အပိုင်း၃၁၄
Viewers 67k

🍵Chapter 314




သူမက အ​ဆောင်​ဖော်များထဲတွင် ထုံရွှယ်လူ၏ အိမ်သို့ ပထမဆုံး ​ရောက်ဖူးသူဖြစ်ပြီး သူမ၏ သတို့သား​လောင်းက သု​တေသနပညာရှင်တစ်​​​​ယောက်ဖြစ်​ကြောင်းကိုလည်း ပထမဆုံး သိခဲ့ရသူ ဖြစ်သည်။ သို့​သော်ငြား ဝမ်နှင့် ​ရှောင်းမိသားစု၏ ​ဆွေမျိုးများက ထိုမျှ​လောက်ထိ အင်အားကြီး​နေမည်ဟု မသိခဲ့ရ​ပေ။


သူတို့နှင့် ယှဥ်လိုက်လျှင် သူမတို့၏ ကျန်းမိသားစုက လှုပ်ပင်လှုပ်နိုင်မည် မဟုတ်​​ပေ။ 


သူမ၏ မိဘများမှာ အစိုးရအတွက် အလုပ်လုပ်​နေကြ​သော်ငြား သူတို့က သာမန်စာ​ရေး များသာ ဖြစ်ကြပြီး တစ်ဘဝလုံး သတိရှိရှိ ​နေထိုင်ခဲ့ကြရသည်။ ထိုဆယ်နှစ်အတွင်း သာမန်လူများနှင့် ယှဥ်လိုက်ပါက သူတို့၏ မိသားစုအ​ခြေအ​နေမှာ အ​တော်​လေး ​ကောင်း​သော်ငြား ယခုတွင် ဝမ်​ရှောင်းမိသားစုများနှင့် နှိုင်းယှဥ်လိုက်ပါက အ​တော်​လေး နိမ့်ကျသွားသည်။ 


ထိုကဲ့သို့ နှိုင်းယှဥ်ချက်များနှင့် သတိထားမိ​သော အချက်များက သူမကို အနည်းငယ် မသက်မသာ ဖြစ်သွား​စေရသည်။ 


သို့​သော်လည်း များမကြာမီ ​ခေါင်းကို ခါယမ်းကာ စိတ်မချမ်း​​မြေ့ဖွယ်ရာ ခံစားချက်များကို ခါထုတ်လိုက်သည်။


တစ်ဖက်မှ ​ချွေ့ရုန်ရုန်မှာ သူမကို တစ်ချက်ကြည့်လာပြီး နှုတ်ခမ်း​ထောင့်​​လေးများ ​ကွေးတက်သွား​သော်ငြား မည်သည့်အ​တွေးများ ​တွေး​နေသည်ကိုမူ မသိနိုင်ခဲ့​ပေ။ 


🍵


မင်္ဂလာပွဲသို့ ဧည့်သည်များစွာ လာခဲ့ကြသည်။ ဧည့်ခံပွဲ စတင်​သောအခါ ထုံရွှယ်လူနှင့် ဝမ်ရူ​ကွေ့တို့က လူတိုင်းကို လိုက်လံနှုတ်ဆက်ကြရသည်။


ဝမ်မိသားစု၏ ​ဆွေမျိုးနှင့် မိတ်​ဆွေများမှာ သတို့သမီး ထုံရွှယ်လူ၏ အလှအပကို ချီးကျူး​နေကြပြီး က​လေး​စော​စောရရန် ဆု​တောင်း​ပေး​နေကြသည်။ 


​ရှောင်းမိသားစု၏ ​ဆွေမျိုးများမှာ ထုံရွှယ်လူအား ​ကောင်း​ကောင်းဆက်ဆံ​ပေးရန် ဝမ်ရူ​ကွေ့ကို ​ပြော​နေခဲ့သည်။ ထုံရွှယ်လူ၏ ဝမ်းကွဲများနှင့် ဗိုလ်မှုး​ရှောင်းတို့မှာ "တူညီ​သော ရန်သူ" ရှိသွားကြ​​လေသည်။


"​ယောက်ဖ... ဒီ​နေ့က ​ယောက်ဖအတွက် ​ပျော်စရာ​နေ့​လေးပဲ... ဒါ​ကြောင့် မင်္ဂလာမရှိတာ​တွေ မ​ပြော​တော့ဘူး... ဒါ​ပေမယ့် ရွှယ်လူက ကျွန်​တော်တို့ ညီမ​လေးပဲ... သူ့ကို အနိုင်ကျင့်ရဲရင် ကျွန်​တော်တို့ညီအစ်ကို​တွေ လွှတ်​​ပေးမှာ မဟုတ်ဘူး​နော်"


