Chapter 315
လင်းလော့ချင်းနှင့် အခြားလူများက သက်သေများ ရှာဖွေရင်း အလုပ်ရှုပ်နေကြရာ တိုက်ရိုက်ထုတ်လွှင့်မှုရှိ ကြည့်ရှုသူ အရေအတွက် မည်မျှ ထိုးတက်သွားကြောင်း မသိကြချေ။ သူနှင့်ကျိယွီရှောင်တို့ ရှာဖွေမှု အမြင့်ဆုံးဖြစ်နေကြောင်းကိုလည်း မသိရှိ။
မည်သို့ပင်ဖြစ်စေ၊ အခန်းထဲရှိ ဝန်ထမ်းများက လင်းလော့ချင်းနှင့် ကျိယွီရှောင်၏ ကျော်ကြားမှုကို ကောင်းစွာ သိကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး အဖွဲ့သားအားလုံးက အခန်းအသီးသီးတွင် သက်သေရှာကြခြင်း ဖြစ်သည့်အလျောက် ပရိတ်သတ်အားလုံး မိမိတို့၏ အိုင်ဒေါလ်ကို ကြည့်ရစေရန် အခန်းတိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာများ တပ်ဆင်ထားကြသည်။
လင်းလော့ချင်း၏ အခန်းသည် ပို၍ပေါ်ပြူလာဖြစ်မည်ကို ဒါရိုက်တာက ခန့်မှန်းပြီးသားပင်။ အဆုံးသတ်၌ လက်ရှိတွင် သူက အလွန်လူသိများနေ၏။
သို့သော် သက်သေများ စတင်တွေ့ရှိလာသည်နှင့် လူစုကြီးက ထိုတိုက်ရိုက်ထုတ်လွှင့်မှု၌သာ စုဝေးသွားကြတော့၏။ ၎င်းက အင်တာနက်အသုံးပြုသူ အများအပြားကို ပယ်ချစေခဲ့သည်။
{ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ … ငါကြည့်လို့မရတော့ဘူး … }
{ငါဘာလို့ ရုတ်တရက် အထုတ်ခံလိုက်ရတာလဲ … }
{လင်းလော့ချင်းက ရှာဖွေမှု ထိပ်ဆုံးမှာ ရှိနေပြီလေ … ဒီတော့ လူတွေ အများကြီး လာကြည့်ကြတာပေါ့ ....}
{ဉက္ကဌကျိလည်း ရှာဖွေမှုထိပ်ဆုံးမှာ ရောက်နေတယ် … ကျိအုပ်စုရဲ့ အထွေထွေ မန်နေဂျာက ရသစုံရှိုးမှာ ပါလာတာလေ … ပြီးတော့ လင်းလော့ချင်းနဲ့အတူတူ ရှိနေသေးတယ် ...}
{မင်းဒီကို ရှာဖွေမှုထိပ်ဆုံးကဟာ မြင်ပြီးမှ ရောက်လာတာလား … ငါရောပဲ ...}
{ငါကတော့ ဖိုရမ်မှာ လင်းလော့ချင်း အရမ်းချိုတဲ့ CP တစ်ခု ရနေတယ်ဆိုတာ တွေ့ပြီး လာကြည့်တာ ...}
{ငါရော ... ငါရော … ငါလည်း ဖိုရမ်က ဓာတ်ပုံကြောင့် ဒီကိုရောက်လာတာ … အဲဒါက အရမ်းချိုတာပဲ ...}
{ငါက ရှာဖွေမှုထိပ်ဆုံးကနေ တွေ့ခဲ့တာ … ဒီကို သကြားလုံးစားဖို့ မြေပုံကနေတဆင့် ရောက်လာတာပဲ...}
အားလုံးက တစ်ဦးနှင့်တစ်ဦး စကားပြောနေကြသည်။
ရှိုး၏ ဝန်ထမ်းများက ရှာဖွေမှုထိပ်ဆုံးကို သွားကြည့်ကြသည်။ ထိပ်ဆုံးရှာဖွေမှု သုံးခုအနက် နှစ်ခုသည် ‘လင်းလော့ချင်းနဲ့ ကျိယွီရှောင်’ နှင့် ‘လင်းလော့ချင်းရဲ့ မိန်းကလေးအဝတ်.’ ဖြစ်နေ၏။
လင်းလော့ချင်း၏ ဖန်များက ၎င်းကို ပရိုမိုးရှင်းဆင်းနေကြသည်ကိုပင် သူတို့ တွေ့ခဲ့ရသေးသည်။
