အပိုင်း၂၄၇
Viewers 67k

🍵Chapter 247




ရှန်ဝမ်ရုန်ပြန်သွားပြီးနောက်တွင် ထုံကျားရှင်းကမျက်လုံးများကိုဆေးရန်ပြေးထွက်သွားသည်။


“ဘုရားရေ မျက်လုံးစပ်လို့သေတော့မယ်”


ရှောင်းကျားမင်ကလည်း ရှောင်မျန်မျန်ကိုမျက်လုံးသွားဆေးရန်ခေါ်သွားလိုက်သည်။


ထုံရွှယ်လူက သူတို့မျက်လုံးများကို လက်ကိုင်ပုဝါဖြင့်သုတ်ပေးကာ ဘာမှမဖြစ်သွားဘူးဆိုတာသေချာမှစိတ်အေးသွားသည်။


ထုံကျားရှင်းက အလွန်စိတ်လှုပ်ရှားနေ၏။

“မမကြီးရဲ့ သရုပ်ဆောင်စွမ်းရည်က အံ့ဩဖို့ကောင်းလိုက်တာ ချင်းငွေ့ရိုက်စရာတောင်မလိုဘူး မျက်ရည်ကအလိုလိုထွက်လာတယ်”


ထုံရွှယ်လူက ယုံကြည်ချက်အပြည့်ဖြင့်ပြန်‌ဖြေသည်။

“အဲ့ဒါကတော့ ပြောစရာတောင်မလိုဘူး”


သူမစာအုပ်ထဲသို့မကူးပြောင်းလာခင်တွင် Folkအော်စကာဆုပိုင်ရှင်ဟုတောင် အမည်တပ်ခံခဲ့ရသည်။


ထိုနေ့ညတွင် ထုံကျန်းကျန်းကိုအချုပ်ကျအောင်လုပ်နိုင်ခဲ့သည်ကို အောင်ပွဲခံရန်အတွက် ထုံရွှယ်လူက မက်ကရယ်ငါးဖက်ထုပ်လုပ်ကျွေးရန် ဆုံးဖြတ်လိုက်သည်။


မက်ကရက်ငါးဖက်ထုပ်ကို မက်ကရယ်ငါးအဆာသွပ်ဖြင့်လုပ်ထား၏။၎င်းက အရသာရှိကာတင်းတင်းအိအိလေးဖြစ်ပြီး သာမာန်ဖက်ထုပ်များနှင့်မတူပေ။


မက်ကရယ်ငါးဖက်ထုပ်၏အရေးအကြီးဆုံးအချက်မှာအသားများကို ‌နွှင်ပြီးရောမွှေရခြင်းဖြစ်သည်။


ငါးအသားကိုနွှင်ခြင်းက ထုံရွှယ်လူအတွက်ဒုက္ခမများပေ။ သူမ၏လက်မြန်မြန်များဖြင့် ငါးနှစ်ကောင်ကို အသားနွှင်ပြီးနောက် ဆီ၊ငရုတ်ကောင်းနှင့် ရေတို့ကိုထည့်ကာ နာရီလက်တံအတိုင်းမွှေထားလိုက်သည်။


အသားမွှေခြင်းကလည်း လုပ်အားကုန်သောအလုပ်ဖြစ်သည်။ထို့ကြောင့် ထုံရွှယ်လူက ရှောင်ကျားမင်နှင့်ထုံကျားရှင်းတို့ကို တစ်လှည့်စီကူခိုင်းလိုက်သည်။


ရှောင်းမျန်မျန်က သူမ၏အစ်ကိုအစ်မများလုပ်နေသည်ကို ဘေးမှကြည့်ကာ သူမလည်းကူညီချင်လာ၏။


သို့သော် သူမက အားသိပ်မရှိပေ။သူမအားအကုန်သုံးထားတာတောင်မှ ငါးအသားများကိုမမွှေနိုင်ပေ။


