အပိုင်း၁
Viewers 6k

Chapter 1

(သူ့လက်ဖ၀ါးထက်က ရတနာ)


----------------


2014ခုနှစ်၊


မြို့ပြကြီးထဲတွင် ညဉ့်နက်နေပြီး လူအတော်များများဟာ အိပ်မောကျနေလျက် ချိုမြိန်လှသော အိပ်မက်တွေထဲနစ်မြုပ်နေလေသည်။သို့သော်လည်းသူတို့၏ ဗီဇလိုအင်ဆန္ဒတွေကိုလွှင့်ထုတ်လျက်  သူတို့ရဲ့ကိုယ်ပိုင်ပျော်စံရာထဲ နေထိုင်နေသောလူများလည်းရှိလေသည်။


ကျိအန်းနဥ်က လှေကားအောက်တောက်လျှောက် အသည်းအသန်ပြေးနေလေသည်။


စင်္ကြံထဲကထူထဲသော ကော်ဇော်နဲ့ဧည်ခန်းထဲရှိ ခမ်းနား သော ခရစ္စတယ်မီးဆိုင်းတွေနှင့်နှိုင်းယှဉ်လျှင် အဆောက် အအုံထဲရှိအပြင်အဆင်တွေက အများကြီးရိုးရှင်းနေလေသည်။ပေါင်းချုပ်ဆိုရလျှင် သာမန်အခြေ‌အနေတွင်ဆိုပါက လူအချို့သည်မီးလောင်မှုကိစ္စမှလွဲလျှင် လှေကားကိုအသုံးပြုခဲလိမ့်မည်ပင်။


အဆောက်အအုံထဲရှိ မီးရောင်ကဖျော့တော့နေပြီး ကျိအန်းနဥ်၏ပါးပြင်က အပြင်းအထန်နီရဲနေသည်။


သို့သော် ကျိအန်းနဥ်သည် ဓါတ်လှေကားအားလုံးဝမသုံးခဲ့ပေ။တစ်ခြားတစ်ယောက်က အောက်ထပ် ဓါတ်လှေကားဝင်ပေါက်တွင်စောင့်နေလေသည်။ အကယ်၍ သူမသာ ဓါတ်လှေကားကိုအသုံးပြုခဲ့ပါလျှင် ထောင်ချောက်ထဲကို လမ်းလျှောက်ဝင်သွားသလိုဖြစ်နေလိမ့်မည်သာ။


သူမ၏ဒေါက်က ကွာနေသဖြင့် ရုတ်တရက်ဆိုသလို သူမခြေချင်းဝတ်လည်သွားလေသည်။ကျိအန်းနဥ်သူမရဲ့သွားတွေကိုကြိတ်လိုက်ပြီး ဒေါက်ကိုချွတ်လျက် ခြေဗလာဖြင့်တောက်လျှောက်ပြေးသွားတော့သည်။နှစ်ထပ်ကျော်ပြေးပြီးနောက် သူမအားကုန်လာသည်။သို့သော် ရုတ်တရက်အောက်ဘက်မှခြေသံတွေကို ကြားလိုက်ရသည်။သူမငြိမ်သက်သွားပြီး အလိုလိုရပ်တန့်သွားမိလေသည်။


"မြန်မြန်လုပ်.. သူမအပေါ်ထပ်မှာပဲရှိသေးတယ်.. ထွက်ပေါက်အားလုံးကလည်းပိတ်ထားပြီးသား...သူမအဝေးကြီးမပြေးနိုင်ဘူး..."


ယောင်္ကျားတစ်ရဲ့အသံကလှေကားတစ်လျှောက် ပဲ့တင်သံထပ်လျက်ရှိနေသည်။


ကျိအန်းနဉ် ချက်ချင်းဆိုသလို အနောက်လှည့်၍ ပြန်လှည့်ပြေးတော့သည်။


သူမက အသံလုံး၀မထွက်စေဘဲ တိတ်တဆိတ်ပြေးနေခြင်းပင်။


ထိုနောက်ယောင်္ကျားကြီးရဲ့အသံဟာ ထပ်ပြီးဟိန်းထွက်လာလျက်


"ဒီမှာ သူမရဲ့ဖိနပ်ပဲ...အဲ့ဒီနားမှာပဲ သူမ ရှိဦးမယ်..."