ဖြူစင်သော ဖန်များက လင်းလော့ချင်းကိုသာ ပရိုမိုးရှင်းဆင်းနေကြသော်လည်း CP ဖန်များကမူ ကျိယွီရှောင်နှင့် လင်းလော့ချင်း CP ကိုပါ ကြော်ငြာနေကြသည်။ ထို့ကြောင့် လင်းလော့ချင်းနှင့် ကျိယွီရှောင်၏ နှစ်ယောက်တွဲပုံများက လင်းလော့ချင်း၏ ပုံများနှင့်အတူ တွဲပါလျှက် ရှိကြ၏။
အချို့က မိန်းကလေးအဝတ်အစားနှင့် လင်းလော့ချင်း မည်မျှ ကြည့်ကောင်းနေကြောင်း ချီးမွမ်းနေကြသည်။ အချို့ကမူ ကျိယွီရှောင်ကဲ့သို့ ကျိအုပ်စု၏ အထွေထွေ မန်နေဂျာက ရသစုံရှိုးထံသို့ အမှန်တကယ် လာရောက်ခဲ့ကြောင်း ပြောဆိုနေကြ၏။ သူတို့နှစ်ဦး၏ ချိုမြိန်သော အခိုက်အတန့်များကြောင့် အချို့က အံ့အားသင့်နေကြသည်။
လက်ရှိအချိန်တွင် သူတို့နှစ်ဦးအကြောင်း စိတ်ဝင်စားလာသည့် အင်တာနက် အသုံးပြုသူများက ဖန်များ၏ လင့်ခ်မှတဆင့် တိုက်ရိုက်ထုတ်လွှင့်မှုထံသို့ ဝင်ရောက်လာကြ၏။ ဤသို့ဖြင့် လိုင်းကြပ်သွားခဲ့ခြင်း ဖြစ်သည်။
ဒါရိုက်တာက လူသိများမှု မြင့်တက်လာသည်ကို ကြည့်ရင်း အံ့အားသင့်နေမိသည်။ လင်းလော့ချင်းက သူသည် လက်သင်သူငယ်ချင်းများကို စင်တင်လေ့ရှိကြောင်း ပြောပြလာချိန်တွင် ဒါရိုက်တာက ၎င်းကို အတည်မမှတ်ခဲ့ချေ။ တစ်ဖက်လူက ရှစ်ကျန်းမဟုတ်သည်မှာ နှမြောစရာဖြစ်သော်လည်း ကျိအုပ်စု၏ အထွေထွေမန်နေဂျာအဖြစ် ပြောင်းလဲသွားလေသည်။ ထို့အပြင် ထိုသူက လင်းလော့ချင်းနှင့် လိုက်ဖက်ညီနေသေးသည်။
သူတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုက ပို၍ပင် လူသိများနေသည်။ ဒါရိုက်တာက သက်သေရှာရင်း အလုပ်များနေသည့် ကျိယွီရှောင်ကို ကြည့်လိုက်သည်။ ယခု သူက ရှစ်ကျန်းအကြောင်း မတွေးတော့ချေ။ ကျိယွီရှောင်က ပိုကောင်းသည်ဟု စတွေးလာမိ၏။
မရေမတွက်နိုင်သော သရုပ်ဆောင်များက ရသစုံရှိုးအား လာရောက်ကြသော်လည်း ဘော့စ်ကမူ တစ်ဦးထဲသာရှိ၏။ ထို့အပြင် သူက အလွန်ကြည့်ကောင်းသော ဘော့စ် ဖြစ်နေသေးသည်။
ဝေဖန်မှုအားလုံး သူ့ဆီဦးတည်နေတာ အံ့အားသင့်စရာ မရှိဘူးပဲ … သူနဲ့ လင်းလော့ချင်းရုပ်ရည်ကို ဘယ်သူက သဘောမကျပဲ နေနိုင်မှာလဲ …
သူကဲ့သို့ အဖြောင့်တစ်ယောက်ပင် ဘော့စ်ကျိနှင့် အလှလေးလင်းသည် အလွန်လိုက်ဖက်ကြောင်း ပြောနိုင်သည်။
ဒါရိုက်တာက ရယ်လိုက်သည်။ ဤတစ်ကြိမ်၌ ပါဝင်သူများ၏ ဇာတ်ညွှန်းသည် သူ မမျှော်လင့်ထားသော တစ်စုံတစ်ခု ဖြစ်နေသော်ငြား ၎င်းက အလွန်သင့်လျော်နေ၏။
အဖွဲ့နှစ်ခုလုံးက ပထမတစ်ဖြတ် သက်သေစုဆောင်းခြင်း ၄၀ မိနစ်ကို ကောင်းကောင်း အသုံးချခဲ့ကြသည်။ အချိန်ပြည့်သွားချိန်တွင် စုလျန့်က အားလုံးကိုစုဝေးစေကာ စတင်တိုင်ပင်လိုက်သည်။
“ငါဒီမှာ လျှို့ဝှက်ချက်တစ်ချို့ တွေ့ခဲ့တယ် … ” စုလျန့်က ပြော၏။
လျှိုယာမင်က စာအုပ်တစ်အုပ်ကို မြှောက်ပြလိုက်သည်။ “ငါရော ….”