ဝမ်ရူ​ကွေ့က ခွက်ကို ​မြှောက်ကာ တစ်​ယောက်ချင်း လိုက်တိုက်လိုက်သည်။ "ဝမ်းကွဲတို့ စိတ်မပူပါနဲ့... ဒီလိုကိစ္စမျိုး ရှိလာမှာ မဟုတ်ပါဘူး"


​ပြောပြီး​နောက် ​​ခေါင်း​မော့၍ ​သောက်လိုက်သည်။


ထုံရွှယ်လူ ခပ်​လော​လော တိုက်တွန်းလိုက်သည်။ "အများကြီး မ​သောက်နဲ့... အရက်မူးသွားဦးမယ်"


အမှန်မှာ ၎င်းက ဝိုင်မဟုတ်မှန်းသိ​နေ​သော်ငြား ဟန်​ဆောင်ပန်​ဆောင် ​ပြောရ​ပေဦးမည်။ ထိုသို့ မဟုတ်လျှင် သူမ၏ ဝမ်းကွဲအစ်ကိုများက ရူ​ကွေ့ကို လွှတ်​ပေးမည် မဟုတ်​​ပေ။


ထုံရွှယ်လူ၏ ​ပြောစကားကို တစ်စုံတစ်​ယောက်က ရယ်​မောလိုက်သည်၊ "ဟုတ်ပါ့... အရက်မူးသွားရင် ဒီည မင်္ဂလာဦးနိုင်မှာ မဟုတ်​တော့ဘူး​နော်"


ထုံရွှယ်လူ ဟန်​ဆောင်ပန်​ဆောင် ​ခေါင်းငုံ့လိုက်သည်။ 


သတို့သမီး ရှက်သွားသည်ကို လူတိုင်း​တွေ့လိုက်ရ​သောအခါ ကျယ်ကျယ်​လောင်​လောင် ရယ်​မောလိုက်ကြသည်။


လူအများကို လှည့်ပတ်နှုတ်ဆက်ပြီး​နောက် ဝမ်ရူ​ကွေ့ အမူးလွန်သွားသဖြင့် သူ့ညီအစ်ကိုများက သူ့ကို တွဲထူကာ မင်္ဂလာဦးအိပ်ခန်းထဲသို့ ပို့​ပေးလိုက်ကြရသည်။


ထုံရွှယ်လူ လိုက်သွားလိုက်ပြီး​နောက် ​ရေတစ်ဇလုံ သယ်ကာ သူ့မျက်နှာကို ​ဆေး​ပေးလိုက်သည်။


ကျိုးရန် သံသယအပြည့်မျက်နှာဖြင့် မင်္ဂလာဦးမောင်နှံ၏အိပ်ခန်းထဲမှ ထွက်လာ​ခဲ့သည်။ "ရူ​ကွေ့တကယ် မူးသွားတာမလား... အရင်ကထက်ပိုပြီး အများကြီး ​သောက်ထားမိတဲ့ပုံပဲ​နော်"


ဟွမ်ချီမင် ​ပြောလိုက်သည်၊ "ဟုတ်မှာပါ..

အ​တော်​လေး ​သောက်မိထားတဲ့ပုံပဲ" 


ကျိုးရန်: "ဒီည မထနိုင်​လောက်ပါဘူး​နော်"


ဟွမ်ချီမင် ပြုံးလိုက်သည်။ "ဖြစ်​​လောက်မယ်"


နှစ်​ယောက်သား ​ပြန်ထွက်သွားကြ​သောအခါ ထုံရွှယ်လူ တံခါးထပိတ်လိုက်သည်။ သူမ ပြန်လှည့်လာ​သောအခါ ဝမ်ရူ​ကွေ့ထံမှ အဖက်ခံလိုက်ရသည်။ 


ဝမ်ရူ​ကွေ့၏ မျက်လုံးများက အရည်လဲ့​နေပြီး အသံကလည်း ပုံမှန်ထက်ပို၍ အနည်းငယ် အက်ရှ​နေခဲ့သည်။ "​နောက်ဆုံး​​​​တော့ ကိုယ်မင်းနဲ့ လက်ထပ်နိုင်ခဲ့ပြီ"


ဒီနေ့​လေးကို သုံးနှစ်​လောက် ​စောင့်​နေခဲ့ရတာ...


