အပိုင်း၂၅၀
Viewers 67k

🍵Chapter 250




၎င်းက သူမကိုယ်တိုင်၏ အမှား ဖြစ်​နေသည့်အတွက် ထုံရွှယ်လူမှာ သူမ၏ အမှားကို ဝန်ခံရာ၌ အလွန်​ကောင်းမွန်​သော သ​ဘောထားရှိ​နေပြီး ​အော်၍ ​ပြောလိုက်သည်။


 "ဒါလင်​ရေ"


ဝမ်ရူ​ကွေ့က မျက်လုံးပင့်ကြည့်လိုက်​သောအခါ ​နောက်ထပ်အခိုက်အတန့်​လေးတွင် သူ့မျက်နှာကို ပင့်ကိုင်ခံထားလိုက်ရသည်။ သူမက သူ့ဘက်ကို တိုးကပ်လိုက်ပြီး​နောက် နှာ​​​ခေါင်းဖျားချင်း ပွတ်သပ်လိုက်သည်။ 


သူတို့၏ နှုတ်ခမ်းဖျား​များမှာ စင်တီမီတာ တစ်ဝက်မျှသာ ကွာဝေး​လေ​တော့သည်။


ဝမ်ရူ​ကွေ့က ​ရေစင်ကဲ့သို့ ​တောက်ပ​နေ​သော မျက်လုံး​လေးများနှင့် ယပ်​တောင်​လေးများကဲ့သို့ ယှက်ဖြာ​နေ​သော မျက်​တောင်​လေးများကို ကြည့်​နေရင်း နှလုံးခုန်သံများက ကဆုန်​ပေါက် မြည်ဟီးလာခဲ့သည်။ 


ထုံရွှယ်လူက နှုတ်ခမ်းများကို အနည်းငယ် တွန့်​ကွေးလိုက်သည်။ "ရှင် အခုထိ စိတ်တို​နေတုန်းပဲလား"


ဝမ်ရူ​ကွေ့က ပြန်​ဖြေလိုပါ​သော်လည်း သူ့နှုတ်ခမ်းများ ဖွင့်ဟလိုက်သည်နှင့် သူမက သူ့နှုတ်ခမ်းတို့ကို ကိုက်ခဲလာ​လေသည်။


မိန်း​မော​တွေ​ဝေ​နေဆဲမှာပင် ထုံရွှယ်လူက သွားများကို ဖွင့်ဟလိုက်သည်။ 


ဝမ်ရူ​ကွေ့၏ မျက်နှာနှင့် လည်ပင်းတို့က သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်ဖြင့် ရဲတွက်လာခဲ့ပြီး လူတစ်ကိုယ်လုံးက လျှပ်စစ်ဓါတ်များ ဖြည့်သွင်းလိုက်သည့်အလားပင်။ 


ထုံရွှယ်လူက သူ့ကို ပိုးသားမျက်ဝန်းတို့ဖြင့် ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ​ပြောလိုက်သည်။ "ဘယ်သူမှ မရှိတဲ့အချိန် ရှင် နည်းနည်း​လောက် ပိုပြီး အရိုင်းဆန်လို့ရပါတယ်... ကျွန်မ သ​ဘောကျတယ်"


အရိုင်းဆန်တယ်လား...


ဝမ်ရူ​​ကွေ့၏ မျက်နှာထက် ​သွေးများ ​လောင်းချလိုက်သလို ဖြစ်သွားပြီး ​စေ့စပ်ပွဲ​နေ့က အဖြစ်အပျက်များကို အမှတ်ရသွားခဲ့သည်။


ကြည့်ရတာ သူမ​လေးက အရိုင်းဆန်တဲ့​ ​ယောကျ်ား​တွေကို သ​ဘောကျပုံပဲ...


သူမသ​ဘောကျရင် သူလည်း လုပ်နိုင်မှ သဘာဝကျမှာ​ပေါ့...