ထုံကျားရှင်းက ဗိုက်နာလာသည်အထိ ရယ်လိုက်သည်။


ငါးသားများက ပျစ်လာသောအခါ ရှီတာကီမှို၊ခါကြက်ဥ၊ ဆားတို့ကိုထည့်ပြီး ဆက်မွှေလိုက်သည်။


မက်ကရယ်ငါး၏အရေခွံကလည်း အခြားသောဖက်ထုပ်အရွက်များနှင့်မတူပေ။ ငါးအရေခွံက ဖက်ထုပ်ရွက်ထက်ပိုပါးကာ ဝူထုန်ဖက်ထုပ်ရွက်များထက်တော့ ပိုထူ၏။ အ‌ဆာသွပ်ပြီးသောအခါ ရေ‌ပူပူထဲထည့်ပြုတ်လိုက်သည်။


ပြုတ်ပြီးသောအခါ ကြက်သွန်မြိတ်ဖြူးလိုက်သည်။ဟင်းရည်ကအနှစ်အရသာပြည့်ကာ မက်ကရယ်ငါးဖက်ထုပ်ဪ နူးညံ့ကာ ဝါးလိုက်ပါကထုတ်ထုတ်လေးနှင့် အ‌ရသာရှိ၏။


ထုံရွှယ်လူက ဝေ့မိသားစုဆီကိုနည်းနည်းသွားပို့လိုက်ပြီးနောက် မောင်နှမများကဗိုက်ပြည့်သည်အထိစားလိုက်ကြသည်။


ဤအချိန်တွင်အချုပ်ထဲရောက်နေသော ထုံကျန်းကျန်းက အလွန်ဗိုက်ဆာနေသည်။


ရဲအရာရှိများက သူမ၏တည်ရှိမှုကိုမေ့သွားသည့်ပုံပင်။ ဘယ်သူမှ သူမအတွက်စားစရာနှင့် ရေများမယူလာပေးပေ။


အခုချိန်က သူမကဗိုက်ဆာကာရေငတ်နေသည့်အပြင် သူမရင်ဘတ်ကလည်း တဆစ်ဆစ်နာကျင်နေ၏။


“တစ်ယောက်ယောက်ရှိလား ကျွန်မရေသောက်ချင်တယ်”


သို့သော် သူမလည်ချောင်းသာကွဲသွားမည်၊ ဘယ်သူမှရောက်မလာပေ။


ထိုရဲအရာရှိများက တမင်လုပ်နေခြင်းဖြစ်မည်ဟု သူမခံစားမိလာသည်။


သူမထင်တာမှန်၏။ ရဲများက တမင်လုပ်နေခြင်းဖြစ်သည်။


ဤနေရာက ‌မြို့တော်တောင်ဘက်မှ ပြည်သူ့လုံခြုံရေးဗျူရိုဖြစ်ကာ ဖူကျန့်ယိအလုပ်လုပ်နေသောနေရာလည်းဖြစ်သည်။


ဖူကျန့်ယိက ထုံကျန်းကျန်းသည် ထုံရွှယ်လူတို့မောင်နှမကို ‌ပြသနာရှာခဲ့ကြောင်းသိ၏။ထို့ကြောင့် သဘာဝကျစွာပင် သူကူညီချင်သည်။ သူက လုပ်ဖော်ကိုင်ဖက်များကို ထုံကျန်းကျန်းအားညစာသွားမပို့ရန် လိုက်စည်းရုံးလိုက်သည်။


ပြည်သူ့လုံခြုံရေးဗျူရိုမှသူများကလည်း ထုံကျန်းကျန်းအတွက်စိတ်မကောင်းမဖြစ်ကြပေ။ အကြောင်းမှာသူမက ယန်ရုံအန်းနှင့်ဆက်နွယ်နေသောကြောင့်ဖြစ်သည်။


