🍵Chapter 315
ထုံရွှယ်လူမှာ မနေ့ညက တစ်ညလုံး လူးလှိမ့်ခဲ့ရသဖြင့် ဝမ်ရူကွေ့ သူမအား ကူညီသန့်ရှင်းပေးခဲ့သည်ကိုသာ မှတ်မိခဲ့ပြီး နောက်ပိုင်းအဖြစ်အပျက်များကို သတိမရတော့ပေ။
မနေ့ညက သူမ အလွန်ပင်ပန်းခဲ့ရပြီး အချိန်အတော်ကြာ အိပ်စက်မိသွားပုံပေါ်သည်။ မည်သည့်နေရာ၌ ရောက်ရှိနေသည်ကိုပင် မသိတော့ပေ။
မျက်လုံးဝိုင်းဝိုင်းလေးများကို တဖျတ်ဖျတ်ခတ်ကာ အခန်းအပြင်အဆင်ကို ကြည့်လိုက်သော်ငြား သူမ လက်ထပ်ပြီးသွားသည့်အကြောင်းကို လုံးလုံး အမှတ်မရနိုင်သေးပေ။
ထိုအခိုက် အခန်းတံခါးကို အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရပြီး ဝမ်ရူကွေ့က ခြေတံရှည်များဖြင့် လှမ်းဝင်လာခဲ့သည်။
ထိုမှသာ သူမ လက်ထပ်ပြီးသွားပြီ ဖြစ်ကြောင်း သတိရသွားလေသည်။
မနေ့ညက အလုပ်ကြိုးစားခဲ့ရသူမှာ သူဖြစ်သော်လည်း ပင်ပန်းနေရသူက သူမဖြစ်နေသည်မှာ အမှန်ပင် မမျှတပေ။
ဝမ်ရူကွေ့ ဝင်လာပြီး သူမ၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရသောအခါ နားရွက်ဖျားလေးများက ချက်ချင်းရဲတွက်လာခဲ့သည်။ "နိုးပြီလား... အဘိုးက မင်းအကြာကြီး အိပ်နေရင် နေမကောင်း ဖြစ်မှာစိုးလို့ ကိုယ့်ကို လာနှိုးခိုင်းလိုက်တာ"
ထုံရွှယ်လူက သူ့နားရွက်နီနီလေးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပျင်းတိပျင်းရွဲ ပြောလိုက်သည်။ "ဘယ်အချိန် ရှိနေပြီလဲ"
ဓလေ့ထုံးစံအရ တံခါးကို ဖြတ်ကာ လက်ထပ်ဝင်ရောက်လာသည့် ဇနီးအသစ်လေးက ပထမဆုံးနေ့တွင် စောစောထ၍ ခင်ပွန်းဖြစ်သူ၏ မိသားစုအတွက် ချက်ပြုတ်ပေးရမည် ဖြစ်သည်။ သို့သော်ငြား သူမ လက်မထပ်ခင်မှာပင် မစ္စတာဝမ်က သူမကို ဓလေ့ထုံးတမ်းများအား ဂရုမထားရန်နှင့် သူမ အိပ်ချင်နေလျှင် မည်သည့်အချိန်ထိ ဖြစ်ဖြစ် အိပ်နိုင်ကြောင်း ပြောထားသည်။
ဝမ်ရူကွေ့က တံခါး ပြန်ပိတ်ကာ မနေ့ညက ရူးသွပ်မှုများကို ပြန်တွေးကြည့်မိလိုက်ပြီးနောက် မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။ "တောင်းပန်ပါတယ်... မနေ့ညက ကိုယ်မထိန်းချုပ်နိုင်ခဲ့ဘူး... နာနေသေးလား"
ထုံရွှယ်လူက သူ့ကို မက်မွန်စေ့သဏ္ဍာန် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "နာနေသေးတယ်လို့ ပြောလိုက်ရင် နောက်ကျရင် ကိုယ့်ကိုယ်ကိုယ်ထိန်းထားပြီး ဘုန်းကြီးလို နေသွားတော့မလို့လား"
အမှန်မှာ ထိုသူက မနေ့ညတွင် ထိန်းထိန်းသိမ်းသိမ်းသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး သူမ၏ ခံစားချက်များကိုလည်း ထည့်သွင်းစဥ်းစားပေးသည့်အပြင် ကောင်းကောင်း အနားယူခဲ့ရသည့်အတွက်ကြောင့် လက်ရှိတွင် မည်သည့် မသက်မသာ ခံစားချက်များကိုမှ မခံစားရပေ။
ဝမ်ရူကွေ့: "..."
