အပိုင်း၃၁၆
Viewers 67k

🍵Chapter 316



ပြည်သူ့​ရေးရာဗျူရိုသို့ ​ရောက်လာ​သောအခါ အားလပ်ရက်မဟုတ်သဖြင့် လက်ထပ်မှတ်ပုံတင် လာယူသူ များစွာ မရှိကြ​​ပေ။ သူတို့က တစ်ခဏမျှ တန်းစီလိုက်ရပြီး​နောက် အလှည့်ကျလာခဲ့သည်။


နာရီဝက်အတွင်းမှာပင် သူတို့က စာအုပ်နီများ ကိုင်လျက် ပြည်သူ့​ရေးရာဗျူရိုထဲမှ ထွက်လာခဲ့ကြသည်။ 


လက်ထပ်မှတ်ပုံတင်ကို ကြည့်​နေရင်းဖြင့် ထုံရွှယ်လူ ရုတ်တရက် သက်ပြင်းချလိုက်သည်။ "ဒီ​နေ့ကစပြီး ကျွန်မက အိမ်​ထောင်ရှိတဲ့ အမျိုးသမီး ဖြစ်သွားပြီ"


အိမ်​ထောင်ရှိတဲ့ အမျိုးသမီးလား...


ဝမ်ရူ​ကွေ့က သူမနှုတ်မှ ထူးဆန်း​နေ​သော ​လေသံကို ကြား​သောအခါ ရပ်သွားပြီး သူမကို ကြည့်၍ ​မေးလာခဲ့သည်။ "လက်ထပ်ရတာ အဆင်မ​ပြေဘူးလား... မင်း သ​ဘောမကျလို့လား"


ထုံရွှယ်လူ နှုတ်ခမ်းဆူလိုက်သည်။ "ကျွန်မက လက်ထပ်ရတာ ​စောလွန်းတယ်လို့ပဲ ​တွေး​နေတာပါ​နော်"


သူမက ဤနှစ်တွင် 21နှစ်သာ ရှိ​​သေးပြီး စာအုပ်ထဲသို့ ​ရောက်လာသည့်အတွက် နှစ်​ပေါင်းများစွာ ရှင်သန်ရ​ပေဦးမည်။


ဝမ်ရူ​ကွေ့က တစ်ခဏမျှ တိတ်ဆိတ်သွားပြီး​နောက် အသံတိုးတိုးဖြင့် ​ပြောလိုက်သည်။ "ကိုယ့်ခန္ဓါကိုယ်ကို မင်းဆီ​ပေးပြီးသွားပြီ... ဗ​လောင်းဗလဲ​တွေ လာလုပ်လို့ မရဘူး​နော်"


"..."


ဤတစ်ကြိမ်၌ ထုံရွှယ်လူ ​အေးခဲသွားရသည့် အလှည့်ဖြစ်ပြီး မ​နေနိုင်ဘဲ ရယ်ချမိသွား​လေသည်။


 "ဒါရိုက်တာဝမ်က ​ချော​လည်း​ချော အရသာလည်း ရှိတာကို... ကျွန်မက ဘယ်လိုလုပ်ပြီး ဗ​လောင်းဗလဲ​​တွေ လုပ်နိုင်ပါ့မလဲ"


"..."


ထို့​နောက် ဒါရိုက်တာဝမ်တစ်​ယောက် ရှက်​သွေးဖြာသွား​လေသည်။ 


🍵


အ​ထွေ​ထွေ​​ထောက်ပံ့ပို့​ဆောင်​ရေးအိမ်ယာတွင်...


ဖန်ကျင်းယွမ်တစ်​ယောက် ​ရှောင်ချန်ဖျင်ထံမှ အတားခံလိုက်ရသည်။ သူမ ရှက်သွားပြီး​နောက် ​ပြောလိုက်သည်။ "​ရှောင်ချန်ဖျင်... ရှင်ဘာလုပ်တာလဲ... ကျွန်မ ​ကျောင်းကို ပြန်သွားရဦးမှာ... လမ်းမှာ ပိတ်ရပ်မ​နေနဲ့"


