အပိုင်း ၃၁၄
Viewers 87k

Chapter 314




ကျိယွီရှောင်က ဖုန်းထုတ်ကာ လက်ထောက်အား စာပို့လိုက်သည်။ ထို့နောက် ပြဿနာကို ကိုင်တွယ်ရန် ပြောလိုက်၏။ 


လက်ထောက် “…”


ဘော့စ် … ခင်ဗျားက ရသစုံရှိုးကို မပြောမဆိုနဲ့ သွားခဲ့တယ် … ပြီးတော့ ကုမ္မဏီရဲ့ official weibo ကို သက်သေပြစေချင်တယ် ပေါ့လေ …


ဒါက … တကယ်ပဲ … အကြာကြီး အသက်ရှင်ပြီး တော်တော်များများ မြင်လိုက်ရတာပဲ ..


လက်ထောက်က သက်ပြင်းချကာ PR ဌာနအား ဆက်သွယ်၍ လက်ရှိ ပြဿနာအား ကိုင်တွယ်ရန် ပြောလိုက်သည်။ 


ငါးမိနစ်အကြာတွင် သုံးလခန့် သေဆုံးနေခဲ့သည့် ကျိအုပ်စုက ရှိုး၏ပို့စ်ကို ဖော်ဝါ့ဒ်လုပ်ကာ ကျိယွီရှောင်အား မန်းရှင်းလိုက်သည်။ { ကျိယွီရှောင် … ကျိဉက္ကဌမှ … ဒီဝေ့ပေါ်ပို့စ်ကို ဖော်ဝါ့ဒ်လုပ်လိုက်ပြီး မင်းတို့ချစ်တဲ့လူနဲ့အတူ  “အနောက်အရပ်သို့ ခရီးသွားခြင်း” သွားကြည့်ရအောင်လို့ ရုပ်ရှင်လက်မှတ် နှစ်စောင်ကို အခမဲ့ ကံစမ်းလိုက်ပါ … ကံစမ်းမဲ လက်မှတ်ကတော့ တစ်ရာပဲ ဖြစ်ပါတယ် …}


လိုင်းပေါ်ရှိ အင်တာနက် အသုံးပြုသူများ { … အိုးမိုင်ဂေါ့ဒ် … ငါဘာမြင်လိုက်ရတာလဲ … ဒါက ကျိအုပ်စုရဲ့ weibo အကောင့်ဟ}


{ဟားဟားဟား … official weibo က ဖော်ဝါ့ဒ် မလုပ်မချင်း ဒီလူကို အသိအမှတ် မပြုနိုင်ဘူးလို့ ပြောခဲ့တဲ့ကောင်တွေ … ခုချက်ချင်းထွက်လာပြီး မင်းတို့ရဲ့ official weibo အဖေကြီးကို လာကြည့်ကြစမ်း … }


{မင်းဘာသိလို့လဲ … သူတို့က ဒီအကောင့်က အတုကြီးလို့ ပြောကြဦးမှာ … (ရယ်နေသည့် အီမိုဂျီ)}


{ကြည့်စမ်း … နောက်ဆုံးပို့စ်က လွန်ခဲ့တဲ့ သုံးလကပဲ … ဒီတစ်ခါတော့ ဉက္ကဌကျိရဲ့ ကောလဟာလတွေကို ရှင်းပေးဖို့ ထွက်လာကြပြီဟ … }


{ ‘အနောက်အရပ်သို့ ခရီးသွားခြင်း’ ထုတ်လွှင့်မယ့်ရက်ကို ဂရုစိုက်နေမိတာ ငါတစ်ယောက်ထဲလား … }


{ဒီရက်ပိုင်း ထုတ်လွှင့်မယ့် ရုပ်ရှင် များများစားစား မရှိဘူးဆိုတော့ ‘အနောက်အရပ်သို့ ခရီးသွားခြင်း’ ကိုပဲ ကြည့်ရတော့မှာပဲ … }


{လာပြီ … လာပြီ … ငါလည်း ဒီပို့စ်ကို ဖော်ဝါ့ဒ်လုပ်မယ် … ငါ ‘အနောက်အရပ်သို့ ခရီးသွားခြင်း’ ကို ထပ်ကြည့်ချင်တယ် … }


{ကျိအုပ်စုက ဒီဗီဒီယိုကို ဖော်ဝါ့ဒ် လုပ်ပေးတဲ့အပြင် ချင်းချင်းအတွက်လည်း ပရိုမိုးရှင်း ဆင်းပေးလိုက်သေးတယ် … မစ္စတာကျိက သူ့ကို တကယ်ချစ်တာပဲ … }


