Chapter 313
[? ? ? ? ? ? ? ]
[! ! ! ! ! ! ]
[ဖာ့ခ်! !ဒါကဘယ်လို အခြေအနေလဲ ? စစချင်း စေ့စပ်ကြောင်းလမ်းတယ်လို့ ဘာလို့ ကြားလိုက်ရတာလဲ ! ! ]
[ဘယ်သူကစေ့စပ်တာလဲ...ဘယ်သူနဲ့ စေ့စပ်တာလဲ]
[အိုးမိုင်းဂေါ့... ငါ ဘာကိုမြင်နေရတာလဲ...လင်းလော့ချင်း မိန်းကလေးလိုဝတ်ထားတာ ! !ဘုရားရေ မိန်းကလေးလိုဝတ်ထားတဲ့လော့ချင်းက ဒီလောက် ကြည့်ကောင်းတာလား!]
[အာာားးးး...အလှလေးချင်းချင်း...မိန်းကလေးလိုဝတ်ထားတဲ့ ချင်းချင်းက ငါကို သတ်နေတယ်]
[ဘာလို့ စကတ် မဟုတ်တာလဲရှိူးအဖွဲ့ရေ...သူစကတ်သေးသေးလေးဝတ်ထားတာကို ငါမြင်ချင်တယ်လေ]
[ဆံပင်ရှည်နဲ့ အလှလေးကိုငါချစ်တယ်...ကောကော ငါ့ကိုကြည့်ပါ! !]
[ဝူးဝူးဝူး ချင်းချင်းက အရမ်းလှတယ်... ငါ အရူးလို စခရင်ရှော့တွေ ရိုက်ခဲ့တယ်... နောက်တစ်ခါ ချင်းချင်း cross–dressingဘော့စ်ဇာတ်ရုပ်စမ်းကြည့်သင့်တယ်]
[ဒါဆို လင်းလော့ချင်းခေါ်လာတဲ့ ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းကို ဂရုစိုက်တဲ့သူက ငါတစ်ယောက်ထဲလား]
[ငါရောပဲ...စုန့်ရှို့ဝမ်နဲ့ကျိုက်ထင်လန်က အချစ်ဆုံးသူငယ်ချင်းတွေ...ဖန်းဖေးကျယ်နဲ့ ချမ်ယုံအန်းတို့ကကျ အတူတူအလုပ်တွဲလုပ်ခဲ့ကြတယ်...ကျိသခင်လေးတစ်ယောက်ပဲ ကျန်တော့တယ်]
[ကျိသခင်လေးက ချောလိုက်တာ...ကျိသခင်လေးကို လင်းလော့ချင်းခေါ်လာတာလား]
[ဖာ့ခ်...ဖျော်ဖြေရေးလောကမှာ ဒီလောက်ချောတဲ့ကောင်လေးရှိတယ်ပေါ့... ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး]
[ကျိသခင်လေးက အရမ်းနူးညံ့တာကို သတိထားမိတဲ့သူက ငါတစ်ယောက်ထဲလား...ချင်းချင်းကို လိမ္မော်သီး အခွံခွာပြီး လိမ္မော်သီးပေါ်က အဖြူရောင်အမျှင်တွေကိုပါ ဖယ်ပေးခဲ့တယ်...ဂရုစိုက်တတ်လိုက်တာ...ဝူးဝူး ငါ့ကောင်လေးတောင် ဒီလို မလုပ်နိုင်ဘူး!]
[ဒါဆို ဒီသခင်လေးက ဘယ်သူလဲ... ငါတို့ကရွာက အင်တာနက်လိုင်း ချိတ်ထားတယ်မဟုတ်ဘူးလား... ဒီကျိသခင်လေးကို ငါ ဘာလို့ မသိရတာလဲ]
[သူ့ကို ငါလည်းမသိဘူး...မဖြစ်သင့်ဘူး...သူက ဒီလောက်ချောတာ... သူ့ပါတဲ့အခန်းကို မြင်ရင် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...သူက မင်းသားမဟုတ်ဘူးလား]
[သူက ဘယ်လိုလုပ်မင်းသားမဟုတ်ရတာလဲ...သူ့ရုပ်သူ့ရည်နဲ့ အပျော်တမ်းဖြစ်နေတုန်းပဲလား!]