ဝမ်ရူ​ကွေ့ ရှက်​​သွေးဖြာသွားပြီး ရုတ်တရက်ဆိုသလို သူ့လက်ကို ဆန့်ထုတ်၍ သူမ၏ ခါးကို ဆွဲယူကာ အားသုံး၍ တွန်းလိုက်သည်။ 


နှစ်​ယောက်သားက ​နောက်ပြန်ဆုတ်သွားကြပြီး ​သူတို့​နောက်ပါးမှ နံရံကို တည့်တည့်ဖိကပ်မိသွားသည်။ 


ထုံရွှယ်လူ၏ ​နောက်ပါး၌ ​အေးစက်စက်နံရံကြီးသာ ရှိ​နေပြီး အ​ရှေ့ဘက်၌ ​တောင့်တင်း​သော ရင်အုပ်ကြီး ရှိ​နေသည်။ 


ဝမ်ရူ​ကွေ့က ရှက်နေ​သေး​သော်လည်း ရှက်စိတ်များကို အရိုင်းဆန်ဆန် ​တော်လှန်ကာ သူမ၏ နှုတ်ခမ်းများကို ထိကပ်၍ အဆက်မပြတ်တိုက်ခိုက်​လေ​တော့သည်။


ပြင်းထန်ပြီး သိမ်​မွေ့လှသည်...


နှစ်​ယောက်သားက တစ်ချိန်တည်းမှာပင် နက်နက်နဲနဲ တွယ်ယှက်​နေ​သော အရှိန်အဝါများထုတ်လွှင့်လာပြီး ထုံရွှယ်လူတစ်​ယောက် သူ့​​ရှေ့မှလူက အလွန်အမင်း ဆွဲ​ဆောင်မှုရှိပြီး နှစ်လိုဖွယ်​ကောင်း​ကြောင်း ခံစား​နေရသည်။ 


သူတို့က ​ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ ညီအစ်ကိုနှစ်ဦးသား ​ကျောင်းမှ ပြန်​ရောက်မလာခင်အထိ သုံးကြိမ်မျှ အရိုင်းဆန်ခဲ့ကြပြီး အဆုံး၌ သူတို့၏ နှုတ်ခမ်းများ ထပ်ပြီး ​ယောင်ကိုင်းသွားခဲ့​လေသည်။ 


ထို​နေ့တွင် ဝမ်ရူ​ကွေ့၏ "ဒဏ်ရာရ" နှလုံးသား​လေးအား ကုသ​ပေးရန်အလို့ငှာ ထုံရွှယ်လူက စား​ကောင်း​သောက်ဖွယ်များကို စားပွဲအပြည့် ချက်ပြုတ်​ပေးခဲ့သည်။


ဝမ်ရူ​​ကွေ့မှာ သူ့အတွက် အစားအ​သောက်များ ချက်ရင်း အလုပ်များ​နေရသည့် သူမ​လေးက နှလုံးသားထဲတွင် အပြစ်ရှိစိတ်​လေး ရှိ​နေ​ကြောင်း ​တွေ့လိုက်ရသည်။


အမှန်မှာ မတိုင်မီကတည်းက လုံးဝ ​ဒေါသထွက်​နေခြင်းမျိုး မရှိဘဲ တမင်တကာ နှုတ်ဆိတ်​နေခြင်းမှာ သူမကို အကြိမ်အနည်းငယ်မျှ ထပ်ပြီး အနမ်း​ပေးချင်၍သာ ဖြစ်သည်။ 


အစပိုင်းတွင် သူမ၏ ပါး​လေးကိုသာ နမ်းလိုခြင်း ဖြစ်​သော်လည်း ​နောက်ပိုင်းများ၌ အရိုင်းဆန်သွားမည်ဟု မထင်မှတ်ထားခဲ့​ပေ။ 


နည်းနည်း​လောက် အပြစ်ရှိစိတ် ဝင်သွားရ​ပေမယ့် ​နောက်တစ်ကြိမ်ဆိုရင်​တော့ သူလုပ်ရဲ​​​လောက်ပါတယ်...


ဝမ်ရူ​ကွေ့ဘက်တွင် ချိုမြ​နေ​သော်ငြား ကျိုးရန်ဘက်တွင်မူ ရှက်​သွေးဖြာခြင်းများ နှလုံးခုန်သံများသာ ရှိ​နေ​သည်။ 


သူ မ​နေ့ညက မ​တော်တဆ အမူးလွန်သွားသဖြင့် ​ယောကျ်ားတစ်​ယောက်၏ ဘဝတွင် အ​ရေးကြီးဆုံး​​သောအရာကို လွဲ​ချော်သွားခဲ့ရသည်။


သူက ခွင့်ငါးရက်သာ ရထားပြီး အ​ပျော်ရွှင်ရဆုံး ဖြစ်ရမည့် တစ်ရက်က အလဟဿ ဖြစ်သွားရပြီ ဖြစ်သည်။ 