“ငါအရင်စပြောမယ် ….” စုလျန့်က လင်းလော့ချင်းကို ကြည့်လိုက်သည်။ “ငါ အလှလေးလင်းရဲ့ အခန်းကိုရှာခဲ့တယ် ...”
“အလှလေးလင်း … မင်းက သခင်ကြီးရဲ့သမီးမဟုတ်ဘူးလား ...”
အားလုံးက လင်းလော့ချင်းအား အထိတ်တလန့် ကြည့်လိုက်ကြသည်။
အင်တာနက်အသုံးပြုသူများလည်း အံ့အားသင့်သွားကြ၏။ {ဘာဖြစ်တာလဲ … အလှလေးလင်းက အမအကြီးဆုံးမဟုတ်ဘူးလား … }
{သူက အကြီးဆုံးအစ်မဆိုပေမယ့် သခင်ကြီးရဲ့ သမီးမဟုတ်ဘူးလေ … အပေါ်ထပ်ကလူက စုလျန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မသွားရသေးဘူးလား ….}
{ဟားဟားဟား … ငါ ချင်းချင်းနဲ့ ဉက္ကဌကျိရဲ့ ချိုချဉ်စားရင်း အလုပ်များနေခဲ့တာလေ … ဘယ်သူ့တိုက်ရိုက်ထုတ်လွှင့်မှုကိုမှ သွားမကြည့်ခဲ့ဘူး ...}
{ငါရောပဲ … တောင်းပန်ပါတယ် အစ်ကိုလျန့် … နောက်တစ်ခါ တကယ်လာကြည့်မယ်နော် ...}
လင်းလော့ချင်း ပြုံးလိုက်သည်။ “ဟုတ်တယ် … ငါက တကယ်တော့ သခင်ကြီးအစ်ကိုရဲ့ သမီးပဲ … သခင်ကြီးရဲ့ တူမပေါ့ ...”
စုန့်ရှို့ဝမ် အံ့အားသင့်သွားသည်။ “ဒါဆိုမမက ညီမလေးရဲ့ အစ်မရင်းမဟုတ်ဘူးပေါ့ …”
သူမက ရှော့ခ်ရသွား၏။ “ညီမလေးက ညီအစ်မအရင်းလို့ ထင်ခဲ့တာ … မဟုတ်ဘူး … မမကိုယ်တိုင် အဲဒီ့လို ပြောခဲ့တာလေ ….”
“အဲဒီ့တုန်းက မသိခဲ့လို့လေ … နောက်ပိုင်း အရွယ်ရောက်လာတော့ အဖေက ငါက သူ့သမီးရင်းမဟုတ်ဘူးလို့ ပြောပြတယ် … ငါက တကယ်တော့ သူ့အစ်ကိုရဲ့သမီးပဲ … ငါ့မိဘတွေ သေဆုံးသွားကတည်းက သူက သမီးအဖြစ် မွေးစားခဲ့တာ … ငါကိုယ်တိုင်လည်း မင်းရဲ့မိဘတွေကို ငါ့မိဘတွေလို့ ထင်နေခဲ့တာပဲ …”
စုန့်ရှို့ဝမ် ခေါင်းညှိတ်လိုက်သည်။ “ဒီလို ဖြစ်ခဲ့တာလား ...”
“အလှလေးလင်းက ငယ်ငယ်ကတည်းက ထူးချွန်တယ်ဆိုတာ နံရံပေါ်က ဆုတွေကြည့်ရုံနဲ့ သိနိုင်တယ် … ဒါပေမယ့် သခင်ကြီးက မင်းကို ကုမ္မဏီထဲ ပေးမဝင်ခဲ့ဘူး .... ဟုတ်လား …”
“ဟုတ်တယ် … အဖေက ဖိုဝါဒီစွဲတယ်လေ … ဒီတော့ ငါ ကိုယ်ပိုင်စီးပွားရေး စခဲ့တဲ့အချိန်မှာပဲ ကုမ္မဏီကို မောင်လေးဆီ လွှဲပေးခဲ့တာ ...”