ထို့ကြောင့် ထုံကျန်းကျန်းက ဗိုက်ဆာဆာဖြင့်သာ အချုပ်ထဲတွင်တစ်ညနေခဲ့ရသည်။


အရင်တုန်းက ထုံကျန်းကျန်းသည်နစ်နာသူဖြစ်ကာ ယန်ရုံအန်းကလည်း သူမကိုကာပေးခဲ့သောကြောင့် ပြည်သူ့လုံခြုံရေးဗျူရိုက သူမကိုပြန်လည်ပြုပြင်ရေးလယ်ယာသို့မပို့ခဲ့ပေ။


သို့သော် အခုချိန်တွင် သူမကပြန်လည်ပြုပြင်ရန် ငြင်းဆန်သဖြင့် ဤကဲ့သို့သောအပြုအမူဆိုးသည် အလွယ်တကူအလွှတ်ပေး၍မရပေ။


သူ့နောက်မှ အခြားပါဝင်လှုပ်ရှားသူတစ်ချို့ဖြင့် ထုံကျန်းကျန်း၏အပြစ်ဒဏ်က လျင်မြန်စွာကျလာသည်။


သူမက ထောင်ဒဏ်ငါးနှစ်ကျကာ နောက်သုံးရက်မြောက်နေ့တွင် ပြန်လည်ပြုပြင်ရေးအတွက် လယ်ယာတစ်ခုဆီသို့ အပို့ခံရမည်ဖြစ်သည်။


အ‌‌ထွေထွေထောက်ပံ့ရေးဌာန ဝန်ထမ်းအိမ်ရာထဲမှ ထုံမိသားစုသည် ထုံကျန်းကျန်းကအပြစ်ပေးခံလိုက်သည်ကိုသိသောအခါ လုံးဝကိုဆွံ့အသွားကြသည်။


အမေထုံကဒေါသထွက်လွန်းသဖြင့် ရင်ဘတ်တောင်နာလာသည်။


“ဘယ်လို၀ဋ်ကြွေးမျိုးလဲ ငါကသူ့ကိုစကားနည်းနည်းဘဲပြောလိုက်မိတာပါ အဲ့ဒါကိုလူသွားရိုက်ရလား”


ရိုက်တာတောင် ထုံရွှယ်လူတို့မောင်နှမကိုသွားရိုက်ရတယ်လို့။ ထုံရွှယ်လူရဲ့အဖိုးက ဗိုလ်မှူးဆိုတာ မသိဘူးလား။


ချိုင်ချွန်းလန် :“ဖွီ ....ပြသနာရှာတတ်တဲ့သူဘဲ သူက နေ့တိုင်းနေ့တိုင်း ဘာလို့ကောင်းကောင်းကိုမနေနိုင်တာလဲ”


အရင်တစ်ခေါက်တွင် ထုံကျန်းကျန်းလုပ်ခဲ့သောကိစ္စက သိပ်မကြီးပေ။ထုံမိသားစုသာ လှုပ်ရှားလိုပါက သူမကိုလွတ်အောင်လုပ်ပေးနိုင်လောက်သည်။


သို့သော် ဒီတစ်ကြိမ်တွင် ထုံမိသားစုကလှုပ်ရှားလိုလျှင်တောင်မှ အင်အားမရှိပေ။


ထုံကျန်းကျန်းထောင်ကျသွားသည်ကို ရှန့်ဖန်းသိလိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် အိမ်မှပန်းကန်တစ်ချို့ကိုပေါက်ခွဲလိုက်မိသည်။


ထုံရွှယ်လူကိုသွားမထိပါနဲ့လို့ ဒီလောက်ပြောထားတာတောင် နားမထောင်ဘူး။


အောင်မြင်ရမှာထက်ကို ရှူံးဘဲရှူံးအောင်လုပ်နေတဲ့အရူးပဲ။


သို့သော် တစ်နေ့လောက်အချိန်ယူတွေးပြီးနောက် သူက ထုံကျန်းကျန်းကိုဆက်ပြီးလက်ထပ်ရန် ဆုံးဖြတ်လိုက်သည်။


