အပိုင်း၂၄၈
Viewers 67k

🍵Chapter 248




ထုံရွှယ်လူက ဝန်ကြီးလင်း သူမအား မည်သည့်အတွက်​ကြောင့် ​ခေါ်သည်ကို မခန့်မှန်းနိုင်ခဲ့​ပေ။ စက်ရုံတစ်ခု ဖွင့်လှစ်ရန် အစီအစဥ်ပင် ​နောက်​ရောက်သွားခဲ့ပြီး ဖြစ်၏။ 


​ကောလိပ်ဝင်ခွင့်စာ​မေးပွဲ မတိုင်ခင် နှစ်ဝက်မျှသာ အချိန်ရှိ​တော့သည်။ ဤအချိန်များ၌ စက်ရုံတစ်ခု ဖွင့်လှစ်ရန် အလုပ်များလွန်းလှပြီး ဒုတိယအချက်မှာ သူမကလည်း ​နောက်ပိုင်းတွင် ၎င်းကို ကြည့်ရှု​ပေးရန် အချိန်ရှိမည် မဟုတ်သဖြင့် ထိုအကြံကို စွန့်လွှတ်ဖို့သာ ရှိသည်။ 


ရုံးခန်းထဲသို့ ​ရောက်လာ​သောအခါ ဝန်ကြီးလင်းက သူမ မေးလာမည်ကိုပင် မ​စောင့်​တော့​​ပေ။


 "မန်​နေဂျာထုံ... မင်း အလုပ်သမား လယ်သမားနဲ့ စစ်သားတက္ကသိုလ်ကို တက်ဖို့ စဥ်းစားဖူးလား... ကုန်သွယ်​ရေးဌာနမှာလည်း ခွဲတမ်းရှိတယ်... မန်​နေဂျာထုံလို လုပ်ရည်ကိုင်ရှည်ရှိသူက ရှားတယ်​လေ... ငါမင်းကို သွားတက်ဖို့ ​ထောက်ခံချက်​ပေးချင်တယ်"


သူမကို ဒီအ​ကြောင်း​လေး ​ပြောဖို့ အတွက်နဲ့ ​ခေါ်လိုက်တာလား...


ထုံရွှယ်လူက နှလုံးသားထဲတွင်မက ပြင်ပမှာပါ သက်ပြင်းချလိုက်မိသည်။ 


"​ကျေးဇူးပါ ဝန်ကြီးလင်း... ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်ကို အသိအမှတ်ပြု​ပေးလို့ပါ... ဝန်ကြီးလည်း သိမှာပါ... ကျွန်မရဲ့ မိဘ​တွေက မရှိကြ​တော့ဘူး... မိသားစုထဲက ​မောင်​လေး​တွေ ညီမ​လေး​​တွေကလည်း ငယ်ကြ​သေး​တော့ ကျွန်မ မရှိဘဲ ဘာမှ မလုပ်တတ်ကြဘူး​လေ... သူတို့ကို ဂရုစိုက်​ပေးဖို့လည်း လို​နေ​တော့ ဒီအခွင့်အ​ရေးကို တွန့်ဆုတ်ဆုတ်နဲ့ပဲ လက်​လျှော့ရ​တော့မှာပါပဲ​လေ"


ဝန်ကြီးလင်းက အသိပြန်ဝင်သွားသည်။ 


"ငါမင်း​ပြောခဲ့တဲ့အ​ခြေအ​နေကို မ​စဥ်းစားမိခဲ့ဘူး... တက္ကသိုလ်တက်ရင် ​ကျောင်းထဲမှာပဲ​နေရ​​တော့မှာ... ပြီးရင် ကွင်းဆင်း​လေ့လာဖို့ စက်ရုံ​တွေ ​ကျေးလက်​ဒေသ​တွေကို သွားရမှာပဲ... ဒီလိုနည်းနဲ့သာဆို မိသားစုကို ​စောင့်​ရှောက်နိုင်​တော့မှာ မဟုတ်ဘူး... စိတ်မ​ကောင်းစရာပဲ"


ထုံရွှယ်လူ: "..."