အနီ​ရောင် ခြင်​ထောင်နှင့် အနီ​ရောင် အိပ်ယာလွှမ်းတို့က ထုံရွှယ်လူ၏ မျက်နှာကို ပိုပို၍ ရှက်​​သွေးဖြာလာ​စေခဲ့သည။ ​နွေဦးတွင် ပထမဆုံး ပွင့်လာသည့် ပန်းပွင့်ဖတ်​လေးအလား နူးညံ့ကာ နှစ်လိုဖွယ်​ကောင်း​နေခဲ့သည်။ 


ဝမ်ရူ​ကွေ့၏ လည်​စေ့က အကြိမ်အနည်းငယ် နိမ့်ချည်မြင့်ချည် ​ရွေ့လျားသွားခဲ့သည်။ သူ မ​နေနိုင်​တော့ဘဲ သူမ၏ နှုတ်ခမ်း​လေးကို ဆွဲယူကာ စုပ်ယူလိုက်သည်။ 


တစ်ခဏမျှ တွယ်ငြိ​နေကြပြီး​နောက် နှစ်​ယောက်သားက အနည်းငယ် ခွဲခွာလိုက်ကြသည်။


ထုံရွှယ်လူက သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ချိတ်တွဲကာ နှာ​ခေါင်းထိပ်​လေးကို သူမ၏ နှာ​ခေါင်းထိပ်​လေးဖြင့် ထိလိုက်သည်။ "အရင်က ကျွန်မကို ကတိ​ပေးထားတာ မှတ်မိ​သေးရဲ့လား"


ဝမ်ရူ​ကွေ့မှာ သူ့တစ်ကိုယ်လုံးမှ ​သွေးများအားလုံး ဆူပွက်လာသည်ကိုသာ ခံစားလိုက်ရပြီး အလွန်အမင်း ​ပူ​နွေးနေခဲ့​လေသည်။ "ဘာလဲ"


ထုံရွှယ်လူက နှစ်​ယောက်သားကြား အကွာအ​ဝေးကို အနည်းငယ် ဟလိုက်ပြီး​နောက် မျက်လုံးလဲ့လဲ့​လေးများကို တဖျတ်ဖျတ်ခတ်၍ ​ပြောလိုက်သည်။ 


"ရှင် ဒါရိုက်တာအဖြစ် ရာထူးတက်​တော့ ကျွန်မလိုချင်တာ မှန်သမျှ လုပ်ခိုင်းမယ်လို့ ကတိ​ပေးခဲ့​သေးတယ်မလား... ရှင် ကျွန်မရဲ့​​အောက်က​နေ ​တောင်းဆို​နေရမယ်ဆိုရင်​ရော... ထည့်တွက်ရဲ့လား"


ဝမ်ရူ​ကွေ့: "..."


သူ့မျက်နှာ၊ လည်ပင်းနှင့် နားရွက်ဖျားများက တဖန်ပြန်၍ နီရဲလာခဲ့ပြီး ထုံရွှယ်လူ၏ ကလူကျီဆယ်မှု​ကြောင့် ပိုပို၍ အနီ​ရောင်ရင့်လာခဲ့သည်။ 


ထုံရွှယ်လူမှာ သူ့ကို ကြည့်​နေရင်း အသံတစ်သံမှ မထွက်​တော့ဘဲ သူ့ရင်ဘတ်ကိုသာ လက်​ချောင်းထိပ်​လေးဖြင့် တို့လိုက်သည်။ "ဘာလို့လဲ... မလုပ်ချင်ဘူးလား"


ဝမ်ရူ​ကွေ့၏ နှလုံးသားက မိုးကြိုးကဲ့သို့ မြည်ဟီးလာခဲ့သည်။ သူက သူမ၏ လက်ညှိုး​​လေးကို ဆွဲယူလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ​ပြောလိုက်သည်။ "မဆိုးပါဘူး"


အပြင်ဘက်တွင် ရယ်​မောသံများ စကားသံများဖြင့် လျှံထွက်လာ​နေပြီး အခန်း​လေးထဲတွင် ဤကမ္ဘာ​ပေါ်၌ သူတို့နှစ်ဦးတည်းသာ ရှိ​နေသည့်အလား တိတ်ဆိတ်​နေခဲ့သည်။


အခန်း၏ ပြတင်း​ပေါက်ကို ပိတ်ထားပြီး မီးလည်း ဖွင့်မထားဘဲ အလင်း​ရောင်က ခပ်မှိန်မှိန် လင်းလက်​နေကာ အခန်းထဲရှိ ​လေထုကို မ​ရေမရာ ဖြစ်လာ​စေခဲ့သည်။


ထုံရွှယ်လူ သူ့လည်​စေ့ကို လှမ်းနမ်းလိုက်သည်။ "အို​​ကေ​လေ... ဒါဆို ဒီည ကျွန်မတို့..."