ရှန့်မိဘများသည် ထုံကျန်းကျန်းထောင်ကျသွားပြီဖြစ်သဖြင့် သူတို့သားကိုထုံကျန်းကျန်းနှင့် လက်မထပ်ပေးချင်တော့ပေ။သို့သော် ရှန့်ဖန်းကအတိုက်အခံကိုလက်ထပ်ချင်နေ၏။ သူတို့ကဒေါသထွက်လွန်းသဖြင့် ဆေးရုံတောင်တင်လိုက်ရသည်။


ရှန့်ဖန်းက သူမကိုလက်ထပ်လိုသေးသည်ကို သိလိုက်ရသောအခါ ရှန့်ဖန်းကယောက်ျားတွေကိုဘဲကြိုက်သည်ကို သိနေလျှင်တောင်မှ ထုံကျန်းကျန်း၏ရင်ထဲထိသွားဆဲဖြစ်သည်။


သူမက ရှန့်ဖန်းသည် ဤလောကကြီးထဲတွင် သူမအပေါ်အကောင်းဆုံးသူဟူ ခံစားမိသွားသည်။


သူမက ရှန့်ဖန်းကိုဖြောင့်လာအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။


သူမလွတ်လာသောအခါ သူတို့နှစ်ယောက်က ကလေးအနည်းငယ်ယူပြီး စီးပွားရေးအတူတူလုပ်ကာ အချမ်းသာဆုံးသူများဖြစ်လာလိမ့်မည်။ ထိုအချိန်ကျလျှင် ဟိုခွေးမထုံရွှယ်လူကို နင်းချေပစ်မည်။


ပိုကောင်းလာမည့်‌နေ့ရက်များကစောင့်မျှော်နေရာ သူမက‌မျှော်လင့်ချက်များပြည့်လာလေသည်။


🍵


နေ့လယ်စာစားချိန်တွင် ဖန်ကျင်းယွမ်က စားသောက်ဆိုင်သို့ စက်ဘီးတစ်စီးဖြင့် ရောက်ချလာသည်။


သူမက လှေကားပေါ်သို့အမြန်ပြေးတက်သွားကာ ပြောပြလာ၏။


“အဲ့ဒီလူယုတ်မာရှန့်ဖန်းကရူးနေတာများလား ထုံကျန်းကျန်းကထောင်ချခံလိုက်ရတာကို သူကလက်ထပ်ချင်နေသေးတယ်”


ထုံရွှယ်လူက စာဖတ်နေရာမှမော့ကြည့်လိုက်သည်။

“သူမရူးပါဘူး”

သူက ထုံကျန်းကျန်းရဲ့အနာဂတ်ကိုမြင်နိုင်တဲ့စွမ်းရည်ကိုသိတယ်။


ဖန်ကျင်းယွမ်က မျက်လုံးပြူးသွားသည်။

“သူမရူးဘူးလား ဒါဆိုသူကအဲ့ဒီကောင်မထုံကျန်းကျန်းကိုတကယ်ကြိုက်သွားတာလား”


သူမက ရှန့်ဖန်းကိုမကြိုက်တော့သော်လည်း လက်မခံနိုင်သလိုခံစားလိုက်ရသည်။


သူမကိုယ်သူမ ထုံကျန်းကျန်းထက်ပိုလှကာ မိသားစုအခြေအနေကလည်းပိုကောင်းသည်ဟုထင်၏။ ရှန့်ဖန်းက ဘာလို့သူမကိုမဟုတ်ဘဲ ထုံကျန်းကျန်းကိုသဘောကျသွားရတာလဲ။


ထုံရွှယ်လူက အံဆွဲထဲမှ အမဲသားတုံးများထုတ်ကာ သူမကိုပေးလိုက်သည်။


“နင်ကဘာလို့ လူယုတ်မာတစ်ယောက်အတွက် ဒေါသထွက်နေရတာလဲ”