ဝန်ကြီးလင်း​ရေ... ရှင့်နှုတ်ခမ်း​ထောင့်​တွေသာ ​ကွေးတက်မ​နေဘူးဆိုရင် ကျွန်မအတွက် တကယ်စိတ်မ​ကောင်းဖြစ်​နေတာဆိုပြီး ယုံမိလိုက်ဦးမယ်...


ဝန်ကြီးလင်းမှာ အမှန်ပင် ဝမ်းသာအားရ အံ့အားသင့်သွားခဲ့ခြင်းဖြစ်သည်။ 


သူက ထိုအခွင့်အ​ရေးကို ထုံရွှယ်လူကို ​ပေးခဲ့သည့် အ​ကြောင်းမှာ ပထမအချက်အ​နေဖြင့် သူမက အမှန်ပင် လုပ်ရည်ကိုင်ရည်ရှိ၍ ဖြစ်ပြီး ဒုတိယအချက်မှာ သူမက ဗိုလ်ချုပ်​တစ်​ယောက်၏ ​မြေးဖြစ်​နေ၍ပင်။ သူက ထိုအခွင့်အ​ရေးကို ဗိုလ်ချုပ်​ရှောင်းထံ ​ရောင်းချလို၍သာ။


ထုံရွှယ်လူက ထိုကဲ့​သို့​သော အခွင့်အ​ရေး​ကောင်းကို ငြင်းဆန်လာသည်​ကြောင့် ဤအခွင့်အ​ရေးအား သူ၏ တူဖြစ်သူထံ ချန်ထားနိုင်​ပေလိမ့်မည်။


ဝန်ကြီးလင်းက ဝမ်းတွင်းမှ ​ပျော်ရွှင်မှုများကို ထိန်းချုပ်ထားလိုက်ပြီး​နောက် သက်ပြင်းချလိုက်သည်။ 


"ဒီလိုဖြစ်လာပြီဆိုမှ​တော့ ဒီတစ်​ခေါက်ကို ​မေ့လိုက်ရုံ​ပေါ့... မန်​နေဂျာထုံရဲ့ အသက်နဲ့သာဆိုရင် ​နောက်နှစ်နည်းနည်း​လောက်မှ တက္ကသိုလ်တက်ရင်လည်း ​နောက်မကျ​သေးပါဘူး"


ထုံရွှယ်လူက ​ကျေးဇူးတင်ပုံ​ပေါ်​နေသည်။ 


"ကျွန်မ မသွားနိုင်​ပေမယ့် ကျွန်မကို ဦးစား​ပေးတဲ့အတွက် ဝန်ကြီးလင်းကို ​ကျေးဇူးတင်ရမှာပါ... ကျွန်မတကယ့်ကို ​ကျေးဇူးတင်သွားတာ" 


ဝန်ကြီးလင်းမှာ သူမက ငြင်းပယ်လိုက်သည့်တိုင် ​ကျေးဇူးတင်​နေဆဲ ဖြစ်​ကြောင်း ​​တွေ့လိုက်ရသည်။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်​ကောင် ပစ်နိုင်သကဲ့သို့ ခံစားလိုက်ရပြီး ရုတ်တရက်ပင် မျက်လုံးများထဲ၌ အပြုံးများ ပြည့်သွားသည်။ 


ရုံးခန်းထဲမှ ထွက်လာ​​သောအခါ အတွင်း​ရေးမှူးကျိုးက အသံတိုးတိုးဖြင့် ​မေးမြန်းလာခဲ့သည်။ 


"မန်​နေဂျာထုံ... ဝန်ကြီးလင်းက ရှင့်ကို အလုပ်သမား လယ်သမားနဲ့ စစ်သား တက္ကသိုလ် အ​ကြောင်း ​ပြောတယ်မလား"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်တယ်... ဒါ​ပေမယ့် ကျွန်မ ငြင်းလိုက်တယ်"


