အပိုင်း ၁၅၆
Viewers 16k

Chapter 156



လူဝီဆန်က ယွီနျန့်ကို ဓါတ်လှေကားထိ ပို့ပေးခဲ့ပြီးနောက် အိပ်ခန်းထဲ ပြန်ဝင်လာရင်း သတင်းပို့လာသည်


 " ဆရာ...မစ္စတာယွီ ထွက်သွားပါပြီ"


ဟယ်ရှောင်းက အားတင်းပြီး မျက်လုံးဖွင့်လိုက်ရင်း ယွီနျန် ထွက်သွားရာဘက်ကို ကြည့်လိုက်ပြီး ဖြေးဖြေးချင်း မျက်လုံး ပြန်ပိတ်လိုက်သည်။ လူဝီဆန်က ဆေးစစ်ကိရိယာများပေါ်က အမှတ်များကို စစ်ဆေးရန်အတွက် လှည့်ရန်ပြင်လိုက်စဥ် ဟယ်ရှောင်း၏ သူ့ကိုယ်သူ ပြောနေသံ တိုးဖွဖွကို ကြားလိုက်ရသည်။


"တကယ် တူတယ်....အရမ်း တူတယ်" 


******


ယွီနျန်က သက်တော်စောင့်များနှင့် ကားပါကင်ဆီ ရောက်သွားချိန် ရွှယ်ယုံက ရောက်နှင့်နေပြီ ဖြစ်သည်။ သူက ဖတ်နေသည့် မှတ်တမ်းများကို ဘေးပို့လိုက်ရင်း ယွီနျန့်လက်ကို ဆုပ်ကိုင်လာပြီး မေးလာသည် " ဘယ်လိုဖြစ်သွားလဲ"


ယွီနျန်က အခြေအနေကို အကျဥ်းချုပ် ရှင်းပြလာသည်။


 " ကျွန်တော်ကတော့ ဟယ်ရှောင်းနဲ့ အိမ်တော်ထိန်း လူဝီဆန်တို့ နှစ်ယောက်လုံးက ထူးဆန်းတယ်လို ခံစားရတယ်။ ဒါကြောင့် ကျွန်တော်က အဆုံးမှာ ငြင်းလိုက်တာ။ ကျွန်တော် မသက်မသာ ခံစားမိလို့လေ။ အဲ့ဒါပြီးတော့ သမိုင်းကြောင်း တန်ဖိုးအရဆို ကျွန်တော့် ဆရာရဲ့ သုတေသနခန်းထဲ သိမ်းထားတဲ့ ကြေးနီစပ်ကွေ့အိုး တစ်ဝက်နဲ့တင် လုံလောက်ပါပြီ။ ကျန်တဲ့ အောက်ခံခုံတစ်ဝက်ကိုတော့ အရမ်းကြီး လိုအပ်လှတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့်မှာ ဆုံးဖြတ်ဖို့ အချိန်ရှိတယ်လေ"


ရွှယ်ယုံက ပြောလာသည် 


"ကိုယ် ဟယ်ရှောင်းကို စုံစမ်းကြည့်ပြီးပြီ။ သူ့မှာ အင်အားကြီးတဲ့ မိသားစုနောက်ခံ ဆိုတာမျိုး မရှိဘူး။ ငယ်ကတည်းက ကုတ်ခြစ်ပြီး ဘဝစခဲ့ရတာ။သူက အရမ်းတော်ပြီး လုပ်ရည်ကိုင်ရည်ရှိတယ်။ သူက ပြည်ပမှာတော့ အရေးပါတဲ့သူတစ်ယောက်ပဲ။ ဒါပေမယ့် လတ်တလောနှစ်တွေတုန်းက သူက ကျန်းမာရေးအခြေအနေ ပြင်းထန်လို့ လူရှေ့ သိပ်ပေါ်မလာတော့ဘူး။ သူက လက်မထပ်ရသေးသလို ကလေးလည်း မရှိဘူး။ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းလိုက်ဖို့ သေတမ်းစာ တစ်ခု လုပ်ထားတယ်လို့လည်း ကောလဟာလတွေ ရှိဖူးတယ်" 


ယွီနျန်က ရွှယ်ယုံ့လက်ဖဝါးဆီ သူ့လက်ချောင်းများနှင့် လမ်းစရှာလိုက်ရင်း စဥ်းစားချင့်ချိန်ကြည့်သည်


