🍵Chapter 247
ရှန်ဝမ်ရုန်ပြန်သွားပြီးနောက်တွင် ထုံကျားရှင်းကမျက်လုံးများကိုဆေးရန်ပြေးထွက်သွားသည်။
“ဘုရားရေ မျက်လုံးစပ်လို့သေတော့မယ်”
ရှောင်းကျားမင်ကလည်း ရှောင်မျန်မျန်ကိုမျက်လုံးသွားဆေးရန်ခေါ်သွားလိုက်သည်။
ထုံရွှယ်လူက သူတို့မျက်လုံးများကို လက်ကိုင်ပုဝါဖြင့်သုတ်ပေးကာ ဘာမှမဖြစ်သွားဘူးဆိုတာသေချာမှစိတ်အေးသွားသည်။
ထုံကျားရှင်းက အလွန်စိတ်လှုပ်ရှားနေ၏။
“မမကြီးရဲ့ သရုပ်ဆောင်စွမ်းရည်က အံ့ဩဖို့ကောင်းလိုက်တာ ချင်းငွေ့ရိုက်စရာတောင်မလိုဘူး မျက်ရည်ကအလိုလိုထွက်လာတယ်”
ထုံရွှယ်လူက ယုံကြည်ချက်အပြည့်ဖြင့်ပြန်ဖြေသည်။
“အဲ့ဒါကတော့ ပြောစရာတောင်မလိုဘူး”
သူမစာအုပ်ထဲသို့မကူးပြောင်းလာခင်တွင် Folkအော်စကာဆုပိုင်ရှင်ဟုတောင် အမည်တပ်ခံခဲ့ရသည်။
ထိုနေ့ညတွင် ထုံကျန်းကျန်းကိုအချုပ်ကျအောင်လုပ်နိုင်ခဲ့သည်ကို အောင်ပွဲခံရန်အတွက် ထုံရွှယ်လူက မက်ကရယ်ငါးဖက်ထုပ်လုပ်ကျွေးရန် ဆုံးဖြတ်လိုက်သည်။
မက်ကရက်ငါးဖက်ထုပ်ကို မက်ကရယ်ငါးအဆာသွပ်ဖြင့်လုပ်ထား၏။၎င်းက အရသာရှိကာတင်းတင်းအိအိလေးဖြစ်ပြီး သာမာန်ဖက်ထုပ်များနှင့်မတူပေ။
မက်ကရယ်ငါးဖက်ထုပ်၏အရေးအကြီးဆုံးအချက်မှာအသားများကို နွှင်ပြီးရောမွှေရခြင်းဖြစ်သည်။
ငါးအသားကိုနွှင်ခြင်းက ထုံရွှယ်လူအတွက်ဒုက္ခမများပေ။ သူမ၏လက်မြန်မြန်များဖြင့် ငါးနှစ်ကောင်ကို အသားနွှင်ပြီးနောက် ဆီ၊ငရုတ်ကောင်းနှင့် ရေတို့ကိုထည့်ကာ နာရီလက်တံအတိုင်းမွှေထားလိုက်သည်။
အသားမွှေခြင်းကလည်း လုပ်အားကုန်သောအလုပ်ဖြစ်သည်။ထို့ကြောင့် ထုံရွှယ်လူက ရှောင်ကျားမင်နှင့်ထုံကျားရှင်းတို့ကို တစ်လှည့်စီကူခိုင်းလိုက်သည်။
ရှောင်းမျန်မျန်က သူမ၏အစ်ကိုအစ်မများလုပ်နေသည်ကို ဘေးမှကြည့်ကာ သူမလည်းကူညီချင်လာ၏။
သို့သော် သူမက အားသိပ်မရှိပေ။သူမအားအကုန်သုံးထားတာတောင်မှ ငါးအသားများကိုမမွှေနိုင်ပေ။
ထုံကျားရှင်းက ဗိုက်နာလာသည်အထိ ရယ်လိုက်သည်။
ငါးသားများက ပျစ်လာသောအခါ ရှီတာကီမှို၊ခါကြက်ဥ၊ ဆားတို့ကိုထည့်ပြီး ဆက်မွှေလိုက်သည်။
မက်ကရယ်ငါး၏အရေခွံကလည်း အခြားသောဖက်ထုပ်အရွက်များနှင့်မတူပေ။ ငါးအရေခွံက ဖက်ထုပ်ရွက်ထက်ပိုပါးကာ ဝူထုန်ဖက်ထုပ်ရွက်များထက်တော့ ပိုထူ၏။ အဆာသွပ်ပြီးသောအခါ ရေပူပူထဲထည့်ပြုတ်လိုက်သည်။