“ဒါပေမယ့် မင်းမကျေမနပ် မဖြစ်ခဲ့ဘူးလား … ”
“ဖြစ်တောပေါ့ … ဒါပေမယ့် နောက်တော့ ငါက သူ့သမီးရင်း မဟုတ်တာ သိရတာရော .. ကိုယ်ပိုင်စီးပွားရေးကလည်း အဆင်ပြေတာရောကြောင့် စိတ်ထဲမထားဖြစ်တော့တာ …” လင်းလော့ချင်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
စုလျန့် ခေါင်းညှိတ်လိုက်၏။ “ငါက အခင်းဖြစ်ခဲ့တဲ့ စာကြည့်ခန်းကိုလည်း သွားခဲ့တယ် … အဲဒီ့မှာ ဆေးမှတ်တမ်းတစ်ခု တွေ့ခဲ့ရတယ်လေ … သခင်ကြီးက တကယ့်ကို နေမကောင်းဖြစ်ခဲ့တာ … သူ့ကိုယ်သူ အမွေမခွဲရသေးခင် ရုတ်တရက်သေသွားမှာစိုးလို့ ရှေ့နေခေါ်ပြီး သေတမ်းစာ ရေးချင်ခဲ့တယ် … သူက သခင်လေးကျိနဲ့ အလှလေးလင်းရဲ့ စေ့စပ်ပွဲကို တက်ရောက်ဖို့ ပြောခဲ့တယ် … စေ့စပ်ပွဲပြီးရင် သေတမ်းစာအကြောင်း စဉ်းစားမယ် ဆိုပြီးတော့ပေါ့ …”
အင်တာနက်အသုံးပြုသူများက နားလည်ကြ၏။ {ချမ်းသာတဲ့မိသားစုရဲ့ အငြိုးအတေးအားလုံးက သေတမ်းစာကြောင့်ပဲ … }
{ပြစ်မှုကျူးလွန်တာက မိသားစုထဲကများလား ...}
{ဒါဖြင့် ပရိုဂရမ်မာချန်နဲ့ စာရင်းကိုင်ကျိုက်ကို ဖယ်ထုတ်လိုက်တော့ ...}
{သခင်လေးကျိရောပဲ … }
{သခင်လေးကျိက အလှလေးလင်းနဲ့ လက်ထပ်ထားတာလေ … သေတမ်းစာက သူနဲ့ဆိုင်တာပေါ့ … }
{ဒါပေမယ့် သခင်လေးကျိက ပိုက်ဆံပြတ်နေတာမှ မဟုတ်တာ ... သူက အလှလေးလင်းနဲ့ မြန်မြန်စေ့စပ်ချင်ခဲ့တာလေ … အခု သခင်ကြီးဆုံးသွားတော့ စေ့စပ်ပွဲကလည်း စီစဉ်ထားတဲ့အတိုင်း လုပ်နိုင်မှာ မဟုတ်တော့ဘူး … သူဒါကို မလိုချင်လောက်ဘူး …}
{အမှန်ပဲ ...}
“ဒါဖြင့် လူသတ်သမားက ပိုင်ဆိုင်မှုကြောင့် ပြစ်မှုကျူးလွန်ခဲ့တာလား … သူတို့ အမွေနည်းနည်းပဲ ရမယ်ဆိုတာ သိခဲ့တယ်ထင်တယ် … အဲဒါကြောင့် သခင်ကြီး သေတမ်းစာရေးမှာကို တားချင်ခဲ့တာပေါ့ …”
“ဒီလိုသာဆို ငါ့ကိုဖယ်လိုက် … ” ဖန်းဖေးကျယ်က ပြောသည်။ “အဖေက သားတွေကို ပိုသဘောကျမှန်း ငါသိတယ် … ငါက မိသားစုထဲက တစ်ဦးထဲသောသားပဲ … ဒီတော့ သေချာပေါက် ငါက အမွေအများဆုံး ရမှာပဲ ...”
“ဟုတ်တယ် … ” လျှိုယာမင်ကပြောသည်။ “ငါလည်း တူတူပဲ ...”
