အပိုင်း၂၅၅
Viewers 67k

🍵Chapter 255




သူ့နှလုံးသားထဲတွင် သရဲတစ်​ကောင် ရှိ​နေသည့်အလား သူမကို မကြည့်ရဲ​တော့​ပေ။


ဖန်ကျင်းယွမ် နှာမှုတ်ကာ သူ့ကို မျက်​စောင်းထိုးလိုက်သည်။ 


"ရှင်နဲ့​တွေ့တိုင်း ဘာ​ကောင်းတာမှ ဖြစ်မလာဘူး... ရှင် ကျွန်မနဲ့ ​ဝေး​ဝေး​နေ" 


​ပြောပြီး​နောက် သူမက ထုံရွှယ်လူကို အ​ပြေးသွားရှာ​လေသည်။ 


​ရှောင်ချန်ဖျင်က သူမ၏ ​နောက်​ကျောကို ကြည့်ကာ သူ့ရင်ဘတ်ကို အုပ်ကိုင်ထားလိုက်သည်။ ဤအခိုက်တွင် သူ့ရင်ဘတ်​နေရာက ပြင်းထန်စွာ ခုန်​ပေါက်​နေ​လေသည်။ 


ထိုကဲ့သို့​သော ပုံစံမျိုးကို ပထမဆုံးအကြိမ် ကြုံ​တွေ့ခဲ့ရခြင်းပါ​ပေ။ 


မတိုင်မီက နှစ်​ယောက်သား တိုက်မိသွားသည့် မြင်ကွင်းကို ​တွေးကြည့်မိသွား​သောအခါ သူ မသိလိုက်ခင်မှာပင် လည်​စေ့က အကြိမ်အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး​နောက် အလွန် ​ရေငတ်လာသလိုပါပင်။


သူက ဧည့်ခန်းထဲသို့ သွား၍ ​ရေ​အေးများကို ခွက်အကြီးကြီးတစ်ခွက် ငှဲ့လိုက်ပြီး မနားမ​နေနိုင်​သော နှလုံးသား​လေးကို တည်ငြိမ်သွား​စေရန် ​မော့ချလိုက်ရသည်။


မထင်မှတ်ထားစွာပင် သူ​မော့ကြည့်လိုက်​သောအခါ ပြတင်း​ပေါက် ​ဘေးတွင် ရပ်​နေရင်း ​ရှောင်းမျန်မျန်နှင့် စကား​ပြော​နေသည့် ဖန်ကျင်းယွမ်ကို ​တွေ့လိုက်ရသည်။


သူမက တစ်ခဏမျှ မရပ်မနား စကား​ပြော​နေပြီး​နောက် ​ခေါင်း​လေးကို ခါယမ်းလိုက်သည်။


ရုတ်တရက်ဆိုသလို ဖန်ကျင်းယွမ် စကား​​​ပြောသည့်ပုံစံ​လေးက ချစ်စရာ​ကောင်းသည်ဟု ခံစားလိုက်ရပြီး သူမ၏ ​မျက်နှာ​ဖောင်း​ဖောင်း​လေးကို ဖျစ်ညှစ်ချင်မိသွားသည်။


တကယ့်ငရဲပဲ.... 


🍵


ဘာဘီကျုး ပြင်ဆင်ခြင်းနှင့် ​ဆောစ့် အစပ်အဟပ်ကို ပြင်ဆင်ခြင်းအပြင် ထုံရွှယ်လူက ​ကွေ့ဟွားပန်းကိတ်အချိူ့နှင့် ​ကွေ့ဟွားပန်းဇီးသီးစွပ်ပြုတ်ကို ပြုလုပ်ခဲ့​သေးသည်။ 


သို့​သော်လည်း ယခုတွင် သူမက ပြင်ပမှ လူများကို ဧည့်မခံအားဘဲ အခန်းထဲတွင်သာ ​ချော့​မော့​နေရသည်။ 


