အပိုင်း၂၄၆
Viewers 67k

🍵Chapter 246




ထုံရွှယ်လူက အမေရှောင်ဆီမှရထားခဲ့သည့် သင်္ချာ၊ရူပနှင့်ဓာတုစာအုပ်များကို စားသောက်ဆိုင်သို့ယူလာပြီး ဝန်ထမ်းများကိုကော်ပီတစ်ခု‌စီဆုချလိုက်၏။


လိုအပ်သောသူများကကိုယ့်အတွက်ကိုယ်သုံးကာ မလိုအပ်သောသူများကလည်း အိမ်ပြန်ယူသွားပြီး ဆွေမျိုးများကိုပေးနိုင်၏။


ဝန်ထမ်းတစ်ချို့အတွက် ဤဆုက အနည်းငယ်ထူးဆန်းသော်လည်း ကြင်နာသောသဘောဖြင့်ပေးလာသောကြောင့် သူတို့က ကျေးဇူးတင်စွာလက်ခံလိုက်ကြသည်။


ထုံကျန်းကျန်းက ထုံရွှယ်လူ၏စားသောက်ဆိုင်က ဒုက္ခရောက်ကာ စီးပွားရေးကျသွားမည်ဟုထင်ထားခဲ့၏။ထိုအခါ သူမကဆိုင်မန်နေဂျာရာထူးကတောင် ပြုတ်သွားနိုင်သည်။


မမျှော်လင့်စွာပင် စားသောက်ဆိုင်၏စီးပွားရေးက လုံးဝကိုမထိခိုက်လာသလို ထုံရွှယ်လူကလည်းမန်နေဂျာနေရာကို ခိုင်မာစွာအရယူထားဆဲဖြစ်သည်။


သူမ အရမ်းဒေါသထွက်တယ်။


အမေထုံကအလုပ်ဆင်း၍အိမ်ပြန်လာသောအခါ ထုံကျန်းကျန်းကအိမ်တွင်ရှုပ်ပွအောင်လုပ်ထားသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။


“နင်ကအလုပ်မရှိတော့ဘူးလေ အဲ့ဒါကိုအိမ်မှာကူမလုပ်ပေးဘူးလား၊ နင်ဘာလုပ်ထားတယ်ဆိုတာကို ပြန်ကြည့်ကြည့်စမ်း”


ထုံကျန်းကျန်းက အလုပ်ထုတ်ခံရပြီးကတည်းက ဘာအလုပ်မှမလုပ်ခဲ့ပေ။နောက်ပိုင်းတွင် သူမ၏မိသားစုက သူမအပေါ်သဘောထားဆိုးလာသည်ဟု အမြဲလိုလိုခံစားခဲ့ရသည်။အခုတွင်ဤစကားကိုကြားလိုက်ရသောအခါ သူမကချက်ချင်းပင်မပျော်မရွှင်ဖြစ်သွားသည်။


“သမီးကအမြဲတမ်းဒီလိုဘဲလေ အရင်တုန်းကကျအမေဘာမှမပြောခဲ့ပါဘူး အခုကျသမီးအလုပ်လည်းမရှိရော အမေကသဘောမကျတော့ဘူးလား”

 

အမေထုံကဒေါသထွက်သွားကာ သူမကိုကြည့်ပြီးပြောလာ၏။

“နင်ဘာပြောလိုက်တာ ငါကနင့်ကိုသဘောမကျဘူးလို့ဘယ်တုန်းကများပြောခဲ့လို့လဲ”


ထုံကျန်းကျန်းက ခါးသီးစွာပြောလာ၏။

“စိတ်မပူပါနဲ့ သမီးကမကြာခင်မှာလက်ထပ်တော့မှာ အဆိုးဆုံးပြောရရင် လက်ထပ်ပြီးတဲ့နောက်မှာ သမီးကထုံရွှယ်လူနဲ့တူမှာမဟုတ်ဘူး ပြန်လာမှာ”


အမေထုံ၏မျက်နှာက ဒေါသဖြင့်နီတလှည့်ဖြူတလှည့်ဖြစ်နေသည်။


“......နင်..နင်”