[သုံးမိနစ်အတွင်း ငါကျိသခင်လေးနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို လိုချင်တယ်]
[အစီရင်ခံစာ! တရားဝင်ဘလော့ဂ်က Weibo မှာ တင်ထားတယ်...ကျိသခင်လေးက တကယ်ကို အပျော်တမ်း...ပြီးတော့ သူက လင်းလော့ချင်းရဲ့ အပျော်တမ်း သူငယ်ချင်းကောင်း... သူ့နာမည် အပြည့်အစုံက ကျိယွီရှောင်...အသေးစိတ် အချက်အလက်တွေအတွက် တရားဝင် ဘလော့ဂ်သို့ သွားပါ]
[? ? ? သူကတကယ်အပျော်တမ်းသမားပေါ့...ဘုရားရေ ကျိသခင်လေးဖျော်ဖြေရေးနယ်ပယ်ထဲဝင်ချင်လား]
[ကျိသခင်လေးရဲ့မျက်နှာနဲ့ ဖျော်ဖြေရေးနယ်ပယ်ကို မသွားရင် ဖျော်ဖြေရေးနယ်ပယ်အတွက် တကယ်ကို ဆုံးရှုံးမှုတစ်ခုပဲ]
အင်တာနက်အသုံးပြုသူများက မှတ်ချက်များတင်ရင်း တရားဝင် Weibo အကောင့်ကို ဖွင့်ခဲ့သည်။
တောက်ပသောတနင်္ဂနွေV: [ဆွေမျိုးလား သူငယ်ချင်းလားဆိုတဲ့လျှို့ဝှက်ချက်ကို အဖြေပေါ်ထွက်လာပါပြီ...ဒီအပိုင်းမှာ @လင်းလော့ချင်း ခေါ်လာတဲသူက အနုပညာလောအပြင်ဘက်က သူ့သူငယ်ချင်းကျိယွီရှောင်ပါနော်...ကိုယ်ခန့်မှန်းတာမှန်ရဲ့လား]
မှတ်ချက်ဧရိယာတွင် တစ်ခုပြီးတစ်ခု အကြောင်းပြန်ကြသည်။
[ဒါကို ငါတို့က ခန့်မှန်းနိုင်ပါ့မလား??]
[အဲဒါ ကျန်ကောလည်း မဟုတ်ဘူး... ငါ လက်မခံဘူး! ငါ့ကဗျာဆန်တဲ့ခံစားချက် cp လေး ဝူးဝူး]
[ကျန်းကောကို အနိုင်ယူနိုင်တဲ့ တစ်ဦးတည်းသော သူကချင်ကျဲလို့ ထင်ခဲ့တာ...ဒါပေမဲ့ ဒီ ကျိယွီရှောင် ဖြစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး]
[ကျိယွီရှောင်က ဘယ်သူလဲ...လော့ချင်း သူ့ကို အရင်ကပြောဖူးလား]
[ဒါပေမဲ့ ကျိယွီရှောင်က တကယ်ချောတယ်လို့ပြောရမယ် ! ! ! ကောချောလေးတွေက ကောင်ချောလေးတွေနဲ့ပဲ ကစားကြတာလား...အနုပညာလောကအပြင်က သူငယ်ချင်းကလည်း အရမ်းချောတယ်]
[မဟုတ်ဘူး... ကျိယွီရှောင်ရဲ့ Weibo ကို နှိပ်ပြီး သူ့ရဲ့မှန်ကန်ကြောင်းထောက်ခံချက်ကို တွေ့တာ ငါတစ်ယောက်ထဲလား]
[ကျိအုပ်စုရဲ့ အထွေထွေမန်နေဂျာ(GM)... အားးး...ဥက္ကဋ္ဌကျိက ချင်းချင်းနဲ့ကစားဖို့ အလုပ်များနေတဲ့ကြားက အချိန်ဖဲ့ပေးခဲ့တာလား]
[အချိန်ဖဲ့ပေးတယ်ဆိုတာကိုဖယ်လိုက်...ငါကတော့ တကူးတကလို့ထင်တယ် [ခွေးခေါင်း] ]
[ဒါဆို သူက တကယ် ကျိအုပ်စုရဲ့ အထွေထွေမန်နေဂျာလား...အတည်ကြီးလား?]
အင်တာနက်သုံးစွဲသူများက ကျိယွီရှောင်၏ Weibo သို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ကာ သူ၏အထောက်အထားကို အတည်ပြုခဲ့ကြသည်။
လူအချို့က မှတ်ချက်ဘားခန်းတွင် တိုက်ရိုက်မေးသည်။
[ကျိသခင်လေးက ကျိအုပ်စုရဲ့ အထွေထွေမန်နေဂျာလား... ဇာတ်ညွှန်းရဲ့ အကြောင်းအရာကို ပြောနေတာမဟုတ်ဘူး... သူ့ရဲ့ အစစ်အမှန်အထောက်အထားကို ပြောတာပါ]
[အမ်? ? ? ? ဘာကိုဆိုလိုတာလဲ]
[တရားဝင်ဘလော့ဂ်ကို သွားကြည့်... တရားဝင်ဘလော့ဂ်မှာ အကောင့်ကို ကျိအုပ်စုရဲ့ အထွေထွေမန်နေဂျာအဖြစ် အသိအမှတ်ပြုထားတယ်]
[ဖာခ့်! ! !သူ ဒီလောက်မိုက်တယ်လား?]