သူ ​နောင်တများဖြင့် နိုးလာခဲ့သည်။


ထို့​ကြောင့် ယ​နေ့တွင် ​​မှောင်စပျိုးလာ​သောအခါ မိသားစု၏ ဒွိဟဖြစ်​နေ​သော မျက်လုံးများ​ကို လစ်လျူရှုကာ သူ့ဇနီး ဝမ်​ရှောင်းယွင်ကို ဆွဲ​ခေါ်၍ အိမ်ခန်းထဲသို့ ဝင်လာခဲ့သည်။


ဝမ်​ရှောင်းယွင်က ကြက်ဥ​​​​​ကြော်၍ ရ​လောက်သည်အထိ ရှက်​သွေးဖြာ​နေရသည်။ 


"​မှောင်ကာစပဲ ရှိ​သေးတာ အိပ်ရာဝင်​နေပြီ... ဘယ်လိုလုပ် အိပ်​ပျော်ပါ့မလဲ"


"ကိုယ်တို့ အိပ်မ​ပျော်မှာ ဟုတ်တာပဲ​လေ... ကိုယ်တို့က ဟီးဟီး..."


ကျိုးရန်းက အလျင်အမြန် လှုပ်ရှားလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကြမ်းပြင်ထက်၌ အဝတ်များ အပုံလိုက် ကျသွားသည်။


ဝမ်​ရှောင်းယွင်က သူမ၏ မျက်လုံးများကို ကာထားပြီး သူ့ကို မကြည့်ရဲ​တော့​ပေ။


 "ကျိုးရန်... ရှင်က တကယ်ကို အရှက်မရှိတာပဲ"


ကျိုးရန်ကရှက်​သွေးဖြာသွားပြီး​နောက် ​ပြောလိုက်သည်။ "မိန်းမ... က​လေးရလာရင် ရှက်စရာ​တောင် ရှိမှာ မဟုတ်​တော့ဘူး​လေ"


ဝမ်​ရှောင်းယွင်က အလွန် ရှက်​နေ​​သော်ငြား သူမ၏ အ​မေကလည်း လက်မထပ်ခင်ကတည်းက ချစ်မှု​ရေးရာကိစ္စများ သင်ပြထားပြီးသား ဖြစ်၍ ခုခံမ​နေ​တော့​​ပေ။ 


ဝမ်​ရှောင်းယွင်က မျက်လုံးပိတ်ထားပြီး ​ရောက်ရှိလာတော့မည့် နာကျင်မှုများကို အန်တုရန် ပြင်လိုက်စဥ် ကျိုးရန်က သူမကို ရုတ်တရက် တွန်းလှဲလိုက်သည်။


"​​ရှောင်းယွင်... ဒီလိုဆို က​လေးရမှာ မဟုတ်​​တော့ဘူး"


ဝမ်​ရှောင်းရန်က မျက်လုံးဖွင့်လာပြီး မ​ရေမရာဟန်ဖြင့် ​မေးလိုက်သည်။ "ဘာလို့ က​လေးမရရမှာလဲ" 


ကျိုးရန်က ရှက်​သွေးဖြာ​နေပြီး နှာ​ခေါင်းကို ကုတ်ခြစ်လိုက်သည်။ "အ​နေအထားက မှား​နေတယ်"


ဝမ်​ရှောင်းယွင်က ပို၍ပင် ရှုပ်​ထွေးသွား​လေသည်။ သူမအ​မေက သူမဘဝရဲ့ အ​တွေ့အကြုံ​တွေ အားလုံး သင်​ပေးထားပြီးသားပါ... ဒီအ​နေအထားက မှန်ပါတယ်...


ကျိုးရန်က သူမ နားမလည်ဖြစ်​နေသည်ကို ​တွေ့​သောအခါ လက်ထပ်သင်ကြား​ပေးလိုက်သည်။ 


"ခွေး​​တွေ ဒီလိုမျိုး လုပ်တာ ​တွေ့ဖူးလို့လား"


ဝမ်​ရှောင်းယွင်မှာ ရုတ်တရက်ဆိုသလို ​ဒေါသများ​ကြောင့် တုန်ယင်သွားပြီး နှုတ်ခမ်းများကို ဖြူလာသည်အထိ ကိုက်လိုက်သည်။


ကျိုးရန်မှာ အနားသို့ တိုးကပ်​တော့မည်ပြု​သော်လည်း ဝမ်​ရှောင်းယွင်က လှည့်ကာ သူ့မျက်နှာကို ​ခြေ​ထောက်ဖြင့် ကန်ထည့်လိုက်သည်။ 


"ကျိုးရန် သွား​​သေလိုက်စမ်း"


ဒါက ​စော်ကား​နေတာပဲ...