ပြုတ်ပြီးသောအခါ ကြက်သွန်မြိတ်ဖြူးလိုက်သည်။ဟင်းရည်ကအနှစ်အရသာပြည့်ကာ မက်ကရယ်ငါးဖက်ထုပ်ဪ နူးညံ့ကာ ဝါးလိုက်ပါကထုတ်ထုတ်လေးနှင့် အရသာရှိ၏။
ထုံရွှယ်လူက ဝေ့မိသားစုဆီကိုနည်းနည်းသွားပို့လိုက်ပြီးနောက် မောင်နှမများကဗိုက်ပြည့်သည်အထိစားလိုက်ကြသည်။
ဤအချိန်တွင်အချုပ်ထဲရောက်နေသော ထုံကျန်းကျန်းက အလွန်ဗိုက်ဆာနေသည်။
ရဲအရာရှိများက သူမ၏တည်ရှိမှုကိုမေ့သွားသည့်ပုံပင်။ ဘယ်သူမှ သူမအတွက်စားစရာနှင့် ရေများမယူလာပေးပေ။
အခုချိန်က သူမကဗိုက်ဆာကာရေငတ်နေသည့်အပြင် သူမရင်ဘတ်ကလည်း တဆစ်ဆစ်နာကျင်နေ၏။
“တစ်ယောက်ယောက်ရှိလား ကျွန်မရေသောက်ချင်တယ်”
သို့သော် သူမလည်ချောင်းသာကွဲသွားမည်၊ ဘယ်သူမှရောက်မလာပေ။
ထိုရဲအရာရှိများက တမင်လုပ်နေခြင်းဖြစ်မည်ဟု သူမခံစားမိလာသည်။
သူမထင်တာမှန်၏။ ရဲများက တမင်လုပ်နေခြင်းဖြစ်သည်။
ဤနေရာက မြို့တော်တောင်ဘက်မှ ပြည်သူ့လုံခြုံရေးဗျူရိုဖြစ်ကာ ဖူကျန့်ယိအလုပ်လုပ်နေသောနေရာလည်းဖြစ်သည်။
ဖူကျန့်ယိက ထုံကျန်းကျန်းသည် ထုံရွှယ်လူတို့မောင်နှမကို ပြသနာရှာခဲ့ကြောင်းသိ၏။ထို့ကြောင့် သဘာဝကျစွာပင် သူကူညီချင်သည်။ သူက လုပ်ဖော်ကိုင်ဖက်များကို ထုံကျန်းကျန်းအားညစာသွားမပို့ရန် လိုက်စည်းရုံးလိုက်သည်။
ပြည်သူ့လုံခြုံရေးဗျူရိုမှသူများကလည်း ထုံကျန်းကျန်းအတွက်စိတ်မကောင်းမဖြစ်ကြပေ။ အကြောင်းမှာသူမက ယန်ရုံအန်းနှင့်ဆက်နွယ်နေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ထုံကျန်းကျန်းက ဗိုက်ဆာဆာဖြင့်သာ အချုပ်ထဲတွင်တစ်ညနေခဲ့ရသည်။
အရင်တုန်းက ထုံကျန်းကျန်းသည်နစ်နာသူဖြစ်ကာ ယန်ရုံအန်းကလည်း သူမကိုကာပေးခဲ့သောကြောင့် ပြည်သူ့လုံခြုံရေးဗျူရိုက သူမကိုပြန်လည်ပြုပြင်ရေးလယ်ယာသို့မပို့ခဲ့ပေ။
သို့သော် အခုချိန်တွင် သူမကပြန်လည်ပြုပြင်ရန် ငြင်းဆန်သဖြင့် ဤကဲ့သို့သောအပြုအမူဆိုးသည် အလွယ်တကူအလွှတ်ပေး၍မရပေ။
သူ့နောက်မှ အခြားပါဝင်လှုပ်ရှားသူတစ်ချို့ဖြင့် ထုံကျန်းကျန်း၏အပြစ်ဒဏ်က လျင်မြန်စွာကျလာသည်။
သူမက ထောင်ဒဏ်ငါးနှစ်ကျကာ နောက်သုံးရက်မြောက်နေ့တွင် ပြန်လည်ပြုပြင်ရေးအတွက် လယ်ယာတစ်ခုဆီသို့ အပို့ခံရမည်ဖြစ်သည်။
