အပိုင်း ၁
Viewers 5k

ယန်ဟန်တွင် အမြဲတမ်း အိမ်မက်တစ်ခုမက်လေ့ ရှိသည်။ သူမက ဇွန်ဘီတွေလက်ထဲမှ လှပတဲ့အမျိုးသားတစ်ယောက်ကို ကယ်ဆယ်ပေးရတာပဲဖြစ်သည်။ ဒီလူကို ဇွန်ဘီတွေလက်ထဲမှ ဘာကြောင့်ကယ်လာမိမှန်း သူမကိုယ်သူမ နားမလည်ဖြစ်နေသည်။
သူမက နှေးကွေးစွာနဲ့ လှပတဲ့အမျိုးသားကို ပြန်သတိရသွားသည်။ ထိုအမျိုးသားမှာ နူးညံ့သိမ်မွေ့တဲ့အတွက် သူမအကြိုက်အရသာရှိနေမှာ အသေအချာပဲဖြစ်သည်။ ဒါပေမယ့် သူမ လူသားမစားတာကြာပြီဖြစ်သည်။ ယန်ဟန်က သူမအတွေးထဲ စဉ်းစားလိုက်သော်လဲ ဘယ်လောက်ကြာခဲ့ပြီမှန်း မသိတော့ပေ။
လွန်ခဲ့သောလက သူမရဲ့ဖရိုဖရဲဖြစ်နေသော အတွေးများအားလုံး ရှင်းလင်းလာသည်။ ထို့နောက် သူမ ဉီးနောက်ဟာလဲ စွမ်းအင်များပြည့်နှက်လာပြီး အသိစိတ်လဲရှိလာသည်။
သူမ မျက်လုံးက တဖြည်းဖြည်းနှင့် တိတ်ဆိတ်နေသော မြို့တော်ကိုမြင်လာသည်။ သူမလိုပုံစံတူ အလောင်းကောင်များက ဟိုဟိုဒီဒီ လျောက်သွားနေကြသည်။
တကယ်တမ်းပြောရရင် သူမ အဲ့ဒါကို မှန်မှတဆင့်ပြန်တွေ့တာ ဖြစ်သည်။ မှန်ထဲမှ သူမကိုယ်တိုင်လဲ မြေကြီးထဲမှထွက်လာသော အလောင်းတစ်လောင်းနဲ့ တူနေသည်။ သူမကိုယ်သူမ မှန်ထဲကြည့်ပြီးနောက် သူမလဲ သူတို့ထဲမှတစ်ယောက်လို့တွေးလိုက်ပြီး လမ်းမပေါ်သို့ အသေကောင်လိုဆက်လျောက်သွားလိုက်သည်။
ယန်ဟန် သူမနာမည်ကို မမှတ်မိသည့်အပြင့် တခြားဘာကိုမှလဲ မမှတ်မိပေ။ ထို့နောက် သွေးစွန်းနေသော ကုတ်အကျီဝတ်ထားသည့် ဇွန်ဘီမတစ်ယောက်ကို မှန်ထဲမှတဆင့်တွေ့လိုက်သည်။ သူမ အနီးကပ်ကြည့်လိုက်သည်။ အဖြူရောင်ကုတ်ဝတ်ထားသည့်အတွက် သူမက ဆရာဝန်တစ်ယောက်ဖြစ်နိုင်သည်။ သူမအသက်ရှင်စဉ်အခါက အသက်မွေးဝမ်းကြောင်းအလုပ်ကို သူမ သိပ်စိတ်မဝင်စားပေ။ သူမ ကိုယ်ပိုင်မျက်နှာကို အားကျစွာကြည့်ပြီးနောက် လှည့်ပတ်သွားဖို့ရာ အပြင်သို့ထွက်ခွာသွားသည်။
လမ်းမပေါ်၌ များပြားလှစွာသော ဇွန်ဘီများရှိသည်။ ထို့အပြင့် သူတို့အားလုံးက တစ်ယောက်နှင့်တစ်ယောက် အနှောက်အယှက်မပေးပဲ ဉီးတည်ရာမဲ့စွာ လမ်းလျောက်နေကြသည်။ ဟုတ်ပါသည်။ သူတို့ထဲမှ တစ်ချို့သောဇွန်ဘီများမှာ မကျေနပ်စွာနှင့် ပြင်းထန်စွာ အော်ဟစ်နေကြသည်။
