ယွင်ကျင့်မြို့တော်တွင် ဇွန်ဘီကူးစက်မှုများ ဖြစ်ပေါ်ေနသည်။ အသက်ရှင်ကျန်ရစ်သူ လူသားများက ဗိုင်းရပ်စ်ကိုကုသဖို့ရန်အတွက် နည်းလမ်းများကို လက်မလျော့သေးပေ။ ယွင်ကျင့်မြို့တော်ဝန်က ရောဂါထိန်းချုပ်မှုစင်တာကို အထူးတည်ဆောက်ပြီး သုတေသနလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်။
''ကျောင်းသားတွေအတွက် မင်းလိုအရမ်းတော်တဲ့ ပရော်ဖက်ဆာမျိုး မမြင်ဖူးဘူး... '' လီနန်ရှန့်က လှေကိုကမ်းသို့ကပ်ရင်း ပြောလိုက်သည်။
သို့ပေသိ သူ၏ အထွန့်တက်ခြင်းကိုခံရသည့် လူက တိတ်ဆိတ်နေသည်။
ဟန်ခိုင် က ဘာမှပြန်မပြောပေ။ လီနန်ရှန့် က လှေပေါ်မှ ခုန်ဆင်းလိုက်ပြီး ရေရွတ်လိုက်သည်
'' ငါပြောရရင်.. တာဝန်ကိုရှောင်ပြီး လှေကားပေါ်က တမင်လှိမ့်ချလိုက်တဲ့အကြောင်း လီယုယု နဲ့အခုလေးတင်ပြောလာတာ... သူတို့အိပ်ဆောင်က လှေကားအတွေများကြီးနားမှာလေ ပြီးတော့ သာမန်လူတွေက ဓါတ်လှေကားပဲသုံးတယ်။ အန္တရယ်ကင်းကင်းနဲ့ ဘယ်လောက်များများ သွားနိုင်မှာမို့လို့လဲ... တာဝန်ကိုရှောင်ဖို့အတွက် တမင်လုပ်တာမှ မဟုတ်ရင် ဘာဖြစ်ရမှာလဲ''
ဟန်ခိုင် ပြုံးလိုက်ပြီး ဒေါသထွက်နေတဲ့ လီနန်ရှန့်ကို လက်မထောင်ပြလိုက်သည်။ သူက ဟာသစွက်ကာ ပြောလိုက်သည်။
'' မင်းက မိန်းမကြီးလို ဒေါသထွက်နေတာပဲ''
လီနန့်ရှန်က မှုန်မှိုင်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး တဖက်သို့လှည့်ကာ သူ့နောက်မှလူကို အော်လိုက်သည်။
'' ဟေး ... မသေချင်ရင် အနားကပ်ပြီးလိုက်ခဲ့ကြ''
လီနန်ရှန့်က တဖက်သို့လှည့်ကာ ဟန်ခိုင်ကို ပြုံးပြလိုက်ပြီး '' အကို ဒီလိုနေရာကို မင်းအတွက်ငါလိုက်ခဲ့တာနော်.. ကျေးဇူးတင်ဖို့ နည်းနည်းပါးပါးစဉ်းစားပါဉီး''
လီမိသားစုနဲ့ ဟန်မိသားစုက သူငယ်ချင်းတွေဖြစ်သည်။ ပြီးတော့ လီနန်ရှန့်နှင့် ဟန်ခိုင်က ငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြသည်။
၂၀၂၂ ခုနစ်မှာ ဇွန်ဘီတွေထွက်ပေါ်လာပြီးနောက် လီနန်ရှန့်မိဘတွေကို ဆုံးရှုံးခဲ့ရသည်။ ထို့နောက် ကမ္ဘာပေါ်မှာ ဟန်ခိုင်တစ်ဉီးတည်းသာ လီနန့်ရှန်၏ ဆွေမျိုးလိုဖြစ်လာသည်။