​ရှောင်ချန်ဖျင်က သူမကို မျက်လုံး​​မှေး​မှေးလေးများဖြင့် ကြည့်လိုက်သည်။ "ကျင်းယွမ်... မ​နေ့ညက ကိုယ်တို့ဘာလုပ်ခဲ့ကြတာလဲဆိုတာ မမှတ်မိ​တော့ဘူးလား"


ဖန်ကျင်းယွမ်၏ မျက်နှာက ပို၍ပင် ရဲတွတ်လာပြီး သူ့ကို မကြည့်ရဲ​တော့ဘဲ ​ကောင်းကင်နှင့် ​မြေကြီး​ပေါ်ကိုသာ ကြည့်​နေခဲ့သည်။ "မဟုတ်တာ​တွေ ​ပြောမ​နေနဲ့... မ​နေ့ညက ရွှယ်လူရဲ့ မင်္ဂလာပွဲကို သွားခဲ့တာ... ရှင်နဲ့ ဘာလုပ်ရမှာလဲ... ကျွန်မရဲ့ ဂုဏ်သိက္ခါကို ဖျက်ဆီးချင်​နေတာလား" 


​ရှောင်ချန်ဖျင်က ​ရှေ့သို့ ​ခြေနှစ်လှမ်းတိုးလာပြီး သူမကို နံရံ​ထောင့်တွင် ပိတ်ကာ လက်တစ်ဖက်ဖြင့် နံရံကို ​ထောက်ထားလိုက်သည်။ "တကယ်လား... ကြည့်ရတာ မင်းရဲ့ မှတ်ဥာဏ်က သိပ်မ​ကောင်းဘူးထင်တယ်... ကိုယ်ကပဲ သ​ဘောထားကြီးကြီးနဲ့ သတိ​ပေးရ​သေးတာ​​ပေါ့"


"မ​နေ့ညက မင်းအရက်မူးသွားတယ်... ကိုယ်မင်းကို အိမ်လိုက်ပို့​ပေး​​​တော့ အိမ်ပြန်လာတဲ့လမ်းမှာ ပူတယ်ဆိုပြီး ဆူဆူညံညံ​တွေ လုပ်​တော့တာပဲ... ပြီး​တော့ မင်းက စပြီး မူး​ကြောင်ရူး​ကြောင်​​တွေ လုပ်​တော့တာ... ကိုယ်မင်းကို လှမ်တားလိုက်​​တော့ မင်းက ကိုယ့်ကို နံရံမှာ ကပ်ပြီး နမ်းလိုက်တာပဲ... အခု​ရော မှတ်မိ​သေးရဲ့လား"


ဖန်ကျင်းယွမ်: "..."


အမှန်မှာ လူတိုင်းက ထိုမျှ​လောက် ကံမ​ကောင်းနိုင်ကြ​ပေ။ 


မ​နေ့ညက သူမ အရက်မူးသွားခဲ့​သော်လည်း ​ရှောင်ချန်ဖျင်အား နံရံသို့ ဖိကပ်ကာ ထိုသူ့နှုတ်ခမ်းအား ကိုက်ဝါးခဲ့သည့် အဖြစ်အပျက် အပါအဝင် မှတ်မိသင့်သည့် အရာများနှင့် မမှတ်မိသင့်​သော အရာများအားလုံးကို မှတ်မိ​နေသည်။


"မှတ်မိပြီလား"


သူမ တိတ်ဆိတ်​နေသည်ကို မြင်​​သောအခါ ​ရှောင်ချန်ဖျင်​က နှစ်​ယောက်သားအကြား ဆက်ဆံ​ရေးကို အတည်ပြုရန်အတွက် စိတ်ပြင်ဆင်ထားသည့်အလား ရှေ့တစ်လှမ်း ထပ်တိုးလိုက်သည်။ 


ဖန်ကျင်းယွမ်က နံရံ​ထောင့်သို့ ​ရောက်​အောင် တွန်းအား​ပေးခံရပြီး ​နောက်မဆုတ်နိုင် ဖြစ်​နေကာ သူမ၏ ​ခေါင်း​လေးကို ခပ်​​လေး​လေး ​မော့ကာ ကြည့်လိုက်သည်။ "ရှင်ဘာ​တွေ စဥ်းစား​နေတာလဲ... ကျွန်မ မမှတ်မိရင်​ရော"


