အပိုင်း ၁၈၄ (End of Extra)
Viewers 18k

💥💥နှစ်သစ်ကူး အပိုင်းပို [END OF STORY]



[ဒီအပိုင်းလေးက နှစ်သစ်ကူးချိန်နဲ့ကိုက်ပြီး ထည့်ပေးထားတာဖြစ်ပါလိမ့်မယ် အလယ်မှာပါခဲ့တာပါ သက်သက်လေးဖြစ်နေလို့ ထုတ်ထားပြီးနောက်ဆုံးမှထည့်လိုက်တာပါရှင်...တိုက်တိုက်ဆိုင်ဆိုင် နှစ်ကူးချိန်ဖြစ်နေပြန်တယ် ❤️ ]



ရှန်းလင်းယိက ဇီးပွင့်ပန်းကိုင်းများ ပုံဖော်ထားသည့် သစ်သားသေတ္တာလေးထဲမှ အဝတ်သစ်လေးများကို ထုတ်ကာ ယွီနျန်ထံ ဝေ့ယမ်းပြလိုက်သည်။ 


"နျန်နျန်... ဒီကိုလာ... ဒီနှစ်ရဲ့ အဝတ်သစ်တွေကို မင်းရဲ့ ဘိုးဘိုးပိုင် ဝယ်လာပေးခဲ့တာလေ... တော်မတော် လာစမ်းကြည့်"


ယွီနျန်က ရှန်းလင်းယိ၏ ရှေ့တွင် ရပ်လိုက်ပြီး နာနာခံခံဖြင့် ခေါင်းမော့ပေးလိုက်သည်။ 


"ဘွားဘွား... ဘိုးဘိုးပိုင်ရော နေကောင်းလား"


“သူ နေကောင်းပါတယ်ကွယ်... ဘွားဘွား အဝတ်တွေ သွားယူတော့ သူသားကို ဇီးပန်းပွင့်အနံ့ အမွှေးအိတ်လေး ပေးလိုက်သေးတယ်... သူက အရောင်ဖျော့ဖျော့လေးကို ရွေးပေးထားတော့ ယောကျ်ားလေးတွေအတွက်လည်း ကြည့်ကောင်းနေတာပဲ" 


ရှန်းလင်းယိက ယွီနျန်၏ အင်္ကျီကို ကြယ်သီးတပ်ပေးလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ ပြုံးပြလိုက်သည်။ 


"ကြည့်ကောင်းသွားပြီ... နှစ်သစ်ကူးပြီးသွားရင် ဘွားဘွားတို့လည်း အသက်တစ်နှစ်ကြီးလာတော့မယ်"


ပြီးနောက် သူမက ကံကောင်းစေသည့် ငွေများ ထည့်ထားသည့် စာအိတ်နီလေးကို ထုတ်ယူပြီး ယွီနျန်၏ အိတ်လေးအတွင်းသို့ ထည့်ပေးလိုက်သည်။ 


"သားအတွက် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာတဲ့ နှစ်လေးတစ်နှစ်ဖြစ်ဖို့.. ပြီးရင် ကောင်းကောင်းကြီးထွားလာဖို့ ဘွားဘွား ဆုတောင်းပေးမယ်"


“သားလည်း ဘွားဘွားကို သက်ရှည်ကျန်းမာပြီး အန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်"


 ယွီနျန်က အသားခပ်လတ်လတ်၊ တောက်ပနေသော မျက်လုံးများနှင့် အနက်ရောင် မျက်ဆံများ ရှိပေသည်။ သူခေါင်းလေးကို စောင်းလိုက်ပြီးနောက် မေးလိုက်သည်။ 


"ဘွားဘွား... ဘိုးဘိုးက စာကြည့်ခန်းထဲမှာပဲ နေနေတာ သုံးရက်ရှိသွားပြီ... သားတို့ ခေါ်လိုက်သင့်လား"


ရှန်းလင်းယိ၏ ယွီနျန်၏ လက်လေးကို ကိုင်၍ ပြောလိုက်သည်။


 "သူ့ကို သွားနှောက်ယှက်ဖို့ မလိုပါဘူးကွယ်... သားဘိုးဘိုးက 'ရွေ့လျားနေတဲ့ နေထိုင်ရာ' ပန်းချီကို ဟိုရက်တွေကမှ ပြန်ဝယ်လာခဲ့တာလေ... သူက အဲ့ပန်းချီကို အရမ်း စိတ်ဝင်စားနေတာ... အိပ်လည်းမအိပ် စားလည်းမစားနိုင်ဘူး... သူလေ့လာလို့ ပြီးသွားရင် သူ့ဘာသာ ထွက်လာလိမ့်မယ်"


ယွီနျန်က ရှန်းလင်းယိ၏ လက်နွေးနွေးလေးကို ကိုင်ကာ တစ်ခဏမျှ တွေးလိုက်သည်။ သူ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။ 


"ဘွားဘွား သားက ခုနစ်တောင် ရှိနေပြီလေ... လူကြီးဖြစ်သွားပြီ... လက်ကိုင်ပေးစရာ မလိုတော့ပါဘူး"


ရှန်းလင်းယိက ယွီနျန်၏ နှာခေါင်းလေးကို ငြင်ငြင်သာသာ ပွတ်လိုက်ပြီး တောက်ပစွာဖြင့် ပြုံးလိုက်သည်။ "ကောင်းပြီ... ကောင်းပြီ... ဘွားဘွားတို့က နှစ်တိုင်းမှာ အသက် ပိုကြီးလာပြီ... နျန်နျန်ရဲ့လက်ကို ကိုင်ချင်နေတာ ဘွားဘွားပါ... ကဲ ရပြီလား"


ယွီနျန် နှုတ်ခမ်းလေးများကို တွန့်ကွေး၍ ပြုံးလိုက်လေသည်။


 "ဟုတ်..."


