Chapter 325
အွန်လိုင်းတွင် ပြင်းထန်စွာ ဆွေးနွေးနေချိန်၌ အော့ဖ်လိုင်းရှိ လင်းလော့ချင်း နှင့် ကျိယွီရှောင် တို့သည် နောက်ဆုံးတွင် လျှို့ဝှက်ခန်းကို သော့ဖွင့်နိုင်သွားပြီး ဒုတိယ လျှို့ဝှက်ခန်းသို့ ဝင်ရောက်ခဲ့ကြသည်။
လင်းလော့ချင်း ဤလျှို့ဝှက်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ထိတ်လန့်သွားသည်။ အကြောင်းပြချက်က ရိုးရှင်းပေသည်။ အကြောင်းမှာ အလင်းရောင်မရှိသလောက်ဖြစ်ပြီး၊ အားလုံးက ဖယောင်းတိုင်အနီများဖြင့် ပံ့ပိုးထားသည်။ အခန်းက အုံ့မှိုင်းနေပြီး တစ္ဆေမင်္ဂလာဆောင် မြင်ကွင်းလိုပါပင်။
လင်းလော့ချင်း ကျိယွီရှောင်နားသို့ သူ့ဘာသာသူ ကပ်သွားလိုက်သည်။
ကျိယွီရှောင်က ၎င်းကို သတိထားမိပြီး သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။ ထို့နောက် သူသည် လင်းလော့ချင်း၏ ပခုံးကို ဖက်ကာ သဲလွန်စများကို ရှာဖွေခဲ့သည်။
နှစ်ယောက်သား စားပွဲဆီသို့ လျှောက်သွားကြသည်။ကျိယွီရှောင် စားပွဲပေါ်တင်ထားသော အရာများတွင် သဲလွန်စတစ်စုံတစ်ရာ ရှိမရှိကို လှန်လောရှာဖွေရင်း သစ်သီးတစ်ခြမ်း မတော်တဆ ပြုတ်ကျသွားခဲ့သည်။
လင်းလော့ချင်းက ၎င်းကို ကောက်ယူရန် ခေါင်းငုံ့လိုက်သည်။သို့သော် သူမော့ကြည့်သောအခါ စားပွဲနောက်ဘက်တွင် ကပ်နေသော တစ်စုံတစ်ယောက်က သူ့ကို ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
သူက ကြောက်လန့်တကြား ထအော်လိုက်သည်။
"ကျိယွီရှောင်"
ကျိယွီရှောင်က အောက်ကိုငုံ့ကြည့်လိုက်ပြီး သူ၏ ထိတ်လန့်နေသောအမူအရာကိုမြင်ရာတွင် အမြန်နှစ်သိမ့်ပေးသည်။
"ဘာဖြစ်လို့လဲ... အဆင်ပြေတယ်နော်"
စကားပြောပြီးနောက် သူက လင်းလော့ချင်း၏ ခေါင်းကိုပင် ပွတ်ပေးလိုက်သေးသည်။
လင်းလော့ချင်းလည်း သူ့လှုပ်ရှားမှုကို သတိထားမိသည်။ သူက စားပွဲကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"ဟုတ်–ဟုတ်တယ်... တစ်ယောက်ယောက်ရှိနေတယ်"
ကျိယွီရှောင် အထဲကို ငုံ့ကြည့်လိုက်သောအခါ စားပွဲနောက်ဘက်မှာ အရုပ်တစ်ရုပ် ကပ်နေသည်ကို တွေ့လိုက်ရ၏။လင်းလော့ချင်းက နောက်တစ်ကြိမ် မကြည့်ရဲပေ။ သူက ကျိယွီရှောင် ၏နောက်တွင်ရပ်နေပြီး ကျိယွီရှောင်၏အနားကိုကပ်ကာ သူ၏အင်္ကျီလက်ကို တိတ်တိတ်လေးဆုပ်ကိုင်ထားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အင်တာနက်သုံးစွဲသူများသည် သူ၏အသေးစိတ်အချက်အလက်များကို မြင်သောအခါတွင် ကျယ်လောင်စွာအော်ဟစ်ကြသည်။