"စဥ်းစားကြည့်လိုက်ရင် မင်းကိုယ့်ကို ​ဖြေရှင်းချက် ​ပေးသင့်တာ မဟုတ်ဘူးလား"


ဖန်ကျင်းယွမ် နှုတ်ခမ်းကိုက်ထားလိုက်သည်။ "မ​​နေ့ညက မ​တော်တဆမှုတစ်ခုပဲ"


​ရှောင်ချန်ဖျင်က သူ့နှုတ်ခမ်းကို ထိုးပြ၍ ​ပြောလိုက်သည်။ "မ​တော်တဆလား... ကိုယ့်နှုတ်ခမ်းကို ဒီလိုဖြစ်​အောင် ကိုက်ဖြဲထားတာ မ​တော်တဆတဲ့လား"


မတိုင်မီ​နေ့ကပင် ထိုအမျိုးသမီးက သူ့ကို တဖြည်းဖြည်းဖက်တွယ်လာကာ သူ့လည်ပင်းကို အကြိမ်များစွာ ကုတ်ခြစ်ခဲ့​​သဖြင့် ယခုတွင် သူ့ကို အလုံးစုံ စားသုံးပြီးသွား​​သည့်အတွက် တာဝန်ယူသင့်​ပေသည်။ 


ဖန်ကျင်းယွမ် အပြစ်ရှိစိတ်များဖြင့် ပြန်​ဖြေလိုက်သည်။ "ရှင်​ရော ကျွန်မကို မကိုက်ခဲ့လို့လား... ကျွန်မနှုတ်ခမ်း​တွေလည်း ​ပေါက်ပြဲ​နေတာပဲ"


​ပြောပြီး​နောက် မျက်နှာတစ်ခုလုံး ပန်းသီးတစ်လုံးနှယ် ရဲတွက်သွားပြီး သူ့ကို လုံးဝ မကြည့်ရဲ​တော့​ပေ။


​ရှောင်ချန်ဖျင်၏ မျက်နှာသည်လည်း ပူ​နွေး​လာ​သော်ငြား ဤအချိန်တွင် ရှက်စိတ်များကို တွန်းလှန်ကာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိသည့် အသံအ​နေအထားဖြင့် ဆိုလိုက်သည်။ "ဖန်ကျင်းယွမ်... ဘာပဲဖြစ်ဖြစ် မင်းကိုယ့်ကို တာဝန်ယူရမယ်... မဟုတ်င် မင်း​ကျောင်းကို လာရှာပြီး​တော့ မင်းက ကိုယ့်ရဲ့ ခံစားချက်​တွေကို ကစားခဲ့ပါတယ်ဆိုပြီး မင်းရဲ့ ဆရာ​တွေကို လာ​ပြောလိုက်မှာ"


ဖန်ကျင်းယွမ်၏ မျက်နှာတစ်ခုလုံး ရှုံ့တွသွား​လေသည်: "..."


သူမ ကြက်​သေ​သေ​နေဆဲမှာပင် ​ရှောင်ချန်ဖျင်က သူမ၏ လက်ကို ရုတ်တရက် ဆွဲလာခဲ့သည်။ "ကျင်းယွမ်... ကိုယ်တို့ နှစ်နှစ်​ကျော်​လောက် မ​ရေမရာအ​ခြေအ​နေ ဖြစ်​နေရတာ... အခု​လောက်ဆို အ​ခြေတကျ ဖြစ်သင့်​နေပြီမလား"


ဘယ်သူ​တွေက ​သူ့လို ​ကောင်မ​လေးကို လိုက်ပိုးဖို့ ​နောက်က​နေ တ​ကောက်​ကောက် လိုက်​နေရလို့လဲ...


သူ့ဝမ်းကွဲများက သူ့ကို ဟာသတစ်ခုလို မြင်​နေကြပြီး မိသားစု​တွေ့ဆုံပွဲများ ရှိသည့်အခါတိုင်း တွင်းကြီးကြီးတူးကာ ဝင်ပုန်း​နေချင်​လေ​တော့သည်။ 


အဲ့ဒီ​ခွေး​ကောင်​လေး​တွေက သူ့ကို ​လောင်းကစားလို​တောင် သုံး​နေကြ​သေးတယ်... သူတို့အားလုံးက ဒီနှစ် သူ​အ​ဖြေရမရကို ​လောင်း​ကြေးထပ်​နေကြတာ....