[ကျိသခင်လေးက သာမန်မဟုတ်ဘူးလို့ ငါပြောဖူးတယ်... သူ ပေါ် လာတာနဲ့ သူက သာမာန်မဟုတ်မှန်း ငါပြောနိုင်တယ်]
[ ရိုးရိုးသားသားပြောရရင် သူ့ကြည့်ရတာ အရမ်းအဆင့်အတန်းမြင့်တဲ့ပုံပေါက်တယ်]
[တချို့လူတွေက အရမ်းရယ်ရတယ်...သူက ကျိအုပ်စုရဲ့ အထွေထွေမန်နေဂျာလို့ပြောတာနဲ့ သူက သာမန်မဟုတ်ဘူးလို့ ချက်ချင်းပြောကြတယ်... ဒါက ဖော်လံဖားလွန်းတယ်မဟုတ်လား]
[မှန်တယ် ဘယ်သူသိမှာလဲ... အမှန်မဟုတ်ရင် ရှက်စရာမဟုတ်ဘူးလား]
[အသိအမှတ်ပြုထားတာလေ အတုဖြစ်နိုင်ပါ့မလား]
[လင်းလော့ချင်းရဲ့ လက်ရှိ အနေအထားအရ ကျိအုပ်စုရဲ့ အထွေထွေမန်နေဂျာကို သူသိတာက ပုံမှန်ပဲ]
[ဒါဆို ကျိအုပ်စုရဲ့တရားဝင် Weibo က သူ့ရဲ့ Weibo ကို retweet လုပ်ဖူးလား... ဘယ်အထွေထွေမန်နေဂျာက ဒီလောက် အားယားနေမှာလဲ]
[အဲဒါတော့ဟုတယ်... အခုခေတ်မှာ လူတွေက ဘာမဆို ဟန်ဆောင်နိုင်ကြတယ်]
ဝူရှင်းယွမ်:" ......"
ဝူရှင်းယွမ် ဤကိစ္စလေးကို သူတို့ငြင်းခုံနေကြလိမ့်မည်ဟု မထင်ခဲ့ပေ။
သူက ကျိယွီရှောင်ကို ကြည့်လိုက်ပြီး နောက်ကျ သူ့ကို လာရှာမည်ဟု ပါးနပ်စွာ အရိပ်အမြွက်ပြောခဲ့သည်။
မည်သို့ပင်ဖြစ်စေ အေးဂျင့်တစ်ယောက်အနေဖြင့် ကျိယွီရှောင်၏ Weibo ကို ပြန်လည်မျှဝေရန် ကျိအုပ်သု၏တရားဝင်Weiboကို ခိုင်း၍မရပါချေ။ကျိယွီရှောင် ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးရမည်ဖြစ်သည်။
သို့သော် လူအချို့က ၎င်းကို သံသယရှိသော်လည်း လူများစွာက ၎င်းကို ယုံကြည်ဆဲဖြစ်ပြီး သူတို့သည် ၎င်းကို တက်ကြွစွာ ဆွေးနွေးနေကြဆဲဖြစ်သည်။
[ဥက္ကဋ္ဌကျိကကုမ္ပဏီမှာ အလုပ်များနေတာမဟုတ်ဘူးလား...ဒီမှာ ဘာလုပ်နေတာလဲ]
[ဟားဟားဟား...ဒါက အသိသာကြီးမဟုတ်ဘူးလား...ချင်းချင်းကိုအဖော်ပြုဖို့ပေါ့ [ရယ်စရာ]]
[ဖာ့ခ်...ဦနှောက်မရှိတဲ့ဖန်တွေကမခေါ်ဘဲရောက်လာပြန်ပြီ...ငါစိတ်ကုန်နေပြီ]
[ဘော့စ်×ကြယ်ပွင့်... ဂန္ထဝင် CP ပေါင်းစပ်မှုနော်]
[အားးး ကျယ်မေ့တို့ရေ...ငါ နားလည်ပြီ...ကျန်းကောရဲ့ လက်ခံစကားက ကဗျာဆန်တဲ့ခံစားချက် cpဖန်တွေ အများကြီးကို မွေးထုတ်ပေးခဲ့တယ်မလား... ဒါကြောင့် ဥက္ကဋ္ဌကျိက မနာလိုဖြစ်ပြီး လော့ချင်းကို သူ့ကို ဒီရသစုံရှိူးကို ခေါ်လာခိုင်းတယ်]
[ဘုရားရေ...ငါတော့အနံ့ရနေပြီ]
[ပြောစရာတစ်ခုက ဒီလိုရသစုံရှိုးမျိုးက အနုပညာလောကထဲကလူတွေအတွက် တကယ်ကို ပိုသင့်တော်တယ်မဟုတ်လား...ဒါကို ဥက္ကဋ္ဌကျိလိုအပြင်ကလူက... သေချာလေး အာရုံခံစားကြည့်]