ထုံကျန်းကျန်းက သူမကိုလှည့်မကြည့်ဘဲပြေးထွက်သွားသည်။


အမေထုံက ဒေါသထွက်လွန်းသဖြင့်ဆိုဖာပေါ်သို့လဲကျသွားကာ ရင်ဘတ်ကိုကိုင်ရင်းငိုလာ၏။


“အနှောင့်အယှက်တွေ သူတို့အားလုံးက မိစ္ဆာအနှောင့်အယှက်တွေ ၊မိုးကောင်းကင်ရေ ဒီလိုဝဋ်ကြွေးတွေခံစားနေရအောင် ကျွန်မအရင်ဘဝကဘာလုပ်ခဲ့မိတာလဲ”


ထုံကျန်းကျန်းက ထုံအိမ်မှထွက်လာပြီး လမ်းမပေါ်တွင် ဦးတည်ရာချက်မရှိလျှောက်သွားနေသည်။ ခန‌လောက်တွေးကြည့်လိုက်ပြီးနောက် သူမကရှောင်းကျားမင်တို့မောင်နှမကိုသတိရသွားသည်။


အစတုန်းက သူမက ယန်ရုံအန်းနှင့်လက်ထပ်ကာ ဝန်ကြီးကတော်ဖြစ်တော့မှာဖြစ်သဖြင့် ထိုမောင်နှမသုံးယောက်က အနာဂတ်တွင်‌big bossများဖြစ်လာမှာကို ဂရုမစိုက်တော့ပေ။


ထိုအချိန်တုန်းက သူတို့သုံးယောက်ကိုထုံရွှယ်လူနှင့်အတူဖျက်စီးရမည့်စာရင်းထဲတွင် ထည့်ထားခဲ့သည်။


သို့သော်အခုတွင် ဝန်ကြီးကတော်အိပ်မက်ကတစစီကြေကွဲသွားပြီဖြစ်ရာ ထိုမောင်နှမသုံးယောက်၏နှလုံးသားကိုအနိုင်ယူရန် အရေးကြီးလာ၏။


ထိုသို့တွေးမိလိုက်သောအခါ ထုံကျန်းကျန်းကကျောင်းဆီသို့ဦးတည်လိုက်သည်။


ကျောင်းသို့ရောက်သောအခါ ကျောင်းစောင့်ရှိနေသဖြင့် သူမကအထဲသို့ဝင်ခွင့်မရပေ။ထို့ကြောင့် သူမကကျောင်းပေါက်ဝတွင်သာစောင့်နေရသည်။


တစ်နာရီထပ်မနည်းစောင့်ကာ ခြေထောက်များကျဉ်လာပြီးမှ ထုံကျားရှင်းနှင့်ကျောင်းသားတစ်အုပ် ကျောင်းထဲမှရယ်ရယ်မောမောဖြင့်ထွက်လာသည်ကို မြင်လိုက်ရသည်။


ထုံကျားရှင်းကိုမြင်သောအခါ သူမကမမှတ်မိလုနီးပါးဖြစ်သွား၏။


သူမထုံအိမ်မှထွက်သွားသည့်အချိန်တွင် ထုံကျားရှင်းက အရပ်ပု၊ပိန်လှီကာ အသားမဲနေပြီး ရုပ်ဆိုးဆိုးမျောက်လိုပင်ဖြစ်သည်။


သို့သော်အခုချိန်တွင် ထုံကျားရှင်းကအရပ်ရှည်လာပြီး အသားလည်းပိုဖြူလာကာ အခြားကျောင်းသားများထက်ပိုကောင်းသောဝတ်စုံများကို ဝတ်ဆင်ထားသည်။


ထုံရွှယ်လူက ထိုမောင်နှမသုံးယောက်ကို ကောင်းကောင်းဂရုစိုက်ထားပေးသည့်ပုံပင်။


ထုံကျန်းကျန်းက သူမရင်ထဲတွင်အေးစက်စွာနှာခေါင်းရှူံ့လိုက်ပြီးနောက် အပြုံးတစ်ခုတပ်ကာ လျှောက်သွားလိုက်သည်။


“ကျားရှင်း ကျောင်းဆင်းပြီလား”


ထုံကျားရှင်းက သူ့မနေ့ညကစားခဲ့ရသည့် ချဉ်စပ်ခေါက်ဆွဲသည် ဘယ်လိုအရသာရှိကြောင့် သူငယ်ချင်းများအား ပြောပြနေ၏။ သူကစိတ်လှုပ်ရှားတကြီးပြောပြနေသဖြင့် ထုံကျန်းကျန်းကိုမကြားလိုက်ပေ။