​တွေးကြည့်လိုက်တိုင်း စိတ်တိုစရာပဲ...


ဖန်ကျင်းယွမ်က သူမ၏ လက်ကို ဆွဲထုတ်ချင်​နေ​သော်ငြား အကြိမ်များစွာ ကြိုးစားကြည့်တိုင် မ​အောင်မြင်နိုင်ခဲ့​ပေ။ "ရှင်လွှတ်​ပေး... တစ်​ယောက်​​ယောက် မြင်သွားရင် မ​ကောင်းဘူး"


​ရှောင်ချန်ဖျင်ကမူ လွှတ်မ​ပေး​ပေ။ "ကိုယ့်ကို တာဝန်ယူမယ်လို့ ကတိ​​ပေးမှ လွှတ်​ပေးမယ်"


သူ့နှုတ်ခမ်း​တွေ​တောင် ကိုက်ခဲ​နေပြီ... ဒီလိုအခွင့်အ​ရေးမျိုးကို လွှတ်​ပေးလိုက်ရမှာလား...


ဖန်ကျင်းယွမ်မှာ မျက်နှာတစ်ခုလုံး နီရဲလာခဲ့​လေသည်။ ​ကောင်းပြီ​လေ... ကျွန်မတို့ တွဲကြတာ​ပေါ့"


အမှန်မှာ လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူမကို လိုက်ပိုး​​နေကြသည့် ​အခြား​သော ယောကျ်ား​လေးအတန်း​ဖော်များ ရှိခဲ့သည်။


သူမက ထိုနှစ်များအတွင်း ပညာသင်ကြားသည့်​နေရာမှာသာ အာရုံစိုက်ထားချင်ခဲ့သဖြင့် အချစ်​ရေးကိစ္စများအ​ပေါ် ကွဲပြား​​သော အမြင်တစ်ခု ရှိ​နေသည်။ သို့​သော်ငြား ယခုတွင် ကိစ္စများက ထိုသို့ ဖြစ်လာ​လေရာ တွဲရန် သ​ဘောတူရ​ပေ​တော့မည်။ 


​ရှောင်ချန်ဖျင်မှာ ထိုစကားကို ကြားလိုက်ရချိန်တွင် ကြက်​သေ​​သေသွားပြီး တစ်ခဏ​လောက်ထိ မတုံ့ပြန်နိုင်ခဲ့​ပေ။ 


ဖန်ကျင်းယွမ်က သူ့ကို တွန်းထုတ်ကာ ​ပြေးထွက်သွား​လေသည်။ "အရူး​ကောင်"


​ရှောင်ချန်ဖျင် အသိပြန်ဝင်လာပြီး​နောက် သူမ​နောက်သို့ မြန်မြန် လိုက်ဖမ်းလိုက်သည်။ "ကိုယ်မင်းကို ​ကျောင်းလိုက်ပို့​ပေးမယ်"


​"မလိုပါဘူး"


"ဘာလို့ မလိုရမှာလဲ... ကိုယ်က မင်းရဲ့ ချစ်သူ ဖြစ်​နေပြီပဲကို ​ကျောင်းလိုက်ပို့​ပေးချင်တာ​ပေါ့"


"ချစ်သူဆိုတာကြီးကို ဖိမ​ပြောစမ်းနဲ့"


"ကိုယ်က ဒါကို အ​လေး​ပေးပြီး ​ပြောချင်လို့​လေ... ကိုယ် ​ရှောင်ချန်ဖျင်က ဖန်ကျင်းယွမ်ရဲ့ ချစ်သူပဲ... ကိုယ်တို့က ချစ်သူ​​တွေ"


"တိတ်စမ်း"


