အပိုင်း၇၀
Viewers 11k

🤚Chapter 70



ကျိအန်းနဥ် နှုတ်ခမ်းကိုကိုက်လိုက်ရာ အဆုံးတွင် အရေးကြီးသောအရာကို သဘောပေါက်သွားပြီး ဝမ်ယွီကိုနောက်တစ်ကြိမ် ငြင်းဆန်ခဲ့သည်။ သူမအသုံးပြုခဲ့သောဆင်ခြေမှာ သူမ၏အဖွားဖြစ်သည်။


အမှန်တွင် ၎င်းက အကြောင်းပြချက်တစ်ခုမျှသာမဟုတ်ပေ။ သူမ အမှန်တကယ်ကို တစ်ညလုံးအပြင်တွင်နေ၍ မရပေ


ဝမ်ယွီက ကြိုးပမ်းခဲ့သော်လည်း သူမ၏ ငြင်းပယ်မှုကို အံ့သြခြင်းမရှိပေ။ နောက်ဆုံးတော့ ကျိအန်းနဉ်က ဘယ်လိုလူလဲဆိုတာ သူနားလည်ခဲ့ပြီး သူမ၏ အခြေအနေကို သူသဘောပေါက်လာခဲ့သည်


သို့သော် သူ၏စိတ်ပျက်ခြင်းကို ဖုံးကွယ်မထားပေ။ ဤခံစားချက်များကို ဖုံးကွယ်ထားရန် မလိုအပ်ကာသူတို့က ဤထက်ပိုပြီးပြောဆိုသင့်သည်။


သူထင်ထားသည့်အတိုင်း ကျိအန်းနဥ်၏မျက်ဝန်းများထဲတွင် တွန့်ဆုတ်မှုအချို့ ဖြစ်ပေါ်လာသည်။ သူမ တိုးတိုးလေးပြောလိုက်သည်။


 "ကားရပ်ဖို့နေရာ ရှာရင်ရော... ကျွန်မရှင့်ကို ဖြေရှင်းပေးပါ့မယ်..."


"ထားလိုက်ပါတော့ နောက်ကျနေပြီ စောစောပြန်ပြီးနားတော့..." 


ဝမ်ယွီက သူမပါးကို တင်းတင်းဆွဲညှစ်ကာ ပြုံး၍ပြောသည်။


သူက သူ၏စိတ်ခံစားမှုများကို ပြသခဲ့ပြီး သူလိုချင်သာ်က သူမ သဘောထားကိုပင်။ ရန်ဖြစ်ပြီးနောက် ရည်းစားကို လျစ်လျူရှုပြီး စိတ်ဆိုးဒေါသ ထွက်နေသော မိန်းကလေးများစွာကဲ့သို့ပင် စိတ်၏ အနက်ရှိုင်းဆုံးနေရာထဲတွင်မူ သူတို့၏ ချစ်သူကို လာချော့စေချင်ကြသည်။


ကျိအန်းနဥ်၏ သဘောထားက ဝမ်ယွီအား ကျေနပ်စေသေးသည်။


သို့သော သူတို့ချင်းဟွာတက္ကသိုလ်၏ မိသားစုအိမ်ရာကို ပြန်သွားချိန် ဝမ်ယွီက ကားထဲမှ စာအိတ်တစ်ခုကိုထုတ်လိုက်ကာ ပြောသည်။


 "သွားရအောင် ကိုယ်မင်းနဲ့ လမ်းအတူလျှောက်ရင်း ပြောစရာရှိတယ်..."


ကျိအန်းနဉ်ကမေးသည်။

 "ဘာအကြောင်းလဲ... "


ဝမ်ယွီက ပြန်ဖြေသည်။

"ကိုယ်တို့အထဲမှာပြောရအောင်... "


ညသန်းခေါင်ချိန်ဖြစ်ရာ ညဘက်တွင် အတော်အေးလေသည်။ ကျိအန်းနဉ်သည် ဝမ်ယွီက သူမအားလှေကားတွင် အဖော်လုပ်ရာမှထွက်လာကာ  တိုက်ခန်းတွင်းဝင်သွားသည်။


