အပိုင်း ၃-၄
Viewers 21k

Part 3


သူမ ဘဝတွင် အကြောက်ဆုံးအရာမှာ ကလေးများဖြစ်သည်။ အတိတ်တုန်းကဆိုလျင် သူမဆက်ဆံခဲ့ရသည့် ကလေးအများစုမှာ ဝက်ဝံလေးများဖြစ်ကြသည်။


ဥပမာအားဖြင့် သူမ၏လုပ်ဖော်ကိုင်ဖက်တွင် ၆ နှစ်အရွယ်သမီးလေးတစ်ဦးရှိပြီး ထိုကလေးသည် ရုံးခန်းသို့လာတိုင်း သူမတွေ့သမျှအရာအားလုံးကို ဝယ်ပေးစေချင်သည်။ ကလေးသည် ချစ်စရာကောင်းသော အပြုအမူလေးဖြင့် သူမကိုပွေ့ဖက်ကာ သူမ၏နားကပ်များ ဆွဲကြိုးများကိုအတင်းဆွဲပြီး ဝယ်ပေးရန်တောင်းဆိုသည့်အပြင့် အမေဖြစ်သူကိုတိုင်မပြောရန်နှုတ်ပိတ်သွားသေးသည်။


ထိုကဲ့သို့သောအဖြစ်အပျက်မျိုးသည် တစ်ခါနှစ်ခါသာဆိုလျင် သူမ လွှတ်ထားလိုက်နိုင်သော်လည်း အကြိမ်အရေအတွက်ပိုလာသည့်အချိန်တွင် သူမ လုပ်ဖော်ကိုင်ဖက်ကို ပြောပြလိုက်ရတော့သည်။ ထိုလုပ်ဖော်ကိုင်ဖက်သည် သူမရှေ့တွင်ချက်ချင်းတောင်းပန်ခဲ့ပြီး သူမကလေးသည် ရိုင်စိုင်းပြီး ဆုံးမသွန်သင်ရခက်သည်ဟု ပြောဆိုခဲ့သည်။ 


သူမ ဆွေမျိုးသားချင်းထဲတွင်လည်း သူမမောင်လေးများ၏ ကလေးများရှိသည်။ ထိုကလေးများ သူမအိမ်သို့ အလည်လာသည့်အချိန်တိုင်း အိမ်နေရာအနှံ့ကို ဓါးပြတိုက်သကဲ့သို့ သွားလာဆော့ကစားနေကြသည့်အတွက် သူမ၏ အလှကုန်များ လက်ဝတ်ရတနာများ အီလက်ထရောနစ်ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းထားရသည်။ မဟုတ်လျင် အားလုံးပျက်စီးကုန်လိမ့်မည်ဖြစ်သည်။ 


သူမ ဒေါသထွက်လွန်း၍ အပြုံးလေးဖြင့်ပြောနေလျင်တောင် သူမ၏ဆွေမျိုးသားချင်းများက ‘’ လင်းလန်က ပိုပြီးကပ်စေးနည်းလာတာပဲ… သူမက ကလေးထက်တောင် ကလေးဆန်ချင်သေးတယ်… သူမ အချိန်တန်လို့အရွယ်ရောက်လာရင် မြန်မြန်လက်ထပ်ပေးရမယ်… ဒါမှ အခုလိုမျိုးဖြစ်မနေပဲ နားလည်တတ်လာမှာ…’’


သူမ၏ များပြားလှသော အလှကုန်များမှာ တူ၊ တူမများ၏ လက်ချက်ကြောင့် ပျက်စီးဆုံးရှုံးသွားရသော်လည်း သူမ အမေဆီမှ ဆူပူမှုကိုသာ လက်ခံရရှိခဲ့သည်။ အဆုံးမှာတော့ သူမ အကိုမဂ်လာဆောင်အတွက် အိမ်ဝယ်ဖို့ ပိုက်ဆံကိုချန်မထားတော့ပဲ သူမဘာသာ အိမ်တစ်လုံးဝယ်လိုက်တော့သည်။ 


ထို့နောက် သူမ လက်မထပ်ခဲ့သလို ကလေးလဲမယူတော့ပေ။


‘’ နင့်မှာ ကလေးမရှိတော့ အနာဂါတ်မှာ ဒီအိမ်က သူတို့ပိုင်သွားမှာပဲလေ… ဘာလို့များ အခု သူတို့ကိုမပေးရတာလဲ… အပြင်လူတွေကိုပေးဖို့စဉ်းစားပြီး ပိုက်ဆံတွေအလကားဖြုန်းပစ်ဖို့ မကြံနဲ့နော် …’’