အထွေထွေထောက်ပံ့ရေးဌာန ဝန်ထမ်းအိမ်ရာထဲမှ ထုံမိသားစုသည် ထုံကျန်းကျန်းကအပြစ်ပေးခံလိုက်သည်ကိုသိသောအခါ လုံးဝကိုဆွံ့အသွားကြသည်။
အမေထုံကဒေါသထွက်လွန်းသဖြင့် ရင်ဘတ်တောင်နာလာသည်။
“ဘယ်လို၀ဋ်ကြွေးမျိုးလဲ ငါကသူ့ကိုစကားနည်းနည်းဘဲပြောလိုက်မိတာပါ အဲ့ဒါကိုလူသွားရိုက်ရလား”
ရိုက်တာတောင် ထုံရွှယ်လူတို့မောင်နှမကိုသွားရိုက်ရတယ်လို့။ ထုံရွှယ်လူရဲ့အဖိုးက ဗိုလ်မှူးဆိုတာ မသိဘူးလား။
ချိုင်ချွန်းလန် :“ဖွီ ....ပြသနာရှာတတ်တဲ့သူဘဲ သူက နေ့တိုင်းနေ့တိုင်း ဘာလို့ကောင်းကောင်းကိုမနေနိုင်တာလဲ”
အရင်တစ်ခေါက်တွင် ထုံကျန်းကျန်းလုပ်ခဲ့သောကိစ္စက သိပ်မကြီးပေ။ထုံမိသားစုသာ လှုပ်ရှားလိုပါက သူမကိုလွတ်အောင်လုပ်ပေးနိုင်လောက်သည်။
သို့သော် ဒီတစ်ကြိမ်တွင် ထုံမိသားစုကလှုပ်ရှားလိုလျှင်တောင်မှ အင်အားမရှိပေ။
ထုံကျန်းကျန်းထောင်ကျသွားသည်ကို ရှန့်ဖန်းသိလိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် အိမ်မှပန်းကန်တစ်ချို့ကိုပေါက်ခွဲလိုက်မိသည်။
ထုံရွှယ်လူကိုသွားမထိပါနဲ့လို့ ဒီလောက်ပြောထားတာတောင် နားမထောင်ဘူး။
အောင်မြင်ရမှာထက်ကို ရှူံးဘဲရှူံးအောင်လုပ်နေတဲ့အရူးပဲ။
သို့သော် တစ်နေ့လောက်အချိန်ယူတွေးပြီးနောက် သူက ထုံကျန်းကျန်းကိုဆက်ပြီးလက်ထပ်ရန် ဆုံးဖြတ်လိုက်သည်။
ရှန့်မိဘများသည် ထုံကျန်းကျန်းထောင်ကျသွားပြီဖြစ်သဖြင့် သူတို့သားကိုထုံကျန်းကျန်းနှင့် လက်မထပ်ပေးချင်တော့ပေ။သို့သော် ရှန့်ဖန်းကအတိုက်အခံကိုလက်ထပ်ချင်နေ၏။ သူတို့ကဒေါသထွက်လွန်းသဖြင့် ဆေးရုံတောင်တင်လိုက်ရသည်။
ရှန့်ဖန်းက သူမကိုလက်ထပ်လိုသေးသည်ကို သိလိုက်ရသောအခါ ရှန့်ဖန်းကယောက်ျားတွေကိုဘဲကြိုက်သည်ကို သိနေလျှင်တောင်မှ ထုံကျန်းကျန်း၏ရင်ထဲထိသွားဆဲဖြစ်သည်။
သူမက ရှန့်ဖန်းသည် ဤလောကကြီးထဲတွင် သူမအပေါ်အကောင်းဆုံးသူဟူ ခံစားမိသွားသည်။
သူမက ရှန့်ဖန်းကိုဖြောင့်လာအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူမလွတ်လာသောအခါ သူတို့နှစ်ယောက်က ကလေးအနည်းငယ်ယူပြီး စီးပွားရေးအတူတူလုပ်ကာ အချမ်းသာဆုံးသူများဖြစ်လာလိမ့်မည်။ ထိုအချိန်ကျလျှင် ဟိုခွေးမထုံရွှယ်လူကို နင်းချေပစ်မည်။
