အပိုင်း ၃၁၆
Viewers 87k

Chapter 316




ဝေဖန်သူများက ချက်ချင်း ပေါက်ကွဲလာကြသည်။ 


{ဒီလူငယ်လေးက ၁၉ နှစ်ပဲရှိသေးတယ် … သူ နိုင်နိုင်တယ် … }


{၁၉ နှစ်နဲ့ သုံးဆယ်ကျော် … ငါဝန်မခံချင်ပေမယ့် ယှဉ်ကြည့်ရင် သခင်လေးကျိက အိုနေတာပဲ … ဟားဟား}


{လူအိုကြီး … မင်းကို စိန်ခေါ်တယ် … }


{တော်တော့ …တော်တော့ … သခင်လေးကျိ မျက်နှာပျက်ရအောင် မလုပ်ရဘူးလေ … }


{ပြေးတော့ … သခင်လေးကျိရဲ့ လက်မောင်းတွေက မထိန်းနိုင်ဖြစ်နေပြီ … }


ကျိယွီရှောင်က စွန်းလျန့်ကို ကြည့်လိုက်သည်။  “မနက်ဖြန် တစ်ယောက်ယောက် ပျောက်နေခဲ့ရင် တရားခံက ကျွန်တော်ပဲ … ”


စွန်းလျန့် မငိုနိုင်ခဲ့။ “ငါတို့က တရားဥပဒေနဲ့အညီ နေထိုင်ကြတာပါ ...”


ကျိယွီရှောင်က အေးစက်စက်ပြောသည်။ “ငါ့ဇနီးလေးကို လုချင်ရင် ဘယ်လိုပဲဖြစ်ဖြစ် အသတ်ခံရမှာပဲ … ”


ဖန်းဖေးကျယ် “……”


ဖန်းဖေးကျယ်က စွန်းလျန့်ကို ကြည့်လိုက်သည်။ “ဒါဖြင့် ကျွန်တော့်အလှည့်ပေါ့ … မနက်ဖြန် ခင်ဗျား သခင်လေးကျိကို မတွေ့ရင် တရားခံက ကျွန်တော်ပဲ … ”


“မမ … ကျွန်တော် နောက်ပိုင်းလိမ္မာပါ့မယ် … သူ့ကိုထားခဲ့ပြီး ကျွန်တော့်ဆီ ပြန်ခဲ့ပါ ...”


ကျိယွီရှောင်မတ်တပ်ရပ်ကာ ယောက်ဖလောင်းအား ကောင်းကင် မည်မျှမြင့်ကြောင်းနှင့် မြေပြင်မည်မျှ ထူထပ်ကြောင်း သင်ကြားပေးရန် ပြင်လိုက်သည်။  


လင်းလော့ချင်း သူ့ကိုတားလိုက်၏။ “ဘာလုပ်မလို့လဲ … ”


“ဆယ့်ကိုးနှစ် ဖြစ်သွားပြီဆိုတော့ ဥပဒေနဲ့ ကာကွယ်ပေးတာ မရှိတော့ဘူး … ယောက်ဖက လူမှုအဖွဲ့အစည်းရဲ့ ရက်စက်မှုနဲ့ ရင်ဆိုင်ရတော့မှာပဲ … ”


လင်းလော့ချင်း ဘာပြောရမှန်းမသိတော့။ “မြန်မြန်ပြန်ထိုင် ...”


ကျိယွီရှောင်က ထိုအပြုအမူကြောင့် မပြောချင် ပြောချင်ဖြင့် ပြောလိုက်သည်။ “ကောင်းပြီ … မျက်နှာမပျက်ရအောင်လို့ သူ့ကို နောက်တစ်ရက် အသက်ရှင်ခွင့်ပေးလိုက်မယ် … ”


သူက ပြောပြောဆိုဆိုဖြင့် လင်းလော့ချင်း၏ လက်ကိုဆွဲကာ ဖန်းဖေးကျယ်မျက်နှာနားတွင် ယမ်းပြလိုက်သည်။ “တွေ့လား … သူမက ငါ့အပိုင်ပဲ … ဒီတစ်ကြိမ် သူ့မျက်နှာထောက်ပြီး မင်းကို လွှတ်ပေးလိုက်မယ် … ဖြစ်မလာမယ့်အရာတွေကို စိတ်ကူးယဉ်မနေနဲ့ … .”