ကျိုးရန်ကို ဒီ​လောက်ထိ အရှက်မဲ့လိမ့်မယ်လို့ သူမ ထင်မထားခဲ့ဘူး... သူမကို ဘယ်လိုလူစားမျိုး ထင်​နေတာလဲ...


ကျိုးရန်မှာ အထိန်းအကွပ်မဲ့သွားပြီး အကန်ခံလိုက်ရသည်။ သူ ​နောက်ပြန်လည်ကာ မြေ​ပေါ်သို့ ကျသွားပြီး​နောက် သူ့​ခေါင်းမှာလည်း "ဒုန်း" ဟူ​သော အသံဖြင့် ​​မြေ​ပေါ်သို့ ​ဆောင့်မိသွားသည်။


ပက်လက်လှန်ခံလိုက်ရတဲ့ ငါးတစ်​ကောင်လိုပဲ...


ကျိုးရန်မှာ နာကျင်မှုများ​ကြောင့် စုပ်သပ်လိုက်သည်။ "​ရှောင်ယွင်... ကိုယ့်ကို ဘာလို့ ကန်ရတာလဲ"


ဝမ်​ရှောင်ယွင်က ​ခေါင်းအုံးကို ယူကာ ပစ်​ပေါက်လိုက်ပြီး​နောက် မျက်လုံးများမှာလည် မျက်ရည်များဖြင့် နီရဲလာ​လေသည်။ 


"ကျိုးရန်... လူယုတ်မာ... ရှင်နဲ့ ကွာရှင်းမယ်"


"!!!"


ကျိုးရန် ​​နွေ​ခေါင်​ခေါင် မိုးကြိုးပစ်ချခံလိုက်ရသည်။


ကျိုးရန်ထံ မိုးကြိုးများ တစ်ချက်ပြီးတစ်ချက် ပစ်ချလာ​နေသည်။


ကျိုးရန် ကြက်​သေ​​သေသွား၏။


သူဘာအမှား​တွေ ထပ်လုပ်မိပြန်ပါလိမ့်...



ကျိုးရန်၏ အခန်းထဲ၌ "ဝုန်း" ဟူ​သော အသံကြီး ထွက်လာပြီး​နောက် ဝမ်​ရှောင်းယွင်၏ ကျိန်ဆဲသံ ထွက်​ပေါ်လာပြန်သည်။


ဧည့်ခန်းထဲရှိ ကျိုးမိသားစုဝင်များမှာ တစ်ခဏမျှ ​ကြောင်အသွားကြ​ပြီး​နောက် မျက်နှာများ နီရဲသွားကြသည်။


ဒီ​လောက်ကြီးက မလွန်လွန်းဘူးလား...


လူတိုင်းက ​ရှောင်ထွက်သွားကြရန် ​တွေးလိုက်ကြပြီး ကိုယ်လက်သန့်စင်ကာ အလျင်အမြန် အိပ်ရာဝင်လိုက်ကြသည်။


မထင်မှတ်ထားစွာပင် ထိုအခိုက် ရုတ်တရက် တံခါး ပွင့်သွားပြီး ဝမ်​​ရှောင်းယွင်တစ်​ယောက် အခန်းထဲမှ ငိုကြီးချက်မဖြင့် ​ပြေးလာကာ အိမ်ထဲမှ ​ပြေးထွက်သွားလေသည်။ 


လူတိုင်း: "..."


"တတိယသား... ဘာ​တွေ ဖြစ်​နေတာလဲ... ဘာလို့ မင်းရဲ့ မိန်းမက ငိုကြီးချက်မနဲ့ ​ပြေးသွားရတာလဲ...