[ချင်းချင်းရဲ့ လက်ကို ကြည့်လိုက်...မြန်မြန်ကြည့်လိုက်!! ]
[ဖာ့ခ် ငါသတိမထားမိဘူး...သူက ဥက္ကဋ္ဌကျိရဲ့ အင်္ကျီလက်ကို တကယ်ကြီးကိုင်ထားတယ်]
[ဟားဟားဟား ချင်းချင်းကြောက်နေတာလား]
[ဟုတ်မယ်...ခုနက သူ အကျယ်အော်လိုက်တာ...ဥက္ကဋ္ဌကျိကတောင် သူ့ခေါင်းကို ပွတ်ပေးနေသေးတယ်]
[ချင်းချင်းက သရဲမကြောက်ဘူးမလား]
[ဘယ်လိုလုပ် မကြောက်သင့်ဘဲနေမှာလဲ]
[ချင်းချင်းက အရမ်းချစ်စရာကောင်းတာပဲ]
ကျိယွီရှောင် စားပွဲအောက်မှ အရုပ်ကို ထုတ်ယူလိုက်သောအခါ လင်းလော့ချင်းက ထိတ်လန့်တကြားဖြင့် ကျိယွီရှောင်၏ နောက်တွင် ချက်ချင်း ပုန်းနေကာ သူ့အသံက တုန်တုန်ယင်ယင် ဖြစ်နေသည်။
"ကျိယွီရှောင် ဘာလုပ်နေတာလဲ"
ကျိယွီရှောင်က ဆိုသည်။
"သဲလွန်စတွေ ရှိ၊ မရှိ စစ်ဆေးနေတယ်"
သူက အရုပ်ကို ချထားလိုက်ပြီး ကိုယ်ကိုမတ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သူ့ကိုကြည့်ရန် ငြင်းဆန်နေသော လင်းလော့ချင်းကို ကြည့်လိုက်သည်။သူ သူ့ကိုနှစ်သိမ့်ရန်ပြင်လိုက်သော်လည်း လင်းလော့ချင်းက ထပ်အော်ပြီး သူ့ကိုဖက်ထားသည်။
"ဟိုမှာ ဟိုမှာ... တစ်ခုခုရှိနေတယ်"
ကျိယွီရှောင် ရယ်ရမလား ငိုရမလား မသိပေ။ သူက လင်းလော့ချင်းကို ဖက်ပြီး နောက်ကျောကို ပုတ်လိုက်သည်။
"အဆင်ပြေပါတယ် အဆင်ပြေပါတယ်... မကြောက်နဲ့"
သူ ဘယ်လိုလုပ် မကြောက်ဘဲနေနိုင်မှာလဲ...
လင်းလော့ချင်း တွေးလိုက်သည်။
'ဒါက အရမ်းကြောက်ဖို့ကောင်းတယ် အိုကေ'
"သူက ရွေ့တောင်ရွေ့နေတယ်"
ကျိယွီရှောင်က ဆိုသည်။
"NPC ဖြစ်နိုင်တယ်"
သူပြန်လှည့်ကြည့်သောအခါ ဘာမှမတွေ့ပေ။
"ဘာမှမရှိဘူး"
လင်းလော့ချင်း မဝံ့မရဲ မျက်လုံးဖွင့်ကာ ဟိုဟိုသည်သည်ကြည့်လိုက်သည်။ တကယ်ပျောက်သွားပြီ...
"ထူးဆန်းတယ်...ခုနတုန်းက မြင်လိုက်တဲ့ဟာကို"
ကျိယွီရှောင်က သူ့ကို နှစ်သိမ့်လိုက်သည်။
"ထွက်သွားတာဖြစ်နိုင်တယ်"
လင်းလော့ချင်း နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ ထို့နောက် ခေါင်းငုံ့လိုက်ရာ သူက ကျိယွီရှောင်၏ရင်ခွင်ထဲတွင်ရောက်နေပြီး သူ့ကိုဖက်ထားထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ အမြန်နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး ကျိယွီရှောင်ကို လွှတ်လိုက်သည်။
"ဘာလဲ...ငါခုနက အရမ်းစိတ်လှုပ်ရှားသွားလို့"
သူ ခပ်တိုးတိုးပြောလိုက်သည်။
