အပိုင်း ၁
Viewers 14k

ကျန်းရှောင်မန် အိပ်မက်ဆိုးမက်နေသည်။

 

အိမ်မက်ထဲတွင် သူမ၏ဦးလေးက ဖြူဖျော့နေသော မျက်နှာဖြင့် သွေးအိုင်ထဲတွင် ငြိမ်သက်စွာလှဲလျောင်းနေသည်။ သွေးအိုင်က တဖြေးဖြေးကျယ်ပြန့်လာပြီး အရောင်ကလည်း ပိုမိုနီရဲ၍ မဲမှောင်လာပြီး ည၏နက်မှောင်မှုဖြင့် ပေါင်းစပ်သွားသည်။

 

သူမနှာခေါင်းထဲတွင် သွေးနံ့ပြင်းပြင်းကို ရလိုက်၍ ကျန်းရှောင်မန် မျက်လုံးဖွင့်ကာ အကျယ်ကြီး အော်ငိုလိုက်သည်။

"ဝါး...."

 

သူမ အကျယ်ကြီးအော်ငိုပြီးနောက်တွင် သူမ၏အဘွားက ညတိုင်းချောင်းဆိုးနေပြီး ကောင်းကောင်းအိပ်မရကြောင်း သတိရသွားသည်။ ယနေ့တွင် ချောင်းဆိုးရပ်သွားပုံပေါ်သည်။ အဘွား အိပ်နေသည်ကို နှောင့်ယှက်မိမည်စိုး၍ သူမပါးစပ်ကို ချက်ချင်းအုပ်လိုက်ပြီး တိတ်တဆိတ်ငိုကြွေးတော့သည်။

 

သူမ အသက်ရှူမကြပ်ခင်အထိ ရှိုက်ငိုလေတော့သည်။ ၎င်းက အလွန်သနားချင့်စဖွယ်ပင်ဖြစ်နေသည်။

 

"ဦး... ဦးဦးစနစ်..."

ကျန်းရှောင်မန်၏ လက်ဖောင်းဖောင်းလေးနှစ်ခုက ခေါင်းအုံးဖုံးကို ဆွဲလိမ်ပြီး အသက်ရှူကြပ်သည်အထိ ငိုလိုက်သည်။ ထို့နောက် သူမ ရှိုက်ကြီးတငင်ပြောလိုက်သည်။

"သမီး... သမီးရဲ့ ဦးလေးကို တစ်ယောက်ယောက်က ရိုက်သွားတယ်... သမီး သွေးတွေအများကြီး မြင်လိုက်ရတယ်..."

 

ကျန်းရှောင်မန်က သူမအသက်အရွယ်ရှိ ကလေးများထက် အရွယ်နှင့်မလိုက်အောင် ထက်မြက်ပေသည်။ အခြားကလေးများက ရှေးဟောင်းကလေးပုံပြင်များဖြစ်သည့် အမယ်အိုနှင့် ကျားဆိုးကြီးကဲ့သို့သော ပုံပြင်များဖြင့် လှည့်စားခံနေရသေးသော်လည်း သူမက စနစ်ထံမှ နာမည်ကြီးသိပ္ပံဘာသာရပ်များကို သင်နေရပြီဖြစ်၍ ထိုပုံပြင်များက အလိမ်အညာဖြစ်ကြောင်း သိနေပြီဖြစ်သည်။ သွေးထွက်နေသော လူတစ်ယောက်က သေနိုင်သည်ကို သိသည့်အပြင် သေသွားသောလူများက လုံးဝနိုးမလာတော့ကြောင်းလည်း သိပေသည်။ ၎င်းက အိပ်စက်ခြင်းနှင့် လုံးဝကွာခြားပေသည်။

 

စနစ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"ပိုင်ရှင်ကို အစကတည်းကပြောထားပြီးသားလေ... အဲ့တာက မကြာခင် အနှေးနဲ့အမြန်ဖြစ်လာမယ့် ဖြစ်ရပ်လို့..."