သူမထံမှ အသက်ရှုသံ ချိုမြမြ​လေး ထွက်​ပေါ်လာကာ နှလုံးခုန်သံက ပူ​​နွေးလွန်းလှသဖြင့် ထိန်းချုပ်ရန် ခက်ခဲလာ​နေသည်။


သူမကို ဆက်ပြီး သိမ်းပိုက်ရန် ပြင်​တော့မည့်အခိုက်မှာပင် အိမ်အပြင်ဘက်မှ ​ရှောင်းမျန်မျန်​လေး၏ အသံ ထွက်​ပေါ်လာခဲ့သည်၊ "မမ... ခဲအို... ဘိုးဘိုးက ထွက်လာဖို့ မှာလိုက်တယ်"


ဝမ်ရူ​ကွေ့: "..."


သူ ရုတ်တရက် အမှတ်ရသွားမိသည်မှာ သူနှင့် ထုံရွှယ်လူတို့ သူတို့၏ ဆက်ဆံရေးကို အတည်ပြုနိုင်ခဲ့သည့် အချိန်တွင် သူတို့ နမ်းကြ​တော့မည်အပြု ​ရှောင်းမျန်မျန်ထံမှ ​နှစ်ကြိမ်တိုင်တိုင် နှောက်ယှက်ခံရခဲ့သည်ကိုပင်။ 


ဒီ​နေ့ညလည်း ​အ​နှောက်အယှက် ဘုရင်မ​လေး ​​ရှောင်းမျန်မျန်ကို အ​ဝေးပို့ထားဖို့ လို​နေပြီ...


ဧည့်သည်များက ယခုထက်ထိ ထွက်မသွား​သေးသဖြင့် သူတို့သည်လည်း အခန်းထဲတွင် တစ်ချိန်လုံး ပုန်း​နေ၍မရ​ပေ။ 


ဝမ်ရူ​ကွေ့က "မူး​နေပြီး" မိသားစုညစာစားပွဲကို တက်ရန်အတွက် ည​နေသည့်တိုင် မထလာနိုင်ခဲ့​ပေ။


ည​​နေပိုင်းတွင် ဝမ်ရူ​ကွေ့တစ်​ယောက် ဝိုင်များ ထပ်ပြီး အဖြည့်ခံလိုက်ရပြန်သည်။ အဘိုးဝမ်က တမင်သက်သက် သူ့ကို ​အ​​လျှော့​ပေးထား​သော်ငြား ဗိုလ်မှူး​ရှောင်းကမူ သူ့ကို အလွယ်တကူ လွှတ်မ​ပေးနိုင်သဖြင့် ဝိုင်ဖြူတစ်ခွက် ထပ်ဖြည့်လိုက်ပြန်သည်။ 


ဝမ်ရူ​ကွေ့၏ အရက်​သောက်နိုင်စွမ်းက ဤနှစ်နှစ်အတွင်း မြင့်တက်လာခဲ့​သော်ငြား စကားအရသာ ဖြစ်သည်။ ထိုဝိုင်တစ်ခွက်​သောက်ပြီး​နောက် သူ့မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။


အဆုံးတွင် မစ္စတာဝမ်တစ်​ယောက် ဗိုလ်မှုး​ရှောင်းအား မည်သို့ ​ဖြောင်းဖျနိုင်ခဲ့သည်ကို မသိရ​သော်ငြား အဆုံးတွင် ဝမ်ရူ​ကွေ့အား လွှတ်​ပေးရန် သ​ဘောတူ​ပေးခဲ့သည်။ 


ညကျ​ရောက်လာ​လေပြီ။


ဝမ်ရူ​ကွေ့က အဘိုးဖြစ်သူအား အနားယူရန် လိုက်ပို့လိုပါ​သော်လည်း မစ္စတာဝမ်ထံမှ တွန်းထုတ်ခံလိုက်ရသည်။ "ဒီ​နေ့က ဘာ​နေ့မို့လို့လဲ... ငါ့ကို လိုက်ပို့ပြီး ဘာလုပ်မှာလဲ... မြန်မြန် ပြန်​သွားတော့"


​မင်္ဂလာဦးညက ​ငွေတစ်​ထောင်ထက်မက တန်ဖိုးရှိ​တယ်... ဒီလိုအချိန်မျိုးမှာ သားသမီးဝတ်​ကျေပွန်​နေလို့ ဘာလုပ်မှာလဲ...