[ဘယ်သူ ရွှက်လွှင့်လဲ...ငါလွှင့်တယ်... ဝူးဝူးဝူး လုံးဝလိုက်တယ်]
[စစချင်း ဥက္ကဋ္ဌကျိက လော့ချင်းအတွက် လိမ္မော်သီးကို ဘယ်လို အခွံခွာပြီး လိမ္မော်သီးပေါ်က အဖြူရောင် အမျှင်တွေကိုတောင် ဖယ်လိုက်တယ် ဆိုတာ စဉ်းစားကြည့်လိုက်]
[အရမ်းချိုတယ် အရမ်းချိုတယ် အရမ်းချိုတယ်...လိမ္မော်သီးရဲ့ ချိုမြိန်မှုကို ငါခံစားနိုင်နေပြီ]
ထုံးစံအတိုင်း၊ လင်းလော့ချင်း နှင့် အခြားသူများသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ဘားတန်းကို မမြင်နိုင်ဘဲ ဇာတ်ကြောင်းအရ အလေးအနက် ပြောဆိုနေကြဆဲဖြစ်သည်။
စကားစမြည်ပြောနေစဉ်တွင် စွန်းလျန့်၏ အော်သံကို သူတို့ကြားလိုက်ရသည်။
"ဘာဖြစ်နေတာလဲ"
စုန့်ရှို့ဝမ်က အံ့သြစွာမေးလိုက်သည်။
"ဟုတ်တယ်... ဘာဖြစ်တာလဲ"
လင်းလော့ချင်းကလည်း သံယောင်လိုက်သည်။
လျှိုယာမင်က မတ်တပ်ထရပ်လိုက်သည်။
"အသံက အိမ်တော်ထိန်းရဲ့ အသံနဲ့တူတယ်... ငါသွားကြည့်လိုက်ဦးမယ်"
မတ်တပ်ထရပ်လိုက်သည်နှင့် စွန်းလျန့် ပြေးလာသည်ကို သူမတွေ့လိုက်ရသည်။
"မကောင်းတော့ဘူး... မကောင်းတော့ဘူး... သခင်သေသွားပြီ"
အားလုံး အံ့ဩသွားကြသည်။
စွန်းလျန့်က မလှမ်းမကမ်းကို လက်ညှိုးထိုးပြပြီးဆိုသည်။
"စာကြည့်ခန်းထဲမှာ ...သွားကြည့်သင့်ပါတယ်"
၎င်းကိုမြင်တော့ လျှိုယာမင်က စာကြည့်ခန်းဆီသို့ လျှောက်သွားသည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး ကျိယွီရှောင်နှင့်အတူ လျှောက်သွားလိုက်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ကျိယွီရှောင်က သူ့ကိုယ်သူ ဟာသပြောသည်။
"အခုအဖေက ဒီလိုမျိုးဖြစ်သွားတော့ ဒီည စေ့စပ်ပွဲကျင်းပဦးမှာလား"
လင်းလော့ချင်း:'ငါ့အဖေက သေပြီ... မင်းက စေ့စပ်ပွဲကိုပဲ ဂရုစိုက်နေသေးတာလား'
သူက ကျိယွီရှောင်ကို တစ်ချက်ကြည့်လိုက်သည်။
"ဒါက အခု ဦးစားပေးရမဲ့ဟာလား"
"တခြားဘာရှိသေးလို့လဲ..."
ကျိယွီရှောင်က အပြစ်ကင်းသည့်ဟန်ရှိနေသည်။
"အဖေ့ကို သတ်တဲ့သူကို စုံစမ်းဖို့ပဲပေါ့"
"ငါတို့သိပြီးတာနဲ့ စေ့စပ်ပွဲကို ဆက်လုပ်လို့ရမလား"
လင်းလော့ချင်း :"? ? ? ?"
"မင်းက စေ့စပ်ဖို့ကိစ္စကိုပဲ ဘာလို့ ခေါင်းထဲရှိနေတာလဲ"
ကျိယွီရှောင်က ယုံကြည်မှုရှိရှိဆိုသည်။ "ငါတို့က စေ့စပ်ပွဲအတွက် ဒီမှာစုနေတာပဲမဟုတ်ဘူးလား...သတို့သားတစ်ယောက်အနေနဲ့ စေ့စပ်ပွဲကိုဂရုမစိုက်လို့ ဘာကိုဂရုစိုက်ရမှာလဲ"
လင်းလော့ချင်း:"......"
