Part 5
သူမသည် ၁၆၀၅ ပိုးသတ်ဆေးကို တိုက်ရိုက်မသောက်လိုက်သော်လည်း ထိုဆေးသည် အလွန်ပြင်းသောဆေးဖြစ်သည်။ ရေတစ်ပုလင်းနှင့် ဆေးပမာဏ အနည်းငယ်ရောသောက်လျင်တောင် လူတစ်ယောက်ကို သေစေနိုင်သည်။
လင်းလန် မူးဝေနေသလို ခံစားလိုက်ရပြီး နားထဲတွင်အသံများ မြည်နေကာ ပျို့အန်ချင်စိတ်ဖြစ်ပေါ်လာသည်။ အဆိပ်သည် သူမ၏ အသဲ ကျောက်ကပ်နှင့် အာရုံကြောများကို မထိခိုက်စေရန်သာ ဆုတောင်းမိတော့သည်။
အချိန်အတော်ကြာ လဲလျောင်းပြီးနောက် မသက်မသာဖြစ်မှုများ လျော့သွားသည့်အတွက် အခန်းကိုလှည့်ပတ်ကြည့်ချင်စိတ်များပေါ်လာသည်။
အခန်းသည် ကျဉ်းမြောင်းမည်းမှောင်ပြီး မြေပေါ်သိုခြေချလိုက်သည်နှင့် ခလုတ်တိုက်မတတ် ဖြစ်သွားသည်။ စုတ်ပြဲနေသောကန့်လန့်ကာက အခန်းကိုမှောင်မဲနေစေပြီး လေဝင်လေထွက်မကောင်းသည့်အတွက် သူမ စုတ်ဖြဲပစ်လိုက်သည်။
အခန်းထဲတွင်ရှိနေသော ရှောင်ဝမ်သည် သူမ နောက်တစ်ကြိမ် ဒေါသထွက်တော့မည်ဟု တွေးလိုက်မိကာ အခန်းထောင့်သို့ဆုတ်သွားသည်။
လင်းလန် ခြေနှစ်လှမ်းခန့်လျောက်ပြီးနောက် သူမ ရင်ဘတ်သည် အသက်ရှုကြပ်ပြီး တင်းကျပ်လာသည်။ သူမ ရေအနည်းငယ်သောက်ချင်လာပြီး မူလကိုယ်ကြောင့် ရေကရားနှင့် ဇလုံမှာ ကွဲကြောင်းသတိရလိုက်သည်။
သူမ ခန်းမှသို့သွားကာ ရေသောက်ချင်သော်လည်း အလွန်အမင်အားနည်းနေသောကြောင့် သက်ပြင်းချကာ ကုတင်ဆီသို့ပြန်သွားပြီး ထိုင်နေလိုက်သည်။
ထိုအချိန်တွင် အားဝမ်မှ ပြန်လာခဲ့ပြီး သစ်ရွက်အိတ်လေးကို ကုတင်ပေါ်သို့တင်လိုက်ပြီး လက်ထဲတွင် ငါးကင်တစ်ချို့နှင့် လိပ်နှစ်ကောင်ပါလာသည်။
အားဝမ်က ပြုံးလိုက်ရင်း ‘’ မာမား… ငါးကို စန်းဝမ် ကင်ပြီးစားလိုက်ပြီ… အဲ့ဒါကြောင့် သားအတွက်ကျန်တဲ့ငါးကင်ကို မာမားအတွက်ယူလာခဲ့တယ်…’’
လင်းလန် က သဘောပေါက်သည့်အတွက် အားဝမ်ကိုကြည့်လိုက်ရင်း ‘’ အားဝမ်… သားပါပါးက အိမ်မှာမရှိဘူး… မာမားတို့ အသက်ရှင်ဖို့ဆိုတာက မလွယ်ကူဘူးနော်…. အဲ့ဒါကြောင့် များများစားတာနဲ့ နည်းနည်းစားတာက အရေးမကြီးဘူး…. ဒါပေမယ့် မာမားကို ဒီလိုမျိုးလှည့်ကွက်လေးတွေနဲ့ လှည့်စားလို့မရဘူးနော်…’’