ဝမ်ရူ​ကွေ့တစ်​ယောက် အဘိုးဖြစ်သူ၏ အကြည့်များနှင့် ဆုံ​တွေ့လိုက်ရချိန်တွင် နားရွက်ဖျားများ နီရဲလာ​လေသည်။ "ဒါဆို ​ကောင်း​ကောင်း အနားယူပါ အဘိုး... ကျွန်​တော် ပြန်သွား​တော့မယ်"


မစ္စတာဝမ် လက်ယမ်းပြလိုက်သည်၊ "မြန်မြန်သွား... ငါ့ကို ​​​စောင့်​​ရှောက်​ပေးဖို့ ​ရှောင်ဇုန်း ရှိတယ်... ပူမ​နေနဲ့"


ယ​နေ့ညက ​နေ့ကောင်း​ရက်သာ ဖြစ်သည့်အတွက် မစ္စတာဝမ်တစ်​ယောက် ဝိုင်နှစ်ခွက်မျှ ပို​သောက်ထားပြီး ညအချိန်တွင် အနည်းငယ် မသက်မသာ ဖြစ်လာသည့်အတွက် ဝမ်ရူ​ကွေ့ စိုးရိမ်​နေရခြင်း ဖြစ်သည်။ 


တစ်ဖက်မှ ဦး​လေးဇုန်း ​ပြောလိုက်သည်။ "မပူနဲ့... ဦး​လေး ဒီည ဒီအခန်းထဲမှ အိပ်ပြီး ဗိုလ်မှူးကို ကြည့်​ပေးလိုက်မယ်" 


ဝမ်ရူ​ကွေ့ ထိုစကားကို ကြား​​သောအခါ လှည့်ထွက်သွား​လေသည်။


မင်္ဂလာဦးအခန်းထဲသို့ ပြန်​ရောက်​သောအခါ ထုံရွှယ်လူက ​ရေးချိုးထားပြီးသား ဖြစ်ကာ ယခုတွင် ညအိပ်ဝတ် ဝတ်စုံများ လဲလီယ်၍ ကုတင်​ပေါ်တွင် လဲ​လျောင်း​နေခဲ့​လေပြီ။


လက်ထပ်ပွဲများက အလွန် ပင်ပန်းလှ​ပေသည်။ သူမတစ်ကိုယ်လုံး ပြုတ်ထွက်သွား​တော့မတတ် နာကျင်​နေရသည်။ 


ဝမ်ရူ​ကွေ့ အခန်းထဲသို့ ဝင်လာလာချင်းမှာပင် သူမ၏ ဖြူ​ဖွေး​ နူးညံ့နေ​သော အသားအရည်အ​ပေါ် အကြည့်​ရောက်သွားသည်။ သူမ၏ ​​ခြေ​ထောက်​လေးက ​ကျောက်စိမ်းကဲ့သို့ ဖြူ​ဖွေးကြည်လင်ကာ ​သေးသွယ်​နေပြီး သူမကို ​တွေ့လိုက်ရချိန် ရင်တစ်ခုလုံး ကဆုန်စိုင်း ခုန်​ပေါက်လာခဲ့သည်။ 


ဝမ်ရူ​ကွေ့မှာ သူ့ကိုယ်သူ လူလိမ်လူ​ကောက်ဟု ခံစား​​နေရသည်။ 


ယခု​လေးတင်ပင် သူ့ကိုယ်သူ မထိန်းနိုင်လုနီးပါး ဖြစ်သွားရသည်။ သူမ၏ ​ခြေ​ထောက်​လေးကို ​တွေ့ရရုံသာ ရှိ​သေး​​သော်လည်း ထိန်းမထားနိုင်​တော့​ပေ။


လူယုတ်မာတစ်​ယောက်လိုပဲ... ရှက်စရာ​ကောင်းလိုက်တာ...


တံခါးတွန်းသံကို ကြား​သောအခါ ထုံရွှယ်လူ လှည့်လာပြီး​ ​ခေါင်း​လေးကို ငဲ့ကြည့်လာသည်။ "ပြန်လာပြီလား... ဘိုးဘိုးက​ရော" 


သူမ၏ ​အင်္ကျီလည်ပင်းက အ​တော်​လေး ကျယ်​နေသဖြင့် ဖြူ​ဖွေး​နေ​သော အသားအရည်နှင့် ညှပ်ရိုး​လေးကို ​ပေါ်လွင်သွား​စေပြီး သူမကို ညှို့ဓါတ်အပြည့် ဖြစ်သွား​စေသည်။ 


ဝမ်ရူ​ကွေ့၏ လည်​ချောင်း ​ရွေ့လျားသွားသည်။ "ဦး​လေးဇုန်း အဘိုးကို ​စောင့်​ရှောက်​ပေးမယ်တဲ့... ကိုယ့်ကို ပြန်သွားခိုင်းလိုက်တယ်"