လီနန်ရှန့်မှာ သန်မာသောခန္ဓာကိုယ် ဖွဲ့စည်းပုံရှိသည်။ အနက်ရောင်အသားအရေ၊ ကြမ်းတမ်းတဲ့အမူအယာ နှင့် မျက်နှာပေါ်မှာ မုတ်ဆိတ်မွှေးအနည်းငယ်ရှိသည်။ တချက်ကြည့်လိုက်ရုံနှင့် ထွားကြိုင်းကာ စိတ်ထားရိုးရှင်းပြီး နုံအသည့်သူတစ်ယောက်မှန်း သိသာစေသည်။
ဟန်ခိုင်မှာ သူ့ညီအစ်ကိုနှင့် လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။ သူ့ အသားအရေက ဖြူဖွေးပြီး ရွှေရောင်မျက်မှန်ကိုင်းတပ်ထားသည်။ အဲ့ဒီလှပပြီး နက်ရှိုင်းတဲ့ မက်မွန်သီးပုံမျက်ဝန်းတွေက သူပြုံးလိုက်လျင် ကွေးသွားပြီး လတစ်စင်းလို တောက်ပလာသည်။ သို့ပေမယ့် အဲ့ဒီတောက်ပမှုရဲ့အောက်ခြေမှာ အနည်းငယ်သော အေးစက်မှုများလဲရှိသည်။
'' မင်းကို ဘယ်လိုကျေးဇူးတင်ရမှာလဲ''
လီနန်ရှန့်က ခေါင်းကုတ်ပြီးနောက် ဟန်ခိုင်ကို ပြုံးပြလိုက်သည်။ ''ဒီကျွန်းမှာ အရင်လက ဆိုင်တစ်ဆိုင် ဖွင့်လိုက်တယ် မဟုတ်လား... အဲ့က ပိုင်ရှင်အမျိုးသမီးက အတော်လေးဆွဲဆောင်မှုရှိပြီး သဘောကောင်းတယ်လို့ ကြားထားတယ်.... အကို ... ငါ သူမကို အမြဲတမ်း တွေ့ဖူးချင်နေတာ.. ပိုက်ဆံပြတ်နေလို့ အဲ့မှာလိုက်တိုက်ပါလား''
ကျွန်းမှာ ယွင်ကျင့်မြို့တော်၏ အုပ်ချုပ်မှုအောက်မှာရှိနေသည့် ကျွန်းလေးတစ်ကျွန်းဖြစ်ပြီး သိပ်မကြီးပဲ ၂.၁ ကီလိုမီတာခန့်ကျယ်ဝန်းသည်။ ဒီကျွန်းမှာ မူလက ကန္တာရ တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ယွင်ကျင့်မြို့တော်ရဲ့ မြို့ပြလူဉီးရေက တစ်နှစ်ပြီးတစ်နှစ် တိုးပွားလာသည်။ အစိုးရက အကြံတစ်ချို့ရလာပြီး ကန္တာရ ကျွန်းကို လူ့စွမ်းအားအရင်းအမြစ်သုံးကာ ဖွံ့ဖြိုးအောင်လုပ်လိုက်သည်။ ၅နှစ် မှ ၆နှစ်ခန့် အချိန်ယူပြီးတည်ဆောက်ခဲ့သည့်အတွက် နေထိုင်သူ အနည်းငယ်ခန့်ရှိသည်။