အခန်းထဲတွင် မီးပိတ်ထားသော်လည်း တီဗွီပေါ်ရှိ ပရိုဂရမ်က ပြသနေဆဲဖြစ်ရာ အခန်းထဲတွင် အပြာနှင့် ခရမ်းရောင်သဏ္ဍာန်များပေါ်လာသည်။ သူမအဖွားက ဤရက်ပိုင်းများတွင် တီ‌ဗွီပြန်ပိတ်ရန် မေ့နေသည်ကို ကျိအန်းနဉ် သတိပြုမိသည်။


သူမကုတ်အင်္ကျီကိုချွတ်ကာ ခြေဖျားထောက်ရင်း အခန်းထဲဝင်စစ်ဆေးပြီးနောက် တစ်ဖန်ခြေဖျားထောက်ကာ ပြန်ထွက်လာရင်း တံခါးကို မြဲမြဲမြံမြံပိတ်လိုက်သည်။


သူမလှည့်လိုက်သည်နှင့် ဝမ်ယွီက အနမ်းတစ်ပွင့်ဖြင့် သူမနှုတ်ခမ်းကို ပိတ်ဆို့လိုက်သည်။


သူ၏အသံရှုသံက သူမနှင့် အလွန်နီးကပ်နေသည်။


သူ အရက်မသောက်ခဲ့သောလည်း ဆေးလိပ်သောက်ထား သည်။ သူ့လျှာက အနည်းငယ် ကြမ်းတမ်းပြီး ကျီစယ်ဟန်ဖြင့် ကျွမ်းကျွမ်းကျင်ကျင် ထိုးမွှေနေကာ ကျိအန်းနဥ်၏ အနက်ရှိုင်းဆုံး စိတ်ဝိညာဉ်ကို နှိုးဆော်လိုက်သည်။


ကျိအန်းနဥ်က နံရံဘက်ကို ဖိခံထားကာ သူတို့၏ ခန္ဓာကိုယ်များက နီးကပ်လာပြီး ပေါင်းစည်းသွားပုံရသည်။


ခဏအကြာတွင် သူက သူမနှုတ်ခမ်းများကို လွှတ်ပေးလိုက် ပြီး သူ့မျက်နှာက သူမဆံနွယ်ထဲနစ်ဝင်နေပြီး သူမကိုဖက်ထားသည်။


သူ၏ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုက အလွန်သိသာထင်ရှားပြီး လျစ်လျူရှုရန် မဖြစ်နိုင်ပေ။ ကျိအန်းနဉ်က သူ ပိုမို၍ ထိန်းချုပ်မရနိုင်တော့မည်ကို စိုးရိမ်သဖြင့် မလှုပ်ရှားဝံ့ပေ။


သို့သော် ဝမ်ယွီက စိတ်အားထက်သန်သူမဟုတ်ပေ။ အလင်းရောင်မှိန်ဖျော့ဖျော့ဖျော့လေးထဲတွင် သူမကို  ပွေ့ဖက်ထားရင်း သူ၏ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကို ဖြည်းညှင်းစွာ ငြိမ်သက်သွားစေခဲ့သည်။  သူ့၏ ပြင်းပြင်းထန်ထန် ပြင်းပြသောဆန္ဒက သူမအပေါ်၌ အဆက်မပြတ်နူးညံ့သိမ့်မွေ့ပြီး စမ်းချောင်းလေးတစ်ခုဖြစ်လာသည်။


ကျယ်ဝန်းသောရင်အုပ်၊ အားကိုးရသော ပခုံးများ၊စကားလုံးများနှင့် ဖော်ပြရမရသည့်  ဤပွေ့ဖက်မှု - အားလုံးက အလွန်သက်တောင့်သက်သာ ရှိသည်။


ဝမ်ယွီ၏ တုံ့ပြန်မှုက တဖြည်းဖြည်း ငြိမ်သက်သွားသလို ခံစားလာရပြီး ကျိအန်းနဥ်လည်း ကျေနပ်စွာ သက်ပြင်းချကာ သူ၏ ခိုင်ခံ့သော ခါးကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်ထားပြီး မလွှတ်ချင်တော့ပေ။