“မလောပါနဲ့ … ” လင်းလော့ချင်း ပြုံးလိုက်သည်။ “ဒီမှာ သဲလွန်စတစ်ချို့ ရှိနေသေးတယ် … စုံထောက်တွေနဲ့ စကားပြောပြီးရင် အားလုံးကို အသိပေးပါ့မယ် ...”
အင်တာနက်အသုံးပြုသူများက ရယ်လိုက်သည်။ {အမှန်ပဲ မစ္စတာကျောင်း … ခင်ဗျားအကြောင်းတွေ ပေါ်ကုန်ပြီ…}
{တတိယသခင်လေးက သူ့ကိုယ်သူ သားအရင်းမဟုတ်မှန်း သိလား … }
{မစ္စတာကျောင်းက သံသယဝင်စရာ အကောင်းဆုံးပဲ … အလှလေးလင်းနဲ့ စုန့်ချန်နင်က သခင်ကြီးနဲ့ သွေးသားတော်စပ်မှု ရှိသေးတယ် ... မစ္စတာကျောင်းကတော့ ဘာမှမတော်တာမဟုတ်လား …}
{ဟမ် … ငါတစ်ခုခုလွတ်သွားတာလား … သူတို့က ဘာမှမတော်ကြဘူးလား … }
{ချင်းချင်း သက်သေရှာရင်း တွေ့ခဲ့တယ်လေ … တိုက်ရိုက်ထုတ်လွှင့်တုန်းက သေချာမမြင်လိုက်တာနဲ့တူတယ် ...}
{ရပါတယ် … ချင်းချင်း ပြောတော့မှာ … ဆက်သာကြည့်နေလိုက် ...}
စုလျန့်က သူတွေ့ခဲ့သည့် သက်သေအချို့ကို ဆက်ပြောပြသည်။ “အလှလေးလင်းကို ပြောခွင့်ပေးရအောင် …”
“ကောင်းပြီလေ … ” လင်းလော့ချင်း အပြုံးဖြင့် ပြောလိုက်၏။ “ငါက သခင်လေးကျိနဲ့အတူ မစ္စတာကျောင်းရဲ့ အခန်းကို ရှာခဲ့တယ် … မစ္စကျောင်းက သူမ လက်ထပ်ပြီး သုံးနှစ်ကြာတဲ့အထိ ကိုယ်ဝန်မရခဲ့ဘူးတဲ့ … နောက်တော့ ရုတ်တရက် ကိုယ်ဝန်ရလာခဲ့တယ် … မှတ်တမ်းအရဆိုရင် သူမမှာ တခြားယောက်ျားတစ်ယောက်နဲ့ ကိစ္စလေးတွေ ရှိခဲ့ပုံပဲ … မစ္စကျောင်း …
တတိယသခင်လေးဖန်းက အဖေ့ရဲ့သားအရင်း ဟုတ်ရဲ့လား …”
“ဒါပေါ့ … ” လျှိုယာမင် တည်ငြိမ်စွာ ဖြေလိုက်သည်။ “ငါ့မှာ ရည်းစားရှိခဲ့ဖူးပေမယ့် တစ်ခါမှ မဖောက်ပြန်ခဲ့ဘူး … တတိယသခင်လေးက သခင်ကြီးရဲ့ သားအရင်းပဲ … ”
“မဟုတ်နိုင်ဘူး … ” ကျိယွီရှောင်က ပြောသည်။ “စုန့်ချန်ကျင်းအခန်းကို ရှာတုန်းက ဒိုင်ယာယီတစ်ခု တွေ့ခဲ့တယ် … သူမ ကလေးဘဝတုန်းက ရေးခဲ့ပုံပဲ … : {ဒီနေ့ ငါတို့ ဒရိုင်ဘာပြောင်းခဲ့တယ် … ဖေဖေ့ကားကို မောင်းတဲ့ ဦးလေးဝမ် မရှိတော့ဘူး … အစေခံတွေပြောပုံအရ ဦးလေးဝမ်က မေမေ့ကို အနိုင်ကျင့်လို့ ဖေဖေက ထုတ်ပစ်လိုက်တာတဲ့ … ဦးလေးဝမ်က ငါ့အမေက သူ့ကို ဆွဲဆောင်တယ်လို့ ပြောခဲ့တာ … ဒါပေမယ့် ငါ့အမေကတော့ ဦးလေးဝမ်က သူမကို အနိုင်ကျင့်ခဲ့တယ်လို့ ပြောတယ် … မေမေငိုတော့ ဖေဖေ တအားဒေါသကြီးသွားတာလေ … အဲဒီ့နောက်ပိုင်း ဦးလေးဝမ်ကို ထပ်မတွေ့ရတော့ဘူး ...}
“ငါ ဒိုင်ယာရီရေးခဲ့တဲ့ အချိန်နဲ့ ရက်စွဲကို ကြည့်ခဲ့တယ် … အဲဒါက မှတ်တမ်းမပြခင် တစ်ပါတ်အလိုပဲ … ခင်ဗျားရဲ့ ရည်းစားဆိုတာ ဒရိုင်ဘာဝမ်လား … ခင်ဗျားသားက အဖိုးကြီးဝမ်ရဲ့ ကလေးလား …”
ဖန်းဖေးကျယ် ထိတ်လန့်သွားကာ လျှိုယာမင်အား ကြည့်လိုက်သည်။ “ကျွန်တော်က ဘေးအိမ်က လူအိုကြီးဝမ်ရဲ့ သားလား … ”
လျှိုယာမင်, “…….”