အားဝမ်က ပြုံးလိုက်ရင်း ‘’ စိတ်မပူပါနဲ့ မာမား… သား တခါမှ မလိမ်ဖူးပါဘူး…’’
လင်းလန်က သူမသောက်ဖို့ ရေတစ်ပန်းကန်သွားယူခိုင်းလိုက်သည်။
မကြာခင်မှာပင် အားဝမ် ရေနှင့်အတူပြန်လာပြီး လေသံတိုးဖြင့် ‘’ မာမား… အဲ့ဒါက ကြောက်ဖို့ကောင်းတယ်… အဖိုးနဲ့ တခြားသူတွေက အိမ်ထဲမှာပုန်းနေပြီး မာမားနဲ့ဘယ်လိုလုပ်ကြမလဲဆိုတာ တိတ်တိတ်လေး ဆွေးနွေးနေကြတယ်…’’
လင်းလန်သည် ပင်မခန်းထဲမှ အဘွားကြီး၏ကျိန်ဆဲသံများ ရောထွေးနေသည့် တီးတိုးသံများကို ကြားခဲ့ရပြီးဖြစ်သည်။ သူတို့အားလုံးသည် သူမနှင့် သဘောတူညီချက်ရအောင် မည်သို့လုပ်ရမည်ကို ဆွေးနွေးနေသည်ဟု သူမ ခန့်မှန်းလိုက်သည်။
သူမ ပန်းကန်လုံးကိုယူလိုက်စဉ် ပန်းကန်လုံး၏ နှုတ်ခမ်းသားမျာသည် စေးကပ်နေသည်ကိုတွေ့လိုက်ရပြီး ရုတ်တရက်ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ ပန်းကန်လုံးကို သူမ နှုတ်ခမ်းနားသို့ကပ်လိုက်သည့်အခါ ထူးဆန်းသည့်အနံ့တစ်ခုရလိုက်ပြီး ရေသောက်ချင်စိတ်များပါ ပျောက်ဆုံးကုန်သည်။
သူမ အိမ်တွင် ရေနှင့်ဆီအနည်းငယ်သာရှိသည်ကို သတိရလိုက်မိသည်။ ဆပ်ပြာမရှိလျင်တောင် ဒီပန်းကန်လုံးသည် အရမ်းညစ်ပါတ်မနေသင့်ပေ။ သူမ အန်ချင်စိတ်ကိုထိန်းကာ ရေတစ်ငုံသောက်လိုက်ပြီး အနာဂါတ်အကြောင်းကို တွေးလိုက်သည်။ သူမ အနေဖြင့် အိမ်ကို သန့်ရှင်းအောင်ထားရမည်ဖြစ်ပြီး ယခုကဲ့သို့ ညစ်ပါတ်နံ့စော်နေသည်အထိမထားသင့်တော့ပေ။
‘’ သား အဖွားက မာမားရဲ့ အမေအိမ်ကိုပို့မယ်လိုပြောသေးလား..’’
အားဝမ် အံ့အားသင့်စွာဖြင့် ‘’ မာမား ဘယ်လိုလုပ်ပြီးသိတာလဲ…’’
သူတို့ရှိနေသည့်နေရာမှဆိုလျင် အဖွားဖြစ်သူတို့ပြောနေသည်ကို မကြားရနိုင်ပေ။
လင်းလန်က ‘’ မှန်းလိုက်တာလေ…’’
အားဝမ် သူမကိုကြည့်လိုက်ပြီး ခဏလောက်တွေးကာ တဖက်သို့ကပ်ထိုင်လိုက်သည်။ လင်းလန် လက်ထဲမှ ပန်းကန်လုံးကိုချကာ ‘’ စန်းဝမ် ဘယ်မှာလဲ…’’
‘’သူက မြက်ပင်တွေရှင်းနေတုန်း အပျင်းကြီးပြီး မြစ်ထဲမှာသွားဆော့နေတယ်… မာမား သူ့ကိုခဏလောက်စောင့်လိုက်… ပြန်လာတာနဲ့ သားသူ့ကို မာမားအစားဆူပေးမယ်..’’