ပြောပြောဆိုဆိုဖြင့် သူက လင်းလော့ချင်း လက်ကိုဆွဲကာ ထိုင်စေလိုက်သည်။ သို့သော် လက်ကိုမူ လွှတ်မပေးပဲ စားပွဲခုံပေါ်၌ပင် တင်ထားလိုက်၏။ 


လင်းလော့ချင်းက ရုတ်တရက် ဖွင့်ပြောမှုကြောင့် ရယ်ချင်နေသည်။ သူက ဇာတ်ညွှန်းထဲတွင် တားမြစ်ထားသည့် အချစ်ပါလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူ၏ ဇာတ်ညွှန်းထဲတွင် တတိယသခင်လေးသည် သူ့အပေါ် အလွန်မှီတွယ်ကြောင်း ပြောထားသည်။ သို့သော် သူက ဖြူစင်သော မောင်နှမချစ်ခြင်း ဟူ၍သာ ထင်ခဲ့၏။ 


သူ့ညီလေးက သူ့ကို စေ့စပ်ချင်တဲ့အထိ သဘောကျနေမယ်လို့ သူဘယ်သိမလဲ …


“ငါ မင်းနဲ့ သွေးသားမတော်စပ်မှန်း သိလား …” လင်းလော့ချင်း သူ့ကိုမေးလိုက်သည်။ 


“ကျွန်တော် မသိခဲ့ဘူး ...” ဖန်းဖေးကျယ်က အပြစ်ကင်းစွာ ပြန်ဖြေသည်။ “သိသာသိရင် မမ စေ့စပ်တဲ့အထိ စောင့်နေပါ့မလား … အရင်ကတည်းက မမနဲ့ကျွန်တော် တူတူရှိနေလောက်မှာ … ”


“မင်းက ခုမှ ဆယ့်ကိုးနှစ်ပဲရှိသေးတာ … ချင်းချင်းကို ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ … ” ကျိယွီရှောင်က ချက်ချင်းပြန်ပက်သည်။ 


“အဲဒီ့အသက်ကြောင့် မင်း လက်ထပ်မှတ်ပုံတင်တောင် ရမှာမဟုတ်ဘူး … ချင်းချင်းနဲ့ ငါက ရတယ် … မင်းရလား …”


သူက ပြောပြောဆိုဆိုဖြင့် လင်းလော့ချင်းနှင့် တွဲထားသည့်လက်ကို ထပ်မံ ယမ်းပြလိုက်ပြန်သည်။ 


ဖန်းဖေးကျယ်, “……”


ပျော်ရွှင်သော အသံများက ပရိတ်သတ်အတွင်းမှ ထွက်ပေါ်လာသည်။


 {ဟားဟားဟား … ဂိမ်းရှုံးသွားပြီ … မင်းလုပ်လို့မရဘူးကွ … မမကြောင့် စိတ်မကောင်းဖြစ်ရရုံပဲ မင်းတတ်နိင်မှာ … }


{ဘုရားရေ … ငါတို့အငယ်ဆုံးလေးက ခုမှ ဆယ့်ကိုးနှစ်ပဲ ရှိသေးတာ … သူ့ကိုဘယ်လိုတောင် အနိုင်ကျင့်နေတာလဲ … ဟားဟားဟား ….}


{သခင်လေး အခုတော့ လူအိုကြီးဖြစ်ရတဲ့ ကောင်းကျိုးတွေကိုနားလည်ပြီပေါ့ … လူအိုကြီးက လိုင်စင်ရတယ် …မင်းကတော့ မရဘူး … ဟားဟား … {ပျော်နေ}.}