ထုံရွှယ်လူ၏ နှုတ်ခမ်း​လေးများ ​​ကွေးတက်လာခဲ့​လေသည်။ "ဘိုးဘိုးက ​မင်္ဂလာဦးညဆိုတာ ​ငွေ​တွေ အများကြီးထက် ပိုတန်ဖိုးရှိတယ်လို့ ​ပြောခဲ့တာမလား... ဒါ​ကြောင့် မြန်မြန် ပြန်လာခဲ့တာ​ပေါ့​လေ"


ဝမ်ရူ​ကွေ့: "...အင်း"


"ဒါဆို မြန်မြန် ​ရေသွားချိုး​တော့​လေ"


ဝမ်ရူ​ကွေ့မှာ သဘာဝ၏ သံစဥ်​လေးကို ကြားလိုက်ရသည့်အလား ​ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "အို​ကေ"


ထို့​နောက် ညဝတ်အင်္ကျီ​များ ကောက်ယူကာ ​ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။


သူက ပုံမှန်တွင် အလွန်တည်ငြိမ်​နေ​လေ့ရှိသည်။ ၎င်းက ပထမဆုံးအကြိမ်အဖြစ် ထုံရွှယ်လူတစ်​ယောက် ဝမ်ရူ​ကွေ့ အလွန် "စိတ်လှုပ်ရှား" ​နေသည်ကို ​တွေ့မြင်​နေရခြင်းဖြစ်သည်။ သူထွက်​သောအခါ သူမ မ​နေနိုင်ဘဲ ရယ်မိသွား​လေသည်။


ဝမ်ရူ​ကွေ့မှာ တစ်ခါမှ ​ရေမြန်မြန် ​ရေမချိုးခဲ့ဖူးသော်ငြား ယခုတွင် သုံးမိနစ်ပင် မကြာဘဲ ပြန်​​ရောက်လာခဲ့သည်။


အိပ်ခန်းမီး​ရောင်ကို ခပ်မှိန်မှိန် မီးအိမ်​​လေးနှင့် ​ပြောင်းလဲလိုက်ပြီး​နောက် အခန်းထဲတွင် ​နွေး​ထွေး​သော လိ​မ္မော်​ရောင် အလင်း​မှိန်မှိန်လေးများ ယှက်ဖြာလာကာ ​လေထုကလည်း ရုတ်တရက်ဆိုသလို ပူ​နွေးလာခဲ့သည်။ 


နှစ်​ယောက်သား၏ မျက်လုံးများ ဆုံ​တွေ့သွား​သောအခါ အပူချိန်များ ခပ်မြန်မြန် မြင့်တက်လာခဲ့ပြီး ​လေထုထဲတွင် မ​ရေမရာအ​ငွေ့အသက်များ ပြည့်နှက်သွား​လေသည်။


ထိုအခိုက် ပြတင်း​ပေါက်အပြင်ဘက်မှ ​အော်သံတစ်သံ ထွက်လာခဲ့သည်။ 


"ရူ​ကွေ့က အရမ်း ခိုး​ကြောင်ခိုးဝှက်နိုင်လွန်း​နေပြီမလား... ​ခွေးနှစ်​ကောင်ကို​တောင် ​စောင့်ခိုင်းထား​သေးတယ် .. ငါတို့ကို ​ထောင့်က​နေ ​ချောင်းနား​ထောင်ဖို့​တောင် ခွင့်မပြုတာ ရှင်း​နေတာပဲ"


"ဝုတ်..."


သားအမိနှစ်​ယောက် ဖြစ်ကြသည့် လမုန့်​လေးနှင့် ပဲပင်​ပေါက်​လေးတို့မှာ တာဝန်​ကျေပွန်စွာ ​စောင့်​ပေး​နေကြပြီး မာန်ဖီ​နေကြသဖြင့် ​ထောင့်​တွင် ကပ်၍ နား​​ထောင်လိုကြသူများမှာ ဆက်မတိုးရဲကြ​တော့​ပေ။


"သွားကြ​စို့... ဘာပဲဖြစ်ဖြစ် ကြားမှာမှ မဟုတ်တာ... ငါ​တော့ ပြန်သွားပြီး အိပ်​တော့မယ်"


"တွန့်တိုလိုက်​တဲ့​ကောင်"


အပြင်ဘက်မှ အသံများ တဖြည်းဖြည်း ငြိမ်ကျသွား​သောအခါ ဝမ်ရူ​ကွေ့ သူမကို စိုက်ကြည့်ကာ ​​မေးလိုက်သည်။ "ရမလား"


ထုံရွှယ်လူက သူ့လည်ပင်းကို ယှက်သိုင်းကာ နှုတ်ခမ်း​လေးကို ကိုက်လိုက်သည်။ "ဘယ်လိုထင်လဲ"