ကျိအန်းနဉ် မျှော်လင့်ချက်မဲ့သလို ခံစားနေရသည်။သူမအပေါ်ထပ်မှာပြေးနေခြင်းက အဆုံးမှာသေစေမှာကို သိနေခဲ့သည်။ သို့သော်လည်းသူမမှာ အခြားနည်းလမ်းလည်းမရှိပေ။ 


ဤတစ်လမ်းကသာသူမကို လွတ်မြောက်စေနိုင်မည်ဖြစ်၏။


နောက်ဆုံးတွင်သူမ အပေါ်ထပ်သို့ပြေးတက်သွားပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။အပြင်ဘက်မှာလည်း ကောင်းကင်က မှောင်မဲနေသည်။သူမကအဆောက်အဦး၏အမိုးပေါ်ရောက်သွားချေပြီ။


မြို့ရှုခင်းသည် မီးရောင်ကြောင့်ညစ်ညမ်းနေပြီး အမှောင်ထုထဲမှာ အမိုးပေါ်ကို အလင်းပေးနေခဲ့သည်။အမိုးသည် ဗလာဖြစ်ပြီးအစွန်းဘက်၌ ညစ်ပတ်ပေကျံနေသည်မှာ ဓါတ်လှေကားအခန်းများ သို့မဟုတ် အအေးခန်းလိုမျိုးနှင့်ဆင်တူနေသည်။


သူမမှလွဲ၍ အခြားတစ်ယောက်မရှိပေ။


မကြာခင်မှာပင်၊ ကျိအန်းနဉ်သည် အ‌မိုးပေါ်ကိုပြေးတက်လိုက်ပြီး တစ်စုံတစ်ခုကို ၀င်တိုက်မိလေသည်။ သို့သော် ထိုအရာကဘာမှန်းသူမမသိပေ။


သူမနာကျင်မှုကို သည်းခံပြီးအရှေ့ဆက်ပြေးလျက် ညစ်ပတ်နေတဲ့‌ နေရာအစွန်းပိုင်းကို အရိပ်တွေထဲချန်ထားခဲ့လိုက်သည်။


သူမသည် ဘုရားသခင်ကို သူမကိုကာကွယ်ပေးဖို့နှင့် ထိုလူတွေသူမကိုရှာမတွေ့စေဖို့ကိုသာဆုတောင်းနေမိသည်။သို့သော် ကံမကောင်းစွာဖြင့် ဘုရားသခင်က သူမရဲ့ ဆုတောင်းကိုမကြားနိုင်ခဲ့ပေ။ထိုလူတွေက မိနစ်အနည်းငယ်အကြာမှာပင် ရောက်လာကြတော့သည်။ 


သူတို့က သူမဒီနေရာမှာရှိနေမှန်းကိုသိထားနှင့်ပုံရပြီးချက်ချင်းရှာဖွေတာမျိုးမလုပ်ပေ။


သူတို့က ထွက်ပေါက်ကိုသာ ပိတ်လိုက်ပြီးနောက် တရားခံအစစ်ကိုထွက်လာဖို့ စောင့်နေလေသည်။ 


ထိုတရားခံကမကြာမှီ ရောက်လာလေသည်။ 


ဟုတ်ပေသည်။ သူကအပေါ်သို့ ဓါတ်လှေကားစီးပြီး ရောက်လာတာပင်။


"ကျိအန်းနဉ်... ပုန်းမနေနဲ့တော့...ထွက်လာခဲ့...ကိုယ်မင်းကိုမြင်နေရတယ်.." သူဟာအော်ပြောရင်း အော်ဟစ်ရယ်မောနေခဲ့၏။