ကျိယွီရှောင်က ခေါင်းညိတ်ပြီး ပူးပေါင်းဆောင်ရွက်စွာပြောလိုက်သည်။
"အင်း ကိုယ်နားလည်ပါတယ်"
သူက ဘာနားလည်တာလဲ...လင်းလော့ချင်း သူ့ကို နှာမှုတ်ပြပြီး ခေါင်းလှည့်လိုက်သည်။ ထို့နောက်တွင် ခုနကသရဲ ကို သူထပ်မံမြင်လိုက်ရပြန်သည်။ သူအတော််လန့်သွားပြီး အလန့်တကြားအော်ကား ကျိယွီရှောင်၏ရင်ခွင်ထဲကို အလိုလို ပြန်ပြီးပစ်ဝင်လိုက်သည်။
"သူဟိုမှာရှိနေတယ်"
ကျိယွီရှောင် ခေါင်းငုံ့ပြီး ခပ်ဖွဖွရယ်လိုက်သည်။လင်းလော့ချင်း၏ ထိတ်လန့်နေသောပုံစံလေးက သနားစရာကောင်းသော်လည်း သူက အလွန်လိမ္မာပြီး ချစ်စရာကောင်းနေဆဲဖြစ်သည်ဟု သူခံစားရသည်။
သူက လင်းလော့ချင်း၏ ကျောကို ပုတ်ပြီး နှစ်သိမ့်လိုက်၏။
"အဆင်ပြေပါတယ်...NPC ဖြစ်လောက်မယ်"
"ဒီလောက်ကြောက်စရာကောင်းတဲ့ NPC ဘယ်လိုလုပ်ရှိနိုင်မှာလဲ"
လင်းလော့ချင်းက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။
"မကြောက်နဲ့ ...လိမ္မာနော်"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ CPဖန်များသည် ရူးသွပ်သွားကြသည်။
[ဖာ့ခ်...ဒီနေ့က မနေ့ကလောက်မချိုဘူးဆိုတဲ့စကားကို ငါပြန်ရုတ်သိမ်းတယ်... ဒီနေ့အခန်းက ချိုမြိန်လွန်းတယ်]
[ဥက္ကဋ္ဌကျိရဲ့ ရင်ခွင်ထဲကို နှစ်ကြိမ်တိုင်တိုင် သူ့ဘာသူ ပစ်ဝင်လိုက်တာနော်...ချင်းချင်းကဘာလို့ဒီနေ့အရမ်းတက်ကြွနေတာလဲ]
[ချင်းချင်းက သူ့ဘာသူပစ်ဝင်တာမဟုတ်ပါဘူး...အသိသာကြီးကို သူကကြောက်နေလို့လေ [မျက်နှာကို အုပ်ထား] ]
[ချင်းချင်းကစပြီး ဥက္ကဋ္ဌကျိကို သွားဖက်တာနော် ဟီးဟီး]
[ဥက္ကဋ္ဌကျိက အရမ်းနူးညံ့ပြီး တုန်နေအောင်ချစ်တာနော်... 'မကြောက်နဲ့ လိမ္မာနော်' လို့တောင် ပြောသေးတယ်]
[ဟုတ်တယ် ဟုတ်တယ်... ဥက္ကဋ္ဌကျိက အချိန်တိုင်း ချင်းချင်းကို နှစ်သိမ့်ပေးနေတာ...သူက ချော့ပေးနှစ်သိမ့်ပေးရင်း တစ်ချိန်တည်းမှာ အမူအရာသေးသေးလေးတွေ ဖြည့်စွက်ထားတယ်]
[ဖာ့ခ် နူးညံ့တဲ့ အာဏာရှင်Gong×လိမ္မာတဲ့အလှလေး Shou...ဘယ်သူရလိုက်ပြန်ပြီလဲ... ငါတော့ ထပ်ပြီး စွဲလမ်းနေပြန်ပြီ!]
[အရမ်းချိုတယ် အရမ်းချိုတယ်...ကျိချင်းCPက တကယ်ကို သကြားအပြည့်နဲ့ပဲ]
လင်းလော့ချင်းက သရဲတစ္ဆေများကို တကယ်ကြောက်သည်။လျှို့ဝှက်ခန်းတစ်ခုလုံး ကျိယွီရှောင်နောက်ကနေပဲ အင်္ကျီလက်ကိုဆွဲကာ တိတ်တိတ်လေး တကောက်ကောက် လိုက်နေခဲ့သည်။သို့ပေမဲ့ သူကြောက်နေမိဆဲဖြစ်သည်။ခဏခဏပင် အော်ကာ ကျိယွီရှောင်၏ နာမည်ကို ခေါ်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားတတ်သည်။
