Chapter 324
ထမင်းစားပြီးနောက် လူတိုင်း ဆိုဖာပေါ်တွင် ထိုင်ကာ အလုပ်နှင့် ဘဝအကြောင်း ခဏတာ စကားစမြည်ပြောကြသည်။ပြောရင်းတလျှောက်မှာလည်း သတင်းတချို့ ကြားဖြတ်ဝင်ကြသည်။သူတို့မသိလိုက်ခင်မှာပဲ ၁၀း၃၀ ရှိပြီဖြစ်လေသည်။ဒါရိုက်တာက ရိုက်ကူးရေးပြီးသွားကြောင်း ကြေညာခဲ့သည်။ ထို့နောက် အားလုံး မတ်တပ်ထရပ်ကာ အနားယူအိပ်စက်ရန် အခန်းသို့ ပြန်သွားကြသည်။
လင်းလော့ချင်း သူ့အခန်းထဲပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ တံခါးခေါက်သံကြားလိုက်ရသည်။
သူလျှောက်သွားပြီး တံခါးကိုဖွင့်လိုက်သည်။အမှန်ပင် ကျိယွီရှောင်ဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
"ညဘက်မှာ အိပ်မဲ့အစား တံခါးလာခေါက်တာ ဘာသဘောလဲ"
လင်းလော့ချင်းက တံခါးဘောင်ကို ကိုင်ထားပြီး သူ့ကို ပြုံးပြုံးလေး ကြည့်နေသည်။
ကျိယွီရှောင်က ပြုံးလိုက်သည်။ "အိပ်ချိန်မဟုတ်ဘူးလား... အဲဒါကြောင့် မင်းရဲ့အခန်းတံခါးကို လာခေါက်တာလေ"
၎င်းကိုကြားသောအခါ လင်းလော့ချင်း သူ့ကို လှမ်းလိမ်ဆွဲလိုက်ရာ ကျိယွီရှောင်က သူ့လက်ကို ကိုင်လိုက်ပြီး လက်ဖဝါးကို လက်ညှိုးနှင့်ကလိထိုးလိုက်သည်။
"ကိုယ့်ကို အရင်ဝင်ခွင့်ပြုပါဦး"
လင်းလော့ချင်း သူကြောင့်ယားပြီး လက်ကို ရုတ်လိုက်သည်။ ထို့နောက်သူ့အတွက် တံခါးကို တိတ်တဆိတ် ဖွင့်ပေးလိုက်၏။
ကျိယွီရှောင် ဝင်လာသည်။
လင်းလော့ချင်း တံခါးကိုပိတ်ပြီး သူ့ကိုကြည့်လိုငအသည်။
"ဒီနေ့ အရမ်းပျော်ခဲ့လား"
"အဆင်ပြေပါတယ်...မင်းက မပျော်ဘူးလား"
"ကျိသခင်လေးလောက်တော့ ဘယ်ပျော်နိုင်မလဲ... အချစ်တို့ ပေါင်ပေ့တို့ ဇနီးလေးတို့...ငါ မလာခင်က ဘာပြောခဲ့လဲ...အရမ်းကိုတော်တာပဲနော်... ဘာမှကိုမကျန်တော့ဘူး... မင်းက ငါ့ကို အမျိုးမျိုးခေါ်တယ်"
ကျိယွီရှောင်က ရယ်ပြီး သူ့ကို အနားကပ် ပွေ့ဖက်လိုက်သည်။
"ဇာတ်ကောင် ဒီဇိုင်းနဲ့ ကိုက်ညီအောင် လုပ်ခဲ့တာလေကွာ မဟုတ်ဘူးလား"
"ယုံမယ်ထင်လား"
"ဘယ်လိုပဲဖြစ်ဖြစ် ယုံလို့ဘာမှမဖြစ်သွားဘူး... ဒါကြောင့်ယုံလိုက်"
ကျိယွီရှောင်က သူ့ကို မျက်စိမှိတ်ပြသည်။
လင်းလော့ချင်း သူ၏ ချော့မော့နေသော အပြုအမူကြောင့် ရယ်မောလိုက်သည်။
"သူများတွေ မြင်သွားမှာကို မကြောက်ဘူးလား"
"မြင်သွားလည်းဘာဖြစ်တုန်း ဝန်ခံလိုက်မယ်...ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့က တရားဝင်မှတ်ပုံတင်ပြီးသားလေ...ဘာကိုကြောက်နေရမှာလဲ"
"ဘာကို တရားဝင်လဲ"
လင်းလော့ချင်းက သူ့ကို မေးသည်။