ယွင်ကျင့် စည်ပင်အစိုးရက သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် ကာလရှည်ကြာသောအစီအစဉ်ရှိသည်။ တက္ကသိုလ်အား ကျယ်ပြန်အောင် အမြဲတမ်းလုပ်ချင်ပေမယ့် မြေနေရာအခက်အခဲကြောင့် အခက်တွေ့နေခဲ့သည်။ မြောက်များစွာသော စမ်းသပ်မှုတွေအပြီးမှာတော့ အစိုးရမှ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ် အခွဲတစ်ခုကို ဒီကျွန်းသို့ပြောင်းရွေ့လိုက်သည်။ ဒီကျောင်းခွဲမှာ ကျွန်းတစ်ဝက်ခန့်ကျယ်ပြန့်ပြီး လိုအပ်သော ပစ္စည်းပစယများအားလုံး တိုးတက်နေပြီဖြစ်သည်။
ဇွန်ဘီဗိုင်းရပ်စ်၏ ကူးစက်မှုနှုန်းအပြည့်က ၂၀၂၂ နွေရာသီအားလပ်ရပ်တွင်ဖြစ်သည်။ ကျောင်းဝင်းထဲမှ ကျောင်းသားများက နွေရာသီအားလပ်ရက်ကြောင့် အိမ်ပြန်သွားကြသည်။ ဘွဲရလူငယ်များနှင့် တစ်ချို့သော ဆေးကျောင်းသားများသာ ကျောင်းသုတေသနခန်းထဲတွင် များစွာသောခေါင်းစဉ်များကြောင့် ကျန်နေခဲ့သည်။ ကျောင်းသားအများစုက ပြန်သွားကြပြီး ဈေးသည်များမှာလဲ ဈေးရောင်းဖို့လူမရှိသည့်အတွက် ကျွန်းပေါ်သို့ ပြန်သွားကြသည်။
ထို့ကြောင့် ဇွန်ဘီဗိုင်းရပ်စ်များပြန့်ပွားချိန်တွင် ယွင်ကျင့်မြို့တော်၌ ငရဲလိုဖြစ်နေပြီး ကျွန်းပေါ်မှာတော့ အန္တရာယ်ကင်းခဲ့သည်။
ထို့နောက် ယွင်ကျင့်မြို့တော်မှ အသက်ရှင်ကျန်သူများက စုပေါင်းကာ ခေါင်းဆောင်ဖြစ်သူ မြို့တော်ဝန် စန်းကျားရှီဉီးဆောင်သော အဖွဲ့မှ လှေနှင့်ကျွန်းပေါ်သို့ရွက်လွှင့်လာသည်။
ကျွန်းမှာ ယွင့်ကျင့်မြို့တော်နှင့် သိပ်မဝေးသောကြောင့် ဖြစ်နိုင်သည်။ ထို့အပြင့် ဗိုင်းရပ်စ်မှာ ပင်လယ်ပြင်ကိုဖြတ်သန်းဖို့ရာ ခက်ခဲ့သည့်အတွက် ကျွန်းပေါ်မှလူများအား မကူးစက်ခြင်းဖြစ်သည်။ ကျွန်းပေါ်မှလူများနှင့် ယွင်ကျင့်မြို့တော်မှလူများ ပေါင်းလိုက်လျင် အနည်းဆုံး လူဉီးရေ ၁၀၀၀၀ ခန့်ရှိသည်။
လူဉီးရေ ၂၀ မီလီယံအထက်ရှိသောမြို့မှာ အဆုံးမှာတော့ ၁၀၀၀၀ တောင် မပြည့်တော့ပေ။
ဟန်ခိုင်က သူ့ကိုလှည့်ကြည့်ပြီး ပြောလိုက်သည်
'' ကျွန်းပေါ်က လူတွေအများကြီး စားသောက်ဖို့ခက်ခဲနေတာကို သူမက စားသောက်ဆိုင်ဖွင့်နိုင်တယ်ဆိုတော့ မလွယ်ကူလောက်ဘူး.. ငါလဲသွားကြည့်ချင်တယ်''