သူတို့က ယွီနျန်၏ ကိုယ်ပိုင်စာကြည့်ခန်းလေးထဲသို့ လမ်းလျှောက်၍ ဝင်လာခဲ့ပြီး ရှန်းလင်းယိက စာရွက်ဖိတုံးအောက်တွင် နှစ်ကြောင်းကဗျာလေးများ ရေးထားသည့် အနီရောင် စာရွက်လေးကို ဖိလိုက်သည်။


 "နှစ်တိုင်းလိုပဲ... ဘွားဘွားတို့ နှစ်ကြောင်းကဗျာလေးတွေ အတူတူရေးကြမယ်"


“ဟုတ်” ယွီနျန်မှာ အရပ်မရှည်လာသေးသည့်အတွက် ခွေးခြေခုံလေးထက်တွင် ရပ်ကာ စုတ်တံကို ကိုင်ထားရသည်။ သူက မင်တို့လိုက်ရင်း ခေါင်းလေးစောင်းကာ မေးလိုက်သည်။ "ဘွားဘွား သားတို့ ဒီနှစ် ဘာရေးကြမလဲ" 


ရှန်းလင်းယိက စားပွဲဘေးတွင် ရပ်နေပြီး ဆံပင်များကို ထုံးဖွဲ့ထားကာ သူမ၏ လက်ကောက်ဝတ်သွယ်သွယ်လေးနှင့် လက်ဖက်နေသည့် ကျောက်စိမ်းလက်ကောက်ကို ဝတ်ဆင်ထားပြီး အသားအရေ ခပ်လတ်လတ် ဖြစ်သည်။ သူမကဆံပင်များကို ရှင်းလိုက်ရင်း ပြုံးပြလိုက်သည်။ 


"သား ရေးချင်တာရေးလေ"


ယွီနျန်က များများစားစား မတွေးတော့ဘဲ ခေါင်းငြိမ့်ပြပြီးနောက် ရေးလိုက်သည်။

 "နွေဦးလေပြေ၊ နွေဦးမိုး၊ နွေဦးရဲ့ အရောင်အဆင်း... နှစ်အသစ်၊ အသက်တစ်နှစ်၊ မြင်ကွင်းက အသစ်"


“မဆိုးဘူး... နျန်နျန် လက်ရေးက ပိုပိုပြီး လှလာပြီ"


ယွီနျန်မှာ ချီးကျူးခံလိုက်ရပြီးနောက် ရှက်ရွံ့သွားလေသည်။

 "သားရဲ့ စုတ်တံလက်ရေးက မလုံလောက်သေးဘူး... စုတ်ချက်တွေလည်း လျော့ရဲနေတယ်... တည်ဆောက်ပုံကလည်း ပျော့နေသေးတယ်"


“သားက ငယ်နေသေးတဲ့ အတွက်ကြာင့်ပဲလေ... သားမှာ အားလုံလုံလောက်လောက် မရှိသေးဘူး... ဒီလောက် စာလုံးတွေ ရေးနိုင်တာကပဲ အထင်ကြီးစရာ ကောင်းနေပြီ" ရှန်းလင်းယိက ရေးပြီးသွားသော နှစ်ကြောင်းကဗျာလေးနှင့် "ကံကောင်းမှု" အတွက် စာလုံးများကို ယူကာ ယွီနျန်ကို ခေါ်၍ အိမ်ရှေ့တံခါးဝသို့ ထွက်လာခဲ့ပြီး နှစ်ဖက်လုံးတွင် ကပ်လိုက်သည်။ 


“နှစ်ကြောင်းကဗျာတွေနဲ့ ကံကောင်းစေတဲ့ စာလုံးတွေကို နေရာချထားလိုက်ရင် နှစ်သစ်ရဲ့ ပွဲတော်အငွေ့အသက်လေးကို ချက်ချင်း ခံစားလိုက်ရတာပဲ" ရှန်းလင်းယိက ပြုံး၍ ပြောလိုက်သည်။ 


"ဒီနှစ်တော့ ဘယ်သူမှ လာမဲ့သူ မရှိလောက်ဘူး... ဒါကြောင့်မို့ နှစ်ကြောင်းကဗျာလေးတွေ မြန်မြန် ကပ်လိုက်ပြီးရင် အိမ်ထဲ ပြန်ဝင်ကြရအောင်လေ"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။



အတိတ်တွင် ဘိုးဘိုးက နှစ်ကြောင်းကဗျာများကို ကိုယ်တိုင် ရေးပေးခဲ့သည်ဟု ဘွားဘွား ပြောပြခဲ့ဖူးသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဘိုးဘိုးကို လေးစားကြသူများ ရောက်လာပြီး အိမ်တွင် ရတနာများအဖြစ် ထားရန် နှစ်ကြောင်းကဗျာများကို တိတ်တိတ်လေး ခွာယူသွားတတ်ကြသဖြင့် သူ့ဘိုးဘိုးမှာ နှစ်ကြောင်းကဗျာများကို ခုနစ်စုံ ရှစ်စုံထက် ပိုအောင် ရေးထားခဲ့ရသည်။ ယွီနျန် စုတ်တံကိုင်နိုင်သည့် အရွယ်ရောက်သောအခါ ဘိုးဘိုးမှာ မရေးတော့ဘဲ သူ့ကိုသာ ရေးခိုင်းလိုက်တော့သည်။


