲ့မိဘတွေက ရုပ်ရှင်ရိုက်ကွင်းကို ခေါ်သွားကြတယ်...ဒါရိုက်တာက သူတို့ကို သတိထားမိသွားပြီး ဇာတ်ကွက်တချို့မှာ သရုပ်ဆောင်ခဲ့ကြတယ်]
[ကလေးတွေက အားပေးမှုလိုအပ်ပါတယ်... အတန်းထဲက တခြားမိဘတွေလည်း လင်းဖေးရဲ့ဦးလေးဆီကနေ သင်ယူကြပါ...ကလေးကတိုးတက်လာရင် သူတို့ကို အားပေးမှုတချို့ပေးလိုက်ကြပါရှင်]
လင်းလော့ချင်းက လျင်မြန်စွာ သဘောတူလိုက်သည်။
[ဟုတ်ပါတယ်]
မိဘတွေက တစ်ယောက်ပြီး တစ်ယောက်ဝင်ပြောကြသည်။
[ဒါက သဘာဝကျတယ်]
[ဒါပေမဲ့ ကျွန်မကလေးက အိမ်ပြန်ရောက်တော့ အရမ်းအားကျနေတာ]
[ဟုတ်တယ်...ငါတို့က လင်းဖေးရဲ့ဦးလေးနဲ့ မယှဉ်နိုင်ဘူး...သူ့ဆုတွေက ငါတို့ထက် အများကြီး ပိုသာတယ်]
[ကျွန်မကလေးက အနာဂတ်မှာ သူဘယ်လိုသရုပ်ဆောင်မလဲဆိုတာ စိတ်ကူးယဥ်နေပြီ]
[အိမ်ကပေါင်ပေ့ကလည်း ကျွန်တော့်ကို
စတားမဟုတ်လို့ဆိုပြီး သဘောမကျဖြစ်နေပြီ]
[တူတူပဲ ငါ့သားလည်း ဒီလိုပဲ... သေအောင် ဒေါသထွက်နေတာ... သူ့အမှတ်သူတောင် မကြည့်ဘူး...သူ လင်းဖေးလောက်ကျစာမတော်ဘူး...လင်းဖေး လိုမျိုး ရုပ်ရှင်တွေမှာ သူလည်း သရုပ်ဆောင်ချင်နေတယ်]
[မှန်တယ်... ငါအရမ်းဒေါသထွက်နေတာ]
လင်းလော့ချင်း ၎င်းကိုကြည့်ကာ ၎င်းတို့အား နှစ်သိမ့်ပေးတော့မည်ပြုချိန်မှာ ပါးနပ်သောမိဘတစ်ယောက်က ဝင်ပြောသည်ကိုမြင်လိုက်ရ၏။
[လွယ်ပါတယ်]
[နောက်တစ်ခါ စာမေးပွဲမှာ ပထမရရင်
သူတို့ကိုလည်း ရုပ်ရှင်ရိုက်ဖို့ခေါ်သွားလို့သာပြောလိုက်]
လင်းလော့ချင်း : အာ ဒါက...
အခြားမိဘများ: [ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ငါ ဒါရိုက်တာနဲ့လည်းမသိပါဘူး ဘာနဲ့မှမသိဘူးလေ]
လင်းလော့ချင်း: ဟုတ်တယ်
ခုနကဝင်ပြောသည့် ပညာရှိကြီး: [အဆင်ပြေပါတယ်]
တစ်ဖက်လူ၏ပရိုဖိုင်ပုံက ယောက်ျားတစ်ယောက်လိုဖြစ်ပြီး စကားပြောသည့်အခါမှာလည်း အဖြောင့်တွေ၏ မွေးရာပါနှလုံသားရှိသည်ကို ခံစားရလေသည်။
"သူတို့က စာမေးပွဲမှာ ပထမမရနိုင်ဘူးလေ ဟားဟားဟား...အချိန်တန်ရင် သူတို့အမှားဖြစ်လိမ့်မယ်... မိဘတွေက သူတို့ကို ရုပ်ရှင်မရိုက်ခိုင်းတာမဟုတ်ဘူးလေ... သူတို့ဘာသူတို့ စာမေးပွဲမှာ ပထမမရတာ...ဘာတတ်နိုင်မှာလဲ [ရယ်စရာကောင်း]]
လင်းလော့ချင်း : ... ဘယ်လောက် ရက်စက်တဲ့ အဖေလဲ...
