အပိုင်း၃၁၂
Viewers 67k

🍵Chapter 312




အပြင်ဘက်မှ ညီအစ်ကိုများ ထိုအချင်းအရာကို မြင်​သောအခါ ဆူဆူညံညံ ပြုမူလာကြပြီး အချို့ကမူ ​လေချွန်၍ သြဘာ​ပေးလာကြသည်။ 


"အခါ​ခြောက်ဆယ် ဒိုက်ထိုးပြီးတာ​တောင် သတို့သမီးကို ချီနိုင်​သေးတာလား... ရူ​ကွေ့က အဆင်​ပြေ​နေပုံပဲ"


"ဗိုလ်မှူး​ရှောင်းက​တော့ သူ့​မြေးမ​လေးကို ရူ​ကွေ့ဆီ​ပေးဖို့ စိတ်ချသွား​လောက်ပါပြီ... ဟုတ်တယ်မလား"


"ပြန်သွားရင် ရူ​ကွေ့ကို ကြည့်​ပေးရမယ်လို့ ​ပြောခဲ့​သေးတာ... ဒါ​ပေမယ့် အဲ့ဒီ​လောက် ခွန်အားရှိ​နေဦးမယ်လို့ မထင်ထားဘူး"


အခန်းထဲမှ ညီအစ်မအုပ်စုသည်လည်း အံ့အားသင့်သွားကြ​လေသည်။


ဝမ်ရူ​ကွေ့က ငယ်ရွယ်စဥ်မှာပင် စက်မှုပညာအဖွဲ့အစည်း၏ ဒါရိုက်တာ ဖြစ်လာသည်။ သူ့ထံတွင် ​တောက်ပ​သော အနာဂါတ် ရှိပြီး ​​ချော​မောခန့်ညားလှသည်။ ထုံရွှယ်လူ၏ စကားများကိုလည်း အမြဲတမ်း နာခံတတ်သည်။ 


အခြားသူများနှင့် အမှန်ပင် ကွာခြားလှသည်။


ထုံရွှယ်လူ အလွန် ​ပျော်​နေသည်။


အမျိုးသားများမှာ ဝမ်ရူ​ကွေ့တစ်​ယောက် ဟင်းချက်​တော်ပြီး ပညာ​ရေးမှာလည်း ထူးချွန်သည့် ဇနီးသည်တစ်​ယောက်နှင့် လက်ထပ်နိုင်သည့်အတွက် အားကျ​နေကြသည်။ ထိုကဲ့သို့ အရည်အချင်းများရှိသည့် ဇနီးတစ်​ယောက်ကို လက်ထပ်နိုင်ရန်မှာ ​ယောကျ်ားတိုင်း၏ အိမ်မက်ဖြစ်ပေသည်။ 


နှစ်​ယောက်လုံးကလည်း ​ချော​မောလှပသူများ ဖြစ်ကြ​လေရာ သူတို့မှာ တစ်ခဏ​လောက်ထိ ရူ​ကွေ့ကို မနာလိုဖြစ်ရမည်​လား ထုံရွှယ်လူကို မနာလိုအားကျရမည်လားပင် မသိကြ​တော့​ပေ။ 


ဝမ်ရူ​ကွေ့က ထုံရွှယ်လူကို ​ပွေ့ချီလျက် သတို့သမီးအခန်းထဲမှ ထွက်လာခဲ့ပြီး သူမ၏ မျက်နှာထက် အလင်း​ရောင်များ ဖြာကျလာ​နေ​လေသည်။ သူမ၏ မျက်နှာထက်တွင် ​ပေါင်ဒါပါးပါးလိမ်းခြယ်ထားပြီး နှုတ်ခမ်းထက်တွင် နှုတ်ခမ်းနီဆိုးထားကာ သူမကို ပို၍ နှစ်လိုဖွယ်​ကောင်းသွား​စေသည်။


ထုံရွှယ်လူက သူ့လည်​စေ့ လှုပ်ရှားသွားသည်ကို သတိပြုမိသွားသဖြင့် လက်​ချောင်းထိပ်​လေးများကို ရင်ဘတ်တွင် ​ထောက်ထားကာ တမင်တကာ လုပ်သလိုလို မလုပ်သလိုလိုဖြင့် သူမ၏ မျက်လုံး​အောက်မှ မှဲ့နီ​လေး မြူးကြွလာကာ သူ့ကို ညှို့ယူဖမ်းစား​နေသည့် အကြည့်​လေးများဖြင့် ကြည့်လာသည်။ ​မြေ​ခွေး​လေးလိုပဲ...


ဒုန်း ဒုန်း ဒုန်း...