 

သူမ သုံးနှစ်အရွယ် စနစ်နှင့် ချိတ်ဆက်မိချိန်တွင် စနစ်က ကျန်းရှောင်မန်ကို သူမက ဇာတ်လမ်းရှိ သမီးအတုဖြစ်သော အဓိကဇာတ်လိုက်မ၏နေရာတွင် ရှိရမည့် သမီးအစစ်ဖြစ်ကြောင်းပြောပြခဲ့သည်။ ထို့အပြင် သူမက အမြှောက်စာဇာတ်ကောင်လေးသာ ဖြစ်လေသည်။

 

သူမ၏ ချမ်းသာသောမိဘများက သူတို့၏ သမီးလေးကို ဆုံးရှုံးရပြီးနောက်တွင် ဆုံးရှုံးရပြီးနောက်တွင် သူမနှင့်တူသော ကလေးမတစ်ယောက်ကိုမွေးစားကာ သူတို့၏သမီးအတုပေါ်တွင် ပုံအော၍ချစ်ပေးခဲ့ကြသည်။ ထိုအချိန်တွင် သူတို့၏ ပျောက်ဆုံးနေသော သမီးက စိတ်သောကရောက်နေရပြီး စိတ်ကျေနပ်ဖွယ်မကောင်းလှသော ဘဝတွင်ရှင်သန်နေရသည်။

 

သူမ အသက်လေးနှစ်အရွယ်ရောက်သောအခါ ကျန်းရှောင်မန်ကို မွေးစားခဲ့ကြသော မိသားစုက ဖျက်စီးခံရမည်ဖြစ်သည်။ ပထမဆုံး ကျန်းရှောင်မန်၏ ဦးလေးက တစ်ယောက်ယောက်နှင့် ရန်ဖြစ်ပြီး ဆရာဝန်များပင် မကုနိုင်ခဲ့၍ သေဆုံးသွားခဲ့ရသည်။ ထို့နောက် သူမ၏အဘွားက ထိုဖြစ်ရပ်ကို လက်မခံနိုင်ဘဲ သူမ၏ သားဖြစ်သူနောက် လိုက်သွားရတော့သည်။

 

ကျန်းရှောင်မန်က လုံးဝကို မည်သူမှမလိုချင်သည့် ကလေးတစ်ယောက်ဖြစ်သွားခဲ့သည်။ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး တစ်ခါတစ်ရံ အစားတစ်လုပ်အတွက်ပင် ရန်ဖြစ်ခဲ့ရပြီး အခက်အခဲများကြားတွင် ကြီးပြင်းလာခဲ့ရသည်။ သူမ၏ ချမ်းသာသောမိဘများဖြင့် ဆယ့်ငါးနှစ်အရွယ်တွင် ပြန်တွေ့ခဲ့ရပြီး သူမဘဝ၏ဆင်းရဲမှုလည်း ချုပ်ငြိမ်းခဲ့ရသည်။

 

ကျန်းရှောင်မန်လေးက အလွန်အမင်းငယ်ရွယ်သေးပေသည်။ စနစ်မှ အချိန်အကြာကြီး ပြောခဲ့ပြီး သူမအတွက်မခံမရပ်နိုင်ဖြစ်ကာ သမီးအတုကအလွန်ရက်စက်စွာဖြင့် သူမထံမှအရာအားလုံးကို လုယူသွားကြောင်း ပြောပြခဲ့သော်လည်း သူမလေးက နားမလည်နိုင်ဖြစ်နေဆဲပင်။ သူမက အမြှောက်စာအမျိုးသမီးဇာတ်ကောင်ဟူသော အဓိပ္ပါယ်ကိုမသိသလို "လူဆိုး"ဟူသော စာလုံးကိုတောင် မရေးတတ်သေးပေ။

 

သူမ နားလည်နိုင်သည့် အကြောင်းများကိုသာ အချုပ်ဆိုရလျှင် စနစ်က သူမ၏ဇစ်မြစ်ကိုပြောခဲ့သည်။ သူမ လုပ်ချင်တာမှန်သမျှလုပ်ရမည်ဖြစ်ပြီး သူမကိုယ်သူမ ထိန်းချုပ်ရန် မလိုအပ်ပေ။

 