{ဒါက မစ္စတာကျိ ဖြစ်စရာလိုလို့လား … လင်းလော့ချင်းကို သဘောကျတဲ့လူက လုပ်ပေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ … }


{ဘာပဲဖြစ်ဖြစ် အဲဒီ့တစ်ယောက်က လက်မှတ် အစောင်တစ်ရာအတွက် ပေးခဲ့တာနော် … }


{ဒီ official account ကတကယ့်ကို ဆတ်ဆတ်ကြဲပဲ … }


{အာ … ကြည့်ရတာ မစ္စတာကျိလုပ်တာ ဖြစ်နိုင်တယ်နော် … }


{အိုးမိုင်ဂေါ့ဒ် … ဒီတော့ ဉက္ကဌကျိက သူ့ရဲ့ official account နဲ့ လှုပ်ရှားခဲ့တဲ့အပြင် ချင်းချင်းရဲ့ ရုပ်ရှင်ကိုလည်း ပရိုမိုးရှင်း ဆင်းလိုက်သေးတယ်ပေါ့ … ဉက္ကဌကျိက သခင်လေးကျိ မဟုတ်လား … }


{အခုတော့ သခင်လေးကျိ ဘာလို့ စေ့စပ်ထားချင်ရလဲ ငါသိသွားပြီ (ခွေးခေါင်းပုံ အီမိုဂျီ)}


{ငါကတော့ သံသယဝင်တဲ့ကောင်တွေ အခု မျက်နှာဖြတ်ရိုက်ခံလိုက်ရပြီလား သိချင်မိတယ် … ဟားဟားဟား … }


ကျိယွီရှောင်က ထိုအရာကိုကြည့်ကာ ကျေနပ်သွားသည်။ 


သူက လက်ထောက်အား တမင်သက်သက် ကိုယ်ပိုင်အကောင့်အစား ကုမ္မဏီ၏ weibo ကို အသုံးပြုစေခဲ့ခြင်းဖြစ်သည်။ သို့မှသာ ဖန်များ၏ မျက်လုံးထဲတွင် သူနှင့်လင်းလော့ချင်းသည် လင်းလော့ချင်းနှင့်ရှစ်ကျန်း သို့မဟုတ် လင်းလော့ချင်းနှင့် ချင်းဝူတို့ထက် ပို၍လိုက်ဖက်ညီပေလိမ့်မည်။ 


အဆုံးသတ်တွင် ဖန်တစ်ဦးနှင့် စတားတစ်ဦးက မလိုက်ဖက်သော်ငြား ဉက္ကဌနှင့် စတားကမူ လွန်စွာ လိုက်ဖက်၏။ 


ထို့နောက် သူက လင်းလော့ချင်းကို ရှာလိုက်သည်။ 


လင်းလော့ချင်းနှင့် အခြားလူများက သက်သေရှာရန်အတွက် နေရာများ ပြင်ဆင်နေကြ၏။ 


ဗီလာတွင် သုံးထပ်ပါရှိသည်။ ဒုတိယထပ်မှာ လူနေရန်ဖြစ်ပြီး တတိယထပ်ကမူ အဆင်အပြင်အတွက် ဖြစ်၏။ 


“ဘာလို့ ဝူရှင်းယွမ်က မင်းကိုရှာနေတာလဲ …” လင်းလော့ချင်းက လှေကားတက်ရင်း မေးလိုက်သည်။ 


ကျိယွိရှောင်က သူ့အနားမှ ကပ်လျှောက်ရင်း တီးတိုးဖြေလိုက်၏။ “ကိုယ် ပြဿနာလေးတစ်ခု ရှင်းခဲ့တယ်လေ …” 


လင်းလော့ချင်းက ခေါင်းရှင်းလိုက်ပြီး ထပ်မမေးတော့ချေ။ သူက အကူအညီမဲ့ဟန်ဖြင့် ပြောလိုက်သည်။ “မင်းကိုယ်မင်း ကောင်းကောင်းထိန်းနိုင်ရဲ့လား … သခင်လေးကျိက အချစ်ရူးလေး ဖြစ်သွားတာပဲ …”


“သခင်လေးကျိက အချစ်ရူးလေးဖြစ်သွားမှန်း မင်းဘယ်လိုသိလဲ ..” ကျိယွီရှောင်က မေးလိုက်သည်။ 


လင်းလော့ချင်း “…”


“သူမင်းကို တကယ်ချစ်လို့လား …” 