အတွင်း​ရေးမှူးကျိုးက အလန့်တကြား ဖြစ်သွားပုံပင်။ "ဘာလို့ ငြင်းလိုက်တာလဲ... ရှင်က တုံးလိုက်တာ... ဒီ​လောက်​ကောင်းတဲ့ အခွင့်အ​ရေးကို လူ​တွေအများကြီးက​တောင် သွားနိုင်ကြတာမဟုတ်ဘူး"


ထုံရွှယ်လူ သက်ပြင်းချကာ ခုန​လေးတင်မှ ​ပြောခဲ့ရသည့် အ​ကြောင်းပြချက်ကိုပင် ထပ်​ပြောပြလိုက်သည်။ 


ထိုစကားကို ကြား​​သောအခါ အတွင်း​ရေးမှူးကျိူးက သူမကို သနားသည့် မျက်လုံးများဖြင့်ပင် ကြည့်လာခဲ့သည်။ 


"တကယ် စိတ်မ​ကောင်းစရာပဲ... ဒါ​ပေမယ့် မင်းမသွားရင် လူတိုင်းက ဒီအခွင့်အ​ရေးအတွက် ​တိုက်ခိုက်ကြ​​တော့မှာ" 


ထုံရွှယ်လူက စကားတစ်ခွန်းမှ မ​ပြောဘဲ ပြုံးသာပြလိုက်သည်။ 


​ကောလိပ်ဝင်ခွင့် စာ​မေးပွဲများက နှစ်ဝက်အတွင်းမှာပင် စတင်​တော့မည်ကို သူမသိ​နေပါ​သော်လည်း ထိုအ​ကြောင်းအား မည်သူ့ကိုမှ ​ပြောပြ၍ မရနိုင်​ပေ။ 


ကုန်သွယ်​ရေးဌာနမှ ထွက်လာ​​သောအခါ စား​သောက်ဆိုင်သို့ ပြန်​ရောက်လာသည်နှင့် ဖူကျန့်ယိလည်း ​ရောက်ချလာခဲ့​လေသည်။ 


ဖူကျန့်ယိ မျက်​မှောင်ကျုံ့​နေ​​လေသည်။


 "ရဲ​ဘော်ထုံ... တစ်ခုခု ဖြစ်သွားတယ်"


အ​လေးအနက်ဖြစ်​နေ​​သော အမူအယာကို ကြည့်ကာ ထုံရွှယ်လူ နှလုံးသားထဲ၌ ထိတ်လန့်မိသွားသည်။ 


"တစ်ခုခု ဖြစ်သွားလို့လား"


ဖူကျန့်ယိ ​ခေါင်းမြန်မြန် ယမ်းပြလိုက်သည်။ 


"မဟုတ်ပါဘူး... ထုံကျန်းကျန်းနဲ့ ပတ်သက်တဲ့ကိစ္စပါ"


ထိုစကားလုံးများကို ကြား​သောအခါ ထုံရွှယ်လူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ "ဒါဆို၀င် အပြင်ထွက်ပြီး ​ပြောကြရ​အောင်" 


လူလွတ်များနှင့် မုဆိုးမများမှာ လူမြင်ကွင်းတွင် ရင်းရင်းနှီးနှီး ​နေထိုင်၍မရ​ပေ။


ဖူကျန့်ယိက လှည့်ထွက်လာပြီး သူမနှင့်အတူ စား​သောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။ 


နှစ်​ယောက်သား စား​သောက်ဆိုင်ထဲမှ ထွက်လာ​ကြ​သောအခါ ဖုကျန်းယိက လာရင်းကိစ္စကို ​ပြောလိုက်သည်။


 "ရှန့်ဖန်းနဲ့ ထုံကျန်းကျန်းတို့ လယ်ထဲမှာ အဆိပ်မိပြီး ​သေသွားတယ်"


"!!!"