အ​ကြောင်းမှာ ဝမ်ရူ​ကွေ့တစ်​ယောက် သဝန်တို​နေ​၍ပင်။


မတိုင်မီက ထုံကျားရှင်းတစ်​ယောက် အိမ်အပြင်ဘက်မှ အိမ်ထဲသို့ ​ပြေးဝင်လာ​သောအခါ လက်ထဲတွင် စာပို့သမားဆီမှ ယူလာသည့် လက်​ဆောင်ထုပ်တစ်ထုပ် ကိုင်လာခဲ့သည်။ 


ထိုပါဆယ်ထုပ်ကို ပို့လိုက်သူမှာ အခြားသူ မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ဝက်ခန့်က အ​မေရိကသို့ ပြန်သွားခဲ့သည့် ကျယ်ကန်ခွင်းပါ​ပင်။ 


ထုံကျားရှင်းအတွက် ပန်းချီစာအုပ်အပြင် အထုပ်ထဲ၌ သူမအတွက် ​မွေး​နေ့လက်​​ဆောင်တစ်ခုပါ ပါ​နေ​သေးသည်။


လက်​ဆောင်ထုပ်ကို ဝမ်ရူ​ကွေ့ ​တွေ့သွားပုံ​ပေါ်ပြီး ထိုလူချော​​လေးက ရှာလကာရည်ပုလင်းလိုက်​​မှောက်ကာ မဲ​မှောင်​နေ​လေသည်။ 


ထုံရွှယ်လူက လူတိုင်း ခြံဝင်းထဲတွင် ရှိ​နေကြသည်ကို ​တွေ့​သောအခါ တံခါးကို ခပ်ဖွဖွ ပိတ်လိုက်ပြီး သူ့ရင်ဘတ်ကို တို့ထိလိုက်သည်။


"ရှင်မှန်မှန်​ပြော​နော်... အရင်တစ်​ခေါက် ရန်ကျိုးမှာတုန်းက ရှင်အ​အေးမိသွား​သေးတယ်မလား... အဲ့ဒီတုန်းက ရှင်တမင်သက်သက် အ​အေးမိ​အောင် လုပ်လိုက်တာမလား" 


"!!!"


ဝမ်ရူ​ကွေ့၏ နှလုံးသားက ချက်ချင်း ထိုး​ဆောင့်သွားပြီး ချက်ချင်းဆိုသလို နားရွက်များ နီရဲဘာ​လေသည်။ 


"မင်းသိသွားတာလား"


ထုံရွှယ်လူ မျက်ခုံးပင့်လိုက်သည်။ "ဒါဆို ကျွန်မ ခန့်မှန်းတာ မှန်သွားတာ​ပေါ့"


ဝမ်ရူ​ကွေ့ ရှက်​​သွေးဖြာသွားပြီး​နောက် ​ခေါင်းငြိမ့်ပြ​လိုက်ပြီး သူမကို မကြည့်ရဲ​တော့​ပေ။ 


"ကိုယ်... မင်း ရဲ​ဘော်ကျယ်နဲ့ အပြင်ထွက်ပြီး ဓါတ်ပုံရိုက်မှာ မလိုချင်လို့"


ထိုအချိန်က သူ အမှန်ပင် သူမနှင့် ကျယ်ကန်ခွင်းတို့ အတူရှိကြမည်ကို မ​တွေ့ချင်သဖြင့် စက်ဆုပ်စရာ​ကောင်း​သော ကိစ္စများလည်း မလုပ်နိုင်​လေရာ သူ့ကိုယ်သူ ဖျား​အောင်သာ လုပ်လိုက်ရသည်။ 


ထုံရွှယ်လူက ရန်ကျိုးမှာ ရှိ​နေစဥ်ကတည်းက သံသယအနည်းငယ် ရှိ​ခဲ့​သော်လည်း ထိုစဥ်က ထုတ်မ​မေးခဲ့​ပေ။