“မင်းက မင်းအဖေရဲ့သားပါ …” လျှိုယာမင်က အကူအညီမဲ့ဟန်ဖြင့်ဆိုသည်။ “ဒရိုင်ဘာဝမ်က ငါ့ကိုအနိုင်ကျင့်ဖို့ ကြံခဲ့တာ … ဒါပေမယ့် သူ မအောင်မြင်ခဲ့ဘူး ….”
“ဒါဖြင့် သူက ဘာလို့ ခင်ဗျားသူ့ကို သွေးဆောင်တယ် ပြောရတာလဲ … ”
“ဒါက လုပ်ဇာတ်ကြီးပဲလေ …” လျှိုယာမင်က ပြောသည်။
“ခဏနေပါဦး … ” စုန့်ရှို့ဝမ်က ပြောသည်။ “ငါလည်း အဲဒါကို ဒိုင်ယာရီထဲ ထည့်ရေးခဲ့ဖူးတယ် … ဒါပေမယ့် အစေခံတွေ ပြောပုံအရ ဦးလေးဝမ်က လူကောင်းပါ … သူ့မှာ ညီမလေးရှိတာကြောင့် သူက မိန်းကလေးတွေအပေါ် ယဉ်ကျေးပြီး ကူညီလေ့ရှိတယ် … သူက သခင်ကြီးရဲ့ဇနီးမှန်းသိသိ အနိုင်ကျင့်တယ် ဆိုတော့ သိပ်မဖြစ်နိုင်ဘူး မဟုတ်လား ...”
လျှိုယာမင် ပြုံးလိုက်သည်။ “ငါတို့နှစ်ယောက် တိတ်တိတ်လေး ချိန်းတွေ့နေတာလေ … သခင်ကြီး ငါ့ကိုအလေးပေးမှန်းလည်းသိရော သူက စငြိုးလာပြီးတော့ ဒီလိုကိစ္စမျိုးလုပ်ခဲ့တာပဲ ...”
စုန့်ရှို့ဝမ်က ပြောစရာစကားမရှိ ဖြစ်သွားကာ ကျိယွီရှောင်ကို ကြည့်လိုက်သည်။
ကျိယွီရှောင်၌ သက်သေ မရှိတော့သဖြင့် သူက လင်းလော့ချင်းကို ကြည့်လိုက်သည်။ “ဟန်နီ …မင်းဆက်ပြော ...”