ထုံရွှယ်လူ၏ မျက်လုံးများမှာ ထိတ်လန့်မှု​ကြောင့် ပြူးကျယ်သွား​လေသည်။ 


အချိန်အ​တော်ကြာမှသာ သူမ အသိပြန်ဝင်လာသည်။ "ထုံကျန်းကျန်းက ဘယ်လိုလုပ်ပြီး ​သေသွားရတာလဲ"


သူမက စာအုပ်ထဲက ဇာတ်လိုက်မဖြစ်ပြီး​တော့ နတ်ဘုရားရဲ့ မျက်ရှု​လေး​လေ... ဘယ်လိုလုပ်ပြီး ​စော​စော​သေသွားပါလိမ့်...


​သေခြင်းတရားလွတ်​မြောက်ခြင်းလို့ ​ပြောရမှာပဲလား...


ဖူကျန့်ယိ: "အတိအကျ​ပြောရရင် ရှန့်ဖန်း ​သေသွားတယ်... ထုံကျန်းကျန်းက​တော့ အသက်မျှင်းမျှင်းလေးပဲ ရှိ​​တော့တာ... သူက မင်းကို ​တွေ့ချင်တယ်လို့ပဲ ဆက်တိုက်​ပြော​နေတယ်... လယ်​တောဘက်မှာ ငါ့အသိတစ်​ယောက် ရှိတယ်​လေ... သူ ငါ့ကို ဖုန်းဆက်ပြီး ​ပြောလာလို့... မင်းဘယ်လိုလုပ်မယ် စိတ်ကူးလဲ"


"သူက ဘာ​တွေ ​ပြော​နေတာတဲ့လဲ" 


ထုံရွှယ်လူမှာ ထိုကဲ့သို့​​သော အ​ခြေအ​နေမျိုးကို တစ်ခါမှပင် ​တွေးမကြည့်ဖူးခဲ့​ပေ။ 


မကြာ​သေးမီကပင် ထုံကျန်းကျန်းမှာ အလွယ်တကူ အသတ်ခံရနိုင်မည် မဟုတ်ဟု ခံစားခဲ့ရ​သေးသည်။ ထိုကိစ္စမျိုး ဖြစ်ခဲ့ပါက ရန်ရုံအန်က လက်ဦးမှု ယူကာ သူမကို ကာကွယ်​ပေးမည် ဖြစ်သည်။


ရန်ရုံအန်း၌ မ​တော်တဆမှုတစ်ခု ဖြစ်လာခဲ့ပြီး ​နောက် သူမက ချက်ချင်း ပြန်သွားလိုက်ရ​သော်လည်း ကံဆိုး​လွန်း​နေသည်ထင်။ 


သူမဆီမှာ ဇာတ်လိုက်​ရောင်ဝါ ရှိ​နေ​လောက်တယ်လို့ ​တွေးမိရုံရှိ​သေးတယ်... ရုတ်တရက်ကြီး ​သေသွားလိမ့်မယ်လို့​တော့ သူမလည်း မထင်ထားမိဘူး​လေ... 


"သူ​ပြောတာ မင်းသူ့ကို လာမ​တွေ့ရင် ​နောင်တရလိမ့်မယ်တဲ့"


 ဖူကျန့်ယိ၏ မျက်လုံးများထဲ ရွံရှာမှုတို့ ဖြတ်​ပြေးသွား​လေသည်။


 "​သေ​တော့မှာကို​တောင် စိတ်ကြီးဝင်ရဲ​​သေးတယ်... ဒါ​ပေမယ့် ဒီလိုမျိုး ဖြစ်တာကို ပထမဆုံး မြင်ဖူးတာပဲ"


ထုံရွှယ်လူ နူးညံ့စွာ ​ပြောလိုက်သည်။


 "သူက ကျွန်မကို ဒီ​လောက်​တောင် ​တွေ့ချင်​နေမှ​တော့ သွား​တွေ့​ပေးရ​​သေးတာ​ပေါ့"


သူမကလည်း ထုံကျန်းကျန်း ဘာ​တွေ ​ပြောလာမလဲဆိုတာကို သိချင်​​သေးပါရဲ့...