 " သူ့ရဲ့ နောက်ဆုံး အစီအစဥ်က အမွေတွေအားလုံးကို လှူပစ်ဖို့ ဆိုရင် ကြေးနီစပ်ကွေ့အိုး အောက်ခံခုံကို ဖြစ်သလို လက်ဆောင်ပေးလိုက်တာလည်း အဓိပ္ပါယ်ရှိလောက်တယ်။ ဒါပေမယ့် ဘာလို့ သူတို့က ကျွန်တော့်ကို အထူးအနေနဲ့ ရှာလာရတာလဲ"


ပြီးတော့ အခြားသူကို ပေးမှာ မဟုတ်ဘူး ဆိုပြီး အလေးအနက် ပြောနေရတာလဲ။


ယွီနျန်က လှဲချလိုက်ရင်း ရွှယ်ယုံ့ပေါင်ပေါ် ခေါင်းတင်ထားလိုက်ပြီး ဇိမ်ခံနေလိုက်သည်


 " ထားလိုက်ပါတော့။ အခု အဲ့ဒီအကြောင်း မစဥ်းစားတော့ဘူး။ ဒီတစ်ကြိမ်မှာ ကျွန်တော်က ငြင်းခဲ့တယ်။ သူတို့မှာ တခြား အကြောင်းပြချက် ရှိနေရင် မကြာခင် ကျွန်တော့်ကို ပြန်လာတွေ့လိမ့်မယ်" 


သူက လက်မြောက်လိုက်ပြီး ရွှယ်ယုံအာဒံပန်းသီးကို ဖွဖွ ပွတ်သတ်လိုက်ရင်း ပြောလာသည် 


" ဒီနေ့လည်မှာ တခြားအစီအစဥ် မရှိဘူး ဆိုတော့ ခင်ဗျား အလုပ်ဆီ လိုက်ခဲ့ရင်ရော ဘယ်လိုလဲ" 


ရွှယ်ယုံက ယွီနျန်၏ အငြိမ်မနေသော လက်ကလေးကို ဖမ်းဆုပ်လိုက်ရင်း ညင်ညင်သာသာ နမ်းရှိုက်လိုက်သည်


 " ကိုယ် ထပ်ပြီး မတောင်းဆိုတော့ပါဘူး"


*****


နှစ်ရက်ကြာပြီးနောက် မုန့်ယွမ်က ယွီနျန့်ကို သီချင်းရေးနေရာမှ ခေါ်ထုတ်လာသည်။


သူက ရုံးခန်းအံဆွဲထဲမှ ငှက်ပျောသီးတစ်လုံး ယူလိုက်ပြီး ယွီနျန့်ဆီ ကမ်းပေးလာရင်း တတွတ်တွတ် ပြောလာသည်


 " မင်းရဲ့ သီချင်းတွေကသာ နားထောင်မှုစာရင်းမှာ ထိပ်ဆုံးရောက်မနေဘူး ဆိုရင် ငါနဲ့ အတူပါလာတဲ့ အနုပညာရှင်က နာမည်ကျသွားပြီလို့ကို ထင်မိတော့မလို့"


လွန်ခဲ့သည့် နှစ်ရက်အတွင်း ယွီနျန်က မည်သည့်အချိန်ဇယားမှ မရှိ၍ ရွှယ်ယုံနှင့်အတူ တစ်နေ့လုံး အချိန်ဖြုန်းနေခဲ့သည်။ ရွှယ်ယုံက အလုပ်သွားလျှင်လည်း သူက သူ့ဘေးတွင် ထိုင်နေပြီး မှတ်စုစာအုပ်ကိုင်ရင်း သီချင်းရေးနေတတ်၍ နွေရာသီ၏ အဆုံးသတ်နှင့်အတူ သူ ပျင်းလာသလား ထင်ရသည်။


မုန့်ယွမ်၏ နားပူနာဆာ ပြောနေသံကို နားထောင်နေရင်း ယွီနျန်က သဘောကျ ရယ်မောလိုက်သည်


 " အစ်ကိုမုန့်... ကျွန်တော့်ကို အထင်မလွဲလိုက်ပါနဲ့။ ကျွန်တော်က ဒီရက်ပိုင်း အလုပ်မရှိ ဖြစ်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ အချိန်ဇယားတွေ မရှိပေမယ့် အလုပ်က များနေတာဗျ။ အယ်လ်ဘမ်အတွက် သီချင်း ဆယ့်နှစ်ပုဒ်ကို အပြီးသတ်ရေးပြီးသွားပြီရယ်"


နှစ်စက္ကန့်မျှ ကြောင်အသွားပြီးနောက် မုန့်ယွမ်က တုန့်ပြန်လာသည်


 " မင်းက သီချင်း ဆယ့်နှစ်ပုဒ်လုံး အကုန် ပြီးသွားပြီ...ဟုတ်လား" ထို့နောက် သူက တစ်ခုခုကို စဥ်းစားမိရင်း ပြောလာသည်