"တရားဝင်ပြည်သူ့ရေးရာဗျူရိုကနေပေါ့~"
လင်းလော့ချင်းရယ်လိုက်သည်။ကျိယွီရှောင်က သူ့ကို တင်းကျပ်စွာ ဖက်ရန် အခွင့်အရေးယူပြီး လင်းလော့ချင်း၏နဖူးနှင့် သူ့နဖူးကို ဖိကပ်လိုက်သည်။
"ဒါပေမဲ့ ကိုယ် မင်းနဲ့ တကယ်စေ့စပ်ချင်တယ်"
လင်းလော့ချင်း၏ နှလုံးသား တခဏတွင်းချင်း ပျော့ပျောင်းသွားကာ နွေဦးအဖူးလေး၏ ၎င်း၏အကိုင်းအခက်များနှင့် အရွက်များထွက်လာသကဲ့သို့ နူးညံ့သွားသည်။
သူက မျက်လွှာကိုဖြည်းညှင်းစွာ ပင့်ပြီးတိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ ငါတို့ လက်ထပ်ပြီးနေပြီလေ"
"ဟုတ်တယ်"
ကျိယွီရှောင်က တိုးတိုးလေးပြောသည်။
"ကိုယ်တို့က လက်ထပ်ပြီးပြီ"
လင်းလော့ချင်း၏မျက်နှာ မနေနိုင်ဘဲ ပူလောင်လာရသည်။
ကျိယွီရှောင်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။မျက်လုံးများထဲမှာကား နူးညံ့မှုတို့အပြည့်နှင့်ဖြစ်လေသည်။ သူက တွေးလိုက်၏။
'ကိစ္စမရှိဘူး...ငါ လက်ထပ်ခွင့်တောင်းပြီးတာနဲ့ လော့ချင်း နဲ့ စေ့စပ်ပွဲလုပ်လို့ရတယ်'
သူတို့တွေ့ခါစက တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းမသိခဲ့ကြသလို တစ်ယောက်ကိုတစ်ယောက် မချစ်ခဲ့ကြပေ။လက်ထပ်ခြင်းဟူသည်က
စာရွက်ပေါ်က ရိုးရိုးလက်ထပ်မှတ်ပုံတင်တစ်ခုရှိရုံသာဖြစ်ပြီး အခြားဘာမှ မရှိခဲ့ပေ။
သို့သော် သူ ဤအရာအားလုံးအတွက် ပြန်လည်ပြင်ဆင်နိုင်ပါသေးသည်။
သူတို့မင်္ဂလာမဆောင်ခင်မှာ၊ သူတို့နှစ်ယောက်အတူရှိနေသည်ကို လူအများမသိခင်မှာ သူ လင်းလော့ချင်းကို ဤအရာတွေကို တစ်ခုပြီးတစ်ခု ပေး၍ရ၏။
သူက လက်ဆန့်ပြီး လင်းလော့ချင်း၏ မျက်နှာကို ပွတ်သပ်ပြီး ခေါင်းငုံ့ကာ နှုတ်ခမ်းများကို နမ်းလိုက်သည်။
လင်းလော့ချင်းက သူ့ခေါင်းကို စောင်းပြီး သူ့ကို ညင်သာစွာ ပြန်လည်နမ်းရှိုက်လာသည်။
အခန်းထဲတွင် ကင်မရာများ မရှိသလို အခြားမည်သူမျှ ရှိမနေပေ။ဤမျှလောက်သတိကပ်ထားရန် မလိုသည်နှင့် သူတို့နှစ်ယောက်တည်းရှိနေတုန်းကလို ပေါ့ပေါ့ပါးပါး တစ်ယောက်အပေါ်တစ်ယောက်ထားသည့် ချစ်မြတ်နိုးမှုများကို ဖော်ပြနိုင်သည်ကရှား၏။
နမ်းပြီးသွားသောအခါ ကျိယွီရှောင်က လင်းလော့ချင်းကို ဆွဲပွေ့ပြီး ကုတင်ဆီ လျှောက်သွားသည်။
လင်းလော့ချင်း အံ့သြသွားသည်။
"ဒီည ဒီမှာ အိပ်ဖို့ တကယ် စိတ်ကူးရှိနေတာတော့မဟုတ်ပါဘူးနော်"
ကျိယွီရှောင်က သူ့ကို တမင်တကာစလိုက်သည်။
"ကိုယ်မင်းနဲ့အိပ်ဖို့ တကယ်စိတ်ကူးရှိနေရင် ဘာဖြစ်လို့လဲ"
လင်းလော့ချင်း:"???"