အားဝမ်သည် အကိုကြီးကောင်းတစ်ယောက်နှင့်တူသည်။ လင်းလန် သူ့ကိုလိုက်ကြည့်လိုက်ပြီး ‘’ ခန်းမထဲသွားပြီး သူတို့ဘာတွေပြောနေလဲဆိုတာ သွားနားထောင်ချေ… ပြီးရင် မာမားကိုပြန်လာပြော…’’
အားဝမ် ချက်ချင်းပဲ အခန်းထဲမှထွက်သွားပြီးနောက် အခန်းထောင့်တွင်ရှိနေသော ရှောင်ဝမ်က လေးဘက်ထောက်ထွက်လာရင်း ‘’ လင်းမိသားစုကိုမောင်းထုတ်… မိသားစု ကွဲအောင်လုပ်…’’
လင်းလန် သူ့ကိုစိုက်ကြည့်လိုက်ပြီး ရှောင်ဝမ်တွင် စွေစောင်းနေသောမျက်လုံးများ (မျက်စိစွေနေတာကိုပြောတာပါ) ရှိပြီး သူ၏အကြားအာရုံသည် သာမန်လူများထက်ပိုကောင်းသည်ကို သတိရသွားသည်။ သို့သော် နောက်ပိုင်းတွင် မူလကိုယ်သည် လှည့်ကွက်များစွာသုံးလာသည်။ သူမ၏ ဒေါသများကို ပြေပျောက်စေရန်အတွက် ထိုအလေးအပေါ်တွင် အသုံးချခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကလေးသည် (အော်တစ်ဇင်) မသန်စွမ်းကလေးအဖြစ် ကြီးပြင်းလာရသည်။
သို့သော် ယခုအချိန်တွင် သူသည် သာမန်ကလေးတစ်ယောက်သာ ဖြစ်နေသေးသည်။ သူသည် စကားပြောရာတွင် တခြားကလေးများထက် အနည်းငယ်နောက်ကျသည်။ တခြားကလေးများက သူ့အား ငတုံးလေး အကန်းလေး စသည်ဖြင့်ခေါ်ဝေါ်ခြင်းကြောင့် ပို၍ပင် စကားနည်းလာသည်။ ထို့အပြင့် သူ့အား မည်သူကမှ ကာကွယ်မပေးသည့်အတွက် သဘာဝကျစွာပင် အော်တစ်ဇင်လေး ပိုဆန်လာသည်။
လင်းလန်သူ့အား လက်ယမ်းပြလိုက်သည်။ ရှောင်ဝမ်က ဘာတုန့်ပြန်ချက်မှ မပေးပေ။ ထို့ကြောင့် သူမက ‘’ ရှောင်ဝမ်… ဒီကိုလာဦး…’’
ရှောင်ဝမ်သည် သူမနားသို့ လေးဘက်ထောက်လာသည်။ လင်းလန်က သူ့အား လေသံပျော့လေးဖြင့် ညင်သာစွာပြောလိုက်သည်။ ‘’ သူတို့ပြောတာတွေ သားဘာကြားလဲ… မာမားကို အကုန်ပြောပြနော်…’’
ပထမတွင် ရှောင်ဝမ်က စကားလုံးအနည်းငယ်သာပြောသော်လည်း လင်းလန်၏ လမ်းညွှန်မှုအောက်မှနေ၍ စာကြောင်းတစ်ကြောင်းလုံးကို ဖြေးညင်းစွာဖြင့် ပြောလာနိုင်သည်။
ရှောင်ဝမ်၏ အစီစဉ်မကျသော ဝေါဟာရများမှတဆင့် သူတို့ပြောနေသည်အားလုံးမှာ သူမ ခန့်မှန်းထားသည့်အတိုင်းပင်ဖြစ်သည်။
ခဏကြာပြီးနောက် အားဝမ်သည် လင်းလန်ခန့်မှန်းထားသည်ကို အတည်ပြုနိုင်ရန် ပြန်လာတော့သည်။