 " နေဦး နျန်နျန် ။ မင်းရဲ့ 'ပြီးသွားပြီ' ဆိုတာက စာသားရော သံစဥ်ရော နှစ်ခုလုံး ပြီးသွားတာလား။ ဒါမှမဟုတ် သံစဥ်ပဲ လုပ်ပြီးသွားတာလား"


"အကုန်ပြီးသွားတာပါ"


ထိုအဖြေကို ကြားသောအခါ မုန့်ယွမ်က ယွီနျန့်ပုခုံးပေါ် ပျော်ပျော်ကြီး ရိုက်ချလာသည်


 " ဒီလို အကျိုးရှိချက်ကတော့..."


“ဒါပေါ့ဗျာ"

 ယွီနျန်က ငှက်ပျောသီးကို အခွံခွာလိုက်ပြီး တစ်ကိုက်ကိုက်ရင်း ဆက်ပြောလာသည်


 " မနက်ဖြန်အတွက် ရိုက်ကူးရေး ပြီးသွားရင် အကြမ်းထုတ်တာကို စတော့မယ်။ ကျွန်တော်ရေးထားတဲ့အပိုဒ်တွေကို ကိုယ်တိုင်ပဲ ခွဲလိုက်တော့မှာ။ ကျွန်တော်က ရင်းနှီးပြီးသား ဖြစ်နေလို့ မြန်မြန်ပြီးသွားမှာပါ။ ပြီးရင် ကျွန်တော်က တူရိယာပိုင်းကို ထပ်ထည့်ဦးမှာ။ ကျွန်တော် တွက်ကြည့်တာ အဆင့်အတန်းရှိ တူရိယာတွေအပြင် ဆယ်လိုနဲ့ တယောသံလည်း လိုနေတယ်။ ကျွန်တော်က အီလက်ထရွန်းနစ် အသံတွေ မသုံးချင်တော့ တယောပညာရှင်တွေနဲ့ ဆက်သွယ်ပေးဖို့ အစ်ကိုမုန့်ကို ဒုက္ခပေးရတော့မှာပဲ" 


“မင်းက သက်ရှိတူရိယာသံတွေ ရိုက်ကူးချင်ပြီး ပေါင်းစပ်ထည့်ချင်တာ အဲ့လိုမို့လား"


“ဟုတ်တယ်။ အဲ့ဒီလိုမျိုး။သက်ရောက်မှုက ပိုပြီး စစ်မှန်လိမ့်မယ်" 


တေးဂီတပိုင်းတွင် မုန့်ယွမ်က ယွီနျန့်ထင်မြင်ချက်အတိုင်း လိုက်လုပ်ပေးလေ့ရှိသည်။ သူက မှတ်စုယူလိုက်ပြီး ရုံးခန်းတစ်ဝိုက် ဟိုသည်လျှောက်လိုက်ရင်း မေးလာသည် " ဒီလို ကြိုးစားအားထုတ်မှုမျိုးနဲ့ အယ်လ်ဘမ်တစ်ခုလုံးပြီးဖို့ အချိန် ဘယ်လောက် ကြာမှာလဲ" 


“သိပ်တော့ မကြာလောက်ဘူးလားလို့။ အခုက စက်တင်ဘာ၁၂ရက်နေ့ ဆိုတော့ ချောချောမောမော ပြီးသွားရင် နိုဝင်ဘာ မဟုတ်ရင် ဒီဇင်ဘာလောက် ဖြစ်နိုင်တယ်" 


ယွီနျန်က သူ့ကိုယ်သူ အလုံးစုံ သေချာမနေ၍ ပြောလာသည် 


" ကျွန်တော် အရမ်း အလျင်စလိုကြီး မလုပ်ချင်လို့" 


“အလျင်မလိုပါဘူး" 