ဝမ်ရူ​ကွေ့က ယ​နေ့ညတွင် ဝိုင်​သောက်ထားပြီး ထိုအခိုက်တွင် ဝိုင်က အ​တော်​လေး ပြင်း​နေဆဲ ဖြစ်သည်။ သူမ၏ နှုတ်ခမ်းနီ​ထွေး​ထွေး​လေးများ သူ့အ​ပေါ် ဖိကပ်လာသည်နှင့် ချက်ချင်းဆိုသလို ဝမ်အရိုင်းဆန်ရူ​ကွေ့အဖြစ် ​ပြောင်းလဲသွား​လေသည်။


သူ့နှုတ်ခမ်း​နွေး​နွေး​လေးများက သူမကို စုပ်ယူလာခဲ့ပြီး ညင်သာ၍ ပိုင်ဆိုင်လိုမှု ပြင်းထန်​နေသည်။


နှစ်​ယောက်သား၏ အသက်ရှူသံများက တဖြည်းဖြည်း ​​လေးလံလာပြီး လက်ဖဝါး​နွေး​နွေး​လေးများ ကျဆင်းလာခဲ့သည်။ 


သူတို့၏ အသက်ရှူသံများက သူမ၏ နားရွက်များအ​ပေါ် ပက်ဖျန်းလာခဲ့ပြီး ထုံရွှယ်လူမှာ မ​နေနိုင်ဘဲ တုန်ယင်သွားခဲ့​လေသည်။


သူမ၏ နားရွက်များက ထိုမျှ​လောက်ထိ ထိလွယ်ရှလွယ် ဖြစ်​နေမည်ဟု ထင်မထားခဲ့​​ပေ။ 


ထုံထိုင်း​နေလွန်းလို့ ပြန်​​ဖြေချင်တာ​တောင် မရ​တော့ဘူး...


ထုံရွှယ်လူသည်လည်း အနည်းငယ် မူး​ဝေ​နေသည်ဟု ခံစား​နေရသည်။


နှုတ်ခမ်း​နွေး​နွေးများက သူမ၏ နှုတ်ခမ်းများ၊ နားရွက်များ အ​ပေါ် ကျဆင်းလာ​နေပြီး​နောက် လည်ပင်းထက်သို့ ​ရောက်ရှိလာခဲ့သည်။


အဆုံးတွင် သူမ၏ ညှပ်ရိုး​လေးကို ခပ်ဖွဖွ ကိုက်လိုက်သည်။ 


​နွေရာသီအကုန် ​ဆောင်းဦးရာသီ အ​စောပိုင်းသို့ ​ရောက်လာပြီဖြစ်၍ ညအချိန်တွင် အပူချိန်က အနည်းငယ် ကျဆင်းလာ​သော်ငြား လက်ရှိတွင် ခန္ဓါကိုယ်အပူချိန်က အချိန်မ​ရွေး ​လောင်ကျွမ်း ​ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့သည်။


လက်ဖဝါးများသည်လည်း ပူတက်လာပုံရပြီး သူထိသွားသည့်​နေရာတိုင်း ​ထုံရွှယ်လူတစ်ကိုယ်လုံး လောင်ကျွမ်းလာခဲ့သည်။ 


သူမ၏ ခန္ဓါကိုယ် အပူချိန်သည်လည်း မြင့်တက်လာကာ တုန်ယင်လာခဲ့​လေသည်။


သူမက သူ့လည်ပင်းကို တွဲခိုလိုက်ပြီး နှစ်​ယောက်သားက တပ်မက်မှုအပြည့်ဖြင့် အချင်းချင်း နမ်းရှိုက်လိုက်ကြသည်။


လိ​မ္မော်​​ရောင် အလင်း​ဖျော့​ဖျော့က သူမ၏ မျက်နှာထက်တွင် ကျဆင်းလာခဲ့ပြီး အလင်းနှင့်အ​မှောင်ထုက အလွန်အမင်း မသဲမကွဲ ဖြစ်လာခဲ့သည်။


ရှည်လျား​ထူထဲသည့် အနက်​ရောင်မျက်​တောင်ရှည်များက မျက်​ခွံ​အောက်တွင် အရိပ်ထင်လာပြီး ရုပ်လုံးကြွ​နေ​သော မျက်နှာအစိတ်အပိုင်းများနှင့် ​ရွေ့လျား​နေ​သော လည်စလုတ်၊ ထို့အပြင် ညှပ်ရိုး​လေးများက လူ​အများကို ညှို့ယူ​နေသည့်အလား အလွန်အမင်း ဆွဲ​ဆောင်မှု ရှိ​နေပုံ​ပေါ်သည်။ 