ကျိယွီရှောင် သက်ပြင်းချလိုက်၏။ “သူမင်းကို တကယ်ချစ်ရဲ့လားဆိုတာ မင်းသေချာမသိဘူး မဟုတ်လား …” 


လင်းလော့ချင်းက ဇာတ်ညွှန်းကို ပြန်အမှတ်ရလိုက်၏။ သခင်လေးကျိသည် အလွန်ကြင်နာတတ်ပြီး သူ့အတွက် စဉ်းစားပေးတတ်သည်။ သခင်လေးက အလုပ်အားတိုင်း သူနှင့် အချိန်ဖြုန်းလေ့ရှိကာ အလုပ်ရှုပ်နေလျှင်လည်း သူ့အတွက် လက်ဆောင်လေးများ စီစဉ်ပေးတတ်၏။ 


သခင်လေးကျိက အချစ်ရူးလေးပဲ မဟုတ်လား … 


လင်းလော့ချင်း တွေးလိုက်သည်။ ‘အဲဒီလိုသာဆို သူငါ့အဖေကို သတ်ဖို့ အကြောင်းပြချက် မရှိသင့်ဘူး … အဲဒီ့လိုမဟုတ်ရင် ဒီည စေ့စပ်ပွဲ ကျင်းပဖို့ မဖြစ်နိုင်လောက်ဘူး …”


သူတို့နှစ်ဦးက တတိယထပ်သို့ ရောက်သွားချိန်တွင် လူစုံနေပြီ ဖြစ်သည်။ လျှိုယာမင်က သူတို့လာသည်ကို တွေ့သည့်နောက် အမြန်လှမ်းလာကာ မေးလိုက်၏။ “အသင့်ပဲလား … နောက်တစ်ပိုင်း ရိုက်တော့မှာ …” 


“ဟုတ်ကဲ့ …” လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။ 


လျှိုယာမင်က ကျိယွီရှောင်ကို ကြည့်လိုက်ချိန်တွင် ကျိယွီရှောင်က ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော်လည်း အဆင်ပြေပြီ …” 


“ကောင်းပြီ …” လျှိုယာမင်က ဒါရိုက်တာအား လက်ဟန်ပြလိုက်သည်။ ဒါရိုက်တာက တစ်မိနစ်ကြာသည့်နောက် ကင်မရာဖွင့်လိုက်၏။ 


အင်တာနက်အသုံးပြုသူများ၏ စခရင်သည် လင်းလက်လာပြီး လင်းလော့ချင်းနှင့် အခြားလူများ ထွက်ပေါ်လာကြသည်။ သူတို့က စတင်ဝေဖန်ကြ၏။ {အပြင်အဆင်က တကယ်ပဲ ပြောင်းသွားတာပဲ …သူတို့ သက်သေစရှာတော့မှာလား … }


{ငါ ခုနက ရေချိုးခန်းလေး ခဏသွားမိတာ … ဘာတွေဖြစ်သွားတာလဲ … ဉက္ကဌကျိနဲ့ ချင်းချင်းက တစ်အုပ်စုထဲမှာလား … }


{ဉက္ကဌကျိ၊ ချင်းချင်း၊ လျှိုယာမင်၊ စုန့်ရှို့ဝမ်တို့က တစ်ဖွဲ့၊ စွန်းလျန့်၊ ကျိုက်ထင်လန်၊ ချမ်ယုံအန်းနဲ့ ဖန်းဖေးကျယ်တို့က တစ်ဖွဲ့ပဲ … }


{ဝိုး … ငါတော့ ဒါကိုစောင့်နေပြီ … }


{ကြားဖြတ်သတင်း … သိတဲ့လူလည်းရှိပေမယ့် မသိတဲ့လူတွေ အတွက်ပါ … ကျိအုပ်စုက မစ္စတာကျိက တကယ်တော့ အထွေထွေ မန်နေဂျာဖြစ်ကြောင်း ကျိအုပ်စုက ထုတ်ပြောလာပါပြီ … အခု ရုပ်ရှင်လက်မှတ်အတွက် မဲနှိုက်နေကြပြီတဲ့ …  }


{ဟားဟားဟား … ဉက္ကဌကျိက ဒါကိုခဏနားနေတုန်းက လုပ်လိုက်တာဖြစ်မယ် … }


{ဉက္ကဌကျိ : ငါ သက်သေပြပြီးပြီ … ခုထိမယုံသေးဘူးလား … မင်းတို့ကြောင့် official weibo ကိုတောင် သုံးခဲ့ရတယ် … အခုကျေနပ်ပြီလား … }