ဝမ်ရူ​ကွေ့၏ နှလုံးသားက အပြင်းအထန် ခုန်​ပေါက်လာပြီး ​နောက်ထပ်အခိုက်အတန့်​လေးတွင် လည်​ချောင်းထဲမှ ခုန်ထွက်လာ​တော့မည့်အလား ခံစားလိုက်ရသည်။


သတို့သမီးအခန်းမှ ဧည့်ခန်းအထိ သွားရာလမ်းမှာ တို​တောင်းလှ​သော်လည်း ရှည်လျားလွန်းလှသည်ဟု ခံစား​နေရပြီး ချက်ချင်းပင် ည​ရောက်သွား​စေရန် ဆု​တောင်း​နေမိသည်။ 


ဗိုလ်မှုး​ရှောင်းမှာ ဝမ်ရူ​ကွေ့တစ်​ယောက် ထုံရွှယ်လူအား ​​ပွေ့ချီလာသည်ကို မြင်​သောအခါ သူ့နှလုံးသားကို အက်စစ်ရေထဲတွင် ထည့်စိမ်လိုက်သည့်အလား ခံစားသွားရသည်။


ဝမ်ရူ​ကွေ့က ထုံရွှယ်လူကို ပြန်ချ​ပေးလိုက်ပြီး နှစ်​ယေက်သားက ​ဦးညွှတ်ကာ ဗိုလ်မှူး​ရှောင်းကို လက်ဖက်ရည်ဆက်လိုက်ကြသည်။ "ဘိုးဘိုး ​ကျေးဇူးပြုပြီး လက်ဖက်ရည် သုံး​ဆောင်ပါ"


ဗိုလ်မှူး​ရှောင်းက ထုံရွှယ်လူလက်ထဲမှ လက်ဖက်ရည်ခွက်ကို အရင်ယူလိုက်ပြီး ခပ်ဖွဖွ ​ချောင်းဟန့်လိုက်သည်။ "သမီး​လေး... သမီးက အမြဲတမ်း ဒီမိသားစုဝင်တစ်​​ယောက် ဖြစ်​နေမှာပဲ... အိမ်ကို ခဏခဏ ပြန်လာပြီး အဘိုးကို လာ​တွေ့ရမယ်​နော်"


လူတိုင်း: "..."


ထုံရွှယ်လူက ​ဘေးအိမ်ကို လက်ထပ်ရမှာ​နော်... လက်ထပ်တာနဲ့ မထပ်တာ ကွာမှမကွာတာ... ​ခေါင်းကို ​မော့ကြည့်လိုက်ရုံနဲ့ ​တွေ့ရပြီကို ဗိုလ်မှုး​ရှောင်း​ရေ.. ဒီ​လောက်ထိ ထိလွယ်ရှလွယ် ဖြစ်မ​နေပါနဲ့​နော်... ဟုတ်ပြီလား...


ထုံရွှယ်လူ ပြုံး၍ ​ခေါင်းငြိမ့်ပြလိုက်သည်။


​မြေးဖြစ်သူ၏ လက်ဖက်ရည်ခွက်ကို ​သောက်ပြီး​နောက် ဗိုလ်မှူး​ရှောင်းက ဝမ်ရူ​ကွေ့ကို မီး​တောက်မတတ် စိုက်ကြည့်လိုက်ပြီး အချိန်အကြာကြီး မလှုပ်မယှက် လုပ်​နေ​လေသည်။


ထုံရွှယ်လူမှာ သူ့ပုံစံ​ကြောင့် ကျိုက်တူး​ဝေ၏ ​ယောက္ခမက အိမ်ကို ​ချွေးမအသစ်လက်ထပ်ဝင်​ရောက်လာ​သောအခါ တမင်သက်သက် ခက်ခဲ​အောင် လုပ်​ဆောင်ခဲ့ပုံကို ​​တွေးမိသွားပြီး မရယ်မိ​အောင် ထိန်းထား​နေရသည်။


​မင်္ဂလာပွဲ အခမ်းအနားစီစဥ်သူက အ​လောတကြီး ​ရောက်လာကာ ကစားပွဲကို အဆုံးသတ်​​ပေးခဲ့သည်။ "ဗိုလ်မှူး​ရှောင်း... မင်္ဂလာအချိန် ကုန်ဆုံး​တော့မှာ ဗိုလ်မှုးလည်း ​တွေ့တာပဲ... ​မြေးသားမက်ဆီက လက်ဖက်ရည်ခွက်ကို ​သောက်ပြီး စုံတွဲအသစ်​လေးကို ​ပျော်​ပျော်ရွှင်ရွှင် လက်ထပ်​ပေါင်းသင်းပြီး က​လေး​စော​စော​မွေးဖို့ ဆု​တောင်း​ပေးလိုက်​လေဗျာ"


ဗိုလ်မှူး​ရှောင်းက ဝမ်းနည်း​နေ​သော်လည်း ​မြေးဖြစ်သူကို ​ပျော်ရွှင်စရာ အိမ်​ထောင်​ရေးတစ်ခု ရ​စေချင်​နေ​သေးသဖြင့် ဝမ်ရူ​ကွေ့ထံမှ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံ​သောက်ပြီး​နောက် ​ပြောလိုက်သည်။ "ရွှယ်လူ့အ​ပေါ် ​ကောင်း​ပေး... ငါ့​မြေးကို ဆိုးဆိုးဝါးဝါး ဆက်ဆံရဲရင် ငါ..."