ကျင့်ဝတ်တွေ ဖောက်ဖျက်ပြီးသွားတဲ့ ဘုန်းကြီးတစ်ယောက်က အရင်လို ထိန်းသိမ်းနိုင်ပါဦးမလား...
မဖြစ်နိုင်တာ အသိသာကြီးပဲ...
ဝမ်ရူကွေ့က ကုတင်အစွန်းတွင် ဝင်ထိုင်လိုက်ပြီး မျက်နှာတစ်ခုလုံး ရဲတွတ်နေလေသည်။ "အခုကစပြီး ကိုယ် ညင်သာပါ့မယ်"
ပြီးရင်တော့...
သူပြောချင်တာကတော့ ကိုယ်ဘုန်းကြီး မဖြစ်ချင်ဘူး... ကိုယ် အသားစားချင်တယ်...
ထုံရွှယ်လူက "ကျွတ်" ဟုဆိုကာ ထထိုင်လိုက်သဖြင့် သူမ၏ လှုပ်ရှားမှုများကြောင့် ဖုံးလွှမ်းထားသည့် စောင်မှာ လျှောကျသွားလေသည်။ လက်ပြတ်အင်္ကျီ ဝတ်ထားသည့် နေရာမှလွဲ၍ အခြားသော နေရာများမှာ အနီမှတ်များ ပွထနေလေသည်။
သူမက လက်မောင်းထက်မှ အနီကွက်ကို လက်ညှိုးထိုးပြလိုက်ပြီးနောက် ပြောလိုက်သည်။ "ကျွန်မရဲ့ ကျန်တဲ့ တစ်ဘဝလုံးကို စောင့်ရှောက်ပေးမယ်လို့ မပြောခဲ့ဘူးလား... ရှင်တွေ့လား ဒါတွေလုပ်ထားတာတောင် ဘုန်းကြီး မလုပ်ချင်ဘူးလို့ ငြင်းနေသေးတယ်... ယောကျ်ားတစ်ယောက်က ယုံကြည်ရရင် သစ်ပင်ပေါ်အထိ နှင်းတွေ မြင့်တက်လာနိုင်တယ်... ဒါကို ကျော်ပြီး ကြည့်လို့ရတယ်"
ဝမ်ရူကွေ့: "..."
သူက သူမ၏ ဖြူဝင်းနေသည့် လက်မောင်းသွယ်သွယ်လေး ပေါ်ရှိ အနီရောင်အမှတ်များကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားသည်။ "တောင်းပန်ပါတယ်... ကိုယ်အရမ်းကြမ်းမိသွားမယ်လို့ မထင်ထားခဲ့ဘူး... နောက်တစ်ကြိမ်ကျရင် ကိုယ်မင်းကို... မင်းလုပ်ချင်သမျှ လုပ်ခွင့်ပြုမယ်"
နောက်တစ်ကြိမ်ကျ လုပ်ချင်တာ လုပ်ခွင့်ပေးမယ်...
အသား မစားရမှာထက် မင်းအောက်မှာ အဖိခံထားရတာကမှ ပိုကောင်းသေးတယ်လို့ ပြောချင်တာပေါ့လေ...
ဒီယောကျ်ားကတော့... ကျွတ်ကျွတ်...