သူမပြန်လာ​သောအခါတွင်လည်း အလုပ်များရလွန်းသဖြင့် ​မေ့သွားခဲ့ရသည်။ သူမက သူ ကျယ်ကန်ခွင်း၏ လက်​ဆောင်ထုပ်ကို ​တွေ့လိုက်ရသည့်အချိန် စိတ်လှုပ်ရှားသွားသည်ကို ​တွေ့လိုက်ရမှသာ ရန်ကျိုးက အဖြစ်အပျက်များကို အမှတ်ရသွားသည်။ 


ထုံရွှယ်လူ ငိုရမည်လား ရယ်ရမည်လားပင် မသိ​တော့​​ပေ။ 


"တကယ်​တော့ ရှင်စိုးရိမ်​နေစရာ မလိုပါဘူး... ကျွန်မနဲ့ ရဲ​ဘော်ကျယ်က သူငယ်ချင်းပါပဲ... ကျွန်မ နှလုံးသားထဲမှာ ရှင်တစ်​ယောက်ပဲ ရှိတယ်"


နှလုံးသားထဲတွင် မီးရှူးမီးပန်းများ ​​ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး ပထမဆုံးအ​နေဖြင့် ရင်ခုန်ရလွန်းသည်ဟူ​သော အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ 


သူက သူမကို အရည်လဲ့​နေ​သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး မျက်လုံးထဲတွင်လည်း နူးညံ့မှုများ ပြည့်​နေ​လေသည်။ 


"ကိုယ့်နှလုံးသားထဲမှာလည်း မင်းတစ်​ယောက်ပဲ ရှိတယ်"


၎င်းမှာ မူလအစကတည်းက ဖြစ်တည်လာခဲ့ခြင်းပင်။ 


​နောက်ဆိုလည်း အတူတူပဲဖြစ်မှာ...


​ပြောပြီး​နောက် သူမ၏ မျက်နှာ​လေးကို အုပ်ကိုင်ကာ နှုတ်ခမ်းဖူးဖူး​လေးကို အနမ်း​ပေးလိုက်သည်။


ပထမတွင် အနမ်းက အလွန် နူးညံ့​​နေ​သေး​​သော်လည်း ​ရှောင်ဝမ်​လေးမှာ တဖြည်းဖြည်း အထိန်းအကွပ်မဲ့လာ​လေသည်။


နူးညံ့ပြီး ပြင်းထန်တယ်...


သုံးမိနစ်ကြာ​သောအခါ...


ထုံရွှယ်လူ၏ အသံက မတည်မငြိမ် ဖြစ်လာသည်။ "ရှင်ကျွန်မကို လွှတ်​ပေး​တော့... ကျွန်မကို ​လောင်ကျွမ်းသွား​အောင် လုပ်​နေတာလား"


ဝမ်ရူ​ကွေ့ ​တောင့်တင်းသွားပြီး နှလုံးခုန်သံ စည်းချက်လွဲသွား​လေသည်။


ထုံရွှယ်လူက အရှက်သည်း​နေ​​သော သူ့မျက်နှာ​လေးကို ကြည့်ကာ အပြုံးများကို ဖိနှိပ်ထားလိုက်ပြီး​နောက် ​ပြောလိုက်သည်။


 "ကျွန်မက ရှင်အရိုင်းဆန်တာကို သ​ဘောကျတယ်လို့ပဲ ​ပြောတာ... ဒါ​​ပေမယ့် ရှင်က အရိုင်းဆန်လွန်းသွားပြီ"


"..."


ဝမ်ရူ​ကွေ့က ဓါတ်လိုက်သွားသကဲ့သို့ ဖြစ်သွားပုံ​ပေါ်ပြီး ရုတ်တရက်ဆိုသလို သူမ၏ ခါး​လေးကို လွှတ်​ပေးလိုက်သည်။


 "အင်း... ကိုယ်​တောင်းပန်ပါတယ်"


ထုံရွှယ်လူက ​အောက်သို့ ငုံ့ကြည့်လိုက်ပြီး​နောက် နှလုံးသားထဲတွင် တီးတိုး​ပြောလိုက်သည်။


​​ကောင်းပြီ​လေ... တစ်​နေရာရာက​တော့ ​ဖောင်းကားလာပြီ... 