"အတည်ပြောနေတာလား"
ကျိယွီရှောင်က လင်းလော့ချင်းကို ပွေ့ပြီး သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်သည်။
"မင်းဘယ်လိုထင်လဲ"
"သေချာပေါက်နောက်နေတာလို့ ထင်တယ်"
လင်းလော့ချင်း သူ့မျက်နှာကိုညစ်လိုက်သည်။
"ငါတို့က ရှိူးရိုက်ကူးနေတုန်းလေ... မနက်ဖြန် တစ်ယောက်ယောက်က အစောကြီးနိုးပြီး မင်း ငါ့အခန်းထဲကထွက်သွားတာတွေ့ရင် ငါဘယ်လိုရှင်းပြရမလဲ"
ကျိယွီရှောင်က လင်းလောချင်း၏ မျက်နှာကို မကြာခဏညစ်တတ်သည်။ယခုက လင်းလော့ချင်းက ပထမဆုံးအကြိမ် သူ့မျက်နှာကို ညစ်ခြင်းဖြစ်ပြီး ထူးဆန်းသည်ကို တွေ့လိုက်ရသည်။
သူက လင်းလော့ချင်း၏လက်ကိုဆွဲကိုင်လိုက်ပြီး သူ့လက်ထဲမှာထည့်ပြီးဆုပ်ကိုင်ကာ ပြုံးပြုံးလေးပြောလိုက်သည်။
"ဒါဆိုသူတို့ကို 'ရှူး' လို့ပြောလိုက်မယ်"
"ဘောကိုရှူး"
ကျိယွီရှောင်က ရယ်မောလိုက်သည်။ "ကောင်းပြီ...ကိုယ် မင်းကို စနေတာ...ကိုယ့်မှာလည်း အတိုင်းအတာတစ်ခုရှိပါသေးတယ်ကွာ"
လင်းလော့ချင်းက မယုံပေ။သူက အတိုင်းအတာဆိုတာက ဘာမှန်း သိသေးတယ်ပေါ့...
အချစ်၊ပေါင်ပေ့၊ဇနီးလေး ဒါတွေက သူ့အတိုင်းအတာလား...
သူ့မှာ တကယ်အတိုင်းအတာမရှိဘူး...
"မနက်ဖြန်က မိရှစ်ထောင်ထုန့်... ဇာတ်ရုပ်လိုမျိုးအရေခွံ မရှိဘူး... မင်းဒီနေ့ လို လုပ်လို့မရဘူး"
"ကောင်းပြီ"
ကျိယွီရှောင်က သဘောတူသည်။
"ဒါဆို မနက်ဖြန် မင်းက ကိုယ်ကို လုံးဝ တွယ်ကပ်နေပြီး ကိုယ့်ရဲ့ အဖြောင့်သူငယ်ချင်းနဲ့ လုံးဝမတူရင် ဘယ်လိုလုပ်မလဲ"
လင်းလော့ချင်းက မယုံပေ။
"မဖြစ်နိုင်ဘူး"
သူ့မှာ ယုံကြည်မှုအပြည့်ရှိသည်။
"ငါက အရမ်း အတိုင်းအတာရှိတယ်... ငါတို့နှစ်ယောက် နီးနီးကပ်ကပ်ရှိနေပေမဲ့ တခြားသူတွေရဲ့ စိတ်ကူးကို မနှိုးဆွနိုင်အောင် မှန်ကန်တဲ့အတိုင်းအတာကို ငါသေချာပေါက်ဆုပ်ကိုင်ထားမှာ"
"တကယ်လား"
ကျိယွီရှောင်က ရယ်မောလိုက်သည်။ "ဒါဆိုလည်း ကြည့်ကြသေးတာပေါ့"
"ကြည့်ပေါ့...ဘယ်သူက ဘယ်သူ့ကိုကြောက်တာလဲဆိုတာသိရမယ်"