မုန့်ယွမ်က ထိုင်ခုံတွင် ပြန်ထိုင်ချလိုက်ရင်း ပြောလာသည်


 " မင်းရဲ့ လက်ရှိအခြေအနေက 'ကျော့ရှင်းသော'ကို ထုတ်ခဲ့တဲ့အချိန်နဲ့ လုံးဝ ကွာခြားသွားပြီ။ အရင်တုန်းက မင်းက နာမည်ကြီးတယ် လူကြိုက်များတယ် ဆိုပေမယ့် မင်းမှာ ချပြစရာ အလုပ်မရှိသေးဘူးလေ။ အခုက မတူတော့ဘူး။ 'ကျော့ရှင်းသော'က မင်းကို လမ်းခင်းပေးထားပြီးပြီ ။ ပြီးတော့ မင်းရဲ့ နောက်ပိုင်းထွက်တဲ့ 'နိုးတစ်ဝက် အိပ်မက်' က အဲ့ဒီလမ်းကို ပိုပြီး အလှဆင်ထားပေးခဲ့ပြီ။ မင်းရဲ့ အရည်အချင်းကလည်း အသိအမှတ်ပြုခံထားရတာမို့ ဖန်ဘယ်လောက်များများ မင်းရဲ့ အယ်လ်ဘမ်အသစ်ကို စောင့်နေကြလဲ ဆိုတာ စိတ်ကူးလို့တောင် မရနိုင်ဘူး"   


ယွီနျန်က မျက်လုံးတောက်တောက်လေးများနှင့် ကြည့်လာသည်


 " ဒါဆို ဒီတစ်ခေါက်မှာ အစ်ကိုမုန့်က အချိန်ဇယားပေါ်လာပြီး သတင်းမြန်မြန် ထုတ်လို့ရအောင် အတင်းမတွန်းတော့ဘူးပေါ့"


“အဆင့်တစ်ခုစီတိုင်းမှာ ကိုယ်ပိုင်အစီအစဥ်ဆိုတာ ရှိတယ်။ မင်းက လူရှေ့ကို ဆယ်ရက်လောက် လဝက်လောက် ပေါ်မလာရင်လည်း လူတွေက မင်းသီချင်းတွေကို နားထောင်နေကြတုန်းပဲ။ ဒါက မင်းရဲ့ တည်ရှိမှုကို သွယ်ဝိုက်ပြီး ပြနေတဲ့ နည်းလမ်းပဲ မဟုတ်ဘူးလား"


 မုန့်ယွမ်က ငွေရောင်စာလုံးများ နှိပ်ထားသည့် ဖိတ်စာတစ်ခုကို ပစ်ပေးလာသည်


 " ဒါပေမယ့် ဒီတစ်ခုကိုတော့ မင်း တက်ရမယ်"


ယွီနျန်က ဖိတ်စာပေါ်ရှိ ဒီဇိုင်းပုံကို အမြန် မှတ်မိသွား၍ ကောက်ယူလိုက်သည်


 " ဒါက သိုက်ပေါ်ရဲ့ ဘရန်းပွဲ မို့လား"


“ဟုတ်တယ်။ သိုက်ပေါ်က ဆောင်းဦးရွက်ကြွေ ဖက်ရှင်ရှိုးကို နျင်းမြို့တော်မှာ ကျင်းပမှာ။ သူတို့က ဒီရှိုးပွဲမှာ တော်တော်ကို ရင်းနှီးမြုပ်နှံထားတာ။ ပြီးတော့ အာရှထိ စျေးကွက်ချဲ့ထွင်ဖို့ထိပါ အရေးတကြီး စီစဥ်ထားတာလေ။ သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ သူတို့က မင်းကို ရှိုးပွဲ ဖွင့်ပေးစေချင်နေကြတာ" 


မုန့်ယွမ်က ရှင်းပြလာသည်။ 


ဖိတ်စာကို ဖတ်ပြီးနောက် ယွီနျန်က တစ်ခုခု ထူးခြားနေမှန်း သတိပြုမိသွားသည် 


" လေဒီသိုက်ပေါ်လား"


“ဟုတ်တယ်" မုန့်ယွမ်က အသေးစိတ်ကျကျ ထပ်ပြောလာသည် " 


သိုက်ပေါ်ဆိုတာ မိသားစု မျိုးရိုးနာမည်ပဲ။ အလုပ်ရုံသေးသေးလေးကနေ အစပြုခဲ့တယ် ဆိုပေမယ့် လေဒီသိုက်ပေါ်လို့ခေါ်တဲ့ ဆာရီနာသိုက်ပေါ်ရဲ့ ဦးဆောင်မှုအောက်မှာ အမြန် လုပ်ငန်း ချဲ့ထွင်နိုင်ခဲ့တယ်။ လက်ရှိလေဒီသိုက်ပေါ်က ဆာရီနာရဲ့ မြစ်တော်တဲ့ အယ်လီဇဘတ် သိုက်ပေါ် အဓိကဒီဇိုင်နာပေါ့။ သူမက မင်းသာ ရှိုးပွဲကို ဖွင့်ပေးဖို့ သဘောတူရင် မင်းအတွက် ဝတ်စုံကို ဒီဇိုင်းဆွဲပေးမယ်လို့ ကိုယ်တိုင် ပြောခဲ့တာ"