ပထမတုန်း ၎င်းကို အနည်းငယ် ရယ်စရာကောင်းသည်ဟု ကျိယွီရှောင် ထင်ခဲ့သည်။ နောက်ပိုင်းမှာ သူ စိတ်ပူလာပြီး စိတ်မကောင်းဖြစ်လာ၏။
"ဒါမှမဟုတ် ကိုယ် မင်းမကြောက်အောင် မင်းမျက်လုံးတွေကိုအုပ်ပေးထားရမလား"
လင်းလော့ချင်း ခေါင်းခါလိုက်သည်။ "ဘယ်လိုလုပ် အဲလိုလုပ်လို့ရမှာလဲ... အားလုံးက သဲလွန်စ ရှာနေကြတုန်းလေ"
'မင်းက သဲလွန်စရှာဖို့ကို ဘိုင့်ဘိုင်လုပ်နေရပြီလေ'ဟု ကျိယွီရှောင် စိတ်ထဲကနေ တွေးလိုက်သည်။ သို့သော်လည်း သူက လင်းလော့ချင်းအပေါ် အမြဲတမ်း နူးညံ့သိမ်မွေ့စွာ သည်းခံခဲ့သည်။သူ လင်းလော့ချင်းကို ဆွဲပြီး သိပ်ကြောက်စရာကောင်းပုံမရသည့် နေရာတွေဆီ ခေါ်သွားရန် ကြိုးစားခဲ့သည်။
နောက်ဆုံးတွင် လျှို့ဝှက်ခန်းကို ဖြိုခွဲပြီးနောက်၊ ဖန်းဖေးကျယ်က မနေနိုင်ဘဲ စလိုက်သည်။
"လင်းကော...ကောက သရဲကြောက်တာလား"
ချမ်ယုံအန်းလည်း သိချင်နေသည်။ "ဟုတ်တယ်...ခုနက လျှို့ဝှက်ခန်းထဲမှာ လင်းကောက ကျိကောရဲ့ နာမည်ကိုခေါ်နေတာကို ကြားလိုက်ရတယ်"
လင်းလော့ချင်း: "……"
လင်းလော့ချင်းက နှုတ်ဆိတ်နေ၏။
ကျိယွီရှောင်က ပြုံးပြီးပြောသည်။ "မဟုတ်ဘူး အဲဒါ ငါ... ငါကြောက်တာ... ငါကြောက်တဲ့အချိန်တိုင်း သူ့ကိုလိမ်ဆွဲမိလို့... သူလန့်သွားပြီး ငါ့ကို မေးခွန်းထုတ်ဖို့ ငါ့နာမည်ကိုအော်တာ"
ဖန်းဖေးကျယ်က သိပ်စဉ်းစားမနေဘဲပြောလိုက်သည်။
"ဒီအတိုင်းဆို နောက်ပိုင်း နှစ်ယောက်တွဲမစ်ရှင်နှစ်လုပ်တဲ့အခါ ကျိကော သတိထားသင့်တယ်... ဒါပေမဲ့ အဆင်ပြေပါတယ်...လင်းကောက ကောနဲ့လိုက်ပေးမှာပါ"
ကျိယွီရှောင်က ပြုံးလိုက်သည်။
"ဟုတ်တယ်"
လင်းလော့ချင်း: "……"
လင်းလော့ချင်း အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံထားလိုက်သည်။
၎င်းကိုမြင်သောအခါ ကျိချင်းCP ဖန်တွေက သက်ပြင်းမချဘဲမနေနိုင်ကြပေ။
[ဘုရားရေ... ဒီလို ဖူးဖူးမှုတ်အလိုလိုက်မှုမျိုးက တကယ်ရှိတာလား...ဥက္ကဋ္ဌကျိက သူ့ကို တုန်နေအောင်ချစ်လွန်းတယ်]
[kswlkswl...ဥက္ကဋ္ဌကျိက တကယ်ကို တုန်နေအောင်ချစ်တာပဲ]
[အသိသာကြီးကို ချင်ချင်းက ကြောက်တတ်တဲ့ဟာ ကြောက်တတ်တဲ့သူက သူလို့ပြောတယ်... သူက ချင်းချင်းကို တကယ်ချစ်တာ]
[ချင်းချင်းက ဒါကို ဝန်ခံဖို့ ရှက်နေတာ... ဒါကြောင့် သူက သူကကြောက်တတ်တယ်လို့ စပြောတာ... ဝူးဝူးဝူး အရမ်းချိုတာပဲ!]