အခန်း၏ ခန်းဆီးလိုက်ကာများကို မဖွင့်သေးသဖြင့် အလင်းရောင်ဖျော့ဖျော့လေးသာ ကျရောက်နေသည်။
ထုံရွှယ်လူ လက်ကို မြှောက်ကာ သူ့လည်ပင်းကို ခိုတွဲလိုက်ပြီးနောက် တီးတိုးရယ်မောလိုက်သည်။ "ဒါရိုက်တာဝမ် ရှင်အရမ်း မှားသွားပြီနော်... ကျွန်မကတော့ စိတ်ထဲမှာ မကောင်းတာတွေ လုပ်ဖို့ တွေးမိနေပြီ"
သူမ၏ မျက်ခုံးတန်းလေးများက ဆွဲဆောင်မှုရှိနေပြီး နှုတ်ခမ်းနီထွေးထွေးလေးများက ကော့တက်နေကာ မှိုင်းဝေနေသာ မက်မွန့်စေ့မျက်လုံးလေးများက သူ့ကို ဆွဲဆောင်နေသည့်လားပါပင်။
ဧကရာဇ်မင်းကြီးအား မနက်ပိုင်း ညီလာခံမတက်နိုင်ရန် ဟန့်တားနေသည့် နှစ်လိုဖွယ်ကောင်းသော ကိုယ်လုပ်တော်လေးအတိုင်းပါပင်။
သူမက အပေါ်ပိုင်းတွင် လက်ပြတ်အင်္ကျီကိုသာ ဝတ်ထားသဖြင့် နှစ်ယောက်သား ထိုသို့ ပူးကပ်နေကြသည့်အခါ အရေပြားချင်း ပွတ်တိုက်မိသွားပြီး သူမမှာ လျှပ်စစ်စီးကြောင်းများကြောင့် ဓါတ်လိုက်သွားသည့်အလား တစ်ကိုယ်လုံး အေးခဲသွားလေသည်။
"ကိုယ် မင်းတစ်ယောက်ကိုပဲ ဒီလိုဆက်ဆံမှာ"
သူက အခြားမိန်းကလေးများ၏ ပုံပန်းသွင်ပြင်ကိုပင် မမှတ်မိလေရာ ထိုသူတို့နှင့် ပျော်ပါးကစားရန်မှာ သာ၍ ဝေးပေတော့မည်။
အသက်ရှူသံနွေးနွေးလေးက သူမ၏ လည်တိုင်အပေါ် ရိုက်ခတ်လာသဖြင့် ထုံရွှယ်လူ၏ ကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်။ "ဒါဆို ရှင့်စကား ရှင်မှတ်ထား... သူများတွေနဲ့ ဖောက်ပြန်ရဲလို့ကတော့ ရှင့်ကို ပစ်ထားခဲ့မှာ"
နောက်ပိုင်းစကားများကို ပြောပြီးသွားသောအခါ သူမ၏ နှုတ်ခမ်းကို ဝမ်ရူကွေ့က ကိုက်ခဲလာခဲ့သည်။ "မကောင်းတဲ့စကားတွေ မပြောရဘူး"
ဒီလိုအခြေအနေမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး... သူတို့က အိုမင်းတဲ့အထိ အတူရှိသွားကြမှာ...