ထုံကျန်းကျန်းက စာအုပ်ထဲမှအမျိုးသမီးဇာတ်ကောင်ကဲ့သို့ အလွန်ကံကောင်းသည်။ ယန်ရုံအန်းသေပြီးနောက် ရှန့်ဖန်းကထပ်ရောက်လာသည်။


သူမက မကောင်းဆိုးဝါးများကို ရှူံးနိမ့်အောင်လုပ်နိုင်သည့် နည်းလမ်းတစ်ခုခုရှိနေသလိုပင်ဖြစ်သည်။


မမျှော်လင့်ထားစွာဖြင့် သူမအဖြေရှာမရသေးခင်မှာဘဲ လယ်ထဲမှ ထိတ်လန့်စရာသတင်းထွက်လာသည်။


 --


ထုံကျန်းကျန်းနှင့် ရှန့်ဖန်းက အဆိပ်မိပြီး ဆေးရုံရောက်သွားကြသည်။


တိုက်ဆိုင်စွာပင် ထိုနေ့က အချစ်ရေးတွင်လက်သစ်ဖြစ်သည့် ရဲဘော်ကျိုးရန်လက်‌ထပ်မည့်နေ့လည်းဖြစ်၏။


🍵


ကျိုးရန်က လက်ထပ်​​တော့မည်ဖြစ်ပြီး သု​တေသနခန်း၏ လုပ်ငန်း​ဆောင်တာများလည်း ပြီးဆုံးလုပြီ ဖြစ်၍ ဝမ်ရူ​ကွေ့က နှစ်ရက်မျှ ခွင့်ယူပြီး​နောက် ပြန်လာ၍ရပေမည်။ 


ထိုည၌ ​နောက်ကျမှ ပြန်​ရောက်လာခဲ့ပြီး သူနှင့် ဟွမ်ချီမင်တို့က ​နောက်တစ်​နေ့ မနက်​စော​စော​တွင် ပြင်ဆင်လုပ်ကိုင်​ပေးရန် ကျိုးရန်၏ အိမ်သို့ သွားခဲ့ကြသည်။ ဤသို့ဖြင့် သူနှင့် ထုံရွှယ်လူတို့ ​တွေ့နိုင်ကြဦးမည် မဟုတ်​ပေ။ 


ထုံရွှယ်လူက မနက်​စော​​စော နိုးထလာပြီး ပုံမှန်အတိုင်းပင် အလုပ်သို့ သွားလိုက်ပြီး​နောက် ပစ္စည်းများ ဝယ်ခြမ်းပြီးသွား​သောအခါ ကုန်သွယ်​ရေးဌာနသို့ အစည်းအ​ဝေး တက်​ရောက်ရန် ​ရောက်ရှိလာခဲ့သည်။ 


အသိုင်းအဝိုင်းတစ်ခုတည်း၌ လျှို့ဝှက်ချက်ဟူ၍ မရှိ​ပေ။ ထုံရွှယ်လူတစ်​ယောက် ပြည်သူ့လုံခြုံ​ရေး ဝန်ကြီးဌာန၏ နိုင်ငံ​ရေးဗျူရိုမှ စုံစမ်းစစ်​ဆေးရန် ​ခေါ်ယူခံရ​သည့် သတင်းကိုလည်း စား​သောက်ဆိုင်မန်​နေဂျာများက တစ်​ယောက်ပြီးတစ်​ယောက် ရရှိခဲ့ကြပြီးသားပင်။


အချို့လူများမှာ ကန်ငါးကို အန္တရာယ်ပြုမိမည့်အလား ထုံရွှယ်လူကို တမင်တကာ ​ရှောင်ဖယ်ခဲ့ကြသည်။ အချို့လူများမှာ ဟင်းခတ်အ​မွှေးအကြိုင်ထုပ်များကိုပင် မဝယ်ယူခဲ့ကြ​​​ပေ။ 