အဖွားကြီးသည် သူ၏သားကိုအရင်ပြန်လာပြီး သူမနှင့်ကွာရှင်းစေချင်သည်။ ထို့နောက် သူမသည် ထိုအကြောင်းကို ကြေးနန်းရိုက်ကာ ဟန်ချင်စုန့်ဆီသို့ ပို့ပြီးဖြစ်သည်။ အဖိုးကြီးမှာ သဘောမတူပေ။ သူနှင့်လင်းလန်သည် နှစ်ပေါင်းများစွာ သမီးယောက္ခမ ဆက်ဆံရေးရှိခဲ့သည်။
သူတို့အားလုံးသည် မိသားစုများခွဲထွက်နိုင်ရန် ထောက်ပံ့ပေးမည်ဖြစ်သည်။ အကြီးဆုံးအကိုနှင့် အကြီးဆုံးယောင်းမတို့က မိသားစုထဲမှခွဲထွက်ရန် သဘောတူကြသည်။ ထိုလင်မယားနှစ်ယောက်လုံးသည် မိသားစုထဲတွင် အဓိကအလုပ်သမားများဖြစ်ကြပြီး ခက်ခက်ခဲခဲ လုပ်ကြရသည်။
သို့သော် ဒုတိယအကိုနှင့် ဒုတိယခယ်မတို့က သဘောမတူပေ။ သူတို့နှစ်ယောက်က ဟန်ချင်စုန့်၏ ငွေများကိုအသုံးပြုချင်ပုံရသည့်အပြင့် အကိုကြီးနှင့်သူ့မိန်းမဆီမှလဲ လိုချင်နေပုံရသည်။ ထို့အပြင့် အကြီးဆုံးအကိုမိသားစုမှ အလုပ်ပိုလုပ်လျင် သူမတို့ ပို၍သက်သာနိုင်သောကြောင့်ဖြစ်နိုင်သည်။
‘’ အဖွားပြောချင်တာက အဖေ့ရဲ့ထောက်ပံ့ကြေးတွေအားလုံးကို သူမဆီပေးသင့်ပြီး မာမားကို တစ်ပြားတောင်မပေးဘူးတဲ့… သူက သားတို့အတွက်ပါ လုံးဝမစဉ်းစားပေးဘူး… ပြီးတော့ ပြောသေးတယ် အဖွားက သားတို့ကို ရိက္ခာခြောက်နည်းနည်းကလွဲပြီး ကျန်တာဘာမှမပေးဘူးတဲ့… ပြီးတော့ စားဖို့အတွက် အလုပ်ရမှတ်တွေလိုတယ်တဲ့….’’ အားဝမ်က ဒေါသတကြီးပြောနေသည်။
‘’ မာမား… ပြောပါဦး… သူတို့တွေက ဘာလို့များ ပါပါးပိုက်ဆံတွေအကုန်လုံးကိုယူထားပြီး မာမားကိုဘာလို့မပေးရတာလဲ… ပြီးတော့ သားတို့ အစားစားဖို့အတွက် အလုပ်ရမှတ်တွေစုပြီး အလုပ်လုပ်ရဦးမယ်တဲ့… အကြီးဆုံးဦးလေးနဲ့ ဉီးလေးအလတ်က အိမ်မှာနေပြီးဘာလို့ အလုပ်ရမှတ်မလိုရတာလဲ… သူတို့တွေသုံးဖို့အတွက် ဘာလို့ အပြင်မှာ ကိုယ့်ဘာသာမရှာဖွေရတာလဲ…’’
လင်းလန်က အားဝမ်စိတ်တည်ငြိမ်အောင် ‘’ သားအဖေက သိပ်မကြာခင်ပြန်လာတော့မှာ… အဲ့ကျမှ ပြောကြတာပေါ့…’’
အားဝမ် သူမကို အံ့အားသင့်စွာဖြင့်ကြည့်လိုက်ပြီး သူမဘာကြောင့်စိတ်မတိုရသည့်ကို ထူးဆန်းနေသည်။ မာမားနဲ့ သူတို့အားလုံး အိမ်ကနေကန်ချခံရတော့မှာကို ဘာလို့ မတိုက်ခိုက်ရသေးတာလဲ….