ချက်ချင်း ဆုံးဖြတ်ချက် ပေးမလာပဲ ယွီနျန်က မုန့်ယွမ်ကို မေးလိုက်သည်


 " အစ်ကိုမုန့်ရော ဘယ်လိုထင်လဲ"


“သေချာပေါက် ငါ့ထင်မြင်ချက်ကတော့ ပါဝင်ပေးဖို့ပဲလေ။ တစ်ဖက်ကကြည့်ရင်လည်း မင်းက သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပြီးတော့ မင်းက runwayမလျှောက်ရရင်တောင် ရှိနေဖို့လိုတာပဲကို။ ဒါကြောင့် အောက်မှာထိုင်နေမယ့်အစား ရှိုးကို ကောင်းကောင်းလျှောက်ပြလိုက်။ တစ်ဖက်မှာလည်း ဒီလိုထုတ်ပြခွင့်ရဖို့က လုံးဝ အခွင့်အရေးကြီးဖြစ်လို့ ဘာမှမရှိတာထက်စာရင် တစ်ခု ရှိလာတာ ပိုကောင်းတာပေါ့။ ငါဆိုတဲ့ တစ်ယောက်အတွက်ကတော့ ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ဘူး" မုန့်ယွမ်က စိတ်အားထက်သန်စွာ ရှင်းပြလာသည်။


“ဒါဖြင့်လည်း ကျွန်တော့်ဘက်က ကန့်ကွက်စရာ မရှိပါဘူး"


ဆုံးဖြတ်ချက်ကို အပြီသတ်ပြီးနောက် မုန့်ယွမ်က သိုက်ပေါ်ကို အကြောင်းကြားလိုက်၍ ယွီနျန့်ကိုယ်တိုင်းကို ယူရန် သူတို့ဘက်က လူတစ်ယောက်ကို အမြန် ပို့လိုက်ကြသည်။


******


နောက်တစ်နေ့က "ရတနာလမ်းစ ရှာဖွေခြင်း"၏ ရိုက်ကူးရေးနေ့ ဖြစ်နေသည်။ ယွီနျန်က ရိုက်ကူးရေးနေရာသို့ စောစော ရောက်သွားပြီး ကုရိရန်လည်း ရောက်နှင့်ကာ အဝတ်လဲခန်းတွင် ထိုင်နေသည်ကို တွေ့လိုက်၍ အံ့အားသင့်သွားရသည်။


ယွီနျန်က အပြုံးလေးနှင့် အလောတကြီး နှုတ်ဆက်လာသည် " ကျွန်တော်က ဒီကို ပထမဆုံးရောက်တဲ့သူ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ကျွန်တော့်ကို ရိုက်ချသွားတာပဲနော် ဘိုးဘိုးကု"


ကုရိရန်က ယွီနျန့်ဆီ သစ်သီးတစ်စိတ် ကမ်းပေးလာရင်း ကြင်ကြင်နာနာ ပြောလာသည် 


" မင်း အသက်ကြီးသွားတဲ့အခါ အိပ်ရေးနည်းလာလိမ့်

မယ်"


သူက သူ့ တုတ်ကောက်ကို အားယူလိုက်ရင်း သက်ပြင်းချလိုက်သည်


 " ငါ့ခန္ဓာကိုယ်က ဒီရက်တွေထဲ သိပ်ပြီး မလှုပ်ရှားချင်ဖြစ်နေတာ။ငါ့ရဲ့အရင်တုန်းက ရောဂါက ပြန်ထနေတာလေ။ ကန်ကျိုးနဲ့ ပြောနေကြတာ။ တကယ်တမ်း မင်းရဲ့အဘိုးကို အားကျလိုက်တာလို့။ အနည်းဆုံး သူ့မှာ မိသားစုအမွေအနှစ်ကို ထိန်းသိမ်းပေးမယ့်သူ ရှိသေးတယ်လေ"   


တစ်ခဏမျှ ရပ်သွားပြီးနောက် သူက ဆက်ပြောလာသည် " ငါ အသက်ကြီးလာလေလေ တချို့ လက်ရေးလှတွေနဲ့ ပန်းချီကားတချို့ကို ချိတ်ပိတ်ထားရတဲ့ အကြောင်းရင်းကို နားလည်လာခဲ့တယ်။ ငါကတော့ ဒီလို နှစ်ပေါင်းထောင်ချီရှိတဲ့ ရှေးဟောင်းလက်ရာတွေနဲ့ ယှဥ်ရင် လူ့ဘဝက အရမ်းတိုတာကြောင့်လို့ ထင်မိတယ်။ သူတို့က သူတို့ရဲ့ နာမည်ကို အဲ့ဒီအပေါ်မှာ ချန်ထားချင်ခဲ့တာ။ အနာဂတ်မျိုးဆက်သစ်တွေကဒီကမ္ဘာမှာ သူတို့လိုလူမျိုး တစ်ယောက် ရှိနေခဲ့တယ် ဆိုတာကို သိစေချင်လို့လေ" 