မှတ်ချက်ဘားတန်းမှာ ကျယ်လောင်စွာ ရယ်မောကြသည်။
[မင်းယောက္ခမ သေဆုံးရတဲ့ အကြောင်းရင်းကို ဂရုစိုက်ရမှာပေါ့ဟ!]
[ဟားဟားဟား...ဥက္ကဋ္ဌကျိက စေ့စပ်ပဲ စေ့စပ်ချင်တာ]
[သူတို့က လက်မထပ်သေးဘူးလေ ... ဘာလို့ သတို့သားဖြစ်ရတာလဲ? ငါအမေက ဒီကိုယ့်ဘာကိုယ်ပေးတဲ့ဘွဲ့ကို သဘောမတူဘူး]
[အမေသဘောတူတယ်... အမေသဘောတူတယ်...အမေက ရှင်းရှင်းလင်းလင်း သဘောတူတယ်]
[ဥက္ကဋ္ဌကျိ...လာရင်းရည်ရွယ်ချက်ကို မှတ်မိသေးလား]
[ဥက္ကဋ္ဌကျိက လော့ချင်းကို ကြိုက်တယ်လို့ပဲ ပြောပါရစေ...သုံးကြောင်းလုံးက စေ့စပ်ကြောင်းလမ်းဖို့ချည်းပဲ... စေ့စပ်ချင်တဲ့သူကတော့ ကျိသခင်လေး မဟုတ်ဘူး ဥက္ကဋ္ဌကျိ [ရယ်]]
[အရမ်းကောင်းတယ် ...စေ့စပ်ဖို့ပဲစိတ်ထဲရှိတဲ့ကျိသခင်လေးကို အရင်ဆုံးစာရင်းထဲကပယ်ရအောင်]
သူတို့စကားပြောနေရင်း စာကြည့်ခန်းထဲကို ရောက်သွားသည်။
စာကြည့်ခန်းထဲမှာ လူရုပ်ပုံစံငယ်တစ်ခုက ရင်ဘတ်မှာ ဓားတန်းလန်းနှင့် ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး ယင်းက သေစေလောက်သော ဒဏ်ရာတစ်ခုဖြစ်ကြောင်း သိသာထင်ရှား၏။
"စစ်ဆေးကြည့်တော့ သေဆုံးသူက ၁၂ နာရီကနေ ၁ နာရီကြားသေဆုံးသွားတာပါ... အိမ်အကူကို မေးကြည့်တော့ အခုအချိန်မှာ အိမ်မှာ ခင်ဗျားတို့ပဲ ရှိတာဆိုတော့ လူသတ်သမားက ခင်ဗျားတို့ကြားထဲမှာ ပါနေတယ်...ကျွန်တော်က ဒီနေ့ရဲ့ စုံထောက်ပါ.."
"ကောင်းပြီ"
လျှိုယာမင်က အလွန်ပူးပေါင်းပေးစွာဖြင့်လက်ခုပ်တီးသည်။
"စုံထောက်အဖြစ် ရာထူးတိုးသွားတဲ့အတွက် အိမ်တော်ထိန်းကို ဂုဏ်ပြုပါတယ်"
"ဒါဆို အချိန်စာရင်းရှင်းဖို့ ဧည့်ခန်းကို သွားကြရအောင်"
စကားဆုံးသောအခါ စွန်းလျန့်က လူတိုင်းကို ဧည့်ခန်းဆီသို့ ခေါ်သွားခဲ့သည်။
လင်းလော့ချင်း နှင့် ကျိယွီရှောင် တို့က ၎င်းတို့၏ မူလနေရာ၌ ပြန်ထိုင်ကြသည်။သူတို့က ဘောပင်နှင့် စာရွက်များကို ကိုင်ကာ လျှိုယာမင်၏ ကိုယ့်ကိုကိုယ်မိတ်ဆက်စကားများကို စတင်နားထောင်ခဲ့သည်။