ထိုမှစ၍ နှစ်ကြောင်းကဗျာများမှာ မီးပုံးပွဲတော် မတိုင်ခံအထိ တာရှည်ခံခဲ့လေသည်။ 


ခြံဝင်းထဲသို့ ပြန်လာသောအခါ ရှန်းဝေ့က မီးဖိုဆောင်ထဲမှ ထွက်လာခဲ့သည်။


 "သခင်မကြီး... သခင်ငယ်လေး... အစဥ်အလာစားတော်ပွဲက အသင့်ဖြစ်နေပါပြီ.. စွပ်ပြုတ်လည်း ဆူနေပြီ... ဒီနေ့ရော မစ္စတာယွီအတွက် နေ့လည်စာ ပြင်ပေးရမှာလား"


ရှန်းလင်းယိ ငြင်းဆိုတော့မည်အပြုတွင် အဝေးတစ်နေရာမှ ယွီရှုနျင်း၏ အသံ ထွက်လာသည်ကို ကြားလိုက်ရသည်။


 "အခန်းပိတ်လေ့လာတာ ပြီးသွားပြီ... ငါ့အတွက် အသုံးအဆောင်တွေ ပြင်ပေးထားရမှာပေါ့"


အသံကြားသောအခါ ယွီနျန်၏ မျက်လုံးလေးများ ဝင်းလက်သွားလေသည်။


 "ဘိုးဘိုး..."


ယွီရှုနျင်းက ရှေ့တိုးလာပြီး ယွီနျန်ကို မြှောက်ချီကာ ရယ်မောလိုက်သည်။


 "အမလေး... ဘာလို့ လေးမလာရသေးတာလဲ"


ယွီနျန်က ယွီရှုနျင်း၏ အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး တီးတိုးပြောလိုက်သည်။ "ဘိုးဘိုး... သားခုနစ်နှစ် ပြည့်သွားပြီ"


"ဘိုးဘိုး မေ့သွားတာပဲ" ယွီရှုနျင်းက သူ့ခေါင်းသူ ပြန်ရိုက်ကာ ရယ်မောလိုက်သည်။ 


"ဟုတ်ပါပြီ... ဟုတ်ပါပြီ... နျန်နျန်က ထွားလာပြီပဲ... ခုနစ်နှစ်အရွယ် မိတ်ဆွေလေး ဖြစ်လာပြီ"


ယွီနျန်က ယွီရှုနျင်း၏ လက်ကို ကိုင်လိုက်ပြီး သိလိုစိတ်ပြင်းစွာဖြင့် မေးလိုက်သည်။


 "ဘိုးဘိုး... 'ရွေ့လျားနေတဲ့ နေထိုင်ရာ' ပန်းချီကို ကြည့်နေတယ်လို့ ဘွားဘွားက ပြောတယ်... အဲ့ဒါဘာတဲ့လဲ"


ယွီရှုနျင်းက ယွီနျန်ကို ချီကာ စာကြည့်ခန်းထဲသို့ လျှောက်လာခဲ့ပြီး စိတ်ရှည်ရှည်ဖြင့် ပြန်ဖြေလိုက်သည်။ "နာမည်လိုပဲလေ.... ဒါက နေထိုင်ရာနေရာကို ရွှေ့ပြောင်းနေကြသူတွေအကြောင်း ဆွဲထားတဲ့ ပန်းချီကားပဲ"


“နေထိုင်ရာနေရာကို ရွှေ့ပြောင်းကြသူတွေလား”


“ဟုတ်တယ်... နေရာရွှေ့ပြောင်းကြရတဲ့လူတွေ... ဒါပေမယ့် ဒီပန်းချီကားထဲက နေစရာနေရာပြောင်းရတဲ့ သူက သာမန်လူ မဟုတ်ဘူး... သူက ဧကရာဇ်တစ်ယောက်ပဲ"


ယွီနျန် မြန်မြန် သဘောပေါက်သွားလေသည်။ "ဧကရာဇ်ချီဝမ်မလား"


"ဟုတ်တယ်... သူပဲ... ဧကရာဇ်ချီဝမ်က တိုင်းရေးပြည်ရေးတွေကို လျစ်လျူရှုပြီး စာရိတ္တပျက် လာဘ်စားကြတဲ့ အမတ်တွေပေါ် အရမ်းအားထားတယ်... ဒါကြောင့်ပဲ သူပုန်တွေက နန်းတော်ကို တဖြည်းဖြည်း တိုက်ခိုက်ခဲ့ကြတာ... သူလည်း အမြန် ထွက်ပြေးရတော့တာပေါ့... ဒီပုံမှာ ဧကရာဇ်ချီဝမ် အင်ပါယာနန်းတော်ကနေ အပြေးအလွှား ထွက်ပြေးရတဲ့အကြောင်း ရေးဆွဲထားတာလေ"


ယွီရှုနျင်းက စာရေးခုံအနားသို့ တိုးကပ်လာရင်း ယွီနျန်ကို ထိုင်ခုံပေါ်သို့ ချကာ ပြောင်မြောက်စွာ ရေးဆွဲထားသည့် "ရွေ့လျားနေတဲ့ နေထိုင်ရာ' ပန်းချီကို ကြည့်ရှုခိုင်းလိုက်သည်။


“ဒီပန်းချီရဲ့ ရေးဆွဲသူက ဘယ်သူလဲ သိလား... အဲ့ဒါက ဝမ်မင်လေ... ဧကရာဇ်ဝမ် အုပ်စိုးတဲ့ကာလမှာ အကြီးကျယ်ဆုံး ဆရာလေးယောက်ထဲက တစ်ယောက်ပဲ.. သူ့ရဲ့ ကျန်ရှိနေတဲ့ လက်ရာတွေက အရမ်းကို ရှားပါးလှတယ်... တစ်ခုချင်းစီတိုင်းကလည်း အရမ်း တန်ဖိုးရှိတယ်... ပြီးတော့ ဒီပန်းချီပေါ်က ထွင်းထားတဲ့စာလုံးတွေကို ကြည့်လိုက်ရင် သူတို့က နှစ်ပေါင်းရာကျော်က ဧကရာဇ်နဲ့ ရာထူးမြင့် အမတ်တွေရဲ့ လမ်းကြောင်းကို ဖော်ပြထားတယ်... သမိုင်းဝင်တန်ဖိုး အရမ်းမြင့်တာပေါ့"