{သခင်လေးကျိ စိတ်ဆိုးနေပြီးသားနော် … သူ့ကို ဖြည်းဖြည်းဆူကြပါ … }


{ပြီးတော့လေ … သူ တအားစိတ်ဆိုးပြီး သတိမမူဖြစ်သွားတာထင်တယ် … လက်ထပ်မှတ်ပုံတင်အကြောင်း ပြောတော့ သူက အလှလေးလင်းလို့ မပြောပဲ  ချင်းချင်းလို့ ပြောခဲ့တာနော် … {မျက်နှာအုပ်ထား}.}


{ ဥက္ကဌကျိက ချင်းချင်းနဲ့ လက်ထပ်မှတ်ပုံတင် ပြီးပြီပေါ့ … {ခွေးခေါင်းအီမိုဂျီ}.}


{ဖာ့ခ် … ဖာ့ခ် … ဖာ့ခ် … ညီအစ်မရေ … ဒီဇာတ်ကြောင်းက သိသာနေပြီနော် … }


{ဖာ့ခ် … ဥက္ကဌကျိက သူ့အတွေးကို အမှတ်တမဲ့ ထုတ်ပြောလိုက်မိတာလား … }


{ဘုရားရေ … ငါအမှန်တရားတစ်ခု သိလိုက်ရတယ်လို့ ခံစားရတယ် … ဥက္ကဌကျိ ဒါကို သက်သက်လုပ်တာပဲ … }


{ဥက္ကဌကျိရဲ့ နှလုံးသားကို ဖြတ်သွားဖြတ်လာတွေတောင် သိကုန်ကြပြီ … {ခွေးခေါင်းအီမိုဂျီ}.}


{အား …  ဥက္ကဌကျိက အရမ်းမိုက်တာပဲ … သူကအရမ်းရက်စက်တယ် …}


{ယဉ်ယဉ်ကျေးကျေး မေးတာပါ … တခြား CP တွေ လက်ထပ်မှတ်ပုံတင်အကြောင်း ပြောနိုင်ကြလားဟင်}


{ဘယ်ကသာ … နှစ်တွေ ဒီလောက်ကြာတာတောင် ငါဒါကို အခုမှကြားဖူးတာ … }


{ဥက္ကဌကျိက တကယ့်ကို မသမာဘူး … သူက အဖြောင့်တစ်ယောက်ဖြစ်ပြီး စတားမဟုတ်တော့ အကုန်ပြောရဲနေတာ ...}


{သူက အဖြောင့်မှန်း နင်ဘယ်လိုသိ {စနောက်လျှက်}}


{အေးလေ … သူက သူ့နှလုံးသားကို ထုတ်ပြမိတာ မဟုတ်မှန်း နင်ဘယ်လိုသိ {စနောက်လျှက်}.}


{ဝူးဝူးဝူး … အရမ်းချိုတာပဲ … ဘယ်လိုတောင် အဆင်ပြေတဲ့ အတွဲလေးလဲ … ဥက္ကဌကျိက သကြားချက်တာ အရမ်းတော်တာပဲ ...}


{ဘယ်သူငါ့ကို သတ်လိုက်တာလဲ … ငါအခု လက်ထပ်မှတ်ပုံတင် သွားယူနေတဲ့ ဥက္ကဌကျိ ပုံစံကို စိတ်ကူးယဉ်နေမိပြီ}


{အား … ဘယ်သူသတ်လိုက်တာလဲ … ဥက္ကဌကျိနဲ့ ချင်းချင်း စေ့စပ်တာကို ဒီနေ့မကြည့်ရဘူးလား … စိတ်ဆိုးလွန်းလို့ သေတော့မှာပဲ … }


{ဂရုစိုက်ဦး ညီအစ်မ … ဒါက သခင်လေးကျိနဲ့ အလှလေးလင်းပါ ...}


{တူတူပဲလေ … ကျိလင်းပဲကို … ဟီးဟီး ...}


ဖန်းဖေးကျယ်က ငါးပူဖောင်း တစ်ကောင်ကဲ့သို့ နှုတ်ခမ်းစူကာ ခေါင်းမာစွာ ပြောသည်။ 


“၂၂ နှစ်အထိ စောင့်လို့ရတယ် … သုံးနှစ်ထဲပဲလေ …”