အဓိက​နေရာမှာ​ပေါ့...


ဝမ်ရူ​​ကွေ့က သူမ၏ မျက်နှာရဲရဲ​လေးနှင့် ရင်ဆိုင်လိုက်ရပြီး တစ်ကိုယ်လုံး ဓါတ်လိုက်သွားသလို ဖြစ်သွားသည်။


ရုတ်တရက် ထကြွလာသည့် ခံစားချက်မျိုး ရလာသည်။


သူက ၎င်းကို ဖုံးကွယ်ထားရန် ခန္ဓါကိုယ်ကို ​စောင်းလိုက်​သော်လည်း သူက ပိုပို၍ ဖြစ်လာသည်မှာ...


ထုံရွှယ်လူ၏ နှလုံးသားက ​ခေတ်​ဟောင်းဆန်ပြီး အပြင်ပန်းတွင် ရှက်​သွေးဖြာ​နေသည်။ 


"ဒီလိုဖြစ်​နေတာ မသက်မသာ မဖြစ်ဘူးလား"


ဝမ်ရူ​ကွေ့ ရှက်​သွေးဖြာသွားပြီး ​ခေါင်းယမ်းပြလိုက်သည်။ "မဖြစ်ပါဘူး"


သူလိမ်​ပြောလိုက်ခြင်းသာ။ အမှန်မှာ ​ပေါက်ကွဲထွက်​တော့မည့်အလား အလွန် မသက်မသာ ဖြစ်​နေရ​သော်လည်း သူမ​ရှေ့တွင် သူက နှာဘူး​ကောင်ဟု ထင်သွားပြီး သူမ​​လေး ​ကြောက်သွားမည်စိုးသဖြင့် မ​ပြောရဲ​ပေ။ 


ထုံရွှယ်လူက နှလုံးသားထဲတွင် "ကျွတ်"ဟု စုတ်သပ်လိုက်ပြီး မျက်နှာကို အုပ်ကာ ​ပြောလိုက်သည်။


 "ရှင်မသက်မသာ ဖြစ်​နေရင် ကျွန်မ အပြင်ထွက်သွား​တော့မယ်"


"အင်း"


ဝမ်ရူ​​​ကွေ့က သူမလှည့်ထွက်သွားသည်ကို ကြည့်ပြီးမှ သက်ပြင်းချလိုက်မိသည်။


သူမသာ ထွက်မသွားရင် အရှက်ရ​တော့မှာ...


ဝမ်ရူ​ကွေ့က ပြတင်း​ပေါက်ကို ခပ်မြန်မြန် ဖွင့်လိုက်ပြီး​နောက်​ ဆောင်းရာသီ​လေ​အေးများ ဝင်လာ​စေပြီး ခန္ဓါကိုယ်ထဲမှ စိတ်ဆန္ဒများကို တဖြည်းဖြည်း ငြိမ်ကျသွား​စေခဲ့သည်။


ဆယ်မိနစ်မကြာ အခန်းထဲမှ ထွက်လာ​သောအခါ လူအိုကြီးကို ​ခေါင်းဖြင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။


အဘိုးဝမ်က နီရဲ​ဖောင်းကား​နေ​သော သူ့နှုတ်ခမ်းကို တစ်ချက်ကြည့်လိုက်ပြီး ​ချောင်းဟန့်လိုက်သည်။


 "မင်းသည်းမခံနိုင်ရင်လည်း ဧည့်သည်​တွေ ထွက်သွားတဲ့အထိ ​စောင့်ပါဦးလား... မင်းအခု မင်းကိုယ်မင်း ဘယ်လိုပုံ ဖြစ်​နေပြီထင်လဲ"


ဝမ်ရူ​ကွေ့: "..."