‘’ မာမား… သူတို့က သားတို့ကိုမောင်းထုတ်ချင်နေတာ…’’
xxxxx
Part 6
လင်းလန်…. ‘’ မာမားသိတယ်… သူတို့ကို အောင်မြင်ခွင့်မပြပါဘူး…’’
မိသားစုခွဲထွက်ခြင်းက အဆင်ပြေသော်လည်း အိမ်မှနှင်ထုတ်ခံရသော တတိယအိမ်ခွဲအနေဖြင့် ပိုက်ဆံကိုမည်သို့ထိန်းသိမ်းနိုင်မည်နည်း….
မဖြစ်နိုင်ဘူး…
အားဝမ်က သူမကို မမှတ်မိသကဲ့သို့ကြည့်နေသည်။
လင်းလန် ရှောင်ဝမ်ကို အပြုံးလေးနှင့် ချီးကျူးလိုက်ကာ ‘’ ရှောင်ဝမ်က အရမ်းတော်တာပဲ… စောနကသားပြောတဲ့စကားတွေက အခုသားအကိုပြောတာတွေနဲ့ အတူတူပဲ…’’
မာမားက သူ့ကိုချီးကျူးလိုက်တယ်…
သူမက သူအစ်မတွေ အကိုတွေကိုချီးကျူးသလိုမျိုး သူ့ကိုချီးကျူးလိုက်တယ်….
ရှောင်ဝမ် သူမမျက်နှာကို ရှင်းရှင်းလင်းလင်းမြန်ရရန် ပြူးကျယ်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
ကလေးမှာ စိတ်လှုပ်ရှားလွန်း၍ မေ့လဲတော့မည်ကိုတွေးလိုက်ရသည့်အတွက် လင်းလန် သူ့ခေါင်းလေးကို အမြန်ပွတ်ပေးလိုက်သည်။ သူသည် သူမ၏ထိတွေ့မှုကို သဘောကျပုံရပြီး သူ၏ခေါင်းလေးသည် နေရှိရာအရပ်ကိုလိုက်ရှာနေသည့် နေကြာပန်းလေးနှင့်ပင် တူနေတော့သည်။
လင်းလန်သည် ရုတ်တရက်ပင် တစ်စုံတစ်ခုဖြစ်လာမည်ဟု ခံစားလိုက်မိပြီး ချက်ချင်းပင် သူမလက်ကိုပြန်ရုတ်သိမ်းလိုက်မိသည်။ ရှောင်ဝမ်သည် သူ၏မိခင်ဆီမှ ရွံရှာမှုကိုခံစားလိုက်ရပြီး တောက်ပနေသော သူ၏မျက်ဝန်းလေးများသည် မှေးမှိန်သွားတော့သည်။
လင်းလန် နှလုံးသားထဲမှ ချဉ်တူးမှုကိုခံစားလိုက်ရသည်။ သူမတွင် ပြုံးပြနိုင်သည့်အင်အားမရှိတော့သည့်အတွက် မျက်နှာလွှဲကာ ပြတင်းပေါက်ဘက်သို့လှည့်ကာ နားထောင်ရန်သွားလိုက်သည်။
ရှောင်ဝမ်သည် အမေဖြစ်သူမှ သူနှင့်အတူတူကစားနေသည်ဟု ထင်လိုက်မိပြီး ဝမ်းသာမှုကြောင့် နောက်တစ်ကြိမ်ပြုံးရွှင်သွားပြန်သည်။
သူသည် အမြင်အာရုံသိပ်မကောင်းသော်လည်း ပတ်ဝန်းကျင်နှင့် နေသားတကျဖြစ်နေသည့်အတွက် အလွယ်တကူပင် ကုတင်အောက်သို့ဆင်းလိုက်သည်။