ကျိယွီရှောင်က ဂရုမစိုက်ချေ။ “သုံးနှစ်ဟုတ်လား … အဲဒီ့သုံးနှစ်မှာ မင်းအစ်မနဲ့ ငါက အတူတူ ရှိနေလောက်ပြီ …. နောက်ငါးနှစ်အတွင်း ငါတို့က မိဘတွေ ဖြစ်လာလိမ့်မယ် … ငါတို့မိသားစု လေးယောက် တူတူဆုံကြတာပေါ့ ...”


ဖန်းဖေးကျယ် တွေးလိုက်သည်။ ‘…ငါငိုချင်တယ်.’


ဖန်းဖေးကျယ် ရှုံးနိမ့်သွားသလို ခံစားလိုက်ရ၏။ သူက ဘာလို့ ၂၂ နှစ်မဖြစ်ရတာလဲ … ဘာလို့ ဆယ့်ကိုးနှစ်ဖြစ်နေတာလဲ … 


ဟမ့် … 


အင်တာနက်အသုံးပြုသူများက ရယ်တော့သည်။. 


{ဟားဟားဟား … ဒါက ငါ့ကိုသတ်နေတာပဲ … }


{သခင်လေးကျိက တော်လိုက်တာ …. သခင်လေးကျိတော့ ရူးသွားပြီ .. }


{တတိယသခင်လေးက တကယ်ရှုံးသွားပြီ … ဒါပဲလေ .. လူအိုကြီးက အလကားအသက်ကြီးလာတာမှ မဟုတ်တာ … သူ ယောက်ဖကို ပြန်နှစ်သိမ့်ပေးသင့်တယ် …}


{‘ထိရှ ...’ ငါတို့ရဲ့ သနားစရာ သခင်လေး … ဟားဟားဟား … }


ဖန်းဖေးကျယ်က စကားဆက်လိုက်သည်။ 


“အလှလေးလင်းက ငါ့အစ်မအရင်းမှန်း မသိခဲ့ဘူး … ငါက ဝမ်းကွဲအစ်မလို့ပဲ ထင်ခဲ့တာ … ငါအချိန်မလောက်ခဲ့ရင် ဘာလုပ်ရမလဲလို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏ မေးနေမိတယ် … ငါ သဘောမတူနိုင်ခဲ့ဘူး …”


“မင်းသဘောမတူတာက အလှလေးလင်းနဲ့ သခင်လေးကျိ စေ့စပ်မှာကိုလား … ” စွန်းလျန့် မေးလိုက်သည်။ 


ဖန်းဖေးကျယ် ခေါင်းညှိတ်လိုက်၏။ 


“ချင်းချင်းနဲ့ လက်ထပ်တာကို တားဖို့အတွက် မင်းကိုယ့်အဖေကိုယ် ပြန်သတ်လိုက်တာလား … ” ကျိယွီရှောင်က မေးသည်။ 


ဖန်းဖေးကျယ် ခေါင်းယမ်းလိုက်၏။ “မင်းကိုသတ်လိုက်တာက ပိုမမြန်ဘူးလား … ”


ကျိယွီရှောင်က ပုံမှန်အတိုင်း ပြန်မေးလိုက်သည်။ “ငါ့ကို … ”


သူက လင်းလော့ချင်းနှင့် တွဲထားသည့်လက်ကို လွှဲပြလိုက်ပြန်၏။


 “သိပ်ပြီး ရုန်းကန်မနေပါနဲ့ ယောက်ဖရယ် … ငါက မင်းရဲ့ ယောက်ဖဆိုတာ လက်ခံလိုက်စမ်းပါ …. ငါတို့လက်ထပ်ရင် မင်းအတွက် နေရာကောင်းချန်ထားပေးပါ့မယ် …. ငါတို့ရဲ့ အချစ်တွေကို မင်းကိုယ်တိုင် ကြည့်လို့ရတာပေါ့ … ”


ဖန်းဖေးကျယ်, “……”


ဖန်းဖေးကျယ်က လင်းလော့ချင်းကို ကြည့်လိုက်သည်။ “ဝူးဝူးဝူး ….”