အခြားမိဘများ:ဒါက မှန်တယ်လို့ထင်ရပေမဲ့ "စာမေးပွဲမှာ ပထမ မရတာ" ဆိုတဲ့စကားလုံးက ဘာကြောင့်နည်းနည်းအဆင်မပြေဖြစ်သလိုခံစားရတာလဲ...
ပြီးတော့ ရှိသေးတယ်...သူ့ကလေးက စာမေးပွဲမှာ ပထမမရတာကို ပျော်နေတာလား...
မိဘများ မနေနိုင်ဘဲသက်ပြင်းချလိုက်ကြသည်။
လင်းဖေး သူတို့အတန်းထဲကို လေထီးခုန်လာပြီးကတည်းက နှစ်ဝက်စာမေးပွဲဖြစ်စေ နောက်ဆုံးစာမေးပွဲပဲ ဖြစ်စေ၊ ဘယ်ဘာသာရပ်ပဲ ဖြစ်စေ သူက ပထမအဆင့်ရပြီး အမှတ်ပြည့်ရခဲ့သည်။ ရိုးရိုးရှင်းရှင်းပဲ သူ့ကိုကျော်ရန်က မဖြစ်ရေးချမဖြစ်နိုင်ပေ။
ဤသည်က အမှန်ပင်၊သူတို့ကလေးတွေ သေချာပေါက် စာမေးပွဲမှာ ပထမနေရာကို ရနိုင်မှာမဟုတ်ပေ။
လင်းလော့ချင်း အဖွဲ့အတွင်းရှိ မိဘများ ၏ စကားများကို ကြောင်အကာကြည့်နေမိသည်။သူတို့ နည်းလမ်းတစ်ခုရသွားပြီး သားသမီးများကို ဆုံးမရန်အတွက် ပြန်သွားသည်ကို ကြည့်ပြီး ရယ်ရမလိုငိုရမလိုဖြစ်သွား၏။
သေချာသည်ပင်၊သူ့ပေါင်ပေ့နှစ်ယောက်က အသိတရားအရှိဆုံးဖြစ်သည်။ ဟီးဟီး...
ဆရာမကျန်း နှင့် ကျောင်းသားမိဘများကိစ္စ ပြေလည်သွားပြီးနောက်၊ "အနောက်အရပ်သို့ခရီး" ၏ သုံးသပ်ချက်များကို ရှာဖွေရန် အင်တာနက်ပေါ် တက်ခဲ့သည်။
ဝူရှင်းယွမ်ပြောသည့်အတိုင်း ဤဇာတ်ကားအပေါ် လူတိုင်း၏အကဲဖြတ်မှုသည် အလွန်ကောင်းမွန်ပြီး လင်းလော့ချင်း၏ ထင်ရှားကျော်ကြားသော သရုပ်ဆောင်တစ်ဦးဟူသည့်အဆင့်အတန်းကြောင့် ရုပ်ရှင်ကို မတိုက်ခိုက်ခဲ့ကြပေ။
[ကြည့်ကောင်းတယ်...ကြည့်ကောင်းတယ်...ကြည့်ကောင်းတယ်... ဒါရိုက်တာလီက အရမ်းမိုက်တယ်...အရင်ကအတိုင်း ထိန်းထားနိုင်တုန်းပဲ】
[ဝမ်ကျစ်မင်နဲ့ ဟို့ဝမ်ယွီတို့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက တကယ့်ကို အံ့မခန်းပဲ... ဒီနှစ်ယောက်ကို တွဲပေးလိုက်ကြရအောင်...နောက်နှစ် နွေဦးပွဲတော်မှာ သူတို့နှစ်ယောက်ကို ပြန်တွေ့ဖို့မျှော်လင့်တယ်]
[ပြီးတော့ လင်းလော့ချင်းကိုပါ အတူတူ ခေါ်လာခဲ့နော်... တူက ဦးလေးတွေနဲ့ တစ်ချိန်လုံး အတူရှိနေမှ စိတ်ဝင်စားစရာကောင်းလိမ့်မယ်"