သူ၏စကားလုံးများတွင် ဝမ်းနည်းမှု အရိပ်အရောင်တို့ ခိုတွဲနေသည်။ ယွီနျန်က လိမ္မော်သီးကို စိတ်ရှည်ရှည်ထားပြီး အခွံနွှာလိုက်ရင်း ပြန်ဖြလာသည် 


" လူ့ဘဝက တိုတောင်းပေမယ့် ပုဇဥ်းကောင်လေးတွေရဲ့ တိုတောင်းတဲ့ ဘဝထက်တော့ သာပါသေးတယ်။ ဟုတ်တယ်မို့လား" 


ယွီနျန်က ထိုသို့ တစ်ခုခု ပြောလာမည် မထင်ထား၍ ကုရိရန်က သဘောကျ ရယ်မောလိုက်ရင်း လက်ချောင်းများကို တတောက်တောက် ခေါက်လိုက်သည်


 " မင်း.. မင်းကတော့။ မင်း ပြောတာ နားထောင်ပြီး ဘာမှ ဆက်မပြောနိုင်တော့ဘူး။ အဲ့ဒါ မှန်သားပဲ။ ပုဇဥ်းကောင်လေးတွေနဲ့ ယှဥ်ရင် ငါက ဆယ်စုနှစ်စာ နေခဲ့ပြီးပြီ။ အများကြီး မြင်တွေ့ပြီး တွေ့ကြုံခဲ့ရပြီးပြီ။ ငါ့ဘဝကြီးက အလကားသက်သက်ကြီးတော မဟုတ်ခဲ့ဘူးပဲ"


အချိန်တိုတွင်း လိမ္မော်သီးခွာခြင်း ပြီးဆုံးသွား၍ ယွီနျန်က မျက်လုံးလေး တစ်လက်လက်နှင့် ပြုံးပြလာသည်


 " ဒါပေါ့"


ရိုက်ကူးရေး ပြီးသွားပြီးနောက် ယွီနျန်က အဝတ်လဲခန်းထဲရှိ သူ့ပစ္စည်းများကို သန့်ရှင်းနေစဥ် ရှစ်ရော့က လှမ်းခေါ်လာသည်


 " နျန်နျန်...တစ်ယောက်ယောက်က မင်းကို ရှာနေတယ်"


ယွီနျန်က မော့ကြည့်လိုက်ရာ ယခင်က စင်ပေါ်တက်ဖူးသည့် "ရတနာလမ်းစ ရှာဖွေခြင်း"အစီအစဥ်၏ တတိယမြောက် ပါဝင်သည့်သူကို တွေ့လိုက်ရသည်။ ထိုလူက အသက်ခုနစ်ဆယ်ရှိပြီ ဖြစ်သည်။ သူက အမြန် မတ်တပ်ထရပ်လိုက်ရင်း လူကြီးကို ထိုင်စရာပေးလိုက်ပြီး ယဥ်ယဥ်ကျေးကျေး မေးလိုက်သည် 


" တစ်ခုခု လိုအပ်တာများ ရှိပါသလားလို့ မေးပါရစေ"


“ငါက ဟွေ့မြို့တော်က စွန်းရော့ကျိုးပါ။ ငါ့အဖေက စွန်းယွီဇန်လို့ ခေါ်တယ်" ထိုလူကြီးက သူ့ကိုယ်သူ မိတ်ဆက်လာသည်။


ယွီနျန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း အမြန် ပြန်ဖြေပေးလိုက်သည်


 " အဘိုးရဲ့ မိသားစုဘိုးဘွားခန်းမ နာမည်က မနက်ခင်းကြယ်ပွင့်စင်မြင့် ပါလား"


စွန်းရော့ကျိုးက ပြုံးပြီး ပြောလာသည်


 " အထင်ကြီးလောက်စရာပဲ။ မင်းက တကယ် ယွီမိသားစုကပဲ။ မင်းပြောတာ မှန်တယ်။အဲ့ဒါက ငါ့ရဲ့ မိသားစု ဘိုးဘွားခန်းမ နာမည်ပဲ"