ဖူကျန့်ယိက ​တစ်ခဏမျှ ​တွေးလိုက်ပြီး​နောက် ​ပြော​လေသည်။ "ခဏ​လေး​စောင့်... ငါကား​မောင်းလာခဲ့မယ်... ငါမင်းနဲ့အတူ လိုက်​ပေးမယ်"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ကာ အခြားသူများကို စကား​ပြောရန်အတွက် စား​သောက်ဆိုင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ 


ထုံကျန်းကျန်း၏ လယ်​​တောမှာ မြို့နှင့် နှစ်နာရီခန့်​ဝေးသဖြင့် လယ်​တောသို့ ​ရောက်​​သောအခါ ​နေ့လည်ခင်းအချိန် ​ရောက်​နေ​ပေပြီ။


လယ်ကွင်းတာဝန်ရှိသူက ဖူကျန့်ယိကို ​တွေ့​သောအခါ ချက်ချင်း လာနှုတ်ဆက်သည်။ 


"​ခေါင်း​ဆောင်ဖူ... ဘာလို့ လူကိုယ်တိုင် ရောက်လာရတာလဲ"


ဖုကျန့်ယိက ထိုသူနှင့် အလ္လာပသလ္လာပစကား​ပြောရန် အချိန်မရှိသဖြင့် တန်း၍သာ ​မေးလိုက်သည်။ "ထုံကျန်းကျန်း အခုဘယ်လို​နေလဲ... အသက်ရှိ​နေ​သေးလား"


လယ်ကွင်းတာဝန်ခံက ​ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "သူအသက်ရှင်​နေဆဲပါပဲ... ​သွေး​တွေ​​​တော့ အန်​နေတယ်... အသက်မျှင်းမျှင်းပဲ ရှိ​တော့တယ်"


ဖူကျန့်ယိ: "ဒါဆို ငါတို့ကို မြန်မြန် ​ခေါ်သွား​ပေး"


လယ်ကွင်းတာဝန်ခံက ​ခေါင်းငြိမ့်ပြပြီး ​ဆေး​ပေးခန်းတစ်ခုထဲသို့ ဦး​ဆောင်​ကာ ​ခေါ်လာ​ပေးခဲ့သည်။


ကျန်းမာ​ရေးစင်တာထဲသို့ ​ရောက်လာပြီး ​ဆေား​ပေးခန်းထဲသို့ ​ခြေမချခင်မှာပင် မ​ဖော်ပြနိုင်သည့် ရွံရှာဖွယ်ရာ အ​ငွေ့အသက်များက အခန်းထဲမှ အလျင်အမြန် ထွက်​ပေါ်လာခဲ့သည်။


ထုံရွှယ်လူမှာ ပျို့အန်လုနီးပါး ဖြစ်သွားခဲ့သည်။


 "သူတို့က ဘာနဲ့ အဆိပ်မိသွားတာလဲ"


လယ်ကွင်းတာဝန်ခံက ​ခေါင်းယမ်းပြလိုက်သည်။ 


"​ဒေါက်တာကလည်း မသိဘူးလို့ ​ပြောတယ်... ပိုးသတ်​ဆေး ​​သောက်မိသွားတာနဲ့ တူသလိုလို ရှိ​ပေမယ့် မတူဘူး... ပြီး​တော့ သူ​​နေတဲ့ ​နေရာမှာလည်း ပိုးသတ်​ဆေး​ မ​တွေ့ဘူး"


ထုံရွှယ်လူက စစ်တပ်သုံးအိတ်ထဲမှ လက်ကိုင်ပုဝါကို ယူကာ နှာ​ခေါင်း အုပ်လိုက်ပြီး​နောက် ဝင်သွားလိုက်သည်။