[ဟားဟားဟား... ဟုတ်တယ်၊ ဖူရှီနဲ့ လုမင်တို့ရဲ့ chemistryက လုံးဝကိုပါဖက်... တူဝရီးတတွေက အရမ်းချစ်စရာကောင်းတာပဲ"
[လင်းလော့ချင်းက ဟာသပိုင်းမှာ အတော်လေး ထူးချွန်တယ်... အထူးသဖြင့် သူ ဝမ်ကျစ်မင်နဲ့ အပြိုင်သရုပ်ဆောင်တဲ့အခန်းက အသက်ပဲ]
[ရိုးရိုးသားသား ပြောရရင်တော့ ဒီဇာတ်ကားကို ငါ အရင်က အကောင်းမြင်စိတ်မရှိခဲ့ဘူး...တကယ်တမ်းကျလည်း လင်းလော့ချင်းက ဟာသမပြောနဲ့ ရုပ်ရှင်ကားတစ်ကားမှာမှ မပါဝင်ခဲ့ဖူးဘူးလေ]
[ပြီးတော့ သူက အရမ်းချောတယ်...အားးး ဖူရှီက ငါ့အိပ်မက်အမျိုးသားနတ်ဘုရားပဲ...ဖူရှီအတွက် ငါနှစ်ခေါက်ကြည့်မယ်]
[ငါလည်း ထပ်ကြည့်ချင်သေးတယ်...ဖူရှီက တကယ်ကို အံ့သြစရာကောင်းတယ်... လင်းလော့ချင်းက ဉာဏ်ကြီးရှင် အေးစက်စက်ကောင်လေးဖြစ်ဖို့ ပြီးပြည့်စုံတယ်...ကျေးဇူးပြုပြီး နောက်တစ်ကားကို ဆက်လုပ်ပါ]
[ဟားဟားဟား"အလင်းရောင်" မှာ သရုပ်ဆောင်တုန်းက သူက တက်ကြွပြီး ရွှင်လန်းတဲ့ ဆယ်ကျော်သက်ဇာတ်ရုပ်အတွက်ပဲ သင့်တော်တယ်လို့ နင်တို့ပြောခဲ့တာလေ... သူကဇာတ်ရုပ်တော်တော်များများအတွက် သင့်တော်တယ်]
[လင်းလော့ချင်းက တကယ်တော်တယ်... ဒီဒရာမာကို ကြည့်ပြီး အရင်က သူ့အတွက် ခံစားချက်မရှိပေမဲ့ သူ့ဖန်ဖြစ်ချင်လာတယ်...သူသရုပ်ဆောင်တာက အရမ်းကောင်းတယ်]
[အခု လင်းလော့ချင်းရဲ့ အနာဂတ်ကို ငါတကယ်ကို ပိုပိုပြီး အကောင်းမြင်နေပြီ]
လင်းလော့ချင်း ဖုန်းကိုကိုင်ကာ ပြုံးပြီးကြည့်နေရင်း တစ်စုံတစ်ဦးမှ မေးသော ပို့စ်တစ်ခုကို သူတွေ့လိုက်ရသည်။
[အမ်း...ငါ့ကလေးတွေနဲ့ မိဘတွေကို ဒီရုပ်ရှင်ကိုကြည့်ဖို့ ခေါ်သွားလို့ရလား]
ဖန်များက ချက်ချင်းပြောသည်။
[ရတယ်...ဒီရုပ်ရှင်က အရမ်းရယ်ရတယ်၊ ညစ်ပတ်တဲ့ဟာသတွေ မရှိဘူး... ရှက်စရာကောင်းတယ်လို့ခံစားရမှာမဟုတ်ဘူး... ငါ့မိဘတွေကို ကြည့်ဖို့ခေါ်သွားတော့ သူတို့လည်း အရမ်းပျော်နေကြတာ]
[ဟုတ်တယ်...ပြီးတော့ ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်နှစ်ယောက်က အရမ်းကြည့်ကောင်းတယ်... ဟားဟားဟား ...ငါတို့အိမ်ကကောင်မလေးဆို သူ့ကောကောလေးကို တစ်ချိန်လုံး စိုက်ကြည့်နေတာ]