လင်းလော့ချင်း “……”


လင်းလော့ချင်း မရုန်းထွက်နိုင်သေးချေ။ 


“လိမ္မာတယ် … ယောက်ဖပြောတာ နားထောင်လိုက်နော် …” သူက ညီလေးကို ချော့လိုက်၏။ 


ဖန်းဖေးကျယ်က အသတ်ခံရသလို ခံစားလိုက်ရကာ စတင်အော်ငိုတော့သည်။ 


ပရိတ်သတ်ထဲမှ ပျော်ရွှင်နေသည့် အသံများ ထွက်ပေါ်လာ၏။ 


{ဟားဟားဟား … မောင်လေးက တကယ့်ကို မထိန်းနိုင်တော့ဘူး … အစ်မနဲ့ ယောက်ဖက အရမ်းချစ်နေကြတာ … လက်လျှော့လိုက်ပါတော့နော် … }


{မောင်လေးက အရမ်းသနားဖို့ကောင်းတယ် ...}


{ဟားဟားဟား … ဝမ်းကွဲကြားက ချစ်ခြင်း … မဖြစ်နိုင်ဘူးပဲ … .}


{ဥက္ကဌကျိ: ငါနဲ့လာတိုက် … ပြီးရင်ဝေးဝေးနေ … }


{ဥက္ကဌကျိ: တင်းထား … လုံးဝလျှော့မပေးနဲ့ … }


{ဒါက သရုပ်ဆောင်တာမလား … ဟုတ်တယ်မလား …သူက ချင်းချင်းရဲ့လက်ကို မလွှတ်ပေးသေးဘူးနော် ….}


{ဥက္ကဌကျိ: ငါ့ဇနီးလေးရဲ့လက်က ကိုင်ရလွယ်တယ် … မင်းကဘာလို့ လွှတ်ပေးခိုင်းရတာလဲ … }


{ငါတို့အားလုံးသိတဲ့အတိုင်း သခင်လေးကျိက ဇနီးလေးနဲ့ပဲ အပြင်သွားချင်တာလေ ...}


{သခင်လေးကျိ: တတိယသခင်လေးဖန်းကို ငါဒီညသတ်မယ် … }


{ငါစပြီးရေတွက်ပြီနော် … ဥက္ကဌကျိ ဘယ်အချိန်ကျမှ ချင်းချင်းရဲ့လက်ကို လွှတ်မလဲ ကြည့်ရအောင် ...}


{ဥက္ကဌကျိ: အိပ်မက်မက်နေတာပဲ … ဒီဘဝတော့ မဖြစ်နိုင်ဘူး …}


{ဟားဟားဟား … အမှန်ပဲ ...}


“ခဏ … ” စုန့်ရှုဝမ်က ဖန်းဖေးကျယ်ကို လှည့်ကြည့်လိုက်သည်။


 “မင်းက အ‌ဖေ့သားမဟုတ်မှန်း အရင်က မသိခဲ့ဘူးလား … အရင်ရက်က မင်းနဲ့အဖေနဲ့ စကားများနေခဲ့ကြတာကရော … ”


“ကျွန်တော်က အဖေ့ကို မမနဲ့သခင်လေးကျိက မသင့်တော်တာမို့လို့ စေ့စပ်တဲ့ကိစ္စကို ပြန်စဉ်းစားပေးဖို့ ပြောခဲ့တာလေ …. အဖေက သဘောမတူလို့ ကျွန်တော်တို့ စကားများခဲ့ကြတာ …သခင်လေးကျိ...”


“ခဏလောက် ....” လင်းလော့ချင်း မှတ်မိသွားသည်။


 “အဖေက မင်းက သူ့သားမဟုတ်မှန်း သိပြီးသားလား …”


သူက ဆက်ပြောသည်။ “မင်းအရင်ရက်က အဖေ မင်းအပေါ် အေးစက်နေတယ်လို့ ပြောခဲ့တာ ငါမှတ်မိသေးတယ် … သူမင်းကို အရင်ကလောက် ဂရုမစိုက်ဘူးဆို ….”


