စနစ်က
ဆယ်မှတ်ထက်လျော့နေသော အမှတ်အကွက်ကိုကြည့်ပြီး ထူးဆန်းစွာတိတ်ဆိတ်သွားသည်။
ကျန်းရှောင်မိန်ကို
ဇာတ်ကြောင်းအတိုင်းဖြစ်အောင် တိုက်တွန်းရန်မှာ စနစ်၏ အလုပ်သာဖြစ်သည်။ ထို့အပြင် သူအမှန်တကယ်
ကယ်ချင်သည်ဆိုရင်တောင် ဆယ်မှတ်တောင်မရှိဘဲ ဘာနဲ့ကယ်ရမှာလဲ... (1)
ပထမဆုံးအကြိမ်အဖြစ်
စနစ်လေးက'ငွေကြေးက သူရဲကောင်းကိုတောင် နင်းချေနိုင်တယ်'ဟူသော လူသားများခေါ်ဆိုကြသည့် နာကျင်မှုတစ်ခုကို ကိုယ်တိုင်လက်တွေ့ကြုံ၍
ခံစားလိုက်ရသည်။ (2)
"ဦးဦးစနစ်လည်း
ဘာမှ မလုပ်ပေးနိုင်ဘူး..."
စနစ်က
အမှန်အတိုင်း ဖြေလိုက်သည်။
သူ ကျန်းရှောင်မန်နှင့် ချိတ်ဆက်မိရမည့်အချိန်က ယခုအချိန်မဟုတ်ပေ။
ကျန်းရှောင်မိန် သူမ၏ချမ်းသာသော မိဘများနှင့် ပြန်လည်ပေါင်းစည်း ပြီးသည့် အချိန်တွင်သာ
ဖြစ်ပေသည်။ သို့သော် တစ်ခုခုမှားယွင်းသွားပြီး အချိန်များက ရောထွေးသွားခဲ့သည်။ ထို့ကြောင့်
စနစ်က ကျန်းရှောင်မန် နို့နံ့ပင်မစင်သေးသည့် အချိန်တွင် ချိတ်ဆက်မိသွားခဲ့ခြင်းဖြစ်သည်။
ဗီလိန်မကို ကလေးခန္ဓာကိုယ်လေးနှင့် တွေ့လိုက်ရသောအခါ စနစ်သည်လည်း လုံးဝစိတ်ဓာတ်ကျသွားခဲ့သည်။
သုံး၊
လေးနှစ်လားပဲ ရှိသေးတဲ့ ကလေးတစ်ယောက်က ဘာလုပ်နိုင်မှာလဲ...
၎င်းက
ကျန်းရှောင်မိန်ကို မကောင်းသည့်အရာများလုပ်ရန် တာဝန်များပေးပြီး အမှတ်များပေးခဲ့သည်။
အလွန်ဆုံး ကျန်းရှောင်မိန် လုပ်နိုင်သည့်အရာမှာ သူမအဘွားကြည့်မနေသည့် အချိန်တွင် ပန်းကန်ပြားများကို
တိတ်တိတ်လေး ခွဲရန်သာဖြစ်သည်။ စနစ်က မျက်စိစုန်မှိတ်၍ သူမကို အမှတ်များပေးခဲ့ပြီး သူမနှလုံးသားထဲတွင်
နတ်ဆိုးမျိုးစေ့စိုက်ပျိုးပြီး ဆိုးဝါးသည့်အရာများလုပ်ရန် သတ္တိရှိအောင် လုပ်ပေးလိုက်သည်။
ထို့နောက်တွင် အဘွားက ပန်းကန်များအားလုံးကို မကွဲနိုင်သည့် သတ္တုပန်းကန်များနှင့် အစားထိုးခဲ့သည်။
ထို့ကြောင့် ကျန်းရှောင်မန် ပန်းကန်ခွဲရင်း အမှတ်မယူနိုင်တော့ပေ။
ဘဝက
တကယ်ပင်မလွယ်လှ၍ စနစ်ပင် သက်ပြင်းချချင်မိသွားသည်။
အမှတ်များမရှိပါက
သူ့ကိုယ်သူ အဆင်မြှင့်၍မရပေ။ သူ ရိုးရိုးသားသားကြိုးကြိုးစားစားဖြင့် ပိုင်ရှင်နှင့်အတူ