🍵


နှစ်ရက်တာ​စောင့်ဆိုင်းပြီး​နောက် ထုံရွှယ်လူတစ်​ယောက် ​ရှောင်ချန်ဖျင်နှင့် ဖန်ကျင်းယွမ်တို့ကြား ဆက်ဆံ​ရေး အတည်တကျ ဖြစ်သွားကြောင်း သိလိုက်ရ​သောအခါ မ​နေနိုင်ဘဲ ပြုံးမိသွားခဲ့​​သေးသည်။


သူတို့နှစ်​ယောက်သားက ရန်ဖြစ်ရင်း ​ပျော်ရွှင်​နေခဲ့ကြသူများပင်။ နှစ်နှစ်တာ ရန်ဖြစ်ကြပြီး​နောက် ​အ​​​ခြေတကျ ဖြစ်သင့်​နေ​လေပြီ။ 


​ရှောင်ချန်ဖျင်က လူ​ကောင်းတစ်​ယောက်ဖြစ်ပြီး လုပ်ရည်ကိုင်ရည်လည်း ရှိသည်။ မိသားစုနှစ်ခုကလည်း နာမည်​ကောင်းသူများ ဖြစ်၍ လိုက်ဖက်ညီလှ​​ပေသည်။ 


ယနေ့တွင် ရှန်းကျန့်မှ ဖုန်း​ခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။


ထို​ခေါ်ဆိုမှုကို ​ရှောင်ကျိုး၏ ဖခင် စုယွဲ့ရှန်းထံမှ ရရှိခဲ့ခြင်းဖြစ်​လေသည်။


"ရဲ​ဘော်ထုံ... မင်းနဲ့ ရဲ​ဘော်ဝမ်ရဲ့ မင်္ဂလာပွဲကို လာဖို့ အချိန်မရှိလိုက်လို့ ​တောင်းပန်ပါတယ်​နော်"


ထုံရွှယ်လူ: "ကိစ္စမရှိပါဘူး... ရှင် ကျွန်မတို့ကို ​တန်ဖိုးကြီးလက်​ဆောင် ​ပေးပြီးပြီပဲ... ဒါ​တောင် ​​ကျေးဇူးမတင်ရ​သေးဘူး"


စုယွဲ့ရှန်းက အ​လေးအနက် ​ပြောလိုက်သည်။ "ဒါက လုပ်သင့်တဲ့အရာပါပဲ... အဲ့ဒီအချိန်တုန်းကသာ မင်း ငါတို့ကို မကူညီခဲ့ရင် အခုချိန် စုမိသားစုရဲ့ ဇနီးလည်း အသက်ရှိ​တော့မှာ မဟုတ်ဘူး"


သူက အစိုးရအလုပ်မှ ထွက်ခဲ့ရ​သော်ငြား မိသားစုအတူတကွ ရှိ​နေသ​ရွေ့ အိမ်ဟူသည်မှာ ရှိစမြဲ​ပင်။


လွန်ခဲ့သည့် နှစ်များအတွင်း သူက ဖွံ့ဖြိုး​ရေး လုပ်ငန်းများအတွက် ကွမ်းတုံ စီရင်စုသို့ ​ပြောင်း​ရွှေ့လာခဲ့ပြီး ​အောင်မြင်မှု အနည်းငယ် ရရှိခဲ့သည်။ သို့​သော်ငြား မနှစ်က စတင်ကာ အစိုးရဘက်မှ ရှန်းကျန့် ​စျေးကွက် ဖွံ့ဖြိုးတိုးတက်လာ​စေရန် အားတက်သ​​ရော ကြိုးစားအားထုတ်ခဲ့သဖြင့် ရှန်းကျန့်သို့ ပြတ်ပြတ်သားသား ​ပြောင်း​ရွှေ့လာခဲ့သည်။ 


သူက နိုင်ငံ​ရေး ​လောကထဲသို့ ထပ်ဝင်ရန် အစီအစဥ် မရှိ​ပေ။ ပင်လယ်ဘက်သို့ သွား၍ စီးပွား​ရေးလုပ်ရန်မှာ အနာဂါတ်အတွက် တိုးတက်​ရေး အစီအစဥ် ဖြစ်သည်။ 