“အရင်တုန်းက ငါတို့ စကားများခဲ့လို့ပါ …” ဖန်းဖေးကျယ် ရှင်းပြလိုက်သည်။ 


“ဒါပေမယ့် အဖေက မင်းသူ့သားမဟုတ်မှန်း သိသွားတာလည်း ဖြစ်နိုင်တယ် … အဲဒါကြောင့် သူအရင်နဲ့မတူတာ နေမှာပေါ့ … ”


“ဒါပေမယ့် ငါမသိဘူးလေ ...”


“မင်းတကယ်ပဲ မသိခဲ့ဘူးလား … ”


ဖန်းဖေးကျယ်က မျက်ရည်မကျပဲ ငိုချင်လာသည်။ “မမ … ကျွန်တော့်ကို မယုံဘူးလား … ”


လင်းလော့ချင်းက သူ့အား နှစ်သိမ့်မှုလိုအပ်နေသည့် ခွေးကြီးတစ်ကောင်ကဲ့သို့ ကြည့်လိုက်သည်။ ကျိယွီရှောင်က ပြော၏။ 


“သူမက ငါ့သတို့သမီးလောင်းပဲ … ငါ့စကားပဲ ယုံမှာပေါ့ … ဟုတ်တယ်မလား … ဟန်နီ … ”


လင်းလော့ချင်း ခေါင်းယမ်းလိုက်သည်။ “မင်းကိုလည်း မယုံဘူး … ငါအခု ငါ့ကိုယ်ငါပဲ ယုံတယ် … ”


ကျိယွီရှောင် “…”


ကျိယွီရှောင် ထိတ်လန့်သွားသည်။ “မင်း ကိုယ့်ကိုသံသယဝင်နေတုန်းလား ...”


“ငါ အားလုံးကို သံသယရှိတယ် ….”


“ဒါပေမယ့် ငါမင်းကို သံသယမဝင်ပါဘူး ...”


“ဘာလို့ဆို ငါက လုံးဝရှင်းလင်းနေတာလေ ...”


ကျိယွီရှောင် “……”


{ဟားဟားဟား … ဥက္ကဌကျိ ကြောင်သွားပြီ ...}


{အိုး … ငါ့ဇနီးလေးက ငါ့ကို မယုံဘူး … ကောင်းကင်ကြီး ပြိုသွားပြီ }


{ငါလည်း ဥက္ကဌကျိကို မယုံဘူး … စုံတွဲထဲမှာလည်း မြေခွေးတွေ ရှိနိုင်တယ်လေ … ချင်းချင်းက အပြစ်ကင်းတဲ့ပုံလေး … ငါလည်း ဥက္ကဌကျိကို သံသယဝင်မိတယ် … }


{ငါလည်း ဥက္ကဌကျိကို သိပ်မယုံဘူး … ဥက္ကဌကျိက ရသစုံရှိုးကို ပထမဆုံးလာတာဆိုတော့ လူသတ်သမား ဇာတ်ကောင်‌တော့ တန်းမပေးလောက်ဘူးမလား … }


{ငါလည်း အဲဒီ့လိုထင်တယ် ….}


ကျိယွီရှောင်က လင်းလော့ချင်း၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ “အဆင်ပြေပါတယ် … ကိုယ့်ရဲ့အပြစ်ကင်းမှုကို ကိုယ်တိုင်သက်သေပြမယ် … ”


“ဒါဆိုဆက်ရှာကြမယ် ….~” လင်းလော့ချင်းက ပြောသည်။ 


အမှန်စင်စစ် ကျိယွီရှောင်အပေါ် သူ၏ သံသယများမှာ မများလှချေ။ သခင်ကြီး၏ သေဆုံးမှုသည် သူ၏ မိသားစုများကိုသာ အကျိုးများစေမည် ဖြစ်ပြီး သခင်လေးကျိအား မည်သို့သက်ရောက်မှုမှ ဖြစ်စေမည်မဟုတ်။ 