ကျိအန်းနဉ်က သူမကို သူလှည့်စားနေမှန်းသိသည်။သူမကို သူ့နေရာမှ သူမမြင်နိုင်ပေ။သူမရဲ့ အသက်ရှူသံကို ထိန်းချုပ်လိုက်ပြီး သူမခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်း ဆုတ်ခွာလိုက်သည်။ ထိုစဥ်သူမခြေထောက်က  အေးစက်စက်အရာတစ်ချို့ကို ထိတွေ့မိသွားသည်။


သူမခေါင်းငုံ့လိုက်တော့ မြေပြင်ပေါ်တွင် သူမလက်မောင်းနီးပါး သံတုတ်တစ်ချောင်းကိုတွေ့လိုက်ရသည်။သူမ တိတ်တဆိတ် တုတ်ကိုယူပြီးနောက် လက်ထဲမှာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။


သူမကိုယ်သူမ မထုတ်ဖော်စေဘဲ၊ သူမနှင့်ရင်းနှီးကျွမ်းဝင်နေသော အသံက သူ့လူတွေကို လူစုခွဲပြီးသူမကိုရှာဖို့ အမိန့်ပေးနေတာကိုငြိမ်၍နားထောင်နေလိုက်သည်။


ပုန်းစရာနေရာမရှိတော့ပေ။ အနည်းဆုံးဆယ်မိနစ်အတွင်း သူမကို သူတို့ရှာတွေ့တော့မည်။


ထိုစဉ် အမျိုးသားက အေးအေးဆေးဆေးစကားဆက်ပြောနေလျက်


"တွေးကြည့်စမ်း... မင်းကိုဘယ်သူကာကွယ်မှာလဲ...ဝမ်ယွီလား...ကျစ် ကျစ်  ဘယ်သူမှမင်းကိုထိခွင့်မပြုဘူးလို့ သူ မပြောခဲ့ဘူးလား...အခုသူဘယ်မှာလဲ..."


ဝမ်ယွီ ဝမ်ယွီပဲထပ်ဖြစ်နေပြန်ပြီ...


ဝမ်ယွီ...သူကသူမကိုလအတော်ကြာ သူမကိုအပူလိုက်ကပ်နေတဲ့သူလေ ရုတ်တရက်ကြီး လွန်ခဲ့လအနည်းငယ်က သူ ကျောင်းကနေ‌ပျောက်သွားခဲ့တယ်...


ကျိအန်းနဉ် မူလက ထိုကိစ္စသည် သူမဘာမှပတ်သတ်မှာမဟုတ်ဘူးဟု‌တွေးထားမိသည်။


ပြောထားသောကောလဟာလတွေထဲကလို သူမနှင့် ဝမ်ယွီတွင် မည်သည့်ပတ်သက်မှုမျိုးမှရှိမနေချေ။


သို့ပေမယ့် ယခုအချိန်မှာ သူမအတော်နုံအတာပဲဆိုတာကို သိလိုက်ရသည်။


ဝမ်ယွီပျောက်သွားပြီးမကြာခင်မှာ တစ်စုံတစ်ယောက်က သူမကို ပစ်မှတ်ထားဖို့မစောင့်နိုင်ကြတော့ဘူး...


"ကိုယ်မင်းကို ပြောနေတယ်လေ... မင်းနဲ့ဝမ်ယွီရဲ့သောက်ကြောင်းကို ကိုယ်ဂရုမစိုက်ဘူးလို့...လိမ္မာစမ်းပါ...ဒါဆိုမင်းကို ကိုယ့်ကောင်မလေးဖြစ်ခွင့်ပြုမယ်...အခုထွက်လာခဲ့...ခေါင်းမမာစမ်းပါနဲ့" 


သူဆက်ပြောခဲ့တာက


"မင်းဝမ်ယွီနဲ့အိပ်ခဲ့ပြီးပြီပဲ...ဘာလို့ ကိုယ်နဲ့အတူမအိပ်ချင်ရတာလဲ.."


ဖာ့ခ်...နင်တစ်ယောက်တည်းပဲ သူနဲ့သွားအိပ်လိုက်စမ်းပါ...