ထုံရွှယ်လူက ဤနှစ်များအတွင်း စုမိသားစုနှင့် အဆက်အသွယ် မရှိခဲ့ဘဲ ရံဖန်ရံခါမှသာ တစ်ကြိမ် နှစ်ကြိမ် ဆက်သွယ်ခဲ့ခြင်းဖြစ်၍ စုယွဲ့ရှန်းဘက်မှ ရုတ်တရက် ဆက်သွယ်လာခဲ့​လေရာ တစ်ခုခု ရှိ​နေ၍သာ ဖြစ်ရ​ပေမည်။


"ရဲ​ဘော်စု ဒီတစ်​ခေါက် ဖုန်း​ခေါ်လာတာ ဘာ​ပြောစရာရှိလို့လဲ"


စုယွဲ့ရှန်း: "အင်း... အဝတ်အထည် လက်လီလက်ကား​စျေးကွက်မှာ အလုပ်လုပ်​နေတဲ့ မိတ်​ဆွေတစ်​ယောက် ရှိတယ်... သူ​ပြောတာ သူ့​ချွေးမရဲ့ သူငယ်ချင်း​တွေထဲမှာ လွန်ခဲ့တဲ့နှစ်ရက်က ​​​ပေကျင်းက​နေ အဝတ်အထည် ​စီးပွား​ရေး လာလုပ်တဲ့သူ ရှိတယ်တဲ့... အဲ့ဒီအမျိုးသမီးရဲ့ နာမည်က ချန်ရှို့ယွင်လို့ ​ပြောတယ်... သူ့ကို ကြည့်ရတာ ရဲ​ဘော်ဝမ်ရဲ့ အ​မေဖြစ်မဲ့ပုံပဲ" 


ထုံရွှယ်လူ ထိုစကားများကို ကြားချိန်တွင် ကြက်​သေ​သေသွားပြီး နှုတ်ခမ်းတွန့်လိုက်သည်။ "ကမ္ဘာကြီးက တကယ်​သေးတာပဲ... ဒါ​ကြောင့် ဘယ်​နေရာသွားသွား အသိ​တွေနဲ့ တိုးနိုင်တယ်ဆိုတာ အမှန် ဖြစ်​​နေတာ... ကြည့်ရတာ သူတို့တကယ် ရှန်းကျန့်ကို သွားကြတဲ့ပုံပဲ"


သူမက ယခင်ကတည်းကပင် ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ ရှန်းကျန့်​စျေးကွက်ကို စီးပွား​ရေး သွားလုပ်ကြမည် ဖြစ်​ကြောင်း သံသယရှိ​နေခဲ့​သော်လည်း သူမထံမှ ဖမ်းမိသွားမည်ဟု မထင်ထားခဲ့​ပေ။


စုယွဲ့ရှန်း: "အကူအညီလို​သေးလား"


သူ မလုပ်ချင်လျှင်ပင် သူ့ထံ၌ လုပ်နိုင်စွမ်းများ ရှိသည်။ သူတို့၏ စီးပွား​ရေးတွင် လှည့်ကွက်​လေးများ ပြုလုပ်​ပေးရုံဖြင့် ​ငွေများ ဆုံးရှူံးသွား​စေနိုင်သည်။ 


ထုံရွှယ်လူ: "မဟုတ်​သေးဘူး... သူတို့ လုပ်ချင်တာ လုပ်ခိုင်းထားလိုက်"


ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့သာ ကံမ​ကောင်းအ​ကြောင်းမလှဖြစ်ပြီး စီးပွား​ရေးပျက်သွားပါက ​သေချာ​ပေါက် ပြန်လာကာ ဝမ်မိသားစုနှင့် ဝမ်ရူ​ကွေ့ကို အဆက်မပြတ် ​နှောက်ယှက်​နေ​ပေလိမ့်မည်။ 


အချို့​သော လူများက ဆင်းရဲမှုကို ​ဝေမျှလို​သော်ငြား ချမ်းသာမှုကိုမူ မ​ဝေမျှလိုကြ​ပေ။


သူမက သူတို့နှစ်​ယောက်ကို ကြီးပွားချမ်းသာလာပြီးမှ ဆင်းရဲသွား​​စေချင်သည်။ ထို့​နောက် ရွှံ့အိုင်ကြီး၏ အနက်ဆုံးမှ သူတို့ကို နင်း​လျှောက်သွား​ပေးလိုက်မည်။


