၁၉၇၀ ခုနှစ်နောက်ပိုင်း နွေရာသီ၏အပူချိန်သည် နေ့လည်ခင်းပိုင်းတွင် ပို၍ပူလောင်နေသည်။ ခါတိုင်းဒီအချိန်တွေဆိုလျင် ရှန်ရွေ့ ကျေးရွာအဖွဲ့ဝင်များသည် ခဏမျှအနားယူကြသည်။ သို့သော် ယနေ့မှာတော့ သူတို့အားလုံးသည် တပ်မဟာဌာနချုပ်၏ ခြံအနောက်ပိုင်းတွင် စုဝေးနေကြသည်။
လူအုပ်ထဲမှ စူးရှသည့် အော်သံတစ်ခုထွက်ပေါ်လာသည်။
‘’ သူပြန်မလာဘူးဆိုရင် ငါ ပိုးသတ်ဆေးသောက်သေမယ်လို့ပြောလိုက်… ငါ့အလောင်းပဲ သူလာကောက်စေရမယ်လို့….’’
‘‘ ဘုရားရေ… သူမ တကယ်သောက်လိုက်တာလား…’’
‘’ ၁၆၀၅ ပိုးသတ်ဆေးက အရမ်းပြင်းတယ်တဲ့…’’
‘’အာယိုး… အမေရေ… ဒီမှာ လူသေအလောင်းကြီး… အလောင်းကြီးဗျို့…’’
လူအများ အော်ဟစ်နေရင်း တဖြည်းဖြည်းလူအုပ်ကြီးဖြစ်လာသည်။
ခေါင်းဆောင်က အော်လိုက်သည်။ ‘’ သူ့ မိန်းမက သေသွားပြီ… ဒေါက်တာ ချီကျောင်းကို ခေါ်လိုက်ကြ..’’
ပါတီအတွင်းရေးမှုးက သူ့ကိုစိုက်ကြည့်ရင်းပြောလိုက်သည်။’’ ကြေးနန်းတစ်စောင်သွားပို့လိုက်… ဒါက အရေးကြီးတယ် အခုချက်ချင်းလုပ်…’’
ခေါင်းကိုက်ပြီးမူးလိုက်တာ … ရေလဲဆာတယ်….
ထိုအရာများသည် လင်းလန် အရက်နာကျခြင်း၏ အကြီးမားဆုံးနောက်ဆက်တွဲဖြစ်သည်။ မနေ့ညက သူမ ခံစားချက်မကောင်းသည့်အတွက် နောက်နှစ်ခွက်ထပ်သောက်ပြီးနောက် သူမ အခန်းကိုပြန်လာကာ အိပ်ပျော်သွားသည်။ တစ်ညလုံး အိပ်မက်ဆိုးများမက်ပြီးနောက် ခေါ်သံများကိုကြားနေရပြီး တံခါးပိတ်သံကိုပါကြားလိုက်ရသည်။
မမျှော်လင့်စွာဖြင့် သူမ နိုးလာချိန်တွင် နောက်ထပ်ကျယ်လောင်သည့် အသံတစ်ခုက သူမ အိမ်မက်ကို အနှောက်အယှက်ဖြစ်သွားသည်။
‘’ဒုတိယအစ်ကို… မာမားက ပိုးသတ်ဆေးသောက်ပြီး တကယ် သေသွားတာလား….’’