[လှပတဲ့အချစ်၊မသေမျိုးအချစ်ဆိုတာ ဒီထက်မပိုဘူး]
[ဥက္ကဋ္ဌကျိ အရမ်းကောင်းတာပဲ...သူ့ဂုဏ်သတင်းကို ဂရုမစိုက်ဘဲ သူနှစ်သက်တဲ့ သူကိုပဲ ကာကွယ်ချင်တဲ့ နှလုံးသားမျိုးက တကယ်ကို ရှားတယ်... အချစ်စစ်ကလွဲလို့ တခြားအကြောင်းပြချက်ကို မတွေးနိုင်တော့ဘူး]
[အခြားအကြောင်းပြချက်မရှိဘူး...အချစ်စစ်ပဲဖြစ်ရမယ်...ကျိချင်းကိူ သော့ခတ်ထားတယ်... ငါသော့ကိုမျိုချလိုက်ပြီ]
တတိယလျှို့ဝှက်ခန်းမှစတင်၍ လူတိုင်းသည် လျှို့ဝှက်ခန်းရှိ တံခါးငယ်တစ်ခုကိုဖြတ်၍ NPC များကိုရှာဖွေရန်နှင့် သဲလွန်စကတ်များရယူရန် လိုအပ်သည်။
ကျိယွီရှောင်က သရဲကြောက်တတ်ကြောင်း ဝန်ခံရန် အစပြုခဲ့ခြင်းကြောင့် သူ့တွင် လင်းလော့ချင်း နှင့် ဝင်ရောက်ရန် အရည်အချင်းရှိသည်။
အင်တာနက်သုံးစွဲသူတွေက သူတို့နှစ်ယောက် တံခါးသေးသေးလေးကနေ အတူတူ ဝင်လာသည်ကိုကြည့်ပြီး သိချင်နေကြသည်။
[ကျန်တဲ့သူတွေ တစ်ယောက်ထဲသွားနေတဲ့အချိန်မှာ သူတို့နှစ်ယောက်က ဘာလို့အတူတူသွားနေကြတာလဲ?]
[ဟုတ်တယ်... ပရိုဂရမ်အဖွဲ့ကလည်း သူတို့နှစ်ယောက်ရဲ့ CP ကို အခွင့်ကောင်းယူချင်လို့တော့မဖြစ်နိုင်ဘူး]
အမည်းရောင်ဖန်များက ချက်ချင်းပင် စတင်တိုက်ခိုက်ကြသည်။
[ဒါက မကောင်းဘူး...လင်းလော့ချင်းက ဒီနေရာမှာ အကျော်ကြားဆုံးဖြစ်ပေမဲ့ ဒီလိုမျိုး သိသာတဲ့ စံနှုန်းနှစ်ထပ်က တခြားဧည့်သည်တွေအတွက် မတရားဘူးလို့ ခံစားရတယ်]
[ဟုတ်တယ်...လင်းလော့ချင်း နဲ့ ကျိယွီရှောင်က တခြားသူတွေ တစ်ယောက်တည်းနေချိန်မှာ ဘာကြောင့် အတူရှိနေရတာလဲ]
[ပရိုဂရမ်အဖွဲ့က ပါးလျက်နားလျက်လုပ်လွန်းတယ်]
၎င်းကိုမြင်သောအခါ ပရိုဂရမ်၏ဝန်ထမ်းတွေက အမြန်ကြေငြာချက်တစ်ခုထုတ်ခဲ့သည်။
[ဧည့်သည်တချို့က သရဲကြောက်တတ်ကြလို့ လျှိုကျဲက မနက်စာစားပြီးတိုင်း လူတိုင်းရဲ့အခြေအနေကို အထူးတလည်စုံစမ်းမေးမြန်းတတ်ပါတယ်...ကျိယွီရှောင်က သူကြောက်တာကို ထုတ်ဖော်ပြသတဲ့ တစ်ဦးတည်းသောသူမို့ လက်တွဲလုပ်ဆောင်ဖို့ အဖော်တစ်ယောက် ရွေးချယ်ခိုင်းခဲ့ပါတယ်...သူရွေးချယ်ခဲ့တဲ့ အဖော်က လင်းလော့ချင်း ဖြစ်လို့ သူတို့နှစ်ယောက် အတူတွဲ လုပ်ဆောင်နေကြတာပါ... အားလုံး သဟဇာတဖြစ်အောင် ပြောဆိုကြပါ... ပရိုဂရမ်နှင့် ဧည့်သည်တွေအကြောင်းကို ထင်ရာမမှန်းဆကြပါနဲ့ခင်ဗျ~]
၎င်းကိုမြင်သောအခါ လင်းလော့ချင်း၏ဖန်တွေက မဆိုင်းမတွ တုံ့ပြန်ခဲ့ကြသည်။