တစ်ကြိမ်တစ်ခါ ရဖူးပြီးမှ ဆုံးရှုံးရခြင်းက ဘယ်တုန်းကမှ မရခဲ့ဖူးသည်ထက် ​ပို၍ဒေါသထွက်စရာကောင်း​ပေသည်။ 


စုယွဲ့ရှန်း တိတ်သွားပြီး​နောက် နားလည်သွား​လေသည်။ "​ကောင်းပြီ​လေ... ဒါဆို ငါ့မိတ်​ဆွေကို ဘာမှ မလုပ်ခိုင်း​တော့ဘူး"


"​ကျေးဇူးပါ ရဲ​ဘော်စု"


"ယဥ်​ကျေးလွန်း​နေပြီ... ​ပျော်​ရွှင်စရာ မင်္ဂလာပွဲ​လေး ဖြစ်ဖို့ ဆု​တောင်း​ပေးလိုက်တယ်​နော်"


စုယွဲ့ရှန်း၏ ဖုန်းကို ချထားပြီး​နောက် ဝမ်ရူ​ကွေ့တစ်​ယောက် လက်ထဲတွင် နံရိုးတစ်ခွက်နှင့် ​ပြောင်းဖူးစွပ်ပြုတ်တစ်ခွက် ကိုင်ကာ အပြင်မှ ဝင်လာ​​သည်ကို ​သူမ တွေ့လိုက်ရသည်။ 


"အရသာမြည်းကြည့်... ​ပေါ့​သေးလားလို့"


ထုံရွှယ်လူ သူ့ကို ပြုံးပြလိုက်ပြီး စွပ်ပြုတ်တစ်ဇွန်း ခပ်​​သောက်လိုက်သည်။ အရသာက အ​နေ​တော်ပဲ ဖြစ်ကာ အပူချိန်ကလည်း အဆင်​ပြေသည်။ 


သူတို့က လွန်ခဲ့သည့် နှစ်ရက်အတွင်း အိမ်ထဲမှာသာ ​နေခဲ့ကြပြီး ဝမ်ရူ​ကွေ့က သူမအတွက် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်​ပေးကာ ​ရေကိုပင် ခပ်တိုက်တတ်​သေးသည်။ ထိုသို့ ဆက်သွား​နေပါက သူမ မကြာခင် ငါးဆားနယ်တစ်​ကောင် ဖြစ်လုနီးပါး ဖြစ်ရ​ပေ​တော့မည်။ 


ငါးဆားနယ်ဖြစ်လို့ သူမက ရှက်ရမှာတဲ့လား...


ဒါ​ပေါ့... ဘယ်ရှက်မလဲ... သူမက ကြိုက်​တောင် ကြိုက်​သေးတယ်...


"အရသာ အရမ်း​ကောင်းတယ်" ထုံရွှယ်လူက ဇွန်းကို ပြန်ချကာ ယုံကြည်မှုရှိရှိ ​ပြောလိုက်သည်။ "ကျွန်မကို ခွံ့​ကျွေး"


ဝမ်ရူ​ကွေ့၏ မျက်လုံးများ၌ နူးညံ့မှုများ ပြည့်လျှံသွားပြီး ဘေးတွင် ဝင်ထိုင်ကာ ဇွန်းကို ကိုင်၍ သူမ၏ ပါးစပ်ထဲသို့ ခွံ့​ကျွေးခဲ့သည်။


ထုံရွှယ်လူက ဇွန်းကို ကိုင်ထားရင်း မျက်​တောင်​လေးများ တဖျတ်ဖျတ်ခတ်ကာ အသံတိုးတိုးဖြင့် ​ပြောလိုက်သည်။ "ဒီည အ​ပေါ်မှာ ​နေမယ်"


ဝမ်ရူ​ကွေ့၏ လက်များမှာ စွပ်ပြုတ်ကိုပင် ​လောင်းချမိ​တော့မတတ် တုန်ယင်လာခဲ့သည်။


နားရွက်ဖျားများမှာ ရဲတွတ်လာခဲ့ပြီး လည်​စေ့သည်လည်း အထက်​အောက် ​​ရွေ့လျားသွားခဲ့သည်။ "အင်း"


**