ယွီနျန်ကလည်း ဝင်ထိုင်လိုက်သည် 


" ကျွန်တော်က အဘိုးတို့ မိသားစုမှာ ဇီးတော ဥယျာဥ်ကြီး တစ်ခုလည်း ရှိပြီး စာအုပ်တွေ စုဆောင်းဖို့ အဆောက်အဦအသေးလေး တစ်ခုလည်း ရှိတာကို သိထားပါတယ်။ အဆောက်အဦးက နာမည်ဆန်းဆန်းလေးနဲ့လေ 'လဝန်း ပွဲကြည့်စင်က ပုလွေငယ်'ဆိုလား" 


“ဥယျာဥ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ့အဖေက ဦးစီးခဲ့တာ။ သူက အဲ့ဒါကို လှူလိုက်ပြီလေ။ စာအုပ်တစ်ချို့ကိုလည်း ပေးပစ်လိုက်ပြီးတော့ ကျန်တဲ့စာအုပ်တွေက မိသားစု ကွဲသွားတော့ တစ်ကွဲတစ်ပြားစီ ဖြစ်သွားခဲ့တယ်။ ငါတို့အိမ်မှာ အဖိုးတန်ပစ္စည်းတွေ အများကြီး ရှိခဲ့ပေမယ့် မျိုးဆက်တွေက များပြီး တစ်ကွဲတစ်ပြားဖြစ်သွားတာကို အဖေက မြင်သွားတော့ ပစ္စည်းတော်တော်များများကို ရောင်းပစ်လိုက်တယ်။ စွန်းမိသားစုမှာ နည်းနည်းပဲ ကျန်နေခဲ့တယ်" 


စွန်းရော့ကျိုးက ပြုံးပြရင်း ခေါင်းခါလိုက်ရင်း ခဏတာ စကားရပ်သွားပြီးမှ ဆက်ပြောလာသည်


 " ဒီတစ်ကြိမ်မှာတော့ မင်းကို တွေ့ဖို့ လာခဲ့တာ။ မိသားစုသမိုင်းအကြောင်း ပြောမလို့ မဟုတ်ပေမယ့် မင်းကို သတင်းပေးစရာလေးရှိလို့" 


ယွီနျန်က မတ်မတ် ထိုင်လိုက်သည် " ကျေးဇူးပြုပြီး ဆက်ပြောပါ"


"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်သုံးဆယ် လောက်က ငါတို့အိမ်မှာ တန်ဖိုးကြီးပစ္စည်းတွေအကုန်လုံး ပြာကျသွားရအောင်ထိ မီးလောင်မှုအကြီးစား ဖြစ်ခဲ့တာကို မင်း သိခဲ့မယ်လို့ ထင်တယ်"


 စွန်းရော့ကျိုးက ပြောလာသည်။ 


ယွီနျန်က ခေါင်းညိမ့်ပြလာသည် 

" ကျွန်တော့်အဘိုးက အရင်က ပြောဖူးတယ်။ ရှားပါးစာအုပ်တွေ တော်တော်များများ မီးထဲ ပြာကျသွားရတယ်တဲ့"


“ဟုတ်တယ်။ ငါ့အဖေက မိသားစုကို အရှက်ရစေတဲ့အတွက် ဘိုးဘွားခန်းမရှေ့မှာ ရက်ပေါင်းများစွာ ဒူးထောက်ခဲ့ပြီး ပြစ်ဒဏ်အနေနဲ့ အသားရှောင်ဖို့ ကတိပြုခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ဒီကိစ္စဟောင်းက ပြန်ပြီး အစပေါ်လာတယ်။ ငါ့ရဲ့ ရူးမိုက်တဲ့ အစ်ကိုကြီးက အရင်တုန်းက မီးစရှို့တဲ့သူက သူပါလို့ ဝန်ခံလာခဲ့တာ။ သူ့ရဲ့ ရည်ရွယ်ချက်က ငါတို့အိမ်မှာ ဖွက်ထားတဲ့ ဝါးစာလိပ်ကို ခိုးဖို့တဲ့လေ"


“ဝါးစာလိပ်" ယွီနျန်က မျက်မှောင် ဖွဖွကြုတ်လိုက်သည်။


"ဟုတ်တယ်။ ဝါးစာလိပ် တစ်ခု။ ငါတို့ မိသားစုက ရိုးရာဓလေ့အတိုင်း သွားပြီးတော့ မိသားစုအမွေကိုလည်း တရားဝင်ဆက်ခံသူဆီ လက်ဆင့်ကမ်းပေးရတာ။ ဒါကြောင့် ငါတို့မှာ ဒီဝါးကလစ်ရှိပြီးတော့ ငါ့အစ်ကိုကလွဲလို့ ဘယ်သူမှ မသိဘူး။ မီးလောင်ပြီးတော့ ငါ့အဖေက ဝါးကလစ်လည်း မီးထဲ ပါသွားပြီလို့ အထင်မှားပြီး အပြစ်ရှိစိတ်နဲ့ နောင်တရခဲ့တာ။ ဒါကြောင့် သူ ဘယ်တော့မှ အဲ့ဒီအကြောင်း မပြောခဲ့တော့တာ"