ယွီရှုနျင်း၏ တန်ဖိုးထားချက်များမှာ ယွီနျန်အတွက် အပြည့်အဝ နားမလည်နိုင်သေးသော်လည်း ပြောလိုက်သည်။


 "ဒါဆို... အရင်က ဘိုးဘိုးပြောခဲ့ဖူးသလိုပဲ... သမိုင်းကို ဖော်ပြဖို့အတွက် ပန်းချီတွေ သုံးရတာရယ်... စာထွင်းအက္ခရာတွေ သုံးကြတာမျိုးပေါ့"


“ဟုတ်တာပေါ့... ဘိုးဘိုး ဒါကို အတိုက်တိုက်အတွန်းတွန်းနဲ့ ဝယ်လာခဲ့ရတာ... ပြန်လာတော့ သားဘွားဘွား သိသွားပြီး ဘိုးဘိုးကို လက်ဖွာလွန်းတယ်ဆိုပြီး ဆူတော့တာပဲ... သူက သုံးရက်တောင် ထမင်းစားခွင့်မပေးခဲ့ဘူး... ဝမ်းနည်းလိုက်တာ"


“ဘွားဘွားက ဘိုးဘိုးကို ဆုံးမဖို့ တာဝန်ရှိတယ်လေ" ယွီနျန်က အသံနှိမ့်လိုက်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ 


"ဘိုးဘိုး ဝမ်းမနည်းနဲ့နော်... သား ဘိုးဘိုးအတွက် ကြက်ပေါင်နည်းနည်း ဖွက်ပေးထားတယ်"


ယွီရှုနျင်း အားရပါးရ ရယ်လေတော့သည်။

 "ကောင်းလိုက်တာ... ကောင်းလိုက်တာ... ဒါဆို ဒီရက်ထဲတော့ သားရဲ့ ကြက်ပေါင်လေးတွေကို မှီခိုနေရတော့မှာပဲ"


ယွီနျန်က ပန်းချီထံ စိတ်ပြန်ရောက်လာပြီး မေးလိုက်သည်။


 "ဒါဆိုရင်... ဒါကြောင့်ပဲ ဒီပန်းချီကားက စျေးကြီးနေရတာလား"


"ဒါတင်မကသေးဘူး... သားကို မေးမယ်... ဘိုးဘိုးတို့ အိမ်ထဲက ဒီပန်းအိုးတွေ၊ ကရားတွေ ထုတ်နုတ်စာအုပ်တွေ မှတ်စုတွေ ပြီးတော့ ပန်းချီကားတွေ၊ ကျားကွက်တွေ အမျိုးမျိုးသော စာအုပ်တွေကို ဘာအတွက် သုံးတယ်လို့ ထင်လဲ"


"ဒါတွေကို နေ့စဥ်ဘဝမှာ အသုံးပြုနိုင်တယ်... ပြီးရင် ဘိုးဘေးတွေအကြောင်း ပိုပြီး နားလည်လာမယ်" 


ယွီနျန်က မျက်လုံးလေးများကို ကွေး၍ ပြုံးလိုက်သည်။ "သား အရင်က စာကြည့်ခန်းထဲမှာ စွယ်စုံကျမ်းတစ်ခု တွေ့ဖူးတယ်... အဲ့ဒီမှာ သားရဲ့ အဘီ(အဘိုးရဲ့ အဘိုး) မှတ်ထားတာ ရှိတယ် .. သူပြောတာ ဒီစာအုပ်ရဲ့ စာရေးသူက အဓိပ္ပါယ် မရှိတာတွေ အများကြီး ပြောနေပေမယ့် ဘာတစ်ခုကိုမှ နားမလည်ဘူးတဲ့"


ယွီရှုနျင်းက ကြင်နာစွာ ရယ်မောလိုက်လေသည်။ "ဟုတ်တယ် သားရဲ့အဘီကြီးက ပူပင်ကြောင့်ကြမဲ့နေတတ်ပြီးတော့ စိတ်ရှိတဲ့အတိုင်း ပြောတတ်တယ်... သူက အကုန် ပြောတတ်ပေမယ့် သူ့ရဲ့ ဗဟုသုတကတော့ ထိပ်တန်းမှာပဲ"


ယွီရှုနျင်းက ယွီနျန်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ဆက်ပြောသည်။ "ဒါကြောင့် သားရဲ့အဘီကြီးဆီကနေ ကွမ်ရွှံ့စေးပန်းအိုးတွေကို သုံးပြီး နွေဦးဝါးစိမ်းပင်လေးတွေ စိုက်ရတာကို သဘောကျတာမျိုးတွေ၊ ပြီးတော့ မှတ်စုတွေ ရေးရတာ သဘောကျပြီး ဒီလို ထိန်းသိမ်းဖို့ ခက်တဲ့ ယဥ်ကျေးမှူအမွေအနှစ်တွေအကြောင်း သူ့အမြင်ကို ဖော်ပြတာတွေကို သိခဲ့ရသလိုပဲ ဘိုးဘိုးတို့ ဘိုးဘေးတွေရဲ့ အတွေးတွေကို နားလည်နိုင်တယ်လေ... သူတို့ ဘယ်လို နေထိုင်ခဲ့ကြတယ်... ကမ္ဘာကြီးကို ဘယ်လိုမြင်ကြတယ်... သူတို့ကိုသူတို့ ဘယ်လို ရှာဖွေကြတယ်... ဒါမျိုးတွေပေါ့...