ကျိအန်းနဉ် သူမသွားတွေကိုကြိတ်လိုက်မိသည်။


သူမလမ်းလျှောက်နေစဉ်မှာပင် လေချွန်သံကိုကြားလိုက်ရသဖြင့် သူမလှည့်ကြည့်လိုက်သည့်အခါတိုင်း ထိုသူတို့ရဲ့မျက်လုံးတွေကသူမကိုအတော်လေး မထီမဲ့မြင်ပြုနေသည်။


ထိုယောင်္ကျားတွေရဲ့စူးစိုက်အကြည့်တွေက တမင်တကာ ဒါမဟုတ် မရည်ရွယ်ဘဲ သူမတစ်ကိုယ်လုံးကို လွှမ်းမိုးထားပြီး သူမ ရင်ဘတ်၊ခါး၊တင်ပါးတို့ကိုသာ အာရုံစိုက်ထားလေသည်။သူမကြည့်လိုက်တဲ့အခါတိုင်း သူတို့က တစ်ခုခုကို တီးတိုးပြောလျက် တစ်ခါတစ်ရံတွင်ရယ်မောနေကြသေးသည်။


ကိုယ်တိုင်မတွေ့ကြုံရပါက ကောလဟာလတွေဟာ ဘယ်လောက်အထိ ထိခိုက်နာကျင်စေနိုင်သလဲဆိုတာ ဘယ်သူမှမသိနိုင်ချေ။


ကျောင်းရှိ အတန်းဖော်တွေကလည်း ယင်းကိုပဲအတင်းအဖျင်းပြော‌ကြပြီး ထိုအတင်းအဖျင်းတွင် ပါဝင်နေသူတွေအပေါ်ဘယ်လောက်အထိ ထိခိုက်စေလဲဆိုတာကိုနားမလည်ကြပေ။


ထို့အပြင် လူတစ်ချို့ကလည်း ကောလဟာလကိုအမှန်ယူဆပြီး ယင်းတို့ကိုဆင်ခြေအနေဖြင့်အသုံးချကာ ထိုလူကဲ့သို့ သူမအပေါ် မဆင်မခြင်ဆက်ဆံလာကြသည်။


ထိုလူနီးကပ်လာစဉ် သူက ကျိအန်းနဉ်ကြားရအောင် ပြောလိုက်သည်။


"မင်းသည်းမခံနိုင်တော့တာကို ငါသိတယ်... ဘယ်သူ့ကိုအရူးလုပ်ချင်နေတာလဲ...လူတိုင်းက မင်းကတစ်ညမှာ ယွမ်သုံးထောင်ပဲတန်တဲ့သနားစရာအလှလေးဆိုတာသိတယ်...ဒါမဟုတ် ခြောက်ထောင်ဆိုရင်ဘယ်လိုလဲ...ဒါမဟုတ် တစ်သောင်းဆိုရင်ရော...ငါ့ဆီလာခဲ့ပါ"


အသံကနီးကပ်လာသည်နှင့်အမျှ ကျိအန်းနဉ် သူမရဲ့အသံရှူသံကိုထိန်းချုပ်လိုက်ပြီးစတီးတုတ်ကို ခပ်တင်းတင်းဆုတ်ကိုင်ထားလိုက်၏။


သိပ်မကြာခင် ထိုသူစကားပြောတာရပ်သွားပြီးနောက် ကျိအန်းနဉ် ထိုသူရဲ့ဖိနပ်ထိပ်နှင့် သူ့မျက်နှာကိုပါ တွေ့မြင်လိုက်ရသည်။သူက အရှေ့သို့ဆက်လျှောက်နေပြီး သူမရှိတဲ့နေရာကိုကြည့်လိုက်သည့်အခါ သူ့ရဲ့အရှေ့တွင်သူမကိုမြင်လိုက်ရလေသည်။


"ကောင်းပြီလေ..."


သူမ အရှေ့နောက်မကြည့်ဘဲ ပြောချလိုက်သည်။


"ကျွန်မရှင့်ကိုယွမ်တစ်သန်းပေးမယ်..."


