၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၃)
ချင်းရို့၏တစ်ကိုယ်တော်ရှိုးမှာ စတင်တော့မည်ဖြစ်၏။
ကျိုးမိန်လန်က ပွဲသွားကြည့်ရန် ကျန်းမင်နှင့်တခြားနှစ်ယောက်ကို လူအုပ်ဆီဆွဲခေါ်သွား၏။ ခန်းမထဲတွင် စည်ကားနေလျက်။ အချို့က ငိုက်မျဉ်းနေကြပြီး အချို့ကတော့ သေချာကြည့်နေကြသည်။ မြင်ကွင်းကတော့ တက်ကြွနေခြင်းသိပ်မရှိချေ။
ကန့်လန့်ကာကျချိန်ရောက်သောအခါ ထိုငိုက်မျဉ်းနေသောလူများမှာ ရုတ်တရက်နိုးလာကြပြီး တခြားလူတွေနဲ့အတူတူ လက်ခုပ်ဩဘာပေးလိုက်ကြ၏။
ထို့နောက် တိတ်ဆိတ်သွားကြလျက်။
ကျန်းမင်နှင့် ကျိုးမိန်လန်က အချင်းချင်းကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်ရင်း "ချင်းရို့ဟာသဖြစ်မှာကိုကြည့်ဖို့ ဒီမှာစောင့်ကြတာပေါ့"
"သူမ ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ စင်ပေါ်မှာ ကောင်းကောင်းသီချင်းမဆိုနိုင်ရင် ဟာသဖြစ်သွားမှာပဲ"
"ခဏစောင့်ကြည့်လိုက် သူမ ကောင်းကောင်းဆိုနိုင်မှာမဟုတ်ဘူး။ အခုလေးတင် ကျိုးကျွမ်းက သီချင်းကောင်းကောင်းဆိုသွားတာဟယ်။"
...
ချင်းရို့ စင်မြင့်အလယ်သို့ လျှောက်သွားသည်ကို ကျိုးမိန်လန်မြင်လိုက်ရသည်။ သူတို့နှစ်ယောက်က ရှေ့ဆုံးတန်းမှာ ရှိနေသည်ကြောင့် သူတို့ကို ရှင်းရှင်းလင်းလင်းတွေ့နေရ၏။ လူအုပ်ထံမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ မျှော်လင့်ထားသည့်အတိုင်း ချင်းရို့၏မြေခွေးလိုအလှကို မြင်သောအခါ စစ်သားတွေအားလုံး အံ့အားသင့်သွားကြ၏။
အနောက်မှလူများက ချင်းရို့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူမသည် မိန်းမလှလေးဖြစ်ရမည်ဟု ပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး ခန့်မှန်းနိုင်ကြလေသည်။
တေးဂီတသံ ထွက်ပေါ်လာပြီး မိန်းကလေး၏သီဆိုသံမှာ မိုက်ခရိုဖုန်းမှတစ်ဆင့် ခန်းမတစ်ခုလုံးကို ဖြတ်သွားခဲ့သည်။ သူမ နှုတ်ခမ်းကိုဖွင့်လိုက်သည်နှင့် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားကာ ဘယ်သူမှ တိုးတိုးတိတ်တိတ်ပြောမနေကြတော့။ လောလောဆယ်တွင် မိန်းမငယ်လေး၏ နူးညံ့သိမ်မွေ့သော သီဆိုသံကိုသာ ကြားနေရလျက်။
သူမ ဘယ်လောက်တောင် ကောင်းကောင်းသီချင်းဆိုနိုင်သလဲဆိုသည်ကို ဆုံးဖြတ်ရန်အတွက် ဂီတစွမ်းရည်အများကြီးမလိုအပ်ချေ၊ သူမ၏ချိုမြိန်လှသောသီဆိုသံကြောင့် လူတွေက သူမ၏ရုပ်ရည်ကို ဂရုမစိုက်ကြတော့ဘဲ လူတွေ၏နှလုံးသားထဲမှာ ငှက်မွှေးနဲ့ခြစ်နေသလိုမျိုး ထိုအသံလေးဆီသာ အာရုံစိုက်မိကြသည်။
ထို့နောက် အမြင့်သံရောက်လာသောအခါတွင် မသိစိတ်ကြောင့် လက်မောင်းပေါ်မှာ ကြက်သီးများထလာပြီး ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ပါ တုန်လှုပ်သွားကြလျက်။
သီချင်းဆိုပြီးသွားသည့်နောက် ကျိုးမိန်လန်နှင့် ကျန်းမင်တို့၏မျက်နှာများမှာ အလွန်ရုပ်ဆိုးနေကြပြီး ကန့်လန့်ကာကျမလာခင် ပရိသတ်များ၏လက်ခုပ်သံများ မရေမတွက်နိုင်အောင်ပေါ်ထွက်လာခဲ့ပြီး လူတွေက အော်လာကြ၏ "နောက်တစ်ခေါက်! နောက်တစ်ခေါက်!"