[အားးး ဒီအကြောင်းပြောတော့ ငါမအိပ်ချင်တော့ဘူး...ရုပ်ရှင်ထဲက ဖူရှီအငယ်လေးက တကယ်ချစ်စရာကောင်းတယ်...ရှောင်ဖူရှီကို အရမ်းကြိုက်တယ်]
[ရှောင်ရှီကလည်း အရမ်းကြည့်ကောင်းတယ်... အထူးသဖြင့် လင်းလော့ချင်းကို ပြန်လှည့်ကြည့်တဲ့အခန်းက အရမ်းမိုက်တယ်... ဒါရိုက်တာက ဒီနေရာကို နောက်ခံပုံအဖြစ် သုံးထားတာလား...လှချက်ပဲ]
[ဒီဒရာမာထဲက ကလေးတွေအကုန်လုံးက အရမ်းကြည့်ကောင်းကြတယ်...ငါ့မိဘတွေဆို ဒီဇာတ်ကားကိုကြည့်ပြီး မမေ့နိုင်တော့ဘူး...ငါ့ကိုလည်း အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးမွေးပေးဖို့ မျှော်လင့်နေကြတာ ဟားဟား]
[သူတို့ တကယ်လှတယ်...ရှောင်ရှီက အရမ်းလှတယ်၊ရှောင်ဖူရှီက အရမ်းကို ချောမောပြီး စတိုင်လ်ကျတယ်...သူတို့က မြင်ဖူးသမျှထဲမှာ အလှဆုံး ကလေးသရုပ်ဆောင်တွေပဲ]
[ဒီကလေးနှစ်ယောက်ရဲ့ နာမည်ကို တစ်ယောက်ယောက် သိကြလား...သူတို့နှစ်ယောက်လုံးရဲ့ တခြားတီဗီရှိုးတွေ ရုပ်ရှင်တွေ ကြည့်ချင်တယ်]
[ငါရောပဲ ငါရောပဲ ငါလည်း ဒီကလေးနှစ်ယောက်ရဲ့ အချက်အလက်ကို ရှာနေတာ... တစ်ရက်ကုန်တာတောင် မတွေ့သေးဘူး]
[ဟားဟားဟား ကျယ်မေ့တို့၊ တရားဝင် ဘလော့ဂ် မှတ်ချက် ဧရိယာကို သွားပြီး ထိုင်စောင့်ကြ... မှတ်ချက် ဧရိယာက အခု ကလေးနှစ်ယောက်ရဲ့ နာမည်ကို တောင်းဆိုနေတဲ့သူတွေနဲ့ ပြည့်နေတာ... မှတ်ချက်ပေါင်း ထောင်ချီရှိနေပြီ]
လင်းလော့ချင်း : ? ? ?
လင်းလော့ချင်း ၎င်းကို သိချင်စိတ်ဖြင့် နှိပ်ကြည့်လိုက်သည်။တရားဝင်ဘလော့ဂ်၏နောက်ဆုံးထွက် Weibo တွင် ရှောင်ဖူရှီ နဲ့ ရှောင်ရှီနေရာမှာ ဘယ်သူသရုပ်ဆောင်တာလဲဟု မေးထားသည့် မက်ဆေ့ချ်တွေကို လူတော်တော်များများက ချန်ထားခဲ့သည်ကို တွေ့လိုက်ရ၏။
[အား အား အားဇာတ်ပို့စာရင်းကိုကြည့်ဖို့ အဆုံးထိစောင့်ခဲ့တယ်... စောင့်နေပေမဲ့ ဘာမှမတွေ့ဘူး... ဒီကလေးနှစ်ယောက်က သရုပ်ဆောင်အရမ်းကောင်းတာကို...သရုပ်ဆောင်စာရင်းပေါ်မှာ သူတို့ဘာလို့မပါတာလဲ... ဒါရိုက်တာရေ ဒါကို ကျိုးကြောင်းဆီလျော်တယ်လို့ထင်နေတာလား ??]
