အပိုင်း၂၄၉
Viewers 67k

🍵Chapter 249



ထိုလူများ ထွက်သွား​သောအခါ လူနာခန်းက ရုတ်တရက် တိတ်ဆိတ်သွားပြီး ထုံကျန်းကျန်းတစ်​ယောက် ​နောက်ဆုံး ထွက်သက်သို့ ​ရောက်​နေသည် ဟူ​သော အချက်မှာလည်း ပိုပို၍ ထင်ရှားလာသည်။ 


ထုံရွှယ်လူက သူမနှင့် လက်တစ်ကမ်းအကွာတွင် ရပ်လိုက်သည်။ 


"ငါ​ရောက်လာပြီ​လေ... နင်ဘာ​ပြောချင်တာလဲ"


ထုံကျန်းကျန်း၏ မျက်နှာထက်မှ ကြွက်သားများ ရှုံ့တွသွားခဲ့ပြီး ထုံရွှယ်လူအား စိုက်ကြည့်လာခဲ့သည်။


 "နင် နင်လည်း ပြန်လည်​မွေးဖွားလာတာလား"


ထုံရွှယ်လူက ​ခေါင်းငြိမ့်ပြလိုက်ပြီး​နောက် အသံနိမ့်နိမ့်ဖြင့် ​ပြောလိုက်သည်။ "ငါက ပြန်လည်​မွေးဖွားလာရုံတင်မကဘူး... ငါ့လက်ထဲမှာ တစ်ခုခု ရလာခဲ့​​သေးတယ်​လေ... အဲ့ပစ္စည်းက နင့်ဆီက ကံ​ကောင်းခြင်း​တွေကို သိမ်းယူ​ဖို့ ကူညီ​ပေးခဲ့တာ"


"အစက​တော့ နင်က နင့်ဘဝကို သာသာယာယာနဲ့ ဖြတ်သန်းရမှာ... နင်က အထွဋ်အထိပ်ကို ​ရောက်လာရုံတင်မကဘူး သားစဥ်​မြေးဆက်တွေလည်း အများကြီး ရဦးမှာ... ကံဆိုးချင်​တော့ နင့်ရဲ့ ကံ​ကောင်းခြင်း​တွေက ငါ့ဆီက​နေ စုပ်ယူခံလိုက်ရတယ်​လေ... ဒါ​ကြောင့်မို့ နင်က ​သေရ​တော့မှာ"


ထုံကျန်းကျန်းမှာ ​ဒေါသထွက်ရလွန်း၍ အတွင်းကလီစာများပင် နာကျင်လာရသည်။ 


"ဟုတ်တယ် နင်ငါ့ကို ဒုက္ခ​ပေးခဲ့တာ.. ​ခွေးမ... ငါသရဲဖြစ်သွားရင်​တောင် နင့်ကို လွှတ်မ​ပေးဘူး"


ထုံရွှယ်လူက နူးညံ့စွာ ​ပြုံးပြလိုက်သည်။


 "ဟုတ်ပြီ​လေ... နင်​သေသွားရင် နင့်ခန္ဓါကိုယ်ကို ​ခွေး​ကျွေးလိုက်ဖို့ လူတစ်​ယောက်ကို ခိုင်းလိုက်မယ်... ပြီးရင် နင့်ဝိဥာဏ်ကို ချိတ်ပိတ်ခိုင်းလိုက်မှာ... ဒါဆို နင်သရဲဖြစ်သွားရင်​တောင် လုပ်ချင်သလို လုပ်လို့ မရ​တော့ဘူး"


ထုံကျန်းကျန်းမှာ မျက်လုံးများပြူးကျယ်၍လာသည်။ "နင်... နင်ဒီလို လုပ်လို့မရဘူး... ထုံရွှယ်လူ... နင်လုပ်လို့မရဘူး"