ဝမ်ရူကွေ့၏ အသံက နိမ့်ဆင်းအက်ရှလာပြီး မျက်ခုံးနှင့် မျက်လုံးများက ပြတ်သားနေကာ သူ့မျက်လုံးများထဲတွင် သူမ၏ အရိပ်တစ်ခုတည်းသာ ရှိနေလေတော့သည်။
ထုံရွှယ်လူ သူ့အနမ်းများကို တုန့်ပြန်လိုက်သည်။
သူ့လျှာက သူမ၏ သွားများအကြား ထိုးခွဲဝင်ရောက်လာခဲ့ပြီး သူမခေါင်းစောင်းသွားသည့်နေရာအတိုင်း လိုက်သွားသည်။
တစ်ခဏမျှ ပူးကပ်နေကြပြီးနောက် နှစ်ယောက်သား အသက်လုရှူလိုက်ရသည်။
ထုံရွှယ်လူက အပြင်းအထန် ထိုးနှက်လိုက်သည်။ "ကျွန်မ အခုထိ သွားမတိုက်ရသေးဘူး"
ဝမ်ရူကွေ့က သူမကို ထပ်နမ်းလိုက်ပြီး သူ စိတ်ထဲမထားသည့်အကြောင်း လက်တွေ့ပြလိုက်လေသည်။
နှစ်ယောက်သားက အပြင်သို့ ထွက်မလာခင်အထိ တစ်ခဏမျှ ပူးကပ်နေခဲ့ကြသေးသည်။ ဦးလေးဇုန်းက နေ့လည်စာ ချက်ထားပြီးသားဖြစ်၍ ထုံရွှယ်လူ ဝင်ချက်စရာ မလိုတော့ပေ။
အဘိုးဝမ်နှင့် ဦးလေးဇုန်းတို့က အချိန်အတော်ကြာမှ သူတို့ထွက်လာကြသည်ကို မြင်သောအခါ မျက်လုံးများထက် အပြုံးများ ဖြတ်ပြေးသွားသော်လည်း ထုံရွှယ်လူ လျှောက်လာနေသည်ကို မြင်သောအခါ သူမရှက်သွားမည်ကို စိုးရိမ်နေသဖြင့် ချက်ချင်းဆိုသလို အမူအယာများ ထိန်းချုပ်လိုက်ကြသည်။
အမှန်မှာ ထုံရွှယ်လူ၏ မျက်နှာက မြို့တံတိုင်းထက်ပင် အရေထူသေးသည်။ သူမက ရှက်ရွံ့နေခြင်းမျိုး လုံးဝမရှိပေ။ သို့သော်လည်း လူကြီးနှစ်ယောက်၏ ကြင်နာမှုကြောင့် ရင်ထဲ နွေးထွေးသွားလေသည်။
"အဘိုးဝမ်..."
သူမ ခေါ်လိုက်စဥ်မှာပင် အဘိုးဝမ်က မကျေမနပ် ပြောလာခဲ့သည်။ "ရွှယ်လူ ဘာလို့အဘိုးဝမ်လို့ ခေါ်နေရသေးတာလဲ... အခု အဘိုးလို့ ခေါ်သင့်နေပြီ"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြကာ သူ့ကို မျက်နှာသာပေးလိုက်သည်။ "အဘိုးပြောတာ မှန်တယ်... အပြစ်ပေးတဲ့အနေနဲ့ မနက်ဖြန် အဘိုးအတွက် အရသာရှိတဲ့ သရေစာလေးတွေ လုပ်ပေးမယ်နော်"
အဘိုးဝမ်မှာ မူလကတည်းက ပြုံးနေပြီးသား ဖြစ်ကာ သူမနှုတ်မှ အဘိုးဟု ခေါ်သံကို ကြားလိုက်ရပြီး သူ့အတွက်လည်း အရသာရှိသောမုန့်များ လုပ်ပေးမည်ဟု ဆိုလာသောအခါ ထို့ထက်ပို၍ စိတ်ကျေနပ်ဖွယ်ရာ မရှိတော့ပေ။ "ကောင်းပြီလေ... ဒါပေမယ့် နောက်ရက်တွေမှ လုပ်ပေးနော်... ဒီရက်ထဲ ကောင်းကောင်း အနားယူလိုက်ဦး... ခုနက သမီး အဘိုးကို ဘာပြောမလို့လဲ"
ထုံရွှယ်လူ: "ခွေးနဲ့ကြောင်လေးတွေ ပိုမွေးချင်လို့... အဘိုးကို အနှောက်အယှက် မဖြစ်လောက်ပါဘူးနော်..."