[တရားဝင် မျက်နှာဖြတ်ရိုက်ခံရတာ နာလား]
[ဒါကိုတောင် အပုပ်ချကြတယ်ပေါ့... အမည်းရောင်ဖန်တွေရဲ့ မျက်လုံးတွေကို တကယ်ကို မည်းနက်နေတာပဲ]
[အမည်းရောင်ဖန်တွေက အရမ်းမနာလိုဖြစ်နေတာဖြစ်နိုင်တယ်... ရသစုံရှိုးပွဲက ပရိသတ်အများကြီးကို ရရှိခဲ့ပြီး ဆွေးနွေးမှု ပမာဏကလည်း အရမ်းမြင့်မားတယ်... ဘယ်သူက စိတ်မတိုဘဲနေမှာလဲ]
[ရယ်ရတာတစ်ခုက သူတို့ကတောင် သူတို့ကောကောကို မကြည့်ချင်တော့ဘူး...လင်းလော့ချင်းကိုပဲ ကြည့်ချင်နေတာ... တခြားသူတွေကဆို ပိုတောင်မကြည့်ချင်တော့မှာ မဟုတ်ဘူးလား]
ကျိချင်းCP ဖန်များကလည်း အမည်းရောင်ဖန်များကို အနိုင်တိုက်ပြီး သကြားလုံးအသစ်ကို ကောက်ယူကြသည်။
[ဖာ့ခ်...ဥက္ကဋ္ဌကျိက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ...ချင်းချင်းက သရဲကြောက်တတ်ပေမဲ့ ပြောဖို့ ရှက်နေတာကို သူသိတယ်...ဒါကြောင့် ဥက္ကဋ္ဌကျိက သူကြောက်တတ်တယ်လို့ပြောလိုက်တာ...အဲဒါမှ ချင်းချင်းကို ရွေးပြီး သူ့ကို ကာကွယ်နိုင်မှာလေ]
[အားးး ဥက္ကဋ္ဌကျိက တကယ်ကို တွေးပေးတတ်တာပဲ]
[ဥက္ကဋ္ဌကျိရဲ့ တည်ငြိမ်နေတဲ့ပုံစံကြည့်လိုက်... သူက သရဲကြောက်တတ်ပုံပေါ်လို့လား...သရဲက သူ့ကို့ကြောက်တယ်...ဒါပေမဲ့ သူက သရဲမကြောက်ဘူး!]
[ဟားဟားဟားဟား... ဥက္ကဋ္ဌကျိက ဘယ်လိုလုပ် သရဲကြောက်မှာလဲ...သူက သရဲတွေရှေ့မှာ သရဲကိုတောင်ခြောက်နိုင်ဦးမယ်...ချင်းချင်းကြောင့်ပဲဖြစ်မယ်...ချင်းချင်းက သရဲတကယ်ကြောက်တတ်မှန်း သိသာတယ်]
[ဝူးဝူးဝူး ဥက္ကဋ္ဌကျိက တကယ်ကို တွေးပေးတတ်တာပဲ]
[သူက ချင်းချင်း အကြောင်းကို အစောကြီးကတည်းက တွေးနေခဲ့တာ... နွေးထွေးလွန်းတယ်!]
[ဥက္ကဋ္ဌကျိက ချင်းချင်းကို တကယ် ဂရုစိုက်လောက်တယ်... ဒါကြောင့် သူဒါကို သတိထားမိတာ...ခုနက ချင်းချင်းရဲ့ အပြုအမူနဲ့လျှိုယာမင်ရဲ့ အမေးကို ဝန်ခံခြင်းမရှိတဲ့အချက်အရ သူ့ပုံမှန်ဘဝမှာ ဒီအကြောင်းကို မပြောတာဖြစ်နိုင်တယ်...ဥက္ကဋ္ဌကျိက ဒါကို တိတ်တိတ်လေး သတိထားမိပြီး သူ့ရဲ့လျှို့ဝှက်ချက်လေးကို ထိန်းသိမ်းထားပေးတာ...လင်းလော့ချင်း သရဲမကြောက်သလို ဆက်လက်ဟန်ဆောင်နိုင်ဖို့ပေါ့]
[အရမ်းချိုတယ် အရမ်းထိတယ်]
[ဒီအတွဲကိုစားပြီး တခြား CP တွေကို မစားနိုင်တော့သလို ခံစားရတယ်... ရုပ်ရည်ရော အသေးစိတ်အချက်တွေရော ဒီအတွဲက အရမ်းကောင်းတယ်... အရမ်းစစ်မှန်တယ်!]