မှိန်ဖျော့ဖျော့ဖျော့အလင်းလေးထဲတွင် သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြပြီး အခန်းတွင်းရှိ ရုပ်မြင်သံကြားဖန်သားပြင်ကလည်း အရောင်များ ဆက်လက် ပြောင်းလဲနေသည်။


သူတို့ ပထမဆုံးစတွေ့ပြီးကတည်းက မျှဝေခဲ့သည့် အချိန်အကြာဆုံးနှင့် အနက်ရှိုင်းဆုံး ပွေ့ဖက်မှုပင်ဖြစ်သည်။


ဤသို့အေးချမ်းနေမှုက အိပ်ခန်းထဲမှ ကျိအန်းနဉ်၏အဖွားထံမှ ချောင်းဆိုးခြင်းကြောင့် ပျက်ပြားသွားခဲ့သည်။


ဝမ်ယွီသ ရုတ်တရက် သူဘာကြောင့် အပေါ်ထပ်သို့ တက်လာသည်ကို သတိရသွား၍ သူ့လက်ကိုလွှတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။


“ကိုယ်မင်းကို တစ်ခုလောက် ပြောပြချင်တယ်...”  


ကျိအန်းနဥ်က သူ့ရင်ဘတ်ကို မှီ၍ လှုပ်ရှားရန် တွန့်ဆုတ်နေသည်။ သူမသည် "ဟမ်"ဆိုသည့်အသံတိုးတိုးလေးလုပ်ကာ ပြောသည်။ 


“ဆက်ပြောလေ...” 


ဝမ်ယွီသည် သူမ၏ပခုံးကိုမြှောက်၍ ညင်သာစွာ တွန်းလိုက်ပြီး ပြောလိုက်သည်။


"မီးဖွင့်လိုက်ပါဦးကွာ..." 


ကျိအန်းနဉ်ကညနွေးထွေးပြီး သက်တောင့်သက်သာရှိသော ပွေ့ဖက်မှုကို မစွန့်ခွာမီ ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်ယ သူမ တံခါးဝသို့သွာ၍ မီးများဖွင့်ကာ တီဗီကို ပိတ်လိုက်သည်။


ဝမ်ယွီက ဆိုဖာ၏ နစ်မြုပ်နေသော အစိတ်အပိုင်းကို ရှောင်လိုက်ပြီး ခိုင်ခံ့သော ထိုင်စရာနေရာကို ရှာတွေ့ခဲ့သည်။စာအိတ်ထဲမှ စာရွက်စာတမ်းအချို့ကို ထုတ်ယူကာ ကျိအန်းနဥ်ကို လက်ယပ်ပြကာ ပြောလိုက်သည်။


“ဒါကို တစ်ချက်လောက်ကြည့်ကြည့်ပါဦး... ” 


ကျိအန်းနဉ်က စပ်စုပြီး မေးသည်။


 "ဒါက ဘာလဲ..." 


သူမက လျှောက်လာပြီး စာရွက်စာတမ်းများကို ယူကာ ဝမ်ယွီဘေးတွင် ဝင်ထိုင်လိုက်သည်။


တစ်ချက်အမြန်ကြည့်လိုက်ပြီးနောက် သူမ၏အမူအရာရုတ်တရက်ပြောင်းလဲသွားကာ ဝမ်ယွီအား သင်္ကာမကင်းဖြင့် မျက်လုံးလှန်ကြည့်လိုက်သည်။

 "ဒါက ဘာကိုဆိုလိုတာလဲ..."


"ကိုယ့်စကားကို နားထောင်ပါဦး..." 