သေချာပေါက်ပင် ကျိအန်းနဉ်မှာ ယွမ်တစ်သန်းမဆိုနှင့် တစ်ယွမ်ပင်မရှိ‌ေချ။သူမအတွက် စတီးတုတ်ကသာ သူမ၏အပြောင်းအလဲဖြစ်လာနိုင်ပေသည်။


"ဒီမှာ..."


လူငယ်က သူ့စကားကိုဆုံးအောင်မပြောရသေးမှီ တုတ်ဖြင့် သူ့နှာနုရိုးတည့်တည့် အရိုက်ခံလိုက်ရသည်။သွေးများက ကျိအန်းနဉ်၏မျက်နှာသာမက နေရာအနှံ လွှင့်စင်သွား၏။


လူငယ်ကအသံကျယ်ဖြင့် အော်လိုက်ရင်း နောက်သို့လဲကျသွားသည်။ကျိအန်းနဉ်က သူ့ကိုဖြတ်ကျော်လိုက်ပြီး လှေကားထစ်ဆီသို့ ပြေးလေသည်။သို့သော်ငြား လူငယ်၏လူများက ဆူညံ့သံကို ကြား၍ ရောက်လာကြသည်။


ကျိအန်းနဉ် တုတ်ကိုလွှဲယမ်းလိုက်ပေမဲ့ ဘော်ဒီဂတ်တွေကသူတို့ရဲ့လက်မောင်းတွေဖြင့် ကာထားကြပြီး နာကျင်မှုကို ကြံ့ကြံ့ခံကာ အခြားလက်တစ်ဖက်ဖြင့် သူမဆီက တုတ်ကိုဆွဲယူကြသည်။အခြားတစ်ယောက်ကမူ သူမအား မြေပြင်ပေါ်တွင်ဖိထားသည်။


သူမအပြင်းအထန်ရုန်းကန်နေရင်း ကျိအန်းနဉ်က စတီးတုတ်ကို ကိုင်လျက် တစ်ဖက်သို့လှည့်ကာ သူမအား ဖိထားသော ဘော်ဒီဂတ်၏ခေါင်းအား ဖြတ်ရိုက်ပစ်လိုက်သည်။တစ်ဖက်လူက အော်ညည်းလိုက်ရင်း သူမကို လွှတ်လိုက်သည်။


ကျိအန်းနဉ်လွတ်မြောက်ဖို့ ထိုအခွင့်အရေးကို အရယူတော့သည်။


သို့သော် ကျိအန်းနဉ်တွင် သွားစရာလမ်းမရှိတော့ပေ။အဆုံးတွင်သူမက အဆောက်အဦးအစွန်းဘက်ဆီသို့ ခုန်လိုက်သည်။


"ဒီနားကိုမလာနဲ့...ဒီကိုမလာခဲ့နဲ့..."သူမ သက်ပြင်းရှိုက်လျက် အော်ဟစ်လိုက်၏။


သူမစိတ်ထဲကြောက်ရွံ့နေသော်ငြား အပြင်မှာတော့ ရဲရင့်နေသည်။သူမလက်ထဲမှာ စတီးဘားတံကိုကိုင်လျက် သုံးဆယ့်တစ်ထပ်တိုက်အား ကျောပေးထားသည်။သူမတွင် သွားစရာနေရာမရှိတော့ပေ။ တစ်ခုတည်းသော မျှော်လင့်ချက်သည် တခြားတစ်ဖက်မှလူက ရုတ်တရက် သူမကိုချမ်းသာပေးရန် စာနာမှုရှိလာဖို့သာ ဖြစ်သည်။


ဒါကဘယ်လိုမှ ဖြစ်လာမှာမဟုတ်ပေမယ့်ပေါ့...