[ဝူးဝူးဝူး ဒါဆို သူတို့ တကယ်လက်မထပ်မကြသေးဘူးလား... ကျေးဇူးပြုပြီး လက်ထပ်ကြပါ]
လင်းလော့ချင်း ကျိယွီရှောင်၏နောက်ကနေလိုက်ကာ လျှို့ဝှက်ခန်းတံခါးငယ်ထဲသို့ ဝင်သွားလိုက်သည်။ အခန်းက အလွန်မှောင်နေသည်။ကျိယွီရှောင်က ဓာတ်မီးကို ကိုင်ထားပြီး လင်းလော့ချင်းက သူ့လက်ကို တုန်ရီစွာ ဆုပ်ကိုင်ထားသည်။
ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို ပုတ်လိုက်သလို ခံစားလိုက်ရသည်။ သူက 'ကျိယွီရှောင်'ဟု ချက်ချင်းအော်လိုက်ပြီး သူ့ဘေးနားကလူကို ဖက်လိုက်သည်။
ကျိယွီရှောင် ရယ်ရမလား ငိုရမလား မသိပေ။
"ဘာဖြစ်လို့လဲ"
"တစ် တစ် တစ်... တစ်ယောက်ယောက်ရှိနေတယ်"
လင်းလော့ချင်း၏ အသံက တုန်သွားသည်။
ကျိယွီရှောင် ရွေးချယ်စရာမရှိဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်းခံရသော သူ့လက်ကို ဆွဲထုတ်လိုက်ပြီး လင်းလော့ချင်းပခုံးကို သိုင်းဖက်ထားလိုက်သည်။ ဤနည်းအတိုင်း လင်းလော့ချင်းကို သူ့ရင်ခွင်ထဲကို မှီနေခိုင်းလိုက်သည်။
"အဆင်ပြေတယ်နော် ...သူတို့အားလုံးက NPCတွေ... သူတို့က လူတွေ၊ သရဲတွေ မဟုတ်ဘူး"
ဟုတ်ပါသည်၊လင်းလော့ချင်းလည်း ၎င်းကိုသိပေမဲ့ သူကြောက်နေတုန်းပါပင်။
သူ ကျိယွီရှောင်ကို တိတ်တိတ်လေး ခိုး မှီလိုက်ပြီး ကျိယွီရှောင်၏အဝတ်အစားများကို ဆုပ်ကိုင်ထားလိုက်သည်။
အင်တာနက်သုံးစွဲသူတွေက ၎င်းကိုမြင်ပြီး ရယ်မောကြသည်။
[လူကပ်ချက်ပဲဟေး~]
[ကြောက်နေတဲ့ ချင်းချင်းက အရမ်းချစ်စရာကောင်းတယ်~]
[ချင်းချင်း မကြောက်ပါနဲ့...ဥက္ကဋ္ဌကျိက မင်းကို အမြဲဖက်ထားမှာ]
[ဟားဟားဟား...မနေ့က ကျိပန်ရှားမှာ ဥက္ကဠကျိဘက်ကနေ တွယ်ကပ်တယ်... ဒီနေ့လျှို့ဝှက်ခန်းမှာ ချင်းချင်းဘက်ကနေကပ်ရမဲ့ အလှည့်... CPဖန်တွေ ကျေနပ်နေတော့မှာပဲ]
[ထပ်တူ ကျေနပ်ပါတယ်!]
ကျိယွီရှောင်က သူကြောက်လန့်နေသည်ကို့မြင်ပြီး မနေနိုင်ဘဲ သူ့အရှိန်ကို မြင့်လိုက်သည်။လင်းလော့ချင်း မြန်မြန် သက်တောင့်သက်သာရှိစေရန်အတွက် သူ ဤနေရာကနေ မြန်မြန်ထွက်သွားချင်ခဲ့သည်။ ခဏအကြာတွင် လင်းလော့ချင်းက သူ့နာမည်ကို ထပ်မံအော်လာသည်ကို ကြားလိုက်ရသည်။
"ဘာဖြစ်လို့လဲ"
ကျိယွီရှောင်က သံသယစိတ်ဖြင့် မေးလိုက်သည်။
လင်းလော့ချင်းက သူ့ခြေထောက်ကိုသူ ငုံ့ကြည့်သည်။သူခြေထောက်ကို မသော်လည်း သူမ၍မရပေ။ သူ့အသံက အနည်းငယ်တုန်နေသည်။
"ငါ့ခြေထောက်တွေက တစ်ခုခုထဲ ခြေချုပ်မိနေသလိုပဲ"
ကျိယွီရှောင် ခေါင်းငုံ့ကာ ဓာတ်မီးဖြင့် ကြည့်လိုက်သည်။လင်းလော့ချင်း၏ ခြေကျင်းဝတ်များတွင် ကြိုးတစ်ထွေးက ရစ်ပတ်နေခြင်းဖြစ်သည်။