ထုံကျန်းကျန်းက သူမကိုတမင်လျစ်လျူရှုနေသည်ဟုထင်သွားကာ သူမရင်ထဲတွင်မီးတောက်လာသည်။သူမအသံကခုနကထက်ပိုမြင့်လာ၏။


“ထုံကျားရှင်း နင်ငါပြောတာကိုမကြားဘူးလား”


ဒီတစ်ကြိမ်တွင် ထုံကျားရှင်းသာမက အခြားကျောင်းသားများပါကြားသွားသည်။လူတိုင်းကထုံကျန်းကျန်းကိုကြည့်လိုက်ကြသည်။


ထုံကျားရှင်းက ထုံကျန်းကျန်းကိုမြင်လိုက်ရသောအခါ မျက်လုံးပြူးသွားသည်။


“ဘာလို့ဒီကိုရောက်လာတာလဲ”


ထုံကျန်းကျန်းက ပြုံးပြလိုက်သည်။

“ကျားရှင်း အစ်မကနင့်ကိုမတွေ့ရတာအတော်ကြာပြီ၊ ဒီနေ့မှာ ငါကနင်တို့မောင်နှမတွေကို အစိုးရစားသောက်ဆိုင်မှာလိုက်ကျွေးမလို့ လာကြိုတာ”


ထုံကျားရှင်းက ခွီခနဲရယ်လိုက်သည်။

“ခင်ဗျားက ကျွန်တော့်အစ်မမဟုတ်ဘူး ကျွန်တော့်အစ်မက ခင်ဗျားထက်ပိုပြီးလှတယ် ခင်ဗျားထက်ပိုအရည်အချင်းရှိတယ် ခင်ဗျားက မကောင်းတဲ့သူ ခင်ဗျားနဲ့ညစာစားဖို့မလိုက်ချင်ပါဘူး”


ထုံကျန်းကျန်း၏မျက်နှာက ဒေါသဖြင့်နီရဲလာသော်ငြား ဒေါသမထွက်ပြရဲပေ။

“ကျားရှင်းက ငါကဘာလို့နင့်အစ်မမဟုတ်ရမှာလဲ နင်ငယ်ငယ်တုန်းကတောင် ငါချီဖူးသေးတယ် လာ ဒီကိုလာပါ”


“ထုံကျန်းကျန်း ခင်ဗျားရှေ့ထပ်တိုးလာလို့ကတော့ ပြည်သူ့လုံခြုံရေးဗျူရိုမှာ ပြန်ပေးဆွဲမှုနဲ့သွားတိုင်လိုက်မယ်”


ထိုသို့ပြောပြီးနောက် ထုံကျားရှင်းကသူမကိုပြောင်ပြကာ ထွက်ပြေးသွားသည်။


"..."


ထုံကျန်းကျန်းက အသက်မရှူနိုင်တော့ဘဲ ဒေါသကြောင့်သွေးအန်မိတော့မလိုဖြစ်သွားသည်။


ထုံကျားရှင်းက အိမ်သို့မြန်မြန်ပြန်လာပြီး သူ့ဒုတိယအစ်ကိုကို တွေ့သောအခါ ထုံကျန်းကျန်းအကြောင်းပြောပြလိုက်သည်။


ရှောင်းကျားမင် :“မင်းလုပ်တာမှန်တယ် သူမကိုမြင်တာနဲ့ ထွက်ပြေးခဲ့.. သွားပြီးရောရောနှောနှောမနေနဲ့”


ထုံကျားရှင်းကခေါင်းကုတ်လိုက်သည်။

“မမကြီးမနေ့ကပြောတုန်းက မလိုအပ်ဘဲပြောနေတယ်လို့ကျွန်တော်တွေးလိုက်မိသေးတယ် မမကြီးပြောတာကမှန်နေမယ်လို့ မထင်ထားဘူး”


ရှောင်းကျားမင်က သူ့ကိုနည်းနည်းဆုံးမပြီးနောက် ရှောင်းမျန်မျန်ကိုပြန်ခေါ်လာရန် ဝေ့မိသားစုအိမ်သို့သွားလိုက်သည်။