"ငါက သခင်မလျှိုပါ... ကျွန်မက ဒီအိမ်ကြီးရဲ့ အိမ်ရှင်မဖြစ်ပြီး တနည်းအားဖြင့် သခင်ရဲ့ဇနီးလည်း ဖြစ်ပါတယ်...ငါက ဒီမနက် ဧည့်စာရင်းပြုစုနေတာပါ ...ဆယ်နာရီလောက်မှာ သခင်ကို သွားတွေ့ပြီး အတည်ပြုခဲ့ပါတယ်... စာရင်းထဲက ဧည့်သည်တွေ ဒီနေ့ညဒီကိုလာမယ်ဆိုတာကိုပေါ့...ပြီးတော့ အခန်းထဲပြန်ဝင်တယ်...ဆယ့်တစ်နာရီမှာ နေ့လည်စာပြင်ဆင်ပြီးသခင့်ကိုသွားခေါ်တော့ သခင်ကဗိုက်မဆာဘူးလို့ပြောတယ်...ငါတို့ကိုအရင်ထမင်းစားနှင့်လိုက်တဲ့...အဲဒါနဲ့ ငါဂရုမစိုက်တော့ဘူး...နေ့လယ်စာစားပြီး ဆယ့်နှစ်နာရီမှာ တစ်ရေးအိပ်ဖို့အခန်မှထဲပြန်သွားတယ်...ခုနကနိုးပြီး အောက်ထပ်ကိုဆင်းပြီးဧည့်သည်တွေကို ဧည့်ခံနေတာ"
လင်းလော့ချင်းက ခေါင်းညိတ်လိုက်ပြီး စွန်းလျန့်မင်ပြောသည်ကိုကြားလိုက်ရသည်။
"နောက်တစ်ယောက်ကတော့ မိန်းမလှလေးလင်း"
မှန်ချက်ဘားတန်းက ချက်ချင်း ပိုထူလာသည်-
[မိန်းမလှလေးလင်း...အဲဒါ ချင်းချင်းလား]
[ဟားဟားဟား... အဲဒါ ငါတို့ ချင်းချင်းပဲ... ဇာတ်ဝင်ခန်းထဲမှာ လင်းမျိုးရိုးနဲ့ တခြားတစ်ယောက်မှ မရှိဘူး]
[သေချာတယ်၊...ပရိုဂရမ်အဖွဲ့ကတောင်မှ ငါတို့ရဲ့ ချင်းချင်းကို အလှလေးလို့ ထင်နေကြတာ ~~~ချင်းချင်းက အလှဆုံးပဲ!]
[ဒီနေ့ ချင်းချင်းက အရမ်းလှတယ် အရမ်းကြိုက်တယ်]
လင်းလော့ချင်းက လည်ချောင်းရှင်းလိုက်သည်။
"ကျွန်မက မိန်းမလှလေးလင်းပါ... ကျွန်မရဲ့ စေ့စပ်ထားသူ ပြောတဲ့အတိုင်း ဒီနေ့က စေ့စပ်ဖို့ကောင်းတဲ့နေ့မို့ ဒီနေ့ ကိုးနာရီလောက်မှာ ကျွန်မအိပ်ရာက ထပြီး ဖြီးလိမ်းပြင်ဆင်တယ်... ဆယ်နာရီကျော်လောက်မှာ ကျွန်မသူငယ်ချင်း စာရင်းကိုင်ကျိုက် ရောက်လာတယ်...ဒါကြောင့် ကျွန်မ အောက်ထပ်ကိုဆင်းခဲ့တယ်... ပြီးတော့ ကျွန်မရဲ့စေ့စပ်ထားသူ ကျိသခင်လေးနဲ့ သူ့သူငယ်ချင်း ပရိုဂရမ်မာချမ်တို့လည်း ရောက်လာတယ်...ကျွန်မတို့ ခဏလောက် စကားစမြည်ပြောကြတယ်... ဆယ့်တစ်နာရီလောက်မှာ အားလုံးနဲ့နေ့လည်စာစားတယ်... ကျွန်မပြန်သွားတော့ ကျွန်မအခန်းထဲမှာ ခဏနားပြီး တစ်ရေးတမောအိပ်တယ်...1:30 လောက်မှာတော့ ကျိသခင်လေးက ကျွန်မကိုလာရှာလို့ အောက်ထပ်ကိုဆင်းသွားတယ်...အဲဒီအချိန်မှာ အခန်းထဲမှာ ပရိုဂရမ်မာချမ် နဲ့ ကျွန်မညီမလေး ဒုတိယသခင်မလေးစုန့်တို့ပဲရှိတယ်... ခဏလောက် စကားစမြည်ပြောပြီးတဲ့နောကိ ကျွန်မမောင်လေး တတိယသခင်လေးဖန်း အောက်ထပ်ကို ဆင်းလာခဲ့တယ်"
"ကောင်းပြီ... နောက်တစ်ယောက်ကတော့ ကျိသခင်လေး"
ကျိယွီရှောင်က ချောင်းဟန့်လိုက်ပြီး လင်းလော့ချင်း၏ ပုခုံးတွေကို သိုင်းဖက်လိုက်သည်။
လင်းလော့ချင်း :" ? ? ? ?"