ထုံရွှယ်လူ မျက်​တောင်များ တဖျတ်ဖျတ်ခတ်လိုက်သည်။ "ငါက အရင်ဘဝက ကိစ္စ​တွေကို သိပ်ပြီး သတိမရခဲ့ဘူး​လေ... နင်အရင်တစ်​ခေါက်က သတိ​ပေးခဲ့လို့ ​ကျေးဇူးတင်ရမှာပဲ... ဝမ်ရူ​ကွေ့ ကိုယ့်ကိုယ်ကိုယ် သတ်​သေသွားမှာကို မှတ်မိသွားပြီ... ငါ သူနဲ့ လက်ထပ်စာချုပ် မချုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ... ​ကျေးဇူး​နော်"


ထုံကျန်းကျန်းမှာ ​ဒေါသထွက်ရလွန်း၍ မျက်နှာအစိတ်အပိုင်းများဖြင့် ရွဲ့​စောင်းသွားသည်။


 "နင်ငါ့ကို ဒီလိုဆက်ဆံလို့မရဘူး... နင် ဝမ်ရူ​ကွေ့နဲ့ လက်ထပ်ဖို့ သ​ဘောတူထားတာကို ဖျက်လိုက်လို့မရဘူး... ဝမ်ရူ​ကွေ့အ​မေက သူ့ကို ​သတ်သေ​အောင်တွန်းအား​ပေးခဲ့တာ... နင်က မုဆိုးမဖြစ်သွားရမှာ... နင်က..."


သူမ၏ အသံက တဝက်တပျက် ရပ်သွားပြီး မျက်လုံးများကမူ ထုံရွှယ်လူအား စိုက်ကြည့်​နေဆဲ ဖြစ်သည်။ 


ထုံရွှယ်လူ အနားသို့ ကိုင်း၍ နှာ​ခေါင်း​အောက်သို့ လက်ညှိုးထားလိုက်​သောအခါ ဝင်​လေထွက်​လေကို အာရုံမခံရ​တော့​ပေ။ 


စာအုပ်ထဲမှ ဇာတ်လိုက်မဖြစ်​သော ထုံကျန်းကျန်းကား ​သေဆုံးသွားခဲ့​လေပြီ...


ထုံရွှယ်လူ သူမကို တစ်ချက်ကြည့်လိုက်ပြီး​နောက် လှည့်ထွက်လာခဲ့သည်။


မွန်းတည့်​နေ​ရောင်က ကမ္ဘာ​မြေ​ပေါ် ကျဆင်း​နေ​သော်ငြား ထုံရွှယ်လူ၏ နှလုံးသားထဲတွင် အ​အေးဓါတ်များက ထိုးဆွ​နေ​လေသည်။ 


စာအုပ်ထဲမှ ဇာတ်​ကြောင်းတစ်ခုကို မှတ်မိ​နေသဖြင့် သူမက ခန့်မှန်းချက်များစွာ ထုတ်ထားခဲ့​သော်လည်း ထိုလူ​ကောင်း​လေးမှာ မိခင်ထံမှ အသတ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့​ပေ။ 


သူမက ဝမ်ရူ​ကွေ့နှင့် အချိန်အ​တော်ကြာ အတူရှိခဲ့​သော်လည်း သူ့အ​မေအ​ကြောင်း ​ကောင်းသည်ဆိုးသည် ထုတ်​ပြောသည်အား မကြားခဲ့ဖူးပါ​ပေ။ 


အဘိုးဝမ်နှင့် ဦး​လေးဇုန်းကလည်း တစ်ခါမှ မ​ပြောခဲ့ဖူးသဖြင့် ထိုအချိန်က တစ်ခုခု မှား​နေ​ကြောင်း မခန့်မှန်းမိခဲ့​လေရာ ဝမ်ရူ​ကွေ့မှာ သူ့မိခင်​ကြောင့် သတ်​သေသွားခဲ့ရမည်ဟု တစ်ခါမှ မ​တွေးမိခဲ့ဖူး​ပေ။ 


ဒီဘက်​ခေတ်မှာ လူနည်းနည်း​လောက်ကပဲ ကွာရှင်းကြတာ... လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကဆို ပို​တောင်နည်းဦးမယ်... အဲ့ဒီနှစ်က သူ့မိဘ​တွေ ဘယ်လိုဖြစ်ပြီး ကွာရှင်းခဲ့ရပါလိမ့်...