သူ့စကားကို ကြားလိုက်သည်နှင့် အင်တာနက် အသုံးပြုသူများက စတင်၍ ရယ်တော့သည်။
{ဟားဟားဟား … သူလုပ်ပြန်ပြီ … ပထမဘေဘီတဲ့ … အခု ဟန်နီတဲ့ … မစ္စတာကျိ … သက်သက်လုပ်တာမလား … }
{ဥက္ကဌကျိက သရုပ်ဆောင်နေရုံပါနော် … သူက သခင်လေးကျိပဲ … သခင်လေးကျိက သူပဲ ….}
{ဟားဟားဟား … ချင်းချင်း ဘာပြောရမှန်းမသိ ဖြစ်နေပြီ ...}
{ချင်းချင်း: သတို့သားလောင်းက လာလာစနေရင် ဘာလုပ်ရမလဲ … အရေးပေါ် … လိုင်းပေါ်တင်လိုက်ပြီ ...}
{ဥက္ကဌကျိက အရမ်းကြိုးစားနေတာပဲ … ငါစိတ်သက်သာရာရသွားပြီ ...}
လင်းလော့ချင်းက လက်ထဲမှ စာရွက်ကို မြှောက်ပြလိုက်သည်။ “ငါအခုပဲ တတိယသခင်လေးရဲ့ အခန်းထဲကပြန်လာတာ … အဲဒီ့မှာ မှတ်စုတစ်ခု တွေ့ခဲ့တယ် ... {ဘာလုပ်ရမလဲ … ဘာလုပ်ရမလဲ … ငါမလိုချင်ဘူး … }”
“ဘာဖြစ်နေတာလဲ … ”
အင်တာနက်အသုံးပြုသူများ: {ဖာ့ခ် … ဒါပဲ … အခု သခင်လေးဖန်းက သံသယတရားခံ ဖြစ်သွားပြီ ...}
{တတိယသခင်လေးက သူသားအရင်းမဟုတ်တာနဲ့ သခင်ကြီး သေတမ်းစာရေးတော့မှာကို သိသွားတာလား … }
{ဒါဖြင့် တတိယသခင်လေးက လူသတ်သမားပေါ့ … }
ဖန်းဖေးကျယ်က လင်းလော့ချင်းကိုကြည့်ရင်း ပြောရခက်နေသည်။
“ပြောပါ … သခင်လေး …” လင်းလော့ချင်းက အပြုံးဖြင့် ဆိုသည်။
{ဟုတ်တယ် .. ပြောလိုက် … တတိယသခင်လေး ….}
{တတိယသခင်လေး … ဒီအမူအရာက ဘာလဲ … ဘာလို့ရှက်နေတာလဲ …}
{ကြည့်ရတာ ပြောချင်ပေမယ့် ပြောမထွက်တဲ့ပုံပဲ … တတိယသခင်လေးမှာ လျှို့ဝှက်ချက်ရှိနေတယ် ...}
တတိယသခင်လေးဖန်းတွင် လျှို့ဝှက်ချက်ရှိနေ၏။ သူက လင်းလော့ချင်းကို ကြည့်ရင်း အကြိမ်ရေ အနည်းငယ်ခန့် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေခဲ့သည်။ နောက်ဆုံး သူက ပြောလာ၏။ “တခြားဘာမှ မတွေ့ခဲ့ဘူးလား … ကျွန်တော် မမကို သဘောကျတယ် … ”
လင်းလော့ချင်း “…”
ကျိယွီရှောင် “!!!”
အင်တာနက်အသုံးပြုသူများ: {???!!!}
{ဖာ့ခ် … ဘာဖြစ်သွားတာလဲ … }
{ဒီ … တားမြစ်ထားတဲ့ မောင်နှမကြားအချစ် … }
{တတိယသခင်လေးက အရမ်းမိုက်တယ် … }
{ဖာ့ခ် … ငါထထိုင်မိရက်သားဖြစ်သွားတယ် … ငါဒီရှိုးကိုကြိုက်တယ် … }
{မိုက်ခရိုဖုန်းပေးလိုက်ပြီ …တတိယသခင်လေး ဆက်ပြောပါ ...}
အင်တာနက်အသုံးပြုသူများက ဖရဲသီးများ ကိုင်ထားကြသည်။ လင်းလော့ချင်းက မယုံနိုင်ဖြစ်နေ၏။ “မင်း … မင်းက ငါ့ကို သဘောကျတယ် … ”
{သူမက မင်းရဲ့ဝမ်းကွဲလေ … }
{ဝမ်းကွဲချင်း ချစ်လို့မရဘူး … }
{ဝမ်းကွဲတွေရော … မောင်နှမတွေရောပဲ … }
{တကယ်လို့ တတိယသခင်လေးက လူအိုကြီးဝမ်ရဲ့ သားဖြစ်နေရင်တော့ တစ်မျိုးပေါ့ … {ခွေးခေါင်းအီမိုဂျီ }.}