{ဟားဟားဟား … ကျေနပ်ပြီ … }


{ဒီတော့ ဉက္ကဌကျိက သန်းဆယ်ချီတန်တဲ့ စီးပွားရေးကိစ္စတွေကို ပစ်ပြီး ချင်းချင်းနဲ့ အချိန်ဖြုန်းပေးတာပေါ့ … ဟုတ်လား …}


{ သင်္ဘောကြီး ရွက်လွှင့်ရအောင် .. ဒါက ဒီလောက်ကောင်းနေပြီ …}


{ဥက္ကဌကျိက သက်သေပြတဲ့နေရာမှာတောင် ချင်းချင်းအတွက် မမေ့မလျော့ ပရိုမိုးရှင်း ဆင်းပေးတုန်းပဲ … ဒါက တကယ်ကြီး အလိုလိုက်နေတာမဟုတ်လား …}


{ငါအဆင်ပြေပါတယ် … ညီအစ်ကိုကျန်း … စိတ်မကောင်းပါဘူး … ဒါပေမယ့် ဉက္ကဌကျိက တကယ့်ကို အလုပ်ကြိုးစားတာပဲ …}


{ဟားဟား … နှုတ်ဆက်ပါတယ် ကဗျာစကားလှလှလေးတွေ … အရူးအမူးဖြစ်တယ်ဆိုတာ ဒါမျိုးကွ …}


{ဖာ့ခ် … ဒီအတိုင်းဆို မကြာခင် CP နာမည် ထွက်တော့မှာ မဟုတ်လား … အရူးအမူးချစ်တာကို စာဖွဲ့လို့တောင် ရပါ့မလား … (မျက်နှာကာထားသည့် အီမိုဂျီ) }


{အရူးအမူးချစ်တယ်တဲ့လား … }  


လျှိုယာမင်က အားလုံးကို သက်သေရှာရန် အဖွဲ့ခွဲပေးလိုက်သည်။ လင်းလော့ချင်း နှင့် ကျိယွီရှောင်က အတူတူရှာရ၏။ 


သူတို့နှစ်ဦးက လျှိုယာမင်၏ အခန်းသို့ သွားကြသည်။ လင်းလော့ချင်းက အခန်းတွင်းသို့ ဝင်ကာ စာအုပ်စင်အား စတင်လှန်လှောရှာဖွေ၏။ 


ကျိယွီရှောင်က အခြားတစ်ဖက်တွင် သက်သေရှာနေသည်။ သူလှည့်ကြည့်လိုက်ချိန်၌ လင်းလော့ချင်းက စာအုပ်စင် ထိပ်ဆုံးရှိ ဘူးအသေးလေးကို ယူရန် လက်လှမ်းနေသည်အား တွေ့လိုက်ရသည်။ 


လင်းလော့ချင်းအရပ်မှာ ၁၈၀ စင်တီမီတာ ရှိသည့်အလျောက် ပုသည့်အထဲ မပါချေ။ သို့သော် ဘူးလေးက အတော်လေး မြင့်မားသည့် နေရာတွင် ရှိနေ၏။ သူက လက်ဆန့်ထားသော်လည်း ထိုဘူးကို မမီပဲ ဖြစ်နေသည်။  


ကျိယွီရှောင် ပြုံးကာ သူ့ထံလျှောက်သွားရင်း ဘူးကိုယူပေးလိုက်သည်။ 


“ရော့ ...” သူက လင်းလော့ချင်းကို ပေးလိုက်၏။ 


သူတို့နှစ်ဦး၏ အနေအထားက လင်းလော့ချင်းကို ပွေ့ဖက်ထားသကဲ့သို့ ဖြစ်နေသည်။ 


ဝေဖန်သူများက စတင်၍ စိတ်လှုပ်ရှားလာကြသည်။. {ဒီပုံစံ … လှည့်လိုက်တာနဲ့တိုက်ရိုက်ဖက်လိုက်တာဟ … }


{ဖာ့ခ် … ဉက္ကဌ ဘယ်လိုပြုံးလိုက်လဲ တွေ့လိုက်လား … တကယ်ကြီး အလိုလိုက်ထားတာ ...}


{ဒါက ဘယ်လို ဇာတ်ကြောင်းမျိုးလဲ … တအားချိုတာပဲ … }


{ဉက္ကဌကျိက ချင်းချင်းကို တစ်ချိန်လုံး ဂရုစိုက်နေတာပဲ … ချင်းချင်း ပြဿနာကြုံတိုင်း သူရောက်လာရော ...}