ဝမ်ယွီက အသေးစိတ်ရှင်းပြသည်။


"  'The Great Love Nursing Home' ပရောဂျက်ကို ကိုယ့်မိသားစုလက်အောက်က ကုမ္ပဏီတစ်ခုကစီမံထားတာ... အဲ့တာက  လေဖြတ်တား၊ နှလုံးဖောက်တာ၊ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း လေဖြတ်တာနဲ့ တခြားအထူးရောဂါရှိတဲ့ သက်ကြီးရွယ်အိုတွေကို အလေးထားစောင့်ရှောက်ပေးတာမျိုးလေ... မင်းအဖွားသာ အဲဒီကို ပြောင်းသွားရင် သူ့ရောဂါအခြေအနေ သိသိသာသာ တိုးတက်လာနိုင်တာကို ကိုယ်အာမခံနိုင်ပါတယ်... ”


ဝမ်ယွီက သူ့အိမ်စာများကို ရှင်းရှင်းလင်းလင်းလုပ်ထားပြီး ကျိအန်းနဥ်ကို စည်းရုံးရန် ပြင်ဆင်ထားသည်။


ကျိအန်းနဥ်နှင့် သူမအဖွားက သံကြိုးတစ်ခုလို ချည်နှောင်ထားကြသည်ဟု ခံစားလိုက်ရပြီး ဝမ်ယွီက သူမနှင့် အတူရှိချင်ခဲ့သည်။ သူက ကျိအန်းနဉ်၏ဘဝကို ပြောင်းလဲပေးရန် ဖြည်းဖြည်းချင်း ခြေလှမ်းစလှမ်းနေပြီး သူမအဖွားက နောက်ဆုံးနှင့်အရေးကြီးဆုံးအဆင့်ဖြစ်သည်။


အမှန်တွင် သူမအဖွား၏ လက်ရှိအခြေအနေက ကောင်းမွန်သည်မဟုတ်ပေ။ သူလုပ်ပေးနေသော အခြေအနေများက ကျိအန်းနဥ်ပေးနိုင်သည်ထက် များစွာသာလွန်သည်။ ကျိအန်းနဥ်၏ ဆင်ခြင်တုံတရားကို ဝမ်ယွီယုံကြည်ခဲ့သည်။


ကျိအန်းနဉ်က ဝမ်ယွီ၏ ရည်ရွယ်ချက်ကို ယခုပင် နားလည်လာသည်။ သူက အဖွားကို ဘိုးဘွားရိပ်သာကို ပို့ပေးစေချင်နေသည်။


ကျိအန်းနဉ်က “Great Love Nursing Home” အကြောင်း သိသည်။ သူမ၏ယခင်ဘဝတွင် ကံဆိုးစွာမတော်တဆမှုဖြစ်ပြီးနောက် ဝမ်ယွီက သူမအဖွားအား ဤသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွင် ထားခဲ့သည်။ သူပြောသောစကားများက မှန်ကန်သည်။ ဂေဟြာ သူမအဖွားကို ကောင်းကောင်းပြုစုစောင့်ရှောက်ပေးခဲ့သည်။


သို့သော်…


“မရဘူး...” 

ကျိအန်းနဉ်က ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။


သူမ၏ ပြတ်သားသောလေသံက ဝမ်ယွီကို အံ့အားသင့်စေခဲ့သည်။ ဤသို့ပြင်းထန်သည့် လေသံမျိုးကို သူယခင်က တစ်ခါမှ မကြုံဖူးပေ။


“ အသည်းအသန်ကြီး မငြင်းပါနဲ့ဦးကွာ... အရင်ဆုံး အသေးစိတ်အချက်အလက်တွေကို နားလည်ပအောင်လုပ်ကြည့်ပါဦး...”

ဝမ်ယွီက ပြောသည်။


သို့ရာတွင် ကျိအန်းနဉ်က ဘာကိုမှနားမလည်ချင်ပေ။ သူမက အကြောင်းပြချက် ပေးခဲ့သည်။

“ဒီလိုမျိုး အဆင့်မြင့်သက်ကြီးရွယ်အိုစောင့်ရှောက်မှုကို  ကျွန်မ မတတ်နိုင်ဘူး...” 


ဝမ်ယွီက ကျိအန်းနဥ်၏အမူအရာကို ဂရုတစိုက်ကြည့်ကာ မျက်လုံးများကို မှေးကျဉ်းထားသည်။ ကျိအန်းနဥ်က သူနှင့် မျက်လုံးချင်းမဆုံအောင် ရှောင်လိုက်ပြီး ဘေးကို ကြည့်လိုက်သည်။


"အန်းနဉ် ဒါကို ဆင်ခြေအနေနဲ့သုံးရင် မင်း မရိုးသားဘူး ဒီအကြောင်း ထုတ်ပြောရတာ ဘာကိုဆိုလိုတယ်ဆိုတာ မင်း အတိအကျ သိပါတယ်..."