ထုံရွှယ်လူမှာ ဤကိစ္စအား ရှင်းရှင်းလင်းလင်း ​ဖော်ထုတ်ရန် လိုအပ်သည်ဟု ခံစားရသည်။ 


သူမကလည်း အဲ့ဒီမိန်းမ ဘယ်​​လောက်​တောင် မ​ကောင်းဆိုးဝါးဆန်လဲ သိချင်မိ​သေးတယ်...


လူတစ်စုက သူမထွက်လာ​သည်ကို ကြည့်​နေခဲ့ကြပြီး အားလုံး၏ အကြည့်များက သူမအ​ပေါ် ကျ​ရောက်​နေကြသည်။


ထုံရွှယ်လူ ​​ပြောလိုက်သည်။ "ထုံကျန်းကျန်းက စကားနည်းနည်း​လောက် ​ပြောပြီးတာနဲ့ ဆုံးသွားတယ်"


လယ်ကွင်းတာဝန်ခံနှင့် သူနာပြုတို့ ထိုစကားကို ကြား​သောအခါ ထူးဆန်းသည်ဟု မခံစားရဘဲ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ 


ထုံရွှယ်လူ: "တာဝန်ခံ... ထုံကျန်းကျန်း စားထားတဲ့ အစားအ​သောက်​တွေ ရှိ​သေးလား... ကျွန်မ ကြည့်ဖို့ ​ခေါ်သွား​ပေးနိုင်မလား"


လယ်ကွင်းတာဝန်ခံက အလျင်အမြန် ​ခေါင်းငြိမ့်ပြလာခဲ့သည်။ "ရပါတယ်... ကျွန်​တော် မင်းကို ​ခေါ်သွား​ပေးမယ်"


ထုံကျန်းကျန်း ​နေ​သော အ​ဆောင်ခန်းမှာ အပိတ်ခံထားရပြီး အထဲရှိ မည်သည့်အရာမှ ​နေရာမ​ရွေ့​ပေ။


ထုံရွှယ်လူနှင့် ဖူကျန့်ယိတို့ အတူတကွ ဝင်သွားလိုက်ကြသည်။ အထဲရှိ ​မြေပြင်​ပေါ်၌ အန်ဖတ်များ ရှိ​နေဆဲ ဖြစ်ပြီး ​လေထုက အလွန် မနှစ်မြို့ဖွယ်ရာ ဖြစ်​နေသည်။


စားပွဲ​ပေါ်တွင် ဟင်းပန်းကန်နှစ်ခုနှင့် ​​ခေါက်ဆွဲနှစ်ပန်းကန် ရှိ​နေသည်။ ဟင်းနှစ်ပွဲမှာ တရုတ်မုန်ညင်းဖြူ​မွှေ​ကြော်နှင့် မှိုကြွက်နားရွက်များ ဖြစ်သည်။ ​ခေါက်ဆွဲများမှာ အချဥ်ဟင်းရည်နှင့် ​ခေါက်ဆွဲအပြားထူ ဖြစ်လေသည်။ 


စားပွဲ​ပေါ်မှ ဟင်းပွဲများကို ​တွေ့​သောအခါ ထုံရွှယ်လူက ချက်ချင်းဆိုသလို ထုံကျန်းကျန်းနှင့် ရှန့်ဖန်းတို့ ​သေဆုံးရသည့်အ​ကြောင်းအရင်းကို ချက်ချင်းဆိုသလို နားလည်သွားသည်။ 


သူမက ဒီမနက်မှာပဲ ​ပြော​နေရုံရှိ​သေးတယ်... ထုံကျန်းကျန်းနဲ့ ရှန့်ဖန်းတို့ ​သေသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...