အတိုချုပ်ပြောရလျင် သူမ အိမ်ထောင်ပြုရမှာကို ကြောက်နေခြင်းပင်ဖြစ်သည်။ သူမတွင်  ကလေးများရှိလာမည်ကိုကြောက်သည်။ မိခင်တစ်ယောက် ဖြစ်လာမည်ကိုလည်းကြောက်သည်။ နတ်ဆိုးလိုမျိုးသောင်းကျန်းတတ်သော ကလေးများကို သူမ တကယ်မလိုချင်ပေ။ ထို့အပြင့် သူမ မိခင်လိုမျိုး အမေတစ်ယောက်ဖြစ်မလာချင်ပေ။


သူမ ဘဝတစ်လျောက်လုံးကို လူလွတ်တစ်ယောက်အနေဖြင့် ဖြတ်သန်းခဲ့ပြီး တခြားသူများကြောင့် ဘယ်တုန်းကမှ မနာကျင်ခဲ့ရပေ။


ယခုဆိုလျင် ဆယ်နှစ်ကျော်ကြာ အလုပ်ကြိုးစားပြီးနောက် အောင်မြင်မှုရနေသည့်အတွက် ဘာကြောင့်များ သူမ၏အရည်အချင်းများ ကျဆင်းစေမည့် ကလေးကိုမွေးပြီး ခင်ပွန်းတစ်ယောက်အား လက်ထပ်ရမည်နည်း….


သို့သော်လည်း ဘုရားသခင်က သူမကိုထိုကဲ့သို့သော ဘဝမျိုးပေးချင်ဟန်မတူ…. သူသည် သူမကို ကလေး ၅ ယောက်အမေ တစ်ဖြစ်လည်း သစ်သားကဲ့သို့ခင်ပွန်း၏ဇနီးဖြစ်သူ ခန္ဓာကိုယ်အတွင်းသို့ ကူးပြောင်းစေခဲ့သည်။ 


သူမ ကိုယ့်ဘာသာတွေးလိုက်မိသည်။ ‘ ဒီလိုဘဝမျိုးနဲ့ ငါမနေနိုင်ဘူး…’


မူလနေရာသို့ပြန်လည်ကူးပြောင်းနိုးဖြင့် သူမ မျက်လုံးများကို တင်းကြပ်စွာမှိတ်လိုက်ပြီး ဒီအဖြစ်အပျက်အားလုံးကို အိမ်မက်ဟုသာ သတ်မှတ်လိုက်ချင်မိသည်။


ထိုအချိန်တွင် ကလေးတစ်ဦး၏ ငိုကြွေးသံထွက်ပေါ်လာသည်။


 ‘’ မာမား… သေပြီ… မာမား သေသွားပြီ’’ 


လက်သေးသေးလေးတစ်စုံက သူမမျက်နှာနှင့် လည်ပင်းတဝိုက်ကိုဖက်တွယ်ထားသည်။ အနည်းငယ်တင်းကြပ်စွာဖက်ထားမှုကြောင့် သူမ အသက်ရှုမဝတော့ဘဲ မျက်လုံးအစုံကို ဖွင့်လိုက်မိသည်။


လင်းလန် သူမ မျက်လုံးကိုဖွင့်ပြီးနောက် မည်းနေသောလက်လေးကိုဆွဲဖယ်ရင်း ‘’ မင်း ဘာလုပ်နေတာလဲ…’’


ပြောပြီးနောက် သူမ ချက်ချင်းနောင်တရသွားသည်။ သူမ လေသံသည် အတော်လေး ပြင်းထန်ပြီး ကလေးကိုခြောက်လန့်သွားနိုင်သည်။


သို့သော်လည်း ကလေးလေးမှာ ထိုအရာကို ဂရုမစိုက်ဘဲ ကြီးမားသောမျက်ဝန်းအစုံဖြင့် သူမကို စိုက်ကြည့်နေပြီး သူမ သေသွားမည်ကိုအမှန်တကယ်ကြောက်လန့်နေပုံရသည်။


လင်းလန် ကလေးများကို သဘောမကျသော်လည်း ထိုကလေးလေး၏ မျက်ဝန်းအစုံသည် အမှောင်ထဲတွင် တောက်ပနေပြီး အလွန်လှပသည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။ သူက အရမ်းပိန်နေပေမယ့်လဲပေါ့….