ထုံကျန်းကျန်းက ပြန်တွေးကြည့်လေလေ ပိုပိုပြီးဒေါသထွက်လာလေဖြစ်သည်။ သူမက ဒီအချိန်ဆိုလျှင်ထုံရွှယ်လူပြန်မရောက်လောက်သေးဘူးဟု ‌တွေးမိသဖြင့် ထုံမိသားစုအိမ်သို့ဦးတည်လိုက်သည်။


တံခါးခေါက်သံကြားသောအခါ ရှောင်းကျားမင်ကအိမ်ထဲမှမေးလာသည်။


“ဘယ်သူလဲ”


ထုံကျန်းကျန်းက အသံစူးစူးဖြစ်အောင်လုပ်ပြောလိုက်သည်။


“စာရောက်လာပါတယ် အနောက်မြောက်ဘက်ကပို့လာတာပါ”


ရှောင်းကျားမင်က စာပို့သမားအသစ်ဟုထင်သွားကာ သံသယမဝင်တော့ပေ။သူကတံခါးဖွင့်လိုက်သည်။


တံခါးဖွင့်လိုက်သောအခါ ထုံကျန်းကျန်း၏မျက်နှာကိုမြင်လိုက်ရသည်။


“ထွက်သွားစမ်း”


ရှောင်းကျားမင်က အော်လိုက်ကာ တံခါးပိတ်တော့မည့်အချိန်တွင် ထုံကျန်းကျန်းက သူ့ထက်တစ်လှမ်းသာပြီး တံခါးကိုပြင်းပြင်တွန်းလာသည်။


“ကျားမင် ဒီလိုမလုပ်ပါနဲ့ အစ်မကနင်တို့အကြောင်းကို အများကြီးတွေးနေတာ အထဲပေးဝင်ပါလား”


ရှောင်းကျားမင်ကကောင်လေးဖြစ်သော်လည်း အရွယ်မရောက်သေးပေ။ သူကထုံကျန်းကျန်းလောက်အားမရှိသောကြောင့် တံခါးကတစ်ခါတည်းပွင့်သွားသည်။


ရှောင်းကျားမင်ကနောက်သို့နှစ်လှမ်းလောက်ဆုတ်လိုက်ရသည်။

“ထုံကျန်းကျန်း ခင်ဗျားအခုထွက်သွားရင်ကောင်းမယ် မဟုတ်လို့ကတော့ ကျွန်တော်တစ်ယောက်ယောက်ကိုခေါ်လိုက်မယ်”


ညီအစ်ကိုနှစ်ယောက်လုံးက ရင်ဆိုင်ရခက်နေသည်ကိုမြင်သောအခါ ထုံကျန်းကျန်းကဒေါသထွက်လာသည်။


“ကျားမင် အဖေရှိတုန်းက ငါတို့ဆက်ဆံရေးကောင်းခဲ့တယ်လေ အမေရှိတုန်းကဆို....”


ရှောင်းကျားမင်က သူမကိုဖြတ်ပြောလာသည်။


“လူယုတ်မာမ အဖေနဲ့အမေဒုက္ခရောက်နေတုန်းကပေါ်မလာဘူး ငါတို့ဆက်ဆံရေးကကောင်းတယ်လို့ ဘယ်ပါးစပ်နဲ့ပြောရဲတာလဲ”


ထုံကျန်းကျန်းက ဒေါသထွက်သော်လည်း ထိန်းချုပ်ထားလိုက်သည်။


“ကျားမင်... နင်အဲ့ဒီမိန်းမထုံရွှယ်လူလှည့်စားတာကို ခံနေရတာ ငါကသာနင်တို့အပေါ်တကယ်ဂရုစိုက်တဲ့သူပါ”


ဤအချိန်တွင် ထုံကျားရှင်းကလည်းဆူညံသံများကိုကြားကာ ပြေးထွက်လာသည်။


“မကောင်းတဲ့မိန်းမကြီး ဘာလာလုပ်တာလဲ ဒီကိုထပ်ရောက်လာပြန်ပြီလား”

 

ထုံကျန်းကျန်း၏မျက်နှာက ဒေါသဖြင့်နီရဲလာသည်။


“ငါက ထုံရွှယ်လူကြောင့် အပြစ်ပေးခံရပြီး လယ်တောထဲအပို့ခံခဲ့ရတယ်၊ ငါပြောပြမယ် ထုံရွှယ်လူက နင်တို့ကိုအသုံးချနေတာ.....”