ပိုကောင်းလာမည့်နေ့ရက်များကစောင့်မျှော်နေရာ သူမကမျှော်လင့်ချက်များပြည့်လာလေသည်။
🍵
နေ့လယ်စာစားချိန်တွင် ဖန်ကျင်းယွမ်က စားသောက်ဆိုင်သို့ စက်ဘီးတစ်စီးဖြင့် ရောက်ချလာသည်။
သူမက လှေကားပေါ်သို့အမြန်ပြေးတက်သွားကာ ပြောပြလာ၏။
“အဲ့ဒီလူယုတ်မာရှန့်ဖန်းကရူးနေတာများလား ထုံကျန်းကျန်းကထောင်ချခံလိုက်ရတာကို သူကလက်ထပ်ချင်နေသေးတယ်”
ထုံရွှယ်လူက စာဖတ်နေရာမှမော့ကြည့်လိုက်သည်။
“သူမရူးပါဘူး”
သူက ထုံကျန်းကျန်းရဲ့အနာဂတ်ကိုမြင်နိုင်တဲ့စွမ်းရည်ကိုသိတယ်။
ဖန်ကျင်းယွမ်က မျက်လုံးပြူးသွားသည်။
“သူမရူးဘူးလား ဒါဆိုသူကအဲ့ဒီကောင်မထုံကျန်းကျန်းကိုတကယ်ကြိုက်သွားတာလား”
သူမက ရှန့်ဖန်းကိုမကြိုက်တော့သော်လည်း လက်မခံနိုင်သလိုခံစားလိုက်ရသည်။
သူမကိုယ်သူမ ထုံကျန်းကျန်းထက်ပိုလှကာ မိသားစုအခြေအနေကလည်းပိုကောင်းသည်ဟုထင်၏။ ရှန့်ဖန်းက ဘာလို့သူမကိုမဟုတ်ဘဲ ထုံကျန်းကျန်းကိုသဘောကျသွားရတာလဲ။
ထုံရွှယ်လူက အံဆွဲထဲမှ အမဲသားတုံးများထုတ်ကာ သူမကိုပေးလိုက်သည်။
“နင်ကဘာလို့ လူယုတ်မာတစ်ယောက်အတွက် ဒေါသထွက်နေရတာလဲ”
ထုံကျန်းကျန်းက စာအုပ်ထဲမှအမျိုးသမီးဇာတ်ကောင်ကဲ့သို့ အလွန်ကံကောင်းသည်။ ယန်ရုံအန်းသေပြီးနောက် ရှန့်ဖန်းကထပ်ရောက်လာသည်။
သူမက မကောင်းဆိုးဝါးများကို ရှူံးနိမ့်အောင်လုပ်နိုင်သည့် နည်းလမ်းတစ်ခုခုရှိနေသလိုပင်ဖြစ်သည်။
မမျှော်လင့်ထားစွာဖြင့် သူမအဖြေရှာမရသေးခင်မှာဘဲ လယ်ထဲမှ ထိတ်လန့်စရာသတင်းထွက်လာသည်။
--
ထုံကျန်းကျန်းနှင့် ရှန့်ဖန်းက အဆိပ်မိပြီး ဆေးရုံရောက်သွားကြသည်။
တိုက်ဆိုင်စွာပင် ထိုနေ့က အချစ်ရေးတွင်လက်သစ်ဖြစ်သည့် ရဲဘော်ကျိုးရန်လက်ထပ်မည့်နေ့လည်းဖြစ်၏။
🍵
ကျိုးရန်က လက်ထပ်တော့မည်ဖြစ်ပြီး သုတေသနခန်း၏ လုပ်ငန်းဆောင်တာများလည်း ပြီးဆုံးလုပြီ ဖြစ်၍ ဝမ်ရူကွေ့က နှစ်ရက်မျှ ခွင့်ယူပြီးနောက် ပြန်လာ၍ရပေမည်။
ထိုည၌ နောက်ကျမှ ပြန်ရောက်လာခဲ့ပြီး သူနှင့် ဟွမ်ချီမင်တို့က နောက်တစ်နေ့ မနက်စောစောတွင် ပြင်ဆင်လုပ်ကိုင်ပေးရန် ကျိုးရန်၏ အိမ်သို့ သွားခဲ့ကြသည်။ ဤသို့ဖြင့် သူနှင့် ထုံရွှယ်လူတို့ တွေ့နိုင်ကြဦးမည် မဟုတ်ပေ။