"သိပါတယ်..."

ကျိအန်းနဥ်က သူမ၏နဖူးကို လက်ဖြင့်ဖိလိုက်သည့်အခါ မျက်နှာပေါ်တွင် အရိပ်တစ်ခုပေါ်လာသည်။

“ရှင်က ကျွန်မအတွက် အဖွားကို ပြုစုချင်တာလား... ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူးနော်...”


ဝမ်ယွီက ပြောသည်။


"မင်းက ကိုယ့်ဆီက‌နေ အမြဲတမ်း အကွာအဝေးတစ်ခု ထားထားတယ်ကွာ... ကောင်းပြီလေ ကိုယ်မင်းအတွက် သူ့ကို ဂရုမစိုက်ပေးတော့ဘူး...  မင်းအခု မတတ်နိုင်တာနဲ့ပဲအနာဂတ်မှာ မတတ်နိုင်ဘူးလို့ မဆိုလိုဘူးလေ... မင်းအဖွားကို ကိုယ်ဂရုစိုက်မှာမဟုတ်ဘူး ဒါပေမယ့် ကိုယ်က ငွေကြေးထောက်ပံ့နိုင်တယ်လေ... နောက်မှ ဖြည်းဖြည်းချင်း ပြန်ဆပ်နိုင်လို့ရပေမယ့် ပထမဆုံးအနေဲ့ မင်းအဖွားက အခြေအနေကောင်းဖို့ကို သေချာတွေးကြည့်ရမယ်‌လေ...”


ကျိအန်းနဉ်က သူလက်ချောင်းများကို တစ်တိတိကိုက်နေသည်။ အရာအားလုံးရှုပ်ယှက်ခတ်နေသည်ဟု ခံစားလာရချိန်တိုင်း သူမ မသိစိတ်က ဤသို့လုပ်တတ်သည်။


ဝမ်ယွီက သူမကို စဉ်းစားရန် အချိန်တစ်ခုပေးခဲ့သော်လည်း ကျိအန်းနဥ်က အမြန်ရပ်လိုက်ပြီး အသေအချာပြောလာသည်။


 "မလိုပါဘူး ကျွန်မကိုယ်တိုင် အဖွားကိုဂရုစိုက်နိုင်တယ်..."


ဝမ်ယွီ မျက်ခုံးပင့်လိုက်သည်။ 


"မင်း သူ့ကို ဘယ်လို ဂရုစိုက်နိုင်မလဲ... သူ့ကို တစ်နေ့တစ်နေ့ မှောင်ပြီး ယိုယွင်းနေတဲ့အိမ်လေးထဲမှာ ပိတ်လှောင်ထားလိုက်ရုံနဲ့တင်လား... " 

သူက မေးခွန်းထုတ်လာသည်။


ကျိအန်းနဉ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူမ မတ်တပ်ထရပ်ပြီး လက်နှစ်ဖက်ကို ပွေ့ဖက်ကာ အခန်းထဲကိုလှည့်ကြည့်လိုက်သည်


ရုတ်တရက် သူမက ရပ်လိုက်ပြီး ဝမ်ယွီကိုပြောလိုက်သည်။


" အဲဒါကို စိတ်မပူပါနဲ့  ကျွန်မမှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်..."


ဝမ်ယွီက မျက်ဆံလှန်လိုက်ပြီး ကျိအန်းနဥ်ကို တစ်ခါမှ မပြောဖူးသော ရွဲ့စောင်းသည့်လေသံဖြင့်ပြောကာ  ကဲ့ရဲ့လာသည်။


" အိုး... မင်းမှာ အစီအစဉ်ရှိလား ဒါဆိုလည်း  ကိုယ့်ကိုအဲ့အကြောင်း ပြောပြပါဦး..."