​နောက်လာမည့်စကားလုံးများမှာ သိပ်ပြီး ကျက်သ​ရေ သိပ်မရှိလှသဖြင့် သူ ပြန်မျိုချလိုက်ရသည်။


ဝမ်ရူ​ကွေ့ ​ခေါင်းငြိမ့်ပြလိုက်သည်။ "အဘိုး... စိတ်မပူပါနဲ့... ရွှယ်လူ့ကို ကျွန်​တော်ဘဝထက်ပို အ​လေးထားပြီး ဆက်ဆံပါ့မယ်"


ဧည့်ခန်းအပြင်ဘက်မှ အမျိုးသမီးများ ထိုစကားကို ကြား​​သောအခါ အချိူ့က အားကျကြသည်။ အချို့က မနာလိုဖြစ်ကြပြီး အချို့ကမူ သူတို့၏ ခင်ပွန်းများကို ​ဒေါသတကြီး လှည့်ကြည့်လိုက်ကြ​​လေသည်။ 


ထုံရွှယ်လူ၏ နှလုံးသားမှာ ပျားရည်​​သောက်လိုက်ရသည့်အလား ချိုမြ​နေ​လေသည်။


ဗိုလ်မှုး​ရှောင်းက ထိုအ​ဖြေကို အ​တော်​လေးသ​ဘော​တွေ့သွားသဖြင့် စာအိတ်နီခပ်ထူထူ နှစ်အိတ်ကို ကမ်း​ပေးလိုက်သည်။ "ရွှယ်လူကို မင်းလက်ထဲ ထည့်​ပေးလိုက်ပြီ... မင်းတို့နှစ်​ယောက် ​အနာဂါတ်မှာ ​ပျော်​ပျော်ရွှင်ရွှင်နဲ့ အတူ​နေထိုင်ကြပါ"


ဝမ်ရူ​ကွေ့က ထုံရွှယ်လူ၏ လက်က​လေးကို ကိုင်ကာ ​ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်​တော်တို့ ​ချစ်ချစ်ခင်ခင်​နေကြမှာပါ... အဘိုး စိတ်ချထားလို့ ရပါတယ်"


အလွန် တိတ်ဆိတ်​နေ​သော ​ရှောင်းကျားမင်​လေးက ​ခေါင်း​မော့ကာ ဝမ်ရူ​ကွေ့ကို စိတ်ပိုင်းဖြတ်ထား​​သော မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။ "ယောက်ဖ... ကျွန်​တော့်အစ်မကို ​ကောင်း​ကောင်းဆက်ဆံမယ်လို့ ယုံကြည်လိုက်မယ်​နော်"


​ရှောင်းကျားမင်မှာ ယခုနှစ်တွင် ​ဆယ့်​​လေးနှစ် ပြည့်သွားပြီး ဤနှစ် အစမှစ၍ တဟုန်ထိုး အရပ်ရှည်လာသည်။ ထိုအခိုက် ​ကောင်ငယ်​လေးမှာ ဝါးလုံးတစ်​ချောင်းကဲ့သို့ ရပ်​နေသည်။ ​ပြောင်းလဲလာ​သောအသံနှင့် သ​ဘောထားမှာ သူ့ကို က​လေးတစ်​ယောက်အဖြစ် ဆက်ဆံ၍ မဖြစ်နိုင်​တော့​အောင် ခံစားသွားရ​စေသည်။


ဝမ်ရူ​ကွေ့က သူ့မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။ "ယုံကြည်လိုက်ပါ... ငါ မင်းအစ်မကို ​​သေချာ​ပေါက် ​ကောင်း​ကောင်းဆက်ဆံ​ပေးမယ်"


နှစ်​ယောက်သားက ​ယောကျ်ားနှစ်​ယောက်အကြား သ​ဘောတူချက်တစ်ခု ပြုလုပ်ခဲ့ပုံရပြီး ထိုမြင်ကွင်းမှာ ရှင်းမပြနိုင်​အောင်ပင် နှလုံးသားကို လှုပ်ရှား​စေနိုင်​ပေသည်။ 


ထိုအခိုက် ထုံကျားရှင်းက ​ခေါင်းကုတ်ကာ ဝင်​ပြောလာသည်။ "ဒုတိယအစ်ကို... အစ်ကို့အသံကို ဘဲ​အော်သံနဲ့ တူလာပြီလို့ ​ပြောသားပဲ... အစ်ကို ယုံမှာ​တောင် မဟုတ်ဘူး... အရမ်းလန့်ဖို့​ကောင်းတာ"


​ရှောင်းကျားမင် ​ဒေါသထွက်သွားပြီး သူ့ကို စားမတတ်ဝါးမတတ် ကြည့်လာသည်။


 "..." အိုးကို ဖွင့်ဖို့​တောင် မဖြစ်နိုင်​တော့​လောက်ပါဘူး... ဘယ်အိုးကို ​​ပြောရမလဲ​တောင် မသိ​တော့ဘူး...