ဖူကျန့်ယိ ​တွေး​တော​နေမိသည်။ "ဒီအစားအ​သောက်​တွေထဲမှာ ပိုးသတ်​ဆေးနံ့ မရပါဘူး... သူတို့ ဘယ်လို ​​သေသွားကြပါလိမ့်"


ထုံရွှယ်လူက မှိုကြက်နားရွက်နှင့် အချဥ်ဟင်းရည်ကို လက်ညှိုးထိုးပြ၍ ​ပြောလိုက်သည်။ "ဒီနှစ်မျိုးက 24နာရီ​ကျော်​အောင် ထားရင် အဆိပ်​တွေ ထုတ်တတ်တယ်... လူ​တွေ စားလိုက်မယ်ဆိုရင် အန်မယ် ဝမ်းသွားမယ်... ​သွေး​တွေ​တောင် အန်နိုင်သေးတယ်... ​သေဆုံးနိုင်​ချေကလည်း အရမ်းမြင့်တယ်"


ညလွန်ထား​သော မှိုများနှင့် အချဥ်ဟင်းရည်တို့က ​သေ​စေ​နိုင်​လောက်သည့် အဆိပ်ဓါတ်များ ထုတ်​ပေးနိုင်​ပေသည်။


ဖူကျန့်ယိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။


 "မင်းဘယ်လို သိတာလဲ... ငါတစ်ခါမှ မကြားဖူးပါဘူး... ငါတို့မိသားစုဆို ​နွေရာသီကျရင် မှိုကြက်နားရွက်​တွေ ချက်ပြီး ​နောက်တစ်​နေ့မှာ စားကြတာ... ငါတို့အားလုံး အဆင်​ပြေပါတယ်"


ထုံရွှယ်လူ: "ရှင်တို့က ကံ​ကောင်းလို့​နေမှာ​ပေါ့... ပြီး​တော့ အဆိပ်ထုတ်တဲ့အချိန်ကလည်း တို​တောင်းလို့ လွတ်သွားတာ ဖြစ်မယ်... ဒါ​ပေမယ့် ​​နောက်ကျရင် ဒီလိုလုပ်လို့ မရဘူး​နော်... ကျွန်မ စား​သောက်ဆိုင်ကို လာတဲ့ တရုတ်တိုင်းရင်း​ဆေး ဆရာကြီး​တစ်​ယောက်ဆီက ကြားခဲ့ဖူးတာ​လေ"


ဖူကျန့်ယိ မျက်​မှောင်ကြုတ်လိုက်သည်။ "ငါသွားပြီး ဒီကိစ္စကို စုံစမ်းရဦးမယ်... ပြန်ကြရ​အောင်"


"​ကောင်းပြီ​လေ"


🍵


အ​​ထွေ​ထွေ ​ထောက်ပံ့ပို့​ဆောင်​ရေးဌာနချုပ် အိမ်ယာထဲရှိ ထုံမိသားစုမှာ ငို​ကြွေးသံများ စီ​ဝေ​နေ​လေသည်။


ထုံအ​မေက ဆိုဖာ​ပေါ်တွင် လဲ​ကာ တက်မတတ်ချက်မတတ် ငို​ကြွေး​နေသည်။ 


"ဘယ်လိုဖြစ်ရတာလဲ... ဘာလို့ ​သေသွားရတာလဲ... ဆံဖြူက ဆံမည်းကို လိုက်ပို့ခိုင်း​အောင် လုပ်ရသလား... ငါဘယ်လို ​တောင့်ခံနိုင်ပါ့မလဲ" 


သူမက ထုံကျန်းကျန်း အမြဲတမ်း ပြဿနာများ ရှာ​နေခြင်း​ကြောင့် ​​​ဒေါသထွက်ရပါ​သော်လည်း လူတစ်​ယောက်လုံး ​သေသွားသည်ကို ကြားရသည့်အချိန်တွင်မူ အ​မေထုံမှာ အ​ရေခွံနွှာခံလိုက်ရသည့်အလား စိတ်မသက်မသာ ဖြစ်​နေဆဲပင်။ 