လူငယ်ကတော့ အခြားတစ်ယောက်ကို ထောက်ကန်ထားရပြီး သူ့မျက်နှာတွင် သွေးများဖုံးလွှမ်းလျက်ရှိနေပြီး သူ့မျက်လုံးများထဲတွင် ရက်စက်မှုများ ပြည့်နေလေသည်။


သူ့နှာခေါင်းမှ နာကျင်မှုကပိုပိုပြင်းထန်လာသဖြင့် နှာခေါင်းရိုးကျိုးကြေသွားပြီဟုထင်ရသည်။ထို့ပြင် သူ့သွားနှစ်ချောင်းလည်း ဆုံးရှုံးလိုက်ရသည်။


အဓိကက သူ့အသိစိတ်ထဲမှာ တစ်ခါလေးပင် ဒီလိုခံရလိမ့်မယ်လို့ မမျှော်လင့်ထာတာပင်။


ဒါကအရူးအိပ်မက်လိုပဲ...


"အဲ့ဒီမှာရပ်နေစမ်း...နင်သေချင်နေတာလား...."သူဒေါသထွက်စွာကျိန်ဆဲရင်း အမိန့်ပေးလိုက်သည်။


"ငါ့အတွက် သူမကိုဆွဲခေါ်လာစမ်း..."


ယောင်္ကျားကြီးအုပ်စုက ချဉ်းကပ်လာသည်နှင့်အမျှ ကျိအန်းနဉ် အနောက်ကိုပိုပိုဆုတ်နေမိသည်။


သူမနောက်ပြန်လှမ်းဆုတ်ရင်း ခြေချစရာမရှိတော့သည့်အဆုံး အမှောင်ထုထဲသို့ ပြုတ်ကျသွားတော့၏။


လူတွေက ဆိုးဆိုးဝါးဝါးသေဆုံးသွားတဲ့ ပြုတ်ကျလာတဲ့ လူတစ်ယောက် အကြောင်းကိုပြောဆိုနေကြသည်။အောက်ပြုတ်ကျလာတဲ့သူအတွက်  ပြုတ်ကျချိန်ဟာအတော်ကြာပြီး ဖြစ်စဉ်တစ်ခုလုံးတွင်ကြောက်ရွံ့မှုများနှင့်ပြည့်နေပေလိမ့်မည်။


ကျိအန်းနဉ်အခြားပြုတ်ကျသူတွေ ဘယ်လိုနေလဲမသိပေမဲ့ သူမတကယ်ကြုံတွေ့ခဲ့ရ‌တာတော့ အချိန်အလွန်ကြာလှပေသည်။ အဆုံးမှာတော့သူမ မသေချင်သေးပေ။


ဘဝကခက်ခဲလွန်းသဖြင့် သူမမှာ အသက်ရှင်သန်နိုင်ဖို့အလွန်ရုန်းကန်ခဲ့ရသည်။သူမ ဘယ်လိုလုပ်သေချင်ဦးမှာလဲ။


အကယ်၍ သူမ‌သာသေသွားခဲ့ရင် သူမအဖွားဘယ်လိုလုပ်မလဲ။


ကျိအန်းနဉ်သည် လူတွေကဘာကြောင့် အရမ်းကို ဆိုးသွမ်းနေရသလဲဆိုတာကို နားမလည်နိုင်တော့ပေ။သူမက ဝမ်ယွီကိုအတော်ဆိုးသွမ်းသည့်လူဟု ထင်ခဲ့ပေမဲ့အခြားသူတွေက ပိုလို့ပင်ဆိုးရွားနေကြသေးသည်။


ကျောင်းတူတဲ့အတန်းဖော်တစ်ယောက်က သန့်ရှင်းဖြူစင်လှတဲ့ကျောင်းသားဘဝတည်းကနေ လူဆိုးတစ်ယောက်ဖြစ်လာနိုင်သလား...


