အပိုင်း ၂
Viewers 20k

ထို့ကြောင့် ဟန်ချင်စုန့်သည် သူ၏အလုပ်ကိုပြောင်းကာ အိမ်သို့ပြန်လာခဲ့ရသည်။ အကယ်၍ သူသာအိမ်ပြန်မလာလျင် သူမ သေချာပေါက်သေသွားမည်ဖြစ်ပြီး ကလေး 5 ယောက်ကိုပါ သူမနှင့်အတူတူ သေရွာသို့ခေါ်သွားပေလိမ့်မည်။
ထိုကိစ္စများကို သူ၏မိခင်ထံမှ ကြားသိခဲ့ရခြင်းဖြစ်ပြီး သဘာဝကျစွာဖြင့် သူမကသဘောမတူပေ။ သူမသားဖြစ်သူ၏အနာဂတ်သည် တောက်ပနေပြီး ဟန်မိသားစုကိုထောက်ပံ့ပေးနေသောကြောင့်ဖြစ်သည်။ တကယ်လို့ သူမသားသာ အိမ်ကိုပြန်လာမည်ဆိုလျင် သူမတို့မိသားစု ကြပ်တည်းသွားနိုင်သည်မဟုတ်ပါလား... ထို့ကြောင့် သူမ ဒီကိစ္စကိုလုံးဝအဖြစ်မခံနိုင်ပေ။
မူလကိုယ်သည် သူမယောကျာ်း၏လစာကို ယောက္ခမဆီမှ တောင်းလေသည်။ တကယ်လို့ လက်မခံလျင် ပိုးသတ်ဆေးသောက်သေကာ သူမယောကျားကိုအိမ်သို့ပြန်လာအောင်လုပ်မည်ဖြစ်သည်။ သူမ၏ဒုတိယသားဖြစ်သူ ဟန်ဝမ်ကျွင်းကို 1605 အဆိပ် ပုလင်းအလွတ်တစ်လုံးကို တိတ်တဆိတ်သွား ကောက်ခိုင်းလိုက်သည်။ သူမပုလင်းထဲသို့ ရေကိုသွန်ထည့်လိုက်ချိန်တွင် မည်သည့်အဆိပ်ရည်ကိုမှ မတွေ့ခဲ့ရပေ။ ထို့နောက် သူတို့အားလုံးကိုခြောက်လှန့်ရန် သောက်လိုက်သည်။
သို့သော် ထို 1605 အဆိပ်သည် အလွန်ပြင်းထန်လိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ ပုလင်းထဲတွင်ကျန်ရှိနေသော အဆိပ်အနည်းငယ်ကို ရေနှင့်ရောသောက်လိုက်သလိုဖြစ်သွားပြီး တစ်နှစ်ပတ်လုံးမကျန်းမာနေသည့် သူမ၏ခန္ဓာကိုယ်ကို အလွယ်တကူထိခိုက်ကာ သေဆုံးသည်အထိဖြစ်သွားတော့သည်။
ထိုနည်းလမ်းဖြင့် လင်းလန် ကူးပြောင်းလာခြင်းဖြစ်တော့သည်။
မူလဇာတ်လမ်း ဒီအချိန်တွင် မူလကိုယ်၏အကြံအစည်သည် အမှန်တကယ်အောင်မြင်ခဲ့သည်။
သူမခင်ပွန်း ဟန်ချင်စုန့်သည် ပြဿနာများကြောင့်စိတ်ပျက်ခဲ့ရပြီး အလုပ်အပေါ်စိတ်မဝင်စားနိုင်တော့ပေ။ နောက်ဆုံးတွင် သူသည် စစ်တပ်ထဲတွင်အလုပ်ပြောင်းရန် လျောက်ထားခဲ့ပြီး ရက်အနည်းငယ်အတွင်း အိမ်သို့ပြန်လာခဲ့သည်။