ကျိအန်းနဥ်က ပြောလာသည်။


“ကျွန်မ မာကော နဲ့ စကားပြောခဲ့ပြီးပြီ ... ကျွန်မရဲ့ ၀င်ငွေက တည်ငြိမ်ပြီး တဖြည်းဖြည်းတိုးလာမယ်လို့ အာမခံတယ်တဲ့‌... ကျွန်မမှာ ငွေကြေးပိုအဆင်‌ပြေလာရင် အဖွားကိုစောင့်ရှောက်ဖို့  သူနာပြုငှားလိုက်မယ်လေ... ဒါက လက်ရှိအခြေအနေထက် ပိုကောင်းလာမှာပါ...”


ဝမ်ယွီက ရယ်မောပြီး ပြောလာသည်။


"အိုး၊ မင်းရဲ့ ဒီအိမ်သေးသေးလေးမှာ သူနာပြုကို ဆိုဖာ ဒါမှမဟုတ် ကြမ်းပေါ်မှာ အိပ်ခိုင်းဖို့ စီစဉ်နေတာလား... သင့်တော်တဲ့သူနာပြုကို ငှားချင်ရင် အနည်းဆုံး အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခုရှိဖို့ စဉ်းစားရမယ်လေ... ကျောင်းက မင်းကိုထိုင်ဖို့နေရာတစ်ခုပေးနိုင်ရင် တောင် မင်းဘဝအရည်အသွေးကို မြှင့်တင်ဖို့ သူတို့မှာ တာဝန်မရှိဘူးလေ... သူနာပြုရဲ့လစာနဲ့ အိမ်လခအတွက် မင်းမှာ ငွေရှိသေးလို့လား..."


ကျိအန်းနဥ်က သူမ၏လက်ချောင်းများကို တစ်ဖန်ပြန်လည်၍ တစ်တိတိကိုက်နေတော့သည်။


ခဏအကြာတွင် သူမမော့ကြည့်ကာ ပြောလာသည်။ "ကျွန်မ သူနာပြုငှားဖို့ ငွေမတတ်နိုင်ဘူး..." 


သူ... ခေါင်းမာနေတာလား...


ဝမ်ယွီ မျက်ခုံးပင့်လိုက်သည်။ သူကခေါင်းအနည်းငယ် ငုံ့ကာ သူမကို ခဏခန့် လေ့လာနေသည်။


“အန်းနဥ်...” 


ဝမ်ယွီက ထရပ်ကာ ပြောသည်။


“ကိုယ့်ကို အမှန်အတိုင်းပြော  ပိုက်ဆံကို ဆင်ခြေအဖြစ် အမြဲမသုံးနဲ့တော့... မင်းတကယ် ဘာတွေတွေးနေတာလဲ မင်းအဖွားကို ပိုကောင်းတဲ့နေရာ ဘာလို့မပို့ချင်ရတာလဲ ..."


ကျိအန်းနဉ်က သူ့ကိုကြည့်ပြီးပြောလိုက်သည်။


 "ဝမ်ယွီ နောင်တစ်ချိန်မှာ ကျွန်မတတ်နိုင်တယ်ဆိုရင်တောင် ကြားထဲမှာ ကြာနေဦးမှာပဲ...  ရှင်က အခု ကျွန်မနဲ့ ပတ်သက်နေလို့  ပိုက်ဆံသုံးဖို့ ဆန္ဒရှိနေတယ် ဒါပေမယ့် ကျွန်မတို့ လမ်းခွဲရင်ရော ဘယ်လိုဖြစ်လာမှာလဲ... အဲ့အခါ ဘာတွေဖြစ်လာမှာလဲ... ကျွန်မတို့ လမ်းခွဲပြီးသားမို့ ရှင်ကျွန်မကို မကြိုက်တော့မှာ သေချာတယ်လေ... အဲ့အချိန်ကျ  ရှင် ပိုက်ဆံသုံးဖို့ ဆန္ဒမရှိတော့မှာ သဘာဝပဲ... ဒါဆို ကျွန်မအဖွားကရော ကျွန်မ သူ့ကို ဒီလောက်ကောင်းတဲ့ နေရာကနေ ခေါ်ထုတ်ပစ်ရမှာလား...” 