အဘိုးဝမ်က သူတိတ်ဆိတ်​နေသည်ကို မြင်​သောအခါ ဆက်ပြီး ​ဝေဖန်​လေကန်​လေ​တော့သည်။ 


"မင်းက တကယ့် လူလိမ်လူ​ကောက်ပဲ... ရွှယ်လူလို ဖြူဖြူစင်စင် ​​ကောင်မ​လေးက မင်းလို​ကောင်ကို သည်းခံ​နေရရှာမှာ... မင်းသာ တစ်​​ယောက်​ယောက်ကို ​ပြောင်းသွားရင် မင်းကို ​သေခန်းဖြတ်တာ ကြာပြီ" 


ဝမ်ရူ​ကွေ့: "..."


အဘိုးဝမ်က မ​ကျေနပ်မချင်း သူ့ကို သင်ခန်းစာ​ပေး​နေခဲ့သည်။


အစစ်အမှန် လူလိမ်လူ​ကောက်​​လေးက ထုံရွှယ်လူဆိုတာ သိသွားရင် ဘယ်လိုမျက်နှာအမူအယာ ဖြစ်သွားမှာပါလိမ့်...


🍵


ခြံဝင်းထဲတွင် ဘာဘီကျူး စလုပ်​နေကြ​​လေပြီ။ ယခင်တစ်​ခေါက် အ​တွေ့အကြုံနှင့် ဤတစ်ကြိမ်၌ လူတိုင်းက ထုံရွှယ်လူမပါဘဲ အလိုအ​လျောက်စတင်လိုက်ကြသည်။


က​လေးများက ဘာဘီကျုးကို ​စောင့်​နေရင်း ​ကွေ့ဟွားပန်းကိတ်စား​​နေကြချိန်တွင် လူကြီးများက ဘာဘီကျူးကင်ရင်း ​ကောလိပ်ဝင်ခွင့်စာ​​မေးပွဲအ​ကြောင်း ​ပြော​နေခဲ့ကြသည်။ 


ထိုအထဲတွင် ​​ဝေ့ရန်နှင့် ဖန်ကျင်းယွမ်တို့က တူညီ​သောပုံစံဖြင့် ရှုပ်​ထွေး​နေကြ​လေသည်။


​​ဝေ့ရန်က အလုပ်သမား လယ်သမားနှင့် စစ်သား တက္ကသိုလ်တွင် စာသင်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်ပင် ရှိ​တော့မည် ဖြစ်​​သော်လည်း ရုတ်တရက်ဆိုသလို ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲများ ပြန်ဖွင့်​ပေးလာခဲ့သည်။ ဤနှစ်မှစ၍ အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ်က ​ကျောင်းသားလက်ခံမှု ရပ်ဆိုင်း​တော့မည်ပင်။ 


သူ့အဘိုးက သူ့ကို ​ကောလိပ်ဝင်ခွင့် စာ​မေးပွဲ ​ဖြေဆိုရန် ​ကျောင်းထွက်​စေ​လိုသော်လည်း အတန်း​ဖော်နှင့် အခြား​သော စီနီယာများက ​ကျောင်းမထွက်ကြသဖြင့် သူလည်း တုံ့ဆိုင်း​နေမိသည်။ 


​​​ဝေ့ကျီ​ကောင်း ​ပြောလိုက်သည်။


 "ဘာတုံ့ဆိုင်းစရာ ရှိလဲ... မင်း အလုပ်သမား၊ လယ်သမား စစ်သားတက္ကသိုလ်မှာ တက်​နေတာ တစ်နှစ်​ကျော်ပဲ ရှိ​သေးတယ်... ဘာမှ သင်ယူခဲ့ရ​သေးတာမဟုတ်ဘူး... အခု ​ကျောင်းသားလက်ခံတာ ရပ်လိုက်ရင် အလုပ်သမား​တွေ လယ်သမား​တွေ စစ်သား​တွေရဲ့ ဘဝက ​နေ့တိုင်း ကျဆင်းလာဖို့ပဲ ရှိတယ်"


​ဝေ့ရန်က သူ့စိတ်ကို မပြင်ဆင်နိုင်သေး​ပေ။ "ဒါ​ပေမယ့် ကျွန်​တော် စာပြန်လုပ်ဖို့ အရမ်း ​နောက်ကျသွားပြီ"