ကျိယွီရှောင်က သူ၏ ခေါင်းမာပြီး စိတ်ကြီးဝင်နေသော ပုံစွလေးကို ကြညွပြီး လင်းလော့ချင်း၏ နှုတ်ခမ်းကေို နမ်းရန် ခေါင်းငုံ့လိုက်ပြန်သည်။
"အရမ်းချစ်စရာကောင်းတယ်"
သူက တိုးတိုးလေးပြောသည်။
၎င်းကိုကြားသောအခါ လင်းလော့ချင်း၏ နားရွက်တွေဟာ ထုံးစံအတိုင်း နီရဲသွားကြသည်။သူ ကျိယွီရှောင်အား နာခံစွာ နမ်းခွင့်ပေးလိုက်သည်။
နောက်ဆုံးတွင် ကျိယွီရှောင်က သူနှင့်အတူ တစ်ညလုံးမအိပ်ခဲ့ပေ။သူနှင့်အတွင်းကျကျ ရင်းနှီးသည့်လုပ်ရပ်တချို့ ပြုလုပ်ပြီးနောက်တွင် လင်းလော့ချင်းကို စောစောအိပ်ရာဝင်ရန်ပြောပြီး သူ့အခန်းသို့ ပြန်သွားခဲ့သည်။
လင်းလော့ချင်းလည်း ရေချိုးပြီး ကုတင်ပေါ်တွင် လှဲလိုက်သည်။
နောက်နေ့မနက်စောစောတွင် လင်းလော့ချင်း နှိုးစက်သံကြောင့် ဖြည်းညှင်းစွာနိုးလာသည်။
မင်လျန့်စုံတွဲက သူတို့အတွက် မနက်စာ ပြင်ဆင်ထားပြီးပြီဖြစ်သည်။လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့ မနက်စာစားနေချိန် လျှိုယာမင်ပြောသည်ကိုကြားလိုက်ရသည်။
"ဒီမိရှစ်ထောင်ထို့ထဲမှာ ကြောက်စရာကောင်းတဲ့အရာတွေပါ၀င်တယ်...ဒီနေရာမှာ သရဲကြောက်တတ်တဲ့သူရှိလား...ရှိရင် ကြိုပြောပါ...ဒါရိုက်တာက မင်းကို တစ်ကိုယ်တော် မစ်ရှင် လုပ်ခိုင်းမှာ မဟုတ်ဘူး"
လူတိုင်း ခေါင်းယမ်းကြပြီး ကျိယွီရှောင်က လင်းလော့ချင်းကို တိတ်တဆိတ်လှမ်းကြည့်လိုက်သည်။
လင်းလော့ချင်း: "……"
လင်းလော့ချင်း အေးဆေးတည်ငြိမ်သော သို့မဟုတ် မျှော်လင့်စောင့်စားနေဟန်ရှိသော စားပွဲရှိ အခြားသူများကို လှည့်ပတ်ကြည့်ရှုကာ မယုံနိုင်ဖြစ်နေသည်။ ဘယ်လိုမှမဖြစ်နိုင်ဘူး...သူက ဒီနေရာမှာ တစ်ဦးတည်းသော သရဲကြောက်တဲ့သူလား...
စုန့်ရှို့ဝမ် မင်းက အားနွှဲ့တဲ့ပုံနဲ့ မကြောက်ဘူးလား...
ပြီးတော့ ကျိုက်ထင်လန် မင်းနာမည်က အရမ်းနူးညံ့တယ်...မကြောက်ဘူးလား...
လင်းလော့ချင်း ရိုးရှင်းစွာပင် စိတ်ပျက်အားငယ်နေခဲ့သည်။ ဘယ်သူမှ လက်မမြှောက်ဘူး...သူ့လက်ကို တစ်ယောက်တည်း မမြှောက်နိုင်ဘူး... သူ မျက်နှာမပျက်ချင်ဘူး...