အ​ဖေကျိုးက အသိစိတ်ပြန်ဝင်လာပြီး ကျိုးရန်၏ အခန်းထဲသို့ ​ပြေးဝင်သွားသည်။ သူဝင်လာသည့်အချိန်၌ ကျိုးရန်က ကိုယ်လုံးတီးဖြစ်​နေပြီး မျက်စိပိတ်ထားရန်ပင် အချိန်မရလိုက်ဘဲ ဖြစ်​နေမည်ဟု ထင်မထားခဲ့​ပေ။


ကျိုးရန်မှာ အရှက်တရားကို အမှုမထားအားဘဲ အဝတ်အစားများ ဝတ်​နေရင်းဖြင့် မ​ကျေမနပ် ​ပြောလိုက်သည်။ 


"အ​ဖေ... ဘာလို့ ​ရှောင်းယွင်ကို မတားလိုက်ရတာလဲ"


အ​ဖေကျိုး: "ဘာ​တွေ ဖြစ်သွားတာလဲ"


ကျိုးရန်မှာ ​ပြောရန် ရှက်​နေသဖြင့် အဝတ်များ ဝတ်ပြီး အမြန် ​ပြေးထွက်လာခဲ့​သော်လည်း ဝမ်​ရှောင်းယွင်မှာ စက်ဘီးစီးကာ အရိပ်အ​ယောင်ပင် မမြင်ရ​လေ​အောင် ​ပြေးထွက်သွားခဲ့​လေပြီ...


ကျိုးရန်မှာ စိတ်ပူရလွန်းသဖြင့် ဖိနပ်ကိုပင် မလဲနိုင်​တော့ဘဲ စက်ဘီးစီးကာ အမြန်လိုက်သွားရသည်။ 


ဝမ်​ရှောင်းယွင်မှာ ငို​နေရင်းဖြင့် မိဘအိမ်သို့ ပြန်​ရောက်လာပြီး တစ်မိသားစုလုံးကို ထိတ်လန့်သွား​စေခဲ့သည်။


အ​မေဖြစ်သူက အခန်းထဲသို့ လိုက်ဝင်လာပြီး ဖြစ်ခဲ့သမျှကို ​​မေးမြန်းလာသည်။ အစပိုင်းတွင် ဝမ်​​ရှောင်းယွင်က မည်သည်ကိုမှ မ​ပြောပြချင်​သော်လည်း ဖုံးကွယ်ထား၍ မရသဖြင့် တုံ့ဆိုင်း​နေပြီး​နောက် ဖြစ်ခဲ့သမျှကို ​ပြောပြလိုက်သည်။ 


သမီးဖြစ်သူ၏ စကားများကို ကြားလိုက်ရသည့် အ​မေဖြစ်သူ: "..."


ဝမ်​ရှောင်းယွင်မှာ သူမအ​မေ၏ မျက်နှာအမူအယာကို သတိမပြုမိဘဲ ခါးသီးစွာ ​ပြောလိုက်သည်။


 "အ​မေ... သူ လွန်လွန်းတယ်လို့ မထင်ဘူးလား... သူ သမီးကို လုံးဝ မ​လေးစားဘူး... သမီး သူနဲ့ အတူ မ​နေနိုင်​တော့ဘူး"


ဒီ​နေ့က လက်ထပ်ပြီး ဒုတိယ​မြောက်​နေ့ပဲ ရှိ​သေးတယ်... ​နောက်ဆို ​သေချာ​ပေါက် ပိုဆိုးလာမှာပဲ...


သူမ၏ ​ခေါင်းကို ​မော့လိုက်သည်နှင့် သူမ အ​​မေ၏ မျက်နှာက ချက်ထားသည့် ပုစွန်ထုပ်ကဲ့သို့ နီရဲ​နေသည်ကို ​တွေ့လိုက်ရသည်။ သူမ စိုးရိမ်တကြီး ​ပြောလိုက်သည်။ 


"အ​​မေ... မျက်နှာက ဘာလို့ နီ​နေရတာလဲ... ဖျား​နေတာလား"


သူမ၏ မိခင်က ရှက်​သွေးဖြာ​နေ​သော မျက်နှာဖြင့် ​ပြောလာသည်။ "အခု ပြန်လိုက်​တော့... ဘာကွာရှင်းမှာလဲ... ငါတို့ဝမ်မိသားစုမှာ ကွာရှင်းတဲ့ထုံးစံမျိုး မရှိဘူး"


ဝမ်​ရှောင်းယွင်မှာ သူမ၏ မိခင်က သူမဘက်မှ ရပ်တည်လိမ့်မည် မဟုတ်ဟု မထင်မှတ်ထားခဲ့​ပေ။ သူမက မျက်ရည်များ တလိမ့်လိမ့် ကျဆင်းလာသည်။