မိသားစုနှစ်ခုတွင် လမုန့်လေးသာ ရှိနေသဖြင့် မလုံလောက်သေးပေ။ ကျူးကျူးသာ ထိုရက်က ပဲပင်ပေါက်လေးနှင့် ရောက်မလာခဲ့လျှင် ချန်ရှို့ယွင်အား တားနိုင်ခဲ့မည် မဟုတ်ပေ။
ထို့အပြင် အဘိုးဝမ်နှင့် ဦးလေးဇုန်းတို့က ပိုပို၍ အသက်ကြီးလာကြလေပြီ။ နောက်ထပ် တိရစ္ဆာန်နှစ်ကောင်မျှ ထပ်ပြီး မွေးမြူလိုက်ခြင်းက သူတို့အား အပျင်းပြေစေနိုင်သည်။ ဒုတိယအနေဖြင့် တစ်ခုခု ဖြစ်ခဲ့လျှင် တရိစ္ဆာန်လေးများက သူတို့၏ ပိုင်ရှင်အား ကာကွယ်ပေးနိုင်သည်။
အဘိုးဝမ်က သူမတစ်ခုခု ပြောချင်နေသည်ဟု တွေးလိုက်မိသည်။ "သမီးမွေးချင်တာ မွေးလို့ရတယ်... အဘိုးကို မေးမနေနဲ့... နောက်ပိုင်းအချိန်မရလို့ သူ့ကို မစောင့်ရှောက်နိုင်ရင် ရှောင်ဇုန်းကို ကူပြီး ထိန်းခိုင်းလိုက်"
ဦးလေးဇုန်း: "..."
ဗိုလ်မှူးရေ မြေးချွေးမဆီက မျက်နှာသာရဖို့ ကျွန်တော့်ကို အသုံးချနေပြန်ပြီလား...
ထုံရွှယ်လူက ဦးလေးဇုန်း ဖြစ်သွားပုံကို ကြည့်ကာ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကော့တက်လာခဲ့သည်။ "ကျွန်မ သူတို့ကို မွေးဖို့ အချိန်ရှိပါတယ်... အိမ်က အရမ်းကြီးလွန်းတယ်လို့ တွေးနေတာ... အိမ်မွေးတိရစ္ဆာန်လေး နည်းနည်းလောက်ရှိရင် အိမ်လည်း ပိုစည်လာတာပေါ့"
အဘိုးဝမ်မှာ သဘာဝကျကျပင် မည်သည့်အတွေးမှ မရှိပေ "မွေးလိုက်... အဘိုး သမီးကို ထောက်ခံတယ်... စကားမစပ် ဒီရက်ထဲ ရူကွေ့ အားလပ်ရက်ရတုန်းလေး လက်ထပ်မှတ်ပုံတင်ကို တတ်နိုင်သမျှ မြန်မြန် ရအောင်ယူထားလေ"
ဝမ်ရူကွေ့မှာ မတိုင်မီက အားလပ်ရက် မရခဲ့သဖြင့် နှစ်ယောက်သားက မင်္ဂလာပွဲကျင်းပခဲ့သည့်တိုင် ယခုထက်ထိ လက်ထပ်မှတ်ပုံမတင်ရသေးပေ။ မစ္စတာဝမ်မှာ ယခုအချိန်အထိ လက်ထပ်မှတ်ပုံတင် မမြင်ရသေးသဖြင့် စိတ်မအေးရသေးပေ။
ဝမ်ရူကွေ့က ဝက်နံရိုးတစ်ခုကို သူ့တူဖြင့်ပင် နှိုက်ယူကာ ရွှယ်လူ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "နေ့လည်ကျရင် လက်ထပ်မှတ်ပုံတင် သွားလုပ်လိုက်မယ်"
အဘိုးဝမ်မှာ သူ့ကို တစ်ချက် ကြည့်ကာ
နှလုံးသားထဲတွင် နှာမှုတ်လိုက်လေသည်။ သူ့မြေးတစ်ယောက်ကတော့ မိန်းမလည်း ရပြီးရော သူ့ကို မျက်စိထဲ မထည့်တော့ပါလား...