‘’ရှူး….. တိတ်တိတ်နေစမ်း… သူတို့ကကြောက်အောင်ခြောက်နေတာ… မာမားက ပါပါးကို အိမ်ပြန်လာစေချင်ယုံပဲ… မြက်ပင်တွေသွားရှင်းရအောင်…’’
လင်းလန် သူမ မျက်လုံးများကို ဖွင့်နိုင်ရန် အကောင်းဆုံးကြိုးစားသော်လည်း တစ်စုံတစ်ခုကြောင့် သူမမျက်လုံးများ ဖွင့်မရပေ။
ခဏအကြာတွင် နောက်ထပ် ကြမ်းရှသော အသံတစ်ခုထွက်ပေါ်လာသည်။ ‘’ တတိယအကြီးဆုံးက တပ်ထဲမှာ… သူမ တနေကုန်အချိန်ဖြုန်းပြီး ဒီကလေး ၅ ယောက်ကို ပြုစုစောင့်ရှောက်တာကို ငါတွေ့ဖူးတယ်… သူမက ငါ့တို့ကိုကူညီဖို့ အပြင်တောင် ထွက်တာမဟုတ်ဘူး… တကယ်လို့ သူမ အသက်ဆက်မရှင်ချင်တော့ဘူးဆိုရင်တောင် သူမရဲ့ အမေအိမ်ကိုပြန်သွားလို့ရတာပဲ… ဘယ်သူကမှ သူမကို ဂရုစိုက်မှာမဟုတ်ဘူး… သူမကိုယ်သူမ ဆွဲကြိုးချမသေပဲ ပိုးသတ်ဆေးသောက်ပြတယ်ဆိုတော့… ဒါက ယောက္ခမကို သဘောမကျကြောင်း တမင်ပြတာပဲ… ငါ့ကို အရင်သေစေချင်နေတာလား… ဘုရားရေ… ဒီလောက်ဆိုးရွားတဲ့ ချွေးမမျိုး တစ်ခါမှမမြင်ဖူးပါဘူး… မိသားစုနဲ့ခွဲသွားချင်တယ်ဟုတ်လား… ဘာလို့များ ကြိုးတစ်ချောင်းယူပြီး ငါ့ကိုလာညှစ်မသတ်ရတာလဲ… သူမကို သွားလှုပ်နှိုးမနေနဲ့တော့… နင် လုပ်စရာရှိတာ သွားလုပ်… အပျင်းကြီးဖို့ ကြံမနေနဲ့….’’
ထို့နောက် တံခါးဆောင့်ပိတ်သံကို ကြားလိုက်ရသည်။
‘ပိုးသတ်ဆေးသောက်ပြီး မိသားစုနဲ့ခွဲနေဖို့ဟုတ်လား… ဘာတွေလဲ…’
လင်းလန် ခေါင်းကွဲမတတ်ကိုက်နေပြီး သူမ အင်အားအကုန်လုံးကို မျက်လုံးဖွင့်နိုင်ရန်တွက် သုံးလိုက်ရသည်။
သူမ မျက်လုံးဖွင့်လိုက်ချိန်တွင် ပထမဆုံး ပြတင်းပေါက်မပါသည့် ကျဉ်မြောင်းသောအခန်းငယ်လေးကို တွေ့လိုက်ရသည်။ အခန်းထဲတွင် ပျက်စီးနေသော လိုက်ကာတစ်ခုကိုသာ တွေ့ရသည်။ နံရံနှင့် အမိုးမှာ အမည်းရောင်ဖြစ်နေပြီး အခန်းထောင့်များသည် ကြပ်ခိုးများဖြင့် ပြည့်နှက်နေသည်။ ထို့အပြင့် မနှစ်မြို့ဖွယ်ရာ အနံများက အခန်းထဲတွင် ပျံ့နှံ့နေသည်။ ထိုအရာများသည် တိရိစ္ဆာန်မစင် သို့မဟုတ် ကျင်ငယ်ရည်များ နှင့် တခြားမှိုစွဲနေသည့် မကောင်းသည့်အနံ့အသက်များနှင့် ရောနှောနေကာ ဘာအနံ့မှန်းခွဲမရနိုင်ပေ။
ပတ်ဝန်းကျင်အနေအထားမှာ လူကို မပျော်ရွှင်စေရုံသာမက ဒေါသပါထွက်လာစေနိုင်သည်။ လင်းလန် ရုတ်တရက်တွေးလိုက်မိသည်။ ‘ ငါ ကူးပြောင်းလာခဲ့တာလား…’
လင်းလန် အချိန်အတော်ကြာ မျက်လုံးမှိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ မူလအတိုင်းပင် မီးခိုးရောင်ရွံ့နံရံက ရှိနေဆဲပဲဖြစ်သည်။ ထိုအချိန်တွင် သူမ အမှန်တကယ်ပင် ကူးပြောင်းလာမှန်း လက်ခံလိုက်တော့သည်။