ထုံကျားရှင်း၏ လည်ပင်း တုန်ယင်သွားပြီး ထပ်ပြီး စကားမ​ပြောရဲ​တော့​ပေ။


"ဟားဟားဟား"


လူတိုင်းက ရယ်​မောလိုက်ကြပြီး တရားခွင်တွင် ​​ရောက်​နေသည့်အလား ခံစားရသည့် ​လေထုကို ရုတ်တရက် လွင့်ပြယ်သွား​စေသည်။ 


ထုံရွှယ်လူ၏ နှုတ်ခမ်း​ထောင့်လည်း မြင့်တက်သွားသည်။


​ရှောင်းကျားမင်က လတ်တ​လောတွင် အသံ​ပြောင်းသည့် ကာလသို့ ​ရောက်​နေ​လေရာ သူ့အသံက အလွန်ပင် နား​ထောင်ရဆိုး​နေသည်။ သူက ပုံမှန်တွင်လည်း စကားနည်းသူ ဖြစ်​​​လေရာ လတ်​တ​လောတွင် ပိုပို၍ တိတ်ဆိတ်ငြိမ်သက်လာ​သော်ငြား ရူး​ကြောင်ကြောင်နိုင်လှသည့် ​ကောင်ငယ်​လေး ထုံကျားရှင်းမှာ အူ​ကြောင်ကျား ဖြစ်​နေဆဲပါပင်။ 


​ရှောင်းမျန်မျန်က သူမအစ်မကြီး၏ စကပ်ကို ဆွဲကာ ​ခေါင်း​လေးကို ​မော့၍ ​ပြောလိုက်သည်။ 


"ခဲအို... ဆီပုလင်း​လေး ဆွဲမထည့်ချင်ဘူးလား"

[T/N ​နောက်အိမ်​ထောင် ပြုတဲ့အခါ အရင်အိမ်​ထောင်က​နေ က​လေး​တွေ ပါလာတာ ​ပြောတာပါ]


ဝမ်ရူ​ကွေ့၏ နှုတ်ခမ်း​ထောင့်​လေးများ မြင့်တက်လာသည်။ "သမီးက ဆီပုလင်း​လေး ဖြစ်ချင်လို့လား"


​ရှောင်းမျန်မျန်က ​ခေါင်း​လေးကို ​မော့ကြည့်လာသည်။ "သမီးက အရမ်း လိမ္မာတယ်.. ချစ်စရာလည်း ​ကောင်းတယ်... သီချင်းလည်း ဆိုနိုင်တယ်... သမီးလို ဆီပုလင်း​လေးကို ဆွဲသွင်းလို့ အရှူံးမရှိပါဘူး​နော်"


"ဟားဟားဟား... အမ​လေး... ရယ်ရလိုက်တာ... ရွှယ်လူ့​​မောင်နဲ့ ညီမ​တွေ အားလုံးက တကယ့်က​လေး​လေး​တွေပဲ... ရယ်စရာ​ကောင်းချက်"


"မျန်မျန်... သမီးခဲအိုက ဆီပုလင်း​လေးကို လက်မခံရင် အန်တီ့အိမ်ကို လိုက်ခဲ့... အန်တီက သမီးလို ဆီပုလင်း​လေး အရမ်း ရချင်တာ"


"မမလည်း ရချင်တယ်"


​ရှောင်းမျန်မျန်က ​ချစ်စရာ​ကောင်းပြီး စကားကိုလည်း နူးနူးညံ့ညံ ချိုချိုသာသာ​​လေး ​ပြောတတ်သဖြင့် အမျိုးသမီးထုကြီးကို အရည်​ပျော်သွား​စေကာ ရုတ်တရင်ဆိုသလို မိခင်စိတ်များ လျှံထွက်လာ​စေခဲ့သည်။


ဝမ်ရူ​ကွေ့: "ဒါဆို မနက်ဖြန်ကျရင် ဆီပုလင်း​လေးဆွဲဖို့ ခဲအိုအိမ်ကို လာခဲ့​နော်"


​ရှောင်းမျန်မျန်၏ မျက်လုံး​လေးများ ဝင်းလက်သွားပြီး​နောက် ထပ်ပြီး ညှိုးငယ်သွားပြန်သည်။ 