“ဟုတ်လား ဒါဆိုလည်းငါကဘယ်လိုအသုံးချနေတယ်ဆိုတာကို ပြောပြပါဦး”


ထုံကျန်းကျန်းပြော၍မပြီးသေးခင်မှာပင် သူမအနောက်မှအေးစက်နေသောအသံတစ်ခုထွက်လာ၏။


ထုံကျန်းကျန်းကကြောက်သွားပြီး လက်ပါတုန်သွားကာ ထုံရွှယ်လူကိုလှည့်ကြည့်လိုက်သည်။


“နင်ကအမြင့်ကိုတက်ဖို့ ထုံမိသားစုရဲ့‌အလုပ်နေရာကို အသုံးချခဲ့တာ သူတို့အပေါ်ဘယ်လောက်တောင်ချစ်တာလို့ ငါ့ကိုလာမပြောနဲ့ နင်သာထုံမိသားစုအပေါ် နည်းနည်းလေးတောင် သံယောဇဉ်ရှိရင် နင့်မိဘတွေကဘယ်လိုဆုံးသွားမှာလဲ.. အဲ့ဒီအချိန်တုန်းက နင် ဘာလို့ပြန်မလိုက်လာခဲ့လဲ ...ဘာလို့လဲဆိုတော့ နင်ကသူတို့ကိုမတွေ့ချင်လို့လေ...အဲ့ဒါကြောင့် သူတို့ကဝမ်းနည်းပြီးရင်း ဝမ်းနည်း......”


ဖြန်း။။


ထုံကျန်းကျန်းပြော၍မပြီးသေးခင်မှာပင် ထုံရွှယ်လူကသူမပါးကိုရိုက်ချလိုက်သည်။


ထုံကျန်းကျန်း၏မျက်နှာက ဆစ်ခနဲဖြစ်သွားကာ အံကြိတ်လိုက်သည်။


“ခွေးမ နင်ကငါ့ကိုရိုက်ရဲတယ်လား”


ထုံရွှယ်လူကပြုံးလိုက်သည်။

“ရိုက်ရဲလို့ ရိုက်လိုက်တာပေါ့ ဘာလဲရိုက်ဖို့ရက်ရွေးနေရဦးမှာလား”


ထုံကျန်းကျန်းကဒေါသဖြင့် သူမဆီပြေးလာ၏။

သေအောင်ရိုက်ပစ်မယ်။


ထုံရွှယ်လူက သူမခုန်အုပ်လာသည်ကိုစောင့်ကာ လက်ကိုဆွဲပြီး အနောက်ဘက်သို့ပစ်ချလိုက်သည်။


ဘန်းးခနဲအသံမြည်လာ၏။

ထုံကျန်းကျန်းကမြေကြီးပေါ်သို့ပြုတ်ကျသွားကာကျောဘက်မှနာလာ၏။


ထုံရွှယ်လူက အခွင့်အရေးကိုအရယူကာ ပြေးလာပြီး သူမပေါ်တွင်ထိုင်ကာ ထုံကျန်းကျန်း၏ရင်ဘတ်များကို သဲအိတ်များလို တရစပ်ထိုးလိုက်သည်။


မိန်းမတစ်ယောက်ကြောင့် ဘာလို့စိတ်အနှောင့်အယှက်အဖြစ်ခံမှာလဲ။ ဘယ်ဘက်ရင်သားကို တစ်ချက်ထိုးလိုက်သည်။


မိန်းမတစ်ယောက်ကြောင့် ဘာလို့စိတ်အနှောင့်အယှက်အဖြစ်ခံမှာလဲ။ ညာဘက်ရင်သားကို တစ်ချက်ထိုးလိုက်သည်။


ထုံကျန်းကျန်းက နာလွန်းသဖြင့် အော်ဟစ်လာကာ လည်ပင်းမှကိုင်ခံထားရသည့် ကြက်လိုအော်ဟစ်နေ၏။


ရှောင်းကျားမင်တို့ညီအစ်ကိုနှစ်ယောက်: ‘အံ့ဩနေသောအီမိုဂျီ’


ဒီမြင်ကွင်းကဘာလို့အရမ်းရင်းနှီးနေတာလဲ။


ဝေ့မိသားစုက ဆူညံသံများကြောင့်ထွက်လာသောအခါ ဤအခြေအနေကိုမြင်လိုက်ရသဖြင့် အံ့ဩသွားကြသည်။