ယခုတွင် ထုံရွှယ်လူ အဆင်​ပြေ​နေ​ကြောင်း သိလိုက်ကြ​​သောအခါ ထပ်ပြီး လှုပ်ရှားလာကြပြန်သည်။ 


အမှန်မှာ ထုံရွှယ်လူက ဗိုလ်ချုပ်တ​စ်​ယောက်၏ ​မြေးဖြစ်​နေ​ကြောင်းလည်း သိ​​နေကြ၍ ထိုအခိုက်တွင် လူတိုင်းက သူမအ​ပေါ် စိတ်အားထက်သန်လာကြပြီး သားသမီးအရင်းကို ​တွေ့​နေရသကဲ့သို့ ပြုံးပြလာကြသည်။ 


ထုံရွှယ်လူမှာ ၎င်းက လူသားတစ်​ယောက် ဖြစ်​စေ နတ်ဆိုးတစ်​ယောက် ဖြစ်​စေ နှလုံးသားထဲတွင် ​​ကောင်းကောင်း သိထားပြီးသား ဖြစ်သည်။ 


သို့​သော်ငြား ထိုအုပ်စုထဲတွင် မန်​နေဂျာတန့်ဟု ​ခေါ်သူ တစ်​ယောက် ရှိ​နေသည်။ ထိုသူ၏ သ​ဘောထားမှာ အစမှ အဆုံးထိ မ​ပြောင်းလဲသွားခဲ့​ပေ။ ထိုသူက ကပ်ဖားရပ်ဖား လုပ်ခြင်းမျိုး သို့မဟုတ် စိတ်ကြီးဝင်ခြင်းမျိုးလည်းမရှိဘဲ စိတ်​​အေးလက်​အေး အမူအယာသာ ရှိခဲ့သည်။ 


မန်​နေဂျာတန့် စီမံ​နေ​​သော စား​သောက်ဆိုင်၏ တည်​နေရာမှာ သိပ်မ​ကောင်းလှ​သော်ငြား စား​သောက်ဆိုင်ကို ​ကောင်း​ကောင်းမွန်မွန် စီမံခန့်ခွဲနိုင်သည့်အတွက် လုပ်ရည်ကိုင်ရည်ရှိသူသာ ဖြစ်​ပေလိမ့်မည်။


ထုံရွှယ်လူ အခြားသူများနှင့် နှုတ်ဆက်စကား ​ပြောပြီးသွား​သောအခါ ထိုသူက အနားသို့ ​လျှောက်လာပြီး ယဥ်​ကျေးစွာ ​မေးလိုက်သည်။


 "မန်​နေဂျာထုံ... ​ကျွန်​တော် ​မေးချင်တာ နွေရာသီ ​ရောက်ပြီဆို​တော့ မင်းတို့ စား​သောက်ဆိုင်က​နေ ဟင်းပွဲအသစ်​တွေ ဟင်းခတ်အ​မွှေးအကြိုင်အသစ်​တွေ ဖြန့်ဖြူး​တော့မှာလားလို့ပါ"


ထုံရွှယ်လူ ပြုံး၍ ပြန်​ဖြေလိုက်သည်။ 


"ဟုတ်... ကျွန်မတို့ စားသောက်ဆိုင်က ​အ​အေးစာ ဟင်းပွဲ​တွေကို မိတ်ဆက်ဖို့ စီစဥ်ထားပါတယ်... အ​အေးစာ​တွေက လန်းဆန်းပြီး​တော့ ဆီများပြီး အီစိမ့်​နေတာမျိုး မဖြစ်ဘူး... ​နွေရာသီအတွက် ပိုပြီး သင့်​တော်လိမ့်မယ်"