တာဝန်များလုပ်ပြီး ဗီလိန်စနစ်အကြီးစားကြီးအဖြစ် အတူတူကြီးထွားလာချင်ခဲ့သော်လည်း ယခုတွင်
၎င်းက အတော်လေးခက်ခဲပုံပေါ်နေသည်။
ကျန်းရှောင်မန်
စနစ်ထံမှ ဖြေရှင်းနည်းမရ၍ လှဲလျောင်းရင်း ငိုကြွေးနေတော့သည်။ နောက်ဆုံးတွင် ငိုရလွန်း၍
မောသွားကာ အိပ်ပျော်သွားခဲ့သည်။ သူမ အိပ်နေစဉ်တွင်ပင် သူမ၏ဦးလေးကို စိုးရိမ်နေသဖြင့်
ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။
—
နောက်တစ်နေ့တွင်
ကျန်းဟွေ့မိန်က ပုံမှန်ထက်စောစောနိုးနေပြီး ကောင်းကင်က ရောင်နီဦးပျိုးစပင်ရှိသေးသည်။
ရေနှင့် စွပ်ပြုတ်ကို ပြင်ဆင်ပြီးနောက်တွင် သူမ ကျန်းရှောင်မန်ကို နှိုးရန် သွားခဲ့သည်။
သို့သော် သူမတံခါးဖွင့်လိုက်သည်နှင့် အံ့ဩသွားခဲ့ရသည်။
ကျန်းရှောင်မန်၏
စောင်က အချိန်အတော်ကြာကတည်းက ကန်ထုတ်ခံထားရပြီး သူမ၏ ဆံပင်တိုတိုများက ကြက်မွေးများလို
ရှုပ်ပွနေသည်။ မနေ့ညက ငိုခဲ့သော မျက်ရည်အကြွင်းအကျန်များက သူမမျက်နှာပေါ်တွင် ရှိနေဆဲဖြစ်ကာ
သူမ၏ မျက်လုံးအစုံက ယောင်နေလျက်ရှိသည်။ ထို့အပြင် သူမ၏ မျက်နှာကလည်း နီရဲနေကာ သူမဘာတွေ
အိပ်မက်မက်နေလဲ မသိသော်လည်း ပါးစပ်လေးဟစိဟစိဖြင့် ငိုကြွေးနေသည်မှာ သနားစရာကောင်းလှသည်။
"ဘွားဘွားရဲ့
မြေးလိမ္မာလေးရယ်..."
ကျန်းဟွေ့မိန်
အံ့ဩတကြီးဖြင့် သူမကိုနှိုးလိုက်သည်။
"ရှောင်မန်...
မြေးလေး ဘာဖြစ်လို့လဲ ... နေမကောင်းလို့လား..."
ကျန်းရှောင်မန်က
အမြဲတမ်းသူမနှင့်အတူ အိပ်လေ့ရှိသည်။ ကလေးမလေးက ညဘက်တွင် အလွန်လိမ္မာပြီး မငိုတတ်၌။
ထို့အပြင် သူမတွင် အလွန်သိမ်မွေ့သော အိပ်စက်ပုံရှိသည်။ မတိုင်မီက ကျန်းဟွေ့မိန်က ဖျားနာခဲ့ပြီး
ကလေးမလေးဆီ အဖျားကူးမည်ကို စိုးရိမ်ပြီး အခန်းခွဲ၍ အိပ်ခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက ဤမျှငယ်ရွယ်သော
ကလေးတစ်ယောက်ကို မည်သူက တစ်ယောက်တည်း အိပ်ခိုင်းမည်နည်း....
ဒါပေမဲ့
တစ်ညကလေးခွဲအိပ်လိုက်တာနဲ့ ကလေးကဒီလိုဖြစ်သွားမယ်လို့ ဘယ်သူထင်မှာလဲ...
ကျန်းဟွေ့မိန်က
ကျန်းရှောင်မန်၏ နှဖူးလေးကို စမ်းကြည့်လိုက်ပြီး အဖျားမရှိမှန်းသိမှသာ သက်ပြင်းချလိုက်မိတော့သည်။
"ဘွားဘွား...."