"နောက်တစ်ခေါက်!"
လူအုပ်ကြီး၏တုံ့ပြန်မှုမှာ စိတ်အားထက်သန်လွန်းသဖြင့် ဒါရိုက်တာကျန်းက မိုက်ခရိုဖုန်းကိုယူ၍ အမျိုးသားကြီးတွေကို နှစ်သိမ့်ပေးခဲ့သည်။
ချင်းရို့က "ငါ့အမိမြေ"ဟူသော သီချင်းကို သီဆိုခဲ့သည်။ ကန့်လန့်ကာပိတ်သွားပြီးနောက် သူမ စင်မြင့်ပေါ်မှ ဆင်းလာသောအခါ သူမ၏ခြေထောက်များမှာ ပျော့ခွေနေသေး၏။
သူမ နှလုံးခုန်နှုန်းမှာ အရမ်းမြန်နေပြီး ရင်ဘတ်ကို ပွတ်သပ်ဖို့ရာ မနေနိုင်တော့ဘဲ သူ့ကိုယ်သူ တွေးနေလျက် 'ကြောက်စရာကောင်းလိုက်တာ၊ သူတို့အားလုံးက ယောကျ်ားကြီးတွေချည်းပဲ။'
သူမ ဒီလိုတိုက်ပွဲမျိုး ဘယ်မှာကြုံဖူးခဲ့ပါလိမ့်။
ချင်းရို့သည် အလယ်တန်းကျောင်းရှိ လစ်ဘရယ်အနုပညာသင်တန်းတွင် ပညာသင်ကြားခဲ့၏။ အတန်းထဲတွင် အမျိုးသားများထက် အမျိုးသမီးပိုများလေသည်။ နောက်ပိုင်းတွင် သူမသည် Normal Universityသို့ ဝင်ရောက်ခဲ့ပြီး အတန်းထဲတွင် ယောက်ျားလေးအရေအတွက်ကို မပြောနဲ့၊ Normal Universityတစ်ခုလုံး၌ ယောက်ျားလေးများမှာ ရှားပါးမျိုးစိတ်ပင်။
ဘွဲ့ရပြီးနောက်တွင်လည်း သူမသည် မူကြိုကျောင်းဆရာမတစ်ဦးအဖြစ်လုပ်ကိုင်ခဲ့၍ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သော ကလေးတွေကိုသာ နေ့တိုင်းတွေ့ခဲ့ရသည်။
စင်မြင့်ပေါ်၌ရပ်နေရင်း မရင်းနှီးသော အမျိုးသားတွေအများကြီးကို တွေ့လိုက်ရသဖြင့် ချင်းရို့မှာ အလွန်အမင်းဖိနှိပ်မှုကို ခံစားလိုက်ရသည်။
ထိုနေ့တုန်းကလည်း လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဆီက သူမနောက်ကျောကို ဓားဖြင့်အထိုးခံရခြင်းကိုပါ ထပ်ပေါင်းလိုက်ပါက ချင်းရို့သည် မရင်းနှီးသောအရပ်ရှည်ရှည်အမျိုးသားများကို သဘာဝအတိုင်း ကြောက်လန့်နေခဲ့သည်။
သူမ စင်ပေါ်မှာရှိနေတုန်းက သူတို့အားလုံးကို မူကြိုကလေးတွေဟု စိတ်ကူးယဉ်လိုက်ပြီး စီးချက်မှန်မှန်လေးသီချင်းဆိုခဲ့ခြင်းပင်။
ထိုမြင်ကွင်းကို ပြန်တွေးကြည့်တော့ သူမသည် ခဏတာ ထိတ်လန့်နေသေး၏။