ထုံရွှယ်လူက အဘိုးဝမ်၏ အမူအယာကို သတိပြုမိသဖြင့် သူ့ပန်းကန်ထဲသို့ ခပ်မြန်မြန် ဟင်းထည့်ပေးလိုက်ပြီးနောက် ဦးလေးဇုန်း၏ ပန်းကန်ထဲကိုလည်း ထည့်ပေးလိုက်လေရာ လူကြီးနှစ်ယောက်၏ မျက်နှာထက် အပြုံးများ ဝေသွားသည်။
သူမ လှည့်ကြည့်လိုက်သောအခါ ဝမ်ရူကွေ့သည်လည်း သူမကို မျက်လုံးတောက်တောက်လေးများဖြင့် လှမ်းကြည့်နေပြီး သူ့ကိုလည်း ထည့်ပေးစေချင်သည်ဟု ပြောနေသည့်အလား မျက်ဝန်းထဲတွင် အဓိပ္ပါယ်အရိပ်အမြွက်လေးများ ပြသလာသည်။
ထုံရွှယ်လူ ရယ်မောလိုက်ပြီး ငါးကြော်တစ်ကောင် ကို တူဖြင့် ညှပ်ယူကာ သူ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
အခန်းထဲရှိ ယောကျ်ားသားအားလုံး ကျေနပ်သွားကြလေသည်။
နေ့လည်စာစားပြီးနောက် သူမနှင့် ဝမ်ရူကွေ့တို့က ဘေးအိမ်သို့ ပြန်သွားကြသည်။ အဆုံးတွင် သူတို့က အိမ်နီးနားချင်းများ ဖြစ်ကြသဖြင့် သုံးရက်ကြာပြီးမှ အိမ်ပြန်ရသည့် ဓလေ့ကို လိုက်နာမနေတော့ပေ။
ဗိုလ်မှူးရှောင်းက အားလပ်ရက်မရသဖြင့် မနက်စောစော အလုပ်သွားရသည်။ နှစ်နှစ် သုံးနှစ်ကြာသည်အထိ အငြိမ်းစားယူနိူင်ဦးမည် မဟုတ်ပေ။
ရှောင်းကျားမင်နှင့် ရှောင်းမျန်မျန်တို့ မောင်နှမနှစ်ဦးသာ အိမ်တွင် ရှိနေကြသည်။
သူမ၏ အစ်မ ပြန်လာသည်ကို မြင်သောအခါ ရှောင်းမျန်မျန်လေးက အပြေးရောက်လာပြီး လက်လာတွဲသည်။ "မမ ပြန်လာပြီ... သမီး မနက်နိုးလာတော့ မမကို မတွေ့ရတာ စိတ်ထဲ နေလို့မကောင်းဘူး"
ရှောင်းမျန်မျန်က ဤနှစ်တွင် ခြောက်နှစ်ခွဲ ရှိနေလေပြီ။ မနှစ်ကတည်းက သူမလေးကို ကိုယ်ပိုင်အခန်းခွဲပေးထားသော်ငြား သူမအစ်မ၏ အခန်းထဲသို့ ပြေးလာကာ အစ်မဖြစ်သူနှင့်အတူ လာအိပ်လေ့ရှိသည်။ သူမ၏ အစ်မက ရုတ်တရက် လက်ထပ်သွားသည့်အတွက် စိတ်မသက်မသာ ဖြစ်နေရလေသည်။
ထုံရွှယ်လူက သူမ၏ ခေါင်းလေးကို ပွတ်လိုက်သည်။ "မမ ဘေးအိမ်ကို လက်ထပ်ရတာတောင် စိတ်ထဲနေလို့မကောင်းရင် သမီးကြီးလာလို့ လက်ထပ်တဲ့အခါ ဘယ်လိုလုပ်မလဲ"
ရှောင်းမျန်မျန်က သူမ၏ မျက်နှာဝင်းဝင်းလေးကို မော့ကာ သက်ပြင်းချလိုက်သည်။ "တတိယအစ်ကို မွေးနေ့ဆုတောင်းတုန်းက တစ်ဘဝလုံး လူပျိုကြီးလုပ်မှာလို့ ဘုရားမှာ ဆုတောင်းခဲ့တယ်တဲ့... အပျိုကြီး လုပ်ရတာလည်း ကောင်းတယ်လို့ သမီးထင်တယ်... ဒါဆို သူများအိမ်ကိုသွားပြီး လက်ထပ်စရာ မလိုတော့ဘူးလေ... ဒါကြောင့် သမီး မနေ့ညက ဘုရားမှာ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်... သမီးတစ်ဘဝလုံး အပျိုကြီး လုပ်မှာ"
ထုံရွှယ်လူ: "..."