​ဝေ့ကျီ​ကောင်း: "အရင်တစ်နှစ် မင်းရဲ့ ​မွေး​နေ့တုန်းက ရွှယ်လူ မင်းကို သင်္ချာ၊ ရူပ​ဗေဒနဲ့ ဓါတု​ဗေဒ စာအုပ်​တွေ အစုံလိုက် ​ပေးခဲ့တာ မှတ်မိပါ​သေးတယ်... မင်း မဖတ်ဖြစ်ဘူးလား"


​ဝေ့ရန် ရှက်​သွေးဖြာသွားပြီး ​ခေါင်းယမ်းပြလိုက်သည်။ "ကျွန်​တော် ဖတ်ဖို့ အချိန်မရလို့"


သူတို့က ​ကျောင်းတွင် များများစားစား မသင်ယူခဲ့ရ​သော်လည်း မည်သည့်အရာကိုမှ မလုပ်ရသည်​​တော့ မဟုတ်​ပေ။ ​နေ့တိုင်း နိုင်ငံ​ရေးအသိပညာ သင်ယူရခြင်းအပြင် စက်ရုံများသို့ အလုပ်သင်သွားရပြီး တစ်ခါတစ်ရံ စိုက်ပျိုး​ရေးပညာ ​လေ့လာရန် ​ကျေးလက်​ဒေသများကိုပါ သွားရ​လေ့ရှိသည်။


​ဝေ့ကျီ​ကောင်းက ​သူ ​တွေ​ဝေ​နေသည်ကို သ​ဘောမကျလှသဖြင့် တစ်ချက် စိုက်ကြည့်လိုက်သည်။


 "ဆောင်းလလယ်ပွဲ​တော်ပြီးရင် ​ကျောင်းကို ပြန်သွားပြီး ဆရာ​တွေနဲ့ စကား​ပြော​ချေ။ ​ကျောင်းက​နေ ထွက်ပြီးတာနဲ့ ပြန်လာပြီး စာလုပ်​တော့"


​ဝေ့ရန် ​ခေါင်းကုတ်လိုက်သည်။ "တကယ်လို့ ကျွန်​တော် စာ​မေးပွဲမ​အောင်ခဲ့ရင်​ရော"


သူက ဂျူနီယာနှင့် စီနီယာအထက်​တန်း​ကျောင်းများမှ ဗဟုသုတများကို ​မေ့သွားခဲ့​လေပြီ။ ​ကောလိပ်ဝင်ခွင့် စာ​​မေးပွဲမှာလည်း နှစ်လခန့်သာ လို​တော့ရာ စာ​မေးပွဲ မ​အောင်မည်ကို ​ကြောက်ရွံ့​နေ​လေသည်။


​ဝေ့ကျီ​ကောင်း: "စာ​မေးပွဲကျရင် ​နောက်နှစ်ဆက်​ဖြေ​ပေါ့... ဘာပဲဖြစ်ဖြစ် မင်းက အရမ်းအသက်ကြီးသွားတာမှ မဟုတ်တာ... မင်းအဘွားနဲ့ ငါကလည်း မင်းကို ဇနီးတစ်​ယောက် မြန်မြန်ရှာဖို့ တွန်းအားမ​ပေးပါဘူး"


​ဝေ့ရန်၏ မျက်နှာမှာ ဇနီးတစ်​ယောက်ကို လက်ထပ်ရန်ဟု ကြားလိုက်ရချိန်တွင် နီရဲသွားခဲ့​လေသည်။


​ဝေ့ကျူးကျူး အ​ပြေး​ရောက်လာပြီး သူမ၏အစ်ကို၏ မျက်နှာ နီရဲ​နေသည်ကို ​တွေ့​သောအခါ အံ့သြသွား​လေသည်။ 


"အစ်ကိုကြီးရဲ့ မျက်နှာက ကင်ထားတဲ့ ဝက်​ခေါင်းလို နီရဲ​နေတာပဲ... ​ကြည့်ရတာ ​ကြောက်စရာကြီး"


"..."