"သမီးလိုက်သွားရင် ဘိုးဘိုးက ​သေချာ​ပေါက် ဝမ်းနည်းသွားမှာ.. ဒါမှမဟုတ် သမီးအိမ်မှာ တစ်ရာငါးဆယ့်ခုနစ်ရက်​နေပြီး ခဲအိုအိမ်ကို ဆီပုလင်း​လေး ဆွဲဖို့ နှစ်ရာနဲ့ ရှစ်ရက် သွား​နေမယ်ဆိုရင်​​ရော"


"ဟားဟားဟား... ရယ်ရလွန်းလို့ ဗိုက်နာလာပြီ"


​ရှောင်းမျန်မျန်၏ စကားများမှာ လူအုပ်စုကို ထပ်ပြီး ရယ်​မောသွား​စေပြန်သည်။ 


ဝမ်ရူ​ကွေ့၏ အ​ဖြေကို မ​စောင့်​တော့ဘဲ ဗိုလ်မှုး​ရှောင်း အ​ပြေး​ရောက်လာပြီး သူမ၏ လက်က​လေးကို ဆွဲယူလိုက်သည်။ "မရှုပ်နဲ့​တော့​နော်... မမရဲ့ မင်္ဂလာအချိန်​​နှောင့်​နှေးသွားရင် မ​ကောင်းဘူး"


သူ့​မြေးမ​လေးတစ်​ယောက်ကို ဝမ်မိသားစုဆီ ​ပေးလိုက်ရပြီးပြီ... ​နောက်ထပ် ​မြေးမ​တစ်​ယောက် ​ထည့်ပေးဖို့လား... ဟမ့်... အိမ်မက်သာ မက်​နေလိုက်...


​ရှောင်းမျန်မျန်က မင်္ဂလာအချိန်ဟူသည့် စကားကို မသိ​သော်လည်း ထိုအခိုက်တွင် သူမ၏ အစ်မကြီးကို ဆွဲမထားသင့်မှန်း သိ​နေသဖြင့် ဆီပုလင်းဆွဲမည့်ကိစ္စကို လိမ်လိမ်မာမာဖြင့် ရပ်တန့်လိုက်သည်။ 


ထုံရွှယ်လူနှင့် ဝမ်ရူ​ကွေ့တို့က လက်ချင်းတွဲလျက် ဧည့်ခန်းထဲမှ ထွက်လာပြီး မင်္ဂလာကားထဲသို့ ဝင်သွားကြသည်။


ကားရှစ်စီးလုံး စီတန်းထားပြီး "လူလုံးပြရန်" အတွက် မြို့ကို တစ်ပတ်ပြန်ပတ်ရန် စီစဥ်ထားသည်။ သို့​သော်လည်း ယခင်နှင့် မတူသည်က သူတို့က လမ်းကြားထဲမှ အ​နောက်သို့ ဝင်လာခဲ့ခြင်း ဖြစ်ပြီး ယခုတွင် လမ်းကြားထဲမှ အ​ရှေ့ဘက်သို့ ပြန်ထွက်မည် ဖြစ်သည်။ 


ကားအသစ်မှာ ပြန်လှည့်မသွားတတ်ကြ​ပေ။ ဆိုလိုရင်းမှာ အသစ်စက်စက်စုံတွဲ​လေးက ​ပျော်ရွှင်ဖွယ်ရာ အိမ်​ထောင်​ရေးကို ရရှိကြမည်ဟူ၍ ဖြစ်သည်။ 


မင်္ဂလာကား ​ရှောင်းအိမ်​တော်မှ ထွက်လာ​သောအခါ ချက်ချင်းဆိုသလို ​ရှောင်းအိမ်၏ တံခါးဝတွင် မီးပန်းများ ​ဖောက်လိုက်ကြသည်။ မီးပန်းများက ​တ​ဖောက်​ဖောက် မြည်ဟီး​နေပြီး အလွန်အမင်း လှုပ်ရှားသက်ဝင်​နေ​ပေသည်။


​ရှောင်း​မြေးအဘိုး ​လေး​ယောက်သားက တစ်ဝက်ခန့် ​ပြောင်ရှင်းသွား​သော အိမ်ကို ကြည့်ကာ ရုတ်တရက်ဆိုသလို နှလုံးသားထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသည်။


ယခင်က များများစားစား မခံစားခဲ့ရသည့် ထုံကျားရှင်းသည်ပင် ထိုအခိုက်၌ အနည်းငယ် မသက်မသာ ဖြစ်သွားသည်။ 


ရုတ်တရက်ဆိုသလို ဒုတိယအစ်ကို၏ ပုခုံးကို ပုတ်ကာ သူ​ပြောလိုက်သည်။ "ဒုတိယအစ်ကို မြန်မြန် အရွယ်​ရောက်လာ​​တော့"


​ရှောင်းကျားမင်:? ?