ဝမ်ရူကွေ့: "..."
ရှောင်းကျားမင်: "..."
လူပျိုကြီးနဲ့ အပျိုကြီးမောင်နှမလား...
အိမ်ထဲသို့ ဝင်လာသောအခါ ထုံရွှယ်လူ အထဲသို့ ကြည့်ကာ ပြောလိုက်သည်။ "ကျားရှင်း ဘယ်ရောက်နေတာလဲ... ဘာလို့ သူ့ကို မတွေ့ရတာလဲ"
ရှောင်းကျားမင်က ပထမဆုံး ရှောင်းမျန်မျန်ကို ကြည့်လိုက်ပြီး သူမ ဖြေရန် ရည်ရွယ်ချက်မရှိသည်ကို မြင်မှ ဘဲအော်သံဖြင့် ဖြေလာခဲ့သည်။ "ကျားရှင်းက အဘိုးနဲ့အတူ စစ်တပ်ကို လိုက်သွားတယ်... သူကြီးလာရင် အဘိုးလို ဗိုလ်မှူးတစ်ယောက် ဖြစ်ချင်တယ်လို့ ပြောတာပဲ"
ဗိုလ်မှူးလား...
ပြောချင်တာ စစ်သား ဖြစ်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလား...
ထုံရွှယ်လူ တန့်သွားလေသည်။ ၎င်းမှာ စာအုပ်ထဲတွင် ဖြစ်လာမည့်အရာနှင့် ခြားနားနေပေသည်။
"သူက ပုံဆွဲရတာ ကြိုက်တာ မဟုတ်ဘူးလား... ဘာလို့ ရုတ်တရက်ကြီး စစ်သားဖြစ်ချင်သွားတာလဲ"
ရှောင်းကျားမင်: "သူပြောတာ ကျွန်တော်တို့ထဲက ဘယ်သူကမှ စစ်သား မဖြစ်လာရင် အဘိုးမှာ ဆက်ခံသူ ရှိတော့မှာ မဟုတ်ဘူးတဲ့... ဒါကြောင့် မနက်အစောကြီးထဲက အဘိုးနောက်ကနေ စစ်တပ်ထဲ လိုက်သွားတာပဲ"
ဗိုလ်မှူးရှောင်းက မြေးတိုင်းအပေါ် အလွန်ကောင်းသည်။ ထိုကြင်နာမှုမှာ အဘိုးဖြစ်သူက သူတို့၏ ဘဝများအပေါ် အာဏာဖြင့် ဖိအားပေးခြင်းမရှိဘဲ သူတို့၏ ဆန္ဒများအတိုင်း ရွေးချယ်မှုများ ပြုလုပ်ရန် တိုက်တွန်းအားပေးလာသည့်အခါ ပို၍ပင် ပေါ်လွင်လာသည်။
ဥပမာအားဖြင့် သူမက စစ်တပ်ထဲသို့ မသွားချင်ဘဲ အင်္ဂလိပ်စာမေဂျာသို့ လျှောက်လိုက်သည့်အခါနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရန် ငြင်းဆန်လိုက်သည့်အခါများတွင် ဖြစ်သည်။ သူမအား တိုင်းပြည်အတွက် မသိတတ်ရလေခြင်းဟု တစ်ခါမှ အပြစ်မဆိုခဲ့ဖူးပေ။
သို့သော်ငြား မိသားစုထဲက မည်သည့် ကလေးကမှ စစ်တပ်သို့ မသွားချင်ကြသည့်အခါ သက်ပြင်းချကာ စိတ်မကောင်း ဖြစ်သွားပုံပေါ်သည်။
ထုံကျားရှင်းသာ အနာဂါတ်တွင် စစ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်လိုပါက ကိစ္စကောင်းတစ်ခုပင် ဖြစ်သည်။