အသိဝင်နေသော ယန်ဟန်မှာ အရမ်းကိုတိတ်ဆိတ်နေသည်။ လမ်းပေါ်မှာ ဇွန်ဘီများရှိနေသည့်အတွက် သူမ တစ်ခုခုခိုးယူဖို့ရာ ပြတိုက်ထဲသို့ပြေးဝင်လိုက်သည်။ ဇွန်ဘီတစ်ကောင်အနေနဲ့ တစ်နေကို သုံးနာရီခန့် အိပ်ပျော်ပြီး အိပ်မက်မက်တတ်သည့် ယန်ဟန်သည် မွေ့ယာခိုးယူဖို့ ပရိဘောဂဆိုင်ထဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ယန်ဟန်ရဲ့များပြားလှတဲ့ လှုပ်ရှားမှုတွေက ဇွန်ဘီဘုရင်၏အာရုံကို အမြန်ပဲ ရရှိသွားသည်။ အဆောက်အအုံထိပ်မှာရပ်နေတဲ့ ဇွန်ဘီဘုရင်က သူမကို ကြည့်နေသည်။ သူမက စားဖို့သာသိသည့် အပြင်မှတခြားဇွန်ဘီတွေ နှင့်မတူပေ။
ဒါကြောင့် လွန်ခဲ့သော လဝက်ကတည်းက ဇွန်ဘီဘုရင်မှ အံ့ဩစရာကောင်းတဲ့ အမူအယာအား သူမကိုပြသသော်လဲ သူမ မျက်ဝန်းထဲ အဲ့ဒါကို အတော်လေးရူးကြောင်ကြောင်နိုင်တယ်ဟု တွေးလိုက်မိသည်။
ဉပမာအားဖြင့် ယန်ဟန်ကျန့် သက်တောင့်သက်သာရှိစွာနှင့် နေထွက်လာတာကိုကြည့်ရန် ခေါင်မိုးပေါ်၌ထိုင်နေစဉ် ဇွန်ဘီဘုရင်က ဇွန်ဘီအုပ်စုလေးတစ်ခုကို ခေါ်လိုက်သည်။ ထို့နောက် သူမအရှေ့တွင် သူတို့အားလုံးကို တစ်စစီဆွဲဖြဲပြနေသည်။ အဲ့ဒါက သူမကို အဆောက်အအုံပေါ်မှ ခုန်ချချင်လုမတတ်ဖြစ်သည်အထိ ကြောက်လန့်စေခဲ့သည်။
နောက်တော့ အဲ့ဒီအဖြစ်အပျက်ကို အကျိုးမရှိမှန်း သိသွားတဲ့ ဇွန်ဘီဘုရင်က သူ့ရဲ့ချစ်စဖွယ်ကောင်းမှုကို ပြသရန်နည်းလမ်းပြောင်းလိုက်သည်။ သူက ဇက်ကျိုးနေသော အလောင်းတစ်ကောင်အား သူမရှေ့မှာ ထပ်ပြီးတစစီဆွဲဖြဲပြန်သည်။ သူက နီရဲနေသောဉီးနောက်အား ထုတ်ယူလိုက်ပြီး ခံစားချက်မရှိစွာနဲ့ ယန်ဟန်ကိုပေးလိုက်သည်။
ဇွန်ဘီဘုရင်ကြောင့် သူမ အလွန်းအမင်းကြောက်လန့်သွားရသည်။ စက္ကန့်ပိုင်းလောက် ကြာပြီးသည့်နောက် သူမကဇွန်ဘီဘုရင်အား ကြောက်မက်ဖွယ်ရာကောင်းလှအောင် အော်ဟစ်ပြီး ထွက်ပြေးသွားတော့သည်။
ယန်ဟန်ကို ဆွဲဆောင်ဖို့ရာအတွက် ဇွန်ဘီဘုရင် ဘာမှမတတ်နိုင်တော့ပေ။ ဇွန်ဘီဘုရင်မှာ အရမ်းကို စိတ်ဆင်းရဲပြီး ဝမ်းနည်းနေတော့သည်။
ယန်ဟန် အသိစိတ်ဝင်လာကတည်းက တစ်နေ့ သုံးနာရီအိပ်သည်။ သူမ အိပ်ပျော်ချိန်မှာလဲ အိမ်မက်မက်သည်။ အိမ်မက်က ရိုးရိုးအိမ်မက်ပဲဖြစ်ပြိး တစ်ခုခုကို ကြိုမြင်သည့် အိပ်မက်ပဲဖြစ်သည်။
သူမက များပြားလှတဲ့ကိစ္စတွေကို ကြိုမြင်ထားသည့်အတွက် တစ်ခုပြီးတစ်ခု သေချာအောင် အတည်ပြုပြီးသည့်နောက်မှာတော့ အဲ့ဒါတွေက အမှားမရှိပေ။ အခုတခါတော့ ဆေးရုံသို့သွားကာ သူမအိမ်မက်အား အတည်ပြုရန်ဖြစ်သည်။
'ဘာပဲ ဖြစ်ဖြစ် သူမဆီမှာ လုပ်စရာမှမရှိတာ ... ဟီးဟီး'
သူမ စိတ်ထဲဆုံးဖြတ်ပြီးနောက် နှလုံးသားထဲမှ ပျော်ရွှင်စရာကောင်းသည်ဟု ခံစားလိုက်မိသည်။ ထို့နောက် ခံစားချက်မရှိစွာဖြင့် လမ်းမပေါ်သို့ လျောက်သွားတော့သည်။
Xxxxx