{စကားမစပ် … ဉက္ကဌကျိ … ဘူးပေးပြီးရင်လည်း ပြန်တော့လေ … }


{ဇနီးလေးအနား နေချင်လို့နေမှာပေါ့လို့ … ဘာပဲဖြစ်ဖြစ် သူတို့က ခုမှစေ့စပ်ထားတဲ့ ပူပူနွေးနွေးစုံတွဲလေ ~~}


{ကျေးဇူးပါ ရိုက်ကူးရေးအဖွဲ့ … ဒီ cp ကသောက်ရမ်းမိုက်တယ် ...}


လင်းလော့ချင်းက ဖန်များသတိပြုမိသွားကြောင်း မတွေးမိသေးချေ။ သူက ဘူး၏ လျှို့ဝှက်ကုတ်ကိုသာ သိချင်နေ၏။ 


“သူမရဲ့ မွေးနေ့ဆိုရင်ရော …” ကျိယွီရှောင်က ပြောသည်။ 


လင်းလော့ချင်း ရိုက်ကြည့်လိုက်၏။ “မဟုတ်ဘူး ...”


“သူမဖုန်းနံပါတ် နောက်ဆုံးလေးလုံးရော … ”


“မဟုတ်ဘူး ...”


လင်းလော့ချင်းက ဂဏန်းလေးလုံး နေရာကို ကြည့်လိုက်သည်။ သူက ကျိယွီရှောင်ကို မော့ကြည့်လိုက်၏။ “တတိယသခင်လေးဖန်းက အခုတင် သူ့မွေးနေ့ကို ပြောခဲ့တယ် မဟုတ်လား … ”


ကျိယွီရှောင် ခေါင်းယမ်းလိုက်သည်။ “ဒါပေမယ့် ကိုယ်ဒါကို တွေ့ခဲ့တယ် ….”


သူက ကျောင်းသားအရွယ် ဖန်းသခင်လေးအား မစ္စတာကျောင်းက ပွေ့ဖက်ထားသည့် ဓာတ်ပုံကို ထုတ်ပြလိုက်သည်။ 


“ဒါက သူမကွန်ပြူတာရှေ့မှာ ရှိနေတာလေ … မွေးနေ့တုန်းက ရိုက်ခဲ့တာထင်တယ် … ပုံရိုက်တဲ့ နေ့စွဲက အောက်တိုဘာ တစ်ရက်နေ့တဲ့ …”


“အမျိုးသားနေ့ပဲ … ” လင်းလော့ချင်းက ပြုံးကာ ပြောလိုက်သည်။ ထို့နောက် ၁၀၀၁ ကိုရိုက်လိုက်၏။ ဘူးက ပွင့်သွားကာ ဒိုင်ယာရီတစ်ခု ထွက်လာသည်။ 



လင်းလော့ချင်က ဒိုင်ယာရီကို လှန်လိုက်သည်။ : {သခင်ကြီးနဲ့လက်ထပ်ခဲ့တာ သုံးနှစ်တောင်ရှိပြီ … ငါဘာလို့ ကိုယ်ဝန်မရသေးတာလဲ … }


{ငါသခင်ကြီးအတွက် ကလေးမွေးပေးချင်တယ် … ဒါမှ ငါ့နေရာက ပိုမြဲမှာ ...}


{ဘုရားကယ်လို့ပဲ …. ငါ့မှာကိုယ်ဝန်ရှိနေပြီ … ဒါက သားလေးဖြစ်ပါစေ … မိသားစုထဲမှာ သမီးနှစ်ယောက်ရှိနေပြီးသား .. သခင်ကြီးက သမီးထပ်လိုချင်မှာ မဟုတ်လောက်ဘူး … ကျေးဇူးပြုပြီး ...}


{ကောင်းလိုက်တာ … ငါသားလေးကို မွေးနိုင်ခဲ့ပြီ … ငါအရမ်းပျော်တာပဲ ...}


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “ဒီတော့ မင်းအဖေက မင်းညီလေးကိုပဲ သဘောကျပြီး မင်းညီမလေးနဲ့ မင်းကိုတော့ မကြိုက်ဘူးပေါ့ … ”


လင်းလော့ချင်း ပြုံးလိုက်သည်။ “မကြိုက်တာတော့ မဟုတ်ပါဘူး … ညီလေးကို အများကြီး ပိုသဘောကျရုံပါ ...”


“ဒါဆို မင်းညီမက သံသယဝင်စရာပဲ …” ကျိယွီရှောင်က ပြောသည်။ 


လင်းလော့ချင်း လှည့်ကြည့်လိုက်၏။ “ဘာလို့လဲ … ” 


“မင်းအဖေက မင်းညီလေးကို အရမ်းသဘောကျတယ် မဟုတ်လား … သူ့ကိုသတ်လို့ မင်းညီက ဘာမှ အကျိုးရမှာမှ မဟုတ်တာ … မစ္စတာကျောင်းလည်း အတူတူပဲ … ဒါပေမယ့် မင်းညီမကတော့ မဟုတ်ဘူးလေ ….”