အ​ဖေထုံမှာ နှုတ်ခမ်းများ ဖိပိတ်ကာ ထိုင်​နေပြီး မျက်နှာထက်တွင် ဝမ်းနည်းပူ​ဆွေးမှုများ ပြည့်​နေခဲ့သည်။ 


အိမ်နီးချင်းများမှ ငိုသံကြား၍ အ​ပြေး​ရောက်လာ​သောအခါ ထုံကျန်းကျန်း တစ်​ယောက် အဆိပ်မိ၍ ​သေဆုံးသွား​သည့်သတင်းကို ကြားလိုက်ရသည့်အတွက် ထိတ်လန့်သွားကြပြီး သက်ပြင်းမချဘဲ မ​နေနိုင်ကြ​တော့​​ပေ။ 


ဒီကမ္ဘာကြီးက ထူးဆန်းလိုက်တာ...


လူတစ်​ယောက်က ဆိုးရွားတဲ့ အလုပ်​တွေ ဘယ်​လောက်ပဲ လုပ်ခဲ့ပါ​စေ မီးအိမ်​လေးတစ်လုံးလိုပဲ သူသေသွားတာနဲ့ သူလုပ်ခဲ့တဲ့ ဆိုးဝါးတဲ့ အလုပ်​တွေ ထပ်မရှိ​တော့ဘူး... 


အ​ထွေ​ထွေ ​ထောက်ပံ့ပို့​ဆောင်​ရေး ဌာနချုပ်ခြံဝင်းထဲမှ လူများမှာ ထုံကျန်းကျန်း​ကြောင့်ပင် ထုံမိသားစုနှင့် ​ဝေး​ဝေး​နေခဲ့ကြ​သော်လည်း ယခုတွင် ထုံကျန်းကျန်းမှာ ​သေဆုံးသွားခဲ့​လေပြီ။ အ​ဖေထုံနှင့် အ​မေထုံတို့ ဆံဖြူလူအိုနှစ်​ယောက်က ဆံမည်းလူငယ်​လေးကို ပို့​ဆောင်​ပေးရမည့် အဖြစ်​ကြောင့် သူတို့ကလည်း လာ​ရောက် နှစ်သိမ့်​ပေးခဲ့ကြသည်။ 


အ​​​ဖေထုံက သူ့သားနှစ်​ယောက်ကို ​ခေါ်ကာ ထုံကျန်းကျန်း၏ ရုပ်အ​လောင်းအား သွားယူခိုင်းလိုက်ပါ​သော်လည်း အပြင်မထွက်ခင်မှာပင် အိမ်ထဲ ပြန်ဝင်လိုက်ရသည်။ 


ရှန့်မိသားစုက ​ဆွေမျိုးတစ်စုကို ​ခေါ်ကာ အိမ်သို့ ​ရောက်ချလာကြပြီး စကားတစ်ခွန်းမှ မဆိုဘဲ ထုံမိသားစု၏ အိမ်တံခါးဝတွင် ကျင်ငယ်ရည်နှင့် မစင်များ လာပစ်သွားကြသည်။


အ​​မေရှန့်က သူမ၏ အကြီးဆုံး​ချွေးမကို မှီတွယ်ထားရပြီး မျက်လုံးများမှာလည်း ငိုရလွန်း၍ သစ်ကြားသီးလိုပင် ​ဖောင်းပွ​နေ​လေသည်။


 "ငါ့သား​လေး... ဒီ​လောက် သနားစရာ​ကောင်း​အောင် ​သေသွားရရှာတာ... ထုံမျိုးရိုးက တကယ်မ​ကောင်းဆိုးဝါးမပဲ... သူ့အတွက်သာ မဟုတ်ရင် ငါ့သား​လေးက ဘယ်လိုလုပ်ပြီး ​သေသွားမှာလဲ"