ရှန်ဝမ်ရုန် :“ ရွှယ်လူ ဘာတွေဖြစ်နေတာလဲ”


ထုံရွှယ်လူ :“အဖွားရှန် သူကထုံကျန်းကျန်းဘဲ၊ အရင်တုန်းက မျန်မျန်ကိုရိုက်ခဲ့တဲ့သူ အခုလည်းမျန်မျန်တို့မောင်နှမကို အနိုင်လာကျင့်တာ ‌ကျေးဇူးပြုပြီး ပြည်သူ့လုံခြုံရေးဗျူရိုကိုသွားပေးပါဦး အမှုဖွင့်ရမယ်”


ရှန်ဝမ်ရုန်က လျင်မြန်စွာခေါင်းညိတ်လာ၏။

“ဟုတ်ပြီ အဖွား ‌ကျူးကျူးတို့အဖိုးကိုသွားခိုင်းလိုက်မယ်”


ထိုသို့ပြောကာ အဖွားရှန်က ပြေးထွက်သွားသည်။


ထုံကျန်းကျန်းက အကြောက်တရားဖြင့်ဖြူဖျော့လာသည်။


“ထုံရွှယ်လူ ငါ့ကိုလွှတ်စမ်း၊ နင်ငါ့ကို ပြည်သူ့လုံခြုံရေးဗျူရိုစီသွားတိုင်လို့မရဘူး”


ဘယ်လိုဘဲဖြစ်နေပါစေ သူမကလယ်တောလိုနေရာမျိုးကိုပြန်မသွားနိုင်ပေ။


ထုံရွှယ်လူက ပြုံးပြလိုက်သည်။

“နင်ကိုယ်တိုင် ဒီကိုလာပြီးအသေခံတာကို နင့်ဆန္ဒတွေအတိုင်းမဖြည့်ဆည်းပေး‌လိုက်ရင် ငါက အရူးဖြစ်မသွားဘူးလား”


သူမက ထုံကျန်းကျန်းကို လယ်တောထဲပြန်ရောက်အောင် ဘယ်လိုပို့ရမလဲစဉ်းစားနေခဲ့ရ၏။ ထုံကျန်းကျန်းဘက်က လက်ဦးမှုယူပြီးရောက်လာကာ သူမခေါင်းကိုပေးလာမည်ဟု မထင်ထားခဲ့ပေ။

 

အရမ်းကိုစဉ်းစားပေးတတ်တာဘဲ။


ထိုသို့ပြောပြီးနောက် သူမကထုံကျန်းကျန်း၏ရင်ဘတ်ကိုဆက်ထိုးနေလိုက်သည်။


ထုံကျန်းကျန်းက ခက်ခဲသောအခြေအနေ‌တွင်ရောက်နေ၏။ဘယ်ဘက်ရင်သားကိုထိုးပြီးလျှင် ညာလက်ရင်သားကိုထိုးသည်။


အရမ်းမိုက်လိုက်တာ။


ထုံကျန်းကျန်းက နာကျင်မှုဖြင့်အော်ဟစ်လာသည်။

“အရူးမ ငါ့ကိုလွှတ်ပေးစမ်း”


ထုံကျန်းကျန်းက ပြင်းပြင်းထန်ထန်ရုန်းကန်လာသည်။ ဘေးတွင်ရပ်နေသည့် ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ကလည်း သတိပြန်ဝင်လာကာ ပြေးလာကြသည်။တစ်ယောက်က ထုံကျန်းကျန်း၏လက်ကိုဖိထားကာ တစ်ယောက်က သူမခြေထောက်ကိုဖိထား၏။


ထုံကျန်းကျန်း: "..." သေလိုက်ပါတော့။


သိပ်မကြာခင်မှာဘဲ ရဲများရောက်လာ၏။


ဒါပေါ့၊ သူတို့လာတဲ့အချိန်မှာတော့ ဆံပင်ဖိုသီဖတ်သီဖြစ်နေသော ထုံရွှယ်လူနှင့် ငိုယိုနေသောမောင်နှမသုံးယောက်ကိုသာ မြင်လိုက်ရသည်။


