Ch-30
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၃၀)


ထိုဇာတ်လမ်းကို ကြားပြီးနောက် ချင်းရို့ ဆွံ့အသွားရလျက်။ ဒီလိုကျောက်စိမ်းတုံးတွေက တကယ်တန်ဖိုးမရှိဘူးလေ။ 


စီးပွားရေးမှာ ပွင့်လင်းမြင်သာစွာ လုပ်လို့မရသေး၍ လူတစ်ယောက်မှာ ပိုက်ဆံရှိရင်တောင်မှ ဘာမှဝယ်လို့မရသလို၊ အသားစားချင်ရင် အသားလက်မှတ်ရှိရမည်ဖြစ်သည်။ 


လုယန်ဟာ စိတ်ကောင်းရှိသူတစ်ယောက်လို့ ယူဆလို့ရပေသည်။ 


ချင်းရို့လည်း ဒီကိစ္စကို အလေးအနက်မထားခဲ့ပေ။ 


ဤခေတ်အချိန်ကာလက ငွေဟာ တန်ဖိုးမဖြတ်နိုင်ဘူးလို့ ဆိုနိုင်သော်လည်း အလွန်တန်ဖိုးရှိသည်ပင်။ ချင်းရို့ ပစ္စည်းမျိုးစုံနှင့် ယွမ်သုံးရာတန် ကင်မရာကိုပါ ဝယ်ထားသဖြင့် ကုန်ကျစရိတ်အားလုံးမှာ တစ်ထောင်အောက်ရှိလေ၏။ 


ဒီတော့ သူမလည်း ပိုက်ဆံအများကြီးသုံးခဲ့တာပဲ။ 


ည၇နာရီ၊ ၈နာရီတွင် လုယန်နှင့် ချင်းရို့တို့က ကလေးနှစ်ယောက်နှင့်အတူ သင်္ဘောပေါ်တက်သွားကြကာ သူတို့နှင့်အတူတူ ချုံကျိုးကျွန်းရှိ စိုက်ပျိုးရေးလယ်မြေဆီသို့ သွားကြမယ့် ပညာတတ်လူငယ်အချို့လည်း ရှိနေခဲ့သည်။ 


ဒီတစ်ခေါက် သင်္ဘောပေါ်မှာ လူသိပ်မများဘဲ ဟင်းသီးဟင်းရွက်တွေ အများကြီးပါလာတာကို ချင်းရို့တွေ့လိုက်ရလေသည်။ 


မူလက ချုံကျိုးကျွန်းတွင် ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး စားသောက်ဖို့အတွက် ဖူလုံလိမ့်မယ်လို့ သူမတွေးထားခဲ့သည်ပင်။ နောက်ပိုင်းတွင်တော့ မုန်တိုင်းအပြင်းအထန်တိုက်ခတ်တတ်သည်ကြောင့် ကောက်ပဲသီးနှံများ စိုက်ပျိုးရန် အဆင်မပြေနိုင်ဘူးလို့ သူမပြန်တွေးမိသွားသည်။ 


သူမ ကျွန်းပေါ်ရောက်သွားရင် ပန်းအိုးကြီးတစ်လုံးနဲ့ ကြက်သွန်မြိတ်တွေ စိုက်ပျိုးရမယ်

ကြက်သွန်မြိတ်တွေက စားလို့ကောင်းတယ်လေ။ သူတို့ကို လှီးဖြတ်ပြီးသွားရင်လည်း ပြန်ပေါက်လာနိုင်တာကိုး။ ကြက်သွန်မြိတ်ကြော်၊ ကြက်သွန်မြိတ်ဟင်းချိုနှင့် ကြက်သွန်မြိတ်ပါတဲ့ ကြက်ဥမွှေကြော်ကို စားလို့ရတယ်။  


သူမဆီမှာ ကမာဆော့စ်အဆင်သင့်ရှိနေသဖြင့် ကမာဆော့စ်နဲ့ ​ဆလတ်​ရွက်ကလည်း မရှိမဖြစ် အိမ်ဟင်းတစ်မျိုးပဲနော်။ 


ချင်းရို့က သခွားသီးတွေလည်း စားချင်နေသေးတယ်။ သူမက သခွားသီးကြက်ဥမွှေကြော်ကို အရမ်းကြိုက်တာလေ။ 