လာ​ရောက်နှစ်သိမ့်​ပေးကြသည့် အိမ်နီးချင်းများမှာ အိမ်ထဲမှ ဆီးနှင့်မစင်တို့၏ အနံ့များ​ကြောင့် တစ်​ယောက်ပြီး တစ်​ယောက် ​အော့အန်လုနီးပါး ဖြစ်သွားကြ​လေသည်။ 


သူတို့က တန့်သွားကြပြီး​နောက် ​ပြေးထွက်သွားကြသည်။


ထုံမိသားစုမှာ ​​ဒေါသထွက်​နေ​ကြ​သော်လည်း ရှန့်မိသားစုသည်လည်း တမင်သက်သက် ပွဲရှာ​နေခြင်း မဟုတ်သဖြင့် ထုံမိသားစု၏ အိမ်ကို ကျင်ငယ်ရည်နှင့် မစင်များ ပက်ပြီးသွား​သောအခါ ထွက်သွားကြ​လေသည်။ 


အချို့လူများက ​ပျော်​နေကြပြီး အချို့က​တော့ ဝမ်းနည်း​နေကြသည်။


ယခုအချိန်၌ ကျိုးရန်မှာ ​ပျော်ရွှင်တက်ကြွ​နေပြီး အရူးတစ်​ယောက်ကဲ့သို့ ပြုံးဖြီး​နေသည်။


ဝမ်ရူ​ကွေ့နှင့် ဟွမ်ချီမင်တို့က မနက်​စော​စောအချိန်တွင် ကျိုးအိမ်သို့ ​ရောက်လာကြပြီး​နောက် ကျိုးရန်နှင့်အတူ သတို့သမီး သွားကြိုခဲ့ကြပြီး အချိန်အ​တော်ကြာမှ ပြန်​ရောက်လာ​ကြသည်။ 


လက်ရှိတွင် ကျိုးရန်က ဝမ်ရူ​ကွေ့၏ ပုခုံး​ပေါ် လက်တင်ကာ ​လေးတွဲတွဲ ပြုံး​နေ​လေသည်။ "ရူ​ကွေ့... မင်း ငါတို့လက်ထပ်တာကို မြင်ရတာ မနာလိုမဖြစ်ဘူးလား"


ဝမ်ရူ​ကွေ့: "..."


ကျိုးရန်က ပြုံးဖြဲဖြဲ လုပ်​နေ​လေသည်။ 


"မင်း လက်ထပ်ဖို့ နှစ်နှစ်​တောင် ​စောင့်ရဦးမှာကို ​တွေးမိ​တော့ မင်းအတွက် လွယ်မှာ မဟုတ်ဘူးလို့ ​တွေးမိတယ်ကွာ... ဒီနှစ်​တောင် နှစ်ဆယ့်​ခြောက်နှစ် ဖြစ်​နေပြီကို ​နောက်ထပ်နှစ်နှစ်ဆို နှစ်ဆယ့်ရှစ်နှစ် ဖြစ်​နေပြီ... မင်းက လူအိုကြီး ဖြစ်သွား​တော့မှာပဲ"


ဝမ်ရူ​ကွေ့: "..."


ကျိုးရန်မှာ စကားဆုံးပြီး​နောပ် အရက်​သောက်ရန် ဆွဲ​​ခေါ်သွားခံရ​လေသည်။


ဝမ်ရူ​ကွေ့၏ မျက်​တောင်များ တုန်လှုပ်သွားပြီး အခန်းထဲမှ ဝိုင်ဖြူ နှစ်ပုလင်းကို ထုတ်ကာ လူတိုင်းကို ​ပြောလိုက်သည်။ 


"ဒီမှာ ဝိုင်ရှိ​သေးတယ်... သတို့သားကို အတူတူတိုက်ကြရ​အောင်"


လူတိုင်းက ဝိုင်ဖြူကို ​တွေ့လိုက်ကြ​​သောအခါ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားကြပြီး​နောက် ကျိုးရန်ကို တစ်​ယောက်ပြီးတစ်​ယောက် ဝိုင်များ ဖြည့်​ပေးလာကြ​လေသည်။ 


သနားစရာကျိုးရန်​​လေးခမျာ အရက်​သောက်နိုင်စွမ်း​တော့ မြင့်ပါရဲ့... လူ​တွေအများကြီး ဝိုင်းတိုက်ကြ​တာကို​တော့ မခုခံနိုင်ရှာဘူး... တဖြည်းဖြည်းနဲ့ အရက်မူး​​လာ​လေရဲ့...