“သက်သေက ဒါအကုန်ပါပဲ … ” လင်းလော့ချင်းက ယဉ်ကျေးစွာ ဆို၏။ 


“ကျေးဇူးပါ ...” လူစုက လက်ခုပ်တီးလိုက်ကြသည်။ 


“နောက်ထပ် ပြောမယ့်တစ်ယောက်ကတော့ ဇနီးကို တုန်နေအောင်ချစ်တဲ့ သခင်လေးကျိပဲ ဖြစ်ပါတယ် … ” စွန်းလျန့်က ပြောလိုက်သည်။ 


ကျိယွီရှောင်က ဇနီးအား တုန်နေအောင် ချစ်သည် ဟူသော စကားကြောင့် ဘဝင်ခိုက်သွား၏။ သူက ပြောသည်။ 


“မဆိုးဘူး … ဒီအခေါ်အဝေါ်ကို သဘောကျတယ် … လက်ထပ်ပွဲကျရင် ခင်ဗျားကို ရှေ့တန်းမှာ ထိုင်ခိုင်းပါ့မယ် ..”


စွန်းလျန့်က ပြောသည်။ “ဒါဆို ကျေးဇူးတင်ပါတယ် ….”


“မဟုတ်တာပဲ ...” ကျိယွီရှောင်က သူတွေ့ခဲ့သည့် သက်သေကို ပြောလိုက်၏။ “ကျွန်တော် ချင်းချင်းနဲ့အတူတူ သက်သေလိုက်ရှာခဲ့တာပါ … ဒါပေမယ့် ဒုတိယသခင်မလေး စုန့် ရဲ့အခန်းထဲမှာ ဒါကိုတွေ့ခဲ့တယ် ...”


သူက ဓာတ်ပုံတစ်ပုံ ထုတ်လိုက်သည်။ ပုံထဲတွင် ဒုတိယသခင်မလေးစုန့်နှင့် ပရိုဂရမ်မာ ချမ်တို့ ရှိနေ၏။ “ဓာတ်ပုံနောက်ကျောမှာ ရေးထားတာက … ‘ဘာလို့ ရှင်ကျွန်မနဲ့ လမ်းခွဲရတာလဲ … ဘာလို့ ကျွန်မကို ဆက်မချစ်ရတာလဲ … ကျွန်မ အရမ်းနာကျင်ရတာပဲ … ပရိုဂရမ်မာ ..’.”


“ဝိုး ...” လင်းလော့ချင်းက စုန့်ရှို့ဝမ်အား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ “မင်းနဲ့ ပရိုဂရမ်မာ ချမ်က တွဲဖြစ်ခဲ့တာလား … ”


စုန့်ရှို့ဝမ်က ပရိုဂရမ်မာ ချမ် ကိုကြည့်ရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။ “ဟုတ်တယ် …”


“ဘယ်လိုပြတ်သွားကြတာလဲ …”


“သူက ညီမလေးကို မချစ်တော့ဘူးလို့ ပြောခဲ့တာ … ညီမလေး ဘယ်လောက်ပဲ ဖြောင့်ဖျပါစေ အသုံးမဝင်ခဲ့ဘူး … သူက နှလုံးသားမရှိတဲ့လူပဲ …”


လင်းလော့ချင်း လျှာတောက်လိုက်သည်။ “ငါနဲ့ သခင်လေးကျိ ဧည့်ခန်းထဲ ဝင်လာတုန်းက မင်းတို့နှစ်ယောက် အခြေအနေက ထူးဆန်းနေတာ ဒါ့ကြောင့်ကိုး ...”