နောက်ဆုံးတွင် ကပ်ဘေးမှ လွတ်မြောက်လာခဲ့ပြီး ချင်းရို့မှာ တတ်နိုင်သမျှ အနုပညာအဖွဲ့မှနုတ်ထွက်ရန် လိုနေသေးသည်ဟု ထင်လိုက်သည်။
သူမအတွက်တော့ အနုပညာအဖွဲ့မှာ အဆိုတော်ဖြစ်ဖို့က မခက်ခဲလှချေ။ ချင်းရို့က သီချင်းဆိုရတာ ကြိုက်နှစ်သက်၏။ မူကြိုဆရာမတစ်ယောက်အနေနဲ့ သီချင်းဆို၊ ကခုန်သည်မှာ သာမာန်ဖြစ်ပြီး သူမကလည်း တေးဂီတအဆိုပိုင်းကို နှစ်အတော်ကြာအောင် လေ့လာထားသည်ပင်။
သူမကောလိပ်တက်စဥ် အချိန်အစောပိုင်းမှာတင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှလူတွေက သူမကို တက်သစ်စကြယ်ပွင့်ပြိုင်ပွဲမှာ ပါဝင်ရန် လာရှာခဲ့ချင်ကြပေမယ့် ချင်းရို့၏မိဘတွေက ကွာရှင်းထားခဲ့ပြီး သူမက တစ်ယောက်တည်းဖြစ်တာကြောင့် သူမမှာ နောက်ခံမရှိသလို အခွင့်အရေးလည်းမရှိပေ။ ဖျော်ဖြေရေးနယ်ပယ်က အန္တရာယ်များသည်လေ။ တစ်ခြားသူတွေဆီက ပစ်မှတ်ထားခံရမည်ကို ကြောက်လန့်၍ သူမ ဖျော်ဖြေရေးနယ်ပယ်ထဲမဝင်ဖြစ်ခဲ့တော့။ ထို့ကြောင့် ဘွဲ့ရပြီးသည်နှင့် မူကြိုဆရာမဖြစ်လာခဲ့သည်။
၁၉၇၀ပြည့်နှစ်များတွင် ဤအထူးခေတ်၌ အနုပညာအဖွဲ့တစ်ခုမှာ စာပေနှင့်အနုပညာသမားဖြစ်ခြင်းသည် အလွန်ကောင်းမွန်သည့် အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်လေသည်။
လက်ရှိချင်းရို့အတွက်တော့ အလုပ်ပတ်ဝန်းကျင်မှာ ဆိုးရွားလွန်းလှ၏။ ယခင် ချင်းရို့မှာ နာမည်ဆိုးရှိခဲ့ပြီး သူမ၏ လုပ်ဖော်ကိုင်ဖက်များက သူမအား တိတ်တဆိတ် လှောင်ပြောင်နေကြကာ အမျိုးသမီးဇာတ်လိုက် ရွှယ်ထင်ထင်သည်လည်း ကောင်းသလား ဆိုးသလားဆိုတာ သူမ မသိရသေးချေ။
ချင်းရို့သည် ဤနေရာမှ အမှန်တကယ် ထွက်ခွာသွားချင်ခဲ့သည်။
အကောင်းဆုံးရွေးချယ်မှုမှာ သူမသည် အသက်မွေးဝမ်းကြောင်းအလုပ်ကိုပြောင်းလဲပြီး ကျောင်းဆရာမလုပ်ရန်ပင်။ ၄င်းမှာ သူမ၏အလုပ်ဟောင်းဖြစ်ပြီး စတင်ရတာလွယ်ကူပေမယ့် ချင်းရို့အတွက် မဖြစ်မနေသာမဟုတ်ခဲ့ရင်တော့ ဆရာမထပ်မလုပ်ချင်တော့ဘူး။