မှတ်ချက်ဘားတန်း: [သူ ရွှေ့လိုက်ပြီ... မျှော်လင့်ထားတဲ့အတိုင်း သူတိတ်တိတ်လေးအကွက်ရွှေ့လိုက်ပြီ]
[အာ ဒီဟာက... ငါတကယ် မစားချင်ပါဘူး ...ဒါပေမဲ့ သူက ငါ့ပါးစပ်ထဲကို သကြားလုံးထည့်ပေးလာတော့ ငါဘယ်လိုလုပ်မစားဘဲနေရမှာလဲ]
[ဒါပေမဲ့ အဖြောင့်တွေ အချင်းချင်း ပခုံးဖက်တာက ပုံမှန်ပဲလေ...ဥက္ကဋ္ဌကျိက ချင်းချင်းကို သူငယ်ချင်းကောင်းနဲ့ ညီလေးတစ်ယောက်အနေနဲ့ ဆက်ဆံတာနေမှာပါ]
[ဒါပဲ... အဖြောင့်တွေကသာ ဒီလောက် ပြောင်ပြောင်တင်းတင်း ပေါ့ပေါ့ပါးပါး လုပ်ကြလိမ့်မယ်လို့ ငါခံစားရတယ်... တကယ်လို့ တစ်ခုခု ရှိရင် သူတို့ ဒီလောက် ဂရုမစိုက်ဘဲမနေမှာ သေချာတယ်]
[ဒါပေမဲ့ ချမ်ယုံအန်းနဲ့ ဖန်းဖေးကျယ်ကကျ ဒီလိုမဟုတ်ဘူးမလား]
[အဲဒါက ဇာတ်ညွှန်းဆက်တင်ထဲမှာ သူတို့က မရင်းနှီးတာကြောင့် ဖြစ်နိုင်တယ်]
[ငါတော့ ဂရုမစိုက်ပါဘူး... ချိုတယ်ပဲထင်တယ် ဟီးဟီး]
[ငါ အစပ်ချောင်းတစ်ချောင်းလောင်းတယ်... ဥက္ကဋ္ဌကျိက တခြားအကွက်တွေလည်းရွှေ့လိမ့်မယ်...ပုခုံးဖက်ရုံတင်မဖြစ်နိုင်ဘူး [ခွေးခေါင်း]]
[+1+1[တိတ်တိတ်လေးလေ့လာ.jpg]]
ကျိယွီရှောင်က သူ့ကိုဖက်လိုက်ပြီး
ခပ်အေးအေးဆိုသည်။
"ကျွန်တော်က ကျိအိမ်ခြံမြေရဲ့ ပိုင်ရှင် သခင်လေးကျိပါ... ကျွန်တော်က မိန်းမလှလေးလင်းရဲ့ စေ့စပ်ထားသူလည်း ဖြစ်ပါတယ်... ဒီမနက် 10:30 လောက်မှာ ကျွန်တော့်သူငယ်ချင်း ပရိုဂရမ်မာချမ်နဲ့အတူ ဒီကိုရောက်လာခဲ့တယ်... ပန်းပွင့်လေးလို လှပ၊ ကျောက်စိမ်းလိုအဖိုးတန် ဘယ်သူမှမမီအောင် ကျက်သရေရှိလှ ကျော့ရှင်းလှတဲ့ ကျွန်တော့်ရဲ့ စေ့စပ်ထားသူ မိန်းမလှလေးလင်းကို လာကြည့်တာပါ"
သူပြောပြီး လင်းလော့ချင်းကို ပြုံးပြလိုက်သည်။
လင်းလော့ချင်း သူ၏ လေးလုံးတွဲစကားကြောင့် အနိုင်ယူခံလိုက်ရပြီး မျက်နှာ အနည်းငယ်နီလာသည်။
"လိုရင်းကိုပဲပြော"
"ဒါကလည်း လိုရင်းပဲလေ"
ကျိယွီရှောင်က ပြုံးလိုက်သည်။
[ဟာဟားဟား... ငါပြောပါရစေ ဥက္ကဋ္ဌကျိရဲ့နှလုံးသားထဲမှာ စေ့စပ်ပွဲပဲရှိတယ်]
[နောက်တစ်ယောက်က နောက်တစ်ယောက်... ဥက္ကဋ္ဌကျိက အချစ်ထဲမှာပျော်ဝင်လွန်းနေပြီ]
[ကျိသခင်လေးကို နောက်ထပ် ထပ်ပြီးပယ်လိုက်ပါပြီ]
[ဒါပေမဲ့ ဥက္ကဋ္ဌကျိရဲ့ လေးလုံးတွဲ အသုံးအနှုန်းက ကောင်းကောင်းသုံးထားလို့ သဘောကျတယ်]
[ငါလည်း သဘောကျတယ်]