“ယဥ်ကျေးမှုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ရေသောက်မြစ်ပဲလေ"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။


 "ဒါဆို ဘိုးဘိုး... ဒီပန်းအိုးကို ဝယ်ရဖို့အတွက် သုံးရက်မပြောနဲ့ သုံးနှစ် ဒါမှမဟုတ် တစ်ဘဝလုံး အသားမစားရဘဲနဲ့တောင် နေနိုင်တယ်မလား"


"အေးကွ... သုံးရက်ပဲဖြစ်ဖြစ် သုံးနှစ်ပဲ ဖြစ်ဖြစ် တစ်ဘဝလုံးပဲ ဖြစ်ဖြစ် အသားမစားရဘူးဆိုရင်တောင် ဆက်လုပ်ချင်နေဦးမှာပဲ"


ယွီနျန်က ယွီရှုနျင်း၏

လက်ချောင်းလေးကို ကိုင်၍ ခေါင်းငြိမ့်ပြလိုက်၏။ 


"ဟုတ်... သားလည်း အဲ့လိုလုပ်ချင်တယ်"


[EXTRAS-အဆက်)




[Warning မထည့်တော့ပါဘူး ကိုယ့်ဘာသာလဲ ဆန်ပြုတ်ကျွေးတာလား..ဆန်ပြုတ်ကျွေးတာလားနဲ့ ဝေခွဲမရဘူး 🥹🤣]



မနက်စာမတိုင်ခင် ရွှယ်ယုံက ယွီနျန်အား ဆန်ပြုတ်တိုက်ခဲ့သေးသည်။ 


ဆိုဖာက ကျဥ်းမြောင်းလှပြီး နှစ်ယောက်သားက အတူတကွ နီးကပ်စွာဖြင့် လုံးထွေးနေခဲ့ကြသည်။ ယွီနျန်က ရွှယ်ယုံပေါ်တွင် ခွလျက် ထိုင်နေပြီး ခြေထောက်များကို ကားထားရသည်။ ရွှယ်ယုံ၏ လက်ချောင်းရှည်များက ယွီနျန်၏ မေးလေးကို မော့ကာ နူးညံ့သော အနမ်းများ ပေးနေရင်းဖြင့် ဆန်ပြုတ်များကို ဇွန်းအပြည့် ခွံ့ကျွေးနေခဲ့သည်။


ရွှယ်ယုံမှာ မတိုင်ခင်ကလည်း ယွီနျန်ကို အကြိမ်များစွာ ဆန်ပြုတ်ခွံ့ကျွေးခဲ့ဖူးသဖြင့် ခွန်အားကိုလည်း သေသေချာချာ ထိန်းညှိစီမံနိုင်ခဲ့ပြီဖြစ်သည်။ ယွီနျန်က ရွှယ်ယုံ၏ ပေါင်ပေါ် ထိုင်နေပြီး ပါးစပ်လေးက ဇွန်းကို ဆွဲညှစ်ထားသည်။ ရွှယ်ယုံ၏ အသံက အနည်းငယ် အက်ရှနေပြီး ချော့မြူလိုက်သည်။ 


"ကောင်းကောင်းနေ... အရမ်းကျပ်နေအောင် ကိုက်မထားနဲ့လေ" 


မူးဝေနေသော ယွီနျန်က ရွှယ်ယုံ၏ လမ်းညွှန်မှုအတိုင်းလိုက်ကာ ဆွဲညှစ်ထားသည်ကို ဖြေလျော့လိုက်သည်။ သူ့မျက်လုံးထောင့်လေးများ၌ အနည်းငယ် ရှက်သွေးဖြာနေခဲ့ပြီး နဖူးထက်တွင်လည်း ချွေးများစို့နေခဲ့သည်။ သို့သော်လည်း သူအနည်းငယ် ဖြေလျော့ပေးလိုက်သည်နှင့် ရွှယ်ယုံ ဆန်ပြုတ်ကျွေးသည့် အရှိန်က သိသိသာသာပင် ပိုမြန်လာခဲ့သည်။ သိပ်မကြာခင် ယွီနျန်၏ အသံလေးက ငိုမဲ့မဲ့လေး ဖြစ်လာခဲ့သည်။ 


"ကျွန်တော် ထပ်မစားနိုင်တော့ဘူး"



“မစားနိုင်တော့ဘူးလား... လိမ္မာပါကွာ... နည်းနည်းလောက် ထပ်စားဦးလေ" 


ဆန်ပြုတ်ကျွေးပြီးနောက် ရွှယ်ယုံ ခေါင်းငုံ့ကာ ယွီနျန်၏ နူးညံ့လှသော ညှပ်ရိုးလေးများနှင့် ပုခုံးသားတို့ကို ထပ်ကာထပ်ကာ နမ်းရှိုက်လေတော့သည်။ အထိအတွေ့များက နူးညံ့နေပြီး မည်သည့် ငြင်းဆန်မှုကိုမှ လုပ်ခွင့်မပေးခဲ့ပေ။ 


ဆန်ပြုတ်တိုက်ခြင်း ပြီးဆုံးသွားသောအခါ ယွီနျန်တစ်ယောက် ချွေးများ ရွှဲနစ်နေခဲ့သည်။ ခြေထောက်လေးများက ပျော့ခွေနေပြီး ဆိုဖာကို မှီထားနေရသည်။ ရွှယ်ယုံက အနက်ရောင် ပိုးသားဝတ်စုံကို ပတ်ကာ သူ့ကို ကောက်ပွေ့လိုက်ပြီးနောက် ရေချိုးခန်းဆီသို့ ဦးတည်၍ သွားလေတော့သည်။ 