သူအိမ်သို့ပြန်လာသော်လည်း မိသားစုကြားအဆင်မပြေလာသလို ပိုဆိုးသည့်အခြေအနေသို့ရောက်လာသည်။ ခင်ပွန်းဖြစ်သူ အိမ်ပြန်လာလျင် ငြိမ်းချမ်းစွာနေထိုင်မည်ဟု မူလကိုယ်သည် ကတိပေးခဲ့သော်လည်း သူမခင်ပွန်းသည် သူမအပေါ်အထင်မြင်သေးပြီး တခြားမိန်းကလေးများနှင့် ဆက်ဆံရေးရှိသည်ဟု သံသယဝင်ပြန်သည်။ သူမ မျက်စိရှေ့မှပျောက်သွားသည်နှင့် တခြားမိန်းကလေးတစ်ယောက်နှင့် ဖောက်ပြန်နေသည်ဟု တွေးပြန်သည်။
ရွာရှိလက်မထပ်ရသေးသည့် အကြီးဆုံးအမျိုးသမီးများနှင့် မုဆိုးမများပင်လျင် သူမ၏ သံသယစာရင်းတွင်ပါဝင်ခဲ့သည်။
ခင်ပွန်းဖြစ်သူသာ သူမအလိုမလိုက်လျင် ဆူညံပွက်လောရိုက်သည်အထိ ပြဿနာရှာကာ သူမကိုယ်သူမ သတ်သေမည်ဟု ခြိမ်းခြောက်လေ့ရှိသည်။
ဟန်ချင်စုန့်သည် အလုပ်ပြောင်းပြီးနောက် ခရိုင်ပြည်သူ့လုံခြုံရေးဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှုးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ထိုအချိန်တွင် ယဉ်ကျေးမှုတော်လှန်ရေးကြီးပြီးဆုံးတော့မည်ဖြစ်သောကြောင့် ထိန်းချုပ်မှုများလျော့ရဲ့လာသည်။ တစ်ချို့သော ပြည်သူ့ဝန်ထမ်းများသည် ဥပဒေကိုမလိုက်နာသဖြင့် ခရိုင်အတွင်းပြည်သူ့လုံခြုံရေးသည် ဖရိုဖရဲဖြစ်နေသည်။
ဟန်ချင်စုန့်သည် တာဝန်များဖြင့် အလုပ်အလွန်များနေပြီး အတွင်းကောအပြင်ပါ ဒုက္ခရောက်နေသည်။ နာက်ဆုံးတွင် သူမဘက်မှ အရှုပ်ထုတ်များလုပ်ပြီးနောက် သူ၏စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပြီး တာဝန်ထမ်းဆောင်နေစဉ်အတွင်း သေဆုံးသွားတော့သည်။
သူ သေဆုံးပြီးနောက် သူမသည် လှည်ကွက်များသုံးတတ်လာကာ ပို၍ပင်ဆိုးရွားလာခဲ့သည်။
ကလေးများကို ဒေါသပြေရန်အတွက် အသုံးပြုခဲ့သလို ကလေးများ၏အကာအကွယ်ကိုယူကာ စိတ်တိုင်းကျအလိုလိုက်ခဲ့သည်။ ကလေးများကို စွန့်ပစ်ပစ္စည်းအနေဖြင့် အသုံးပြုခဲ့ပြီး အဆုံးတွင် တစ်ယောက်မှ ကောင်းသောသေခြင်းနှင့် မသေခဲ့ရပေ။
နေပါဦး....