ထပ်ပေါင်းပြောရလျင် မည်သူကမှ ထိုကလေးကို ဂရုမစိုက်သည်မှာ ထင်ရှားလှသည်။ အဘယ်ကြောင့်ဆိုသော် ကလေး၏ ခန္ဓာကိုယ်တစ်ခုလုံး ညစ်ပါတ်နေသောကြောင့်ဖြစ်သည်။ ကလေးအမည်မှာ ဝမ်ဝမ်ဖြစ်ပြီး ၄ နှစ်သာရှိသေးသည့် မူလကိုယ်၏ အငယ်ဆုံးသားလေးဖြစ်သည်။ သူသည် လမစေ့ဘဲ မွေးဖွားခဲ့သောကြောင့် ငေးငိုင်တတ်သောမျက်ဝန်း အားနည်းသောအမြင်အာရုံနှင့် လူကြောက်တတ်သောစရိုက်ရှိသည်။ မူလကိုယ်က သူ့အား အတော်လေးကို သဘောမကျပေ။ ကလေးအား သူမအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေသော မျက်စိကန်းနေသည့် အရူးတစ်ယောက်ဟု အမြဲတွေးခဲ့သည်။


‘’မာမား… စား…’’ သူ၏လက်မည်းလေးများကိုဆန့်ထုတ်လိုက်သောအခါ အရည်ပျော်ပြီး စေးကပ်နေသော သကြားလုံးအပိုင်းအစလေးတစ်ခုကို တွေ့လိုက်ရသည်။


အဲ့ဒါက အနည်းငယ်ညစ်ပါတ်ပုံပေါ်နေသည့်အတွက် လင်းလန်စိတ်ကို အတော်လေး မသက်မသာဖြစ်သွားစေသည်။


သို့သော်လည်း သူမ သူ့ကိုစိတ်မဆိုးရက်ပေ။ ဘာပဲဖြစ်ဖြစ် အလွန်လျှို့ဝှက်ဆန်းကြယ်သောကိစ္စကြောင့် သူမ ဒီကို ကူးပြောင်းပြီးပြီးဖြစ်သည့်အတွက် ထိုကလေးနှင့် ဘာမှမသက်ဆိုင်ပေ။


သူမ မျက်ဝန်းကိုမှိတ်ကာ ပြောလိုက်သည်။ ‘’ အဲ့ဒါကို ကိုယ့်ဘာသာပဲစားလိုက်ပါ… ငါ့ကိုတော့မထိနဲ့…’’


ထိုစေးကပ်ပြီး မည်းနက်နေသာ လက်လေးများက သူမ စိတ်ကိုအာရုံများစေပြီး ချွေးများပါထွက်လာသည်။


ကလေးသည် သူမကို အလွန်ကြောက်လန့်သွားကာ တဖက်သို့ကပ်သွားပြီး သူမကို ထပ်မထိတော့ပေ။ သို့သော်လည်း သူ၏ တောက်ပနေသော မျက်ဝန်းများကမူ သူ့မိခင်သေမည်ကို စိုးရိမ်စိတ်အပြည့်ဖြင့် ဆက်ကြည့်နေဆဲဖြစ်သည်။


ဒီကလေးကတော့….


လင်းလန် သက်ပြင်းချလိုက်သည်။ ကလေး ၅ ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုသည်မှာ သူမ အတွက် မဖြစ်နိုင်သောအလုပ်တစ်ခုပင်….


သူမ မျက်လုံးများမှိတ်လိုက်ပြီး ကလေး ၅ ယောက်၏ဘဝဖြတ်သန်းမှုကို တွေးလိုက်မိပြီး ချွေးပါပြန်လာသည်။ မူလကိုသည် ကလေးများကို ဗီလိန်များအဖြစ် ပျိုးထောင်ရာတွင် အတော်လေးကောင်းမွန်လေသည်။


လင်းလန် ခဏမျှတိတ်ဆိတ်သွားသည်။ မူလကိုယ်ကဲ့သို့ နေထိုင်ရန်မှာ အဆင်ပြေသော်လည်း ကလေး ၅ ယောက်ကို ထိန်းကျောင်းရန်အတွက်တော့ အနည်းငယ်စိုးရိမ်နေမိသည်။ 


သူတို့တွေ၏ အနာဂတ်သည် အတော်လေးကို…..