{ဒါပေမယ့် တတိယသခင်လေးက အဲဒါကို မသိဘူးလေ … }
{အိုးမိုင်ဂေါ့ … တတိယသခင်လေးက သူ့ကိုယ်သူ သခင်ကြီးရဲ့ သားအရင်းမဟုတ်မှန်း မသိသေးဘူးမလား …}
“ငါငယ်ငယ်တုန်းက ဒုတိယသခင်မလေး စုန့် အနိုင်ကျင့်တာ ခံခဲ့ရတယ် … ငါ့အမေကို သွားရှာတော့ သူမက ဒုတိယသခင်မလေးရဲ့ အမေမဟုတ်တာကြောင့် ဘာမှမလုပ်ပေးနိုင်ကြောင်းပဲ ပြောပြီး နှစ်သိမ့်ခဲ့တယ်လေ … အလှလေးလင်း တစ်ယောက်ထဲသာ ဒုတိယသခင်မလေးကို တောင်းပန်စေပြီး ငါ့ကို ချော့ပေးခဲ့တာ … ဒါ့ကြောင့် ငါသူ့ကို သဘောကျတယ် … ငါကြီးလာတော့ သူမ မရှိရင် ငါဘာမှ မလုပ်နိုင်ဘူးလို့ စပြီးခံစားလာရတယ် … ဒါပေမယ့် အခုကျတော့ သူမက စေ့စပ်ပြီးသွားပြီ …”
ဖန်းဖေးကျယ်က ကျိယွီရှောင်ကို ကြည့်ရင်း စိတ်ပျက်စွာ ပြောလိုက်သည်။ “အသက်သုံးဆယ်လူအိုကြီးက ဘယ်လိုလုပ်ပြီး ငါ့အစ်မနဲ့ တန်မှာလဲ … ”
ကျိယွီရှောင် “……”
ကျိယွီရှောင် လက်ဆစ်များကို ချိုးလိုက်၏။
အင်တာနက်အသုံးပြုသူများက ကျယ်လောင်စွာ ရယ်ကြတော့သည်။ {အသက်သုံးဆယ် လူအိုကြီး … ဟားဟားဟား … သခင်လေးကျိ ဒေါသထွက်သွားပြီ …”
{သခင်လေးကျိ : ငါမင်းကို ဒီနေ့မရိုက်ရင် မင်းရဲ့သွေးတွေ တစ်စက်စက်ကျရင်တောင် ပန်းတွေဘာလို့ နီနေမှန်း မင်းသိမှာ မဟုတ်ဘူး …. .}
{ဟားဟားဟား … သခင်လေးကျိ လက်ဆစ်တွေချိုးနေပြီ … တတိယသခင်လေး … ပြေးတော့ … }
{ဘယ်လိုတောင် သွေးလွှမ်းမယ့် စစ်ပွဲလဲ … စိတ်လှုပ်ရှားစရာပဲ … }
“အမ် …” လင်းလော့ချင်းက ခပ်တိုးတိုး ပြောလိုက်သည်။ “ငါက နှစ်ဆယ့်ရှစ် … သူက သုံးဆယ်လေ … ငါတို့က လိုက်တယ်မဟုတ်ဘူးလား … ”
“ဒါပေါ့ …” ကျိယွီရှောင်က လင်းလော့ချင်းကို ဖက်လိုက်သည်။
“ကြားလား … မင်းအစ်မက ငါတို့နှစ်ယောက်က လိုက်တယ်လို့ ပြောတယ် … ငါတို့က သဘာဝကျတဲ့ စုံတွဲပဲ … ခံစားချက်တွေနက်ရှိုင်းတဲ့ စုံတွဲပဲ … မင်းက ဘယ်လိုနတ်ဆိုးမျိုးမို့လို့ ငါတို့နှစ်ယောက်ကို ကွဲအောင်ကြိုးစားရဲရတာလဲ … ”
{အား … မစ္စတာကျိက ပီတိဖြာနေတာပဲ ...}
{မစ္စတာကျိ: ချင်းချင်း မှန်တယ် … }
{မစ္စတာကျိ: ချင်းချင်း ပြောတာကောင်းတယ် … }
{မစ္စတာကျိ: ချင်းချင်းက ငါ့ကိုပဲ တုံ့ပြန်တာ ~}
{မစ္စတာကျိ: ငါဒီယောက်ဖကို ဒီနေ့ မရိုက်တော့ဘူး ….}
ဖန်းဖေးကျယ်က လည်ပင်းကိုပွတ်ကာ အော်လိုက်သည်။ “ငါ့စိတ်ထဲမှာ ငါ့မမက အမြဲ ဆယ့်ရှစ်နှစ်ပဲ … ငါ့လိုမျိုး ဆယ့်ကိုးနှစ်နဲ့ပဲ လိုက်တာ … ခင်ဗျားလိုမျိုး အသက်သုံးဆယ်နဲ့ မဟုတ်ဘူး … လူအိုကြီး … ”
ကျိယွီရှောင် “……”
ကျိယွီရှောင် လက်ဆစ်များကို ထပ်မံချိုးလိုက်ပြန်သည်။