သူ အလွယ်တကူ သဘောတူလိုက်သည့်အတွက် လီနန့်ရှန်မျက်နှာထက် ချက်ချင်းပဲ အပြုံးများ ထွက်ပေါ်လာသည်။ ပြုံးနေစဉ်မှာပဲ သူ့မျက်နှာမှာပြောင်းလဲသွားသည်။ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ဟန်ခိုင်ကိုနောက်သို့ပို့ကာ ကာကွယ်လိုက်သည်။ သူတို့နှင့်သိပ်မဝေးသောနေရာမှ ဇွန်ဘီတစ်ကောင် အေးအေးလူလူလမ်းလျောက်လာတာကို တွေ့လိုက်ရသည်။
လီနန့်ရှန်က သွားကြိတ်လိုက်ပြီး '' ဒီနေ့တော့ ကံမကောင်းတော့ပါဘူးကွာ... ငါတို့ဇွန်ဘီတစ်ကောင်ပဲတွေ့တယ်... အကို... ဒီကောင်ကို ကျွန်တော်ပဲ ဂရုစိုက်လိုက်မယ်''
ဇွန်ဘီတစ်ကောင်တည်းလောက်ကတော့ နှစ်ပေါင်းများစွာ ဇွန်ဘီအမှိုက်ပုံအပေါ်လူးလှိမ့်လာတဲ့ လီနန့်ရှန်အတွက် အသေးအဖွဲ့ပဲဖြစ်သည်။ ဇွန်ဘီကိုဖိနှိပ်ပြီးနောက် ကျန်ရှိတဲ့ ညီအစ်ကိုတွေက အိတ်အမဲနှင့်ထုတ်ကာ ဇွန်ဘီလှောင်အိမ်ထဲသို့ ပစ်ထည့်လိုက်သည်။
လီနန့်ရှင်က လက်နှစ်ဖက်ကို ပုတ်ကာခါလိုက်ပြီး '' ပြီးပြီ .. အိမ်ပြန်ရအောင်''
လမ်းတဝက်မှာပဲ သူက ဟန်ခိုင်လက်ကိုဆွဲကာ လေသံတိုးလေးနှင့် '' ဟျောင့်... မင်းငါနဲ့ ဆေးရုံလိုက်ခဲ့ပေး... ဆေးနည်းနည်းလောက် ရှာဖို့ရှိတယ်''
လီနန့်ရှန်က ရှုပ်ထွေးတဲ့ အမူအယာနှင့် သူ့ကိုကြည့်ပြီး မျက်ဝန်းထဲမှာလဲ သံသယတွေ အံ့ဩမှုတွေနှင့် ပြည့်နှက်နေသည်။ ခဏကြာပြီးနောက် သူက တခြားသူတွေကို အမိန့်ပေးလိုက်တယ်
'' လှေပေါ်ကိုဒီဟာတွေကိုယူပြီး အရင်သွားနှင့်ကြ... ငါနဲ့ ပရောဖက်ဆာ အထူးတာဝန်လုပ်ဖို့ရှိတယ်... ပြီးရင် ငါတို့ပြန်လာတာကို လှေပေါ်မှာပဲ စောင့်နေကြ''
ထိုလူတွေက မယုံကြည့်မှုနဲ့ခေါင်းငြိမ့်လိုက်ပြီး ဘယ်သူမှလဲ မေးခွန်းမထုတ်ရဲပေ။ သူတို့က ဇွန်ဘီကိုယူကာ လှေပေါ်သို့တက်သွားကြသည်။
လီနန့်ရှန်က မြေပုံကိုထုတ်ယူလိုက်ပြီး အနီးစပ်ဆုံး ဆေးရုံကို ရှာဖွေလိုက်တယ် '' အကို... ဒီဆေးရုံက ဘယ်လောက် အန္တရာယ်များလဲဆိုတာ သိလား''
'' ငါ လက်နက်ကိုင်တပ်ဖွဲ့တွေဆီက ကြားဖူးတယ် အဲ့နေရာက ထွက်လာဖို့ အရမ်းခက်တယ်တဲ့''
''အဲ့ဆေးရုံက ဇွန်ဘီတွေ အများဆုံးစုဝေးတဲ့နေရာပဲတဲ့ ပြီးတော့ အထဲကနေရာတွေကလဲ ရှုပ်ထွေးတော့ ငါတို့အတွက်မကောင်းဘူး''