သူမ အနေဖြင့် ထိုကလေးများကို မှန်ကန်သည့်လမ်းကြောင်းရောက်ရန်နှင့် ကောင်းမွန်စွာနေထိုင်တတ်ရန် လမ်းညွှန်ပြသဖို့ လိုအပ်နေပြီဖြစ်သည်။


ဘုရားရေ… သူမ အကြောက်ဆုံးက ကလေးတွေလေ… ကောင်းရော…


ချစ်စရာကောင်းနေလျင်တောင် သူမသည် နတ်သမီးအဖြစ်မှ ငရဲသို့ရုတ်တရက် ဝင်ရောက်သွားနိုင်သည်။


သူမ တွေးနေစဉ်မှာပင် တစ်စုံတစ်ယောက်က သူမကိုပစ်တိုက်လိုက်ရင်း ‘’ မာမား… သား ငါးအကြီးကြီးတစ်ကောင် ဖမ်းမိတယ်… အဲ့ဒါက အကြီးကြီးပဲ သိလား…’’  


သန်မာတောင့်တင်းသော ကောင်လေးတစ်ဦးက သူမကို ဝင်တိုက်လိုက်ခြင်းဖြစ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေကာ ‘’ မာမား… သားဘယ်လိုဖမ်းလာခဲ့လဲဆိုတာ မှန်းကြည့်ပါလား… သား ရေသွားသောက်နေတုန်း အဲ့ကောင်ကို လက်နဲ့ဒီအတိုင်း ဖမ်းလာခဲ့တာ … ဟား… ဟား… ဟား..’’


လင်းလန် မျက်လုံးဖွင့်ကာ သူ့ကိုကြည့်လိုက်သည်။ သူမ၏ တတိယသားလေးဖြစ်ပြီး ဘောင်ဘီတိုလေး တစ်ထည်သာဝတ်ဆင်ထားကာ ညစ်ပတ်နေသည်။ သူ၏ မျက်လုံးလေးများနှင့် သွားလေးများသာ ကျန်နေပြီး တကိုယ်လုံး ညစ်ပါတ်နေသည်မှာ အတော်လေး ရယ်စရာကောင်းသည်။


ဒီတတိယသားလေး စန်းဝမ် က အသက် ၃ နှစ်အရွယ်ကတည်းက မြစ်ထဲမှာ ရေကူးတတ်လာပြီး ရေကူးခြင်းကို သဘောကျသည်။ မြစ်ရေမခဲမချင်း ရသည့်အချိန်၌ မြစ်ထဲသို့သွားကာ ရေကူးလေ့ရှိသည်။ ရေကြိုက်သော ထိုကလေးသည် နောက်ပိုင်းတွင် ရေနစ်ပြီးသေဆုံးသွားခဲ့ရသည်။


အား… လင်းလန် သက်ပြင်းချမိသည်။


သို့သော် လင်းလန်က ထိုကလေးကို ရူးမိုက်သည်ဟုမထင်မိပေ။ ဘယ်လိုမျိုး ရူးနေသည့်သူ၏ မျက်ဝန်းများက ယခုလို အာရုံစူးစိုက်ပြီး တောက်ပနိုင်မှာလဲ…


xxxxx

Part 4


စန်းဝမ်က ပဟေဠိဖြစ်စွာဖြင့်


 ‘’ မာမား… ဘာဖြစ်လို့လဲ… ငါးအကြီးကြီးမိတာတောင် မပျော်ဘူးလား…’’


‘’စန်းဝမ်…’’ တခြားကောင်လေးတစ်ယောက်က အပြင်မှဝင်လာပြီး တံခါးကိုပိတ်ကာ လမ်းလျောက်လာရင်း လေသံတိုးလေးဖြင့်… ‘’ မာမား… စန်းဝမ် .. အဲ့ဒီငတုံးကတော့… သားသာ သူ့ကိုဆွဲမထားရင် ဒီငါးကို အဓိကအခန်းထဲထိ ပို့ချင်နေတာ’’ သူက စန်းဝမ် ခေါင်းကိုတွန်းလိုက်ရင်း ‘’ ငတုံးကောင်…’’