… 


သူမသည် ကွမ်ချန်ကိုရောက်ကတည်းက ဘာမှားနေမှန်းမသိ၊ သူမတွေးနေသမျှက အစားအသောက်အကြောင်းတွေချည်းသာ။ လှေပေါ်မှာတောင် စိတ်ထဲမှာ အစားအစာတွေအကြောင်း တွေးနေဆဲ။ 


လူတွေက အစားအစာကို သူတို့ရဲ့နိဗ္ဗာန်ဘုံအဖြစ် ယူဆထားတာကြောင့် ဖြစ်နိုင်ပါတယ်လေ။ 


လုယန်က ကလေးနှစ်ယောက်ကို အခန်းတစ်ခုဆီ ခေါ်သွားလိုက်သည်။ ကုတင်တစ်လုံးတည်းသာရှိပြီး နေရာကျဥ်းကျဥ်းလေးပင်။ ထိုအခန်းမှာ များသောအားဖြင့် သင်္ဘောသားတွေ အနားယူသည့်နေရာဖြစ်လေသည်။ ချင်းရို့သည် လုယန်က သူတို့အတွက် ထိုအခန်းမှာ ယာယီနားလို့ရအောင် ဘယ်လိုမျိုးစီစဥ်ပေးခဲ့သလဲဆိုတာတော့ သူမလည်းမသိပေ။ 


သင်္ဘောစထွက်ချိန်၌ ကုန်းပတ်ပေါ်တွင် မီးရောင်လုံးဝမရှိဘဲ ညအမှောင်ထဲတွင် ခရီးဆက်ခဲ့ကြ၏။ အပြင်ဘက်မှာ မည်းမှောင်နေကာ သူမမျက်နှာဆီ တိုးဝှေ့နေတဲ့ ပင်လယ်လေကို ခံစားနိုင်လျက်။ ကောင်းကင်ယံ၌ လင်းထင်းနေတဲ့ လမင်းကြီးနဲ့ လှုပ်ယိမ်းနေတဲ့ ပင်လယ်ရေကလွှဲ၍ ဘာမှကို သဲသဲကွဲကွဲမမြင်နိုင်ပေ။ အဝေးကိုကြည့်လိုက်ပါက လင်းနေတဲ့ မီးရောင်တစ်ချို့သာရှိနေလျက်။ 


သင်္ဘောသားများဟာ အဓိကအားဖြင့် ပင်လယ်ထဲသို့ တမင်တကာ တမင်ခုန်ချခြင်းနှင့် လူမှောင်ခိုကူးခြင်းတို့ကို တားဆီးရန် တင်းတင်းကျပ်ကျပ် သတိပေးထားပေသည်။ 


ချင်းရို့က ကလေးနှစ်ယောက်ကို အရင်ချော့သိပ်လိုက်သော်လည်း သူမကိုယ်၌က အင်မတန် ပင်ပန်းနေခဲ့ပြီ။ အိပ်ရာပေါ်မှာ လှဲနေရင်း ချင်းရို့ခေါင်းမူးလာကာ ခံစားချက်မှာ သာမန်ထက်ထူးဆန်းနေခဲ့၏။ သူမရဲ့အတွေးတွေက ပြတ်သားနေပြီး ပြင်းထန်မနေခဲ့သော်လည်း ဝတ်မှုန်ရောပါနေတဲ့လေ​ကို ရှူရှိုက်လိုက်ရသလိုမျိုး သူမခေါင်းမှာ လေးလံလာရသလို ရင်ဘတ်မှာလည်း တင်းတင်းကျပ်ကျပ်ဖြစ်လာရပြီး မူးဝေနေခဲ့ပြီ။ 


သူမ လှိုင်းမူးနေပြီပဲ၊ ဒါပေမဲ့ အခြေအနေက အဆိုးကြီးတော့ မဟုတ်သေးပါဘူး။ သူမက အရမ်းအိပ်ချင်ပေမယ့် အဖျားတက်ချင်သလို ခေါင်းကထူပူနေလျက်။ 


လုယန်က သူမဘေးမှာ ထိုင်နေခဲ့သည်။ 


လောလောဆယ်တွင် ကုတင်တစ်လုံးတည်းသာရှိ၍ သူတို့နှစ်ယောက်ရော ကလေးနှစ်ယောက်ပါ ကုတင်တစ်လုံးတည်းမှာ အိပ်ရမှာပင်။ 