သူမ အတွေးထဲတွင် သူမနှင့်မသက်ဆိုင်သော အကြောင်းအရာများသည် စာအုပ်တစ်အုပ်ကိုဖတ်သလို သို့မဟုတ် ရုပ်ရှင်တစ်ကားကိုကြည့်ရသကဲ့သို့ သူမ အသိစိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ပေါ်လာသောကြောင့်ဖြစ်သည်။
သူမသည် 1970 နှစ် ရှေးခတ်တရုတ်ပြည်, ပြည်နယ် ဒီ, တရုတ်နိုင်ငံမြောက်ပိုင်းရှိ ရှန်ရွေ့ဟုခေါ်သော ရွာငယ်လေးတစ်ရွာမှဖြစ်သည်။ မူလပိုင်ရှင်၏အမည်သည် သူမ အမည်နှင့်အတူတူပင်ဖြစ်သည်။ သူမ၏မိသားစုသည် လင်းကျားရွာမှဖြစ်သည်။ သူမခင်ပွန်း၏ မျိုးရိုးအမည်မှာ ဟန်ဖြစ်ပြီး ဟန်ချင်စုန့်သည် စစ်သားတစ်ဦးဖြစ်သည်။ သူတို့တွင် ကလေး 5 ယောက်ရှိသည်။
မူလကိုယ်သည် ကျောင်းတစ်ခါမှမတက်ဖူးဘဲ စာတက်မြောက်ရေးအတန်းကိုသာ ရက်အနည်းငယ်တက်ခဲ့သည်။ ထို့ကြောင့် သူမသည် စာလုံးရေ အလုံး 50 ထက်ပိုမမှတ်မိနိုင်ပေ။ သူမသည် ငယ်စဉ်ကတည်းက သန်မာပြီးကြမ်းတမ်းသလို ဒေါသလဲကြီးသေးသည်။ သူမသည် အမြဲလိုလို မောက်မာပြီး ယဉ်ကျေးမှုးလဲမရှိပေ။ ပြဿနာတစ်ခုနှင့်ကြုံလာတိုင်း ခေါင်းသုံးကာ အေးအေးဆေးဆေးမဖြေရှင်းတတ်သလို သူမ မိဘအိမ်သို့မကြာခဏသွားကာ အရှုပ်များလုပ်တတ်လေသည်။ ထို့ကြောင့် သူမ အမေအိမ်ကလည်း သူမကို မကြိုဆိုကြပေ။
သူမ အသက် 16 နှစ်တွင် ဟန်ချင်စုန့်နှင့် လက်ထပ်ခဲ့သည်။ သူသည် အိမ်တွင် အမြဲတမ်းရှိမနေသောကြောင့် သူမသည် သူမ၏ယောက္ခမနှင့် ယောမများ၏ ဖိနှိပ်ခြင်းကိုခံရလေသည်။ သူမက စဉ်းစားညဏ်သိပ်မကောင်းသောကြောင့် သူတို့နှင့်ပြေလည်အောင် မလုပ်ဆောင်နိုင်သလို ဆက်ဆံရေးမှာလဲ ခက်ခဲခဲ့သည်။
ဟန်ချင်စုန့်သည် အသက် 17 နှစ်အရွယ်တွင် စစ်သားအဖြစ် အမှုထမ်းခဲ့သည်။ ဆယ်နှစ်ကျော်ကြာ အလုပ်ကြိုးစားခဲ့ပြီးနောက် ယခုအချိန်တွင် သူသည် တပ်ခွဲမှုးတစ်ယောက်ဖြစ်လာသည်။ သူတွင် သေချာသော ကောင်းမွန်သည့် အနာဂတ်ရှိသည်။
ထို့အတွက်ကြောင့်ပင် မူလကိုယ်သည် အတော်လေးမလွယ်ကူခဲ့ပေ။ ဟန်ချင်စုန့်က အမြဲလိုလို သူမအပေါ် အထင်သေးကာ ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ပိုင်ဆိုင်လိုသည်ဟု သံသယဝင်ကာ အထင်လွဲနေခဲ့သည်။
ထို့ကြောင့် သူ့ကိုအိမ်သို့အမြဲပြန်အောင် အမြဲလိုလိုအရှုပ်ထုတ်များ လုပ်လေ့ရှိသည်။ ထိုမှသာ သူမခင်ပွန်းသည်က ပညာတတ် လှပသော မြေခွေးလိုမိန်းမများ၏ ဖမ်းစားခြင်းမခံရမည်ဟု သူမတွေးခဲ့သည်။
ယခုတကြိမ် ပိုးသတ်ဆေးသောက်ရသည့် အကြောင်းအရင်းမှာ ဟန်ချင်စုန့်သည် တပ်မှုးတစ်ယောက်သမီးနှင့် အတူရှိနေသည်ဟု စစ်သားတစ်ယောက်ဆီမှ မူလကိုယ် ကြားခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ဟန်ချင်စုန့်သည် သူမကို ကွာရှင်းဖို့အတွက် သေချာပေါက်ဆန္ဒရှိသည်ကိုလဲ သိခဲ့ရသည်။ ထို့ကြောင့် သူမအတွက် နောက်ဆုံးကောက်ရိုးမျှင်ဖြစ်သည့် ကြေးနန်းစာများကို သူ့ထံသို့ အကြိမ်ကြိမ်ပို့ခဲ့သည်။