အကြောက်တရား၊မပြည့်ဝသေးသောဆန္ဒ၊ဒေါသနှင့်အတူ ကျိအန်းနဉ် သေဆုံးသွားခဲ့၏။


သူမရဲ့ဝိညာဉ်သည် ခန္ဓာကိုယ်မှထွက်ခွာသွားပြီးနောက် သူမကိုသတ်ခဲ့သူတွေ အလျင်စလိုထွက်ပြေးသွားတာကို စောင့်ကြည့်နေခဲ့သည်။


ရဲများရောက်လာချိန်၌ သူမ၏ခန္ဓာကိုယ်ကို ယူကာ စုံစမ်း‌စစ်ဆေးကြသည်။


သူမက  သူမကိုသတ်ခဲ့သူတွေ အပြစ်ပေးခံရလိ့မ်ည်လို့ ထင်ထားခဲ့ပေမဲ့ သူတို့ ဘာမှမဖြစ်ခဲ့ကြချေ။


မျက်မြင်သက်သေအချို့က ဘယ်နေရာကမှန်းမသိထွက်လာပြီး ထိုညက သူမက ဖောက်သည်တစ်ယောက်နှင့် ငွေကြေးကိစ္စဖြင့် ငြင်းခုံခဲ့သည်ဟု အပြစ်တင်ခံရခဲ့သည်။သူတို့က သူမက ထိုကိစ္စကြောင့်နှင့်အဆောက်အဦးပေါ်က ‌ခုန်ချခဲ့သည်ဟုပြောကြသေး၏။


အဆုံးသတ်တွင် ‌သတ်သေမှုအဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။


ကျောင်းမှာသတင်းတွေပျံ့နံ့လာပြီးနောက် သိပ်မကြာမီကောလဟာလတွေစတင်လာသည်။


"တကယ်အရှက်မဲ့တာပဲ...အဲ့ဒီလိုနေရာမျိုးမှာအလုပ်လုပ်တဲ့မိန်းကလေးတဲ့...ငါကြားတာက အဲ့ဒီအင်တာတိန်းမန့်က လိင်ကိစ္စတွေလွန်လွန်ကျူးကျူးလုပ်တယ်တဲ့..."


"ငါကြားတာက သူမက ယောင်္ကျားလေးဖောက်သည်နဲ့ငွေကြေးကိစ္စစကားများခဲ့တာကြောင့်တဲ့..."


"ဘာ...နင်အတွင်းသတင်းကိုသိတယ်လား..."


"ငါကြားတာက သူကပြည့်တန်ဆာတဲ့ ..."


"နင်မသိဘူးလား...တစ်ညယွမ်သုံးထောင်က ဝမ်ယွီနဲ့စတဲ့ဈေးနှုန်းတဲ့..."


ပြောနေတဲ့သူက သူကိုယ်တိုင်ပဲ ထိုနေရာတွင် မျက်မြင်ရှိနေသလိုမျိုး ချဲ့ကားပြောဆိုနေလေသည်။နားထောင်သူတွေကလည်း ရှော့ခ်ရသွားပြီး ပျော်ပျော်ရွင်ရွင်ဖြင့်မေးခွန်းတစ်ခုပြီးတစ်ခုမေးနေရင်း သူမအပေါ် ရေညစ်များလောင်းချကြသည်။


စကားလုံးတွေမှာ စွမ်းအင်ရှိကြသည်။ သူမနာမည်ကို‌ထုတ်ဖော်ပြောနေသ၍ သူမက ထိုနေရာကိုရောက်ရှိလာသည်။သူမသေပြီးခါစတွင်တစ်ကျောင်းလုံးတွင် သူမအကြောင်းသာပြောနေကြသည်။သူမက ထိုနေရာသို့အကြိမ်ကြိမ်အဆွဲခေါ်ခံလိုက်ရပြီး အတော်ခံစားခဲ့ရသည်။


သူမအဖွားကလည်းသူမကိုခေါ်နေလေသည်။ 


သူမက ညဉ်းညူနေ၏။


"နဉ်နဉ် ဘာလို့ပြန်မလာသေးတာလဲ..."


သူမက အိမ်ကိုသော့ခတ်လိုက်ပြီး အိမ်တွင်ရှိသောအစားအစာများကို စားလေသည်။


ထိုနောက် သူမကအရမ်းဆာလောင်နေသေးသဖြင့်တံခါးကိုထုလျက်"နဉ်နဉ် ...အဖွားဗိုက်ဆာနေတုန်းပဲ..."