လင်းလော့ချင်း သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။ “ဒါဆို ငါ့ကိုကျ ဘာလို့သံသယမဝင်တာလဲ … ” 


ကျိယွီရှောင် ပြုံးလိုက်၏။ “ကိုယ်မင်းကို ဘယ်လိုလုပ် သံသယဝင်ရက်မှာလဲ .. ကိုယ်က စိတ်မကောင်းဖြစ်တာ … ဘေဘီ …. မင်းမတရား ခံစားခဲ့ရတာပဲ ...”


သူက လင်းလော့ချင်း၏ ဦးခေါင်းလေးကို ထိရင်း ပြောလိုက်သည်။ 


လင်းလော့ချင်း “!!!”


လင်းလော့ချင်း နောက်ဆုတ်လိုက်သဖြင့် စာအုပ်စင်နှင့် တိုက်မိသွား၏။ ကျိယွီရှောင်က ၎င်းကို အခွင့်ကောင်းယူကာ လင်းလော့ချင်းအား စာအုပ်စင်နှင့် သူ့ကြားတွင် ပိတ်မိစေလိုက်သည်။ သူက လက်များကို လင်းလော့ချင်း၏ ပုခုံးတစ်ဖက်စီတွင် ထားလိုက်၏။ “စိတ်မပူပါနဲ့ ဘေဘီ … ကိုယ်မင်းကို အနာဂတ်မှာ သေချာဂရုစိုက်ပါ့မယ် ...”


“…ကျေး … ကျေးဇူးတင်ပါတယ် ….”


ဒါကိုကောင်းကောင်းဆက် စုံစမ်းလို့ရမလား … မင်းကတကယ့်ကို အချစ်ရူးပဲ … 


တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသည့် ဖန်များက ပေါက်ကွဲလာကြသည်။ {ဖာ့ခ် … ဒီအနေအထား … ဒါက kabedon မဟုတ်လား … }


{အား … ဒီရသစုံရှိုးက ဇာတ်ညွှန်းကို ငါသိပြီ … ဉက္ကဌကျိက အရမ်းကောင်းတာပဲ … }


{ငါတော့ ကြက်လိုမျိုး အော်နေမိပြီ …}


{ငါအရမ်း စိတ်လှုပ်ရှားနေပြီ … ဟိုဘက်အိမ်ကလူတွေတော့ ငါ့ကိုလာရိုက်တော့မှာပဲ … }


{မြန်မြန်နမ်းလိုက် … ဉက္ကဌကျိ … သူ့ကို မြန်မြန်နမ်းလိုက် … }


{ဝူး … ဝူး … ဝူး … ဘေဘီလို့ ခေါ်လိုက်တယ် … တအားချိုတာပဲ ...}


{သူက ချင်းချင်းအတွက် စိတ်မကောင်းဖြစ်တယ်တဲ့ … ဒါက တအားချိုလွန်းတယ်...}


{ ညီမလေးကို ခပ်ပြင်းပြင်းထိုးလိုက် : လူသတ်သမားက မင်းပဲ ... ငါ အစ်မကြီးအတွက် စိတ်မကောင်းဖြစ်မိတယ် … ဘေဘီက မတရားခံခဲ့ရတာ … ဘယ်လိုတောင် ဘက်လိုက်တာလဲ … }


{ဘေဘီလို့ခေါ်တာက အားလုံးရဲ့အကျိုးအတွက်လား … ဉက္ကဌကျိ … ဇာတ်ညွှန်းရေးတဲ့လူက ခင်ဗျားမဟုတ်လား … }


{ လင်းလော့ချင်းနဲ့ ကျိယွီရှောင်ကို အဖြောင့်တွေလို့ ထင်ခဲ့တာ … ဒါပေမယ့် လက်ရှိရိုက်ချက်ကတော့ တကယ့်ကို စိတ်ဝင်စားစရာပဲ …}


{အဲဒါက ညီမဖြစ်သူလား … ဘော့စ်နဲ့ စတား … ရသစုံရှိုးက မနာလိုမှု … အလိုလိုက်တာနဲ့ ကျီစားတာ … ဒါက အိုင်ဒေါလ်ဇာတ်ညွှန်းကြီးပါနော် …}