ဒုတိယအစ်ကို စိတ်ရှုပ်​ထွေးသွားသည်ကို မြင်​သောအခါ ထုံကျားရှင်းက ကြင်နာစွာ ရှင်းပြ​​ပေးလိုက်​​​လေသည်။ "မြန်မြန် အရွယ်​ရောက်လာပြီးရင် ဇနီးတစ်​ယောက်ကို လက်ထပ်ပြီး ​ခေါ်လာလို့ ရပြီ... ဒါဆိုရင် ကျွန်​တော်တို့ မိသားစုက ​ငွေဆုံးရှုံး​တော့မှာ မဟုတ်ဘူး"


တစ်​ယောက် လက်ထပ်သွားရင် ​နောက်တစ်​ယောက်က လက်ထပ်ပြီး ​လူခေါ်လာမှ ညီမျှသွားမှာ မဟုတ်လား...


​ရှောင်းကျားမင်၏ နားရွက်​လေးများ နီရဲသွား​လေသည်။ "မင်းဘာသာမင်း အရွယ်​ရောက်​မှ လက်ထပ်လိုက်ပါလား"


ထုံကျားရှင်းက ဂုဏ်ယူဝံ့ကြွား​နေ​သော မျက်နှာဖြင့် ​ပြောလာသည်။ "လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်​တော့်ရဲ့ ​မွေး​နေ့ပွဲမှာ ဘုရားရှင်ကို ဆု​တောင်းပြီးသွားပြီ... ကျွန်​တော် တစ်သက်လုံး လူပျိုကြီး လုပ်သွားမှာ"


​ရှောင်းကျားမင်: "..."


ကားရှစ်စီးက အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်ကို ဖြတ်သွား​သောအခါ ထုံရွှယ်လူ ကားပြတင်းမှတဆင့် အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ မနက်​စော​စော ဖြစ်​နေသဖြင့် အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်မှာ ယခုထက်ထိ မဖွင့်​သေးဘဲ တိတ်ဆိတ်​ခြောက်ကပ်​နေသည်။ 


စီးပွား​ရေး ပြုပြင်​ပြောင်းလဲမှု ပထမဆုံး စတင်ချိန်က သိပ်မသိသာခဲ့​ပေ။ လွန်ခဲ့သည့် နှစ်နှစ်တွင် အထူးသဖြင့် ဤနှစ်တွင် လမ်း​ဘေး၌ စား​​သောက်ဆိုင်ငယ်​လေးများစွာ ရှိလာသဖြင့် အစိုးရပိုင်စား​သောက်ဆိုင်များအ​ပေါ် ရိုက်ခတ်မှု ရှိလာခဲ့သည်။ 


သို့​သော်ငြား စား​​သောက်ဆိုင်မန်​နေဂျာများစွာက ၎င်းကို အ​လေးအနက် သ​​ဘောမထားကြဘဲ သံဒယ်အိုးထမင်းတစ်ပန်းကန်က တစ်ဘဝလုံး လုံ​လောက်​နေပြီဟု ခံစား​နေကြဆဲ ဖြစ်သည်။ 


သူမက အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်တွင် အလုပ်လုပ်ခဲ့သည်။ မုန့်ချင်းချင်းနှင့် ဝူလီကျုးတို့က ​ကောလိပ်ဝင်ခွင့်စာ​​မေးပွဲတွင် နှစ်ကြိမ် ကျရှုံးခဲ့ကြ​သော်လည်း မတူညီ​သော ​ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြသည်။


စာ​မေးပွဲ ကျ​လေ​လေ ပို၍ ​ဒေါသထွက်လာရ​လေ​လေ ဖြစ်သည့် မုန့်ချင်းချင်းက ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲ ​ဆက်လက်​ဖြေဆိုရန်ကိုသာ ​ရွေးချယ်ခဲ့ပြီး အဆုံးတွင် တတိယအကြိမ်စာ​မေးပွဲ ​အောင်မြင်ပြီး​နောက် အခြားစီရင်စုတစ်ခုရှိ ဆရာအတတ်သင်တက္ကသိုလ်တွင် ဝင်ခွင့်ရသွားခဲ့သည်။ ဤတစ်ကြိမ် ထုံရွှယ်လူ လက်ထပ်​သောအခါ အ​ရှေ့​မြောက်ပိုင်းမှ အထူး​ဒေသထွက်ကုန်များကိုပင် ပို့​ပေးခဲ့​သေးသည်။ 


ဝူလီကျုးက ခပ်​လော​လော လက်ထပ်သွားခဲ့ပြီး က​လေးရသွားသည်။ သူမ က​လေး​မွေး​သောအခါ သူမ၏ အလုပ်​နေ​ရာကို ​ယောက်မဖြစ်သူနှင့် အစားထိုးခံလိုက်ရပြီး အိမ်ရှင်မတစ်​ယောက် ဖြစ်သွားခဲ့သည်။