ယွီနျန် ထမင်းစားခန်းမှ စားပွဲပေါ်တွင် နေရာယူလိုက်သည့်အချိန်၌ တစ်နာရီပင် ကုန်ဆုံးသွားခဲ့လေပြီ။ မျက်လုံးများက စိုစိုစွတ်စွတ် အငွေ့အသက်လေးများ ပြည့်နှက်နေပြီး ရွှယ်ယုံကို ဘေးတစောင်း ကြည့်လိုက်သည်။


ရွှယ်ယုံ၏ မျက်လုံးများထဲ၌ ရွှင်မြူးမှုများ ကခုန်နေလေသည်။ "ကိုယ်ခွံ့ကျွေးရမလား... နျန်နျန်"


"ကိုယ့်ဘာသာ စားနိုင်ပါတယ်"


နောက်ကျနေသဖြင့် ကသုတ်ကရက်ဖြင့် ပြင်ဆင်ထွက်ခွာရသည်။ ယွီနျန်နှင့် ရွှယ်ယုံတို့က ဘော်ဒီဂတ်များ ခြံရံလျက် ယွီချင်း၏ အယ်လ်ဘမ်အသစ် ထုတ်ဝေသည့်ပွဲ ကျင်းပရာနေရာသို့ ရောက်လာခဲ့ကြသည်။ အထဲတွင် လှုပ်ရှားတက်ကြွ၍ နေလေသည်။ ဝန်ထမ်းလေးတစ်ယောက်က ယွီနျန်ကို မြင်သောအခါ စင်နောက်မှ အနားယူရာနေရာသို့ အလျင်အမြန် လမ်းပြပေးလာခဲ့သည်။


ယွီချင်းက စိတ်လွတ်နေဟန်ဖြင့် မီးခြစ်နှင့် ကစားနေပြီး အတွေးနစ်နေသည်။ လှုပ်ရှားသံများကို ကြားမှသာ အသိပြန်ဝင်လာပုံရသည်။ "ရောက်လာပြီလား"


ယွီနျန်က ထိုင်ခုံတစ်လုံး ရှာ၍ ဝင်ထိုင်လိုက်သည်။ ယွီချင်း၏ တိတ်ဆိတ်နေသော အမူအယာကို ကြည့်ကာ မေးလိုက်သည်။


 "ဘာဖြစ်လို့လဲ... မမ" 


သူမက "ချွတ်" ဟူသော အသံဖြင့် မီးခြစ်ကို စားပွဲပေါ် ပြန်တင်လိုက်ပြီး လက်ချောင်းလေးများက ဆံနွယ်ရှည်များကို သပ်တင်နေခဲ့သည်။


 "ငါ အနုပညာလောကထဲက ထွက်တော့မယ် နျန်နျန်"


သူ့ကိုယ်သူ စိတ်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဝမ်းနည်းမှူများက ယွီနျန်ကို အံ့အားသင့်သွားစေနိုင်ဆဲပင်။ "ဒီလောက်အစောကြီးလား"


"ဘာစောရမှာလဲ... ငါကနင့်ထက် ငါးနှစ်တောင်ကြီးတာ... နင်တောင် နှစ်ဆယ့်လေးနှစ် ဖြစ်နေပြီ... ငါလည်း သုံးဆယ်နားကပ်နေပြီ... နောက်ပြန်ဆုတ်ဖို့ အချိန်ပဲလေ" 


ယွီချင်းက နှုတ်ထွက်ရန် ဆွေးနွေးရမည့်အစား တင်းကျပ်နေသော ခံစားချက်များကို မသိသာစေခဲ့ပေ။ 


"ငါဖြေရှင်းပေးမှာကို စောင့်နေတဲ့ အရှုပ်ထုပ်တစ်ပုံကြီး ရှိသေးတယ်... ပြီးတော့ ငါ့အဖေက ငါအပြင်မှာ နှစ်တွေအကြာကြီး လျှောက်ကစားနေတာကို အလိုလိုက်ခွင့်ပြုပေးထားတာ... အခု ခြေငြိမ်ရတော့မယ်လေ"


သူမက ပုံမှန်အတိုင်းပင် ဟိတ်ဟန်ကြီးစွာဖြင့် နှုတ်ခမ်းနီရဲရဲကို ပင့်တင်လိုက်သည်။ 


"ငါ ဒီလောက် အယ်လ်ဘမ်တွေ အများကြီးလည်း ထုတ်ဖူးပြီးပြီ... ဇာတ်ကားတွေ အများကြီးလည်း ရိုက်ခဲ့ပြီးပြီ... အိမ်မက်နောက်လိုက်ဖို့လား... အင်း... ငါ့ရဲ့အိမ်မက်က ပြည့်ဝသွားခဲ့ပြီလေ"


ယွီချင်းက အခြားသူများထက် ကိစ္စရပ်များကို ကောင်းကောင်း သတိပြုမိသူဖြစ်ကြောင်း သိနေသည့် ယွီနျန်က ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။


 "အင်း... မှန်ပါတယ်"


“ဒီလိုဆိုရင်တောင် နျန်နျန် နင်ကတော့ ငါ့ကို နားလည်ပေးနေတုန်းပဲနော်... ငါထွက်တော့မယ်လို့ ပြောတော့ ငါ့မန်နေဂျာက ငါကပဲ ငါ့ဆန္ဒတွေကို ဆန့်ကျင်ဖို့ အတင်းအကျပ် တွန်းအားပေးခံလိုက်ရသလို ငိုပါလေရော... ငါနှုတ်ထွက်ရင် ငါက ရှန်းရှီအုပ်စုရဲ့ သူဌေးမကြီး ဖြစ်လာမှာပဲ မဟုတ်ဘူးလား... ငါကပဲ ခံစားရတော့မလိုလိုနဲ့" 