​ဝေ့ရန်က သူမကို သတ်မည့်ဖြတ်မည့် အမူအယာဖြင့် စိုက်ကြည့်လိုက်ချိန်တွင် ​​ဝေ့ကျူးကျူးတစ်​ယောက် ​ကြောက်လန့်တကြား ​အော်ကာ ​ပြေးထွက်သွားသည်။


ထုံရွှယ်လူလည်း ဝင်ထိုင်ကာ အသားကင်တံများကို ကိုင်၍ အတူတူ ကင်​ပေးလိုက်သည်။


 "ကျွန်မလည်း အဘိုး​ဝေ့​ပြောတာ မှန်တယ်လို့ ထင်တယ်... ဒီတစ်​ခေါက် စာ​မေးပွဲကျရင် ​နောက်တစ်ခါ ဆက်​ဖြေ​ပေါ့"


အဘိုးဝမ်​ပြောသည်က မှန်သည်။ အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ်မှ ဘွဲ့ရများမှာ သူတို့၏ လုပ်ငန်းခွင့်၌ ကန့်သတ်ခံကြရပြီး သူတို့၏ အ​နေအထားမှာလည်း တဖြည်းဖြည်း ယုတ်​​လျော့လာသည်။ သို့​သော်လည်း သူတို့က ဘွဲ့ရပြီးသား ဖြစ်၍ ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲကို ထပ်ပြီး ​ဖြေဆိုခွင့်မရကြ​တော့။ 


​ဝေ့ရန်သာ ​ကောလိပ်ဝင်ခွင့်စာ​​မေးပွဲ ​ဖြေချင်ပါက ယခုအချိန် ​ကျောင်းထွက်လိုက်သည်က အ​ကောင်းဆုံး ဖြစ်​ပေမည်။ တစ်နှစ် နှစ်နှစ်ခန့်သာ ကြာသွားပါက ထိုသို့ လုပ်ရန် မဖြစ်နိုင်​ပေ။ 


​ဝေ့ရန်က လူတိုင်း ထိုသို့ ​ပြော​နေကြသည်ကို ​တွေ့​သောအခါ ​တွေးကြည့်လိုက်ပြီး​နောက် စိတ်ဆုံးဖြတ်နိုင်သွားပြီး ​ပြောလိုက်သည်၊ 


"​ကောင်းပြီ​​​လေ... ကျွန်​တော် ​ကျောင်းကို ပြန်​ရောက်ရင် ​ကျောင်းထွက်ဖို့ လုပ်ငန်းစဥ်​တွေ လုပ်ပြီး ပြန်လာခဲ့မယ်"


​ဝေ့ရန်၏ အသံ ထွက်​ပေါ်လာသည်နှင့် ဖန်ကျင်းယွမ် မျက်​မှောင်ကြုတ်လျက် ​ပြောလိုက်သည်။


 "ရွှယ်လူ... နင်​ရော ငါ့ကို ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲ ဝင်​ဖြေ​စေချင်လား"


သူမက လတ်တ​​လော ယဥ်​ကျေးမှုဌာနတွင် အလုပ်လုပ်​နေ​လေရာ ရံဖန်ရံခါ သီချင်းဆိုခြင်း ကခြင်းဖြင့် ​ဖျော်​ဖြေ​ပေးရသည်။


ဒါက ငယ်ရွယ်တုန်းမှာပဲ လုပ်လို့ရမှာ... အနာဂါတ်မှာ အထက်ကို မတက်နိုင်ရင် အသက်ပိုကြီးလာတာနဲ့ အသုံးမဝင်တဲ့​နေရာ​တွေပဲ ရလာ​တော့မှာ...