ကျိအန်းနဉ်ပျောက်ကွယ်သွားသည်အထိ အလွန်အမင်းစိုးရိမ်နေရသည်။ကံကောင်းစွာနှင့် အိမ်နီးချင်းတစ်ယောက်က အဖွားရဲ့ငိုယို အကူအညီတောင်းသံကိုကြား၍ အိမ်တွင်ငတ်၍သေဆုံးခြင်းမှ အဖွားကို ကယ်တင်ဖို့ရာ တံခါးကိုဖျက်ပေးဖို့အတွက် ရဲ‌ဆီဖုန်းဆက်ခေါ်လေသည်။


ရဲက အဖွားက စိတ်ရောဂါရှိနေတာကိုတွေ့ခဲ့ပြီး အတော်လေးဒုက္ခရောက်နေသည်။အဓိကက လူငယ်တစ်ယောက်ပေါ်လာပြီးကျိအန်းနဉ်ကို အဖွားဆီမှ ခေါ်သွားခဲ့သည်။


သူက ကျိအန်းနဉ်နှင့်ကောလဟာလထွက်ခဲ့သော ချမ်းသာသည့် လူငယ်လေး ဝမ်ယွီပင်။


ဝမ်ယွီသည် ကျိအန်းနဉ်ရဲ့ အဖွားကို စိတ်ရောဂါအထူးပြု သူနာပြု အဆောက်အအုံတွင်ထားဖို့စီစဥ်ပြီးနောက် ကျိအန်းနဉ်၏ အကြည့်စူးစူးအောက်မှ ထွက်ခွာသွားလေသည်။


သူမအဖွားက သူမနာမည်အားရံဖန်ရံခါ ခေါ်နေသလို သူမသည်လည်း အဖွားဘေးတွင်အချိန်အကြာကြီးနေ၍ အဖော်ပြုပေးနေလေသည်။ရက်အတော်ကြာ သူမ ယခုလိုနေနေရင်းတစ်ရက်၌ သူမဆင့်ခေါ်ခံရလေသည်။


သူမခန္ဓာက သူမဘယ်တော့မှ မမေ့နိုင်မဲ့ သူမသေဆုံးခဲ့သော နေရာဆီသို့ ရောက်ရှိသွားသည်။


ပိတ်ပိတ်မှောင်နေသောညတစ်ညတွင် ၊ သူမကိုသတ်ခဲ့သောလူသည် သူ့လက်မောင်းတွေ ကြေမွနေသကဲ့သို့ဖြစ်နေပြီး မြေပြင်ပေါ်တွင်ဖိခံထားရသည်။ဝမ်ယွီမျက်လုံးများကမူ သွေးကြောများပေါ်သည်အထိနီရဲနေပြီး လက်ထဲတွင်မူ စတီးတုတ်ကိုကိုင်ထားပြီး  သည်မတိုင်ခင်ကလူတစ်ယောက်တည်းမဟုတ်သလိုမျိုး ထိုလူကိုပြင်းပြင်းထန်ထန်ရိုက်နှက်နေလေသည်။


ကျိအန်းနဉ်က ဝမ်ယွီ၏ ထိုလူအပေါ်ထားရှိသည့် အာဃာတကို မသိပေမဲ့လည်း သူမကျေနပ်သလိုခံစားလိုက်ရပြီး ထိုလူရဲ့ ဝက်သတ်ခံရသလို အော်ဟစ်သံကို သူမ‌ ပျော်ရွှင်စွာနားထောင်နေလိုက်၏။


ဝမ်ယွီက ထိုလူရဲ့ အရိုးကို ရိုက်ချိုးခဲ့ပြီး စတီးတုတ်ကွေးသွားသည်အထိရိုက်ပြီး ထိုသူ၏နံရိုးကို ကျိုးကြေသွားစေသည်။


"ဂလောင်"ဟူသောမြည်သံကြားရသည်အထိ သူက စတီးတုတ်ကို မြေပြင်သို့ခပ်ပြင်းပြင်းပစ်ချလိုက်ပြီး ထိုလူ့နှာခေါင်းရိုးကိုထပ်မံထိုးချလိုက်သည်။



xxxxx