ယွီချင်းက မျက်လုံးလှိမ့်လိုက်ပြီးနောက် မေးကို မော့ကာ အသံများ နူးညံ့လာသည်။ "ငါကလေးဘဝကတည်းက ငါ့အဖေရဲ့ နေရာကို ယူရမှာမှန်း သိနေပြီးသားပဲလေ... ဘာပဲဖြစ်ဖြစ် နင်ငါ့ကို သတင်းတွေထဲမှာ တွေ့နေရဦးမှာပါ... ဖျော်ဖြေရေးကဏ္ဍမှာ မဟုတ်ဘဲ စီးပွားရေးကဏ္ဍမှာပေါ့" 


သူမက လက်ညှိုးထိုးပြလိုက်သည်။ "နင့်အင်္ကျီရဲ့ ဒုတိယကြယ်သီးကို တပ်လိုက်စမ်း... အနမ်းရာတွေ ပေါ်နေပြီ"


ယွီနျန်က သဘာဝကျကျပင် ရှပ်အင်္ကျီ၏ ဒုတိယမြောက် ကြယ်သီးကို တပ်လိုက်ပြီး ပထမဆုံးတစ်ခုကို မတပ်ဘဲ ချန်ထားလိုက်သည်။


ယွီချင်းက စီးကရက်ဘူးကို ဖွင့်ကာ မီးမညှိရသေးသော စီးကရက်ကို သွားကြား၌ ညှပ်ထားလိုက်သည်။ 


"နင်ငယ်ငယ်တုန်းက လိမ္မာတဲ့ကလေးလေး ဖြစ်ခဲ့တာပါ... ငါဘယ်သွားသွား နင့်ကိုအတူခေါ်သွားရတယ်... နင့်ကို တစ်ယောက်ယောက် အနိုင်ကျင့်မှာ စိုးလို့လေ"


ယွီနျန်၏ အပြုံးများ လေးနက်လာခဲ့သည်။ "တစ်ယောက်ယောက်က တကယ်အနိုင်ကျင့်လာရင် ကျွန်တော့်အစ်မကြီးကို ချက်ချင်း ခေါ်လိုက်မှာပါဗျာ" 


ထိုဂရုစိုက်မှုကြောင့် ရွှင်မြူးသွားသည့် ယွီချင်းက ကလေးဘဝတုန်းကလိုပင် ယွီနျန်၏ မျက်နှာလေးကို ဆိတ်ဆွဲလိုက်သည်။ သူမက ရယ်မောလိုက်သည်။ "အင်း... ဒီမမကြီးက နင့်နောက်မှာ ရှိနေပေးမယ် ..." 



******


အပိုင်းသုံး:



ဆောင်းဦးရာထံသို့ ချဥ်းနင်းဝင်ရောက်လာသည်နှင့် ရက်ပေါင်းများစွာ အဆက်မပြတ် ကျဆင်းလာသော ဆောင်းဦးမိုးများနှင့်အတူ အပူချိန်ကလည်း ကျဆင်းလာခဲ့ပြီး နွေလယ်ခေါင်၏ အပူချိန်များကို ယုတ်လျော့သွားစေခဲ့သည်။ ချင်းရှန်းပြတိုက်ကို အပြည့်အဝ စီစဥ်ထားနိုင်ခဲ့ပြီး ဖွင့်လှစ်ရန် အသင့်ဖြစ်နေခဲ့လေပြီ။


စီစဥ်ထားသည့်အတိုင်း ပြတိုက်ဖွင့်မည့် ပထမဆုံးအပတ်တွင် ဝင်ကြေးက အခမဲ့ဖြစ်ပြီး လည်ပတ်သူဦးရေကိုလည်း နေ့စဥ် ကန့်သတ်ထားခဲ့သည်။ ထို့ကြောင့် တရားဝင်ဝက်ဘ်ဆိုက်မှ ပထမဆုံးသုံးရက်အတွက် သီးသန့်လက်မှတ်များ ထုတ်ဝေလိုက်သည်နှင့် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည့် ဖန်များက တစ်စက္ကန့်အတွင်း ဝင်ရောက် လျှောက်ထားလာကြသည်။ ကံကောင်းစွာဖြင့် ဝက်ဘ်ဆိုက်ကို ကောင်းမွန်စွာ စီမံထားသဖြင့် ဆာဗာကျမသွားပေ။ 


တရားဝင်ဖွင့်လှစ်မှုမလုပ်ခင် တစ်ရက်တွင် ယွီနျန်ကိုယ်တိုင် ချင်းရှန်းပြတိုက်ကို လာရောင်ကြည့်ရှုခဲ့သည်။ အထဲတွင် အသံများ တိတ်ဆိတ်နေခဲ့သည်။ များစွာသော လက်မှုပစ္စည်းများကို မှန်ပုံးလေးများထဲတွင် ထည့်သွင်းထားခဲ့ပြီး တစ်ကမ္ဘာလုံးက တိတ်ကျသွားသလိုပါပင်။ 


ချင်းရှန်း ပြတိုက်က အထပ်သုံးထပ်နှင့် မြေအောက် သိုလှောင်ခန်းတစ်ခု ရှိသည်။ မြေပေါ် တည်ဆောက်ပုံများကို မှန်များ၊ စတီးများဖြင့် ပြုလုပ်ထားပြီး မှန်များကို ဖြတ်၍ သဘာဝအလင်းရောင်ကို လုံလုလောက်လောက်လောက် ကျဆင်းစေကာ ငြိမ်သက်နေသော ရေကန်ငယ်လေးနှင့် ရေကန်ငယ်လေးဘေးမှ "တောင်တန်းရှုမျှော်ခင်း"ဟု အမည်ရသည့် ရှုခင်းကို ရိပ်ကနဲ တွေ့မြင်လာစေနိုင်သည်။ ရေက မှန်ကဲ့သို့ ကြည်လင်နေပြီး နူးညံ့ပြီး သဘာဝဆန်သည့် ပန်းချီကားချပ်လေးတစ်ခုလို ပုံရိပ်များအား အရိပ်ထင်စေနေခဲ့သည်။