သူတို့နှစ်ယောက်မှာ ခင်ပွန်းနဲ့ ဇနီးသည်ဖြစ်နေကြပြီဆိုသော်လည်း အိပ်ရာတစ်ခုတည်းတွင် အတူတူမအိပ်ဖူးကြသေးပေ။ ကလေးနှစ်ယောက်ကြောင့် ရထားပေါ်မှာ သူတို့သက်သက်စီ အိပ်ခဲ့ကြသည်။ အဲ့ဒီအခန်းမှာ ကုတင်နှစ်လုံးရှိ၍ သူတို့ ကလေးတစ်ယောက်စီနဲ့ အိပ်ခဲ့ကြတာလေ။ 


ဒီလိုရှေးခေတ်သင်္ဘောပေါ်၌ သူတို့ အိပ်ရာတစ်ခုကို မျှဝေသုံးရမှာ ပထမဆုံးအကြိမ်ပင်။ 


ချင်းရို့သည် လုယန်ကို ထပ်ပြီးကြောက်ရွံ့မနေခဲ့တော့သည်ကို သိလိုက်ရသည်။ သူနဲ့အတူ ခြောက်ရက်၊ ခုနစ်ရက်လောက် ခရီးထွက်လာရာ နေ့ရောညပါ အတူတူရှိခဲ့ကြသဖြင့် သူတို့ တဖြည်းဖြည်းရင်းနှီးလာခဲ့ကြပြီ။ လုယန်ရဲ့ဖြစ်တည်မှုကိုလည်း သူမအကျင့်ဖြစ်လာခဲ့လျက်။ သူမနိုးလာသည့်အခါ အခန်းတစ်ခန်းထဲတွင် ဆန့်ကျင်ဘက်လိင်အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၍ ပထမတော့ ကြောက်လန့်သွားခဲ့ရ၏။ 


ယခုဆို ချင်းရို့က လုယန်ကို ကလေးထိန်းပေးဖို့တောင် ပွင့်ပွင့်လင်းလင်း ညွှန်ကြားနိုင်နေပြီလေ။ 


ပထမတော့ ချင်းရို့က လုယန်နဲ့ စကား​သိပ်မပြောခဲ့ကြပေမယ့် ကလေးတွေရဲ့ ကျေးဇူးကြောင့် သူ့အား ကလေးတွေကို ဂရုစိုက်ပေးဖို့ တက်တက်ကြွကြွ တိုက်တွန်းခဲ့၏။ 


က​လေးကို စွန့်ပစ်လိုက်သည်မှာ အိုးတစ်လုံးကို ပစ်လိုက်သည်နှင့် အတူတူပင်။ 


—— တခြားသူတွေ ကလေးတွေကို ပြုစုပျိုးထောင်တာကို ကြည့်ရတာ အရမ်းမိုက်တာကိုး! 


ထို့ကြောင့်ပင် သူမ အရှက်မရှိဘဲ သတ္တိအပြည့်နှင့် စကားချိုချိုတွေ ပြောဆိုနိုင်လာခဲ့သည်။ 


ချင်းရို့သည် ချစ်စဖွယ် ကလေးနှစ်ယောက်ကို စောင့်ရှောက်ပေးတဲ့ လုယန်ကို မကြောက်တော့ချေ။ ရက်စက်ကြမ်းကြုတ်တဲ့လူတောင်မှ ချစ်စဖွယ်ကလေးလေးတွေဆီက ဆွဲချခံရလိမ့်မှာ။ 


ဝက်ဝံကလေးက စစ်တပ်အရာရှိနဲ့ တိုက်ခိုက်ကြသည်ဖြစ်စေ၊ စပ်တပ်အရာရှိက ဝက်ဝံကလေးကို ဖိနှိပ်သည်ဖြစ်စေ ယင်းမှာ စိတ်ဝင်တစားကောင်းနေမှာပဲ။ 


"မင်း အဆင်မပြေဘူးလား?" မှောင်မည်းနေတဲ့အခန်းထဲ၌ လုယန် စိုးရိမ်စိတ်နဲ့ မေးလိုက်သည်။ 


"နည်းနည်း၊ လှိုင်းမူးနေလို့" ချင်းရို့ လက်ကို မြှောက်ကာ နဖူးကို ပွတ်လိုက်တော့မှ လုယန် သူမဘေးတွင် လဲလျောင်းနေပြီးဖြစ်သည်ကို သိလိုက်ရသဖြင့် သူမ အတွင်းဘက်သို့ ရွှေ့လိုက်သည်။ 