စန်းဝမ်က နှုတ်ခမ်းဆူလိုက်ပြီး ‘’ ငါ့ခေါင်းကို မတွန်းနဲ့…’’


‘’ မာမား.. နေလို့ကောင်းသွားပြီလား… မာမားသောက်ဖို့အတွက် ငါးစွပ်ပြုတ်သွားလုပ်လာပေးမယ် ဒါမှမဟုတ်ရင် အဖွားက ဉီးလေးနဲ့အန်တီစားဖို့ဆိုပြီး ငါးကိုပေးလိုက်လိမ့်မယ်… ဒီနေ့ သူမက အကြီးဆုံးအကိုနဲ့ အကြီးဆုံးအစ်မကို ကြက်ဉပေးခိုင်းပြီး အကြီးဆုံးအစ်မကို အန်တီရဲ့ အဝတ်တွေလျော်ဖို့ အတင်းခိုင်းတယ်လေ… အဖွားက အရမ်းမျက်နှာလိုက်တာပဲ…’’


လင်းလန် သူ့ကိုလှမ်းကြည့်လိုက်သည်။ သူက အားဝမ် ဖြစ်ပြီး ငယ်စဉ်ကတည်းက လိမ်မာပါးနပ်သူဖြစ်သည်။ သူသည် တခြားကလေးများထက် နားလည်သိတတ်ပြီး နှုတ်ခမ်းသေးသေးလေးနှင့်လူအများကို စိတ်ကျေနပ်အောင်ပြောတတ်သည်။ သို့သော်လည်း သူ ကြီးပြင်းလာချိန်မှာတော့ စကားပြောနိုင်စွမ်းကို အားကိုးပြီး ကမ္ဘာအနှံ့လျောက်လှမ်းနိုင်ကာ နောက်ဆုံးတွင် ထိုကျွမ်းကျင်မှုကြောင့်ပင် မကောင်းသည့်အရာများ ဖြစ်လာသည်။


ယခုအချိန်တွင် ဒီကလေးသည် အသက်ငယ်တုန်းပင်ဖြစ်သည်။ သူတို့အားလုံးသည် ဖြူစင်အပြစ်ကင်းကြသည်။ သူတို့အားလုံးသည် မကောင်းသည့်သူတွေဖြစ်လာမည်ဆိုလျင်တောင် ယခုအချိန်တွင် မဖြစ်လာသေးပေ။ သူတို့အားလုံး ထိုသို့ဖြစ်လာရန် ဟန်ချင်စုန့် သေဆုံးသည်အထိ စောင့်ရမည်ဖြစ်သည်။ ထို့နောက် သူတို့အားလုံး အမှန်တကယ်ပင် မကောင်းသည့်သူများဖြစ်လာကြသည်။ 


တကယ်လို့ သူမသာ ကလေးများကို ယခုအချိန်မှစပြီး လမ်းကြောင်းမှန်ရောက်အောင် သွန်သင်ပေးနိုင်မည်ဆိုလျင် သူတို့အားလုံး၏ မကောင်းသည့်အဆုံးသတ်ကို ရှောင်ရှားနိုင်လောက်မလား…


အာ… အချိန်တွေ အများကြီးလိုသေးတာကို…


ထိုအချိန်တွင် အဘွားကြီးဟန်၏အသံမှာ အဓိကအခန်းမှ ထွက်ပေါ်လာသည်။ ကျယ်လောင်ပြတ်သားသော အသံမှာ သူမအား ရည်ရွယ်၍ ပြောနေသည်မှာ သိသာလှသည်။ မူလကိုယ်သည် အမှားလုပ်ထားသော်လည်း အဘွားကြီးမှာ သိသာစွာဘက်လိုက်လွန်းသည်။ သူသည် မူပိုင်ရှင်ကို ဆိုးရွားစွာ ဆက်ဆံခဲ့သည်။


ထို့ကြောင့် အဓိကအခန်းသို့ အားဝမ်ကို ငါးပို့ခိုင်းမည့်အကြံကို စွန့်လွှတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အဘွားကြီးက တကယ်ကိုမကောင်းသည့်သူတစ်ယောက်ပင်…. 


သူမက ‘’ အားဝမ်… သားညီလေးကိုခေါ်ပြီး အပြင်မှာ ငါးသွားကင်လိုက်..’’