ဟန်ခိုင်က ခဏလောက်တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည် '' ငါ့အဖေရဲ့ စိတ်ကျရောဂါက ပိုဆိုးလာပြီ... သူ့အတွက်ဆေးကုဖို့ အရေးပေါ်လိုနေပြီ... ကျွန်းပေါ်မှာ ဆေးတွေဘယ်လောက်ရှားလဲဆိုတာ မင်းသိပါတယ်''
လီနန့်ရှန်က သူ့ပုခုံးကိုပုတ်လိုက်ပြီး စိတ်သက်သာရာရဟန်နဲ့ ပြောလိုက်သည် '' ငါနဲ့သာအတူနေ နှစ်ယောက်လုံးရှင်နိုင်တယ် ဟားဟားဟား''
'' ကျေးဇူးပါ အကို'' ဟန်ခိုင်က ချစ်ခင်စွာနှင့်ကြည့်ရင်း ပြောလိုက်သည်။
အဲ့ဒီအကြည့်ကြောင့် လီနန့်ရှန်မှာ ထုံထိုင်းသွားပြီး သူ့စိတ်ဝိညာဉ်မှာလဲ ခြိမ်းခြောက်ခံလိုက်ရသလို ဖြစ်သွားသည်။
''အဟမ်း... ဆေးရုံကို သွားရအောင်... မှောင်လာရင် ပိုပြီးခက်ခဲသွားနိုင်တယ်''
လီနန့်ရှန်က မြေပုံပေါ်မှာ လက်ကိုထောက်လိုက်ပြီး '' ဒီဒုတိယဆေးရုံကိုလဲ မရောက်ဖူးသေးဘူး... လမ်းကလဲဖြောင့်တယ်ဆိုတော့ ဒီဆေးရုံကိုရွေးရအောင်''
လမ်းမှာ ဖြောင့်ဖြူးပြီး ကျယ်ဝန်းလျင် ဇွန်းဘီများဝိုင်းအုံဖို့မလွယ်ကူပေ။ အဲ့အချိန်မှာဆို လီနန့်ရှန်အနေနဲ့ ဇွန်ဘီ တစ်ကောင်ဖြစ်ဖြစ် နှစ်ကောင်ဖြစ်ဖြစ် သတ်ပစ်နိုင်သည်။
ဒုတိယဆေးရုံနား ရောက်ချိန်မှာတော့ နှစ်ယောက်သား အလွယ်တကူ မဝင်ရဲသေးပေ။ နံရံထောင့်နားမှာ ပုန်းကွယ်နေရင်း ဆေးရုံရှေ့မှ ဇွန်ဘီများကို ရေတွက်လိုက်သည်။
'' အား... မင်းရှာနေတဲ့ဆေးက ဘယ်နေရာမှာလဲဆိုတာ သိလား''
''ဆေးပေးခန်းမှာ ရှာလို့ရမယ်ထင်တယ်''
လီနန့်ရှန်ခေါင်းငြိမ့်လိုက်ကာ '' အိုကေ... ငါအရင်ထွက်ပြီး ဒီဇွန်ဘီတွေကို မောင်းထုတ်လိုက်မယ်... မင်းက ဆေးပေးခန်းသွားပြီး ဆေးရှာလိုက် ... အချိန်ကတန်ဖိုးရှိတယ်ဆိုတော့ မြန်မြန်လေးသွားတော့''
ဟန်ခိုင် ခေါင်းငြိမ့်လိုက်သည်။ လီနန့်ရှန်က သေနတ်နှစ်လက်ကိုဆွဲထုတ်လိုက်ကာ တိုက်ရိုက်ပြေးထွက်သွားသည်။ သေနတ်သံနှင့်အတူ အလောင်းသုံးခုက မြေပေါ်သို့လဲကျသွားသည်။ ကျန်ရှိနေသော ဇွန်ဘီများမှာ ထိုမြင်ကွင်းကြောင့် လီနန့်ရှန်ဆီသို့ စဉ်းစားခြင်းမရှိ အတင်းပြေးသွားကြသည်။
လီနန့်ရှန် အော်ဟစ်ကာ သူ့အသက်ရှင်ရန်အတွက် ပြေးတော့သည်။