လျှိုယာမင်က စောင့်နေပြီး ဘယ်သူမှ စကားမပြောသည်ကို တွေ့လိုက်ရသည်။
"ဒါဆို ဘယ်သူမှ မကြောက်ဘူးလား"
သူမက ထပ်မေးသည်။
လင်းလော့ချင်း: "……"
လင်းလော့ချင်း၏မျက်နှာ မထိန်းနိုင်ဘဲ နီရဲသွားရသည်။
မည်သို့ပင်ဆိုစေကာမူ သူကြည့်ရှုခဲ့သည့် ရှိုး၏ယခင်အပိုင်းများကို ကြည့်လျှင် အလွန်ကြောက်စရာကောင်းမည်မဟုတ်ပေ။ တစ်ယောက်တည်းဆိုလျှင်ပင် ကြောက်စရာမကောင်းလောက်ပေ။
'အဆင်ပြေပါတယ်'
လင်းလော့ချင်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
'ငါလုပ်နိုင်ပါတယ်'
"ကောင်းပြီ ဒါဆို….."
"မင်ကျဲ"
ကျိယွီရှောင်က အလွန်နွေးထွေးသော အပြုံးဖြင့် သူမကို ဖြတ်ပြောလိုက်သည်။
"တကယ်တော့ ကျွန်တော် သရဲနည်းနည်းကြောက်တတ်တယ်"
လျှိုယာမင်: "????"
ကျန်သည့်သူတွေ: "!!!!"
လင်းလော့ချင်း: "????!!!!"
လင်းလော့ချင်း အရင်က အပန်းဖြေဥယျာဉ်ကို သွားတုန်းကအချိန်ကို မှတ်မိ၏။ကျိယွီရှောင်က သရဲအိမ်မှာ ဝင်မကစားခဲ့ပေ။ဒါဆို သူတကယ် သရဲကြောက်တာလား...
"အိုး အဆင်ပြေပါတယ်"
လျှိုယာမင်က လျင်မြန်စွာ တုံ့ပြန်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆို အချိန်တန်ရင် မင်း တစ်ကိုယ်တော် မစ်ရှင် လုပ်စရာမလိုဘူး... တခြားတစ်ယောက်ယောက်နဲ့ နှစ်ယောက်တွဲမစ်ရှင်လုပ်လို့ရတယ်"
"ဟုတ်ကဲ့"
"ဒါဆို လူနှစ်ယောက် မစ်ရှင်ကို အတူတူလုပ်ဖို့အတွက် တစ်ယောက်ယောက်ကို ရွေးချယ်လို့ရတယ်"
ကျိယွီရှောင်က သူ့လက်ကို ဆန့်လိုက်သည်။
"ဒါဆို လော့ချင်း"
လင်းလော့ချင်း:"……"
အင်း သူ့ကို ရွေးတာက ပုံမန်ပဲ... ပြဿနာက သူလည်း သရဲကြောက်တယ်လေ...
ငကြောက်နှစ်ယောက် မစ်ရှင်တစ်ခုကို အတူတူလုပ်ကြရင် ဘယ်သူက ဘယ်သူ့ထက် ပိုကျယ်ကျယ် အော်မှာလဲ...
လင်းလော့ချင်း အနှီသနားစရာကောင်းသောမြင်ကွင်းကို စိတ်ထဲမှာတွေးပြီးနေပြီဖြစ်သည်။
နေ့လည် ၂ နာရီမှာ ဤတိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော်နေကြသည့် ပရိသတ်တွေက ကွန်ပြူတာရှေ့မှာရောက်နေကြပြီဖြစ်၏။
လင်းလော့ချင်း နှင့် ကျိယွီရှောင် တို့သည် လျှိုယာမင် နှင့် စွန်းလျန့်တို့နောက်ကနေ ဗီလာအပြင်သို့ထွက်ကာ ယနေ့ဂိမ်းကိုစရန် ဘေးနားကအခန်းသို့ ဦးတည်သွားခဲ့သည်။
သူက စာချုပ်နှစ်စောင် ချုပ်ဆိုခဲ့သည်။ မနေ့က ကျိပန်ရှားကတစ်ခုဖြစ်ပြီး ယနေ့မိရှစ်ထောင်ထို့က ဒုတိယတစ်ခုဖြစ်သည်။
"မင်းက ဘာလို့ သရဲ ကြောက်ရတာလဲ"
လင်းလော့ချင်းက ကျိယွီရှောင်ကိုကြည့်ကာ အသံတိုးတိုးဖြင့်ပြောသည်။
ကျိယွီရှောင်က သူ့ကို ငုံ့ကြည့်ကာမေးသည်။
"ကြောက်နေတာလား"
"နောက်နေတာလား"
လင်းလော့ချင်း ခပ်မာမာဆိုလိုက်၏။ "ငါက ဒီလိုဟာမျိုးကို ဘယ်လိုလုပ်ကြောက်မှာလဲ"
ကျိယွီရှောင်က ပြုံးလိုက်သည်။
"အိုး"
"ဘာလို့ပြုံးနေတာလဲ"
"မင်းကိုယ့်ကို မကာကွယ်ပေးနိုင်မှာကို မကြောက်ဘူးလား...မင်း ကိုယ့်ကိုကာကွယ်ပေးလို့ ကိုယ်ပျော်တယ်"
ကျိယွီရှောင်က ပြော၏။
လင်းလော့ချင်း: "……"
လင်းလော့ချင်း ဤလူ ဤမျှပျော်မနေသင့်ဟု ခံစားရသည်။
ပျော်ဖို့စောလွန်းနေတယ်...