ချင်းရို့သည် မူလက မူကြိုဆရာမအဖြစ်မှ နုတ်ထွက်ရန် စီစဉ်ခဲ့ပြီးသားပင်။
သူမသည် ဘွဲ့ရပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ မူကြိုဆရာမတစ်ဦးဖြစ်ခဲ့ပြီး အစိုးမရသော ကောင်ငယ်လေးများနှင့် ကလေးမလေးများကြောင့် အတွေ့အကြုံတွေလည်းရနေခဲ့ပြီ။ ဒီကလေးငယ်တွေက နတ်သား/နတ်သမီးတစ်ပိုင်း နတ်ဆိုးတစ်ပိုင်းတွေပဲ။ မူကြိုဆရာမတစ်ဦးအနေဖြင့် အချို့သောကလေးငယ်များ (ပျက်စီးအောင်အလိုလိုက်ခံထားရသည့်ကလေးငယ်များ)သည် သူမအား ဒေါသထွက်စေခဲ့၏။
မူလတန်းကျောင်းသားများမှာ ဝက်ဝံကလေးငယ်များ၏ အဆင့်မြှင့်ထားသော ဗားရှင်းဖြစ်လေသည်။
အလယ်တန်းကျောင်းသားတွေကတော့ ပုန်ကန်တတ်ကြ၏။
အထက်တန်းကျောင်းသားတွေက... တက္ကသိုလ်တက်ရန် ဖိအားများနေကြပြီ။
သူမသည် မလိုအပ်ဘဲ ဆရာမ မလုပ်ချင်တော့ပေ။
သူမ ဘယ်လောက်ပဲ စိတ်ရှည်နေပါစေ၊ တစ်ခါတလေ စိတ်ဆိုးသည့်အခါတိုင်း စီနီယာတစ်ယောက်က သူမကို စိတ်ရှည်ရမည်၊ မဟုတ်ပါက ဝက်ဝံကလေးတွေကို သူမ ထိန်းနိုင်မှာမဟုတ်တော့ဘူးဟု ပြောပြခဲ့သည်။ ချင်းရို့က တကယ်ကိုပဲ မထိန်းနိုင်ခဲ့ချေ။
သူမသည် နာခံမှုရှိသည့် ကလေးတွေကို အမြဲပြုံးပြချီးမွမ်းချင်ပေမယ့် အတန်းထဲက ဝက်ဝံကလေးတွေကတော့ လှည့်ကွက်တွေနဲ့ ပြည့်နေလျက်။
သူတို့လေးတွေက ကျိုးကြောင်းဆင်ခြင်ဖို့ ငယ်လွန်းသေး၏။ သူမက အရမ်းကောင်းနေရင် ဝက်ဝံကလေးတွေဆီကနေ သူမမျက်နှာကို လွယ်လွယ်လေး အကန်ခံရမှာဖြစ်သည်။ ထို့ကြောင့် သူမ ဆရာမ ဆက်မလုပ်ချင်တော့ဘူးလေ။
အနုပညာအဖွဲ့မှ အနားယူရမည့်ကိစ္စမှာ ရေရှည်စီမံကိန်းဖြစ်ပြီး ချင်းရို့သည် အရင်ဆုံး သင့်တော်သောအလုပ်သစ်တစ်ခုကို ရှာဖွေရမည်ဖြစ်သည်။
*
"ကျွန်မ စီစဉ်နိုင်ပါတယ်!"
"တိုက်ဆိုင်မှုတစ်ခုပဲ၊ ဒေါသအရမ်းကြီးတဲ့ ချွမ်ရှန်းကလာတဲ့ ချင်းရို့လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရှိနေတာ"
"ကောင်းပြီ...သူတို့တွေ့ဖို့ အချိန်တစ်ခုလုပ်ပေး"
xxx