{ငါ ဒီရက်ပိုင်း အိုင်ဒေါလ် ဒရမ်မာတွေကြည့်နေတာ … သူတို့က တအားချိုတာပဲ ….}


{ဒီတော့ … ဉက္ကဌကျိ … ဖယ်ဖို့ အစီအစဉ်ရှိသေးရဲ့လား … တခြားရိုက်ကွင်းတစ်ခု ထပ်ပြတော့လေ …}


ကျိယွီရှောင်က မဖယ်ခဲ့။ သူက ခပ်မတ်မတ်ရပ်ကာ လင်းလော့ချင်း ပုခုံးနားရှိ လက်များကို ဖယ်ချလျှက် သက်သေဆက်ရှာနေသည်။ 


လင်းလော့ချင်းက သူ့ကိုကြည့်ရင်း အကူအညီမဲ့သလို ခံစားလာရ၏။ 


အင်တာနက် အသုံးပြုသူများ စိတ်ပျက်သွားကြသည်။ {ကောင်းတယ် … ကောင်းတယ် … ငါက ဘောင်းဘီတောင် ချွတ်ပြီးပြီ … ဉက္ကဌကျိက အဲဒါကို ပြန်ဝတ်ပေးလိုက်တယ် … }


{ဥက္ကဌကျိ … ခင်ဗျားဒီလို လုပ်လို့မရဘူးလေ … }


{ယောက်ျားဆိုတာ မငြင်းရဘူး … ဉက္ကဌကျိ … ခင်ဗျား ကျုပ်ကို စိတ်ပျက်စေခဲ့ပြီ … }


{ဟားဟားဟား … ညီအစ်မတို့ … မင်းတို့ ရှိုးမှာအရမ်းနစ်မြောကုန်ကြပြီ … ဉက္ကဌကျိက သူ့အလုပ်သူလုပ်နေတာပါ … သူတို့ ဒီလောက်နီးနေရင် သူတို့က ကွေးနေလို့ပဲ နေမှာ ...}


{အေးလေ … သူတို့က ဘယ်လိုလုပ် နမ်းမှာလဲ … စုံတွဲအစစ်မှ မဟုတ်တာ ...}


{ဒါက နည်းနည်း အဆိုးမြင်ရာကျမလား မသိပေမယ့် ပြောစရာရှိတာ ပြောရမှာပဲ … သူတို့နှစ်ယောက်လုံး အဖြောင့်တွေလည်း ဖြစ်နိုင်တာပဲလေ ...}


{ဒီအုပ်စုက ဘာမှ မတွေ့သလိုပဲ … အာ … ငါလစ်ပြီ ...}


{အာ … ငါတစ်ခုပြောမလို့ … ဉက္ကဌကျိက ဒရမ်မာထဲမှာ စိတ်နှစ်ထားပေမယ့် ဒီလောက်လည်း ဂရုမစိုက်ဘူးနော် .. သူက အချစ်ရူးလေးနဲ့ပိုတူနေတယ် … ဒီလိုဂိမ်းမျိုးကစားတဲ့ နေရာမှာလည်း ကောင်းကောင်းကစားနိုင်ပုံမရဘူး …}


{အဆင်ပြေပါတယ် … သူကောင်းကောင်း သရုပ်ဆောင်နိုင်ရန် ချီးကျုးကြတာပေါ့ … }


{ဟုတ်တယ် … သူက ချင်းချင်းကို သကြားလုံးကျွေးထားတယ် ဆိုတော့ စောင့်ကြည့်ရမှာပဲ ...}


{အမှန်ပဲ ...}


စကားပြောပြီးချိန်တွင် ကျိယွီရှောင်က ကွန်ပြူတာကို စစ်ဆေးလိုက်သည်။ ၎င်းတွင် အသံဖိုင်တစ်ခု ရှိနေ၏။ 


“ငါ့ဆီ ထပ်မလာပါနဲ့ ….” ၎င်းက မစ္စတာကျောင်း၏ အသံဖြစ်သည်။ 


“ဘာလို့လဲ … ” ၎င်းမှာ အမျိုးသားအသံ ဖြစ်၏။ 


“မင်းမလာခဲ့သင့်ဘူးလို့ ငါပြောခဲ့တယ်လေ … ဘာလို့အခု ရောက်လာရတာလဲ … ”


“လွမ်းလို့ ...”


“ငါမင်းကို မလိုချင်ဘူး ….”