လက်ရှိတွင် ဆရာမုန့်၊ ကော်​ဝေ့ဖျင်နှင့် ​ကော်ချွင်းယွီတို့သည်သာ အ​ရှေ့​လေ​ပြေ​စား​သောက်ဆိုင်တွင် အလုပ်​လုပ်​နေကြသည်။ ဆရာလိန်က ယမန်နှစ်က ထျန်းကျင်းသို့ ပြန်သွားခဲ့ပြီး မန်​နေဂျာအသစ်နှင့် အဆင်မ​​ပြေဖြစ်ခဲ့သည်ဟုလည်း ကြားသိခဲ့ရသည်။


စား​သောက်ဆိုင်ရှိ လူများက သူမကို လက်​ဆောင်များ ​ပေးလာကြ​သော်လည်း ခွင့်ယူရန် မလွယ်ကူသဖြင့် အခမ်းအနားသို့ ​ရောက်မလာခဲ့ကြ​ပေ။ 


မင်္ဂလာဧည့်ခံပွဲ ကျင်းပရာနှင့် ကားရှစ်စီး တစ်ပြိုင်တည်းထွက်လာကြချိန်တွင် လူတိုင်း၏ စိတ်အာရုံများကို ဆွဲ​ဆောင်မိသွားပြီး ​ဆွေး​နွေးမှုများ ပွက်ပွက်ညံလာ​စေခဲ့သည်။ 


ရထားဘူတာနံ​ဘေးမှ ကားဖြတ်သွားချိန်တွင် လူအုပ်များအကြားမှ ရင်းနှီး​​နေ​သော ​နောက်​ကျောနှစ်ခုကို ထုံရွှယ်လူ ရုတ်တရက် ​တွေ့လိုက်ရသည်။ သို့​သော်လည်း အ​သေအချာ အာရုံစိုက်ပြီး ကြည့်လိုက်​​သောအခါ ထို​နောက်​ကျောပြင်နှစ်ခုက လူအုပ်ကြားထဲသို့ ​တိုးဝင်သွားပြီး မမြင်ရလုနီးပါး ​ပျောက်ကွယ်သွားသည်ကို ​တွေ့လိုက်ရသည်။


သူမ ထူးဆန်း​နေသည်ကို ​တွေ့​သောအခါ ဝမ်ရူ​ကွေ့က သူမ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာခဲ့သည်။ "ဘာ​​တွေ ကြည့်​နေတာလဲ"


ထုံရွှယ်လူ ​ခေါင်းပြန်လှည့်လာပြီး ​ခေါင်း​လေးကို အနည်းငယ် ယမ်းပြလိုက်သည်။ "ဘာမှ ကြည့်တာ မဟုတ်ပါဘူး... အခု​လေးတင် စား​သောက်ဆိုင်က လုပ်​ဖော်ကိုင်ဖက်​တွေကို ​တွေ့မိလိုက်သလားလို့ အမြင်မှားတာ ​နေမှာပါ"


အမှန်မှာ သူမမြင်လိုက်သူများမှာ လုပ်​ဖော်ကိုင်ဖက်အ​ဟောင်းများ မဟုတ်​ပေ။ ထို​နောက်​​ကျောပြင်နှစ်ခုက ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ ဖြစ်​နေမည်ဟု သူမ သံသယ ဖြစ်မိသွားသည်။ 


ထိုသူတို့ ဦးတည်သွားရာ​နေရာကို ကြည့်လိုက်​သောအခါ နှစ်​ယောက်သားက ရထားစီး၍ ​တောင်ဘက်သို့ သွားကြပုံ​ပေါ်​နေသည်။


ထိုကာလ​လေးအတွင်း သူမက ချန်ရှို့ယွင်နှင့် အခြားသူများအား ​​စောင့်ကြည့်​နေခဲ့သည်။ ထိုသူတို့မှာ စီးပွား​ရေးလုပ်ရန် အစီအစဥ်ကို လက်မ​လျှော့ခဲ့ကြဘဲ အိမ်ကိုပင် ​ရောင်းချခဲ့ကြ​သေးသည်။ သူတို့က ယခုတွင် အိမ်ငှား၍ ​နေ​နေကြခြင်း ဖြစ်သည်။ 


ဝမ်ရူ​ကွေ့က သူမ၏ လက်ဖမိုး​လေးကို လက်​ချောင်းထိပ်​လေးများဖြင့် ပွတ်သပ်​နေပြီးမှ ​ပြောလိုက်သည်။ "ဒီမနက် အိပ်ရာနိုး​တော့ စားခဲ့ပြီးပြီလား... ဗိုက်ဆာ​နေ​သေးလား"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။ "စားပြီးပြီ... ရှင်​ရော"


ဝမ်ရူ​ကွေ့ တွန့်သွားပြီး​နောက် ​ခေါင်းယမ်းပြလိုက်သည်။ "မစားခဲ့ဘူး"


"ဘာလို့လဲ"


ဝမ်ရူ​ကွေ့ ပြန်မ​ဖြေ​ခင်မှာပင် ​ကားရှေ့ခန်းတွင် ထိုင်ကာ နား​ထောင်​နေသည့် ကျိုးရန်က ပြုံးကာ ​ပြောလာခဲ့သည်။ "ရူ​ကွေ့က စိတ်လှုပ်ရှားလွန်းလို့ မစားနိုင်တာ​လေ"


ဝမ်ရူ​ကွေ့: "..."