"ပြီးတော့ ချင်းချင်း ပြောသလိုပဲ...ကျွန်တော်တို့ ခဏလောက် စကားစမြည်ပြောကြတယ်... ဆယ့်တစ်နာရီလောက်မှာ ကျွန်တော်တို့အားလုံး နေ့လယ်စာအတူစားကြပြီး နေ့လယ်ခင်းတစ်ရေးအိပ်ဖို့ အခန်းထဲပြန်ဝင်ခဲ့တယ်... တစ်နာရီလောက်မှာ အိပ်ယာကထ၊ သပ်ရပ်အောင်လုပ် အပေါ်တက်ပြီး ချင်းချင်းဆီသွားတယ်...ညစာအတွက်ဆွေးနွေးမယ်အလုပ်မှာ ဧည့်ခန်းကို လှမ်းကြည့်လိုက်တော့ သူငယ်ချင်း ပရိုဂရမ်မာချမ်နဲ့ ချင်းချင်းရဲ့ ညီမ ဒုတိယသခင်မလေးစုန့်ကိုတွေ့တယ်... အားလုံး ခဏလောက် စကားစမြည်ပြောပြီးတဲ့အခါ ချင်းလျင်းရဲ့ မောင်လေး တတိယသခင်လေးဖန်း အောက်ထပ်ကို ဆင်းလာတယ်... အဲဒီတုန်းက လက်ပတ်နာရီကို ကြည့်လိုက်တော့ ငါးနာရီထိုးခါနီးနေပြီ"
"ဒါဆို မင်းနဲ့ မိန်းမလှလေးလင်းရဲ့ အချိန်တွေက အများအားဖြင့် ထပ်နေတာပဲ မဟုတ်လား"
စွန်းလျန့်က မေးသည်။
"ဟုတ်တယ်...ကျွန်တော်တို့က သိပ်ချစ်ကြတဲ့ လက်မထပ်ရသေးတဲ့ စုံတွဲလေ"
ကျိယွီရှောင်ကပြောပြီး လင်းလော့ချင်းကို တစ်ချက်ကြည့်လိုက်သည်။
လင်းလော့ချင်း:...
လင်းလော့ချင်း သူ့နဖူးကိုကိုင်ကာ "နောက်တစ်ယောက်" ဟုပြောလိုက်သည်။
အင်တာနက်သုံးစွဲသူတွေက ရယ်သည်။
[ဒါဘာလဲ? ငါ့စေ့စပ်ထားသူက ငါ့ကို သိပ်ချစ်ရင် ဘာလုပ်ရမလဲဆိုတာလား]
[ဟားဟား ငါ့စေ့စပ်ထားသူက အရမ်းချိုမြိန်လွန်းနေရင် ဘာလုပ်ရမလဲ ! ]
[ငါ့စေ့စပ်ထားသူက တွယ်ကပ်လွန်းနေရင် ဘာလုပ်ရမလဲ!]
[ငါ့စေ့စပ်ထားသူက ငါ့ကို အမြဲကြည့်နေရင် ဘာလုပ်ရမလဲ !]
[ကျိသခင်လေးက ဒရာမာထဲကို ဝင်လွန်းနေပြီ]
[အဲဒါ အမှန်မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ်သိလဲ[ရယ်စရာ]]
[ဟီးဟီးဟီးဟီး... အရမ်းချိုပြီးအရသာရှိတယ်]
သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် စွန်းလျန့်က ဧည့်သည်များကို အုပ်စုနှစ်စုခွဲလိုက်သည်။ အထောက်အထားစုဆောင်းရန်အတွက် ပြင်ဆင်ရန် သူနှင့် လျှိုယာမင်တို့က အဖွဲ့တစ်ဖွဲ့စီ ဦးဆောင်ခဲ့ကြသည်။
ကျိယွီရှောင်က သက်သေမစုဆောင်းမီ ဆယ်မိနစ်ခန့်အနားပေးခြင်းကို အခွင့်ကောင်းယူကာ ဝူရှင်းယွမ်ထံ လျှောက်သွား၍မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ"
ဝူရှင်းယွမ်က သူ့ကိုကြည့်ကာ တိုးတိုးလေးပြောသည်။
"ဘော့စ်... အဖွဲ့ရဲ့တရားဝင် Weiboအကောင့်ကို ဘော့စ်ကိုလိုက်ခ်လုပ်ခိုင်းပါလား... ဘော့စ်ရဲ့အသိအမှတ်ပြုလက်မှတ်က အစစ်လား အတုလားဆိုပြီး အင်တာနက်သုံးစွဲသူတွေက ငြင်းခုံနေကြတယ်...တချို့လူတွေက ဘော့စ်က ကျိအုပ်စုရဲ့ အထွေထွေမန်နေဂျာမဟုတ်တာ သေချာတယ်လို့ ကျိန်ပြောနေကြတယ်]
ကျိယွီရှောင် : ...ဒီလိုကျိန်ပုံနဲ့ဆိုတော့ ထန်ကျားကျိလား...
ထောင်ထဲမှာ အပ်ချုပ်စက်နင်းနေမဲ့အစား အခု အင်တာနက်ထဲမှာ နစ်မြုပ်နေတာလား...
ကျိမူတောင် ဒီလို မဟုတ်တရုတ်စကား မပြောဘူး...