"မင်း တကယ်ငါနဲ့နှစ်ယောက်တွဲမစ်ရှင်ကို လုပ်မှာလား"
သူ စိုးရိမ်တကြီး မေး၏။
ကျိယွီရှောင် အံ့ဩသွားသည်။
"မဟုတ်ရင် ကိုယ်ကဘယ်သူနဲ့ နေရမှာလဲ"
လင်းလော့ချင်း မျက်တောင်ခတ်လိုက်သည်။ သူမဟုတ်တဲ့ တခြားသူနဲ့ တွဲလုပ်ရင် ပိုကောင်းမယ်ထင်တယ်...
တကယ်တမ်းကျ သူကတကယ်ကြောက်တာလေလို့...
အားလားလား...သူ့စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိသည်။ ကောင်းပြီ၊ သူခဏလောက် စိတ်တည်ငြိမ်အောင်ကြိုးစားပြီး တည်ငြိမ်အောင်၊သူ့ကိုယ်သူနှင့် ကျိယွီရှောင်ကို ကာကွယ်နိုင်အောင်ကြိုးစားရမည်။
"ဒါဆို ငါ့နောက်ကနေ ကပ်လိုက်ခဲ့"
လင်းလော့ချင်းက နွေးထွေးစွာပြောသည်။
ကျိယွီရှောင်က ပြုံးလိုက်သည်။ "ကောင်းပြီ"
လျှိုယာမင်က ရိုက်ကူးရေးအခန်းအပြင်ဘက်သို့ ရောက်နေပြီဖြစ်သည်။ပရိုဂရမ် ဝန်ထမ်းတွေက သူမကို တံခါးဖွင့်ပေးခဲ့သည်။လျှိုယာမင်က လူတိုင်းရောက်လာပြီး ဝင်လာသည်အထိ စောင့်ဆိုင်းနေခဲ့သည်။
ပထမဆုံး လျှို့ဝှက်ခန်းက အတော်လေး ရိုးရှင်းပြီး တောက်ပသော အခန်းတစ်ခုဖြစ်သည်။ ထိတ်လန့်စရာ အစိတ်အပိုင်းများ မရှိသော်လည်း ဗီရိုနှင့် တခြားအရာဝတ္ထုများ ပိုများသည်။လင်းလော့ချင်း သက်ပြင်းတစ်ချက်ချလိုက်သည်။နောက်အိုင်းလျှို့ဝှက်အခန်းများကလည်း အတူတူလောက်ဖြစ်ပြီး သူထင်သလောက် ကြောက်စရာမကောင်းသည်မျိုးဖြစ်နိုင်သည်ဟု သူတွေးခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များသည် ယခုအချိန်တွင် သူတို့၏ပုံကိုမြင်လိုက်ရသည်။အင်တာနက်သုံးစွဲသူတွေက သူတို့ ပိတ်ထားသည့်အခန်းထဲမှာ ရပ်နေသည်ကိုကြည့်ပြီး အားလုံးက မှတ်ချက်တွေရေးကြသည်။
[နောက်ဆုံးတော့ ပြန်စပြီ]
[ငါးကောင်တို့ ဒီတစ်ခါတော့ မိရှစ်ထောင်ထို့ဟ]
[ဥက္ကဋ္ဌကျိ.. တို့ရောက်ပြီ...ချင်းချင်းရေ တို့ရောက်ပြီနော်]
[မနေ့ညက ကျိချင်းဗီဒီယိုကို တစ်ညလုံး ကြည့်ခဲ့တယ်... ငါ့အတွက် အရမ်းချိုတယ်!]