ထုံရွှယ်လူ ​ခေါင်း​မော့ကာ ညှပ်ရိုး​လေးများကို ကိုက်လိုက်သည်။


ဝမ်ရူ​ကွေ့က သက်ပြင်းသဲ့သဲ့ ရှိက်လိုက်ပြီး သူမကို ဖက်ထားသည့် ခွန်အားများကို ရုတ်တရက် တိုးမြှင့်လိုက်သည်။


အလင်း​ရောင်​အောက်တွင် နှစ်​ယောက်သား အကြည့်ချင်း ဆုံသွားကြသည်။


သူ့မျက်လုံး​လေးများမှာ ကြယ်ပွင့်​​လေးများလိုပင် ​အောက်​ခြေကို မမြင်နိုင်​​​တော့သည့်အလား နက်ရှိုင်းလာ​နေသည်။ ထိုအခိုက် ပြင်းထန်​သော ခံစားချက်တစ်ခု စွဲထင်လာပြီး နှုတ်ခမ်းများကို တင်းတင်း​စေ့ထားပုံက အ​​ပျော်အပါးများကို ​ရှောင်ရှား​နေသည့် ဝိ​ရောဓိများ အပြည့် ဖြစ်သွား​စေသည်။


သို့​သော်ငြား ထိုဝိ​ရောဓိအာရုံကပင် သူ့အား ပို၍ အနိုင့်ကျင့်ချင်စိတ်များ ဝင်လာ​ရ​စေသည်။ 


ထုံရွှယ်လူက သူ၏ လည်​စေ့​လေးကို အနမ်း​ပေးလိုက်ပြီး ရိသဲ့သဲ့ ပြုံးလိုက်သည်။ "ဒါရိုက်တာဝမ်"


ထိုအပြုံးက လူအများအား ဖမ်းစားနိုင်သည့် ​မြေ​ခွေးမ​လေးတစ်​ယောက်နှင့် တူသွား​စေသည်။


ဒီအပြုံး​လေးနဲ့ လူကို ရူးသွပ်​​အောင် လုပ်​နေတာပဲ...


မင်္ဂလာဦးညရဲ့ မင်္ဂလာဦးအခန်းထဲမှာ လက်ဦးမှုမယူနိုင်တဲ့ ​ယောကျ်ားတစ်​ယောက်ကို ​ယောကျ်ားတစ်​ယောက်အဖြစ် ​သတ်မှတ်နိုင်ပါဦးမလား...


ဝမ်ရူ​ကွေ့၏ မျက်လုံးများ မဲ​မှောင်သွားပြီး သူမ၏ နှုတ်ခမ်း​လေးကို ထပ်နမ်းလိုက်သည်။


"ရွှယ်လူ မင်းကကိုယ့်အပိုင်"


သူ့အသံက အလွန်အမင်း အက်ကွဲ​နေပြီး ထိုမသဲမကွဲညလိုပင် အလုံးစုံ ​​​​တောက်​လောင်​နေခဲ့သည်။ 


သူပိုပြီး လိုချင်တယ်...


သူ့လှုပ်ရှားမှုများက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိကာ ညင်သာ​နေ​သော်ငြား တစ်ချိန်တည်းမှာပင် အလွန်အမင်း စိတ်ရှည်​ပေး​နေခဲ့သည်။


သူက ထိန်းထိန်းသိမ်းသိမ်း လုပ်​နေသည့်တိုင် သူမ၏ ခံစားချက်များကို ဦးစား​ပေး​နေဆဲ ဖြစ်သည်။


ထုံရွှယ်လူမှာ အရိုင်းဆန်မှုသို့ ​ပြောင်းလဲသွားသည့် ထိုညင်သာ​သော အ​တွေ့အကြုံကို ထိုမျှ​လောက်ထိ ​ကြောက်မက်ဖွယ်​ကောင်း​နေမည်ဟု တစ်ခါမှ ထင်မထားခဲ့​ပေ။ 


နှစ်ဆယ့်ရှစ်နှစ်တာ ​စောင့်ထိန်းလာမှုက တစ်ကြိမ်တည်းနှင့် ​လျော်​ကြေးရခဲ့သလိုပါပင်။


လူးလှိမ့်မှုပြီး​နောက် သူမ၏ အသံသည်ပင် ထုံထိုင်းလာခဲ့သည်။ 


တစ်ကိုယ်လုံးတွင် အင်အားတစ်စက်မှပင် မကျန်​တော့​ပေ။ 


ထိုညတွင်...


နစ်​မျောပြီးရင်း နစ်​မျောခဲ့ရ​လေသည်။