“ဒီတစ်ကြိမ်ကရော"


"ငါ့ရဲ့ ရူးမိုက်တဲ့ အစ်ကိုကြီးကြောင့်ပဲ။ သူက ဒီနှစ်တွေမှာ အလှည့်စားခံခဲ့ရမှန်း နားလည်သွားခဲ့တယ်။ သူက ငယ်ကတည်းက လောင်းကစားလုပ်တတ်တဲ့ အကျင့်ရှိတာမို့ အကြွေးတွေ ပုံနေခဲ့တာ။ တစ်ယောက်ယောက်က ငါတို့အိမ်က တစ်ခုခုကို ခိုးပြီး ရောင်းလိုက်ဖို့ အကြံပေးခဲ့တယ်။ ဒါကြောင့် ငါ့အစ်ကိုက ဝါးစာလိပ်ကို တကယ်ကြီး ခိုးခဲ့ပြီးတော့ နိုင်ငံခြားကုန်သည်တစ်ယောက်ဆီ အမြန် ရောင်းခဲ့တာ။ သူက လောင်းကစားလုပ်ဖို့ ပိုက်ဆံ သုံးလိုက်ပြီးတော့ သိပ်မကြာခင် အကုန်လုံး ဆုံးသွား

တာ" 


“ရလဒ်ကတော့ ငါ့ရဲ့ အစ်ကိုကြီးက သတင်းကို တွေ့လိုက်ပြီးတော့ ဝါးစာလိပ်ကို လေလံတင်တော့မယ် ဆိုတာ သိသွားခဲ့တယ်။ စပြီးခေါ်တဲ့ လေလံစျေးက သူရခဲ့တဲ့ စျေးထက် အဆတစ်ရာ ပိုနေတာ။ သူက အလိမ်ခံရမှန်း နားလည်သွားတော့ အမှန်တရားကို ထုတ်ပြောလာခဲ့တယ်" 


စွန်းရော့ကျိုးက အပြစ်ရှိသည့် မျက်နှာနှင့် ပြောလာပြီး သက်ပြင်းချလာသည် 


" ဒါက စွန်းမိသားစုက တစ်ယောက်ယောက်က လုပ်ခဲ့တဲ့ မိုက်မဲတဲ့ အပြုအမူပဲ။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ငါတို့ မိသားစုက အခု ပြည့်စုံတော့တာ မဟုတ်ဘူး။ စားဝတ်နေရေး ပြေလည်ဖို့တောင် အနိုင်နိုင်။ ငါတို့က လေလံပွဲသတင်းအကြောင်း ကြားတော့ ကူကယ်ရာမဲ့ ဖြစ်သွားတာ"  


ယွီနျန်က နားလည်လိုက်သည်။ စွန်းမိသားစုက ဝါးစာလိပ်ကို ပြန်မဝယ်နိုင်တော့၍ သူတို့က သတင်းကို အခြားသူဆီ ပြန်ဝေမျှပေးခြင်း ဖြစ်မည်။ ဤအခြေအနေမျိုးက မတွေ့ရတတ်သည်တော့ မဟုတ်လှ။ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာသည့် မိသားစုမျိုးတွင် မျိုးဆက်အားလုံးက ကောင်းတတ်ကြသည် မဟုတ်ပေ။ အခြားသူများလွဲလို့ ပုလ္လင်ကို လက်ဆင့်ကမ်းပေးရသည့် ဧကရာဇ်များပင် တိုင်းပြည်ကို ဖျက်ဆီးတတ်ကြသေးသည်။  


အမြန်တုံ့ပြန်မလာပဲ ယွီနျန်က မေးလာသည် 


" ဒီဝါးစာလိပ်

ရဲ့ နာမည်အပြည့်အစုံကို သိပါရစေ"


စွန်းရော့ကျိုးက ပိုပြီး အရှက်ရသွားသည့်ပုံ ဖြစ်သွားရင်း ပြောလာသည် " 'ကော်ရှု'လို့ ခေါ်တယ်"


ယွီနျန့် မျက်ဆံများ ကျဥ်းမြောင်းသွားရင်း နှလုံးက တဒုန်းဒုန်း ခုန်လာသည်


 " ကော်ရှုလား"