သို့​​သော်လည်း သူမက ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲအ​ကြောင်း အ​မေးခံလိုက်ရချိန်၌ ယုံကြည်ချက်မရှိ​ပေ။ အဆုံးတွင် သူမက အထက်တန်းပြီးထားသည်မှာ နှစ်​ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပြီး အဆင့်များကလည်း သိပ်မ​ကောင်း​ပေ။


ထုံရွှယ်လူ ​ပြောလိုက်သည်။ "နင်​လျှောက်ချင်တဲ့ ​မေဂျာ ရှိလား"


ဖန်ကျင်းယွမ်၏ မျက်နှာထက် ခပ်ရှက်ရှက် အမူအယာ​လေးများ ဖြတ်​​ပြေးသွားသည်။ "ငါ ရုပ်ရှင်​တွေ ရိုက်ရတာ စိတ်ဝင်စားဖို့ ​ကောင်းမှာပဲလို့ ​တွေး​နေတာ"


​ရှောင်ချန်ဖျင်က ရုတ်တရက် ဝင်​နှောက်ယှက်လိုက်သည်။ "မင်းက သရုပ်​ဆောင် ဖြစ်ချင်လို့လား"


ရုပ်ရှင်​ကျောင်းမှ ​ကျောင်းသားများက ကြည့်​ကောင်း​လေ့ရှိသဖြင့် သူမက ရုပ်​ချော​ချော ​ကောင်​လေးများနှင့် ​တွေ့ဆုံချင်​နေသည်ဟု သူသံသယရှိ​နေ​လေသည်။


"ရှင်က ကျွန်မကို လာထိန်းချုပ်​ချင်​နေတာလား" ဖန်ကျင်းယွမ်က သူ့ကို မျက်​စောင်းထိုးလိုက်ပြီး​နောက် ထုံရွှယ်လူကို ​ပြောလိုက်သည်။


 "ငါ ဒါရိုက်တာတစ်​ယောက် ဖြစ်ချင်တယ်"


အိုး... ​ခေါင်းကြီးမ​လေးမှာ ဒီလို အိမ်မက်တစ်ခု ရှိ​နေမယ်လို့ ထင်မထားခဲ့ဘူး...


ထုံရွှယ်လူ ​ပြုံး၍ ​ပြောလိုက်သည်။


 "နင် စာ​မေးပွဲ မ​အောင်မှာ စိုးရင် ယဥ်​ကျေးမှု ဌာနကအလုပ်ကို မထွက်နဲ့လေ... ဘာပဲ ဖြစ်ဖြစ် ကြိုးစားကြည့်လို့ အရှူံးမရှိပါဘူး"


ယဥ်​ကျေးမှူ ဌာနက အလုပ်ကို မထွက်ဘဲ ကြိုးစားကြည့်ပါက သူမတွင် ဖိအားများစွာ ရှိလာမည် မဟုတ်​ပေ။


ဖန်ကျင်းယွမ်က တစ်ခဏမျှ ​တွေးပြီး​နောက် ​ခေါင်းငြိမ့်ပြလိုက်သည်။ "နင်​ပြောတာ မှန်တယ်... အ​ဆိုးဆုံး စာ​မေးပွဲ မ​အောင်ရုံ​ပေါ့... ငါ့မှာ ဆုံးရှုံးစရာ မရှိပါဘူး"


​တစ်ဖက်မှ ဝေ့ရန်က ထိုစကားကို ကြား​သောအခါ ပုခုံးထက်၌ ဖိအားများ ပိုတိုးလာသလို ခံစားလိုက်ရသည်။ 


သူ ​ကျောင်းမှ ထွက်လိုက်သည်နှင့် လမ်း​မရှိသူဖြစ်သွားရ​ပေ​တော့မည်။ ဖန်ကျင်းယွမ်နှင့် လုံးဝ ခြားနား​ပေသည်။


ထုံရွှယ်လူ၏ ​မွေး​နေ့ပွဲသို့ လာ​ရောက်ကြသူများတွင် ​ကောလိပ်ဝင်ခွင့် စာမေးပွဲ​ဖြေဆိုရန် ဆုံးဖြတ်လိုက်ကြသည့် ဖန်ကျင်းယွမ်နှင့် ​ဝေ့ရန်တို့အပြင် ကျန်းတန့်ဟုန်လည်း ရှိ​နေ​သေးသည်။