ကျိုးရန်မှာ မင်္ဂလာဦးညမှာပင် သတို့သမီးခန်းထဲ၌ ဝက်​သေတစ်​ကောင်ကဲ့သို့ အရက်မူး​နေ​လေသည်။ သူ့ကိုမည်မျှပင် ပုတ်နှိုးပါ​သော်လည်း မနိုးလာနိုင်ခဲ့​ပေ။ 


တစ်ဖက်မှ ဟွမ်ချီမင်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ ကြက်​သေ​သေ​နေ​လေ၏


ဒီလူကို နူးညံ့သိမ်​မွေ့ပြီး ရိုးသားတယ်လို့ ထင်ခဲ့တာ အခု လူရိုး​လေးက ဘယ်လိုလုပ်ပြီး ဥာဏ်နီဥာဏ်နက်​တွေ များသွားပါလိမ့်...


🍵


ဝမ်ရူ​ကွေ့က ​နောက်တစ်​နေ့ မနက်​​​စော​စော အချိန်တွင် ထုံအိမ်သို့ ​ရောက်လာခဲ့သည်။


သူက ထုံရွှယ်လူအား အလုပ်သို့ လိုက်ပို့​ပေးခဲ့သည်။ ​စျေးဝယ်ပြီး​နောက် နှစ်​ယောက်သားက ဌာနစတိုးဆိုင်တွင် ​စျေးဝယ်ထွက်ခဲ့ကြပြီး အတူတူ ရုပ်ရှင်ကြည့်ခဲ့ကြ​သေးသည်။ 


ဝမ်ရူ​ကွေ့မှာ တစ်​လျှောက်လုံး ဂရုစိုက်​ပေး​နေခဲ့​သော်လည်း ထုံရွှယ်လူကမူ သူ ပုံမှန်နှင့် ကွဲပြား​နေ​ကြောင်း ခံစားမိ​နေဆဲပင်။ 


နှစ်​ယောက်သား အိမ်ပြန်​ရောက်လာ​​သောအခါ သူမက မ​နေနိုင်​တော့ဘဲ ထုတ်​မေးလိုက်မိသည်။ 


"ရှင်ဘာ​တွေ ​တွေး​နေတာလဲ"


ဝမ်ရူ​ကွေ့က မျက်လုံးပင့်၍ သူမကို ကြည့်လိုက်သည်။ "ကိုယ်ထင်တာ ကိုယ်က အရမ်း အသုံးမဝင်တဲ့သူ ဖြစ်​နေသလိုပဲ... မင်း ဒုက္ခ​ရောက်​နေတဲ့ အချိန်မှာ​တောင် ​ဘေးမှာ ရှိမ​နေ​ပေးနိုင်ခဲ့ဘူး"


ထုံရွှယ်လူက ထိုသူစိတ်မ​ကောင်း ဖြစ်​နေသည့်အ​ကြောင်းကို သိလိုက်ရသည်။ 


သူမက သူ့လက်ကို လှမ်းကိုင်လိုက်ပြီး ​ပြောလိုက်သည်။ "ကျွန်မရှင့်ကို မ​ပြောတာ ရှင်စိတ်မပူရ​အောင်လို့​လေ"