သူမသည် လျင်မြန်စွာပြောနေသော်လည်း ဝမ်ယွီက “လမ်းခွဲ” ဟူသော စကားကို သတိပြုလိုက်မိသည်။


သူ ရယ်လိုက်သည်။


 “မင်းဘာကိုပြောချင်တာလဲ...  ဘာလို့ လမ်းခွဲဖို့ပြောရတာလဲ... မင်းအပေါ်  ကိုယ်ဘယ်လိုခံစားရလဲ မင်းမသိဘူးလား..."


ကျိအန်းနဉ်က နှုတ်ခမ်းကို ကိုက်ပြီး မေးလာသည်။

"ဝမ်ယွီ ရှင်အရင်က ရည်းစားဘယ်နှစ်ယောက်ရှိဖူးလဲ...  ရှင့်မှာရှိခဲ့တဲ့အကြာဆုံး သမီးရည်းစားဆက်ဆံရေးက ဘယ်လောက်လဲ..."


ဤမေးခွန်းက သူ့မျက်နှာကိုဖြတ်ရိုက်လိုက်သည်နှင့်တူ၍ ဝမ်ယွီ ခေတ္တ စကားမပြောနိုင်တော့ပေ။


ကျိအန်းနဉ်တွင် “အရင်က” ဆိုသည်မျိုး မရှိခဲ့ဖူးပေ။ ခံစားချက်ပိုင်းတွင် သူမက အတိတ်ဇာတ်လမ်းမရှိသူတစ်ယောက်ဖြစ်သည်။ ဝမ်ယွီ၏အတိတ်အကြောင်းကို သူမ မမေးခဲ့ဖူးသည့်အပြင် သူ၏ယခင်ဆက်ဆံရေးကို မနာလိုခြင်း သဝန်တိုခြင်းမျိုး မဖြစ်သည်ကို ဝမ်ယွီက သဘောကျခဲ့သည်။ 


ယခုချိန်မှ ဤကိစ္စကို ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ 


ဝမ်ယွီ၏ အကြည့်က တရွေ့ရွေ့နှင့် အခြားနေရာသို့ရောက်သွားသည်။ သူက ပြောသည်။


 “အတိတ်အကြောင်းကို ပြန်ပြောနေစရာ မလိုဘူးလေကွာ ...” 


ထို့နောက် သူ့အကြည့်ကို သူမဘက်ကိုပြန်လှည့်ကာ သူ၏ ရိုးသားမှုကို ဖော်ပြလိုက်သည်။

 "ဘယ်လိုပဲဖြစ်ဖြစ် မင်းက မတူဘူးလေ... "


ကျိအန်းနဉ်က သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်.  “ကျွန်မက ဘာများကွာခြားလို့လဲ... ကျွန်မက တခြားသူတွေလို လှတယ်ဆိုရုံပဲလေ..."


ဝမ်ယွီ မျက်ခုံးပင့်လိုက်သည်။


"ရှင်က ချမ်းသာတဲ့သခင်လေး  ချောတဲ့မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ ရှင့်ရဲ့ ပထမဆုံး အတွေးက သူ့အကြောင်းမဟုတ်ဘဲ ရှင့်ခန္တကိုယ်တုံ့ပြန်မှုနဲ့ ပတ်သက်တာပဲ ဟုတ်တယ်မလား... "


ကျိအန်းနဉ်က သူမနှင့် မသက်ဆိုင်သော အရာတစ်ခုကို ပြန်ပြောပြနေသကဲ့သို့ လေသံမှာ တည်ငြိမ်သော်လည်း စာရွက်အလွှာကို ထိုးဖောက်လိုက်သကဲ့သို့ စူးရှသော အရိပ်အမြွက်ဖြင့် ပြောလိုက်သည်။


"ဒါဆို ရှင်က သူနဲ့ အိပ်ချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့အတွက် ပိုက်ဆံသုံးတယ်မဟုတ်လား..."


"သူနဲ့အိပ်ပြီးရင်ရော  ရေရှည်တာဝန်ယူမှုမရှိဘူး...  ဝမ်ယွီ ရှင့်မှာ နှစ်အကြာကြီးတွဲခဲ့တဲ့ မိန်းကလေးတစ်ယောက်တောင် မရှိဘူးလေ..."