လင်းလန် သူမဖတ်ဖူးသော ရှေးခတ်ဝတ္တုတစ်ပုဒ်ထဲမှ ဇာတ်ကွက်များကို ရုတ်တရက်သတိရသွားသည်။
စာအုပ်ထဲမှ အဓိက ဇာတ်လိုက်နှင့် ဇာတ်လိုက်မသည် ငယ်ချစ်များဖြစ်ကြပြီး ချမ်းသာသည့်ဘဝကိုရောက်ရန်အတွက် အလုပ်များနေကြသည်။ ဇာတ်လိုက်မသည် သူမ၏သဘာဝကျသည့် ပုံစံကြောင့် အထင်ကြီးစရာကောင်းသည်။
သူမသည် မူလကိုယ်၏ သမီး ဟန်မိုင်စွေ့ ဖြစ်ပြီး ငယ်ရွယ်လှပကာ ကောင်းမွန်သွက်လက်သည့် ကိုယ်ရည်ကိုယ်သွေးရှိသည်။ ကလေးဘဝကတည်းကပင် မူလကိုယ်ကပျိုးထောင်ပေးခဲ့သည့်အတွက် သူမကိုယ်သူမ မင်းသမီးလေးကဲ့သို့အထင်ရောက်ကာ သူမ လိုသမျှရခဲ့သည်။ သူမ အပေါ်မကောင်းသူမှန်သမျှ လူဆိုးဟုသတ်မှတ်ထားသည်။ မူလကိုယ်သည် သူမသမီးဖြစ်သူ အမျိုးသားဇာတ်လိုက်ကို နှောက်ယှက်ရာတွင် ကူညီပေးခဲ့ပြီး သားဖြစ်သူများမှာလည်း ကောက်ကျစ်ပြီး အဆုံးသတ်မလှခဲ့ပေ။ အဓိကအကြောင်းအရင်းမှာ သူမ၏ လှည့်ဖျားတတ်သည့်မိသားစုထံမှ မထွက်ခွာနိုင်ခြင်းပင်။
ဒီလိုအိမ်မျိုးကိုမှ သူမ ကူးပြောင်းလာခဲ့တာလား...
သူမ ဘာလုပ်သင့်လဲ....
ပြန်သွားဖို့လား... ဒါကမဖြစ်နိုင်တော့ဘူး... အိမ်ကနေထွက်ပြေးရင်ကော... ဒါမှမဟုတ်ကွာရှင်းလိုက်ရင်ကော...
ဒီလိုခေတ်ကာလမျိုးမှာ မည်သူကွာရှင်းခြင်းမလုပ်ကြပေ။ သူမသာကွာရှင်းလိုက်လျင် သူမ၏မိဘများက သူမကိုလက်ခံတော့မည်မဟုတ်ပေ။ ဒီလိုခေတ်ကာလမျိုးတွင် ကွာရှင်းကြသည့်အမျိုးသမီးများသည် သူမတို့၏မိဘအိမ်သို့ ပြန်ဖို့မဖြစ်နိုင်ကြပေ။
ဒီအချိန်တွင် သူမ၏လုပ်ငန်းအတွေ့အကြုံနှင့် မည်သည့်အလုပ်မှ ရှာလို့မရနိုင်ပေ။ သူမ အလုပ်မရှာနိုင်သည့်အတွက် ငွေမရနိုင်ပေ။ အသက်ရှင်ဖို့ အစာစားခြင်းကပင် ပြဿနာဖြစ်လာနိုင်သည်။ ထို့ကြောင့် သူမအနေဖြင့် မူလကိုယ်အတိုင်းသာ နေထိုင်ရမည့်သဘောဖြစ်နေသည်။
အဓိကပြဿနာမှာ သူမသည် မကောင်းသည့်သူတစ်ယောက်အဖြစ်မှ ရုတ်တရက် ကောင်းမွန်စွာနေထိုင်သွားလျင် လူတိုင်းမှ သံသယဖြစ်လာနိုင်သည်။ သို့သော် မူလကိုယ်ကဲ့သို့ သူမ ဘဝကို မဖြတ်သန်းနိုင်ပေ။
သူမ ရုတ်တရက် အတွေးတစ်ခုရသွားသည်။ ဒီအဆိပ်မိခြင်းမှ ရှင်သန်လာခြင်းကို အသုံးချရန်ဖြစ်သည်။
အင်း... မဆိုးဘူး...
သူမတွင် နေ့ရက်များကိုဖြတ်သန်းရန် နည်းလမ်းများစွာရှိသေးသည် မဟုတ်ပါလား...
သူမအတွက် အကြောက်ဆုံး အရာကတော့....
xxxxxx