“မင်း ဒီလိုပဲ ဆက်အကြင်နာမဲ့နေဦးမှာလား … ”


“ဟုတ်တယ် … နောက်တစ်ခါဆို ငါယဉ်ကျေးတော့မှာ မဟုတ်ဘူး … မင်းဒါမျိုးထပ်လုပ်ရင် .မင်း .…”


အသံဖိုင်ထဲတွင် ထိုအထိ ပါ၏။ 


လင်းလော့ချင်း သူ့ကိုကမ်းပေးလိုက်သည်။  “ထပ်နားထောင်ကြည့် ...”


ကျိယွီရှောင်က ထပ်ပြီး နားထောင်ကြည့်လိုက်၏။ 


လင်းလော့ချင်းက မှန်းကြည့်လိုက်သည်။ “မစ္စတာကျောင်းမှာ သူနဲ့လုပ်စရာရှိလို့လား …”


“ဖြစ်နိုင်တာပဲ … မင်းမိထွေးက ငယ်ငယ်လေးရှိသေးတာလေ … သူမလည်း ရည်းစားရှိချင်ရှိနေမှာပေါ့ …”


“ခဏ ...” လင်းလော့ချင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ “သူမက ငါ့အဖေနဲ့လက်ထပ်ပြီး သုံးနှစ်ကြာတဲ့အထိ ကိုယ်ဝန်မရသေးဘူးလို့ပြောထားတယ် … နောက်တော့ အချိန်တိုအတွင်း ကိုယ်ဝန်ရသွားရောတဲ့ … ဒါက ရုတ်တရက် မဆန်ဘူးလား …”  


ကျိယွီရှောင်က ကွန်ပြူတာကို လက်ညှိုးထိုးပြလိုက်သည်။ “မင်းပြောချင်တာ သူ့ကလေးလား … ”


လင်းလော့ချင် ခေါင်းညှိတ်လိုက်သည်။ “အဲဒါကြောင့် သူမက သတ်ချင်ခဲ့တာပဲ …”


“အကယ်၍ သူ့ကလေးမဟုတ်မှန်းသိသွားရင် ငါ့အဖေက သူမကို ကွာရှင်းပြီး တတိယသခင်လေးဖန်းကိုလည်း နှင်ထုတ်လိုက်မှာပဲ … ဒါ့ကြောင့် သူမက ငါ့အဖေကို အရင်သတ်ပစ်လိုက်တာ … အမွေ ရအောင်လို့ပေါ့ ….” 


“အဓိပ္ပာယ်ရှိတယ် ...”


အင်တာနက်အသုံးပြုသူများကလည်း ထောက်ခံကြသည်။. {ဒါက ဖြစ်နိုင်ချေရှိတယ် … }


{ချင်းချင်းနဲ့ ဉက္ကဌကျိရဲ့ အတွေးအခေါ်က အရမ်းစနစ်ကျတာပဲ ...}


{အမှန်ပဲ … သူတို့နှစ်ယောက်က လျှို့ဝှက်ကုတ်ကိုလည်း ရှာတွေ့ခဲ့တယ် ...}


{ဟားဟားဟား … ဉက္ကဌကျိရဲ့ သရုပ်ဆောင်မှုက နည်းနည်းဆိုးဝါးတယ်လို့ ငါထင်ခဲ့တာ … ပုံမှန်ဆို သူက အချိုကျွေးတာနဲ့ စနောက်တာပဲ လုပ်နေတာလေ … ဒါပေမယ့် အရေးကြီးတဲ့အချိန်ကျ အားကိုးလို့ရသားပဲ …


{ဒါက စိတ်ဝင်စားဖို့ကောင်းတယ် …}


{တကယ်စိတ်ဝင်စားဖို့ကောင်းတာ … မဟုတ်ရင် သူတို့နှစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ပေါ်ပြူလာအဖြစ်ဆုံး နေရာကို ဒီလောက်မြန်မြန် ဘယ်ရောက်လာပါ့မလဲ … ပြီးတော့ သူတို့က ရှာဖွေမှုထိပ်ဆုံးကိုတောင် ရောက်သွားကြသေးတယ် … ဒါက စိတ်ဝင်စားစရာ မကောင်းဘူးလား … တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကတော့ နောက်ကောက်ကျ ကျန်ခဲ့ပြီပဲ …}


{မြန်မြန် …}


စာပင်မဆုံးလိုက်၊ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြီးမားသော လှည့်ကွက်တစ်ခုက အင်တာနက်အသုံးပြုသူများကို စိတ်လှုပ်ရှား၍ အိပ်မရစေရန် လုပ်လာပြန်သည်။ 


ဖာ့ခ် … ဘာလို့ အဲဒီ့မှာ လူအများကြီးရှိနေတာလဲ … ငါလည်းဝင်ချင်တယ်လို့ …