၎င်းက ဝမ်ယွီမငြင်းနိုင်သည့်အချက်တစ်ခုပင်ဖြစ်သည်။ သူမ ပြောသည့်အရာ အားလုံးနီးပါးမှန်သည်။


ဒါပေမယ့် ကျိအန်းနဉ်က ဒါကို ဘယ်လိုသိတာလဲ...

 သူမက ထိုသို့ သောအကြောင်းအရာများကိုအတင်းအဖျင်းပြောပြီး မေးမြန်းတတ်သူမျိုး မဟုတ်ပေ။ တစ်ယောက်ယောက်က သတင်းများကို ဂရုမစိုက်ဘဲ သူမရှေ့တွင် ယိုဖိတ်စေခဲ့ရခြင်း ဖြစ်ပေမည်။


ဝမ်ယွီက ထိုလူကို ချက်ချင်းဆောင့်ကန်ချင်နေပြီဖြစ်သည်။


သို့သော် ပထမဦးစွာ သူက ကျိအန်းနဉ်နှင့် သဘောတူညီမှုယူရမည်။


ယနေ့တွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာအကြောင်း ပြောလိုက်ခြင်းက ကျိအန်းနဉ်၏ အတွင်းစိတ်အတွေးများကို မျှဝေရန်ဖြစ်လာမည်ဟု စိတ်မကူးမိခဲ့ပေ။ သူလည်း ထပ်တူထပ်မျှ အံ့သြသွားခဲ့သည်။


"ဒါဆို ကျိအန်းနဉ်..."


သူက သူမမေးစေ့ကိုဆွဲဖျစ်လိုက်သည်။


"မင်းအတွက် ငွေကုန်ကြေးကျခံပြီး ဇိမ်ခံပစ္စည်းတွေဝယ်ဖို့ ဘယ်တုန်းကမှ ခွင့်မပြုခဲ့တာ၊ တစ်လျှောက်လုံးငြင်းနေခဲ့တာတွေက နောင်တစ်ချိန်လမ်းခွဲဖို့ ပြင်ဆင်နေတာကြောင့်လား..."


ဝမ်ယွီ၏ မျက်ဝန်းများတွင် ပြင်းထန်သော အရိပ်တစ်ခု ပေါ်လာသည်။


သူက နှစ်ယောက်လုံး၏ လက်ရှိပျော်ရွှင်မှုကိုသာ အာရုံစိုက်ထားပြီး ဝေးဝေးကို ကြိုမတွေးထားခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ဤသို့တွေးခြင်းမှာ သူတို့ငယ်ရွယ်သေးသောကြောင့် ဖြစ်သည်။ သူတို့ တက္ကသိုလ်ပင် မပြီးသေး၍ ထိုအရာများကို စဉ်းစားရန် အချိန်စောလွန်းနေသည်။


သူ အနာဂတ်ကို မစဉ်းစားရသေးသောကြောင့် ကျိအန်းနဉ်က  'လမ်းခွဲပေးနိုင်မဲ့ ဖြစ်နိုင်ချေရှိသောအနာဂတ်'ကို တွေးတောနိုင်မည်ဟု မဆိုလိုပေ။


သူက သူ၏နှလုံးသားနှင့် ဝိညာဉ်ကို သူမအား ပေးခဲ့သည်။ ဤဘဝတွင် မည်သူ့ကိုမှ သူမကို ကောင်းကောင်းဆက်ဆံသလို မကောင်းခဲ့ပေးဖူးပေ။


ပြီးတော့ ဒီစစ်မှန်တဲ့ ဂရုစိုက်မှုနဲ့ ချစ်ခင်မှုအားလုံးကနေ ငါ သူ့ကို ဘာကိုပြန်ရခဲ့လဲ...


သူ့အ‌တွက် ဒေါသဖြစ်စရာများသာ ပြန်ရခဲ့သည်။ ဝမ်ယွီ၏ သည်းခံစိတ်က တဖြည်းဖြည်း ပါးလှပ်လာသည်။



###