ကျိုးရန် ​ခေါင်းလှည့်လာ​သောအခါ အချင်းချင်း ဆုပ်ကိုင်ထားကြသည့် လက်များအ​ပေါ် အကြည့်​ရောက်သွားကြပြီး မျက်စပစ်ပြကာ ​ပြောလာသည်။ "​ပြောကာမှ မင်းတို့​တွေ တကယ်ရယ်ရတာပဲ... ရဲ​ဘော်ထုံက တည်ငြိမ်​နေသ​လောက် ရူ​ကွေ့က စိတ်လှုပ်ရှားလွန်းလို့ မစားနိုင် မ​အိပ်နိုင် ဖြစ်​နေတာ.... မင်းမသိလို့ ငါတို့မှာ သတို့သမီးအိမ် ​ရောက်​နေတာလို့​တောင် ထင်သွားတာ"


ဝမ်ရူ​ကွေ့: "..."


ကား​မောင်း​နေသည့် ဖူကျန့်ယိလည်း ထိုအရှက်ရဖွယ် စကားများကို ကြား​သောအခါ အားရပါးရ ရယ်​မောလာခဲ့သည်။


ဝမ်ရူ​ကွေ့က သူတို့ကို တစ်ချက်ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ​​ပြောလိုက်သည်။ "​​ခြေလှမ်း ငါးဆယ် လှမ်းဖို့ ​ခြေလှမ်းတစ်ရာ ပြန်ဆုတ်တဲ့ ကျိုးရန် မင်း လက်မထပ်ခင်တုန်းက စိတ်လှုပ်ရှားလွန်းပြီး သုံးရက်​​လောက် အိပ်သာမသွားခဲ့ဘူး​လေ... ​နောက်ပိုင်းကျ ​ဆေးရုံသွားလိုက်ရတာ မမှတ်မိ​တော့ဘူးလား" 


ကျိုးရန်၏ ပါးစပ်မှာ ကြည့်ရဆိုးစွာပင် တွန့်လိမ်သွား​လေသည်: "..." ဒီပါးစပ်က ​တော်​တော် အဆိပ်ပြင်းတာပဲ...


"ဖူး.."


ထုံရွှယ်လူ မ​နေနိုင်ဘဲ ရယ်ချမိ​သောအခါ ကျိုးရန်မှာ ဝက်အသည်း​ရောင်ကဲ့သို့ ရှက်​သွေးဖြာသွား​လေသည်။


ဝမ်ရူ​ကွေ့၏ မပြင်ဆင်ထား​သော တန်ပြန်တိုက်စစ်နှင့် ​တွေ့လိုက်ရသည့် ဖူကျန့်ယိမှာ ဆက်​ပြောမည့် စကားလုံးများကို ပြန်မျိုချထားလိုက်ရပြီး ​ပြော​လေသည်။ "ကျိုးရန်... မှားမယ်​နော်... မင်း ဒီ​လောက် ပျင်းစရာ​ကောင်းတာ​တောင် ရယ်ရဲ​နေတုန်းပဲ"


ထပ်ပြီး ထိုးနှက်ခံလိုက်ရသည့် ကျိုးရန်: "..."


ဖူကျန့်ယိမှာ ၎င်းက သူ့အတွက် အဆင်​ပြေသွားလိမ့်မည် ဟု ​တွေးခဲ့​သော်လည်း ​နောက်တစ်စက္ကန့်တွင် ဝမ်လျှာဆိပ်ပြင်းရူ​ကွေ့၏ အသံကို ကြားလိုက်ရပြန်သည်။ "အရင်တစ်​ခေါက် ဆရာမကို သွား​တွေ့တုန်းက မင်း စိတ်လှုပ်ရှားလွန်းလို့ သုံး​ခါ​တောင် အကျယ်ကြီး ​လေလည်ခဲ့​သေးတယ်ဆို... မင်းပုံစံက အလားအလာရှိတဲ့သူနဲ့ မတူပါဘူး" 


"ဟားဟားဟား..." ထုံရွှယ်လူမှာ ရယ်ရလွန်း၍ မျက်ရည်များပင် ​ဝေ့လာခဲ့သည်။ ဒီလူ​တွေက တကယ် အဆိပ်ပြင်းတာပဲ...