ထုံရွှယ်လူက မနက်စောစော နိုးထလာပြီး ပုံမှန်အတိုင်းပင် အလုပ်သို့ သွားလိုက်ပြီးနောက် ပစ္စည်းများ ဝယ်ခြမ်းပြီးသွားသောအခါ ကုန်သွယ်ရေးဌာနသို့ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာခဲ့သည်။
အသိုင်းအဝိုင်းတစ်ခုတည်း၌ လျှို့ဝှက်ချက်ဟူ၍ မရှိပေ။ ထုံရွှယ်လူတစ်ယောက် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ နိုင်ငံရေးဗျူရိုမှ စုံစမ်းစစ်ဆေးရန် ခေါ်ယူခံရသည့် သတင်းကိုလည်း စားသောက်ဆိုင်မန်နေဂျာများက တစ်ယောက်ပြီးတစ်ယောက် ရရှိခဲ့ကြပြီးသားပင်။
အချို့လူများမှာ ကန်ငါးကို အန္တရာယ်ပြုမိမည့်အလား ထုံရွှယ်လူကို တမင်တကာ ရှောင်ဖယ်ခဲ့ကြသည်။ အချို့လူများမှာ ဟင်းခတ်အမွှေးအကြိုင်ထုပ်များကိုပင် မဝယ်ယူခဲ့ကြပေ။
ယခုတွင် ထုံရွှယ်လူ အဆင်ပြေနေကြောင်း သိလိုက်ကြသောအခါ ထပ်ပြီး လှုပ်ရှားလာကြပြန်သည်။
အမှန်မှာ ထုံရွှယ်လူက ဗိုလ်ချုပ်တစ်ယောက်၏ မြေးဖြစ်နေကြောင်းလည်း သိနေကြ၍ ထိုအခိုက်တွင် လူတိုင်းက သူမအပေါ် စိတ်အားထက်သန်လာကြပြီး သားသမီးအရင်းကို တွေ့နေရသကဲ့သို့ ပြုံးပြလာကြသည်။
ထုံရွှယ်လူမှာ ၎င်းက လူသားတစ်ယောက် ဖြစ်စေ နတ်ဆိုးတစ်ယောက် ဖြစ်စေ နှလုံးသားထဲတွင် ကောင်းကောင်း သိထားပြီးသား ဖြစ်သည်။
သို့သော်ငြား ထိုအုပ်စုထဲတွင် မန်နေဂျာတန့်ဟု ခေါ်သူ တစ်ယောက် ရှိနေသည်။ ထိုသူ၏ သဘောထားမှာ အစမှ အဆုံးထိ မပြောင်းလဲသွားခဲ့ပေ။ ထိုသူက ကပ်ဖားရပ်ဖား လုပ်ခြင်းမျိုး သို့မဟုတ် စိတ်ကြီးဝင်ခြင်းမျိုးလည်းမရှိဘဲ စိတ်အေးလက်အေး အမူအယာသာ ရှိခဲ့သည်။
မန်နေဂျာတန့် စီမံနေသော စားသောက်ဆိုင်၏ တည်နေရာမှာ သိပ်မကောင်းလှသော်ငြား စားသောက်ဆိုင်ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်သည့်အတွက် လုပ်ရည်ကိုင်ရည်ရှိသူသာ ဖြစ်ပေလိမ့်မည်။
ထုံရွှယ်လူ အခြားသူများနှင့် နှုတ်ဆက်စကား ပြောပြီးသွားသောအခါ ထိုသူက အနားသို့ လျှောက်လာပြီး ယဥ်ကျေးစွာ မေးလိုက်သည်။
"မန်နေဂျာထုံ... ကျွန်တော် မေးချင်တာ နွေရာသီ ရောက်ပြီဆိုတော့ မင်းတို့ စားသောက်ဆိုင်ကနေ ဟင်းပွဲအသစ်တွေ ဟင်းခတ်အမွှေးအကြိုင်အသစ်တွေ ဖြန့်ဖြူးတော့မှာလားလို့ပါ"