သူက ထိုင်ချလိုက်ပြီး လင်းလော့ချင်းကို ကြိုးဖြည်ပေးရန် ခေါင်းငုံ့လိုက်သည်။လင်းလော့ချင်း သူ့မျက်လုံးထောင့်ကနေ ဖျက်ခနဲလင်းသွားသည်ကို ခံစားလိုက်ရသည်။သူ လှမ်းကြည့်လိုက်သောအခါ NPC တစ်ယောက်က သူ့ကို မျက်နှာကြီးရှုံ့မဲ့ကာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။
လင်းလော့ချင်း ကြောက်လန့်တကြား ထိုင်ချကာ ကြိုးဖြတ်နေသော ကျိယွီရှောင်ကိုဖက်လိုက်သည်။
"ဘာဖြစ်တာလဲ"
ကျိယွီရှောင်က ရယ်လိုက်သည်။
လင်းလော့ချင်း စိတ်မကောင်းဖြစ်သွား၏။
"သူငါ့ကိုခြောက်တယ်"
ကျိယွီရှောင်က ပြုံးကာ သူ့ခေါင်းကို ပွတ်ပေးသည်။
"အဆင်ပြေပါတယ်... သူက မင်းကို စနေတာ... မကြောက်နဲ့နော်"
သူ စကားပြောပြီးသောအခါတွင် ဓာတ်မီးကို အသုံးပြု၍ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် အမှောင်ထဲက NPC အားပြောလိုက်၏။
"သူ့ကို မခြောက် ပါနဲ့...အစပျိုးဖို့ လိုအပ်တဲ့ ဇာတ်ကွက်တွေ ရှိရင် ကျွန်တော့်ကိုသာ သတိပေးလိုက်ပါ"
လင်းလော့ချင်း စိတ်ထဲမှာ တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။သူကတွေးလိုက်သည်။
'မှန်တယ်...ကျိယွီရှောင်ကိုခြောက်...သူကမကြောက်တတ်ဘူး'
ခဏလေး... သူ နောက်ကျမှ သတိထားမိလိုက်သည်။ကျိယွီရှောင်က ဘယ်လိုလုပ် မကြောက်ရမှာလဲ... မနက်စာစားတုန်းက သရဲကြောက်တတ့တယ်လို့ ရှင်းရှင်းလင်းလင်းပြောခဲ့တာမလား...
"မင်းကသရဲကြောက်တတ်တယ်မဟုတ်ဘူးလား"
သူ သိချင်သွားသည်။
အင်တာနက်သုံးစွဲသူတွေ သူ၏ပုံစံကိုမြင်ပြီး ရယ်ကြပြန်သည်။
[နောက်ဆုံးတော့ သူသတိထားမိသွားပြီလား]
[ငါ့သားငတုံးလေး... သူမင်းကို လိမ်နေတာ]
[ဟားဟားဟား... သူက သရဲမကြောက်တတ်ဘူး... သရဲကြောက်တဲ့သူက နင်ပဲ ကောကောရေ]
[ငါ့ကောကောက တကယ်ရိုးလိုက်တာ]
ကျိယွီရှောင်က မျက်နှာတစ်ချက်မပျက်ဘဲ ခေါင်းညိတ်လိုက်သည်။
"အင်း"
"ဒါဆို မင်းဘာလို့ ဒီလောက် တည်ငြိမ်နေတာလဲ"
"ကိုယ်လည်း မတည်ငြိမ်ဘူး"
ကျိယွီရှောင်က သူ့ကို ချော့သည်။ "တကယ်တော့ စိတ်ထဲမှာ အတော်လေး လန့်နေတာ"
"တကယ်လား"
"တကယ်ပါဆို...ကိုယ်က မင်းရှေ့မှာမလို့ သန်မာယောင်ဆောင်နေတာ"
ကျိယွီရှောင်က သူ့ကို ဆက်ချော့သည်။
လင်းလော့ချင်း အလွန် သံသယဖြစ်မိသည်။
ကျိယွီရှောင်က ရိုးသားဟန်ဖြင့်ဆိုသည်။
"တချို့လူတွေက အရက်သောက်ထားတဲ့အခါ မျက်နှာပေါ်မှာမမြင်ရသလိုပဲ... ကိုယ်သရဲကြောက်တဲ့အခါ သာမာန်လူတွေက မမြင်ရဘူး”
အင်တာနက်သုံးစွဲသူများ: [??? ဒီလိုလည်းရတာလား?]
[မျက်နှာပေါ်မှာ မပြရင် သရဲကြောက််လို့ခေါ်ပါဦးမလား]
[မင်းကမျက်နှာပေါ်မှာမပြရုံတင်မကဘူး ..လုံးဝကိုမကြောက်တာ!]
[သူ့ကိုပဲ သဲသဲလှုပ်နေလိုက်စမ်းပါ ဥက္ကဋ္ဌကျိရယ်!]
[တော်တယ် ဥက္ကဋ္ဌကျိ... လူကောင်းတစ်ယောက်က ဒီလောက်ချိုမြိန်သင့်တယ်]
[အရမ်းချိုတယ် အရမ်းချိုတယ်... ဥက္ကဋ္ဌကျိ သူ့ကို တကယ်တုန်နေအောင်ချစ်တာပဲ]