အားဝမ် သူ့၏မိခင်ဖြစ်သူပြောင်းလဲသွားမှုကို အံ့အားသင့်နေသည်။ သူ့စိတ်ထဲတွင် ထူးဆန်းနေသည်ဟု တွေးမိသော်လည်း အနောက်တွင်ကျန်မနေချင်သည့်အတွက် အပြင်သို့ပြေးထွက်လာသည်။
ယခုလေးတွင်ပင် သူ၏မိခင်သည် ဟိုအရူးကောင်လေးကိုချီးမွမ်းခဲ့သည့်အတွက် သူလည်းနောက်ကျ မကျန်ခဲ့မှဖြစ်မည်။
လင်းလန် ရှောင်ဝမ်ကိုဖက်ထားရင်း ခဏမျှနားထောင်လိုက်သည်။ ကြားလိုက်ရသည့်စကားများသည် သူမကဲ့သို့ အနေအေးသည့်လူတစ်ယောက်ကိုပင် ဒေါသထွက်လာစေသည်။ အဖွားကြီးဟန်သည် အတော်လေး ဘက်လိုက်တတ်သူဖြစ်ပြီး အရှုပ်လုပ်သည့်နေရာနှင့် သေလမ်းရှာသည့်နေရာတွင် တော်လွန်းသည်။ ဟန်ချင်စုန့် ရှာသမျှငွေများကို သူမ၏သားအငယ်ဆုံးနှင့် သမီးကိုသာကိုပေးကမ်းသည်။
သူတို့နှစ်ဦးသည် သာမန်ဝင်ငွေရှိသောတောင်သူ၏ သားသမီးများဖြစ်သော်လည်း အိမ်တော်တစ်ခု၏ သခင်လေး သခင်မလေးများကဲ့သိုပင် နေထိုင်ရသည်။ သို့သော် မိသားစုတွင်းရှိ ကလေးများသည် အသက်ငယ်သေးသည့်အတွက် ကျောင်းသို့မသွားရပေ။ သူတို့အားလုံးသည် လယ်ကွင်းထဲသို့သွားကာ မြတ်ရိတ်ခြင်း၊ နွားချေးကျုံးခြင်းများလုပ်ပြီး အလုပ်ရမှတ်ရှာဖွေခြင်းများ ပြုလုပ်ရသည်။ ထို့ကြောင့် ကလေးအားလုံးသည် အသားမည်းက ပိန်ပါးကြသည်။ သူမကဲ့သို့ ကလေးများကို သဘောမကျသည့်သူတောင်မှ စိတ်မကောင်းဖြစ်ရသည်။
မူလကိုယ် မည်မျှပင်ဆိုးနေပါစေ သူမ၏ ကလေးများအပေါ်တွင်တော့ မခံစားနိုင်ပေ။ ထို့ကြောင့် သူမ အနေဖြင့် ငွေများများရှာကာ ကလေးများတိုးတက်ဖို့အတွက် လုပ်ဆောင်ရမည်မှာ အသေအချာပင်ဖြစ်သည်။
ယခုအချိန်တွင် သူမ အကြံတစ်ခုရပြီး ရှောင်ဝမ်ကို စကားအနည်းငယ်ပြောလိုက်သည် ‘’ သား ဘာလုပ်ရမယ်ဆိုတာကို သိတယ်ဟုတ်…’’
ရှောင်ဝမ်က ခေါင်းငြိမ့်ပြလိုက်ပြီး ‘ မာမား… သားဘာလုပ်ရမလဲဆိုတာ သိပါတယ်…’’
လင်းလန် သူ့ကိုအောက်ချပေးလိုက်ရင်း ‘’ သူတို့ထွက်သွားတဲ့အထိ စောင့်လိုက်ဦး ‘’