[ကျေးဇူးပြုပြီး နာမည်လေးပြောပြပါနော်...ရှောင်ရှီက ငါ့အိပ်မက်ပေါင်ပေ့လေးပါ...ငါသူ့နာမည်ကို သိချင်ရုံပါ...ဒါလေး မေးတာက အရမ်းများလွန်းနေသလား]
[ဖူရှီက ဘယ်သူလဲ... ကြည့်ရတာ လင်းလော့ချင်း နဲ့ တော်တော်တူတယ်...ရိုက်ကူးရေးအဖွဲ့က လင်းလော့ချင်းရဲ့ ငယ်ဘဝကို ခိုးခဲ့တာလား]
[သရုပ်ဆောင်တွေက တကယ်ကို အံ့သြစရာကောင်းလောက်အောင် ပြည့်စုံတယ်... ဖူရှီအကြီးနဲ့ ဖူရှီအငယ်လေးတို့ရဲ့ တူညီမှုကို ကြည့်ရုံနဲ့ အဖွဲ့သားတွေရဲ့ လေးနက်မှုကို ခံစားနိုင်တယ်... ဒါဆို ငါ့ကို ရှောင်ဖူရှီရဲ့နာမည် ပြောပြနိုင်မလား...သူရဲ့ တခြားဇာတ်ကားတွေကို ကြည့်ချင်လို့ပါ]
လင်းလော့ချင်း အင်တာနက်အသုံးပြုသူများက သူ၏သားပေါက်လေးနှစ်ယောက်၏ ဤမျှအာရုံစိုက်ပြီး ၎င်းတို့ကို အလွန်စိတ်ဝင်စားလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
ဒါရိုက်တာများက လင်းဖေးနှင့်ကျိလဲ့ယွီတို့ကို သတိပြုမိသည်ကို သူနားလည်နိုင်သွားပြီဖြစ်သည်။မည်သို့ပင်ဖြစ်စေ ဒါရိုက်တာလီကပင်သူတို့၏ သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုခဲ့သည်။ သူတို့၏ ပြောင်မြောက်သော ရုပ်ရည်အပြင်ကို သူတို့က စခရင်ပေါ်မှာ ချို့ယွင်းချက်တွေ မပြခဲ့ပေ။ထိုအစား သူတို့၏ပိုပိုကောင်းသောမျက်နှာသွင်ပြင်တွေကို မြင်တွေ့ရလေသည်။တစ်ယောက်က ချောမောပြီး နောက်တစ်ယောက်က နတ်သူငယ်တစ်ကောင်ကဲ့သို့ လှပနေပသည်။ သူတို့နှစ်ဦး၏ ပေါင်းစပ်မှုသည် ကလေးသရုပ်ဆောင်များ လိုအပ်နေသော ဒါရိုက်တာများ၏ အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ထို့အပြင် အင်တာနက်သုံးစွဲသူတွေကလည်း သူတို့ကို အလွန်သဘောကျကြသည်။သေချာသည်ပင် အသက်အရွယ်မရွေး၊ ရုပ်ရည်ကြည့်ကောင်းသည်က ပရိသတ်တွေကို ဆွဲဆောင်ရန် အကောင်းဆုံးကိရိယာတစ်ခုပါပင်။
ဒါရိုက်တာလီ တရားဝင်ဘလော့ဂ်မှာ ဒီအခြေအနေကို မြင်လိုက်ရသောအခါ လင်းလော့ချင်းကို ဖုန်းပြန်ခေါ်ပြီး သူတို့နာမည်ကို ပြော၍မရသေးဘူးလားဆိုသည်ကို မေးခဲ့သည်။
လင်းလော့ချင်းက ပြန်ဖြေ၏။
"ဟုတ်တယ်... သူတို့နှစ်ယောက်က ကျောင်းတက်ရဦးမှာ...သူတို့နာမည်တွေကို မပြောပြရင် နောင်မှာ လူတွေ သူတို့မြင်တဲ့အခါ လူမှားသွားတယ်လို့ပဲထင်ကြလိမ့်မယ်... နာမည်တွေထည့်ပြောလိုက်ရင် သေချာသွားလိမ့်မယ်...အဲဒါကို မေ့ထားလိုက်ပါ"
ဒါရိုက်တာလီ နောက်နေ့တွင် လင်းဖေး နှင့် ကျိလဲ့ယွီအကြောင်း အသီးသီး Weibo ပို့စ်နှစ်ခုတင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
သူတို့က ကျောင်းတက်နေတုန်းပဲရှိသေးသည်။ မိမိတို့က ကလေးသရုပ်ဆောင်တွေကို ထည့်မရေးသည်မျိုးမဟုတ်ဘဲ သူတို့က ကလေးသရုပ်ဆောင်တွေမဟုတ်ကြောင်း ရှင်းပြခဲ့သည်။ နွေရာသီအားလပ်ရက်မှာ လာကစားရင်း ဤနှစ်ယောက်ကို ဖမ်းမိခဲ့သည်။သူတို့က ကျောင်းတက်နေတုန်းဖြစ်သဖြင့် နာမည်အရင်းကို မဖော်ထုတ်ချင်ကြခြင်းဖြစ်သည်။
အင်တာနက်သုံးစွဲသူတွေက ဤအဖြေကို ဘယ်တုန်းကမှ မမျှော်လင့်ထားကြပေ။
[ဒါဆို ငါ သူတို့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလား? ! ! !]