ချင်းရို့သည် သူမဘေးမှာ အပူရင်းမြစ်ကြီးပေါ်လာတာကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် အပူဓာတ်တွေကို လျစ်လျူရှုလို့မရချေ။ သူမ မျက်တောင်တဖျပ်ဖျပ်ခတ်နေလျက် ခေါင်းပိုမူးလာသလို၊ နည်းနည်းပိုပူလာသလို ခံစားလိုက်ရလေသည်။ 


လေထုကို သက်တောင့်သက်သာဖြစ်စေရန်အလို့ငှာ ချင်းရို့က လုယန်နဲ့ စကားပြောချင်သော်လည်း ပြောစရာမရှိ၍ ဒီတိုင်းမေးလိုက်သည်။ "ရေတပ်သားတွေကရော လှိုင်းမူးတတ်ကြလား?" 


အမှန်တကယ်တော့ သူမ ထိုအကြောင်းကို အလွန်သိချင်နေခဲ့သည်ပင်။ 


"လူတော်တော်များများက ပထမအကြိမ် သင်္ဘောတက်ကြတဲ့အခါ အော့အန်တတ်ကြတာပေါ့" 


"ကြာလာတော့ အလေ့အကျင့်ဖြစ်သွားရင် မမူးတော့ဘူး" 


ချင်းရို့လည်း လုယန်ဆီမှ လှိုင်းမူးကြတဲ့ ဇာတ်လမ်းပေါင်းစုံကို ကြားခဲ့ရသည်။ လုယန်က ပင်လယ်ထဲမှာ ကြီးပြင်းလာခဲ့ရ၍ သူ့ရဲ့ ရဲဘော်ရဲဘက်တွေအပြင် သင်္ဘောသားတွေနဲ့လည်း ခင်မင်သိကျွမ်းခဲ့လေ၏။ 


သင်္ဘော တအားလှုပ်လွန်းသည့်အခါ - ဥပမာဆိုရသော် - တိုင်ဖွန်းမုန်တိုင်း​ရှိတဲ့အခါ သင်္ဘောသားတွေလည်း သူတို့ခြေထောက်ဘေးနားမှာ ပုံးတစ်ပုံးချထားရကာ ပဲ့ကိုင်နေရင်း အန်ကြရလေသည်။ 


တစ်ချိန်က သူမ အပန်းဖြေဥယျာဉ်မှာ စီးခဲ့ဖူးတဲ့ ပင်လယ်ဓားပြသင်္ဘောအကြောင်း တွေးမိသွားရင်း ဝမ်းဗိုက်မှာ လူးလှိမ့်လာတဲ့ ခံစားချက်ကို ထပ်ရလာပြန်သည်။ 


ချင်းရို့သည် သူမပါးစပ်ကို ဖုံးကာရန် လက်ကို မြှောက်လိုက်ပြီး သူမ လှိုင်းမူးနေချိန်မှာ သူနဲ့ ဘာလို့များ လှိုင်းမူးတဲ့အကြောင်းအရာတွေ ပြောချင်နေရသလဲဆိုတာ စဥ်းစားနေမိလျက်။ 


ခံစားချက်မှာ ပြင်းထန်လွန်း၍ အစပိုင်းတွင် သူမက ဖြူဖျော့နေရုံသာဖြစ်သော်လည်း အခုတော့ အန်ချင်လာသလို ခံစားနေရ၏။  


မဟုတ်ဘူး၊ ထပ်မပြောတော့ဘူး။  


ချင်းရို့ အိပ်ပျော်သွားခဲ့၏။ 


နောက်တစ်နေ့တွင် သူမ မူးဝေနေပြီး တစ်ချိန်လုံး အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေလျက်။ 


လုယန်နှင့် ကလေးတွေရဲ့ အသံကို သူမ ရေးတေးတေး ကြားလိုက်ရ၏။ သူက ကလေးလေးတွေကို ပင်လယ်ကြည့်ဖို့ အပြင်ဘက်ခေါ်သွားပုံပဲ။ 


ချင်းရို့ဟာ သူမရဲ့အိပ်မက်ထဲတွင် စားဖိုမှူးတစ်ဦးနှင့် လက်ထပ်လိုက်ကြောင်း အိပ်မက်မက်နေခဲ့သည်။ 


ခရီးစဉ်မှာ အတော်လေး တည်ငြိမ်နေပြီး ည၈နာရီ၊ ၉နာရီလောက်တွင် ဆိပ်ကမ်းကို ရောက်သွားတော့သည်။


xxx