ထို့နောက် သူမ သစ်သားချောင်းတစ်ချောင်းကို ယူလိုက်သည်။
မိခင်ဖြစ်သူမှ သူအား ရိုက်နှက်တော့မည်ဟု အထင်ရောက်သွားသော ရှောင်ဝမ်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အခန်းထောင့်သို့ပြေးပုန်းတော့သည်။ လင်းလန်က ချက်ချင်းပင်
‘’ ရှောင်ဝမ် ဒါက သားအသုံးပြုဖို့ မာမားက သားကိုပေးတာ… ဒါမှ သားလမ်းလျောက်တဲ့အခါ မတိုက်မိတော့မှာ…’’
ရှောင်ဝမ်၏ အမြင်အာရုံသည် သိပ်မကောင်းသည့်အတွက် တစ်နေကုန်နေနေရခြင်းသည် သူ့အတွက်မကောင်းပေ။ အနာဂတ်တွင် သူ့အား တချိန်လုံး သူမစောင့်ကြည့်နိုင်မည် မဟုတ်သည့်အတွက် သူ့ဘာသာ လမ်းလျောက်နိုင်ရန် လိုအပ်သည်။
တကယ်လို့ သူမတွင် ပိုက်ဆံသာရှိမည်ဆိုလျင် ပထမဆုံးလုပ်မည့်အရာမှာ ရှောင်ဝမ်အတွက် မျက်စိစမ်းသပ်ပေးခြင်းပင်ဖြစ်သည်။ ထိုမှသာ သူ့မျက်လုံးကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ရှောင်ဝမ်က ရယ်လိုက်ရင်း ‘’ ဟုတ်ကဲ့.. မာမား…’’
သူက သစ်သားတုတ်ချောင်းကိုကိုင်ရင်း လမ်းလျောက်နိုင်ရန် ကြိုးစားလိုက်သည်။
အားဝမ် ပြန်လာသည့်အချိန်တွင် လင်းလန်ကို တုန့်ဆိုင်းစွာဖြင့် စကားတချို့ပြောတော့သည် ‘’ မာမား… သားတို့ အဖွားနဲ့အဆင်မပြေဖြစ်နေတာ သိတယ်မဟုတ်လား…’’
လင်းလန်က ‘’ မိသားစုခွဲထွက်ပြီးရင် သားက မာမားနောက်ကို မလိုက်ချင်လို့လား… အဖွားနဲ့ အတူတူနေခဲ့ချင်လို့လား…’’
အားဝမ်က ချက်ချင်းပင်ခေါင်းကိုယမ်းကာ ‘’ သားက မာမားနောက်ကိုပဲလိုက်မှာပေါ့…. အကိုအကြီးဆုံးကတော့ အဖွားနောက်ကိုလိုက်ပြီး မာမားကိုပစ်ထားလောက်ပေမယ့် သားကတော့ မာမားနောက်ကိုပဲလိုက်မှာ…’’
လင်းလန် ‘’ သားရဲ့ အကိုကြီးအဆုံးက မာမားကို မပစ်ပယ်ပါဘူး… သားရဲ့ အကိုကြီးက လူကြီးတစ်ယောက်ဖြစ်နေပြီ … ဒါကြောင့် သူက မာမားနဲ့ မိသားစုကို ဘယ်လိုကာကွယ်ရမလဲဆိုတာသိတယ်…’’