ကလေးများသည် တံတားအောက်ခြေများ သို့မဟုတ် ချောင်းမြောင်းများနားတွင် ကန်စွန်းဉ ငါး စသည်တို့ကို ကင်စားလေ့ရှိသည်။ မူလကိုယ်သည် ပစ္စည်းများကိုခိုးယူကာ ကလေးများကို အပြင်မှာစားခိုင်းလေ့ရှိသည်။


‘’ ဟုတ်ကဲ့… မာမား… ကင်ပြီးတဲ့အထိ ခဏစောင့်နော်… ပြီးရင် မာမားစားဖို့ သားယူလာပေးမယ်…’’ အားဝမ်က သူမကိုနှုတ်ဆက်စကားဆိုရင်း စန်းဝမ် လက်ကိုဆွဲကာ ပြေးထွက်သွားသည်။ သူသည် အခန်းထောင်တွင်ရှိနေသော ရှောင်ဝမ်ကို လှည့်၍ပင်မကြည့်ခဲ့ပေ။


ဒီ ဆင်းရဲသောကလေးများသည် လူတိုင်း၏ လျစ်လျူရှုခြင်းကို ခံရသည်။ အားဝမ်သည် စကားကိုနားထောင်ကောင်းရုံသာပြောခဲ့ပြီး ငါးကင်ကို အပြန်ယူလာမည်မဟုတ်မှန်း သူမ နားလည်သည်။ ငါးကင်အများစုသည် သူ၏အစာအိမ်အတွင်းသို့ရောက်သွားပြီး စန်းဝမ်အတွက် အနည်းငယ်ကျန်နေမည်ဆိုလျင်ပင် အတော်လေး အဆင်ပြေပြီဖြစ်သည်။


……….


ပြည်နယ် ဒီ၊ စစ်စခန်းတစ်ခုအတွင်းတွင်


တပ်ရင်းမှုး ခန်သည် ဟန်ချင်စုန့်ကို ရှေ့တွင်ရှိနေပြီး စိုက်ကြည့်နေသည်။ မျက်စိတမှိတ်အတွင်းမှာပင် ဆယ်နှစ်ဖြတ်သန်းသွားပြီဖြစ်ကာ တပ်သားသစ်လေးသည် ယခုဆိုလျင် တပ်ခွဲမှုးဖြစ်လာပြီး ကြည့်ကောင်းသည့် မျက်နှာ၊ တောင့်တင်းသည့် ခန္ဓာကိုယ်ဖြင့် တည်ငြိမ်စွာမတ်တပ်ရပ်နေသည်။ 


ထိုသူသည် သစ္စာရှိပြီး စိတ်အားထက်သန်မှုရှိသည့်အတွက် တောက်ပသည့် အနာဂတ်ရှိသည်။


သို့သော် ယခုအချိန်တွင် သူသည် တပ်တွင်းမှပြောင်းရွေ့ချင်နေသည့်အတွက် မြည်းကဲ့သို့သောဉီးနှောက်နှင့်သူကို အမှန်တကယ် ကန်ပစ်ချင်နေသည်။


‘’ ဟန်ချင်စုန့်… ငါတို့ဌာနမှာ နောက်နှစ်ဆို အသင်းအသစ်ထပ်ဖွဲ့ဖို့ရှိတယ်… ဌာနချုပ်ကလဲ အဲ့တပ်ဖွဲ့ကို ဦးဆောင်ဖို့အတွက် ခေါင်းဆောင်အဖြစ် မင်းကိုခန့်ဖို့ဆုံးဖြတ်လိုက်တယ်… အဲ့ဒါကို အခုမှ ပြောင်းရွေ့ဖို့လုပ်နေတယ်ဟုတ်လား… မင်း သေသေချာချာ စဉ်းစားဦးနော်…’’


ဒီရာထူးနေရာကိုရဖို့ လူဘယ်လောက်များများက မျက်စိကျနေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…


ဟန်ချင်စုန့် နှုတ်ခမ်းတင်းတင်းစေ့ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။


တပ်ထဲတွင် ရာထူးမြင့်ကမ်းလှမ်းခံရသည့် သာမန်တပ်သား အနည်းငယ်သာရှိသည်။ မျှော်လင့်ချက် သေးသေးလေးရှိနေလျင်တောင် မည်သူကမျှ မပြောင်းရွေ့ချင်ပေ။ ရဲဘော်များသာမက သူ၏တပ်ခွဲမှုးပင် အကြောင်းပြချက်ကို နားမလည်ကြပေ။ ထို့ကြောင့် ချက်ချင်းပင် သူ့ကိုလာရှာကာ ဖြေရှင်းချက်တောင်းတော့သည်။