ကျန်းရှောင်မန်
သူမ၏ လက်များကို ကျန်းဟွေ့မိန် လည်ပင်း၌ ဖက်တွယ်လိုက်ပြီး သူမ၏ လက်မောင်းများကြားကို
တိုးခွေ့လိုက်သည်။ သူမ၏ အသံချိုချိုလေးက အားနည်းနေလျက်ရှိသည်။
သူမ
အဆင်ပြေကြောင်း မြင်လိုက်ရမှ ကျန်းဟွေ့မိန် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမကို ပွေ့ချီလိုက်ပြီး
ရေချိုးခန်းထဲခေါ်သွားကာ သူမ၏ သွားတိုက်တံသေးသေးလေးကိုပေး၍ ပြောလိုက်သည်။
"မြန်မြန်လေး
မျက်နှာသစ်ပြီးသွားတိုက်လိုက်... ပြီးရင် ဘွားဘွားနဲ့အတူ ကျောင်းသွားကြမယ်... ခဏနေမှ
မသွားရင် ကျောင်းနောက်ကျတော့မှာနော်...."
ကျန်းဟွေ့မိန်က
တတ်ကျွမ်းသည့် ပညာရပ်တစ်ခုမှ မရှိသော အဘွားအိုတစ်ယောက်ဖြစ်သည်။ သူမ၏ သားက မလိမ္မာပဲ
တစ်ခါတစ်ရံမှသာ အိပ်ပြန်လာတတ်သူဖြစ်သည်။ ထို့ကြောင့် သူမ၏မိသားစုကို ထောက်ပံ့ရန် ရွေးချယ်စရာမရှိဘဲ
အလုပ်လုပ်ရတော့သည်။ သူမက မြို့ငယ်လေးတစ်ခု၏ မူလတန်းကျောင်းတွင် ကျောင်းသားများအတွက်
ကန်တင်းတွင် ဟင်းချက်ရသော အလုပ်ကို လုပ်နေသည်။ သူမက ကျန်းရှောင်မန်ကို အိမ်တွင်တစ်ယောက်တည်း
ထားခဲ့ရန် စိတ်မချ၍ သူမအလုပ်သွားတိုင်း ကျန်းရှောင်မန်ကို ခေါ်သွားလေ့ရှိသည်။
ကျန်းရှောင်မန်က
မပျော်ရွှင်သောလေသံလေးဖြင့် ပြန်ဖြေလိုက်ပြီး လိမ်လိမ်မာမာနှင့် မျက်နှာသစ် သွားတိုက်လေသည်။
သွားတိုက်တံလေးကို
ပြန်ထားပြီး မျက်နှာကို တဘက်ဖြင့် သုတ်ပြီးနောက်တွင် ကျန်းရှောင်မန် စတင်၍ စိတ်ကူးယဉ်ပါတော့သည်။
သူမ မနေ့ညကအိပ်မက်ကြောင့် ထပ်ငိုချင်သော်လည်း သူမပါးစပ်ကို ပိတ်ကာ ထိန်းလိုက်ရသည်။
သူမ
အဘွားကိုပြောပြလျှင်ပင် ယုံမည်မဟုတ်ပေ။ ကျန်းရှောင်မန်တစ်ယောက်တည်းသာ ဦးဦးစနစ်ပြောသည်ကိုကြားရပြီး
၎င်းကို ဆက်သွယ်နိုင်ပေသည်။ သူမသာ အဘွားကိုပြောပြခဲ့လျှင် အဘွားက သူမကို ပေါက်တတ်ကရပေါသည်ဟု
ပြောကာ နတ်ဆရာသွားရှာ၍ သူမကို ကုပေးမည်ဖြစ်သည်။
ကျန်းရှောင်မန်က
ဤအကြောင်းများကို တစ်ခါပြောပြခဲ့ဖူးသည်။ သို့သော် အဘွားက သူမကို ပေါက်ကရပြောသည်ဟုဆိုကာ
မြို့ထဲရှိ နတ်ဆရာကိုခေါ်၍ နတ်ဆိုးနှင်ပေးခဲ့သည်။ ၎င်းက နတ်ဆိုးများကို နှင်နိုင်သည်ဟု
ဆိုကာ နတ်ဆရာက သံအိုးပူပူကြီးကိုယူ၍ ကျန်းရှောင်မန်နောက်မှ ခြံဝန်းတစ်ခုလုံးကိုလိုက်ခဲ့သည်။
၎င်းက သူမကို အလွန်အမင်း ကြောက်ရွံ့သွားစေခဲ့သည်။
T/N:
1. ငါ့ခေါင်းကြီးကိုကယ်ပါလား
2. သူရဲကောင်းများပင်
ငွေကြေးပြဿနာနှင့် မလွတ်ကင်းနိုင်ပေ။
xxxxxx