ရင်းနှီးနေသည့် ခြေသံကို ကြားသောအခါ ယွီနျန် လှည့်ကြည့်၍ ရွှယ်ယုံကို ပြုံးပြလိုက်သည်။


 "စောလိုက်တာ"


“အင်း... အစည်းအဝေး စောစောပြီးသွားလို့ မင်းကို လာရှာလိုက်တာ" ရွှယ်ယုံက ယွီနျန်ဘေးတွင် ရပ်နေပြီး သူတို့၏ ခြေလှမ်းများက တစ်ထပ်ပြီး တစ်ထပ် တက်လာနေခဲ့သည်။ 


“‘မိန်းမပျိူလေးတစ်ယောက်ရဲ့ပုံတူ'ကို ကျွန်တော်နဲ့ ဦးလေးရုန်တို့ ကျွန်တော် တက္ကသိုလ် တက်နေတဲ့ ကာလမှာ ဥရောပအထိသွားပြီး ပြန်ဝယ်လာခဲ့ကြတာ.... အဲ့ဒီအချိန်တုန်းက နေမကောင်း ဖြစ်ပြီးဖျားနေတာတောင် လေလံပွဲကို သွားနိုင်ခဲ့သေးတယ်... ပန်းချီကားကို ဝယ်ပြီးသွားတော့ သစ်သားသေတ္တာကို ပိုက်ထားရင်းနဲ့ မူးလဲသွားတာလေ... ဦးလေးရုန်ဆို အဲ့ဒီတုန်းက အရမ်း လန့်သွားရှာတာ"


ပန်းချီနှင့် လက်ရေးစာမူများ ခန်းမထဲတွင် ယွီနျန်က မှန်ပုံးထဲမှ "ညရဲ့စားသောက်ပွဲ" ပန်းချီကားကို လက်ညှိုးထိုးပြလိုက်သည်။ 


"အရင်တုန်းက ဘိုးဘိုး ဒီပန်းချီကားကို ကြည့်တိုင်း တစ်ခဏလောက် ဝမ်းနည်းခဲ့ရတယ်တဲ့... နောက်တော့ ဘွားဘွားက သူ့ကို မကြည့်ဖို့ တားတော့တာပဲ... ဒါပေမယ့် ဘိုးဘိုက သတိရနေတုန်းပဲ... ဒါကြောင့် တစ်ခါတစ်လေဆို ပန်းချီကားကို ထုတ်လာပြီးတော့ ကြည့်တယ်... ကျွန်တော့်ကိုလည်း ဘွားဘွားမမိသွားအောင် လက်ဟန်ပြသေးတာပေါ့... တကယ်တော့ ဘွားဘွားက ဘိုးဘိုး စိတ်ဓါတ်ကျနေတဲ့အချိန်ကို ပြောနိုင်တယ်... ဘွားဘွားက ခန့်မှန်းနိူင်ပြီးသားလေ... မသိသလို နေပေးခဲ့တာ"


ယွီနျန်က ပြတိုက်ထဲတွင် ပြသထားသော ပစ္စည်းတိုင်း၏ နောက်ခံဇာတ်လမ်းကို ပြန်လည်ပြောပြနိုင်ခဲ့သည်။ သူ့အသံက ရွှင်မြူးနေပြီး မျက်လုံးလေးများက နွေဦးစမ်းရေလေးထဲတွင် နစ်မြုပ်နေသော မဟူရာကျောက်ကလေးကလို ကြည်လင်တောက်ပနေသည်။


ရွှယ်ယုံက အသေအချာ နားထောင်နေပြီး ယွီနျန်အား သိမ်မွေ့နေပြီး နူးညံ့မှူများပြည့်နေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ 


ပြတိုက်ကို လှည့်လည်ကြည့်ရှုခြင်း ပြီးဆုံးသွားပြီးနောက် အဓိကဟောခန်းမကြီးထဲသို့ ပြန်ရောက်လာခဲ့ကြသည်။ မှန်နံရံရှေ့တွင် ရပ်နေရင်းဖြင့် အဝင်ပေါက်ဝတွင် နေရာချထားသည့် ကျောက်တုံးများကို တွေ့မြင်နိုင်ပေသည်။ ကျောက်တုံးများက မိုးရေကြောင့် စိုထိုင်းနေသဖြင့် အရောင်အနည်းငယ် ရင့်နေပြီး ထွင်းထားသော စာလုံးများက ထင်ရှားနေဆဲ ဖြစ်သည်။


 "နှစ်တစ်ထောင်က ပြန်မလာတော့ဘူး... ချင်းရှန်းပဲ ကျန်ရစ်နေမယ်"


ယွီနျန်က ခေါင်းလှည့်လိုက်ပြီး ရွှယ်ယုံ၏ အကြည့်များနှင့် ဆုံတွေ့သွားခဲ့သည်။ ယွီနျန်က စကားမပြောဘဲနှင့် မျက်တောင်များ ပြန်ချလိုက်ပြီး သူတို့၏ လက်များကို ခိုင်မြဲစွာ ဆုပ်ကိုင်လျက် ရွှယ်ယုံအား အပြုံးကြီးကြီး ပေးလိုက်သည်။



.*******


❤️❤️❤️ ပြီးပါပြီ ❤️❤️❤️


Translated By - IQ Team 


THANKS ❤️