ထိုညတွင် ကျန်းရှောင်မန်က သူမ၏ အဘွားကို သူမ၏ချိုချဉ်နှင့် မုန့်စားရန် ခွဲတမ်းကို နှစ်ဆပေးရန်ပြောပြီး သူမ မကြိုက်သည့် မုန်လာဥနီကိုလည်း စားတော့မည်မဟုတ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် သူမ ကာတွန်းကြည့်မပြီးမချင်း အိပ်ရာမဝင်ဟုပါ ပြောခဲ့သည်။ အဆုံးတွင် သူမလိုချင်သည့်အတိုင်း မဖြစ်သည့်အပြင် အဘွားဆီမှ အရိုက်ခံလိုက်ရသည်။

 

အဘွားက ဒေါသကြီးသော်လည်း ပုံမှန်အားဖြင့် ကျန်းရှောင်မန်ကို အလွန်အလိုလိုက်ပြီး သူမအပေါ်လက်ပင်မရွယ်ပေ။ စနစ်၏ စကားများကြောင့် ကျန်းရှောင်မန် ဘူမသိကိုးမသိ သင်ခန်းစာပေးခံလိုက်ရသည်။ သူမ၏ တင်ပါးလေးကို ပွတ်ကာ အတော်လေး မတရားသလိုခံစားလိုက်ရပြီး အကျိုးအကြောင်းမဆီလျော်သော တောင်းဆိုမှုများ မလုပ်ရဲတော့ပေ။ ထို့အပြင် သူမ၏ ဗီလိန်မဟူသော ဖြစ်တည်မှုကို ထပ်ပြီး ဂရုမစိုက်တော့ပေ။

 

၎င်းက ယနေ့ည သူမ မက်သော အိပ်မက်များ စမမက်ခင်အထိ ဖြစ်သည်။

 

ကျန်းရှောင်မန်က လွန်ခဲ့သည့်ရက်များအတွင်း အိပ်မက်တစ်ခုတည်းကိုသာ မက်ခဲ့သည်။ သို့သော် အရင်နေ့များက ထိုအိပ်မက်များက မှုန်ဝါးနေခဲ့သည်။ ယနေ့က ဖြစ်သမျှကို ရှင်းရှင်းလင်းလင်းမြင်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

 

ဦးဦးက သူမအိပ်မက်ထဲကလို တကယ်ဒုက္ခရောက်မှာလား....

သူမ ဦးဦးကို မတွေ့တာ အတော်လေးကြာပြီဖြစ်သည်။

 

ကျန်းရှောင်မန်က အလွန်ကြောက်ရွံ့နေသည်။ သူမအော်ငိုလိုက်သော်လည်း အကျယ်ကြီး မငိုခိုင်းသဖြင့် ခေါင်းအုံးစွပ်ကို လက်နှစ်ဖက်ဖြင့် လိမ်ညှစ်ကာ သူမ၏ငိုသံကို တတ်နိုင်သမျှ တိုးနေအောင် လုပ်လိုက်သည်။

 

"သမီး ဦးဦးကို မသေစေချင်ဘူး... ဘွားဘွားကိုလည်း မသေစေချင်ဘူး... ဘယ်သူမှမလိုချင်တဲ့ ကလေးလည်းမဖြစ်ချင်ဘူး... "

ကျန်းရှောင်မန် မျက်ရည်သုတ်လိုက်သည်။

"ဦးဦးစနစ်... ဦးဦးမှာ အခြားနည်းလမ်းများရှိလားဟင်..."

 

စနစ်က အလွန်အင်အားကြီးမှန်း သူမသိပေသည်။ သူမငိုသည့်အချိန်တိုင်း ၎င်းက ချိုချဉ်နှင့် ကွတ်ကီးကဲ့သို့သော မုန့်များကို မှော်ဆန်ဆန်ဖန်တီးပေးတတ်သည်။ အဘွားက သူမသွားပျက်စီးမည်စိုး၍ အချိုမကြာခဏမစားခိုင်းပေ။ ထိုအချိန်မျိုးတွင် သူမက သူမ၏အမှတ်များကို စနစ်ထံ တိတ်တိတ်လေးလဲလေ့ရှိသည်။

 

 

xxxxxx