ထုံရွှယ်လူ တစ်ခဏမျှ တွေးလိုက်ပြီးနောက် ဘာကိုမှ ထပ်မပြောတော့ပေ။
နှစ်ယောက်သားက အိမ်တွင် ခဏမျှ ထိုင်ပြီးနောက် ပြည်သူ့ရေးရာဗျူရိုသို့ ထွက်လာခဲ့ကြသည်။
ဆောင်းဦးရာသီ လေပြေလေးက တိုက်ခတ်လာနေပြီး နေ့လည်ခင်းနေက သူတို့အပေါ် နွေးထွေးစွာ လင်းဖြာပေးနေခဲ့သည်။
ထုံရွှယ်လူက စက်ဘီး၏ နောက်ခုံတွင် ထိုင်လိုက်လာပြီး ဝမ်ရူကွေ့၏ ခါးသွယ်သွယ်လေးကို ဖက်ကာ စိတ်အေးလက်အေး ထိုင်လိုက်လာခဲ့သည်။ "မနက်တုန်းက ဘယ်အချိန်နိုးတာလဲ"
ဝမ်ရူကွေ့၏ ဘေးတိုက်မျက်နှာက ရုပ်ပြစာအုပ်ထဲမှ ဇာတ်ကောင်တစ်ခုအလား ချောမောခန့်ညားနေသည်။ "ခုနစ်နာရီကျော်လောက်ကထင်တယ်"
သူက ပုံမှန်တွင် မနက်ခြောက်နာရီ၌ ထလေ့ရှိပြီး မနေ့ညက ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ထားမိသဖြင့် မနက်တွင် နောက်ကျမှသာ နိုးလာခဲ့ရသည်။
ထုံရွှယ်လူ သူ့ခေါင်းကို ညှစ်လိုက်လေသည်၊ "ရှင့်ခါး ဘယ်လိုနေသေးလဲ"
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့ခါးတွင် ထိခိုက်မိထားသဖြင့် ညနက်လွန်းသည်အထိ နေပါက ရံဖန်ရံခါတွင် ကိုက်ခဲလေ့ရှိသည်။
ဝမ်ရူကွေ့မှာ သူမထံမှ အညှစ်ခံလိုက်ရသဖြင့် စက်ဘီးလက်ကိုင် ယိုင်လုနီးပါး ဖြစ်သွားသည်။ တုန်ယင်နေမှုများကို ဖိနှိပ်ထားလိုက်ရလေသည်။ "ကိုယ့်ခါးက အရမ်းကောင်းတယ်... စိတ်မပူပါနဲ့"
ယောကျ်ားတစ်ယောက်အတွက် ခါးက အရေးကြီးတယ်... နာနေရင်တောင် မနာဘူးလို့ ပြောရမှာပဲ...
ထုံရွှယ်လူမှာ တစ်ခဏမျှ မှင်သက်သွားပြီးမှ ကျယ်လောင်စွာ ရယ်ချလုနီးပါး ဖြစ်သွားသည်။ "ကျွန်မရဲ့ ကိုကိုက အရမ်းအင်အားကြီးတာပဲ... တကယ် စိတ်အေးသွားပြီ"
ဝမ်ရူကွေ့က စက်ဘီးလက်ကိုင်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားလိုက်ရာ လက်ခုံပေါ်၌ သွေးကြောစိမ်းများပင် ပေါ်လွင်လာခဲ့သည်။
သူမခန္ဓါကိုယ် မခံနိုင်တော့မည်ကို စိုးရိမ်နေရသည်ကြောင့်သာ မဟုတ်ခဲ့ပါက အခုချက်ချင်းပင် အိမ်ပြန်သွားမည် ဖြစ်သည်။
ထုံရွှယ်လူ ခေါင်းမော့လိုက်ရာ ဝမ်ရူကွေ့၏ နားရွက်နီနီလေးများကို တွေ့လိုက်ရသဖြင့် နှုတ်ခမ်းထက်ရှိ အပြုံးလေးက ပို၍ ထင်ရှားလာခဲ့လေသည်။