[ဗီဒီယိုက ဘယ်မှာလဲ... ဗီဒီယိုက ဘယ်မှာလဲ]
[တချို့သောဝဘ်ဆိုဒ်ပေါ်မှာ ကျိချင်းလို့ရိုက်ပြီးရှာလို့ရတယ်...ဘော့စ်ကိုကျေးဇူးတင်ပါတယ်...သူက တကယ်ကို ကျွမ်းကျင်ပြီး မြန်တယ်]
[သေစမ်း...ဒီလောက်မြန်မြန် ဗီဒီယိုတည်းဖြတ်မှုတစ်ခု ရှိနေပြီလား... အရမ်းမိုက်တယ်!]
[အားးး ငါကြည့်ပြီးပြီ... တည်းဖြတ်ထားတာက အရမ်းကောင်းတယ်...ကျိချင်းက ချိုမြိန်လွန်းတယ်...ငါ့တစ်ကိုယ်လုံး ကုသခံလိုက်ရတယ်]
[ငါရော ငါရော...ကျိချင်းက တကယ့်အစစ်မှန်ဆုံးပဲ... ဥက္ကဋ္ဌကျိ နဲ့ ချင်းချင်းက လုံးဝ လိုက်တယ်]
[ဒီနေ့ရဲ့ကျိချင်းကလည်း ချိုမြိန်မယ်လို့ မျှော်လင့်ပါတယ်]
[ဟုတ်တယ် ဟုတ်တယ်... သေချာပေါက်ချိုမှာ!]
မကြာခင်မှာပဲ ယနေ့၏ ကျိယွီရှောင်နှင့် လင်းလော့ချင်းတို့က မနေ့ကလောက် မချိုမြိန်ကြောင်း CPဖန်တွေ တွေ့ရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤသည်က ရှစ်ယောက်တွဲသရုပ်ဆောင်ရပြီး မိရှစ်ထောင်ထို့ဖြစ်သည်။
လူတိုင်းက လျှို့ဝှက်ခန်းကို ဘယ်လိုဖွင့်ရမလဲဆိုသည်ကို တွေးနေကြသည်။ကျိယွီရှောင်နှင့် လင်းလော့ချင်းတို့က တစ်ယောက်နှင့်တစ်ယောက် အလွန်နီးနီးကပ်ကပ်ရှိပြီး စကားအများကြီးပြောကြသော်လည်း မနေ့က 'ပေါင်ပေ့၊အချစ်၊ဇနီးလေး' စသည့် ချိုရဲနေသည့်သကြားလုံးကို စားခဲ့ကြရသည့် သူတို့အတွက် ယနေ့ သကြားလုံးက သိပ်မချိုပေ။
[သေချာတယ်၊ ကျိသခင်လေးရဲ့ အရေခွံကို ဖယ်ရှားပြီးတဲ့နောက် ဥက္ကဋ္ဌကျိက အတော်လေး ယုံကြည်စိတ်ချရပြီး တည်ငြိမ်တယ်]
[ဥက္ကဋ္ဌကျိက သူ့ကိုဇနီးလေးလို့ မခေါ်တော့ဘူး... ဝူး ဝူး ဝူး သူက အခု လော့ချင်း နဲ့ ချင်းချင်းလို့ပဲ ခေါ်တယ်]
[ဒီနေ့က မနေ့ကလောက် ချိုတယ်လို့ မခံစားရဘူး]
[ဟားဟားဟား... မနေ့က ဇာတ်ရုပ်နေရာမှာသရုပ်ဆောင်တာလေ...နဂိုကတည်းက အတုအယောင်ဟာကို... မင်းတို့က တကယ်ကြီး စွဲလမ်းနေတာလား...နိုးထတော့]
[ဒါက သာမန်သူငယ်ချင်းပါ...သူတို့က ရင်းနှီးပေမဲ့ ရင်းနှီးမှုအတိုင်းအတာရှိတယ်... မနေ့ကလိုအမျိုးအစားက ရှားမယ်ထင်တယ်]
[ကျိသခင်လေးနဲ့ မိန်းမလှလေးလင်းက အစစ်အမှန်ဖြစ်နိုင်ပေမဲ့ ကျိယွီရှောင် နဲ့ လင်းလော့ချင်းက အစစ်အမှန်မဖြစ်နိုင်ဘူး ဟားဟားဟား]