“ဒီအကြောင်းကို ပြောရအောင် … ပရိုဂရမ်မာ ချမ်.” ကျိယွီရှောင် သူ့ကိုကြည့်လိုက်သည်။


 “သခင်ကြီး သေဆုံးမှုက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူးလား … သခင်ကြီးက ခင်ဗျားနဲ့ သခင်မလေးစုန့်ကို ခွဲဖို့ ကြိုးစားခဲ့တာများလား …”


“မဟုတ်ပါဘူး...” ပရိုဂရမ်မာ ချမ်က တည်ငြိမ်နေသည်။ “ပြီးတော့ ဒုတိယသခင်မလေး စုန့် နဲ့ကျွန်တော် လမ်းခွဲတာ တစ်နှစ်ကျော်ပြီ … သခင်ကြီးကို သတ်ချင်ရင် အရင်ကတည်းက သတ်ခဲ့မှာပေါ့ …”


“အဲဒါကြောင့် မဟုတ်တာလည်း ဖြစ်နိုင်တာပဲ … ” ကျိုက်ထင်လန် ရုတ်တရက် ဝင်ပြောလိုက်၏။


 “ကျွန်တော်  ပရိုဂရမ်မာ ချမ်ရဲ့ အခန်းကို ရှာတော့ ပိုက်ဆံအိတ်တစ်လုံး တွေ့ခဲ့တယ် … ပိုက်ဆံအိတ်ထဲက ဓာတ်ပုံက သခင်မလေးစုန့်မဟုတ်ဘူး … အလှလေးဟောင် ဆိုတဲ့ မိန်းကလေးပဲ … ဓာတ်ပုံကျောဘက်မှာ ရေးထားတာက …: {သူ့ကြောင့် မဟုတ်ရင် မင်းသေဆုံးခဲ့မှာ မဟုတ်ဘူး … စိတ်မပူပါနဲ့ … ကိုယ်မင်းအတွက် သူ့ကို ပြန်ပေးဆပ်စေရမယ်.} အဲဒီ့ မိန်းကလေးနဲ့ ခင်ဗျားက ဘယ်လိုဆက်ဆံရေးရှိတာပါလိမ့် … ခင်ဗျားက ဘယ်သူ့ကို လက်စားချေချင်တာများလဲ …”


လျှိုယာမင်က ဓာတ်ပုံကိုကြည့်ကာ ပြောလိုက်သည်။ “ကျွန်မ ဒီအလှလေးဟောင်ကို သိတယ် … သူမက သခင်လေးကို ကျူတာလုပ်ပေးခဲ့တာ …”


ကျိယွီရှောင်က ယောက်ဖအား ကဲ့ရဲ့ရန် လက်မနှေးချေ။ “အိုး … မင်းရဲ့အဆင့်တွေက မကောင်းလို့ သူများကိုတောင် အိမ်စာကူလုပ်ခိုင်းရတာပဲ ...”


ဖန်းဖေးကျယ် “……”


ဖန်းဖေးကျယ်က ဒေါသတကြီး ပြောလိုက်သည်။ “ခင်ဗျားအဆင့်ကရော ကောင်းလို့လား … ”


“ငါ ဟားဗက်က ဘွဲ့ရခဲ့တာလေ … မေးပေးလို့ ကျေးဇူးပါ ...”


{ဟားဟားဟား … ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ ...}


{တတိယသခင်လေးက သနားဖို့ကောင်းတယ် … သူ့ကို မထိကြပါနဲ့ … }


{ယောက်ဖနဲ့ ပြိုင်မငြင်းနဲ့

တတိယသခင်လေး … ခုချက်ချင်း ယောက်ဖကို လက်ဖက်ရည်ငှဲ့ပေးလိုက်စမ်း … မင်း ယောက်ဖကို ရိုက်လို့မရနိုင်ဘူး …}


{ဥက္ကဌကျိရဲ့ စိတ်သဘောထား ကျဉ်းမြောင်းပြီး ပိုင်ဆိုင်လိုစိတ်ကြီးတာက ငါ့ကိုရယ်သေအောင် လုပ်နေတာပဲ … သူက ရသစုံရှိုးအတွက် တကယ့်ကို သင့်တော်တယ် ...}


{ဟားဟားဟား … ဥက္ကဌကျိက ချစ်စရာလေး ...}