သို့သော်လည်း သူ အများကြီးရှင်းမပြချင်ပေ။ ဒီနှစ်ထဲတွင် သူ့ဘက်မှ အရည်အချင်းများစွာဖြင့် စွမ်းဆောင်ထားခဲ့ပြီး ကြီးမားသည့် ဒဏ်ရာနှစ်ချက်ပင်ရရှိခဲ့သည်။ ကံကောင်းစွာဖြင့် သူ၏ အသက်မဆုံးရှုံးခဲ့ပေ။ 


ယခုတော့ သူ၏မိသားစုနှင့် သူ၏အသက်မွေးဝမ်းကြောင်းအလုပ်ကြားတွင် ရွေးချယ်ရမည့်ကိစ္စဖြစ်လာပြီဖြစ်သည်။ မိဘဆွေမျိုးများနှင့် ဆယ်နှစ်ကျော် ဝေးကွာခဲ့ပြီး ခင်ပွန်းတစ်ယောက် ဖခင်တစ်ယောက်၏ တာဝန်ကို ကျေပွန်ရန်အတွက် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ယခုအချိန်တွင် မိသားစုအတွက် တာဝန်ရှိလာပြီဖြစ်သည်။


သူ့မိန်းမဖြစ်သူသည် သေလမ်းရှာနေပြီး ကလေးများကိုပင် သူမနှင့်အတူတူ မြစ်ထဲသို့ခုန်ချရန် ခြိမ်းခြောက်နေသည်။ သူမသည် လှည့်ကွက်ဟောင်းများဖြင့် ခြိမ်းခြောက်နေမှန်းသိသော်လည်း သူ ပင်ပန်းနေပြီဖြစ်သည်။ ဒီလိုအရာမျိုးကို သူ ထပ်ခါထပ်ခါ မလုပ်ချင်တော့ပေ။


နောက်နှစ်တွင် မိသားစုကို တပ်ထဲတွင်နေထိုင်နိုင်ရန် လျောက်ထားပေးမည်ဟု သူ့ဘက်မှ အကြိမ်ကြိမ်ကတိပေးခဲ့သည်။


သူမ ဘက်မှလည်းရှင်းရှင်းလင်းလင်း သဘောတူပြီးသာဖြစ်သော်လည်း သူမစိတ်ကိုပြောင်းလဲသွားကာ ပြဿနာရှာနေခြင်းဖြစ်သည်။ သူမတွင် ဒရာမာများစွာရှိနေပြီး မြစ်ထဲသို့ခုန်ဆင်းခြင်း ပိုးသတ်ဆေးသောက်ခြင်းဖြင့် သူမဘဝကို စွန့်စားပြနေသည်။


သူ သေချာစဉ်းစားပြီးနောက် အိမ်သို့ပြန်ကာ ဇနီး သားသမီးများနှင့် နေထိုင်ရန်ဆုံးဖြတ်လိုက်သည်။ ဟန်ချင်စုန့်သည် တည့်တိုးပြောတတ်ကာ စကားအများကြီးမပြောသည်ကို တပ်ရင်းမှုးချန်သိသည်။ ထိုကဲ့သို့သောလူမျိုးကို ကြုံဖူးသောကြောင့် သူ့ဘက်မှဆွဲထားသော်လည်း အသုံးမဝင်မှန်း နားလည်သည်။


တပ်ရင်းမှုးချန်က ‘’ မင်းမိသားစုဆီကို တလခွဲပြန်လိုက်ကွာ… အိမ်အလုပ်တွေကို သေသေချာချာ စီမံခန့်ခွဲလိုက်ပေါ့…’’


ဟန်ချင်စုန့် အိပ်ဆောင်သို့ပြန်ရောက်သောအခါ အိမ်မှ နောက်ထပ်ကြေးနန်းစာကို လက်ခံရရှိလိုက်သည်။ စာထဲတွင် သူ့ကိုအိမ်အမြန်ပြန်လာရန်ပြောထားပြီး သူ့မိန်းမကို အမြန်ကွာရှင်းရန်ပင်ဖြစ်သည်။


xxxxxxx