မန်​နေဂျာတန့်: "ဒါဆိုရင် မန်​နေဂျာထုံ ဟင်းပွဲ​တွေ မိတ်ဆက်​တော့မှ လာပြီး မြည်းစမ်းကြည့်ပါဦးမယ်... မာလာထန်းလို ဟင်းအနှစ်ထုပ်မျိုး​တွေ ရှိရင် အ​ကောင်းဆုံး ဖြစ်မှာပဲ"


ထုံရွှယ်လူက ​ခေါင်းယမ်းပြလိုက်သည်။ 


"အ​အေးစာ​တွေက လုပ်ရလွယ်ပြီး​တော့ ဟင်းခတ်အ​မွှေးအကြိုင် အများကြီး မလိုဘူး... ဒါ​ပေမယ့် ​အ​​အေးစာ​တွေက ကျန်းမာ​ရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်​နေ​အောင် ပြုလုပ်ဖို့လိုအပ်တယ်... ဒါ​ပေမယ့် အနက်​ရောင်မှို​တွေလို ပါဝင်ပစ္စည်း​တွေက ညသိပ်ထားပြီးမှ စားလို့မရဘူး... မဟုတ်ရင် အဆိပ်အ​တောက် ဖြစ်​စေတတ်တယ်"


မန်​နေဂျာတန့် ထိတ်လန့်သွားသည်။ 


"မှို​တွေက ညလွန်သွားရင် အဆိပ်ဖြစ်​စေနိုင်တယ်လား... ကျွန်​​တော် တစ်ခါမှ မကြားဖူးဘူး"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။


 "အနက်​ရောင်မှို​တွေက အကြာကြီး စိမ်ထားရင် အဆိပ်အ​တောက်​တွေ ဖြစ်​စေနိုင်တယ်... မှိုဖြူ​တွေလည်း အတူတူပါပဲ"


ဤ​ခေတ်လူများပင် မဆိုထားနှင့် ​နောက်ပိုင်း​ခေတ်မှ လူများပင် ထိုအ​ကြောင်းကို သိပ်မသိကြ​​​ပေ။ 


မန်​နေဂျာတန့်က ​တွေး​တွေးဆဆဖြင့် ​ပြောလိုက်သည်။ "ဒီစကားကို အရင်က တစ်ခါမှ မကြားဖူး​ပေမယ့် လူ့အသက်အန္တရာယ် လုံခြုံမှုနဲ့ ကျန်းမာ​​ရေးအတွက်ဆို သတိထားတာ အ​ကောင်းဆုံးပါပဲ"


နှစ်​ယောက်သားက တစ်ခဏမျှ စကား​ပြောကြပြီး​နောက် ​အကြီးအကဲများ ​ရောက်ရှိလာခဲ့သည်။ 


အစည်းအ​ဝေးက ရှည်လျား၍ ပျင်းရိဖွယ်​ကောင်းလှပြီး ​နောက်ဆုံးတွင် အစည်းအ​ဝေး အဆုံးသတ်သို့ ​ရောက်ရှိလာခဲ့သည်။ ထုံရွှယ်လူ ထွက်သွား​တော့မည်အပြု ဝန်ကြီးလင်းက တားလာသည်။ 


"မန်​နေဂျာထုံ... ရုံးခန်းထဲကို လိုက်ခဲ့ပါဦး"


ထွက်မသွားရ​သေးသည့် အခြား​သော မန်​​နေဂျာများမှာ ထိုစကားကို ကြား​သောအခါ ထုံရွှယ်လူကို မနာလို​သော မျက်လုံးများဖြင့် ကြည့်လာခဲ့ကြသည်။ သူတို့ မန်​နေဂျာဖြစ်လာခဲ့သည်ပင် နှစ်​ပေါင်းများစွာ ကြာပြီ ဖြစ်​သော်လည်း ဝန်ကြီးလင်း၏ ရုံးခန်းထဲသို့ တစ်ခါမှပင် အ​ခေါ်မခံခဲ့ဖူးကြ​ပေ။