အဓိကအခန်းထဲမှ ဆွေးနွေးပွဲက ပြီးဆုံးသွားပြီဖြစ်သည့်အတွက် အမျိုးသားများသည် အိမ်မှထွက်ခွာသွားပြီး အမျိုးသမီးများသည် ဟင်းချက်ရန် နေခဲ့ကြသည်။ အားဝမ်နှင့် ရှောင်ဝမ်သည် လင်းလန်မှာထားသည့်အတိုင်း အဓိကအခန်းသို့ သွားကြသည်။
ယောင်းမ ဟန်နှင့် အဖွားကြီးဟန်က ဟင်းသီးဟင်းရွက်စိုက်ခင်းသို့သွားကြသည်။ မိသားစုထဲတွင် ကလေးများရှိသည့်အတွက် ချက်ပြုတ်သည့်တာဝန်ကို ယောင်းမ ဟန်က တာဝန်ယူထားရသည်။ မိသားစုတွင်းရှိကလေးများ ချော်မလဲ ပြုတ်မကျ အနာတရမဖြစ်သရွေ့ အရာအားလုံးသည် အဆင်ပြေနေမည်ဖြစ်ပြီး သူမ အနေဖြင့် အများကြီးဂရုစိုက်စရာမလိုပေ။
မကြာခင်မှာပင် အားဝမ်က တစ်စုံတစ်ခုကိုယူလာကာ ခေါင်းကို အရှေ့အရပ်သို့အရင်လှည့်ကြည့်ပြီးမှ သူမဆီသို့ ကမ်းပေးလိုက်သည်။ ‘’ မာမား…’’
ထိုအရာသည် လင်းလန်နှင့် ဟန်ချင်စုန့်၏ လက်ထပ်စာချုပ်ဖြစ်ပြီး တစ်လက်မအရွယ်ဓါတ်ပုံထဲတွင် သူမတို့နှစ်ဦးပုံပါဝင်ပြီး မူလတန်းကလေးအောင်လက်မှတ်နှင့်ပင် ဆင်တူနေသည်။
လင်းလန်သည် ငယ်ရွယ်ပြီး ချောမောလှပနေကာ အနည်းငယ်ရှက်ရွံနေပုံရသည်။ သူမဘေးရှိ ဟန်ချင်စုန့်သည် စစ်တပ်ဝတ်စုံ ဝတ်ဆင်ထားပြီး ခပ်မတ်မတ်ထိုင်နေကာ ခန့်ညားချောမောနေသည်။ သူမတို့နှစ်ဦးသားသည် အတော်လေး လိုက်ဖက်ညီလှသည်။
ဓါတ်ပုံပေါ်တွင် အပ်ဖြင့်ဖောက်ထားသကဲ့သို့ အပေါက်ရာလေးတချို့သာရှိသည်။
မူလက သူတို့အိမ်တွင် လက်ထပ်စာချုပ်ရှိခြင်းသည် အတော်လေးအဆင်ပြေသော်လည်း အဖွားကြီးဟန်သည် သူမအိမ်တွင်ထားသည်က ပိုကောင်းသည်ဟုဆိုကာ ယူထားခြင်းဖြစ်သည်။
လင်းလန် လက်ထပ်စာချုပ်ကိုလိပ်လိုက်ရင်း အပြုံးလေးဖြင့် ‘’ အားဝမ်… ဒီမိသားစုကနေ ခွဲထွက်ပြီးတဲ့နောက် မာမားက သားတို့ကိုကောင်းတဲ့ဘဝမှာ နေနိုင်အောင်လုပ်ပေးမယ်လို့ ကတိပေတယ် ပြီးတော့… သားတို့တွေကို ဂျုံနဲ့လုပ်ထားတဲ့ ခေါက်ဆွဲတွေ အသားတွေ သကြားတွေကိုပေးစားမယ်… ပြီးတော့ ကျောင်းကိုလဲသွားလို့ရအောင်လုပ်ပေးမယ်..’’
xxxxxx