သူမ ဝင်လာသည်နှင့် ​ဆေးရုံကုတင်ထက်တွင် လဲ​လျောင်း​နေသည့် ထုံကျန်းကျန်းကို ​တွေ့လိုက်ရသည်။ သူမ မျက်နှာထက်မှ အ​ရေပြားမှာ ပြာနှမ်း​နေသည်ကိုလည်း ​တွေ့ရသည်။ အ​သေအချာ အနီးကပ် ကြည့်လိုက်​သောအခါ မျက်နှာနှင့် လည်ပင်းထက်၌ အ​ရေပြား​အောက်မှ ​သွေးယိုစိမ့်​နေပုံရ​​သော အနီ​ရောင် အစက်အ​ပြောက်များ ရှိ​နေခဲ့သည်။ 


ထိုအခိုက် သူမ၏ မျက်လုံးများမှာ တင်းကျပ်စွာ ပိတ်ထား​နေပြီး အချိန်နှင့်အမျှ ရှုံ့တွနေခြင်းမျိုးသာ မရှိခဲ့ပါက ​သေ​ဆုံး​နေ​လေပြီ ဟုပင် ထင်ရနိုင်သည်။ 


လယ်ကွင်းတာဝန်ခံက သူနာပြုကို ​မေးလိုက်သည်။


 "သူထပ်ပြီး သတိ​မေ့သွားပြန်ပြီလား"


သူနာပြုက ထုံကျန်းကျန်းအား ရွံရှာဟန်ဖြင့် ကြည့်လိုက်သည်။ "မဟုတ်ဘူး... ဒါ​ပေမယ့် ဆီးထဲမှာ ​သွေး​တွေပါလာပြီး ​သွေး​တွေ ထပ်အန်​နေပြန်တယ်... တကယ်ရွံစရာကြီး"


ထုံရွှယ်လူက ကုတင်​အောက်မှ အင်တုံတစ်လုံး ရှိ​နေပြီး ညှိစို့စို့ ရနံ့များ လှိုက်တက်လာသည်ကို ​တွေ့လိုက်ရသည်။ 


သူမက လာခဲ့မိသည်ကိုပင် ရုတ်တရက် ​နောင်တရသွားသည်။


ထုံအခိုက် ထုံကျန်းကျန်းက သူမ​ရောက်လာသည်ကို အာရုံခံမိသည့်အလား ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ 


သူမ၏ အကြည့်များက အခြားသူများ​အ​ပေါ် ဖြတ်​ပြေးသွားပြီး အဆုံး၌ သူမအ​ပေါ် ကျ​ရောက်လာခဲ့သည်။


 "ထုံ ရွှယ် လူ"


သူမမှာ မကြာ​သေးခင်က မျက်လုံးပိတ်ထားစဥ်ကပင် ကြည့်ရဆိုးလွန်း​နေပြီ ဖြစ်ကာ လက်ရှိ မျက်လုံးပွင့်လာ​သောအခါ ပို၍ပင် ​ကြောက်စရာ​ကောင်းလာသည်။


ထုံရွှယ်လူက ဖူကျန့်ယိထံ လှည့်၍ ​ပြောလိုက်သည်။ "ကျွန်မ သူ့နဲ့ နှစ်​ယောက်တည်းပဲ စကား​ပြောချင်တယ်... ဖြစ်မလား


ဖူကျန့်ယိက ထုံကျန်းကျန်းတစ်​ယောက် စကား​ပြောရန်ပင် အနိုင်နိုင် ဖြစ်​နေသည်ကို ကြည့်ကာ အခြားသူများအား ထိခိုက်​စေနိုင်​မည်ကို မစိုးရိမ်ရ​တော့သဖြင့် ​ခေါင်းငြိမ့်ကာ လယ်ကွင်းတာဝန်ရှိသူနှင့်အတူ အပြင်သို့ ထွက်သွားသည်။