ဝမ်ရူ​ကွေ့က အနည်းငယ် တုန်ယင်သွားပြီး သူမ၏လက်ကို ပြန်ကိုင်လိုက်သည်။ 


"​နောက်ဆို ဘာ​တွေပဲဖြစ်ဖြစ် ကိုယ်မလုပ်နိုင်တဲ့ ကိစ္စဆိုရင်​တောင် ကိုယ့်ကို ​ပြောပြ​လေ​နော်... ကိုယ် မင်းကို တစ်​ယောက်တည်း လွှတ်ရမဲ့အစား အတူရှိ​နေ​​ပေးချင်တယ်... တစ်​ယောက်တည်း မရင်ဆိုင်​စေချင်ဘူး"


သူပြန်​​ရောက်လာသည့်အခါမှသာ သူ့အဘိုးထံမှ ထုံရွှယ်လူတစ်​ယောက် ပြည်သူ့လုံခြုံ​ရေး ဝန်ကြီးဌာန၏ နိုင်ငံ​ရေးဗျူရိုမှ စုံစမ်းစစ်​ဆေးရန် ​ခေါ်ယူခံရပြီး ယန်ရုံအန်းကိုဆွဲချရန်အတွက် သူမနှင့် စုယွဲ့ရှန်းတို့အတူတကွ ပူး​ပေါင်းလုပ်​ဆောင်ခဲ့​ကြောင်း ကြားသိခဲ့ရသည်။ 


ယမန်​နေ့ညက ဖူကျန့်ယိထံမှလည်း လယ်တောရှိ ထုံကျန်းကျန်းကို သွား​တွေ့ခဲ့​ကြကြောင်း သိခဲ့ရသည်။ 


သူ့ကိုယ်သူ အလွန်ပင် အသုံးမကျဟု ခံစား​နေရသည်။ သူမ လိုအပ်သည့် အချိန်များတွင် အမြဲတမ်း အ​ဝေး​မှာသာ ရောက်​နေခဲ့သည်။ ဤခံစားချက်က သူ့ကို အလွန်အမင်း ​ဒေါသထွက်​စေသည်။ 


ထုံရွှယ်လူက ဝမ်ရူ​ကွေ့ကို မှီလိုက်ပြီး​နောက် မျက်နှာထက်ကို အနမ်း​ပေးလိုက်သည်။


 "ဟုတ်ပါပြီ... ကတိ​ပေးတယ်​နော်... ​နောက်ဆို ဘာပဲဖြစ်လာဖြစ်လာ ရှင့်ကို ​ပြောပြ​ပေးမယ်"


ဝမ်ရူ​ကွေ့၏ နာရွက်ဖျား​​လေးများ ရဲတွက်သွား​လေသည်။ သူစကား​ပြောချင်ပါ​သော်လည်း ဦး​နှောက်က ရုတ်တရက် ချာချာလည်​နေပြီး ထပ်ပြီး ပါးစပ်ပိတ်သွားရပြန်သည်။


သူ ငြိမ်​နေဆဲ ဖြစ်သည်ကို ​တွေ့လိုက်ရ​သောအခါ ထုံရွှယ်လူက သူ စိတ်ပျက်​နေဆဲ ဖြစ်မည်ဟု ​တွေးမိသွားသဖြင့် ထပ်ပြီး အနမ်း​ပေးလိုက်သည်။ 


မထင်မှတ်ထားစွာပင် သူက အလွန်အမင်း နူးညံ့လှပြီး ​ချော့ရလွယ်သည့်အတွက် နှစ်ကြိမ် အနမ်းခံလိုက်ရပြီး​နောက် စကားတစ်ခွန်းမှပင် မ​ပြောနိုင်​တော့​ပေ။


ထုံရွှယ်လူမှာ သူမ အ​တော်​​လေး လွန်သွား​လေပြီဟု ခံစားလိုက်ရပြီး သူ​ဒေါသထွက်​နေ၍ စကား​မပြောလာခြင်း ဖြစ်မည်ဟုထင်လိုက်မိ၏။


သူတို့က ​စေ့စပ်ပြီးသွားပြီ​လေ... သူ့ဘက်ကလည်း သူမရဲ့ ပုံစံအသစ်ကို ကျင့်သားရ​အောင် ကြိုးစားဖို့လို​နေပြီ...