[ဘုရားရေ ငါ့အိမ်မက်ပေါင်ပေ့လေးကို အိပ်မက်ထဲမှာပဲ တွေ့ရတော့မှာလား...ဒါကို ငါ့ကိုသုံးခေါက်ကြည့်အောင်လုပ်ဖို့ပြောတာဆိုရင် မင်းနိုင်ပါတယ် ...ငါသုံးခေါက်သွားကြည့်လိုက်မယ်... ဝူးဝူးဝူး ပေါင်ပေ့တို့ရေ တီတီပြန်တွေ့ဖို့ လာပြီနော်]
[သူတို့က ကလေးသရုပ်ဆောင်မဟုတ်ဘူးဆိုတာ မယုံနိုင်ဘူး... သူတို့က ဒီနေရာမှာ ပေါ့ပေါ့ပါးပါးလာကစားရုံပဲ ဒါပေမဲ့ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်က ဒီလောက် ကောင်းနေတယ်ပေါ့...ဖူရှီအငယ်လေး နဲ့ ဖူရှီအကြီး တို့ရဲ့အရှိန်အဝါအများကြီးက အတိအကျတူနေတာ အိုကေ... သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က လင်းလော့ချင်းလောက်နီးပါးကောင်းတယ်...ဒါကို သူက ပေါ့ပေါ့ပါးပါးလာကစားတာတဲ့လား]
[ ရှောင်ဖူရှီက တကယ်ကို တော်တယ်... သူက ဝမ်ကျစ်မင် နဲ့ အသာလေး အပြိုင် သရုပ်ဆောင်သွားတာ... သူ အကူအညီမဲဲ့၊အထင်အမြင်သေးပြီး မာနကြီးတဲ့ဟန်လုပ်တဲ့ အခါတိုင်း သရုပ်ဆောင်အရမ်းကောင်းတယ်... နောက်ဆုံးမှာ သူ့ကျို့ကျို့နှစ်ယောက်အတွက် ဓာတ်ပုံတစ်ပုံစီကို ထားခဲ့လိုက်တယ်... သူ့ရဲ့ သရုပ်ဆောင်မှုက ငါကို ငိုစေခဲ့တယ်...ဒါကို သူက အပျော်တမ်းပဲလို့ ပြောနေတာလား]
[ငါတော့သွားပြီ...ရှောင်ရှီက
အရမ်းကြည့်ကောင်းတာကြောင့် ကလေးသရုပ်ဆောင်ဖြစ်ရမယ်လို့ ငါထင်ခဲ့တာ... သူက စခရင်ကြီးကြီးနဲ့ လိုက်ဖက်ပြီး ကင်မရာက သူ့ကို ပြတဲ့အခါ သူ့မျက်နှာက အရုပ်လေးလို လှနေတာ... သူ့ကိုတွေ့ဖို့အတွက်နဲ့ ငါနောက်ထပ်လက်မှတ်ထပ်ဝယ်ခဲ့တယ်]