ထုံရွှယ်လူက မျက်ရည်များကိုသုတ်ကာ ပြောပြလာ၏။


“အရာရှိကြီး ထုံကျန်းကျန်းကအရင်တစ်ခေါက်တုန်းကလည်း ကျွန်မရဲ့ညီမလေးကိုထိခိုက်အောင်လုပ်ခဲ့လို့ ပြန်လည်ပြုပြင်‌ရေး လယ်ယာကိုအပို့ခံရပြီးပါပြီ၊ နောက်ပိုင်းမှာ လူသတ်သမားယန်ရုံအန်းကြောင့် လွတ်လာပါတယ် ဒါပေမယ့် သူမကအသိတရားမရဘဲ ကျွန်မရဲ့မောင်နှမတွေကို အနိုင်လာကျင့်ပြန်ပြီ အရာရှိကြီးတို့ ကျွန်မတို့အတွက်မျှတအောင်လုပ်ပေးပါရှင်”


ရဲများသည် ရှောင်းကျားမင်တို့မောင်နှမသုံးယောက်က မျက်လုံးများနီသည်အထိ ငိုထားသည်ကို တွေ့လိုက်ရသည်။ သူတို့၏အဝတ်အစားများက ညစ်ပတ်ရှူပ်ပွနေကာ အရိုက်ခံခဲ့ရမှန်းသိသာလှသည်။


 ပါးစပ်အဆို့ခံထားကာ လက်နောက်ပြန်ချည်ခံထားရသော ထုံကျန်းကျန်းက ထိုစကားများကိုကြားလိုက်ရသောအခါ ရုန်းကန်လာ၏။


“အွန်းးးးးအူးးးးးး”


ရှန်ဝမ်ရုန် :“ကျွန်မက မျက်မြေသက်သေလုပ်ပေးနိုင်ပါတယ် ဒီမိန်းကလေးက လူရိုက်ဖို့ရောက်လာတာပါ”


ထုံကျားရှင်းက မျက်ရည်လေးစမ်းစမ်းဖြင့် ဝင်ပြောသည်။


“သူက ဒီနေ့ကျွန်တော့်ကျောင်းမှာတောင် လာရှာခဲ့သေးတယ် အရာရှိကြီးတို့မယုံရင် ကျွန်တော့်အတန်းဖော်တွေကိုမေးကြည့်လို့ရပါတယ်”


ရဲအရာရှိက ပြောလာသည်။

“စိတ်မပူပါနဲ့ ဒီလိုရက်စက်ယုတ်မာတဲ့ကိစ္စကိုလုပ်ခဲ့တဲ့အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုပေးမှာပါ”


ထုံကျန်းကျန်းက စိတ်ဆင်းရဲတကြီး ခေါင်းခါလိုက်သည်။

“အူးးးးးးအူးး.........”


သူ့ပါးစပ်ကိုဖွင့်ခွင့်ပေးကြပါ၊ သူမကသာ အရိုက်ခံလိုက်ရတဲ့သူပါနော်ဟုတ်ပြီလား။


ထုံကျားရှင်းတို့မောင်နှမ၏မျက်လုံးများကို ချင်းငွေ့ရိုက်ထားခြင်းဖြစ်သည်။


သို့သော် ပြည်သူ့လုံခြုံရေးဗျူရိုအရာရှိများက သူမကိုဘာမှပြောခွင့်မပေးဘဲ ခေါ်သွားပြီး တိုက်ရိုက်ပင်အချုပ်ခန်းထဲထည့်လိုက်သည်။


၎င်းကအလွန်ရိုးရှင်းရက်စက်လှသည်။


ရဲများပြန်သွားပြီးနောက် ရှန်ဝမ်ရုန်က အနည်းငယ်ကြောက်သွားဆဲဖြစ်သည်။


“ရွှယ်လူ ငါဒီညနင်တို့နဲ့လာအိပ်ပေးမယ်လေ”


ထုံရွှယ်လူက ခေါင်းခါလိုက်သည်။

“ရပါတယ် အဖွားရှန် ရဲအရာရှိတွေက သူမကိုလွယ်လွယ်နဲ့တော့ ပြန်လွှတ်ပေးမှာမဟုတ်ဘူး”


ရှန်ဝမ်ရုန်လည်း အတင်းတိုက်တွန်း‌မနေတော့ပေ။


 ဒီနေ့တွင် ဝေ့ကျူးကျူးကအနည်းငယ်နေရအဆင်မပြေဖြစ်နေ၏။ သူမကလည်း သူမ၏မြေးငယ်လေးအကြောင်းကိုသာတွေးနေမိခြင်းဖြစ်သည်။