ထုံရွှယ်လူ ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဟုတ်... ကျွန်မတို့ စားသောက်ဆိုင်က အအေးစာ ဟင်းပွဲတွေကို မိတ်ဆက်ဖို့ စီစဥ်ထားပါတယ်... အအေးစာတွေက လန်းဆန်းပြီးတော့ ဆီများပြီး အီစိမ့်နေတာမျိုး မဖြစ်ဘူး... နွေရာသီအတွက် ပိုပြီး သင့်တော်လိမ့်မယ်"
မန်နေဂျာတန့်: "ဒါဆိုရင် မန်နေဂျာထုံ ဟင်းပွဲတွေ မိတ်ဆက်တော့မှ လာပြီး မြည်းစမ်းကြည့်ပါဦးမယ်... မာလာထန်းလို ဟင်းအနှစ်ထုပ်မျိုးတွေ ရှိရင် အကောင်းဆုံး ဖြစ်မှာပဲ"
ထုံရွှယ်လူက ခေါင်းယမ်းပြလိုက်သည်။
"အအေးစာတွေက လုပ်ရလွယ်ပြီးတော့ ဟင်းခတ်အမွှေးအကြိုင် အများကြီး မလိုဘူး... ဒါပေမယ့် အအေးစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်နေအောင် ပြုလုပ်ဖို့လိုအပ်တယ်... ဒါပေမယ့် အနက်ရောင်မှိုတွေလို ပါဝင်ပစ္စည်းတွေက ညသိပ်ထားပြီးမှ စားလို့မရဘူး... မဟုတ်ရင် အဆိပ်အတောက် ဖြစ်စေတတ်တယ်"
မန်နေဂျာတန့် ထိတ်လန့်သွားသည်။
"မှိုတွေက ညလွန်သွားရင် အဆိပ်ဖြစ်စေနိုင်တယ်လား... ကျွန်တော် တစ်ခါမှ မကြားဖူးဘူး"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။
"အနက်ရောင်မှိုတွေက အကြာကြီး စိမ်ထားရင် အဆိပ်အတောက်တွေ ဖြစ်စေနိုင်တယ်... မှိုဖြူတွေလည်း အတူတူပါပဲ"
ဤခေတ်လူများပင် မဆိုထားနှင့် နောက်ပိုင်းခေတ်မှ လူများပင် ထိုအကြောင်းကို သိပ်မသိကြပေ။
မန်နေဂျာတန့်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ "ဒီစကားကို အရင်က တစ်ခါမှ မကြားဖူးပေမယ့် လူ့အသက်အန္တရာယ် လုံခြုံမှုနဲ့ ကျန်းမာရေးအတွက်ဆို သတိထားတာ အကောင်းဆုံးပါပဲ"
နှစ်ယောက်သားက တစ်ခဏမျှ စကားပြောကြပြီးနောက် အကြီးအကဲများ ရောက်ရှိလာခဲ့သည်။
အစည်းအဝေးက ရှည်လျား၍ ပျင်းရိဖွယ်ကောင်းလှပြီး နောက်ဆုံးတွင် အစည်းအဝေး အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။ ထုံရွှယ်လူ ထွက်သွားတော့မည်အပြု ဝန်ကြီးလင်းက တားလာသည်။
"မန်နေဂျာထုံ... ရုံးခန်းထဲကို လိုက်ခဲ့ပါဦး"
ထွက်မသွားရသေးသည့် အခြားသော မန်နေဂျာများမှာ ထိုစကားကို ကြားသောအခါ ထုံရွှယ်လူကို မနာလိုသော မျက်လုံးများဖြင့် ကြည့်လာခဲ့ကြသည်။ သူတို့ မန်နေဂျာဖြစ်လာခဲ့သည်ပင် နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း ဝန်ကြီးလင်း၏ ရုံးခန်းထဲသို့ တစ်ခါမှပင် အခေါ်မခံခဲ့ဖူးကြပေ။