 "​တကယ့်ကိုပဲ... လက်ထပ်သွားတဲ့ သမီးက ​ရေသွန်လိုက်သလိုပါပဲလား... လက်ထပ်ပြီးသွားရင် တန်ဖိုးမရှိ​တော့ဘူး"


အ​မေဖြစ်သူက သူမ၏ သမီး ငို​နေသည်ကို ကြည့်ကာ ​ဒေါသထွက်သွားရသလို ကူကယ်ရာလည်းမဲ့သွားရသည်။ "ဘာအဓိပ္ပါယ် မရှိတာ​တွေ ​ပြော​​နေတာလဲ... ကျိုးရန်က နင့်ကို မ​လေးစားတာ မဟုတ်ဘူး... မြန်မြန် ပြန်သွား​တော့"


ဝမ်​ရှောင်းယွင် မျက်ရည်သုတ်လိုက်သည်။


 "သူ​ပြောတာ ​မ​လေးစားတာ မဟုတ်ရင် သမီးကို အဲ့လိုပုံစံ လုပ်ခိုင်းတာ​လေ... သူက... သမီးကို တိရစ္ဆာန်လို ဆက်ဆံ​နေတာ"


အ​မေဖြစ်သူ: "ဘာတိရစ္ဆာန်လဲ... လင်မယားကြားမှာ ဒီလိုအ​နေအထားကို သုံးတာဖြင့် ကြာလှပြီ"


ဝမ်​ရှောင်းယွင် ထိတ်လန့်​နေဟန်ဖြင့် ​မေးလိုက်သည်။ "တကယ်လား... အ​မေနဲ့ အ​ဖေ​ရော အဲ့လိုပုံစံ သုံးကြသလား"


မ​နေ့က အ​မေ သမီးကို ဘဝအ​တွေ့အကြုံ​တွေ သင်​ပေးခဲ့တာပဲ မဟုတ်ဘူးလား... အဲ့ဒီအချိန်တုန်းက အဲ့လိုပုံစံအ​ကြောင်း မ​ပြောခဲ့ဖူးပါဘူး...


​လောင်ကျွမ်းမတတ် ရှက်​သွေးဖြာ​နေသည့် အ​မေဖြစ်သူ: "..."


သူမက သူမရဲ့သားမက်ကို ပထမဆုံး​နေ့မှာတင် အ​ဆင့်​ကျော်တဲ့ လူမျိုး ဖြစ်မယ်လို့ ထင်မထားဘူး​လေ... သူမရဲ့ သမီးကလည်း ဒီ​လောက်​တောင် တုံးအရလား...


ဘဝအ​တွေ့အကြုံ​တွေ အ​ကြောင်း​ပြောရင် လုပ်ရိုးလုပ်စဥ် သာမန်အဖြစ်ဆုံးပုံစံပဲ ​ပြောပြမှာ​ပေါ့... ဟိုလိုဒီလို အ​နေအထား​တွေ အမျိုးမျိုး ​ပြောပြရဦးမှာလား...


အခန်းက ကသိက​အောက် ဖြစ်ရသည့် ရှက်ရွံ့မှုများ​ကြောင့် တစ်ခဏမျှ တိတ်ကျသွားသည်။


ကံအား​လျော်စွာဖြင့် ကျိုးရန်ကလည်း မြန်မြန် လိုက်မှီလာခဲ့သည်။ ရယ်ရခက်ခက် ကိစ္စများ လုပ်​ဆောင်ကြမည်ကို ​တားဆီးရန်အတွက် ဝမ်​​ရှောင်းယွင်၏ ​​အ​မေဖြစ်သူက အ​ဖေဖြစ်သူအား ကျိုးရန်ကို အ​တွေ့အကြုံများ မျှ​ဝေ​စေခဲ့သည်။


ဝမ်အိမ်မှ ပြန်​ရောက်လာ​သောအခါ ကျိုးရန်နှင့် ဝမ်​ရှောင်းယွင်တို့၏ မျက်နှာများမှာ ဝက်အသည်းကဲ့သို့ နီရဲ​နေကြ​လေသည်။ 


၎င်းက ရယ်စရာ တစ်ခုမျှသာ ဖြစ်​သော်လည်း ထိုညတွင် ကျိုးရန်တစ်​ယောက် ကြက်​ပေါက်​လေးအဖြစ်မှ ကြက်ဖကြီးတစ်​ကောင်အဖြစ်သို့ ကူး​ပြောင်းသွားခဲ့​လေသည်။ 


**(🤣🤣)